လေးစားအပ်ပါသော ကုန်သည်များနှင့်မိတ်ဖက်များခင်ဗျာ

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်၊ နွေးထွေးစွာနှုတ်ဆက်ရမည့် အချိန်အခါကို ရောက်ရှိ၍လာပါပြီ။ ချစ်မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ။ လူကြီးမင်းတို့၏ အိပ်မက်များ လက်တွေ့ဖြစ်လာပြီး၊ နေ့ရက်တိုင်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်ဝပါစေ။

၂၀၂၃ သည် ကျွန်ုပ်တို့အသင်းအဖွဲ့အတွက် အလုပ်များ၍ အသီးအပွင့်ဖြစ်ထွန်းသော နှစ်တနှစ် ဖြစ်ခဲ့ပါသည်။ တည်ထောင်ခဲ့သော အစဉ်အလာအရ ကျန်ခဲ့သောနှစ်အတွင်း LiteFinance အတွက် အတောက်ပဆုံးသော ဖြစ်ရပ်များကို သတိတရမှတ်သားကြပါစို့။

  1. LiteFinance ၏ ကမ္ဘာတဝှမ်းဖြန့်ကျက်မှုမှာ ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။ ယခုနှစ်တွင် ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယားနှင့် တန်ဇန်းနီးယား တို့တွင် ကိုယ်စားလှယ်ရုံးခွဲများဖွင့်လှစ်နိုင်ခဲ့ပါသည်။ ရုံးခွဲအသစ်များဖွင့်လှစ်ခြင်းအားဖြင့် မတူညီသောဒေသများမှ ကုန်သည်များအတွက် ပိုမိုတိုးတက်ကောင်းမွန်သော ကုန်သွယ်ရေးအခြေအနေများကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး၊ အရည်အသွေးမြင့်ဝန်ဆောင်မှုများအား ဒေသခံဘာသာစကားဖြင့် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။
  2. ၂၀၂၃ ခုနှစ်သည် ကျွန်ုပ်တို့အတွက် အရေးပါသောဂုဏ်ပြုဆုများကို ရရှိစေခဲ့သော နှစ်တနှစ်လည်း ဖြစ်ပါသည်။ ဂုဏ်သိက္ခာကြီးမားသော Global Brand မဂ္ဂဇင်း၏ ဖော်ပြချက်အရ၊ LiteFinance သည် အာရှအတွင်း အကောင်းဆုံး ECN အကျိုးဆောင်ကုမ္ပဏီနှင့် အရှေ့အာရှ နှင့် မြောက်အာဖရိက နိုင်ငံများတွင် အကောင်းဆုံး Forex အကျိုးဆောင်ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။ ထို့အပြင် ပရော်ဖက်ရှင်နယ်အကဲဖြတ် SmartVision ၏ အကဲဖြတ်မှုအရ၊ LiteFinance သည် အရှေ့အလယ်ပိုင်းဒေသရှိ ယုံကြည်စိတ်ချရမှုအရှိဆုံး Forex အကျိုးဆောင် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ပါသည်။
  3. ကျွန်ုပ်တို့သည် ကုန်သွယ်ရေးအထောက်အကူပြုကိရိယာများနှင့်တကွ ကုန်သွယ်နိုင်သည့် အမျိုးအစားစာရင်းကို ဆက်လက်၍ တိုးချဲ့လျက်သာရှိပါသည်။ ယခုအခါတွင် LiteFinance ကုန်သည်များသည် ကိုကိုး၊ ကော်ဖီ၊ ပြောင်း၊ ပဲ၊ ဂျုံတို့အတွက် စာချုပ်များကို ကုန်သွယ်နိုင်ပြီဖြစ်ပါသည်။ VIX75 အညွှန်းကိန်းကိုလည်း ကုန်သွယ်ရေးစာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ၎င်း၏ ငွေလဲနှုန်းသည် ခရစ်ပတိုဂရပ်ဖစ် ကျပန်းနံပါတ်ထုတ်စက်မှတဆင့် ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ အခြေခံပိုင်းအကြောင်းအရာများနှင့်မသက်ဆိုင်ပါ။
  4. ဤနှစ်အတွင်း ကျွန်ုပ်တို့၏ ပိုမိုကောင်းမွန်သော အက်ပလီကေးရှင်းအသစ်အား iOS သုံးစွဲသူများအတွက်ပါ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ အဆင့်မြှင့်တင်ထားသော ဆော့ဖ်ဝဲလ်ဗားရှင်းအသစ်သည် သုံးစွဲရာ၌ ပိုမို၍အဆင်ပြေသည့်အပြင်၊ ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို လွယ်ကူချောမွေ့စွာ ကုန်သွယ်ခွင့်ကို ရရှိစေပါသည်။
  5. ကျွန်ုပ်တို့၏ နည်းပညာအဖွဲ့သားများသည် LiteFinance ၏ ပင်မစာမျက်နှာအတွက် ဒီဇိုင်းသစ်တမျိုးကို ဖန်တီးရေးဆွဲခဲ့ပါသည်။

ဤသည်မှာ လူကြီးမင်းတို့ မပါဝင်ပဲ မပြီးမြောက်နိုင်သော ကျွန်ုပ်တို့၏ ပွဲအခမ်းအနားများ၊ အောင်မြင်မှုများ၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်ပါသည်။ လူကြီးမင်းတို့၏ သစ္စာရှိမှုနှင့် ယုံကြည်မှုတို့‌ကြောင့်သာလျှင် ကျွန်ုပ်တို့သည် တနှစ်ထက်တနှစ် ပိုမို၍တိုးတက်ကောင်းမွန်လာရခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့နှင့် အတူရှိနေပေးခြင်းအတွက် လူကြီးမင်းတို့အား ကျေးဇူးအထူးပင်တင်ရှိပါသည်။

နောက်ဆုံးပေါ် Apple ပစ္စည်းများနှင့် ငွေသားဆုများကို ရရှိနိုင်မည်ဖြစ်သော ကျွန်ုပ်တို့၏ နှစ်ပတ်လည်အားလပ်ရက်ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ကာ အခွင့်အရေးကောင်းများကို ရယူလိုက်ပါ။ ဆုလက်ဆောင်များအကြောင်းကို အသေးစိတ်သိရှိနိုင်ရန် နှစ်သစ်ကူး ပရိုမို ၂၀၂၄ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

နှစ်သစ်အတွက် အကောင်းဆုံးဆုမွန်ကောင်းများစွာဖြင့်

LiteFinance အဖွဲ့

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။ ပျော်ရွှင်ချမ်းမြေ့သော ၂၀၂၄ ခုနှစ်ဖြစ်ပါစေဟု ကျွန်ုပ်တို့မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat