CashBack သည် မိတ်ဖက်မှ မိမိဆန္ဒအလျောက် ၎င်း၏ ရည်ညွှန်းသူများနှင့် မျှဝေနိုင်သော အကျိုးဆောင်ကော်မရှင်၏ အစိတ်အပိုင်းတခု ဖြစ်ပါသည်။ ‌၎င်းသည် အောက်ပါပုံစံအတိုင်း အလုပ်လုပ်ပါသည်။ အကျိုးဆောင်မိတ်ဖက်တဦးသည် အကျိုးဆောင်ထံသို့ မိတ်ဆွေကုန်သည်သစ်များ (ရည်ညွှန်းသူများ) ကို ဖိတ်ခေါ်လာပါသည်။ မိတ်ဖက်သည် ကုန်သွယ်မှုရလာဒ်များနှင့်မသက်ဆိုင်ပဲ၊ အကျိုးဆောင်ထံမှ ကော်မရှင်တခုကို လက်ခံရရှိပါသည်။ ၎င်းကော်မရှင်၏ ၅% မှ ၉၅% အား ရည်ညွှန်းသူထံ ပြန်လည်ပေးအပ်ခြင်းဖြစ်ပါသည်။

Cashback သည် မိတ်ဖက်မှ မိမိဆန္ဒအလျောက် ၎င်း၏ ရည်ညွှန်းသူများနှင့် မျှဝေနိုင်သော ကော်မရှင်ဝေစု ဖြစ်ပါသည်။

အကျိုးဆောင်သည် သုံးစွဲသူ အသစ်တဦးကို ရရှိသည်။ မိတ်ဖက်သည် ကော်မရှင်တခုကို ရရှိသည် - ရည်ညွှန်းသူ (referral) သည် ကုန်သွယ်မှုစရိတ်စက တစိတ်တပိုင်းကို သက်သာခွင့် ရရှိသည်။ ဤလုပ်ဆောင်မှု ပုံစံသည် forex rebates cashback (forex အဖိုးအခလျှော့ချခြင်း) အစီအစဉ်နှင့် အသွင်တူပါသည်။ ဤစနစ်သည် ပါဝင်သူအားလုံးအတွက် အကျိုးရှိစေသည်။ CashBack ၏ အလုပ်လုပ်ပုံနှင့် မိတ်ဖက်ဈေးကွက်ရှာဖွေခြင်း၏ အကျိုးခံစားခွင့်များကို  အသေးစိတ် လေ့လာဖတ်ရှုပါ။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Forex မိတ်ဖက်ပရိုဂရမ်များတွင် CashBack ဆိုသည်မှာ အဘယ်နည်း။

Forex CashBack သည် သုံးစွဲသူအသစ်များကို ဖိတ်ခေါ်ရန်နှင့် forex အကျိုးဆောင်မိတ်ဖက်များနှင့် ရည်ညွန်းသူများကြား ခိုင်မာသောဆက်ဆံရေးကို တည်ဆောက်ရန် ကူညီပံ့ပိုးပေးသော အစီအစဉ်တခု ဖြစ်ပါသည်။

Forex မိတ်ဖက်အစီအစဉ် တွင် CashBack ဆိုသည်မှာ အကျိုးဆောင်မှ ၎င်း၏ သုံးစွဲသူများထံမှ ကောက်ခံသော ကုန်သွယ်ရေးကော်မရှင်များ သို့မဟုတ် spreads အဖိုးအခများ၏ တစိတ်တပိုင်းကို အဆိုပါသုံးစွဲသူများထံ ပြန်လည်ပေးအပ်သော ဝန်ဆောင်မှုအမျိုးအစား ဖြစ်ပါသည်။ ၎င်းသည် အောက်ပါပုံစံအတိုင်း အလုပ်လုပ်ပါသည်။

  1. မိတ်ဖက်များသည် အကျိုးဆောင်များ၏ ဝန်ဆောင်မှုအား မိတ်ဆက်ပေးခြင်း - Forex မိတ်ဖက်များသည် ဈေးကွက်ရှာဖွေရေးချန်နယ်လ်အသီးသီးမှတဆင့် စိတ်ပါဝင်စားသော ကုန်သည်များကို ရှာဖွေပြီး၊ အကျိုးဆောင်ထံ ဖိတ်ခေါ်ပေးခြင်းအားဖြင့် အကျိုးဆောင်များ၏ ရောင်းအားကို မြှင့်တင်ပေးပါသည်။ အဆိုပါ မိတ်ဖက်များသည် ၎င်းတို့ ရည်ညွှန်းပေးသော သုံးစွဲသူ၏ ကုန်သွယ်ရေးလှုပ်ရှားမှုများအပေါ် မူတည်၍ ကော်မရှင်ရရှိကြပါသည်။

  2. CashBack ကမ်းလှမ်းချက်များ - သုံးစွဲသူအသစ်များကို ဖိတ်ခေါ်ရာတွင် အချို့သော မိတ်ဖက်များသည် CashBack ပရိုဂရမ်ဖြင့် မိတ်ဆက်ကမ်းလှမ်းကြပါသည်။ ဤပရိုဂရမ်အရ မိတ်ဖက်များသည် အကျိုးဆောင်ထံမှ ၎င်းတို့ရရှိမည့် ကော်မရှင် သို့မဟုတ် spreads ၏ တစိတ်တပိုင်းကို ရည်ညွှန်းသူကုန်သည်များ (ကုန်သည်အသစ်များ) ထံ ပြန်လည်ပေးအပ်ရန် ကတိပြုကြပါသည်။

  3. ကုန်သည်၏အကျိုးခံစားခွင့် - အဆိုပါမိတ်ဖက်များမှတဆင့် စာရင်းပေးသွင်းသော ကုန်သည်များသည် ၎င်းတို့ပေးဆောင်ရသော ကုန်သွယ်မှုစရိတ်စကများ၏ တစိတ်တပိုင်းကို ပြန်လည်ရရှိပါသည်။ ပြန်လည် ရရှိသော ပမာဏမှာ ကုန်သွယ်မှုတခုအတွက် ပုံသေပမာဏတခု (သို့မဟုတ်) spread ရာခိုင်နှုန်းတခု (သို့မဟုတ်) ပေးချေရသောကော်မရှင်၏ရာခိုင်နှုန်းတခု ဖြစ်နိုင်ပါသည်။ ဤပြန်အမ်းငွေအား ကုန်သည်၏ ကုန်သွယ်ရေးအကောင့်သို့ တိုက်ရိုက်ဖြည့်သွင်းပေးနိုင်သကဲ့သို့  အခြားနည်းလမ်းများဖြင့်လည်း ပေးချေနိုင်ပါသည်။

  4. အားသာမှုရှိသော ကုန်သွယ်ရေးအခြေအနေများ - ကုန်သည်များအတွက် အဓိကအားသာချက်မှာ ၎င်းတို့၏ စုစုပေါင်းကုန်သွယ်ရေးစရိတ်စကများအား လျော့နည်းသက်သာစေခြင်းဖြင့် အချိန်ကြာသည်နှင့်အမျှ အကျိုးအမြတ်ရရှိမှုကို မြှင့်တင်နိုင်ခြင်း ဖြစ်ပါသည်။

  5. မိတ်ဖက်အကျိုးခံစားခွင့် - Cashback အစီအစဉ်ကြောင့် မိတ်ဖက်များသည် သုံးစွဲသူအသစ်များကို ပိုမိုဆွဲဆောင်နိုင်ပြီး၊ ကုန်သည်များနှင့် တစိတ်တပ်ိုင်းမျှဝေရသော်လည်း ခြုံငုံ၍ကြည့်ပါက ပိုမိုမြင့်မားသော စုစုပေါင်းကော်မရှင်ပမာဏကို ရရှိနိုင်ကြပါသည်။

အချုပ်အားဖြင့်ဆိုရသော်၊ Forex မိတ်ဖက်ပရိုဂရမ်များတွင် CashBack ဆိုသည်မှာ ကုန်သည်များအတွက် ကုန်သွယ်မှုစရိတ်များကို သက်သာစေပြီး၊ ၎င်းတို့၏ကုန်သွယ်ရေးအတွေ့အကြုံကို အားဖြည့်ပေးသော ငွေကြေးဆိုင်ရာ အကျိုးခံစားခွင့်တခုကို ကမ်းလှမ်းခြင်းအားဖြင့် ကုန်သည်အသစ်များကို ပိုမို ဖိတ်ခေါ်နိုင် စေရန်အလို့ငှာ ကူညီပံ့ပိုးပေးသော ဈေးကွက်ရှာဖွေရေအစီအစဉ်တခုဖြစ်ပါသည်။

CashBack သည် သုံးစွဲသူအသစ်ဖိတ်ခေါ်မှု အစီအစဉ်များ၏ စွမ်းဆောင်ရည် ကို တိုးတက်စေရန် မည်သို့ ကူညီပေးပါသနည်း။

Forex အကျိုးဆောင်မိတ်ဖက်ပရိုဂရမ်များသည် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် အကျိုးအမြတ် ရှာဖွေလိုသော ကုန်သည်အသစ်များကို ဖိတ်ခေါ်ခြင်းဖြင့် ဝင်ငွေအပိုရရှိစေသော အခွင့်အလမ်း တစ်ခု ဖြစ်ပါသည်။   ယနေ့တွင် ကျွန်ုပ်သည် အဆိုပါမိတ်ဖက်ပရိုဂရမ်၏ အစိတ်အပိုင်းတခုဖြစ်သော cashback အကြောင်းကို ဆွေးနွေးတင်ပြသွား ပါမည်။ ၎င်းသည် Forex မိတ်ဖက်တဦးနှင့် ရည်ညွှန်းသူတို့၏ လုပ်ငန်းဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေပါသည်။

CashBack ၏ အကျိုးကျေးဇူးများ

  • အခြား forex ကုန်သွယ်ရေးမိတ်ဖက်ပရိုဂရမ်များနှင့် ယှဉ်ပြိုင်နိုင်သော အားသာချက်။

  • ကုန်သွယ်မှုစရိတ်စကများ လျော့ပါးသက်သာ‌စေခြင်း အစရှိသည့် ပိုမိုကောင်းမွန်သော သတ်မှတ်ချက်များဖြင့် ကမ်းလှမ်းကာ ရည်ညွှန်းသူများ(ကုန်သည်အသစ်များ) ကို ဖိတ်ခေါ်နိုင်ပါသည်။

  • စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုကို ရရှိစေပါသည်။ အမှန်စင်စစ်အားဖြင့် ပြန်လည်ပေးအပ်သော အဖိုးအခသည် သိသာထင်ရှားသော ပမာဏတခုမဟုတ်ပေ။ သို့သော် ၎င်းသည် အသုံးပြုသူ အသစ်များအပေါ် လေးစားမှုကို ပြသပါသည်။ Cashback သည် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါသည်။

ရည်ညွှန်းသူအနေဖြင့်လည်း CashBack ၏ အကျိုးခံစားခွင့်များကို ရရှိပါသည်။ CashBack ကို ပေးအပ်ရာတွင် ကုန်သွယ်ရေးရလာဒ်များကို ထည့်သွင်းစဉ်းစားခြင်း မရှိပါ။ အကယ်၍ ကုန်သွယ်မှုများ အရှုံးပေါ်ခဲ့လျှင်၊ ကုန်သည်အနေဖြင့် ဆုံးရှုံးမှုပမာဏ လျော့နည်းသက်သာမည်ဖြစ်သည်။

အကယ်၍ ကုန်သည်၏ ကုန်သွယ်မှုများမှ အမြတ်အစွန်းများ ထွက်ပေါ်ပါက၊ ရရှိသော cashback မှတဆင့် အမြတ်အစွန်းများကို တိုးပွားစေပါသည်။ CashBack နှင့်တကွ အမြတ်ဝင်‌ငွေခွဲဝေခြင်းပရိုဂရမ်၏ အလုပ်လုပ်ပုံကို ဤနေရာတွင် အကြမ်းဖျင်း ဖော်ပြထားပါသည်။

CashBack နှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သော အချက်များ -

  • အနည်းဆုံး cashback ရာခိုင်နှုန်း ၅%၊ တကြိမ်တိုးမြှင့်မှုပမာဏ ၅%၊ အများဆုံး cashback ရာခိုင်နှုန်း ၉၅%။

  • Cashback အား ရည်ညွှန်းသူထံသို့ တရက်လျှင်တကြိမ် မိတ်ဖက်ဝင်ငွေများမှ လွှဲပြောင်းပေးပါသည်။

  • မိတ်ဖက်တဦးသည် ၎င်း၏ ကိုယ်ပိုင်ပရိုဖိုင်တွင် သီးခြားဖိတ်ခေါ်မှု အစီအစဉ်တခုစီ (ရည်ညွှန်းသူ တဦးချင်း/ရည်ညွှန်းသူအုပ်စုတခုချင်း) အတွက် ကော်မရှင်ခွဲဝေပေးအပ်မှုရာခိုင်နှုန်းကို  အချိန်မရွေး၊ အကြိမ်အရေအတွက်အကန့်အသတ်မရှိ အပြောင်းအလဲပြုလုပ်နိုင်ပါသည်။ 

  • CashBack အခွင့်အရေးအား Revenue Share အမျိုးအစားဖြင့်သာ ရယူနိုင်ပါသည်။ ဥပမာအားဖြင့် မိတ်ဖက်ပရိုဂရမ်အမျိုးအစား CPS တွင် cashback အခွင့်အရေး မပါဝင်ပါ။

  • Cashback ပမာဏသည် မိတ်ဖက်ကော်မရှင်၏ ရာခိုင်နှုန်းတခု ဖြစ်ပါသည်။ မိတ်ဖက် ကော်မရှင်ဆိုသည်မှာ  ကုန်သွယ်မှုများ ပြုလုပ်ခြင်းအတွက် ရည်ညွှန်းသူမှ ပေးဆောင်ရသော ကုန်သွယ်မှုအဖိုးအခများ၏ တစိတ်တပိုင်းဖြစ်ပါသည်။

မိတ်ဖက်ပရိုဂရမ်တခုတွင် CashBack အစီအစဉ်ကို မည်သို့ စတင်ရမည်နည်း။

CashBack သည် ဝန်ဆောင်မှုတခု ဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုမှတဆင့် မိတ်ဖက်များသည် ၎င်းတို့၏ ကော်မရှင် တစိတ်တပိုင်းအား ၎င်းတို့၏ ရည်ညွှန်းသူများထံ မျှဝေနိုင်ပါသည် (ဤနည်းအားဖြင့် ကုန်သည်၏ ကုန်သွယ်မှုစရိတ်အချို့ကို သက်သာခွင့်ရရှိစေပါသည်)။ ၎င်း၏ မိတ်ဖက်ဝင်ငွေတစိတ်တပိုင်းကို ပြန်လည်ပေးအပ်ခြင်းအားဖြင့်၊ မိတ်ဖက်သည် ၎င်း၏ သုံးစွဲသူအသစ်များအတွက် ပိုမိုကောင်းမွန်သော အခြေအနေများကို ကမ်းလှမ်းခွင့် ရရှိပါသည်။ မိတ်ဖက်များသည် ၎င်းတို့သင့်တော်သည်ဟု ယူဆသော ကော်မရှင်ရာခိုင်နှုန်းတခုကို cashback အဖြစ် ကြိုတင်သတ်မှတ်နိုင်ပါသည်။ ထိုသို့ဖြင့် သုံးစွဲသူ အသစ်များသည် ၎င်းတို့ပေးဆောင်ရသော spreads များနှင့် ကော်မရှင်များ၏ တစိတ်တပိုင်းကို သက်သာခွင့် ရရှိကြပါသည်။

    LiteFinance ကိုယ်ရေးပရိုဖိုင်တွင် Cashback အား မည်သို့ စတင်အသုံးပြုရမည်နည်း။

    အဆင့် ၁။

    သင်၏ ကိုယ်ပိုင်ပရိုဖိုင် ပင်မစာမျက်နှာပေါ်တွင် ဘယ်ဘက်မီနူးမှ AFFILIATE ခလုပ်ကိုနှိပ်ပါ။

    LiteFinance: အဆင့် ၁။

    အဆင့် ၂။

    မိတ်ဖက်ပရိုဖိုင်တွင် ‘Create a new campaign’ ကိုနှိပ်ပါ။ Revenue Share အမျိုးအစားကို ရွေးချယ်ပါ၊ CashBack ဘားကို ညာဘက်သို့ရွှေ့ပါ၊ ထို့နောက် သင်၏ ရည်ညွှန်းသူများအတွက် ပြန်လည်ပေးအပ်လိုသော ကော်မရှင်ရာခိုင်နှုန်းကို သတ်မှတ်ပါ။

    LiteFinance: အဆင့် ၂။

    ပရိုဂရမ်ကို သင်ကိုယ်တိုင် အမည်ပေး၍ အသေးစိတ်ဖော်ပြပါ။

    အဆင့် ၃။

    ရည်ညွှန်းလင့် (referral link) ကို ‌ကူးယူပါ၊ ကုန်သည်အသစ်များကို ဖိတ်ခေါ်၍ ကိန်းဂဏန်းများကို  အချိန်နှင့်တပြေးညီ စောင့်ကြည့်ပါ။ သုံးစွဲသူ အသစ်များကို ပိုမိုမိတ်ဆက်နိုင်ရန်အတွက် သင်၏ ကိုယ်ပိုင်မိတ်ဆက်စာမျက်နှာများကို အသုံးပြု၍ အွန်လိုင်းမှတဆင့် စိတ်ပါဝင်စားသော သုံးစွဲသူ အသစ်များရှာဖွေနိုင်ပါသည်။

    ၎င်းတို့အား PROMO ‌ကဏ္ဍတွင် ရှာဖွေနိုင်ပါသည်။

    LiteFinance: အဆင့် ၃။

    Statistics(ကိန်းဂဏန်းအချက်အလက်များ)ကဏ္ဍကို လေ့လာကြပါစို့။

    LiteFinance: အဆင့် ၃။

    • CashBack - မိတ်ဆက်အစီအစဉ်၏အမည်။  သင်ဆန္ဒရှိသ‌မျှ အစီအစဉ်အရေအတွက်ကို ဖန်တီးနိုင်ပါသည်။

    • TYPE of affiliate program – ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်တွင် ၎င်းသည် Revenue Share ဖြစ်ပါသည်။ အထူးသတိပြုရန် - CashBack ဝန်ဆောင်မှုအား Revenue Share အမျိုးအစားတွင်သာ ရရှိနိုင်ပါသည်။

    • CLICKS - သင်၏ မိတ်ဖက်လင့် သို့ ဝင်ရောက်ကြည့်ရှုသော အကြိမ်အရေအတွက်။

    • REGISTRATIONS - သင်၏ရည်ညွှန်းလင့် မှတဆင့် မှတ်ပုံတင်စာရင်းပေးသွင်းသော ရည်ညွှန်းသူများ၏ အရေအတွက်။

    • CONVERSION- ရည်ညွှန်းလင့် ကိုဝင်ရောက်ကြည့်ရှုသူများအနက် မှတ်ပုံတင်သော ရာခိုင်နှုန်း။

    • DEPOSIT/WITHDRAWAL – ရည်ညွှန်းသူအကောင့်များမှ ငွေအဝင်အထွက် စာရင်းဇယားများ။

    • TRADES – ရည်ညွှန်းသူများမှ ဖွင့်လှစ်သော ကုန်သွယ်မှုအရေအတွက်။

    • CASHBACK/rate – သင်၏ ရည်ညွှန်းသူများထံ ပြန်လည်ပေးအပ်သော ပမာဏ။

    • SUB-COMMISSION – ရည်ညွှန်းသူများ၏ ကုန်သွယ်ရေးလှုပ်ရှားမှုမှ ရရှိသော မိတ်ဖက်တဦး၏ ကော်မရှင် (Forex affiliate programs စာမျက်နှာ၏ ပင်ပမီနူးတွင် ဤသတင်းအချက်အလက်ကို ရှာဖွေနိုင်ပါသည်)။

    • COMMISSION FEES – သုံးစွဲသူအသစ်များ(ရည်ညွှန်းသူများ) ကို ဖိတ်ခေါ်ခြင်းအတွက် အကျိုးဆောင်မှ မိတ်ဖက်သို့ ပေးချေသော ငွေပမာဏ။

    အောက်ပါဇယားသည် မိတ်ဖက်လင့်သို့ ဝင်ရောက်ကြည့်ရှုမှုအရေအတွက်၊ မှတ်ပုံတင်သောအရေအတွက်နှင့် မိတ်ဖက်မှ လက်ခံရရှိသော ကော်မရှင်တို့ကို ပြသပေးပါသည်။ ရည်ညွှန်းသူမှ ကုန်သွယ်မှု အများဆုံး ဖွင့်လှစ်လေ့ရှိသော အခိုက်အတန့်များ(ကော်မရှင်ခများ ရုတ်တရက်တိုးတက်ခြင်း)ကို သင်ကိုယ်တိုင် စောင့်ကြည့်၍ ၎င်းတို့အား မှတ်ပုံတင်စာရင်းသွင်းမှုအသစ်များ၏ အရေအတွက်နှင့် နှိုင်းယှဉ်နိုင်ပါသည်။

    LiteFinance: အဆင့် ၃။

    နောက်ဆုံးအနေဖြင့် စာမျက်နှာ၏အောက်ဆုံးတွင် အစီအစဉ်၌ပါဝင်ကြသော ရည်ညွှန်းသူ စာရင်းတခု ရှိပါသည်။ လိုအပ်သော အတိုင်းအတာများနှင့်အညီ အုပ်စုခွဲခြားရန်အတွက် ကော်လံဇယားကွက် ဆက်တင်များကို အသုံးပြုနိုင်ပါသည်။

    LiteFinance: အဆင့် ၃။

    အဘယ်ကြောင့် မိတ်ဖက်ပရိုဂရမ် အစီအစဉ်များစွာကို ပြုလုပ်ပါသနည်း။

    မိတ်ဖက်တဦးသည် ကိုယ်ပိုင်ပရိုဖိုင်အတွင်း Revenue Share အစီအစဉ်များစွာကို အလိုရှိသလောက် ဖန်တီးနိုင်ပါသည်။ Forex cashback ပြန်အမ်းငွေပေးအပ်ခြင်းအစီအစဉ်တခုတွင် ရည်ညွှန်းသူအရေအတွက် အကန့်အသတ်မရှိ ပါဝင်နိုင်ပါသည်။ သီးခြား အစီအစဉ်တခုစီအတွက် cashback ရာခိုင်နှုန်းကို သတ်မှတ်ထားရပါမည် (ဤရာခိုင်နှုန်းသည် ကော်မရှင်ခွဲဝေပေးသော လှုံ့ဆော်မှုအစီအစဉ်တခုအတွင်းမှ ရည်ညွှန်းသူအားလုံးအတွက် အကြုံးဝင်ပါသည်)။

    ပြန်အမ်းငွေအစီအစဉ်တခု၏စာရင်းတွင်ပါဝင်သော ရည်ညွှန်းသူတဦးသည် ၎င်း၏ ပရိုဖိုင်ကို ပယ်ဖျယ်ခြင်း မရှိပဲ အခြားပြန်အမ်းငွေအစီအစဉ်တခုတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ မတူညီသော cashback ရာခိုင်နှုန်းတခုစီဖြင့် ပြန်အမ်းငွေအစီအစဉ်များစွာကို ဖန်တီးရန် ကျွန်ုပ်အနေဖြင့် အကြံပြုလိုပါသည်။ သင်၏ client ဆွဲဆောင်မှုဗျူဟာအရ မတူညီသော ရည်ညွှန်းသူများအတွက် မည်သည့် ရည်ညွှန်းလင့်ခ်ကို မျှဝေရမည်ကို ချင့်ချိန်ဆုံးဖြတ်ပါ။

    မိတ်ဖက်ပရိုဂရမ်များစွာဖန်တီးခြင်း၏ အကျိုးကျေးဇူးများ -

    1. Revenue Share နှင့် CPS programs များတွင် ဖိတ်ခေါ်မှုအစီအစဉ်များကို ဖန်တီးပါ။ အချိန်တခုကြာမြင့်ပြီးနောက် ရလာဒ်များကို နှိုင်းယှဉ်၍ မည်သည့်အမျိုးအစားက သင့်အတွက် အဆင်ပြေမှုပိုရှိသည်ကို ဆုံးဖြတ်ပါ။ ပုံမှန်ကုန်သွယ်မှုပမာဏကို အစဉ်အမြဲ ဆောင်ရွက်လေ့ရှိ ကြသော နိုးကြားသည့်ကုန်သည်အသစ်များကို ဆွဲဆောင်ရာတွင် မိတ်ဖက်ကော်မရှင်မှ ရာခိုင်နှုန်းတခုကို ပြန်အမ်းသော Revenue Share အမျိုးအစားသည် ပို၍သင့်တော်ပါသည်။

    2. ဖိတ်ခေါ်မှု အစီအစဉ်တခုစီသည် သီးခြားရည်ညွှန်းလင့်တခု ဖြစ်ပါသည်။ အစီအစဉ်များစွာကို ပြုလုပ် ဖန်တီးခြင်းအားဖြင့်  ရည်ညွှန်းလင့် များကို မတူညီသော ပရိုမိုးရှင်းချန်နယ်လ်များတွင် အသီးသီး အသုံးပြုနိုင်မည်ဖြစ်သည်။ 

    • လူမှုကွန်ယက်၊ ကုန်သည်ဖိုရမ်များ။

    • သင်၏ကိုယ်ပိုင်မိတ်ဆက်စာမျက်နှာ သို့မဟုတ် ဘလော့။

    • ဆွေးနွေးပွဲများ၊ ကုန်သည်အစည်းအဝေးများ။

    သင်၏ မိတ်ဖက်ပရိုဖိုင်မှ ကိန်းဂဏန်းဆိုင်ရာအချက်အလက်များကို စောင့်ကြည့်ပါ။ မည်သို့သော အချိန်အခါမျိုးတွင် မည်သည့် ပရိုမိုရှင်းချန်နယ်လ်များက ပို၍ထိရောက်မှုရှိသည်ကို သိရှိနိုင်ပါသည်။ Cashback ရာခိုင်နှုန်းအပြောင်းအလဲသည် သင် မိတ်ဆက်ထားသော သုံးစွဲသူအသစ်အရေအတွက်အပေါ် မည်သို့သောသက်ရောက်မှုမျိုးရှိသည်ကိုလည်း တွေ့မြင်ရပါလိမ့်မည်။

    မိတ်ဖက်ပရိုဂရမ်တခုတွင် Cashback ကိုအသုံးပြုကြသော မိတ်ဖက်များအတွက် အကြံပြုချက်များ -

    • တကိုယ်ကောင်းမဆန်ပါနှင့်။ ရည်ညွှန်းသူများမှ ကုန်သွယ်မှုပမာဏများတိုးမြှင့်ကြသည်နှင့်အမျှ ပြန်အမ်းငွေကို တိုးမြှင့်ပေးသော လိုက်လျောညီထွေစနစ်တခုကို ဖော်ဆောင်ပါ။ ကုန်သွယ်မှု ပမာဏတိုးတက်လာသောအခါ၊ ကုန်သွယ်မှုစရိတ်များနှင့်တကွ Forex မိတ်ဖက်ဝင်ငွေများလည်း တိုးပွားလာမည်ဖြစ်သည်။ မိတ်ဖက်ဝင်ငွေများကို သင်၏ ရည်ညွှန်းသူများနှင့် ပြန်လည် မျှဝေခြင်းအားဖြင့် ဤစနစ်တွင် နှစ်ဦးနှစ်ဖက် အကျိုးရှိကြပါသည်။

    • မိတ်ဖက်ပရိုဂရမ်များ ပေါင်းစည်းထားသော စနစ်တခုကိုဖန်တီးပါ။ နိုင်ငံ၊ ကုန်သွယ်ရေးကိရိယာ၊ နည်းဗျူဟာ အစရှိသဖြင့် မတူညီသောစံနှုန်းများအပေါ်မူတည်၍ သင်၏ ရည်ညွှန်းသူများကို အုပ်စုဖွဲ့ပါ။ 

    • ဂုဏ်ပြုချီးမြှောက်သောစနစ်တခုကို ဖန်တီးပါ။ ရည်ညွှန်းသူအုပ်စုတခုအတွက် ၂၀% သည် သင့်တင့်သော ပမာဏဖြစ်နိုင်ပြီး၊ အခြားအုပ်စုတခုအတွက် ၈၀% သည် အလွန်သေးငယ်သော ပမာဏဖြစ်နိုင်ပါသည်။ ပုံမှန်အုပ်စုတခုအတွက် မျှတသော အလယ်အလတ်ပမာ‌ဏကို ရှာဖွေရန် အုပ်စုတခုလျှင် ရည်ညွှန်းသူအနည်းငယ်ဖြင့် ဒါဇင်များစွာသော ရည်ညွှန်းသူအုပ်စုများကို ဖန်တီးပါ။ Forex ကုန်သည်အုပ်စုတစ်စုချင်းစီအတွက် cashback ရာခိုင်နှုန်းကို “အခြေအနေအလိုက် အချိန်နှင့်တပြေးညီ” အပြောင်းအလဲပြုလုပ်ခြင်းအားဖြင့် ၎င်းတို့၏ ကုန်သွယ်မှုပမာဏများကို မြှင့်တင်ကြစေရန် အားပေးနိုင်ပါသည်။ ထို့အပြင် ဖိတ်ခေါ်မှုနည်းလမ်းများ၊ ချန်နယ်လ်များ နှင့် စပ်လျဉ်း၍လည်း ရည်ညွှန်းသူစာရင်းပေးသွင်းမှုအတိုင်းအတာ မည်မျှရှိသည်ကို ခြေရာခံနိုင်မည် ဖြစ်ပါသည်။

    • မိတ်ဖက်ခွဲများ ရယူပါ။ မိတ်ဖက်တဦးအနေဖြင့် LiteFinance မှ ပေးအပ်သော ခံစားခွင့်များအဖြစ် သင်၏ တိုက်ရိုက်ရည်ညွှန်းသူ spread မှ ၇၀% နှင့် မိတ်ဖက်ခွဲများ (ရည်ညွှန်းသူများကို ဖိတ်ခေါ်နိုင်သူများ) ၏ ဝင်ငွေမှ ၁၀% အထိ လက်ခံရရှိနိုင်ပါသည်။ မိတ်ဖက်ခွဲများ နှင့် ရည်ညွှန်းသူများ ပါဝင်သော အဆင့်လိုက် ကွန်ယက်တခုကို တည်ဆောက်၍ ဝင်ငွေစီးကြောင်းကို တိုးချဲ့ပါ။

    • ရည်ညွှန်းသူများကို ဖိတ်ခေါ်ရန် ချန်နယ်လ်အရေအတွက်များစွာကို တတ်နိုင်သမျှ အသုံးပြုပါ။ LiteFinance ပရိုဂရမ် အမျိုးအစားများစွာကို ကမ်းလှမ်းပါ။ အလားအလာရှိသော ရည်ညွှန်းသုံးစွဲသူ အမျိုးအစားများစွာဖြင့် လိုက်လျောညီထွေ အလုပ်လုပ်ပါ။ နည်းလမ်းသစ်များကို စမ်းသပ်ရန် မကြောက်ရွံ့ပါနှင့်။ လုံလဝိရိယရှိပါစေ။

    အနှစ်ချုပ်

    Cashback ဆိုသည်မှာ LiteFinance မိတ်ဖက်ပရိုဂရမ်များမှတဆင့် ဝင်ငွေရှာဖွေကြသူများကြား အားဖြည့်ကူညီပေးသော ဈေးကွက်မြှင့်တင်ခြင်းဝန်ဆောင်မှု ဖြစ်ပါသည်။

    • သုံးစွဲသူ အသစ်များကို မိတ်ဆက်ခြင်းအားဖြင့် မိတ်ဆက်တဦး အဖြစ်လက်တွဲလိုပါသလား။ သို့ဖြစ်ပါက cashback ပါဝင်သော Revenue Share ပရိုဂရမ်သည် သင့်အတွက် အခြားနည်းလမ်းများထက် ပိုမိုအားသာမှုရှိသော အကျိုး‌ခံစားခွင့်ကို ပေးစွမ်းနိုင်ပါသည်။

    • LiteFinance နှင့်အတူ ကုန်သွယ်ရေးအကောင့်တခုကို ဖွင့်လှစ်ရန်စာရင်းပေးသွင်းလိုသော်လည်း မိတ်ဖက်လင့် တခုမရှိပဲ ဖြစ်‌၍နေပါသလား။ ကျွန်ုပ်တို့၏ အကူအညီ ဝန်ဆောင်မှု ဌာနသို့ဆက်သွယ်ပါ။ ကျွန်ုပ်တို့မှ သင့်အတွက် ရွေးချယ်စရာနည်းလမ်းများစွာကို ကမ်းလှမ်းနိုင်ပါသည်။ မိတ်ဖက်လင့် တခုမှ အကောင့်ဖွင့်ခြင့်းအားဖြင့် သင့်အတွက် ဆုံးရှုံးမှုတစုံတရာမရှိသကဲ့သို့  ကုန်ကျစရိတ်များလည်း မရှိပါ။ တဖက်မှကြည့်လျှင် Forex ဈေးကွက်အတွင်း ငွေရှာရာတွင် cashback ရရှိသောကြောင့် သင်၏ကုန်ကျစရိတ်များ သက်သာ၍ သင်၏အကောင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါသည်။

    အကယ်၍ သင့်ထံတွင် Cashback အသုံးပြုခြင်း သို့မဟုတ် မိတ်ဖက်ပရိုဂရမ်များနှင့် အလုပ်လုပ်ခြင်းအတွက် မေးခွန်းများ ကျန်ရှိနေပါက၊ comments များတွင် ရေးသားဆွေးနွေးနိုင်ပါသည်။


    P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

    အသုံးဝင်သောလင့်ခ်များ

    • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
    • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
    • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
    • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
      CashBack Forex - မိတ်ဖက်များအတွက် အသုံးဝင် သော ဝန်ဆောင်မှု

    ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
    မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

    ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
    {{value}} ( {{count}} {{title}} )
    စတင်ကုန်သွယ်မည်
    လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
    တိုက်ရိုက်ဆက်သွယ်ခြင်း
    မှတ်ချက်ပေးခဲ့ရန်
    Live Chat