လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

မြန်မာနိုင်ငံမှ LiteFinance အသုံးပြုသူများအနေဖြင့် KBZ QuickPay ဝန်ဆောင်မှုကို စတင်အသုံးပြုကာ Mobile Banking နှင့် KBZPay အက်ပ်ပလီကေးရှင်းများ (OTC နှင့် Online) မှတစ်ဆင့် ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများပြုလုပ်နိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုက်ရပါသည်။

အနိမ့်ဆုံးငွေသွင်းနိုင်သည့်ပမာဏမှာ 100 000 MMK ဖြစ်ပြီး ဤပမာဏသည် သက်ဆိုင်ရာကုန်သွယ်မှုအကောင့်အမျိုးအစားပေါ်တွင်လည်း မူတည်ပါသည်။

စတင်ထုတ်ယူနိုင်သည့် အနိမ့်ဆုံးပမာဏမှာ 1 000 MMK ဖြစ်သည်။

ထပ်ဆောင်းဝန်ဆောင်မှုတစ်ခုအနေဖြင့် ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများအတွက် သက်ဆိုင်ရာငွေလွှဲဝန်ဆောင်မှုမှကောက်ခံသောအခကြေးငွေကို LiteFinance မှ ကျခံပေးမည်ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့၏ အသုံးပြုသူများအတွက် ငွေလွှဲခကော်မရှင်မှာ 0% ဖြစ်ပါသည်။

KBZ ဘဏ်မှတစ်ဆင့် ငွေသွင်းနည်း။

ဤနည်းလမ်းကိုအသုံးပြုရန်၊ Finance မှတဆင့် "Local deposit LiteFinance Myanmar" ကို ရွေးချယ်ပါ။

LiteFinance: မြန်မာကုန်သည်များအနေဖြင့် KBZ Mobile Banking နှင့် KBZPay အသုံးပြု၍ ငွေပေးချေမှုများကို လျင်မြန်စွာဆောင်ရွက်နိုင်ပါပြီ | LiteFinance

အဆင့်တစ် -

ငွေသွင်းလိုသော ကုန်သွယ်မှုအကောင့်ကို ရွေးချယ်ပါ။ KBZpay စနစ်ကို ရွေးချယ်ပြီး ငွေသွင်းမည့် ပမာဏသတ်မှတ်၍ ငွေသွင်းမှုပြုလုပ်ရန်တောင်းဆိုချက် ပေးပို့ပါ။

အဆင့်နှစ်-

ငွေလွှဲရန်အတွက် သင်၏ KBZpay အက်ပ်ပလီကေးရှင်း သို့မဟုတ် KBZ mobile banking ကိုဖွင့်ပြီး "Quickpay" ကို ရွေးချယ်ပါ။ ထို့နောက် "Service Industry" မှတဆင့်သော်လည်းကောင်း၊ ငွေလွှဲရန်ရှာဖွေသည့်နေရာ၌သော်လည်းကောင်း "LiteFinance Myanmar" အမည်ကိုရှာပါ။ ထို့နောက် LiteFinance client profile တွင် ငွေသွင်းရန်သတ်မှတ်ခဲ့သော ပမာဏအတိအကျကို ငွေလွှဲပေးပို့ပါ။ "အချက်အလက်" ဖြည့်စွက်ရမည့်နေရာတွင်၊ လူကြီးမင်းတို့၏ငွေပေးချေမှုကို ပိုမိုမြန်ဆန်စေရန်အတွက် လူကြီးမင်းတို့၏ LiteFinance ကုန်သွယ်မှုအကောင့်နံပါတ် သို့မဟုတ် အီးမေးလ်ကို ဖြည့်ပါ။

ဤနေရာကိုနှိပ်၍ KBZ mobile banking နှင့် KBZpay ဖြင့် ငွေသွင်းမှုပြုလုပ်သည့် လမ်းညွှန်ချက်အပြည့်အစုံပါရှိသော pdf ဖိုင်ကို ဖတ်ရှုနိုင်ပါသည်။

 

လေးစားစွာဖြင့်
LiteFinance team

KBZ Mobile Banking နှင့် KBZPay မှတဆင့် လျင်မြန်စွာ ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ပါပြီ
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat