လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

Nvidia ရှယ်ယာခွဲခြင်းနှင့်ဆက်စပ်၍ #NVDA ၏ ကုန်သွယ်ရေးဆိုင်ရာကန့်သတ်ချက် အပြောင်းအလဲများအကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Nvidia ၏ ဒါရိုက်တာဘုတ်အဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ချိန် ပြီးဆုံးပြီးနောက် #NVDA ၏ 10-for-1 stock split လုပ်ဆောင်မည့် အစီအစဉ်ကို အတည်ပြုခဲ့သည်။

ထို့ကြောင့် stock split လုပ်ဆောင်ချိန်တွင် #NVDA ရှယ်ယာများ၏ စျေးနှုန်းသည် split အချိုးအစားအရ ဆယ်ဆလျော့ကျသွားမည်ဖြစ်သည်။

ဖွင့်ထားသော ကုန်သွယ်မှုများတွင် #NVDA ကုန်သွယ်မှုများ ပါဝင်နေပါက အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါ။

  • Split လုပ်ဆောင်ချိန်တွင် ဖွင့်ထားပြီးသော ကုန်သွယ်မှုပမာဏသည် stock split အချိုးအစားအရ ဆယ်ဆတိုးလာမည်ဖြစ်သည်။

  • ရှယ်ယာခွဲသည့် အချိုးအစားအရ ဖွင့်ထားသော ကုန်သွယ်မှုများ၏ အဝင်ဈေးနှုန်းသည် split လုပ်ဆောင်ချိန်တွင်ဆယ်ဆလျော့ကျမည်ဖြစ်သည်။

  • ဖွင့်ထားသော ကုန်သွယ်မှုများ၏ Stop Loss / Take Profit များကို ရှယ်ယာခွဲထုတ်ချိန်တွင် ဖယ်ရှားမည်ဖြစ်သည်။

  • လက်ရှိဖွင့်ထားသော ကုန်သွယ်မှုများကို ကိုယ်တိုင်ပိတ်နိုင်သည်။

  • Pending orders (Buy Limit၊ Sell Limit၊ Buy Stop၊ Sell Stop၊ Buy Stop Limit နှင့် Sell Stop Limit) တို့ကို ရှယ်ယာခွဲထုတ်ချိန်တွင် ဖယ်ရှားမည်ဖြစ်သည်။

ကန့်သတ်ချက်အသစ်များပါဝင်မည့် #NVDA စတော့ရှယ်ယာများကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက်၊ စျေးကွက်ဖွင့်ရက်မှ စတင်၍ အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ကျေးဇူးပြု၍ ကုန်သွယ်ရေးဆုံးဖြတ်ချက်များချရာတွင် ဤအချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး လိုအပ်ပါက လူကြီးမင်းတို့၏ Expert Advisors ချိန်ညှိချက်များကိုလဲ ပြန်လည်ပြင်ဆင်ပါ။

မေးမြန်းလိုသည်များရှိပါက LiveChat မှတစ်ဆင့် LiteFinance ၏ အကူအညီပေးရေးကဏ္ဍသို့ ဆက်သွယ်နိုင်ပါသည်။

လေးစားစွာဖြင့်

LiteFinance အဖွဲ့

Nvidia အား 10:1 ဖြင့် stock split ပြုလုပ်မည် ဖြစ်ခြင်း
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat