လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

Walmart စတော့ရှယ်ယာဈေးနှုန်း အချိုးချလိုက်ခြင်းနှင့်ဆက်စပ်၍ #WMT ၏ ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်များတွင် ဖြစ်ပေါ်လာမည့်အပြောင်းအလဲများအား အသိပေးအပ်ပါသည်။

Walmart ၏ ဒါရိုက်တာဘုတ်အဖွဲ့သည် #WMT ၏ 3-for-1 စတော့ရှယ်ယာဈေးနှုန်း အချိုးချခြင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ယူအက်စ်ကုန်သွယ်ချိန်ပိတ်သိမ်းပြီးနောက်တွင် ပြုလုပ်ရန် အတည်ပြုထုတ်ပြန်ခဲ့သည်။

သို့ပါသောကြောင့် ရှယ်ယာဈေးနှုန်းအား အချိုးချချိန်တွင် #WMT ရှယ်ယာများ၏စျေးနှုန်းမှာ အချိုးချသည့် အချိုးအစားအရ သုံးဆလျော့ကျမည်ဖြစ်သည်။

လူကြီးမင်း၏ ဖွင့်လှစ်ထားသော ကုန်သွယ်မှုစာရင်း၌ #WMT စတော့ရှယ်ယာများ ပါရှိပါက ကျေးဇူးပြု၍ သတိပြုပေးပါ။

  • အချိုးချသည့် အချိုးအစားအရ ရှယ်ယာဈေးနှုန်းအား အချိုးချချိန်တွင် ကုန်သွယ်မှုပြုလုပ်ထားသည့် ပမာဏမှာလည်း သုံးဆတိုးလာမည်ဖြစ်သည်။

  • ရှယ်ယာဈေးနှုန်းအား အချိုးချချိန်တွင် အရောင်းအဝယ် ဝယ်ရောက်ခဲ့စဉ်ရှိ အဝင်ဈေးနှုန်းမှာ အချိုးချသည့် အချိုးအစားအရ သုံးဆလျော့ကျမည်ဖြစ်သည်။

  • အဆိုပါရှယ်ယာအတွက် ဖွင့်လှစ်ထားသော အရောင်းအဝယ်များရှိ Stop Loss နှင့် Take Profit များကို အချိုးချချိန်တွင် ဖယ်ရှားမည် ဖြစ်ပါသည်။

  • လက်ရှိဖွင့်ထားသော အရောင်းအဝယ်များကို ကိုယ်တိုင်ပိတ်နိုင်သည်။

  • အချိုးချချိန်တွင် pending orders အားလုံး ကို ဖယ်ရှားမည် ဖြစ်ပါသည်။ (Buy Limit, Sell Limit, Buy Stop, Sell Stop, Buy Stop Limit နှင့် Sell Stop Limit)

  • ကုန်သွယ်မှုဆိုင်ရာ သတ်မှတ်ချက်အသစ်များဖြင့် #WMT ရှယ်ယာများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်၍ ကန့်သတ်ချက်မရှိ အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။

လူကြီးမင်း အတွက် ယုံကြည်ရာ၊

LiteFinance အဖွဲ့

Walmart စတော့ရှယ်ယာဈေးနှုန်းအား 3:1 ဖြင့် အချိုးချတော့မည် ဖြစ်ပါသည်။
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat