ချစ်ခင်လေးစားရပါသော client များ ခင်ဗျာ၊
Android အမျိုးအစားဖုန်းများအတွက် ကုန်သွယ်မှုအက်ပ်အသစ်ကို Google Play store တွင် ယခုပဲရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဤဗားရှင်းတွင် အက်ပ်၏စွမ်းဆောင်မှုအင်ဂျင်ကို အဆင့်မြှင့်တင်ထားသောကြောင့် ယခင်ဗားရှင်းများထက်ပိုမိုမြန်ဆန်စွာ စွမ်းဆောင်နိုင်ပါသည်။ မိုဘိုင်းအက်ပ်ဗားရှင်းဖြစ်သော်လည်း နည်းပညာဆိုင်ရာ အညွှန်းကိန်းများနှင့် ဂရပ်ဖစ်ပိုင်းခြားစိတ်ဖြာမှုကိရိယာများကို desktop ဗားရှင်းနည်းတူ အသုံးပြုလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ဗားရှင်း အသစ်နှင့် အဟောင်း နှစ်မျိုးလုံးကို Google Play store တွင်ရယူနိုင်သေးသော်လည်း ဗားရှင်းအသစ်ကိုရယူ အသုံးပြုပါရန် လေးစားစွာအကြံပြုအပ်ပါသည်။ ဗားရှင်းအသစ်ကိုအသုံးပြုပြီး ၎င်း၏စွမ်းဆောင်ရည်မြန်ဆန်မှုကို ခံစားကြည့်လိုက်ပါ။
LiteFinance အက်ပ်တွင်ပါရှိသည့်အရာများ
- ကုန်သွယ်မှုပစ္စည်းအမျိုးအစား ၁၉၀ ကျော်
- ဈေးကွက်နှင့် ဆိုင်းငံ့အော်ဒါများ
- ကလစ်တစ်ချက်နှိပ် ကုန်သွယ်မှု
- ဇယားအမျိုးအစား ၆ ခု နှင့် သတ်မှတ်ကာလ ၉ ခု
- အလိုအလျောက်ပါရှိပြီးသား အညွှန်းကိန်းများ
- ကျွမ်းကျင် ပညာရှင်အဆင့်ကုန်သည်များနှင့် ကော်ပီကုန်သွယ်မှုပြုလုပ်ခြင်း
- ကုန်သည်များ စကားဝိုင်းနှင့် ဈေးကွက်ခွဲခြမ်းစိတ်ဖြာလေ့လာမှုချန်နယ်များ
ဖောက်သည်များအနေဖြင့် ဤမိုဘိုင်းအက်ပ်တစ်ခုထဲဖြင့် ကုန်သွယ်မှုပလပ်ဖောင်းများ၏ အဓိကကျသော လုပ်ဆောင်ချက်များအားလုံးကို တစ်နေရာထဲမှာ အသုံးပြုလုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။ အကောင့်ကို ငွေဖြည့်သွင်းပြီး ကုန်သွယ်မှုများအတွက် စီမံခန့်ခွဲပြီး မိမိလိုအပ်သလို အကောင့်မှ တစ်ရက်လျှင် $3,000 အထိ အလိုအလျောက်ထုတ်ယူနိုင်ပါသည်။ အကောင့်ရှိ ပညာရှင်အဆင့်ကုန်သည်များ၏ ကုန်သွယ်မှုများကို ကူးယူကုန်သွယ်မှုပြုလုပ်နိုင်ပြီး သိရှိလိုသည်များအတွက် သုံးစွဲသူဝန်ဆောင်မှုဌာနကို 24/7 ဆက်သွယ်နိုင်ပါသည်။ ကုန်သည်များနှင့် စကားဝိုင်းပြုလုပ်ပြီး အလိုအလျောက်ပါရှိသော ဈေးကွက်လေ့လာဆန်းစစ်ရေးချန်နယ်များမှ နောက်ဆုံးရ သတင်းများကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်ပါသည်။
မိုဘိုင်းကုန်သွယ်မှုအက်ပ် အသစ်ကိုရယူပြီး ကုန်သွယ်မှုများတွင် ၎င်း၏ စွမ်းဆောင်ရည်မြင့်မားပုံကို အတွေ့အကြုံရယူကြည့်လိုက်ပါ။
လေးစားစွာဖြင့်
LiteFinance



