ကုမ္ပဏီ၏ တရားဝင်ဘာသာစကားသည် အင်္ဂလိပ် ဖြစ်သည်။ ကုမ္ပဏီ၏ လုပ်ဆောင်ချက်များအကြောင်း ပို၍ပြည့်စုံစွာ ဖော်ပြချက်တခုကို ဖတ်ရှုလိုပါက ဆိုက်၏အင်္ဂလိပ်ဗားရှင်းသို့ ဝင်ရောက်လေ့လာပါ။ အင်္ဂလိပ်ဘာသာမှအပ အခြားဘာသာစကားများသို့ ဘာသာပြန်ဆိုထားသော သတင်းအချက်အလက်များသည် သတင်းအချက်အလက် ပံ့ပိုးပေးရန် ရည်ရွယ်ချက်သက်သာသာဖြစ်ပြီး၊ တရားဝင်သက်ရောက်မှု မရှိပါ။ အခြားဘာသာစကားများဖြင့် ဖော်ပြထားသော သတင်းအချက်အလက်များ၏ သက်ရောက်မှုအပေါ် ကုမ္ပဏီမှ တာဝန်မယူပါ။

LiteFinance Global LLC သည် သုံးစွဲသူတဦးတယောက်ချင်း၏ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို လေးစားပါသည်။ ကျွန်ုပ်တို့သည် သင်နှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးကို တန်ဖိုးထားကာ၊ သင့်အတွက် လုံခြုံစိတ်ချရမှုကို ဖြည့်ဆည်းပေးခြင်းအားဖြင့် သုံးစွဲသူတစ်ဦးချင်းစီအပေါ် သစ္စာစောင့်သိမှုနှင့် လေးစားမှုတို့ကို ဂုဏ်ယူစွာ ထိန်းသိမ်းထားပါသည်။ ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒပါ ပြဌာန်းချက်များသည် ယခင်‌အရှေ့မှ သုံးစွဲသူများနှင့် လက်ရှိသုံးစွဲသူများအားလုံးအပေါ် အညီအမျှ သက်ရောက်ပါသည်။ အောက်ပါသတင်းအချက်အလက်များကို ကျေးဇူးပြု၍ ဖတ်ရှုပါရန် ကျွန်ုပ်တို့မှ သင့်အား မေတ္တာရပ်ခံအပ်ပါသည်။

1. အထွေထွေပြဌာန်းချက်များ

1.1 ယခုပြဌာန်းထားသော ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒသည် ကုမ္ပဏီ၏ လူသိရှင်ကြား ထုတ်ပြန်ထားသည့် စာရွက်စာတမ်းများ စုစည်းမှု၏ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ LiteFinance Global LLC (ယခုမှနောက်တွင် Company ဟု ရည်ညွှန်းသွားမည်)သည် ၎င်း၏ Clients များအား တရားဝင်ဝန်ဆောင်မှုများ ပေးအပ်ရာတွင် အဆိုပါစာရွက်စာတမ်းများတွင် ပါရှိသော ပြဌာန်းချက်များနှင့်အညီ လိုက်နာကျင့်‌သုံးပါသည်။

1.2. Company ၏ ဝန်ဆောင်မှုများကို ရွေးချယ်ခြင်းအားဖြင့် Client သည် လူသိရှင်ကြားထုတ်ပြန်ထားသော စာရွက်စာတမ်းများ၏ စည်းမျဉ်းသတ်မှတ်ချက်များအားလုံးကို အပြည့်အဝ လက်ခံပြီးဖြစ်သည်ဟု မှတ်ယူပါမည်။ ၎င်းသည် ဝန်ဆောင်မှုအသုံးပြုခြင်းသာမက၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ သတင်းအချက်အလက်ပံ့ပိုးမှုများ အသုံးပြုခြင်း၊ ငွေပေးချေမှုနနှင့် ငွေလွှဲပြောင်းမှုများ စီစဉ်ဆောင်ရွက်ခြင်း အစရှိ‌သော လုပ်ဆောင်ချက်များကို ဆောင်ရွက်နေစဉ်အတောအတွင်း Client နှင့် Company ကြား အပြန်အလှန် တုံ့ပြန်မှုများအပေါ်တွင်လည်း တူညီစွာ သက်ရောက်ပါသည်။ အကယ်၍ Client သည် လူသိရှင်ကြားထုတ်ပြန်ထားသော စာရွက်စာတမ်းများ၏ သတ်မှတ်ချက်တစုံတရာအပေါ် သဘောတူညီမှုမရှိပါက၊ သူ/သူမသည် Company နှင့် အပြန်အလှန်ဆက်ဆံရေးအားလုံးကို ရပ်တန့်သင့်ပါသည်။ Client သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ လက်ရှိပြဌာန်းထားသော ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒ၏ သတ်မှတ်ချက်များကို လက်မခံနိုင်ဟု ယူဆပါက၊ Company မှ ကြားခံအဖြစ် ဆောင်ရွက်ခဲ့သော ငွေကြေးပါဝင်သည့်လုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းခြင်းအပါအဝင် ကုမ္ပဏီနှင့် အပြန်အလှန်ဆက်သွယ်မှုအားလုံးကို ရပ်ဆိုင်းရပါမည်။

1.3. Company ၏ အရေးအကြီးဆုံး ဦးစားပေးအချက်များမှ တခုမှာ Company နှင့် ၎င်း၏ Clients များကြားမှ ဆက်ဆံရေးပင်ဖြစ်သည်။ Company သည် Client တဦးတယောက်စီတိုင်းအတွက် သစ္စာစောင့်သိမှုနှင့် လေးစားမှုကို အစဉ်အမြဲ ထိန်းသိမ်းထားပြီး၊ Clients အားလုံးအတွက် အခိုင်မာဆုံးသော လုံခြုံမှုနှင့် လျှို့ဝှက်ထိန်းသိမ်းမှုတို့ကို အာမခံပါသည်။

1.4. လက်ရှိကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒတွင် အောက်ပါအခြေခံသတ်မှတ်ချက်များနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အသုံးပြုပါသည်။

1.4.1 ကိုယ်ရေးကိုယ်တာအချက်အလက်များ (လျှို့ဝှက်ထိန်းသိမ်းအပ်သော သတင်းအချက်အလက်များ) သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာဖြစ်စေ၊ လျှို့ဝှက်ချက်ဖြစ်စေ သို့မဟုတ် စီးပွားရေးအရသီးသန့်ခွဲခြားထားသော အချက်အလက်များကိုဖြစ်စေ ဖော်ထုတ်ခြင်းမပြုရန် တားမြစ်ထားသော လူပုဂ္ဂိုလ်တဦးချင်း သို့မဟုတ် တရားဝင်အဖွဲ့အစည်းတခုချင်း၏ တရားဝင်အခွင့်အရေးဖြစ်ပါသည်။ Company နှင့် Client ကြားမှ ဆက်ဆံရေးတွင် ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုသည်မှာ Company မှ Client များအတွက် ဝန်ဆောင်မှုများပေးအပ်စဉ်တွင် စုဆောင်းရယူထားသော Client ၏ သတင်းအချက်အလက်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် အဆိုပါ သတင်းအချက်အလက်များ ဖွင့်ဟပေါ်ထွက်ခြင်းမရှိစေရန် Company ၏ ဝန်ခံကတိပြုချက်ဖြစ်ပါသည်။

1.4.2 Client ၏ ကိုယ်ပိုင်သီးသန့် (လျှို့ဝှက်) သတင်းအချက်အလက်ဆိုသည်မှာ Client အား ပုံဖော်သော၊ ခွဲခြားသတ်မှတ်သော သို့မဟုတ် အတည်ပြုသော သတင်းအချက်အလက်များ (သို့မဟုတ်) Client ၏ ကိုယ်ရည်ကိုယ်သွေး၊ ဘဏ္ဍာရေးအခြေအနေနှင့် နှစ်သက်ဦးစားပေးမှုများကို မျှဝေထားသည့် သတင်းအချက်အလက်များကို ဆိုလိုပါသည်။ ဤအသုံးအနှုန်းနှင့်စပ်လျဉ်း၍ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လက်ရှိလုံခြုံရေးမူဝါဒ၏ ဖော်ပြချက်များတွင် ဖတ်ရှုနိုင်ပါသည်။

1.4.3 ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒတွင် Client ၏ သုံးစွဲသူဆိုင်ရာ သတင်းအချက်အလက်များ၏ ပြည့်စုံမှု၊ တိကျမှုနှင့် စစ်မှန်မှုတို့ကို သေချာစေရန် ဆောင်ရွက်ရသည့် ရှုပ်ထွေးသော အတိုင်းအတာများ၊ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များ ပါဝင်ပြီး၊ အဆိုပါသတင်းအချက်အလက်များကို ကာကွယ်ထိန်းသိမ်းခြင်းလည်း ပါဝင်ပါသည်။ ထို့အပြင် ယင်းသတင်းအချက်အလက်များအား လက်ရှိပြဌာန်းထားသောဥပဒေ သို့မဟုတ် လက်ရှိ ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒ၏ သတ်မှတ်ချက်များနှင့်အညီ အစိုးရ(စည်းကမ်းထိန်းသိမ်းရေး)အဖွဲ့အစည်းများနှင့် မျှဝေဖလှယ်ရခြင်းများ ပါဝင်ပါသည်။

2. ပုဂ္ဂိုလ်ရေးအချက်အလက်များ

2.1. Client တဦးသည် Company နှင့်အတူ လက်တွေ့ (သို့) ဒီမိုအကောင့်တခုကို ဖွင့်လှစ်ရန်လျှောက်ထားသောအခါ သို့မဟုတ် ဖွင့်လှစ်ထိန်းသိမ်းထားသောအခါ Company သည် Client ၏ဘဏ္ဍာရေးလိုအပ်ချက်များကို အကဲဖြတ်ခြင်း၊ Clients များ၏ တောင်းဆိုမှုများနှင့် အရောင်းအဝယ်များကို ဆောင်ရွက်ပေးခြင်း၊ Client အတွက် အသုံးဝင်နိုင်မည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို သုံးစွဲသူထံသတင်းပေးပို့ခြင်း၊ Clients များအတွက် ထိရောက်၍ အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း စသဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာရည်ရွယ်ချက်များအတွက် Client ၏ သတင်းအချက်အလက်များကို စုဆောင်းနိုင်ပါသည်။ အဆိုပါသတင်းအချက်အလက်များတွင် အောက်ပါအမျိုးအစားများ ပါဝင်နိုင်ပါသည် -

2.1.1. မှတ်ပုံတင်စာရင်းပေးသွင်းခြင်း သတင်းအချက်အလက်များ - Client မှ အကောင့်ဖွင့်ရန်လျှောက်လွှာနှင့် (အီလက်ထရွန်းနစ်စာရွက်စာတမ်းများအပါအဝင်) အခြားစာရွက်စာတမ်းများပေါ်တွင် ဖြည့်စွက်ခဲ့သော သတင်းအချက်အလက်များ။ ၎င်းတို့တွင် - ပထမအမည်စာလုံး၊ နောက်ဆုံးအမည်စာလုံး၊ မျိုးရိုးအမည် သို့မဟုတ် အလယ်မှအမည်စာလုံး (အကယ်၍ ရှိပါက) ဆက်သွယ်ရန်အချက်အလက် (စာပို့ရန်လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စသဖြင့်)၊ မွေးနေ့၊ အလုပ်အကိုင်၊ ပိုင်ဆိုင်မှုများနှင့် ဝင်ငွေများ ပါဝင်ပါသည်။

2.1.2. အရောင်းအဝယ်သတင်းအချက်အလက်များ – Client မှ ဆောင်ရွက်ခဲ့သော အရောင်းအဝယ်လုပ်ငန်းစဉ်များအပါအဝင် Client နှင့် Company ကြား သို့မဟုတ် Client နှင့် Company ၏ ပတ်သက်ဆက်နွယ်သည့် မိတ်ဖက်အဖွဲ့အစည်းများ (Interrelated Parties) များကြား (တဖက်သတ်ဖြစ်စေ၊ အပြန်အလှန်စေ) ဆက်သွယ်မှုများကို ဆိုလိုပါသည်။ ဥပမာများတွင် သုံးစွဲသူအကောင့်လက်ကျန်ငွေ၊ ကုန်သွယ်မှု(ရင်းနှီးမြှုပ်နှံမှု)ဆိုင်ရာ လုပ်ဆောင်ချက်များ၊ အီးမေးလ်စာသားများ သို့မဟုတ် စာပို့စနစ်တွင်အသုံးပြုသော မှတ်တမ်းဖိုင်များ အပါအဝင် Client မှ စတင်ပေးပို့သော တောင်းဆိုမှုများ၊ စုံစမ်းမေးမြန်းမှုများ၊ အော်ဒါများ၊ လိုလားချက်များနှင့် ၎င်းတို့အပေါ် Company ၏တုံ့ပြန်မှုများ ပါဝင်ပါသည်။

လက်ရှိလုံခြုံရေးမူဝါဒတွင် "Interrelated Parties" ဟူသော အသုံးအနှုန်းသည် Company နှင့်/သို့ Partner အတွက် Company နှင့် ၎င်း၏ကြား ကြိုတင်ပြုလုပ်ထားသည့် သဘောတူညီချက်နှင့်အညီ Company ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အကူအညီများ ပံ့ပိုးပေးသော လူပုဂ္ဂိုလ်တဦးစီနှင့် တရားဝင်အဖွဲ့အစည်းများကို ရည်ညွှန်းပါသည်။

2.1.3. သက်သေခံအတည်ပြုခြင်းသတင်းအချက်အလက်များ - ပတ်စ်ပို့စ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် (သို့မဟုတ် Client သည် တရားဝင်အဖွဲ့အစည်းတခုဖြစ်ပါက အဖွဲ့အစည်းဆိုင်ရာစာရွက်စာတမ်းများ) အစရှိသဖြင့် Client ၏ အထောက်အထားကို အတည်ပြုရန် လိုအပ်သော သတင်းအချက်အလက်များ။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးမူဝါဒကိုလိုက်နာသောအားဖြင့် Company သည် တရားမဝင်လုပ်ဆောင်မှုများမှ ရရှိလာသော ငွေကြေးများကို အသွင်ပြောင်းခြင်းနှင့် တရားဝင်ဖြစ်စေရန်ပြုလုပ်ခြင်း (ခဝါချခြင်း) များမှ ကာကွယ်တားဆီးရန်အလို့ငှာ၊ သတင်းအချက်အလက်များစုဆောင်းခြင်းနှင့် လိုအပ်သောအရေးယူဆောင်ရွက်မှုများကို ပြုလုပ်နိုင်ပါသည်။ လိုအပ်သောအခြေအနေများတွင် Company သည် ဝင်ငွေအရင်းအမြစ်ကို ဖော်ပြထားသော အထောက်အထားစာရွက်စာတမ်းများကို တောင်းခံနိုင်ပါသည်။

2.1.4. စာရင်းပေးသွင်းခြင်းဆိုင်ရာသတင်းအချက်အလက်များ – အချက်ပြမှုများ၊ သတိပေးချက်များ၊ သတင်းအကြောင်းအရာများနှင့် ဈေးနှုန်းအချက်အလက်များကို ရရှိရန်အတွက် စာရင်းပေးသွင်းမှုများ။

2.2. အထက်ပါ အချက်များကို ဘောင်ခတ်ထားခြင်းမရှိပါ။ Company သည် တည်ဆဲဥပဒေများ၏ စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်သော အခြေအနေများတွင် Client ထံမှ အခြားလိုအပ်သည့် သတင်းအချက်အလက်များကို တောင်းခံနိုင်သော အခွင့်အရေးကို ပိုင်ဆိုင်ထားပါသည်။

3. “cookies" များအကြောင်း

3.1. Cookies များသည် သေးငယ်သောဖိုင်များ ဖြစ်ကြသည်။ ဝက်ဘ်ဆာဗာ (ဆိုက်) သည် ၎င်းတို့ကို အသုံးပြု၍ ၎င်းသို့ဝင်ရောက်ကြည့်ရှုသူများကို ခြေရာခံပါသည်။ Company သည် Client ၏ ကွန်ပျူတာတွင် cookies များကို သတ်မှတ်ဖန်တီးထားပြီး၊ ထို cookies များကို ဝင်ရောက်ဖတ်ရှုခြင်းအားဖြင့် Client အား Company ၏ ဝက်ဘ်ဆာဗာ(ဆိုက်) ပေါ်သို့ အများဆုံး ဆွဲဆောင်နိုင်သည့် ကြော်ငြာနှင့် အကြောင်းအရာအရင်းအမြစ်များအကြောင်း သတင်းအချက်အလက်များကို စုဆောင်းနိုင်ပါသည်။ Company (သို့မဟုတ် ၎င်း၏ လုပ်ငန်းခွဲများသည်) Company ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် Client ၏ စိတ်ဝင်စားမှုကို အကဲဖြတ်ရန်နှင့် ဝက်ဘ်ဆာဗာ (ဆိုက်) ပေါ်တွင် Client ၏ လှုပ်ရှားမှုများကို ခြေရာခံရန် cookies များကို အသုံးပြုနိုင်ပါသည်။ Company မှ စုဆောင်း၍ ၎င်း၏ မိတ်ဖိတ်အဖွဲ့များ(Interrelated Parties) ထံ ပံ့ပိုးပေးသော သတင်းအချက်အလက်များသည် အမည်မဖော်ထားသော အချက်အလက်သီးသန့်သာဖြစ်ပြီး၊ မည်သည့် Client တဦးတယောက်ဖြင့်မဆို သီးခြားပတ်သတ်ဆက်နွယ်ခြင်း မရှိပါ။

4. လုံခြုံရေးနည်းပညာများ

4.1. Company သည် ၎င်း၏ Clients များမှ တင်သွင်းထားသော ကိုယ်ရေးအချက်အလက်များအားလုံးအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် Secure Socket Layer (SSL) ကုဒ်ဝှက်နည်းပညာကို အသုံးပြုပါသည်။ ဤနည်းပညာသည် Client ၏ သတင်းအချက်အလက်များကို လွှဲပြောင်းနေစဉ်တွင် Company မှအပ အခြားမည်သူမှ ကြားဖြတ်ရယူခြင်း မရှိစေရန် အကာအကွယ်ပေးပါသည်။ Company သည် ၎င်း၏ ဝက်ဘ်ဆာဗာများ (ဆိုက်) အား လုံခြုံမှုရှိစေရန်နှင့် ၎င်းတို့သည် နည်းပညာနယ်ပယ်၏စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အလေးအနက်ထား ကြိုးစားပါသည်။ Company သည် firmwares များ၊ မှန်ကန်မှုစိစစ်ခြင်းစနစ်များ (ဥပမာ- စကားဝှက်နှင့် ကိုယ်ပိုင်နံပါတ်များ) ကို အသုံးပြုပြီး၊ စနစ်များနှင့် အချက်အလက်များအတွင်းသို့ အခွင့်မရှိပဲ ဝင်ရောက်ခြင်းများကို ကာကွယ်ရန် ထိန်းချုပ်မှုယန္တရားများကိုလည်း ထည့်သွင်းအသုံးချနိုင်ပါသည်။

4.2. Company သည် အချက်အလက်ကာကွယ်မှုဆိုင်ရာ နည်းပညာများနှင့် နည်းလမ်းများကို ၎င်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်အသုံးပြုနိုင်သော အခွင့်အရေးနှင့် ဤရည်ရွယ်ချက်အတွက် ယုံကြည်စိတ်ချထိုက်သည်ဟု Company မှ ယူဆသော ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သော အခွင့်အရေးများကို ပိုင်ဆိုင်ထားပါသည်။

4.3. (ငွေပေးချေမှုကဒ်ဆိုင်ရာလုံခြုမှုရေးစံနှုန်းများကောင်စီ) ၏ သတ်မှတ်ချက်အရ၊ Client ၏ ငွေပေးချေမှုအချက်အလက်များကို Transport Layer ကုဒ်ဝှက်စနစ် - TLS 1.2 နှင့် TLS 1.3 ကို အသုံးပြု၍ အကာအကွယ်ပေးထားပြီး၊ အယ်လ်ဂရစ်သမ် AES နှင့် key length 256 bit ဖြင့် application layer ကို အကာအကွယ်ပေးထားပါသည်။

5. Company ၏ မိတ်ဖက်အဖွဲ့များ (interrelated parties) နှင့် သတင်းအချက်အလက်မျှဝေခြင်း

5.1. Company သည် Client ၏အကောင့်များအတွက် ဝန်‌ဆောင်မှုပေးခြင်းနှင့် ထုတ်ကုန်သစ်၊ ဝန်ဆောင်မှုအသစ်များအကြောင်း သတင်းပေးပို့ခြင်း အစရှိသော ဥပဒေအရခွင့်ပြုထားသည့် စီးပွားရေးရည်ရွယ်ချက်များအတွက် အထက်ဖော်ပြပါ သုံးစွဲသူ၏ကိုယ်ရေးသတင်းအချက်အလက်များကို ၎င်း၏ မိတ်ဖက်အဖွဲ့အစည်း (Interrelated Parties) များနှင့် မျှဝေနိုင်ပါသည်။

5.2. မိုဘိုင်းလ်အပ်ပလီကေးရှင်းအသုံးပြုသူများအတွက် လုံခြုံရေးမူဝါဒကို ဤစာမျက်နှာ တွင် ဖော်ပြထားပါသည်။ မိုဘိုင်းအပ်ပလီကေးရှင်းများအတွက် လုံခြုံရေးမူဝါဒသည် LiteFinance ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒ၏ တစိတ်တပိုင်းဖြစ်ပြီး အရေးပါသောအစိတ်အပိုင်းတခု ဖြစ်ပါသည်။

6. ပြင်ပအဖွဲ့အစည်းများနှင့် သတင်းအချက်အလက်မျှဝေခြင်း

6.1. Company သည် Client ၏ ညွှန်ကြားချက်များကို ဖြည့်ဆည်းပေးရန် သို့မဟုတ် Client ၏ ဖွင့်ဟတောင်းဆိုချက်အရ Client ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။ Company သည် မည်သည့်အခြေအနေမျိုးတွင်မဆို မည်သည့်အကြောင်းနှင့်မှ Client ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရောင်းချခြင်း၊ အခကြေးငွေရယူ၍ ငှားရမ်းခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း မပြုလုပ်ပါမည့်အကြောင်း Clients များအား အသိပေးအပ်ပါသည်။

7. စည်းမျဉ်းစည်းကမ်းအသိပေးချက်

7.1. အချို့သောသတ်မှတ်အခြေအနေများအောက်တွင် Company သည် Client ၏ ကိုယ်ရေးအချက်အလက်များအား တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သို့မဟုတ် တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၏ ခွင့်ပြုချက်များအရ Clients ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများထံ ဖွင့်ဟနိုင်ပါသည်။ Company သည် အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။

7.2. Company သည် Client ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ရှိလုံခြုံရေးမူဝါဒတွင်ပြဌာန်းထားသော ရည်ရွယ်ချက်များမှအပ အခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုမည် မဟုတ်ပါ။ အကယ်၍ မဖြစ်မနေအသုံးပြုရမည့် အခြေအနေများတွင် Company သည် Client မှ အချက်အလက်ကိုပံ့ပိုးစဉ်တွင် အသုံးပြုမည့် အချက်အလက်ပမာဏကို တိကျစွာဖော်ပြရပါမည်။ သို့မဟုတ် Client ၏ ဖွင့်ဟသဘောတူညီချက်ကို ကြိုတင်ရယူပါမည်။

8. ငြင်းပယ်ခြင်း

8.1. Client သည် Company မှ တောင်းခံသော မည်သည့်သတင်းအချက်အလက်ကိုမဆို ပံ့ပိုးပေးရန် ငြင်းဆန်နိုင်ပါသည်။ သို့သော် ထိုသို့ပံ့ပိုးပေးရန် ပျက်ကွက်မှုကြောင့် Company မှ အကောင့်ဖွင့်လှစ်ပေးရန် သို့မဟုတ် အ‌ကောင့်အားဆက်လက်ထိန်းသိမ်းထားရန် မတတ်နိုင်ခြင်း သို့မဟုတ် Client အတွက် အခြားဝန်ဆောင်မှုများကိုဆောင်ရွက်ပေးရန် မတတ်နိုင်ခြင်းများကို လက်ခံရနိုင်ပါသည်။

Company အနေဖြင့် Clients များအား ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများသည် တိကျပြည့်စုံပြီး၊ Clients များ၏လိုအပ်ချက်များနှင့်အညီ နောက်ဆုံးရ အချက်အလက်များအပေါ် အခြေခံထားကြောင်း သေချာစေရန် အစွမ်းရှိသမျှ ကြိုးပမ်းအားထုတ်နေသည်ဖြစ်ရာ၊ Client သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များတွင် အပြောင်းအလဲတစုံတရာရှိပါက Company ထံ ချက်ချင်းအသိပေးအကြောင်းကြားခြင်းအားဖြင့် Company ၏ အားထုတ်မှုအပေါ် တဖက်တလမ်းမှ အကူအညီပေးနိုင်ပါသည်။

8.2. အကယ်၍ Client သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား လုံခြုံရေးမူဝါဒတွင် ‌ဖော်ပြထားသည့် ရည်ရွယ်ချက်များဖြင့် ပြင်ပအဖွဲ့အစည်းများထံ မျှဝေခြင်းအပေါ် သဘောတူညီမှုမရှိပါက၊ ၎င်းတို့အနေဖြင့် သို့ အီးမေးလ်ပေးပို့၍ Company ထံဆက်သွယ်နိုင်ပါသည်။

9. ပြင်ဆင်ဖြည့်စွက်မှုများ

9.1. Company သည် လက်ရှိ ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒအပေါ် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်နိုင်သော အခွင့်အရေးကို ပိုင်ဆိုင်ပါသည်။ အထူးသဖြင့် လက်ရှိ ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖော်ပြမထားသောကိစ္စများ ပေါ်ပေါက်လာသောအခါ သို့မဟုတ် ထိုသို့ပြင်ဆင်မှု သို့မဟုတ် ဖြည့်စွက်မှုကိုလိုအပ်သော ဥပဒေအသစ်၊ စည်းမျဉ်းအသစ်များပေါ်ထွက်လာသောအခါ Company သည် လက်ရှိ ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒအပေါ် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်နိုင်ပါသည်။

9.2. ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းစဉ်

9.2.1 ပြင်ဆင်မှုများ နှင့်/သို့ ဖြည့်စွက်မှုများကို ပြုလုပ်သောအခါတွင်၊ Company သည် Company ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သက်ဆိုင်ရာသတိပေးချက်ကို ထုတ်ပြန်ခြင်း သို့မဟုတ် အီးမေးလ်မှတဆင့် သက်ဆိုင်ရာအကြောင်းကြားစာကို ပေးပို့ခြင်းအားဖြင့် Clients များထံ အသိပေးအကြောင်းကြားမည်ဖြစ်ပါသည်။

9.2.2 Company ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သက်ဆိုင်ရာသတိပေးချက်ကို ထုတ်ပြန်ခြင်းနှင့် အဆိုပါ သတိပေးချက်ကို အီးမေးလ်မှတဆင့်ပေးပို့ခြင်းသည် Client မှ သက်ဆိုင်ရာသတိပေးချက်အပေါ် သတိပြုမိသည်ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ Client အား ပြင်ဆင်/ဖြည့်စွက်မှုများအကြောင်း အသိပေးပြီးဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။

9.2.3 ပြင်ဆင်ထားသော နှင့်/သို့ ဖြည့်စွက်ထားသော စာရွက်စာတမ်းသည် Company ဝက်ဘ်ဆိုက်ပေါ်တွင် သတိပေးချက်ထုတ်ပြန်ပြီး ပြက္ခဒိန်ရက် ၅ (ငါး) ရက် ကုန်ဆုံးပြီးချိန်တွင် စတင်၍အသက်ဝင်ပါမည်။ ဤအချိန်သို့မရောက်ရှိမီတွင် သတိပေးချက်သည် သတင်းပေးပို့ချက်တခုအဖြစ်သာ တည်ရှိပါမည်။

9.2.4 လက်ရှိကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်များ နှင့်/သို့ ဖြည့်စွက်ချက်များပြုလုပ်ရန် လိုအပ်သော တရားဥပဒေစည်းမျဉ်းတရပ်ကို မိတ်ဆက်သည့်အခါ၊ ပြဌာန်းလိုက်သောဥပဒေအသစ် စတင်အကျိုးသက်ရောက်သော နေ့စွဲအပြီး၊ ပြင်ဆင်ဖြည့်စွက်မှု ပြုလုပ်ပြီးသည်ဖြစ်စေ၊ ပြုလုပ်၍မပြီးသည်ဖြစ်စေ ယင်းဥပဒေစည်းမျဉ်းကို အချိန်မဆိုင်း လိုက်နာကျင့်သုံးရပါမည်။ အသစ်ပြဌာန်းသည့် ဥပဒေနှင့်ဆန့်ကျင်သော လက်ရှိလုံခြုံရေးမူဝါဒ၏ စည်းမျဉ်းများသည် အထက်ဖော်ပြပါ စာရွက်စာတမ်းနှင့် သက်ဆိုင်သော ပြင်ဆင်ဖြည့်စွက်ချက်များ စတင်အသက်ဝင်ချိန်မှစ၍ ပျက်ပြယ်သွားပါမည်။

10. သုံးစွဲသူမှ သတ်မှတ်ချက်များကို လက်ခံသဘောတူခြင်း

10.1. Company ၏ Client တဦးဖြစ်ခြင်းနှင့် (အကျိုးဆောင်နှင့် သတင်းအချက်အလက်ပံ့ပိုးရေး ဝန်ဆောင်မှုများအပါအဝင်) ၎င်း၏ဝန်ဆောင်မှုများကို ပုံမှန်အသုံးပြုခြင်း၊ ဘဏ္ဍာရေးဈေးကွက်များအတွင်း လုပ်ငန်းဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန်အတွက် ၎င်း၏ ဆော့ဖ်ဝဲလ် နှင့်/သို့ ဟာဒ်ဝဲလ်များကို အသုံးပြုခြင်းအားဖြင့် Client သည် လက်ရှိလုံခြုံရေးမူဝါဒကို လက်ခံပြီးဖြစ်သည်ဟု သတ်မှတ်ယူဆပါသည်။

10.2. Client အနေဖြင့် Company ဝန်ဆောင်မှုများကို အသုံးပြုနေသော ကာလတစ်ခုလုံးအတွက် Company ၏ တရားဝင်ထုတ်ပြန်ထား‌သော စာရွက်စာတမ်းများတွင် ဖော်ပြထားသည့် အခြေအနေများ (အပိုဒ်များ၊ အပိုဒ်ခွဲများ) အားလုံးကို လက်ခံသဘောတူပါသည်။ သဘောထားကွဲလွဲမှုများရှိပါက Client သည် ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ရပ်စဲကြောင်း ကုမ္ပဏီထံ ချက်ချင်းအကြောင်းကြားရပါမည်။