Alibaba သည် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် cloud နည်းပညာကဏ္ဍများတွင် အကြီးဆုံးကုမ္ပဏီများမှ တစ်ခုဖြစ်သည်။ သို့ရာတွင် တင်းကျပ်လာသော စည်းမျဉ်းစည်းကမ်းများ၊ နည်းပညာအသုံးပြုခွင့်ကန့်သတ်ချက်များနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှုများကြောင့် ၎င်း၏ဈေးကွက်ချဲ့ထွင်မှုများသည် ဖိအားများအောက်သို့ ရောက်ရှိနေဆဲဖြစ်သည်။ ဤကဲ့သို့ ပြင်ပစိန်ခေါ်မှုများရှိသော်လည်း ကုမ္ပဏီသည် ကာလရှည်အတွက်အရေးပါသော စီးပွားရေးကဏ္ဍများကို ဆက်လက်ဖွံ့ဖြိုးစေရန်နှင့် cloud နည်းပညာကွန်ယက်၊ AIနည်းပညာများနှင့် နိုင်ငံတကာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်နေပါသည်။

Alibaba ၏ ရှယ်ယာများမှာ တန်ဖိုးကျဆင်းနေခဲ့သော်လည်း၊ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ကာလရှည်အတွက် အသင့်အတင့်အပြုသဘောဆောင်သော ရှုမြင်ချက်တရပ်ကို ဆက်လက် ထိန်းသိမ်းထားကြပါသည်။ တိုးပွားလာသော ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဝေစုနှင့် စီးပွားရေးအမျိုးအစားခွဲခြမ်းဖြန့်ကျက်မှုများ အစရှိသော အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများသည် BABA ၏ ပြန်လည်ဦးမော့မှုနှင့် ရေရှည်ခိုင်မာသော တိုးတက်မှုတို့အတွက် အဓိက မောင်းနှင်အားများဖြစ်ကြပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက ကောက်နုတ်ချက်များ

  • ၂၄.၀၅.၂၀၂၆ တွင် BABA ၏ လက်ရှိဈေးနှုန်းမှာ $130.01 ဖြစ်ပါသည်။
  • BABA သည် ၎င်း၏ အမြင့်ဆုံးဈေးနှုန်းဖြစ်သော $319.32 သို့ ၂၇.၁၀.၂၀၂၀ တွင် ရောက်ရှိခဲ့ပြီး၊ ကာလတ‌လျှောက်အနိမ့်ဆုံးတန်ဖိုးဖြစ်သော $57.2 ကို ၂၉.၀၉.၂၀၁၅ တွင် မှတ်တမ်းတင်ခဲ့သည်။
  • Alibaba ၏ ရှယ်ယာဈေးနှုန်းအား ပြည်တွင်းဝယ်လိုအား၊ cloud ဖြေရှင်းချက်များ၏ ချဲ့ထွင်မှု၊ e-commerce နယ်ပယ်တွင်း ယှဉ်ပြိုင်မှုနှင့် ပထဝီနိုင်ငံရေးအခြေအနေများမှ အဓိကလွှမ်းမိုးပါသည်။ BABA ရှယ်ယာဈေးနှုန်းသည် တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းမြှင့်တင်မှုများ၊ အမေရိကန်၏ ကုန်စည်တင်ပို့မှုဆိုင်ရာ ကန်သတ်ချက်များနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေ အထွေထွေတို့၏ သက်ရောက်မှုကိုလည်း ခံစားရပါသည်။
  • 2025 ခုနှစ်အတွက် ခန့်မှန်းချက်များသည် ကျယ်ပြန့်စွာ ကွဲလွဲနေဆဲဖြစ်ပါသည်။ ဈေးနှုန်းသည် အကောင်းမြင်သော သုံးသပ်ချက်များအရ $147–$156 သို့ မြင့်တက်နိုင်ပြီး၊ စိုးရိမ်မှုပိုကဲသော မှန်းဆချက်များအရ $70–$90 သို့ ကျဆင်းနိုင်ပါသည်။
  • 2026–2030 အထိ ကာလရှည်ခန့်မှန်းချက်များသည် ကျယ်ပြန့်စွာ ကွဲပြားနေပါသည်။ Paisakit သည် ဤပိုင်ဆိုင်မှုအား $383 အထိ တိုးတက်လာရန် မျှော်လင့်ထားပြီး၊ CoinPriceForecast သည် $319 အထိ မြင့်တက်မှုအလားအလာကို မျှော်မှန်းထားပါသည်။ သို့သော်လည်း၊ StockScan မှ ၎င်း၏ ခန့်မှန်းချက်တွင် $47 အထိ ကျဆင်းနိုင်‌ကြောင်း ဖော်ပြထားပါသည်။ အချို့ကျွမ်းကျင်သူများသည် $16 အထိ သိသိသာသာ ကျဆင်းမည်ဟု ရှုမြင်သုံးသပ်ကြပြီး၊ အခြားခွဲခြမ်းစိတ်ဖြာသူများကမူ $500 အထိ လျင်မြန်သောတိုးတက်မှုတရပ်အား ကြိုတင်မှန်းဆကြပါသည်။ ဤမတူညီသော ရှုမြင်သုံးသပ်ချက်များသည် ပိုင်ဆိုင်မှု၏ မတည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်များ မချမှတ်မီ စီးပွားရေးအခြေခံပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်ကြောင်းကို ညွှန်ပြနေပါသည်။

BABA အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ

၂၄.၀၅.၂၀၂၆ တွင် BABA သည် $130.01 ၌ အရောင်းအဝယ်ဖြစ်နေပါသည်။

Alibaba ၏ လက်ရှိစွမ်းဆောင်ရည်ကို အကဲဖြတ်ရန်၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဈေးကွက်အရင်းအနှီး၊ ကုန်သွယ်မှုပမာဏနှင့် အမြတ်ဝေစုများကဲ့သို့သော အရေးပါသည့် အတိုင်းအတာများကို သတိပြုစောင့်ကြည့်သင့်ပါသည်။ ယင်းအတိုင်းအတာများသည် ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုအပေါ် စိတ်ပါဝင်စားမှု၊ ၎င်း၏ ပကတိတန်ဖိုး၊ လက်ခံနိုင်သောစွန့်စားမှုအတိုင်းအတာနှင့် တိုးတက်မှုအလားအလာတို့ကို ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။

ညွှန်းကိန်းများ

တန်ဖိုးများ

ဈေးကွက်အရင်းအနှီး

$290.38 ဘီလီယံ

၂၄ နာရီအတွင်းကုန်သွယ်မှုပမာဏ

$22.9 မီလီယံ

ကာလတလျှောက်အမြင့်ဆုံး

$319.32

လွန်ခဲ့သည့် ၁၂ လအတွင်း ဈေးနှုန်းအပြောင်းအလဲ

+52.7%

ထုတ်ရောင်းထားသောရှယ်ယာအရေအတွက်

2.39 ဘီလီယံ BABA

အမြတ်ဝေစုနှုန်းထား

0.83%

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် BABA စတော့ ကြိုတင်ခန့်မှန်းချက်

Alibaba (#BABA) ၏ တနေ့တာခွဲခြမ်းစိတ်ဖြာမှုဇယားသည် resistance ဖြစ်သော $126 အောက်ခြေ၌ ယာယီစုဖွဲ့သောအခြေအနေတခုကို ပြသနေပါသည်။ အပြာရောင်အမှတ်များဖြင့် အောက်တွင် ဝိုင်းပြထားသည့်အတိုင်း ၎င်းသည် ကျဆင်းသောအလှည့်အပြောင်းတခုကို လှုံ့ဆော်ပေးခဲ့သည်။ မကြာသေးမီက နောက်ထပ်အမြင့်သို့ ခုန်မတက်မီတွင်၊ ပိုင်ဆိုင်မှုသည် support level ဖြစ်သော $115 သို့ ထိတွေ့ခဲ့ပါသည်။

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် BABA စတော့ ကြိုတင်ခန့်မှန်းချက်

နည်းပညာဆိုင်ရာ ညွှန်ပြချက်များသည် စျေးကွက်မတည်ငြိမ်မှုကို ညွှန်ပြနေကြသည်။ RSI တန်ဖိုး 49.8 သည် ကြားနေဇုန်နှင့် နီးစပ်နေပြီး MACD ညွှန်ပြချက်သည် အလားအလာရှိ‌သော bearish crossover တခုကို စတင်ပုံဖော်နေသည်။ EMA နှင့် SMA မျဉ်းများသည် ပေါင်းဆုံလာကြပြီး၊ ပြောင်းလဲမှုအရှိန်တခု ဖြစ်ပေါ်နိုင်ကြောင်း ညွှန်ပြနေပါသည်။ Bollinger Bands များ ကျဉ်းမြောင်းလာခြင်းဖြင့် ဈေးနှုန်းသည် လက်ရှိကုန်သွယ်မှုအကွာအဝေးမှ ဖောက်ထွက်နိုင်ခြေကို ဖော်ပြနေသည်။ $127 အထက်သို့ ဖြတ်ကျော်နိုင်ပါက၊ စျေးနှုန်းသည် $134 နှင့် $144 ဈေးတန်းများအထိ ဆက်လက်တက်နိုင်ပါသည်။ အကယ်၍ စတော့စျေးနှုန်းသည် $115 အောက်သို့ ကျဆင်းခဲ့ပါက အဝယ်ကုန်သွယ်မှုများကို ရှောင်ကြဉ်ရန် အကြံပြုအပ်ပါသည်။

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် BABA စတော့ ကြိုတင်ခန့်မှန်းချက်

အောက်ပါဇယားကွက်တွင် ကျန်ရှိသော 2025 ခုနှစ်အတွက် BABA ၏ ဈေးနှုန်းခန့်မှန်းချက်များကို ပြသထားပါသည်။

အနည်း‌ဆုံး၊ $

အများဆုံး၊ $

ဇွန်

115

128

ဇူလိုင်

113

130

ဩဂုတ်

110

127

စက်တင်ဘာ

108

125

အောက်တိုဘာ

105

128

နိုဝင်ဘာ

110

133

ဒီဇင်ဘာ

114

140

2025 ခုနှစ်အတွက် #BABA စတော့၏ ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

အဓိကဗျူဟာသည် $115–$126 အပိုင်းအခြားအတွင်း ကုန်သွယ်ရန် အကြံပြုပါသည်။ ဈေးနှုန်းကျ‌ဆင်းနေရာမှ ပြန်လည်မြင့်တက်သွားခြင်းကို အတည်ပြုပြီးပါက၊ $115–118 ဝန်းကျင်တွင် အဝယ်ကုန်သွယ်မှုများ ဖွင့်လှစ်နိုင်ပါသည်။ အကယ်၍ ဈေးနှုန်းသည် $127 ကို ဖြတ်ကျော်ပြီး ယင်း level အထက်တွင် တည်ငြိမ်စွာရှိနေပါက၊ ထိုအခြေအနေတွင်လည်း အဝယ်ကုန်သွယ်မှုများကို ဖွင့်နိုင်ပါသည်။ အမြတ်ပစ်မှတ်များမှာ $134 နှင့် $144 တို့ဖြစ်ပါသည်။

အကယ်၍ စျေးနှုန်းသည် $112 အောက်သို့ ကျဆင်းခဲ့လျှင်၊ အဝယ်ကုန်သွယ်မှုများ ဖွင့်ခြင်းကို ရှောင်ကြဉ်ရပါမည်။ နည်းပညာဆိုင်ရာ indicators များမှ တိုးတက်ရန်အချက်ပြမှုတခုကို အတည်ပြုပါက $105 level တွင် အဝယ်ကုန်သွယ်မှုများကို ဖွင့်နိုင်သည်။ RSI တန်ဖိုး 55 အထက်ရှိခြင်းနှင့် MACD ၏ bullish crossover တို့သည် အဝယ်ကုန်သွယ်မှုများ စတင်ရန် ထိရောက်သော အချက်ပြမှုများ ဖြစ်ကြပါသည်။

ဤကုန်သွယ်မှုဗျူဟာသည် လိုက်လျောညီထွေပြင်ဆင်ချိန်ညှိမှုကို လိုအပ်ပါသည်။ ထို့အပြင်၊ ဈေးကွက်မတည်ငြိမ်မှုကို သတိပြုစောင့်ကြည့်ရန်နှင့် သတင်းများကို မျက်ခြေမပြတ်စေရန်လည်း အရေးကြီးပါသည်။

2025 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ BABA စတော့ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2025 ခုနှစ်အတွင်း BABA စတော့ဈေးနှုန်းအတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များမှာ ကျယ်ကျယ်ပြန့်ပြန့် ကွဲပြားနေကြပါသည်။ အချို့ကျွမ်းကျင်သူများသည် တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှုအရ သိသာထင်ရှားသော ပြန်လည်တိုးတက်မှုတရပ်ကို မျှော်မှန်းကြစဉ်၊ အချို့သော ပညာရှင်များသည် မတည်ငြိမ်မှုတိုးမြင့်လာမည်ဟု ကြိုတင်မျှော်လင့်ကြပါသည်။

StockScan

ဈေးနှုန်းအပိုင်းအခြား - $98.73–$234.1 (22.05.2025 အထိ လေ့လာချက်များအရ)။

StockScan သည် BABA ငွေလဲနှုန်းတွင် သိသာထင်ရှားသော အတက်၊အကျများကို ခန့်မှန်းထားပြီး၊ ဒီဇင်ဘာလတွင် အမြင့်ဆုံးဈေးနှုန်းအဖြစ် $234.1 ကို မျှော်မှန်းထားပါသည်။ တိုးတက်မှုသည် ချောမွေ့ပြေပြစ်ခြင်းမရှိပဲ ကွဲပြားသော ရွေ့လျားမှုအရှိန်များဖြင့်တွဲဖက်နေလိမ့်မည်ဟု မျှော်လင့်ရသည်။ ဤမတည်ငြိမ်မှုသည် ဝယ်လိုအားအပြောင်းအလဲများ၊ ပထဝီနိုင်ငံရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးမျှော်မှန်းချက်များ၏ အကျိုးဆက်များဖြစ်နိုင်ပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇွန်

113.3

98.73

117.5

ဇူလိုင်

131.1

106.6

136.9

ဩဂုတ်

172.2

122.6

179.2

စက်တင်ဘာ

164.1

152.1

178.0

အောက်တိုဘာ

194.3

158.3

212.0

နိုဝင်ဘာ

207.8

178.2

208.8

ဒီဇင်ဘာ

219.5

199.1

234.1

Paisakit

ဈေးနှုန်းအပိုင်းအခြား - $201.02–$224.60 (22.05.2025 အထိ လေ့လာချက်များအရ)။

Paisakit သည် ဖြေးဖြေးမှန်မှန် တိုးတက်ပြောင်းလဲမှုတခုကို ကြိုတင်ခန့်မှန်းထားပါသည်။ ဈေးနှုန်းသည် တရုတ်စီးပွားရေးပြန်လည်ဦးမော့လာမှု၊ နိုင်ငံတကာချဲ့ထွင်မှု၊ cloud နှင့် AI ကဏ္ဍများတွင် ပိုမိုခိုင်မာလာသော ရပ်တည်မှုတို့ကြောင့် နှစ်ဆမကမြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ ပျမ်းမျှဈေးနှုန်း $212.81 သည် နှေးကွေး‌သော်လည်း တသမတ်တည်းတိုးတက်သော ရွေ့လျားမှုတရပ်ကို ညွှန်ပြနေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2025

201.02

212.81

224.60

CoinPriceForecast

ဈေးနှုန်းအပိုင်းအခြား - $128–$172 (22.05.2025 အထိ လေ့လာချက်များအရ)။

CoinPriceForecast ၏ မျှော်မှန်းချက်အရ၊ BABA ရှယ်ယာများသည် တဖြေးဖြေးချင်းတိုးတက်လာပြီးနောက်၊ လုပ်ငန်းမာဂျင်များ ပြန်လည်တိုးတက်လာခြင်းနှင့် တရုတ်ပြည်တွင်းစားသုံးမှုနှုန်းထား မြင့်မားလာခြင်းတို့ကြောင့် ဒီဇင်ဘာလတွင် $172 အထိ မြင့်တက်လာနိုင်ပါသည်။ သိသာထင်ရှားသော ရုတ်တရက်မြင့်တက်မှု၊ ကျဆင်းမှုများ မရှိပဲ၊ တိုးတက်မှုအရှိန်သည် အသင့်အတင့်ဖြစ်မည်ဟု မျှော်လင့်ရပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

2025

128

172

2026 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ BABA စတော့ ကြိုတင်ခန့်မှန်းချက်များ

2026 ခုနှစ်အတွက် ရှုမြင်ချက်များသည် သိသာထင်ရှားစွာပင် ကွဲပြားလျှက်ရှိပါသည်။ အချို့သော ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် $280 အထက်သို့ တဖြေးဖြေးချင်း မြင့်တက်လာရန် မျှော်လင့်ကြပြီး၊ အချို့ကမူ စတော့သည် ၎င်း၏တန်ဖိုးအောက် ထက်ဝက်မက ကျဆင်းနိုင်သည်ဟု သတိပေးကြပါသည်။

StockScan

ဈေးနှုန်းအပိုင်းအခြား - $69.62–$226.50 (22.05.2025 အထိ လေ့လာချက်များအရ)။

StockScan သည် 2026 ခုနှစ်အတွင်း BABA စတော့အတွက် မြင့်မားသော မတည်ငြိမ်မှုကို မျှော်မှန်းထားပြီး၊ စတော့သည် အကျလမ်းကြောင်းတခုအတွင်း အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ခန့်မှန်းချက်သည် ဒီဇင်ဘာလအတွင်း အနိမ့်ဆုံးဈေးတန်း $69.62 အထိ ရောက်ရှိနိုင်ခြေကို ညွှန်ပြနေပြီး၊ ၎င်းသည် ပထဝီနိုင်ငံရေးတင်းမာမှုများ၊ တရုတ်နိုင်ငံ၏ ပိုမိုတင်းကြပ်လာသော နည်းပညာဆိုင်ရာစည်းမျဉ်းများ သို့မဟုတ် အမြတ်အစွန်းလျော့ကျခြင်းများနှင့် ဆက်စပ်နေကာ ကြီးထွားလာသော မတည်ငြိမ်မှုကို အချက်ပြသည့် မတ်စောက်သောကျဆင်းမှုတခု ဖြစ်ပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

192.1

168.0

226.5

ဖေဖော်ဝါရီ

176.4

168.7

187.3

မတ်

160.7

127.9

177.1

ဧပြီ

181.9

164.4

192.5

မေ

158.7

144.6

177.9

ဇွန်

143.1

139.6

160.3

ဇူလိုင်

130.3

125.2

165.7

ဩဂုတ်

133.3

129.9

144.6

စက်တင်ဘာ

128.6

120.9

153.1

အောက်တိုဘာ

119.9

102.9

139.4

နိုဝင်ဘာ

91.23

76.84

122.1

ဒီဇင်ဘာ

73.33

69.62

102.6

Paisakit

ဈေးနှုန်းအပိုင်းအခြား - $262.45–$284.72 (22.05.2025 အထိ လေ့လာချက်များအရ)။

Paisakit သည် Alibaba ရှယ်ယာများအတွက် ၎င်း၏ အပြုသဘောဆောင်သောရှုမြင်ချက်ကို ဆက်လက်ထိန်းသိမ်းထားပါသည်။ ပိုင်ဆိုင်မှုသည် နိုင်ငံခြားဈေးကွက်များအတွင်း ဩဇာလွှမ်းမိုးမှု၊ အခြေခံကွန်ယက်နှင့် နည်းပညာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ၏ မောင်းနှင်မှုဖြင့် အမြင့်ဆုံးဈေးတန်း $284.72 သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ရပါသည်။ သို့သော်၊ ခွဲခြမ်းစိတ်ဖြာသူများသည် ရှယ်ယာများ၏ ပကတိတန်ဖိုးအောက် ကျဆင်းနိုင်ခြေတရပ်ကိုလည်း ထည့်သွင်းစဉ်းစားကြပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2026

262.45

273.58

284.72

CoinPriceForecast

ဈေးနှုန်းအပိုင်းအခြား - $195–$217 (22.05.2025 အထိ လေ့လာချက်များအရ)။

CoinPriceForecast သည် သင့်တင့်၍ ရေရှည်ခိုင်မာသော တန်ဖိုးတိုးတက်မှုတရပ်ကို ကြိုတင်ခန့်မှန်းပါသည်။ ဈေးနှုန်းသည် တိုးတက်လာသော ဝင်ငွေနှုန်းထား၏ တွန်းအားပေးမှုဖြင့် ဒီဇင်ဘာလတွင် $217 သို့ မြင့်တက်နိုင်ပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

2026

195

217

2027 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ BABA စတော့ ကြိုတင်ခန့်မှန်းချက်များ

2027 ခုနှစ်အတွက် ခန့်မှန်းချက်များမှာ ရောထွေးနေပါသည်။ အချို့သောကျွမ်းကျင်သူများသည် $5 အောက် ကျဆင်းမှုတခုကို မျှော်မှန်းကြပြီး၊ အခြားသူများမှာမူ $310 သို့ တိုးတက်ရန်အလားအလာကို ခန့်မှန်းကြသည်။ ထိုသို့ ကွဲပြားသော သဘောထားများသည် Alibaba ၏ အနာဂါတ်နှင့်စပ်လျဉ်း၍ သိသာထင်ရှားသော မသေချာမရေရာမှုကို ညွှန်ပြနေပါသည်။

StockScan

ဈေးနှုန်းအပိုင်းအခြား - $4.14–$108.10 (22.05.2025 အထိ လေ့လာချက်များအရ)။

StockScan မှ ဇွန်လတွင် BABA ရှယ်ယာဈေးနှုန်းသည် $4.14 အထိ ကျဆင်းလိမ့်မည်ဟု အလွန်အမင်းအဆိုးမြင်သော ခန့်မှန်းချက်တရပ်ကို မျှဝေထားပါသည်။ ကျွမ်းကျင်သူများသည် ပိတ်ဆို့အရေးယူမှုဖိအားများကြောင့်၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့် ကုမ္ပဏီစီမံခန့်ခွဲမှုဆိုင်ရာပြဿနာများကြောင့် ရုတ်တရက်တန်ဖိုးကျနိုင်သည်ဟု သုံးသပ်ကြပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

103.8

64.08

108.1

ဖေဖော်ဝါရီ

67.19

66.85

104.5

မတ်

49.95

36.15

67.75

ဧပြီ

60.23

38.63

67.36

မေ

51.68

39.12

65.61

ဇွန်

31.06

29.79

59.26

ဇူလိုင်

40.06

4.14

55.17

ဩဂုတ်

18.56

17.47

50.41

စက်တင်ဘာ

26.48

10.68

35.79

အောက်တိုဘာ

36.33

25.35

54.72

နိုဝင်ဘာ

55.66

37.15

60.51

ဒီဇင်ဘာ

30.45

23.47

50.45

Paisakit

ဈေးနှုန်းအပိုင်းအခြား - $297.29–$309.86 (22.05.2025 အထိ လေ့လာချက်များအရ)။

#BABA ရှယ်ယာများသည် ၎င်းတို့၏ အမြင့်ဆုံးဈေးတန်းများသို့ ရောက်ရှိလိမ့်မည်ဟု Paisakit မှ ယုံကြည်ထားပါသည်။ ပျမ်းမျှဈေးနှုန်းသည် $303.57 ဝန်းကျင်ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ E-commerce ကဏ္ဍတွင် ကုမ္ပဏီ၏ လွှမ်းမိုးမှုနှင့် ဈေးကွက်အသစ်များသို့ ၎င်း၏ချဲ့ထွင်မှုတို့သည် ဈေးနှုန်းပြန်လည်တိုးတက်မှုအတွက် အထောက်အပံ့များ ဖြစ်ကြပါသည်။ ပလပ်ဖောင်း၏အဆိုအရ၊ ကုမ္ပဏီသည် ၎င်း၏ စီးပွားရေးကို ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော ဧရာမနည်းပညာကုမ္ပဏီကြီးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2027

297.29

303.57

309.86

CoinPriceForecast

ဈေးနှုန်းအပိုင်းအခြား - $256–$259 (22.05.2025 အထိ လေ့လာချက်များအရ)။

BABA ဈေးနှုန်းသည် ရုတ်တရက်ခုန်တက်မှုများမရှိပဲ တည်ငြိမ်စွာတိုးတက်လာလိမ့်မည်ဟု CoinPriceForecast မှ ကြိုတင်‌မျှော်မှန်းထားပါသည်။ ဤအကောင်းမြင်သောရှုမြင်ချက်သည် ဈေးကွက်အသစ်များဆီသို့ ချဲ့ထွင်မှုကြောင့် ကုမ္ပဏီ၏ ဝင်ငွေရရှိမှုအလားအလာတိုးတက်လာခြင်းကြောင့် ဖြစ်ပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

2027

256

259

2028 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ BABA စတော့ ကြိုတင်ခန့်မှန်းချက်များ

2028 ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များသည် သိသာထင်ရှားသောစွာ ကွဲပြားလျှက်ရှိပါသည်။ အချို့သောကျွမ်းကျင်သူများမှ Alibaba သည် အမြင့်သစ်များဆီသို့ ရောက်ရှိလိမ့်မည်ဟု ယုံကြည်ကြပြီး၊ အချို့ကမူ သုညနားနီးအထိ ကျဆင်းလိမ့်မည်ဟု ခန့်မှန်းကြပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် မည်သည့်ဆုံးဖြတ်ချက်ကိုမှ ချမှတ်ခြင်းမပြုမီ၊ အခြေခံပိုင်းဆိုင်ရာအကြောင်းအရာများကို သေချာစွာလေ့လာဆန်းစစ်သင့်ပါသည်။

StockScan

ဈေးနှုန်းအပိုင်းအခြား - $69.62–$226.5 (22.05.2025 အထိ လေ့လာချက်များအရ)။

StockScan သည် အဆိုးမြင်သောရှုမြင်ချက်ကို မျှဝေပါသည်။ မတ်လတွင် ဈေးနှုန်းသည် $1.50 သို့ ထိုးစိုက်ကျဆင်းလိမ့်မည် သို့သော် စတင်၍ပြန်လည်တိုးတက်လာပါမည်။ ဤခန့်မှန်းချက်သည် ကုမ္ပဏီအပေါ် ယုံကြည်ချက် အလုံးစုံကျဆင်းခြင်းကို ဖော်ပြနေပြီး၊ ၎င်းသည် ပထဝီနိုင်ငံရေးဖြစ်ရပ်များနှင့် ဆက်စပ်နေနိုင်ပါသည်။ အလားအလာအားဖြင့် နိမ့်ပါး‌သော်လည်း၊ ခွဲခြမ်းစိတ်ဖြာသူများမှ ထိုသို့ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားခြင်းမပြုကြပေ။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

28.28

22.79

40.93

ဖေဖော်ဝါရီ

17.27

13.56

31.72

မတ်

1.86

1.50

23.77

ဧပြီ

14.58

1.88

24.56

မေ

25.74

13.97

34.87

ဇွန်

60.75

26.50

60.95

ဇူလိုင်

45.34

44.48

62.39

ဩဂုတ်

25.65

25.02

48.24

စက်တင်ဘာ

46.24

22.58

48.35

အောက်တိုဘာ

27.52

24.79

46.53

နိုဝင်ဘာ

29.57

22.87

36.13

ဒီဇင်ဘာ

29.45

28.74

39.99

Paisakit

ဈေးနှုန်းအပိုင်းအခြား - $320.18–$338.50 (22.05.2025 အထိ လေ့လာချက်များအရ)။

2028 ခုနှစ်တွင် BABA ရှယ်ယာများသည် ဖြေးဖြေးမှန်မှန် တန်ဖိုးတိုးတက်လာလိမ့်မည်ဟု Paisakit မှ ခန့်မှန်းသုံးသပ်ပါသည်။ ပျမ်းမျှဈေးနှုန်းသည် $329.34 တွင် ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။ ကျွမ်းကျင်သူများသည် ကုမ္ပဏီ၏ တည်ငြိမ်သော ချဲ့ထွင်မှု၊ ၎င်း၏စီးပွားရေးတွင် cloud နည်းပညာများကို အောင်မြင်စွာပေါင်းစပ်အသုံးချမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များချုပ်ဆိုခြင်း စသည်တို့ကို မျှော်မှန်းထားကြပါသည်။ Alibaba သည် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက်ကို ပြန်လည်ရရှိပြီး၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် ၎င်း၏ ရပ်တည်မှုကို ခိုင်မာစေလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2028

320.18

329.34

338.50

CoinPriceForecast

ဈေးနှုန်းအပိုင်းအခြား - $262–$267 (22.05.2025 အထိ လေ့လာချက်များအရ)။

CoinPriceForecast သည် ကုမ္ပဏီ၏ခိုင်မာသောဝင်ငွေလမ်းကြောင်းနှင့် ခွဲဝေဖြန့်ကျက်မှုဗျူဟာကြောင့် ဈေးနှုန်းအား $267 သို့ မြင့်တက်ရန် မျှော်မှန်းထားပြီး တိုးတက်သောရှုမြင်ချက်တရပ်ကို မျှဝေထားပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

2028

262

267

2029 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ BABA စတော့ ကြိုတင်ခန့်မှန်းချက်များ

2029 ခုနှစ်အတွက် ခန့်မှန်းချက်များသည်လည်း တူညီမှုမရှိကြပေ။ ၎င်းတို့သည် BABA ၏ မသေချာမရေရာသော ကာလရှည်အလားအလာကို ထင်ဟပ်ဖော်ပြနေပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် $19 အထိ ကျဆင်းမှုမှ $355 အထိ မြင့်တက်မှုအလားအလာအထိ ကျယ်ဝန်းသော အကွာအဝေးတခုကို ကြိုတင်မှန်းဆထားကြပြီး၊ ကျွမ်းကျင်သူတို့၏ အမြင်များ မည်မျှကွဲပြားလျှက်ရှိကြောင်း သိသာထင်ရှားစေပါသည်။

StockScan

ဈေးနှုန်းအပိုင်းအခြား - $19.55–$49.61 (22.05.2025 အထိ လေ့လာချက်များအရ)။

အလားအလာရှိသော တရားဥပဒေဆိုင်ရာ ကန့်သတ်ချက်များနှင့် နည်းပညာကုမ္ပဏီများအပေါ်ဖိအားများကြောင့် BABA စတော့သည် ဈေးနှုန်းဆက်လက်ကျဆင်းလိမ့်မည်ဟု StockScan မှ ယုံကြည်ထားပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

49.27

28.94

49.61

ဖေဖော်ဝါရီ

37.73

34.57

49.35

မတ်

35.78

35.53

44.99

ဧပြီ

33.53

31.76

38.31

မေ

33.27

28.93

37.24

ဇွန်

25.31

23.44

38.55

ဇူလိုင်

29.63

21.80

29.91

ဩဂုတ်

25.29

19.55

29.01

စက်တင်ဘာ

29.89

23.52

31.86

အောက်တိုဘာ

27.06

25.57

32.18

နိုဝင်ဘာ

24.80

24.09

30.96

ဒီဇင်ဘာ

26.92

25.05

32.86

Paisakit

ဈေးနှုန်းအပိုင်းအခြား - $346.73–$355.28 (22.05.2025 အထိ လေ့လာချက်များအရ)။

Paisakit သည် ၎င်း၏ တိုးတက်သော အမြင်ကို ဆက်လက်ထိန်းသိမ်းထားပြီး၊ ဈေးကွက်ချဲ့ထွက်မှုနှင့် နည်းပညာဆိုင်ရာအဆင့်မြှင့်တင်မှုများ၏ အထောက်အပံ့ဖြင့် $355 အထိ တိုးတက်မှုအလားအလာကို ကြိုတင်သုံးသပ်ပါသည်။ Alibaba ၏ အမြတ်အစွန်းသည်လည်း တိုးတက်လာလိမ့်မည်ဟု ကျွမ်းကျင်သူများမှ မှန်းဆထားကြပါသည်။

နှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2029

346.73

351.00

355.28

CoinPriceForecast

ဈေးနှုန်းအပိုင်းအခြား - $275–$293 (22.05.2025 အထိ လေ့လာချက်များအရ)။

CoinPriceForecast သည် သင့်တင့်သော်လည်း $293 အထိ ခိုင်မာသော တန်ဖိုးတိုးတက်မှုတရပ်ကို ကြိုတင်မျှော်လင့်ထားပါသည်။ ခန့်မှန်းချက်သည် ကုမ္ပဏီ၏ မြင့်မားသော ဈေးကွက်အရင်းအနှီးကို ထည့်သွင်းစဉ်းစားပါသည်။ ထို့အပြင် မြန်ဆန်သော ဈေးနှုန်းရွေ့လျားမှုများကို မျှော်လင့်ထားခြင်းမရှိပါ။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

2029

275

293

2030 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ BABA စတော့ ကြိုတင်ခန့်မှန်းချက်များ

2030 ခုနှစ်အတွက် ကြိုတင်သုံးသပ်ချက်များမှာ ကျယ်ပြန့်စွာကွဲလွဲနေကြပါသည်။ အချို့သော ကျွမ်းကျင်သူများမှ ရှယ်ယာဈေးနှုန်းသည် $2 သို့ ကျဆင်းလိမ့်မည်ဟု ခန့်မှန်းကြသည်။ အချို့ကမူ $380 အထက်သို့ မြင့်တက်လိမ့်မည်ဟု သုံးသပ်ကြပါသည်။

StockScan

ဈေးနှုန်းအပိုင်းအခြား - $1.05–$47.15 (22.05.2025 အထိ လေ့လာချက်များအရ)။

StockScan သည် 2030 ခုနှစ်အတွင်း BABA ရှယ်ယာများအတွက် အနှုတ်သဘောဆောင်သော ရှုမြင်ချက်တရပ်ကို မျှဝေထားပါသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ၊ ဈေးနှုန်းသည် ဒီဇင်ဘာလတွင် $1.05 သို့ ထိုးစိုက်ကျဆင်းနိုင်ပါသည်။ ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ၊ ပိတ်ဆို့အရေးယူမှုများနှင့် နည်းပညာဆိုင်ရာ နောက်ကောက်ကျမှုများကြောင့် ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း ကြီးမားသောဝေစုကို ဆုံးရှုံးရလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

44.60

35.68

47.15

ဖေဖော်ဝါရီ

31.97

28.81

32.02

မတ်

29.01

24.63

38.46

ဧပြီ

34.21

23.74

35.39

မေ

21.28

19.54

29.29

ဇွန်

25.10

19.81

25.54

ဇူလိုင်

5.88

11.37

14.39

ဩဂုတ်

21.81

1.77

23.16

စက်တင်ဘာ

34.04

20.72

36.74

အောက်တိုဘာ

31.95

11.49

42.31

နိုဝင်ဘာ

6.66

1.68

36.74

ဒီဇင်ဘာ

2.05

1.05

12.37

Paisakit

ဈေးနှုန်းအပိုင်းအခြား - $366.10–$383.25 (22.05.2025 အထိ လေ့လာချက်များအရ)။

BABA ၏ စတော့စွမ်းဆောင်ရည်နှင့်စပ်လျဉ်း၍ Paisakit သည် အကောင်းမြင်မှုအရှိဆုံးဖြစ်ပါသည်။ ကျွမ်းကျင်သူများသည် ကုမ္ပဏီ၏ အရင်းအနှီးအား $1 ထရီလီယံအထက်သို့ ကျော်လွန်ရောက်ရှိရန် မျှော်မှန်းထားကြသည်။ Alibaba ကို ဒေါ်လာဘီလီယံပေါင်းများစွာ ၀င်ငွေရှိပြီး စဉ်ဆက်မပြတ် တိုးတက်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ နည်းပညာရှေ့ဆောင်အဖြစ် သတ်မှတ်ထားသည်။ ထိုကဲ့သို့ တိုးတက်သောအလားအလာအတွက် ကုမ္ပဏီ၏ သိသာထင်ရှားသော အောင်မြင်မှုများနှင့် ကမ္ဘာ့စျေးကွက်များ၏ ယုံကြည်မှုကို လိုအပ်ပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2030

366.10

374.67

383.25

CoinPriceForecast

ဈေးနှုန်းအပိုင်းအခြား - $317–$319 (22.05.2025 အထိ လေ့လာချက်များအရ)။

Alibaba ၏ ချဲ့ထွင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်မှုအားသာချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်လျှက်ရှိပြီး၊ ထိုအချက်သည် $319 အထိ တိုးတက်မှုကို ဖြစ်စေလိမ့်မည်ဟု CoinPriceForecast မှ ကြိုတင်ခန့်မှန်းပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

2030

317

319

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ 2050 ခုနှစ်အထိ BABA စတော့ ကြိုတင်ခန့်မှန်းချက်များ

Paisakit အဆိုအရ၊ 2050 တွင် #BABA ရှယ်ယာများသည် $5,162.37 သို့ တရှိန်ထိုး တိုးတက်မြင့်မားနိုင်ပါသည်။ StockScan ၏ ပိုမိုသင့်တင့်သော ခန့်မှန်းချက်အရမူ $243.30 အထိ တိုးတက်နိုင်ပါသည်။

Alibaba သည် နိုင်ငံတကာ e-commerce၊ cloud နည်းပညာနှင့် ဉာဏ်ရည်တုတွင် တဖြည်းဖြည်းချင်း ချဲ့ထွင်နေရာယူလာမည်ဟု Paisakit မှ မျှော်လင့်ထားပါသည်။ ဤတိုးတက်မှုသည် ကမ္ဘာ့အကြီးဆုံးကော်ပိုရေးရှင်းကြီးများနှင့်နှိုင်းစာပါက အမြတ်အစွန်းများနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အရင်းအနှီး

တချိန်တည်းတွင် StockScan သည် 2050 တွင် $243 အထိ အမြင့်ဆုံးအကန့်အသတ်ဖြင့် တိုးတက်နိုင်ခြေတခုကို မျှော်မှန်းထားပါသည်။ ဤတိုးတက်မှုသည် စီးပွားရေးနှင့် နိုင်ငံရေးစိန်ခေါ်မှုများကြောင့် ဖြစ်နိုင်ပါသည်။

ခုနှစ်

Paisakit၊ $

StockScan၊ $

2030

374.67

47.15

2035

721.66

-

2040

1,389.37

79.22

2050

5,162.37

243.3

2050 အတွက်ခန့်မှန်းချက်များမှာ ကျယ်ပြန့်စွာ ကွဲပြားနေပါသည်။ အချို့သည် သင့်တင့်သော ပြန်လည်တိုးတက်မှုတရပ်ကို မျှော်မှန်းကြပြီး၊ အချို့ကမူ ထူးကဲသောတရှိန်ထိုးမြင့်တက်မှုကို မျှော်မှန်းကြပါသည်။ ဤအပိုင်းအခြားသည် ကျွမ်းကျင်သူတို့၏ အကဲဖြတ်ချက်များတွင် မသေချာမရေရာမှုများကို တိုးပွားစေပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ဖြစ်နိုင်ခြေနှစ်ရပ်စလုံးကို စဉ်းစားကာ၊ ကုမ္ပဏီ၏ အခြေခံပိုင်းဆိုင်ရာနှင့် အရင်းခံစီးပွားရေးလမ်းကြောင်းများကို စောင့်ကြည့်သင့်ပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် BABA (Alibaba) အတွက် ဈေးကွက်အလေးသာမှု

မီဒီယာအလေးသာမှုသည် ကာလတိုဈေးနှုန်းရွေ့လျားမှုများအပေါ်တွင် သိသာထင်ရှားစွာလွှမ်းမိုးထားပြီး၊ တဦးချင်းနှင့် အဖွဲ့လိုက် ရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက်များအပေါ် သက်ရောက်မှုရှိပါသည်။ #BABA စတော့အတွက် မီဒီယာသဘောထားတွင် သတိနှင့်ယှဉ်တွဲသော အကောင်းမြင်မှု လွှမ်းမိုးနေပါသည်။

အသုံးပြုသူ FinChat သည် ရှင်းလင်းပြတ်သားသော မညီမျှမှုတရပ်ကို ညွှန်ပြထားပါသည် - 2014 မှ စတင်၍ Alibaba ၏ ဝင်ငွေနှုန်းထားသည် 1,521% တိုးတက်ခဲ့‌သော်လည်း၊ ၎င်း၏ ရှယ်ယာများသည် 20% သာလျှင် မြင့်တက်ခဲ့ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူများကြား စိတ်ရှုပ်ထွေးစေပြီး၊ အထက်သို့ယာယီတိုးတက်မှုအလားအလာတရပ်အတွက် မျှော်မှန်းချက်များ ထွက်ပေါ်စေပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် BABA (Alibaba) အတွက် ဈေးကွက်အလေးသာမှု

AwakenSoul သည် ကြီးမားသောမျှော်မှန်းချက်တခုနှင့်အတူ “တရုတ်ရဲ့ လွှမ်းမိုးမှုအတွက် အသင့်ဖြစ်ပြီလား” ဟူသော ခေါင်းစည်းဖြင့် ဂရပ်ဖစ်ဇယားတခုကို တင်ပြထားပါသည်။ ၎င်းသည် အလှည့်အပြောင်းအလားအလာတခုနှင့်အတူ အမြင့်ဆုံးဈေးတန်းအသစ်များဆီသို့ တိုးတက်မှုလမ်းကြောင်းတရပ်ကို အရိပ်အမြွက် အချက်ပြနေပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် BABA (Alibaba) အတွက် ဈေးကွက်အလေးသာမှု

BABA နှင့်စပ်လျဉ်းသော သဘောထားများသည် ယေဘုယျအားဖြင့် အပြုသဘောဆောင်ပါသည်။ ပိုင်ဆိုင်မှုသည် ပကတိတန်ဖိုးထက်နိမ့်ကျနေသည်ဟု ရင်းနှီးမြှုပ်နှံသူများမှ မှတ်ချက်ပြုထားကြပြီး၊ တရုတ်စတော့ဈေးကွက် အခြေအနေပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ လျင်မြန်သော တိုးတက်မှုများကို မျှော်မှန်းထားကြပါသည်။

BABA ဈေးနှုန်းရာဇဝင်

BABA ၏ အမြင့်ဆုံးဈေးနှုန်းဖြစ်သော $319.32အား ၂၇.၁၀.၂၀၂၀တွင် မှတ်တမ်းတင်ခဲ့ပါသည်။ အနိမ့်ဆုံး‌ဈေးနှုန်းဖြစ်သော 57.2 သို့ ၂၉.၀၉.၂၀၁၅ တွင် ရောက်ရှိခဲ့ပါသည်။

Nasdaq အိတ်ချိန်းပေါ်၌ Alibaba (BABA) စတော့များသည် စည်းမျဉ်းစည်းကမ်းကိစ္စရပ်များကို အကြောင်းပြု၍ မတည်ငြိမ်မှုကို ဆက်လက်ပြသလျှက်ရှိကြသည်။ ၂၀၂၂ ခုနှစ်တွင်၊ ငွေကြေးဖောင်းပွမှုဆိုင်ရာစိုးရိမ်ပူပင်မှုများနှင့် အားနည်း‌သော ဘဏ္ဍာရေးခန့်မှန်းချက်တခုကြောင့် ပိုင်ဆိုင်မှု၏တန်ဖိုးသည် 25.84% ခန့်ကျဆင်းသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ TipRanks ကဲ့သို့သောပလပ်ဖောင်းများ၏ ဖော်ပြချက်များတွင် ကာလရှည်ခန့်မှန်းချက်များသည် အပြုသဘောဆောင်နေဆဲသာဖြစ်ပြီး၊ moving averages များနှင့် ဝင်ငွေမျှော်မှန်းချက်များသည် စတော့၏ တိုးတက်မှုအလားအလာကို ညွှန်ပြနေကြပါသည်။

2024 ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ပို့ကုန်များ ပြန်လည်မြင့်တက်လာခြင်း၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖိအားများ လျော့ကျလာခြင်းနှင့် ပိုမိုကောင်းမွန်သော အရင်းခံစီးပွားရေးအခြေအနေများကြောင့် Alibaba ရှယ်ယာများသည် 35% မြင့်တက်လာခဲ့သည်။ သို့သော် ဒုတိယနှစ်ဝက်တွင် e-commerce ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနှင့် ကုမ္ပဏီ၏ သတိထားရန်ခန့်မှန်းချက်များကြောင့် အမြတ်အစွန်းများ လျော့ကျခဲ့ရသည်။

2025 ခုနှစ် ပထမနှစ်ဝက်တွင် BABA ရှယ်ယာများသည် ယာယီကျဆင်းသောအခြေအနေတွင် ရှိနေပါသည်။ FinChat ၏ အဆိုအရ ကုမ္ပဏီသည် 2014 ခုနှစ်မှ စတင်ကာ 1,521% အထိ အသိအမှတ်ပြုရလောက်သော ဝင်ငွေတိုးတက်မှုကို ပြသခဲ့သော်လည်း၊ တူညီသောအချိန်အပိုင်းအခြားအတွင်း ၎င်း၏စျေးကွက်အရင်းအနှီးသည် 20% အောက်သာ တိုးမြင့်လာပါသည်။ ဤအခြေအနေသည် #BABA အား အမှန်တကယ်ဖြစ်သင့်သည်ထက် တန်ဖိုးနိမ့်ကျနေသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ထင်မြင်ရခြင်းကို ခိုင်မာစေပါသည်။

ကာလရှည်တိုးတက်မှုကို တွန်းအားပေးသည့် အဓိကအကြောင်းရင်းများတွင် cloud နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှု၊ AI နည်းပာာပေါင်းစပ်အသုံးချမှု၊ ပိုမိုကောင်းမွန်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံတကာ ချဲ့ထွင်မှုတို့ ပါဝင်ပါသည်။ သို့သော် ပထဝီဝင်နိုင်ငံရေးအခြေအနေများ၊ စည်းမျဥ်းစည်းကမ်းများသာမက တရုတ်နိုင်ငံတွင်း ပြည်တွင်းဝယ်လိုအား နှေးကွေးခြင်းနှင့်စပ်လျဉ်းသော အန္တရာယ်များသည် ကာလတိုအတွင်း ကုမ္ပဏီ၏ တိုးတက်မှုအလားအလာကို ဆက်လက်ကန့်သတ်လျှက်ရှိသည်။

Alibaba အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု

Alibaba စတော့၏ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် ရင်းနှီးမြှုပ်နှံသူများအား အရင်းခံစီးပွားရေးအခြေအနေများ၊ တရုတ်ပြည်၏စီးပွားရေးအခြေအနေ၊ ကုမ္ပဏီနည်းပညာနှင့် နည်းဗျူဟာတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယှဉ်ပြိုင်မှုအခင်းအကျင်း စသည်တို့အပါအဝင် ၎င်း၏ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်စေသော အရေးပါသည့် အကြောင်းအရာများကို နားလည်သဘောပေါက်စေရန် ကူညီပေးပါသည်။ ဘဏ္ဍာရေးအစီရင်ခံစာများ၊ cloud နည်းပညာတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားစီးကြောင်းများကို ခွဲခြမ်းစိတ်ဖြာခြင်းသည် ကုမ္ပဏီ၏ အနာဂါတ်အလားအလာများကို အကဲဖြတ်နိုင်ရန်နှင့် ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် ၎င်း၏ ဆွဲဆောင်မှုအတိုင်းအတာကို အဆုံးအဖြတ်ပေးပါသည်ာ

Alibaba စတော့အပေါ် မည်သည့်အကြောင်းများက လွှမ်းမိုးသက်ရောက်ပါသနည်း။

Alibaba ၏ စတော့ဈေးနှုန်းအား ၎င်း၏စွမ်းဆောင်ရည်ကို ခွဲခြမ်းစိတ်ဖြာရာတွင် ထည့်သွင်းစဉ်းစားရမည့် အခြေခံပိုင်းဆိုင်ရာအကြောင်းအရာများစွာဖြင့် ဆုံးဖြတ်ပါသည်။

  • တရုတ်ပြည်တွင်းစီးပွားရေးအခြေအနေ။ GDP၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် အထွေထွေစီးပွားရေးတည်ငြိမ်မှုသည် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် သိသာထင်ရှားစွာ လွှမ်းမိုးသက်ရောက်ပါသည်။
  • ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှင့်စပ်လျဥ်း‌ေသာကိစ္စရပ်များ။ တရုတ်နှင့် အခြားနိုင်ငံများကြား စီးပွားရေးနှင့် နိုင်ငံရေးချည်နှောင်မှုများသည် Alibaba ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအားအပေါ် လွှမ်းမိုးသက်ရောက်ပါသည်။
  • Cloud နည်းပညာဖွံ့ဖြိုးတိုးတက်မှု။ cloud နည်းပညာတွင်ရင်းနှီးမြှုပ်နှံခြင်းနှင့် ၎င်း၏အောင်မြင်မှုသည် ကုမ္ပဏီ၏ ကာလရှည်တိုးတက်မှုအပေါ် သက်ရောက်မှုရှိပါသည်။
  • ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်။ ရောင်းအား၊ ဝင်ငွေ၊ အမြတ်အစွန်းနှင့် ကြွေးမြီပမာဏများသည် ကုမ္ပဏီ၏ စတော့ဈေးနှုန်းအား အဆုံးအဖြတ်ပေးပါသည်။
  • ယှ‌ဉ်ပြိုင်မှု။ JD.com နှင့် Amazon အစရှိသောကုမ္ပဏီများနှင့် ပြိုင်ဆိုင်မှုသည် စတော့ဈေးနှုန်းအပေါ် ဖိအားများသက်ရောက်စေပါသည်။
  • တရုတ်ပြည်တွင်းစည်းမျဉ်းစည်းကမ်းများ။ အချက်အလက်ထိန်းချုပ်မှုနှင့်စပ်လျဉ်းသော အစိုးရဆုံးဖြတ်ချက်များနှင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုဆန့်ကျင်တိုက်ဖျက်ရေးအစီအမံများသည် ဈေးကွက်အရင်းအနှီးကို ထိခိုက်ကျဆင်းစေနိုင်ပါသည်။
  • ဆန်းသစ်တီထွင်မှုနှင့် ခွဲခြမ်းဖြန့်ကျက်မှု။ စီးပွားရေးချဲ့ထွင်မှုနှင့် ဘဏ္ဍာရေးနည်းပညာ၊ သယ်ယူပို့ဆောင်ရေး အစရှိသော လုပ်ငန်းကဏ္ဍသစ်များ တိုးချဲ့မှုတို့သည် စတော့ဈေးနှုန်းတန်ဖိုးကို တိုးတက်မြင့်မားစေပါသည်။
  • ပြောင်းလဲရွေ့လျားနေသော စားသုံးသူတို့၏ နှစ်သက်မှုများ။ ဝယ်ယူသုံးစွဲမှုအပြောင်းအလဲများသည် ကုမ္ပဏီ၏ ရောင်းအားအပေါ် သက်ရောက်မှုရှိပါသည်။

Alibaba အကြောင်းအခြားသိကောင်းစရာများ

Alibaba Group Holding Limited သည် တရုတ်ပြည်၏ အကြီးဆုံး အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီဖြစ်ပြီး၊ ၎င်းကို ၁၉၉၉ တွင် Jack Ma မှ စတင်တည်ထောင်ခဲ့ပါသည်။ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အွန်လိုင်းဈေးကွက်တခုအဖြစ် စတင်တည်ထောင်ခဲ့ရာမှ ယခုအခါတွင် cloud နည်းပညာ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင် လည်ပတ်နေသော လုပ်ငန်းစုတခုအဖြစ် ရပ်တည်နေပါသည်။

ကုမ္ပဏီ၏ တန်ဖိုးတိုးတက်နှုန်းကို ၎င်း၏ အောင်မြင်သောအွန်လိုင်းရောင်းချမှုစနစ်၊ ပြည်တွင်းဈေးကွက်အတွင်းဦးဆောင်လွှမ်းမိုးမှုနှင့် နိုင်ငံတကာဈေးကွက်များသို့ မဟာဗျူဟာမြောက် ချဲ့ထွင်မှုများ ပါဝင်ပါသည်။ Alibaba သည် Alibaba Cloud ပလပ်ဖောင်းမှတဆင့် cloud computing ကဲ့သို့သော ဆန်းသစ်တီထွင်မှုများနှင့် နည်းပညာကဏ္ဍတွင် ၎င်း၏ရပ်တည်မှုကို ပိုမိုခိုင်မာစေမည့် ဉာဏ်ရည်တုစနစ်တီထွင်ဖန်တီးမှု တက်ကြွစွာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

ကုန်သည်များကြားတွင် Alibaba စတော့ရေပန်းစားရခြင်း၏ အဓိကအကြောင်းရင်းများတွင် ၎င်း၏မြင့်မားသော liquidity၊ အံ့ဩချီးကျူးဖွယ်ရာ တိုးတက်မှုနှုန်းနှင့် တရုတ်၏ လျင်မြန်စွာတိုးတက်နေသောစီးပွားရေးအပေါ် အများသူငှာ၏ မျှော်မှန်းချက်များ ပါဝင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၏ တည်ငြိမ်သော ဈေးကွက်လမ်းကြောင်းအပေါ် အရင်းအနှီးများတိုးပွားစေမည့် အခွင့်အရေးတခုအဖြစ် ရှုမြင်ကြပြီး၊ အာရှနှင့် ကမ္ဘာတလွှားတွင် ၎င်း၏အွန်လိုင်းဝန်ဆောင်မှုများအပေါ် နှစ်သက်လိုလားမှုများ မြင့်တက်လျှက်ရှိပါသည်။

Alibaba စတော့တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

Alibaba သည် ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး၊ cloud နည်းပညာနှင့် သယ်ယူပို့ဆောင်ရေးအပါအဝင် ၎င်း၏ တိုးတက်မှုအလားအလာများကြောင့် ရင်းနှီးမြှုပ်နှံသူများစွာတို့၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ထားပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ အခြားသောလုပ်ငန်းစုကြီးများကဲ့သို့ပင်၊ Alibaba တွင် ရင်းနှီးမြှုပ်နှံရာ၌ ပြိုင်ဆိုင်မှု၊ ဥပဒေမူဝါဒအပြောင်းအလဲများနှင့် ဈေးကွက်တန်ဖိုး မြင့်တက်၊ကျဆင်းမှုအလားအလာများအပါအဝင် ဆုံးရှုံးနိုင်ခြေများ ပေါ်ပေါက်နိုင်ပါသည်။

Alibaba စတော့တွင်ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များ

  • အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေးတွင် ထိပ်တန်းမှဦးဆောင်မှု။ Alibaba သည် တရုတ်ဈေးကွက်ကို အများဆုံးထိန်းချုပ်ထားပြီး၊ နိုင်ငံတကာသို့တက်ကြွစွာ ချဲ့ထွင်လျှက် အွန်လိုင်းရောင်းဝယ်ရေးကဏ္ဍတွင် ‌ဦးဆောင်နေရာယူထားပါသည်။
  • စီးပွားရေးလုပ်ငန်းများခွဲခြမ်းထားခြင်း။ အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေးအပြင်၊ ကုမ္ပဏီသည် cloud နည်းပညာများ (Alibaba Cloud)၊ သယ်ယူပို့ဆောင်ရေး (Cainiao)၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု (Alipay) နှင့် အွန်လိုင်းဖျော်ဖြေရေးဝန်ဆောင်မှုများကို တိုးမြှင့်ဖန်တီးနေပါသည်။ ‌ဤအချက်သည် လုပ်ငန်းကဏ္ဍတခုတည်းအပေါ်တွင် ကုမ္ပဏီ၏ မှီခိုရမှုကို လျှော့ချပေးနိုင်ပြီး၊ ရေရှည်ခိုင်မာမှုကိုတိုးမြှင့်ပေးပါသည်။
  • ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု။ ဉာဏ်ရည်တုနည်းပညာ၊ ကြီးမားသောအချက်အလက်စုဆောင်းမှုပမာဏနှင့်၊ cloud နည်းပညာတို့တွင် တစိုက်မတ်မတ်ရင်းနှီးမြှုပ်နှံခြင်းသည် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း ကုမ္ပဏီ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါသည်။
  • တရုတ်နိုင်ငံ၏စီးပွားရေး။ အကြီးဆုံးအီလက်ထရွန်းနစ်ကုန်သွယ်မှုဈေးကွက်ဖြစ်သော တရုတ်နိုင်ငံအတွင်း လူလတ်တန်းစားဦးရေမြင့်တက်လာခြင်းနှင့် ဝယ်ယူသုံးစွဲနိုင်စွမ်းမြင့်မားလာခြင်းသည် Alibaba ၏တန်ဖိုးကို မြင့်မားစေပါသည်။
  • မြင့်မားသောတိုးတက်မှုအလားအလာ။ ကုမ္ပဏီ၏ကမ္ဘာလုံးဆိုင်ရာချဲ့ထွင်မှုနှင့် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုသည် ကာလရှည်တွင် စတော့တန်ဖိုးတိုးတက်မှုအလားအလာများကို ဖန်တီးပေးပါသည်။

Alibaba စတော့တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားနည်းချက်များ

  • စည်းမျ‌ဉ်းစည်းကမ်းပြောင်းလဲမှုကြောင့် ဆုံးရှုံးနိူင်ခြေများ ပေါ်ပေါက်နိုင်ခြင်း။ နည်းပညာကုမ္ပဏီကြီးများ၏ လှုပ်ရှားမှုများအပေါ် ကန့်သတ်ပိတ်ပင်မှုများ အပါအဝင် တရုတ်အစိုးရ၏ တင်းကြပ်သောထိန်းချုပ်မှုသည် စတော့ဈေးနှုန်းအား ထိခိုက်ကျဆင်းစေနိုင်ပါသည်။
  • တရုတ်စီးပွားရေးအပေါ်မှီခိုမှု။ ကုမ္ပဏီသည်နိုင်ငံတကာတွင်ဖြန့်ကျက်လည်ပတ်သော်လည်း၊ ၎င်း၏ အရောင်းဝင်ငွေအများစုသည် တရုတ်ဈေးကွက်မှလာခြင်းဖြစ်ပြီး၊ စီးပွားရေးကျဆင်းမှုများတွင် ခံနိုင်ရည်နည်းပါးပါသည်။
  • စတော့မတည်ငြိမ်မှု။ စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများနှင့် ဈေးကွက်အလေးသာမှုတို့ကြောင့် ဈေးနှုန်းအတက်၊အကျများ သိသိသာသာဖြစ်ပေါ်ခြင်းသည် ကာလတိုရင်းနှီးမြှုပ်နှံမှုများအတွက် Alibaba ၏ စတော့အား စွန့်စားမှုမြင့်မားစေပါသည်။
  • ယှဉ်ပြိုင်မှုအားကောင်းခြင်း။ Alibaba သည် ပြည်တွင်းဈေးကွက်တွင် JD.com နှင့် Pinduoduo၊ နိုင်ငံတကာဈေးကွက်တွင် Amazon နှင့် အခြားကုမ္ပဏီများထံမှ ပြင်းထန်သော စိန်ခေါ်မှုကို ရင်ဆိုင်နေရပါသည်။
  • ကမ္ဘာလုံးဆိုင်ရာဖိအားများ။ တရုတ်နှင့် အခြားနိုင်ငံများကြား ကုန်သွယ်စစ်ပွဲနှင့် သဘောထားမတိုက်ဆိုင်မှုများသည် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ပါဝင်စားမှုကို ထိခိုက်စေနိုင်ပါသည်။

Alibaba တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကာလရှည်အလားအလာများကို ဦးစားပေးကြသူများနှင့် ပတ်သတ်ဆက်နွယ်သော ဆုံးရှုံးနိုင်ခြေများကို လက်ခံရင်ဆိုင်ရန် ပြင်ဆင်ထားကြသူများအတွက် သင့်တော်ပါသည်။

ကျွန်ုပ်တို့၏ ခန့်မှန်းချက်များ ပြုလုပ်ပုံ

ကျွန်ုပ်တို့၏ ခန့်မှန်းချက်များသည် Alibaba ၏ ‌ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်သော အကြောင်းအရာများစွာကို ခွဲခြမ်းစိတ်ဖြာခြင်းအပေါ် အခြေခံပါသည်။

  • ကာလတိုခန့်မှန်းချက်များပြုလုပ်ရန်၊ ကျွန်ုပ်တို့သည် ဇယားလမ်းကြောင်းများနှင့်အတူ moving averages (SMA, EMA)၊ RSI နှင့် MACD ကဲ့သို့သော နည်းပညာပိုင်းဆိုင်ရာညွှန်ပြကိရိယာများ ကို အသုံးပြုပါသည်။
  • ကာလအလယ်အလတ်ခန့်မှန်းချက်များသည် အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်တွင် အခြေခံပါသည်။ ကျွန်ုပ်တို့သည် Alibaba ၏ ဘဏ္ဍာရေးအစီရင်ခံစာများ၊ ရောင်းအား၊ ဝင်ငွေများနှင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်အပြောင်းအလဲများ၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးတို့တွင် စည်းမျဉ်းမူဝါဒအပြောင်းအလဲများ စသည်တို့ကို စိစစ်သုံးသပ်ကြပါသည်။
  • ကာလရှည်ခန့်မှန်းချက်များသည် ကုမ္ပဏီ၏ ရေရှည်စီမံခန့်ခွဲမှုမဟာဗျူဟာများအပေါ် အဓိက အမှီအခိုပြုပါသည်။ ကျွန်ုပ်တို့သည် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများ၊ လုပ်ငန်းကဏ္ဍခွဲခြမ်းမှုအစီအစဉ်များ၊ နိုင်ငံတကာဈေးကွက်များအတွင်း တိုးတက်မှုအလားအလာနှင့် cloud သိုလှောင်မှုနှင့် ဉာဏ်ရည်တုနည်းပညာကဲ့သို့ သေချာသောနည်းပညာဆိုင်ရာဝန်ဆောင်မှုများ စသည်တို့ကို အကဲဖြတ်ပါသည်။

နည်းပညာပိုင်း၊ အခြေခံပိုင်းနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ပေါင်းစပ်ထားသော ချဉ်းကပ်မှုပုံစံသည် ကျွန်ပ်တို့ခန့်မှန်းချက်များ၏ တိကျမှုကို မြှင့်တင်ပေးပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ အနာဂါတ်တွင်ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်လာမည့် အကြောင်းအရာအားလုံးကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ဆုံးဖြတ်ချက်များမချမှတ်မီတွင် ကုန်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်ခွဲခြမ်းစိတ်ဖြာမှုတရပ်ကို ဆောင်ရွက်သင့်ပါသည်။

အနှစ်ချုပ် - BABA သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

Alibaba သည် ခိုင်မာသော ချိတ်ဆက်မှုစနစ်နှင့် မြင့်မားသောတိုးတက်မှုနှုန်းများကြောင့် တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီများမှ တခုအဖြစ် ဆက်လက်ရပ်တည်နေပါသည်။ မည်သို့ပင်ဖြစ်စကာမူ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အပြောင်းအလဲအလားအလာများနှင့် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုကြောင့် ၎င်း၏ နှိုင်းရဈေးကွက်တန်ဖိုးမှာမူ ရှိသင့်သည်ထက် နိမ့်ပါးလျှက်ရှိနေပါသည်။

အမြတ်အစွန်းများကို ရှာဖွေလျှက်ရှိကြသော ကာလရှည်ရင်းနှီးမြှုပ်နှံသူများအတွက် BABA သည် စွဲမက်ဖွယ်ရာ အခွင့်အလမ်းတခု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ စေ့စပ်သေချာသော ခွဲခြမ်းစိတ်ဖြာမှုကို ဆောင်ရွက်ရန်နှင့် သင်၏ရင်းနှီးမြှုပ်နှံမှုအစုစုကို စနစ်တကျ ခွဲတမ်းချရန် အရေးကြီးပါသည်။

Alibaba စဝောာ့ခန့်မှန်းချက်ဆိုင်ရာ အမေများသော မေးခွန်းများ

၂၄.၀၅.၂၀၂၆ တွင် BABA ၏ လက်ရှိပေါက်ဈေးမှာ $130.01 ၌ ရပ်တည်နေပါသည်။

ခန့်မှန်းချက်များမှာ ကွဲလွဲနေပါသည်။ Paisakit သည် $284.72 အထိ မြင့်တက်မှုကို မျှော်လင့်ထား၍ CoinPriceForecast သည် $217 အထိ တိုးတက်လာရန် မျှော်မှန်းပါသည်။ တချိန်တည်းတွင် StockScan သည် $69.62 အထိ ကျဆင်းရန် ကြိုတင်ခန့်မှန်းထားပါသည်။ ဈေးနှုန်းဦးတည်ရာအလားအလာသည် စည်းမျဉ်းမူဝါဒ၊ အရင်းခံစီးပွားရေးအခြေအနေနှင့် ကုမ္ပဏီ၏ဝင်ငွေများအပေါ် မူတည်ပါသည်။

ခွဲခြမ်းစိတ်ဖြာသူအများစုသည် ၎င်း၏ ဝင်ငွေတိုးတက်နှုန်းကို ထောက်ရှု၍ #BABA အား ဖြစ်သင့်သောတန်ဖိုးထက်နိမ့်ကျနေသော ပိုင်ဆိုင်မှုတခုဟု ယုံကြည်ကြပါသည်။ အကယ်၍ လူကြီးမင်းသည် ကာလရှည်ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးကာ၊ မတည်ငြိမ်မှုအတွက် ပြင်ဆင်ထားခြင်းရှိပါက၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများ၏ အောက်တွင် လက်ရှိဈေးနှုန်းများဖြင့် အဝယ်ကုန်သွယ်မှုများ ဖွင့်နိုင်ပါသည်။

StockScan ကဲ့သို့ အချို့သောအရင်းအမြစ်များ၏ ခန့်မှန်းချက်များသည် စည်းမျဉ်းစည်းကမ်းဆိုင်ရာဖိအားကြောင့် ကျဆင်းနိုင်ခြေကို အထူးသဖြင့် ဖော်ပြကြသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်အများစုသည် ကမ္ဘာလုံးဆိုင်ရာချဲ့ထွင်မှုနှင့် cloud ဖြေရှင်းချက်များ၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ပိုင်ဆိုင်မှု၏တန်ဖိုး တိုးတက်လာရန် မျှော်လင့်ကြပါသည်။

2025 ပထမနှစ်ဝက်အထိကာလအတွင်း၊ Alibaba ရှယ်ယာများသည် အသင့်အတင့်ပြန်လည်တိုးတက်လာခဲ့ပါသည်။ ကျန်ခဲ့သည့် ၁၂ လဝာာအတွင်း အမြတ်အစွန်းများ မတည်ငြိမ်ခဲ့သော်လည်း၊ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ဈေးကွက်အခြေအနေအပေါ်မူတည်၍ 20–35% ကြား ပုံမှန်အမြတ်နှုန်းကို အသိအမှတ်ပြုထားကြသည်။

၎င်း၏ ချဲ့ထွင်နိုင်စွမ်း၊ ဆန်းသစ်တီမှုနှင့် အရေးပါသောကဏ္ဍများတွင် ၎င်း၏ဦးဆောင်နေရာယူမှုတို့ကြောင့် Alibaba တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကာလရှည် ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်အစွန်းများ ရရှိစေနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ မတည်ငြိမ်မှုနှင့် စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများကြောင့် ဆုံးရှုံးနိုင်ခြေများပေါ်ပေါက်နိုင်ကြောင်းကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

စတော့ဈေးနှုန်းကျဆင်းမှုသည် တရုတ်နိုင်ငံအတွင်း မရေရာသောစည်းမျဉ်းစည်းကမ်း အပြောင်းအလဲများ၊ စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းလာခြင်းနှင့် ယှဉ်ပြိုင်မှုများအားကောင်းလာခြင်းတို့ကြောင့် ဈေးကွက်အပေါ်ဖိအားများသက်ရောက်ကာ ကာလတိုရင်းနှီးမြှုပ်နှံသူများအတွက် ‌ဆုံးရှုံးနိုင်ခြေပိုတိုးလာစေခြင်း စသည့်အကြောင်းအရာများနှင့် ဆက်စပ်နေပါသည်။

မှန်ပါသည်။ ခိုင်မာသော အခြေခံလုပ်ဆောင်ချက်များနှင့် မဟာဗျူဟာမြောက်သော အစီအမံများကြောင့် Alibaba စတော့သည် ဈေးနှုန်းပြန်လည်တိုးတက်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြန်လည်တိုးတက်မှုသည် မြင့်တက်လာသော စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုများနှင့် ဈေးကွက်အခြေအနေတိုးတက်လာမှုအပေါ်တွင်လမူတည်နေပါသည်။

Alibaba ၏ စတော့ဈေးနှုန်းသည် အကြောင်းအရာများစွာအပေါ်တွင် မူတည်ပါသည်။ တရုတ်နိုင်ငံအတွင်း အထွေထွေစီးပွားရေးအခြေအနေ၊ စည်းမျဉ်းစည်းကမ်းမူဝါဒ၊ ရောင်းအားဝင်ငွေနှင့် အမြတ်မာဂျင်များ၊ နယ်ပယ်တွင်းယှဉ်ပြိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုခေတ်ရေစီးကြောင်းများသည် ပိုင်ဆိုင်မှု၏ဈေးနှုန်းအပေါ် အများ‌ဆုံးလွှမ်းမိုးသက်ရောက်ပါသည်။

Alibaba သည် နည်းပညာအသစ်များတွင် တက်ကြွစွာရင်းနှီးမြှုပ်နှံပြီး၊ နိုင်ငံတကာအလယ်တွင် ၎င်း၏ အရေးပါမှုကို ချဲ့ထွင်လျှက်ရှိသည့်အပြင်၊ စီးပွားရေးလုပ်ငန်းများကို ကဏ္ဍစုံလင်စွာခွဲခြမ်းထားပါသည်။ ဤအချက်များသည် မတည်ငြိမ်သောဈေးကွက်အခြေအနေ၌ပင်လျှင်၊ ယှဉ်ပြိုင်မှုများကြား ‌အားသာမှုကိုရရှိစေပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ BABA ၏စျေးနှုန်းဇယား

2026၊ 2027–2030 နှင့်နောက်ပိုင်းအတွက် Alibaba (BABA) စတော့ ကြိုတင်ခန့်မှန်းချက်နှင့် သုံးသပ်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat