လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

REEF ကို စာရင်းမှဖယ်ရှားရန် Liquidity providers များ၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်သောအားဖြင့်၊ REFUSD ခရစ်ပတိုငွေကြေးအတွဲ(Reef vs US Dollar)အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ တွင် ကုန်သွယ်ရေးပစ္စည်းများစာရင်းမှ ထုတ်ပယ်ပါမည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ တနင်္လာနေ့ ၁၂:၀၀ နာရီ (LiteFinance ကုန်သွယ်ရေးဆာဗာချိန်၊ GMT+3) တွင် REFUSD အတွဲကို “ပိတ်သိမ်းရန်သီးသန့်” အခြေအနေသို့ ပြောင်းလဲပါမည်။ အော်ဒါအသစ်များပြုလုပ်ခြင်းနှင့် လက်ရှိအော်ဒါများကို ပြင်ဆင်ပြောင်းလဲခြင်းများအား ဆက်လက်လုပ်ဆောင်နိုင်တော့မည်မဟုတ်ပါကြောင်း ကျေးဇူးပြု၍ ကြိုတင်သတိပြုပါ။ သင့်အတွက် အဆင်ပြေမှုရှိသည့် အစောဆုံးအချိန်တွင် ကုန်သွယ်မှုများကို ပိတ်သိမ်းပါရန် ကျွန်ုပ်တို့မှ လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ သောကြာနေ့ ၁၂:၀၀ နာရီ (LiteFinance ကုန်သွယ်ရေးဆာဗာချိန်၊ GMT+3)တွင် ဤပိုင်ဆိုင်မှုအပေါ် ကုန်သွယ်မှုဆောင်ရွက်ခြင်းကို ဖြတ်တောက်ပါမည်။ REFUSD အတွဲအပေါ် ဖွင့်ထားဆဲဖြစ်သော လက်ကျန်ကုန်သွယ်မှုအားလုံးကို ဤအတွဲအား ပယ်ဖျက်ချိန်တွင် မှတ်တမ်းတင်ထားသည့် ဈေးနှုန်းဖြင့် ပိတ်သိမ်းသွားပါမည်။

လေးစားစွာဖြင့်

LiteFinance

REEF ခရစ်ပတိုငွေကြေးကုန်သွယ်ရေးကို ရပ်စဲခြင်း
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat