လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ
ယနေ့ ကျရောက်သော LiteFinance ၏ ၁၈ နှစ်တာ အောင်မြင်စွာဖြင့် ဖြတ်သန်းခဲ့သော နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ကုမ္ပဏီသည် ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်အထိ နိုင်ငံတကာငွေကြေးဈေးကွက်များတွင် ကုန်သွယ်ရေးဆိုင်ရာ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သည့် ဝန်ဆောင်မှုများကို ပေးအပ်ရန်အတွက် ကုမ္ပဏီ၏ နည်းပညာဆိုင်ရာစွမ်းရည်များကို မြှင့်တင်ကာ ဆန်းသစ်သောဝန်ဆောင်မှုများကို ဖန်တီးလျက်ရှိသည်။ ကျွန်ုပ်တို့အနေဖြင့် ခိုင်မာလေးနက်သော ရည်မှန်းချက်များ ချမှတ်ထားပြီး ၎င်းတို့ကို အောင်မြင်အောင် အစဉ်တစိုက်ဖော်ဆောင်လျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ နံပါတ်တစ်ဦးစားပေး မှာ ကျွန်ုပ်တို့၏ ကုန်သည်များနှင့် အရည်အသွေးပြည့်မှီသော ဝန်ဆောင်မှုဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကုန်သည်များအနေဖြင့် ခါတိုင်းနှစ်များကဲ့သို့ပင် ကုမ္ပဏီ၏ ဆန်းသစ်တီထွင်မှုအချို့ကို မျက်မြင်ကြုံတွေ့ခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ကုန်သည်များ၏ အမြတ်အစွန်းရနိုင်သော အလားအလာကို မြှင့်တင်ပေးလိုသည့်အနေဖြင့် ဈေးနှုန်းပြောင်းလဲခြင်းအတွက်ခန့်မှန်းချက် ဝန်ဆောင်မှု ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ အဆိုပါဝန်ဆောင်မှုတွင် ကုန်သွယ်မှုအမျိုးအစားတစ်ခုကို ရွေးချယ်ရန်၊ ကုန်သွယ်မှုပမာဏတစ်ခု သတ်မှတ်ရန်နှင့် ဈေးနှုန်းပြောင်းလဲမှုပွိုင့်အတွက် မှန်ကန်သော ခန့်မှန်းချက်တစ်ခု ပြုလုပ်ရန်သာ လိုအပ်ပါသည်။
ကမ္ဘာပေါ်ရှိ မည်သည့်နေရာဒေသကမဆို လျင်မြန်လွယ်ကူသော ကုန်သွယ်မှုအခွင့်အလမ်းများအား ကျွန်ုပ်တို့၏ ကုန်သည်များ ရရှိနိုင်စေရန်အတွက် ကျွန်ုပ်တို့၏ "LiteFinance Investment" အက်ပ်ပလီကေးရှင်းအား Android နှင့် iOS အတွက် အဆင့်မြှင်တင်ပေးထားပါသည်။ ၎င်းသည် ယခင်ဗားရှင်းထက် ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်ပြီး ဒက်စတော့ကွန်ပျုတာ ကုန်သွယ်မှုပလပ်ဖောင်းများကဲ့သို့ လုပ်ဆောင်ချက်အပြည့်အဝရရှိစေသည့် အင်္ဂါရပ်များကို လုပ်ဆောင်နိုင်ပါသည်။
ကမ္ဘာ့အကြီးဆုံးကော်ပိုရေးရှင်းအချို့ ၏ CFDs ရှယ်ယာများ (Coca-Cola #KO၊ Ford #F၊ Tencent Music #TME နှင့် Global Payment #GPN) နှင့် အခြားစတော့ရှယ်ယာအမျိုးအစားများ၊ ထို့အပြင် Henry Hub natural gas (XNGUSD) နှင့် ခရစ်ပတိုငွေကြေးအမျိုးအစားသစ်များ စသည့် ကုန်သွယ်ရေးအမျိုးအစားများကိုလည်း ထပ်မံထည့်သွင်းထားပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီ၏ ကိုယ်စားပြုနိုင်ငံများရှိ ဒေသတွင်းပြိုင်ပွဲများအတွင်း ဝင်ရောက်ယှဉ်ပြိုင်သူများမှာလည်း များစွာမြှင့်တက်လာခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် မွန်ဂိုလီးယား၊ မက္ကဆီကို၊ တန်ဇန်းနီးယား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန် နိုင်ငံတို့တွင် ပရိုမိုးရှင်းအစီအစဉ်များ ပထမဆုံး စတင်ပြုလုပ်ပေးခဲ့ပြီး ချီးမြှင့်ပေးခဲ့သည့်ဆုလက်ဆောင်များတွင် ကားများ၊မော်တော်ဆိုင်ကယ်များ၊ Apple ထုတ်ကုန်ပစ္စည်းများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ လည်ပတ်ခွင့်ခရီးစဉ်များ ပါဝင်သည်။
ဤ ၁၈ နှစ်တာကာလအတွင်း LiteFinance အနေဖြင့် -
သုံးစွဲသူပေါင်း ၃.၄၄၃၉၈၈ သန်း အား ဝန်ဆောင်မှုပေးခဲ့ခြင်း၊
အရောင်းအဝယ်အော်ဒါပေါင်း ၁.၂၁၂၆၃၅၄၁၅ ဘီလီယံအား ဈေးကွက်သို့ ပို့ဆောင်ခဲ့ခြင်း၊
ကုန်သွယ်မှုပမာဏအားဖြင့် lots ပေါင်း ၉၆.၃၄၃၀၇၀ သန်း အား စီမံဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ကျွန်ုပ်တို့၏စွမ်းဆောင်ရည်ကို the Best Retail Forex Broker, the Most Innovative Forex Broker နှင့် the Best Retail Forex Trading Platform အပါအဝင် နိုင်ငံတကာဆုပေါင်းများစွာဖြင့် မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။
ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ကိုယ်စားလှယ်များအား အထူးကျေးဇူးတင်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် ကိုယ်စားလှယ်တော်များ၏ ကြိုးပမ်းအားထုတ်မှုကို အထူးပင်တန်ဖိုးထား၍ ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏တရားဝင်ဒေသဆိုင်ရာကိုယ်စားလှယ်များအဖြစ် ရပ်တည်ပေးခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ အဓိကပန်းတိုင်ဖြစ်သော ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ရန်နှင့် လူတိုင်းလက်လှမ်းမီနိုင်သော အွန်လိုင်းကုန်သွယ်မှု ဖြစ်စေရန် အစဉ်တစိုက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
LiteFinance အနေဖြင့် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို ဆက်လက်မြှင့်တင်ပြီး ကုန်သည်များ အောင်မြင်စွာ ရောင်းဝယ်နိုင်စေရန်အတွက် နောက်ဆုံးပေါ် ဝန်ဆောင်မှုအသစ်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
လေးစားစွာဖြင့်
The team at LiteFinance



