ချစ်ခင်လေးစားရပါသော client များ ခင်ဗျာ၊
Ethereum စနစ်သည် Proof-of-Work protocol မှ Proof-of-Stake protocol သို့ ရွှေ့ပြောင်းနေသောကြောင့် Ethereum အတွဲများသည် စက်တင်ဘာ ၁၄ မှ ၁၆ ရက်နေ့အထိ တည်ငြိမ်မှုမရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပေးပါ။ ရလဒ်အနေဖြင့် ပိုမိုကျယ်ပြန့်သော spreads ၊ မြင့်မားသော မတည်ငြိမ်မှုများ၊ နိမ့်ပါးသော ငွေဖြစ်လွယ်မှု၊ သို့မဟုတ် ဈေးနှုန်းကွာဟမှုများ ရှိလာနိုင်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကုမ္ပဏီအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ပိုင်ခွင့် ရှိပါသည်။
- ကုန်သွယ်မှုဆာဗာများ အားလုံးတွင် margin လိုအပ်ချက်ကို တိုးမြှင့်သတ်မှတ်ခြင်း၊
- ကုန်သွယ်မှုများအတွက် "ကုန်သွယ်မှုပိတ်ရန်အတွက်သာ" နည်းလမ်းကိုသာ သတ်မှတ်ထားခြင်း၊
- leverage တန်ဖိုးများကို လျှော့ချခြင်း၊
- margin ပမာဏကို ပြောင်းလဲသတ်မှတ်ခြင်း။
အကယ်၍ ကျွန်ုပ်တို့၏ ငွေဖြစ်လွယ်မှုကိုဝန်ဆောင်မှုပေးသူများသည် အလားတူပြောင်းလဲမှုများကို လုပ်ဆောင်လာခဲ့ပါက၊ LiteFinance အနေဖြင့် သတ်မှတ်ထားသည့် ကုန်သွယ်မှုစည်းမျဉ်း၊ စည်းကမ်းချက် အသစ်များနှင့် အညီလိုက်နာဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျေးဇူးပြုပြီး ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှုများအတွက် ဆုံးဖြတ်ရာတွင် ဤအချက်များကို ထည့်သွင်းစဉ်းစားပြီး ဤကာလအတွင်း လူကြီးမင်း၏ ကုန်သွယ်မှုအကောင့်များတွင် margin လိုအပ်ချက်အတိုင်း လုံလောက်အောင်ထည့်သွင်း ဆောင်ရွက်ပေးပါရန် အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
LiteFinance



