လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

ကျွန်ုပ်တို့၏ ကုန်သွယ်ရေးဆော့ဖ်ဝဲပိုင်းဆိုင်ရာ လုပ်ဖော်ကိုင်ဖက်မိသားစုဝင်ဖြစ်လာသော – cTrader ၏ နောက်ဆုံးပေါ်အဆင့်မြှင့်တင် တိုးချဲ့မှုများကိုလည်း အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးလိုက်ရပါသည်။ ကျွန်ုပ်တို့သည် ဤနာမည်ကြီးပလပ်ဖောင်း၏ ဒက်စ်စတော့၊ ဝက်ဘ် နှင့် မိုဘိုင်းဗားရှင်းတို့ကို ပေါင်းစပ်ထားသည်။

ကျွန်ုပ်တို့၏ လူကြိုက်အများဆုံး ကုန်သွယ်မှုအကောင့်ဖြစ်သော - ECN - သည် လက်ရှိတွင် cTrader နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

cTrader ဆိုတာ ဘာလဲ။

cTrader သည် သုံးစွဲရလွယ်ကူသော အသွင်အပြင်၊ နောက်ဆုံးပေါ် နည်းပညာအထောက်အကူများ နှင့် အထူးကောင်းမွန်သော ဇယားဖြင့် ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုအတွက် ရွေးချယ်စရာများပါဝင်သည့် အဆင့်မြင့်ကုန်သွယ်ရေးပလပ်ဖောင်းတစ်ခုဖြစ်သည်။ cTrader သည် STP (straight-through processing) စနစ်ကို ထောက်ပံ့ပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ပွင့်လင်းမြင်သာစွာ၊ နှောင့်နှေးကြန့်ကြာမှုမရှိပဲ ကုန်သွယ်နိုင်ပါသည်။

အဆင့်မြင့်ကုန်သွယ်ရေးကိရိယာများ - cTrader သည် သင်၏ကုန်သွယ်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ရန် အသေးစိတ်စျေးကွက်ခွဲခြမ်းစိတ်ဖြာမှု မှ ချက်ချင်းလက်ငင်းကုန်သွယ်နိုင်သည်အထိ ကျယ်ပြန့်သောကိရိယာများစွာကို ပံ့ပိုးပေးထားသည်။

စိတ်ကြိုက်ပြင်ဆင်နိုင်သော အပြင်အဆင် - cTrader ၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်သော လုပ်ဆောင်ချက်များကို အသုံးပြု၍ သင်၏ ကုန်သွယ်မှုနယ်ပယ်ကို သင့်လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပါ။

အယ်လ်ဂရစ်သမ်မစ် ကုန်သွယ်မှု - cTrader သည် အယ်လ်ဂရစ်သမ်မစ် ကုန်သွယ်မှုကို ပံ့ပိုးပေးထားပြီး ကုန်သည်များအား ၎င်းတို့၏ဗျူဟာများကို အလိုအလျောက်လုပ်ဆောင်ခွင့်ပြုခြင်း နှင့် အမြတ်ရနိုင်ချေများကို တိုးမြှင့်ပေးသည်။

cTrader ကို ယခုအခါ အသုံးပြုနိုင်ပြီဖြစ်ပါသဖြင့် သင့်အတွက် အသင့်တော်ဆုံး ကုန်သွယ်မှုပလပ်ဖောင်း ရွေးချယ်ခြင်း နှင့် သင်၏ ကုန်သွယ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းရန် ယခင်ကထက်ပိုပြီး အခွင့်အလမ်းများပြားလာပြီဖြစ်ပါသည်။

စတင်အသုံးပြုခြင်း

  • LiteFinance ကိုယ်ရေးပရိုဖိုင်အတွင်းသို့ ဝင်ရောက်၍ ဘယ်ဘက်ဒေါင်လိုက်ခေါင်းစဉ်ရှိ cTrader သို့ ဝင်ရောက်ပါ။
  • cTrader အတွက် အကောင့်တစ်ခုဖွင့်ပါ။ လိုအပ်သော အကောင့်ဝင်ခွင့်အချက်အလက်များကို သင့်ထံ ချက်ချင်း အီးမေးလ်ပို့ပါမည်။
  • ထို့နောက် သင်၏ အကောင့်အသစ်အတွင်းသို့ ငွေသွင်းမှုပြုလုပ်နိုင်သည်။
  • ပလပ်ဖောင်းအား အထိုင်ချပြီးလျှင် ဝင်ရောက်ကုန်သွယ်နိုင်မည်ဖြစ်ပါသည်။

မေးမြန်းလိုသည်များရှိပါက သက်ဆိုင်ရာအမေးအဖြေကဏ္ဍအား ဖတ်ရှုခြင်း သို့မဟုတ် သက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့ ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အထူးကမ်းလှမ်းချက်

cTrader နှင့် LiteFinance ဝန်ဆောင်မှုများ ပေါင်းစပ်ခြင်းအထိမ်းအမှတ်ဖြင့် cTrader အသုံးပြုသူများအတွက် ECN ကော်မရှင်နှုန်းထားများကို လျှော့ချပေးထားပါသည်။ ECN အကောင့်၏ အသေးစိတ်အချက်အလက်များအား ဤစာမျက်နှာ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ကျွန်ုပ်တို့၏ ကုန်သည်များအား အဆင့်မြင့်ဆုံးကုန်သွယ်ရေးရာလုပ်ဆောင်ချက်များနှင့် အကောင်းဆုံးသောဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိနေပါသည်။ ဘဏ္ဍာရေးဈေးကွက်များအတွင်း အရောင်းအဝယ်ပြုလုပ်ရန် LiteFinance ကို သင်၏အကောင်းဆုံးမိတ်ဖက်အဖြစ် ရွေးချယ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

လေးစားစွာဖြင့်
LiteFinance

cTrader ကို LiteFinance တွင် စတင်အသုံးပြုနိုင်ပါပြီ
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat