ချစ်ခင်လေးစားရပါသော လူကြီးမင်းများ ခင်ဗျာ၊
ကုမ္ပဏီ၏ ကုန်သွယ်မှုဆာဗာများ ပိုမိုကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် လုပ်ငန်းစဉ်လည်ပတ်မှုအရှိန်ကို ထိန်းသိမ်းထားနိုင်တို့အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ဆောင်ရန် စီစဉ်ထားကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များကို ဖောက်သည်ပရိုဖိုင် နှင့် ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်များတွင် ရုံးပိတ်ရက်များ၌ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ၎င်းပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်နေသည့်ကာလအတွင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်နေသည့် ဆာဗာများတွင် ကုန်သွယ်အကောင့်သို့ဝင်ရောက်ခြင်း၊ သို့မဟုတ်၊ ခရစ်ပတိုငွေကြေးကုန်သွယ်မှုဖွင့်လှစ်ခြင်း အစရှိသည်တို့ကို ခေတ္တလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ ပြုပြင်ထိန်းသိမ်းနေသည့်ကာလအတွင်း သက်ဆိုင်ရာအကောင့်အမျိုးအစားများရှိ ခရစ်ပတိုငွေကြေးအရောင်းအဝယ်ကို ဖောက်သည်ပရိုဖိုင်တွင် လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များအား အောက်ဖော်ပြပါ ပဏာမအချိန်ဇယားအတိုင်း သတ်မှတ်ထားသည့် နေ့၊ တစ်နေ့တာလုံး လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
- 07.05.2022 — MT4 LiteFinance-Classic.com ဆာဗာပြုပြင်ထိန်းသိမ်းခြင်း
- 14.05.2022 — MT4 LiteFinance-ECN.com၊ MT4 LiteFinance-ECN2.com နှင့် MT4 LiteFinance-ECN3.com ဆာဗာများ ပြုပြင်ထိန်းသိမ်းခြင်း
- 21.05.2022 — MT4 နှင့် MT5 ကုန်သွယ်မှုဆာဗာများအားလုံး ဝန်ဆောင်မှုမရနိုင်ပါ။ ဖောက်သည် ပရိုဖိုင်ကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပါ။
- 28.05.2022 — MT4 LiteFinance-CENT.com, MT4 LiteFinance-CENT2.com, နှင့် MT4 LiteFinance-CENT3.com;ဆာဗာများ ပြုပြင်ထိန်းသိမ်းခြင်း
- 04.06.2022 — MT4 LiteFinance-Classic2.com နှင့် LiteFinance-MT5 (MT5 အကောင့်အမျိုးအစားအားလုံး) ဆာဗာများ ပြုပြင်ထိန်းသိမ်းခြင်း
- 11.06.2022 — ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်များ ခေတ္တရပ်နားခြင်း
အချိန်ဇယားတွင် သတ်မှတ်ထားသည့် ရက်စွဲအတိုင်း 00:00:01 မှ 23:59:59 အထိ ပြုပြင်ထိန်းသိမ်းမှုများအား တစ်နေ့တာလုံး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယခုအချိန်ဇယားမှာ ပဏာမသာဖြစ်ပြီး ရက်အပြောင်းအလဲများရှိပါက ကုမ္ပဏီ၏ သတင်းဝက်ဘ်ဆိုဒ် တွင် အချိန်နှင့်တပြေးညီ ဖော်ပြပေးသွားပါမည်။
အဆင်မပြေမှုများကို လျှော့ချရန်အတွက် ပြုပြင်ထိန်းသိမ်းမှုများကို အဓိကအရောင်းအဝယ်နည်းပါးသည့် အချိန်များတွင်သာ လုပ်ဆောင်ရန် စီစဉ်ထားရှိပါသည်။ ယခု ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်သည် ဖောက်သည်များကို ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် လိုအပ်သောကြောင့်ဖြစ်ပါသည်။ ဤအတော်အတွင်း ခရစ်ပတိုငွေကြေးအရောင်းအဝယ်တွင်သာ ဝန်ဆောင်မှုကို ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။ ထို့အတွက် ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများအပေါ်တွင် နားလည်ခွင့်လွှတ်နိုင်မည်ဟု မျှော်လင့်ပါသည်။
ပြုပြင်ထိန်းသိမ်းနေသည့် ကာလအတွင်း ဖောက်သည်ပရိုဖိုင်သို့ ဝင်ရောင်နိုင်မည်မဟုတ်ပါသောကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျေးဇူးပြု၍ ပြုပြင်ထိန်းသိမ်းမှု မစတင်မီ မိမိလိုအပ်သည့် ကုန်သွယ်မှုအရောင်းအဝယ်မဟုတ်သည့် အခြားလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးပါ။
လေးစားစွာဖြင့်
LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှု လီမိတက်


