ဤ လုံခြုံရေးမူဝါဒသည် (ဤနေရာမှစ၍ နောက်ပိုင်းတွင် “ကုမ္ပဏီ" ဟုသုံးနှုန်းသွားမည်ဖြစ်သော) LiteFinance Global LLCမှ မိုဘိုင်းအက်ပလီကေးရှင်းများ (ဤနေရာမှစ၍ နောက်ပိုင်းတွင် “အက်ပလီကေးရှင်း" ဟု သုံးနှုန်းသွားပါမည်) အတွက် အချက်အလက်အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းပြဌာန်းချက်ဖြစ်ပြီး၊ အက်ပလီကေးရှင်းကို အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာနှင့် ကိုယ်ရေးကိုယ်တာမဟုတ်သော အချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် စည်းကမ်းကြပ်မတ်ပေးပါသည်။ အက်ပလီကေးရှင်းများကို ရယူခြင်း၊ အသုံးပြုခြင်းအားဖြင့် သင်သည် ဤမူဝါဒကို သဘောတူညီပြီးဖြစ်သည်ဟု ယူဆပါသည်။
LiteFinance Global LLC သည် ကုမ္ပဏီ ၏ ဝန်ဆောင်မှုများကို သုံးစွဲသူများထံဖြည့်ဆည်းပေးရန်အလို့ငှာ မိုဘိုင်းအက်ပလီကေးရှင်းများကို ဖန်တီးခဲ့ပါသည်။ အက်ပလီကေးရှင်းများကို ကုမ္ပဏီမှ အခမဲ့ပံ့ပိုးပေးခြင်းဖြစ်ပြီး မူရင်းပုံစံအတိုင်း အသုံးပြုနိုင်ရန် စီမံဖန်တီးထားပါသည်။
မိုဘိုင်းအက်ပလီကေးရှင်းသုံးစွဲသူများအတွက် လုံခြုံရေးမူဝါဒသည် LiteFinanceလုံခြုံရေးမူဝါဒ ၏ ဖြည့်စွက်ချက်တခုဖြစ်ပြီး၊ ၎င်း၏ အရေးပါသောအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။
သတင်းအချက်အလက်စုဆောင်းခြင်း
ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်
ကုမ္ပဏီ သည် အချို့သော ကိုယ်ရေးကိုယ်တာသတင်းအချက်အလက် (ကိုယ်ရေးအချက်အလက်) များကို စုဆောင်းရယူနိုင်ပါသည်။ ကုမ္ပဏီမှ စုဆောင်းရန်လိုအပ်နိုင်သော သတင်းအချက်အလက်များတွင် အောက်ပါ အကြောင်းအရာများ ပါဝင်နိုင်ပြီး၊ အခြားအချက်အလက်များကိုလည်း ထပ်မံ၍လိုအပ်နိုင်ပါသည်။
- သင်၏အမည်
- ဆက်သွယ်ရန်အချက်အလက် (ဥပမာ - အီးမေးလ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်နှင့် လိပ်စာ)
- ဘဏ္ဍာရေးအချက်အလက် (ဥပမာ - ဘဏ်အကောင့်အသေးစိတ်အချက်အလက်များ)
- အသုံးပြုသူအထောက်အထား (ဥပမာ - အမည်၊ စကားဝှက်)
ကိုယ်ရေးကိုယ်တာနှင့်မသက်ဆိုင်သော သတင်းအချက်အလက်များ
ကုမ္ပဏီ သည် သင့်အထောက်အထားကို တိုက်ရိုက်အတည်မပြုသော ကိုယ်ရေးကိုယ်တာနှင့်မသက်ဆိုင်သည့် သတင်းအချက်အလက်များ(“Non-Personal Information")ကိုလည်း စုဆောင်းရယူနိုင်ပါသည်။ ၎င်းတွင် အောက်ပါတို့ပါဝင်ပါသည်။
- စက်ပစ္စည်းဆိုင်ရာသတင်းအချက်အလက်(ဥပမာ - စက်ပစ္စည်းအမျိုးအစား၊ လည်ပတ်မှုစနစ်၊ သီးခြားစက်ပစ္စည်းကုဒ်များ အစရှိသဖြင့်)၊
- သုံးစွဲမှုအချက်အလက် (ဥပမာ - သင်ဝင်ရောက်ခဲ့သော စာမျက်နှာများ၊ ရယူခဲ့သော လုပ်ဆောင်ချက်များ အစရှိသဖြင့်
- ပထဝီဝင်တည်နေရာ (သင်၏ခွင့်ပြုချက်ဖြင့်)
ကျွန်ုပ်တို့သည် သတင်းအချက်အလက်ကို မည်သို့အသုံးပြုသနည်း။
ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်
ကုမ္ပဏီ သည် သင်၏ကိုယ်ရေးအချက်အလက်ကို အောက်ပါအကြောင်းကိစ္စရပ်များအတွကိ အသုံးပြုနိုင်ပါသည်။
- သင့်အား အက်ပလီကေးရှင်း နှင့် ၎င်း၏အင်္ဂါရပ်များ အသုံးပြုခွင့်ကို ပံ့ပိုးပေးခြင်း၊
- သင်၏ အရောင်းအဝယ်များနှင့် တောင်းဆိုမှုများကို လက်ခံဆောင်ရွက်ပေးခြင်း၊
- သင်၏ အက်ပလီကေးရှင်းသုံးစွဲခြင်း အတွေ့အကြုံကို စိတ်ကြိုက်ဖန်တီးခြင်း၊
- အပ်ဒိတ်များ၊ အထူးကမ်းလှမ်းချက်များနှင့် အရောင်းမြှင့်တင်ရေးအစီအစဥ်များနှင့်စပ်လျဉ်း၍ အသိပေးအကြောင်းကြားခြင်း၊
- သင်၏စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်၍ သုံးစွဲသူဆိုင်ရာ ကူညီပံ့ပိုးမှုများ ပေးအပ်ခြင်း၊
- လိမ်လည်မှုများ သို့မဟုတ် တရားမဝင်သော လှုပ်ရှားမှုများကို ရှာဖွေထုတ်ဖော်ခြင်းနှင့် ကာကွယ်တားဆီးခြင်း၊
- ပြဠာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း။
ကိုယ်ရေးကိုယ်တာနှင့်မသက်ဆိုင်သော သတင်းအချက်အလက်များ
ကုမ္ပဏီ သည် ကိုယ်ရေးကိုယ်တာမပါဝင်သော အချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။
- အက်ပလီကေးရှင်း စွမ်းဆောင်ရည်နှင့် သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ရန်အတွက် အသုံးပြုမှုပုံစံကို ခွဲခြမ်းစိတ်ဖြာခြင်း၊
- အသုံးပြုသူ၏ အမူအကျင့်ကို ပိုမိုသဘောပေါက်နားလည်စေရန်အတွက် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခြင်း၊
- စာရင်းဇယားနှင့်စပ်လျဉ်းသော ရည်ရွယ်ချက်များအတွက် ဒေတာပေါင်းစုခြင်းနှင့် အမည်ဝှက်ခြင်း၊
- သတင်းအချက်အလက်မျှဝေခြင်းနှင့် ဖွင့်ဟထုတ်ဖော်ခြင်း။
သတင်းအချက်အလက်မျှဝေခြင်းနှင့် ဖွင့်ဟထုတ်ဖော်ခြင်း
ဝန်ဆောင်မှုပံ့ပိုးသူများ
ကုမ္ပဏီ သည် hosting၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှု နှင့် ဝန်ဆောင်မှု ကူညီပံ့ပိုးခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့၏ကိုယ်စား ပြင်ပမှ ဝန်ဆောင်မှုပေးသူများကို ငှားရမ်းခန့်အပ်နိုင်ပါသည်။ ဤဝန်ဆောင်မှုပေးသူများသည် ၎င်းတို့၏လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် လိုအပ်သောအတိုင်းအတာအထိသာ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်ကို အသုံးပြုခွင့်ရရှိမည်ဖြစ်ပါသည်။ သင်၏ကိုယ်ရေးအချက်အလက်များ လျှို့ဝှက်ထိန်းသိမ်းရေးနှင့် လုံခြုံရေးတို့အတွက် ၎င်းတို့တွင် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါသည်။
အောက်ပါတို့သည် အက်ပလီကေးရှင်းမှ အသုံးပြုသော ပြင်ပဝန်ဆောင်မှုများ၏ လုံခြုံရေးမူဝါဒများသို့ လမ်းညွှန်လင့် များ ဖြစ်ကြပါသည်။
ဥပဒေရေးရာလိုအပ်ချက်များ
ကုမ္ပဏီ သည် ဥပဒေအရ လိုအပ်ပါက သို့မဟုတ် တရားရုံးအမိန့်စာ သို့မဟုတ် အစိုးရတောင်းဆိုမှုကဲ့သို့သော တရားရေးဆိုင်ရာ တရားဝင်တောင်းဆိုမှုတစ်ခုအတွက် သင်၏အချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။
လုပ်ငန်းလွှဲပြောင်းမှုများ
ကုမ္ပဏီ ၏ ပိုင်ဆိုင်မှုအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပေါင်းစည်းခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းကိစ္စရပ်များတွင် လက်ခံရယူသည့်အဖွဲ့အစည်းထံသို့ သင်၏အချက်အလက်များကို လွှဲပြောင်းပေးနိုင်ပါသည်။
အချက်အလက်လုံခြုံရေး
ကုမ္ပဏီ သည် သင်၏အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ရယူခြင်း၊ ထုတ်ဖော်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများမှ ကာကွယ်ရန်အတွက် ကျိုးကြောင်းဆီလျော်သော လုံခြုံရေးအစီအမံအားလုံးကို အသုံးပြုပါသည်။ မည်သို့ပင်ဖြစ်စေ အချက်အလက်များ ကူးပြောင်းပေးပို့ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းနည်းလမ်းသည် အပြည့်အဝလုံခြုံမှုမရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ထို့ကြောင့် သင့်အချက်အလက်များ၏ အလုံးစုံလုံခြုံမှုအတွက် ကျွန်ုပ်တို့အနေဖြင့် အာမခံနိုင်ခြင်းမရှိပါ။
ကလေးသူငယ်ဆိုင်ရာမူဝါဒ
အက်ပလီကေးရှင်းသည် ၁၈ နှစ်အောက် အသက်အရွယ်များအသုံးပြုရန်အတွက် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ ကုမ္ပဏီ သည် ကလေးသူငယ်များ၏ ကိုယ်ရေးအချက်အလက်များကို သိသိလျက်နှင့် စုဆောင်းရယူခြင်းမပြုလုပ်ပါ။ အကယ်၍ ကုမ္ပဏီ သည် မိဘခွင့်ပြုချက်မပါဝင်ပဲ ဤသတင်းအချက်မျိုးကို စုဆောင်းရယူခဲ့မိကြောင်း သတိပြုမိခဲ့ပါက၊ ကုမ္ပဏီ အနေဖြင့် ၎င်းအချက်အလက်များကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းရန်အတွက် လိုအပ်သောအဆင့်များအတိုင်း လုပ်ဆောင်သွားပါမည်။
ပြင်ပလင့် များနှင့် ဝန်ဆောင်မှုများ
အက်ပလီကေးရှင်း တွင် ကုမ္ပဏီ မှ စီမံဆောင်ရွက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းမရှိသည့် ပြင်ပဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများထံသို့ ချိတ်ဆက်ပေးသောလင့်ခ်များ ပါဝင်နိုင်ပါသည်။ ဤလုံခြံရေးမူဝါဒသည် ထိုကဲ့သို့သော ပြင်ပဝန်ဆောင်မှုများအပေါ်တွင် သက်ရောက်ခြင်းမရှိပါ။ ထို့အပြင် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ တွင် တာဝန်မရှိပါ။ လူကြီးမင်းအနေဖြင့် ၎င်းတို့ထံ သတင်းအချက်အလက်တစုံတရာ ပံ့ပိုးပေးအပ်ခြင်းမပြုမီ အဆိုပါ ပြင်ပန်ဆောင်မှုများ (third-party) ၏ လုံခြုံရေးမူဝါဒများကို ဦးစွာဖတ်ရှုသင့်ကြောင်း ကုမ္ပဏီ မှ အကြံပြုအပ်ပါသည်။
ကုမ္ပဏီ သည် အောက်ပါရည်ရွယ်ချက်များအတွက် ပြင်ပမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ခန့်အပ်နိုင်ပါသည်။
- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအရည်သွေးကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်စေရန်၊
- ကျွန်ုပ်တို့၏ကိုယ်စား ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်၊
- ကုမ္ပဏီဝန်ဆောင်မှုနှင့်ဆက်နွယ်နေသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်
- သုံးစွဲသူများမှ ကျွန်ုပ်တို့၏ဝန်ဆောင်မှုအား မည်သို့အသုံးပြုကြသည်ကို ကူညီ၍ခွဲခြမ်းစိတ်ဖြာပေးရန်။
မိုဘိုင်းလုံခြုံရေးမူဝါဒအပြောင်းအလဲများ
ကုမ္ပဏီ သည် ဤ မိုဘိုင်းအက်ပလီကေးရှင်းလုံခြုံရေးမူဝါဒအား အချိန်မရွေး အသစ်ပြင်ဆင်ရန် သို့မဟုတ် ပြောင်းလဲရန် အခွင့်အရေးရှိပါသည်။ မည်သည့် ပြင်ဆင်ပြောင်းလဲမှုမျိုးဖြစ်စေ ဤစာမျက်နှာပေါ်တွင် ဖော်ပြပြီးသည်နှင့် တပြိုင်နက် အကျိုးအာနိသင်သက်ရောက်ပါသည်။ ဤ လုံခြုံရေးမူဝါဒအား ပုံမှန်ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းလိုပါသည်။
နောက်ဆုံးပြင်ဆင်မွမ်းမံမှုရက်စွဲ - 29.05.2023
