လေးစားအပ်ပါသော လူကြီးမင်းများ ခင်ဗျာ

ကျွန်ုပ်တို့သည် သင်၏ယုံကြည်မှုကို တန်ဖိုးထားပါသည်။ သင့်အကောင့်၏ လုံခြုံရေးသည် ကျွန်ုပ်တို့၏ ပထမဦးစားပေးဖြစ်သည်။ သင်၏ အချက်အလက်ကို ပိုမိုကောင်းမွန်စွာ အကာအကွယ်ပေးနိုင်ရန်အတွက် အကောင့်တွင်းသို့ ဝင်ရောက်စဉ်တွင် အပိုလုံခြုံရေးစနစ်တခုကို သုံးစွဲနိုင်သော အခွင့်အရေးကို ကျွန်ုပ်တို့မှ စီစဉ်ပံ့ပိုးပေးထားခဲ့ပါသည်။

Google ၏ အဆင့်နှစ်ဆင့်အတည်ပြုမှုစနစ် (2FA) ကို အသုံးပြုခြင်းအားဖြင့် အပိုလုံခြုံရေးအလွှာတခုကို အသုံးချနိုင်ပါသည်။ သင်၏ သုံးစွဲသူပရိုဖိုင်အတွက် အမြင့်ဆုံးအကာအကွယ်ကို ရရှိစေရန်အတွက် ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် အထူးသင့်တော်ကြောင်း အကြံပြုအပ်ပါသည်။

အဆင့်နှစ်ဆင့်အတည်ပြုမှုစနစ် (Two-Factor Authentication) ဆိုသည်မှာ အဘယ်နည်း။

အဆင့်နှစ်ဆင့်အတည်ပြုမှုစနစ်သည် သင်၏စကားဝှက်သာမက၊ သင်၏မိုဘိုင်းလ်ဖုန်းတွင် ထုတ်ပေးသော သီးသန့်ကုဒ်တခုကိုပါ ထပ်မံလိုအပ်သော အပိုဆောင်းလုံခြုံရေးအစီအမံတခု ဖြစ်ပါသည်။ ၎င်းသည် သင်၏ စကားဝှက်အား တစ်ပါးသူမှ ခိုးယူစေကာမူ သင်၏ပရိုဖိုင်သို့ အခွင့်မရှိပဲဝင်ရောက်မှုအန္တရာယ်ကို သိသာထင်ရှားစွာ လျှော့ချပေးပါသည်။

အဆင့်နှစ်ဆင့် ဖြင့် အတည်ပြုမှုစနစ်ကို မည်သို့စတင်အသုံးပြုရမည်နည်း။

အဆင့် ၁၊
သင်၏မိုဘိုင်းဖုန်းတွင် Google authenticator app မရှိသေးပါက ၎င်းအပ်ပ်ပလီကေးရှင်းကို သင့်ဖုန်းတွင် အင်စတောပြုလုပ်ပါ။ အပ်ပ်ပလီကေးရှင်းအား App Store (for iOS) နှင့် Google Play (for Android) တို့မှတဆင့် ဒေါင်းလုပ်ဒ်ပြုလုပ်ရယူနိုင်ပါသည်။

အဆင့် ၂။
ဤလင့် မှ တဆင့် သင်၏ သုံးစွဲသူ ပရိုဖိုင် ရှိ "Security" ကဏ္ဍသို့သွားရောက်ပါ။ Google authentication feature စာသားဘေးတွင်ရှိသော "Enable" ခလုပ်ကိုနှိပ်ပါ။

အဆင့် ၃။
ပွင့်လာသောဝင်းဒိုးတွင် QR ကုဒ်တခုကို မြင်ရပါလိမ့်မည်။ သင်၏ မိုဘိုင်းစက်ပစ္စည်းပေါ်ရှိ Google Authenticator အက်ပ်ပလီကေးရှင်းကို အသုံးပြု၍ စကန်ဖတ်ပါ သို့မဟုတ် set up key ကို သင်ကိုယ်တိုင်ရိုက်ထည့်ပါ။

အဆင့် ၄။
Google Authenticator မှ ထုတ်ပေးသော အတည်ပြုကုဒ်ကို သင်၏သုံးစွဲသူပရိုဖိုင်ရှိ သက်ဆိုင်ရာကွပ်လပ်တွင် ထည့်သွင်းပါ။

‌ဤရိုးရှင်းသော အဆင့်များသည် သင်၏အကောင့်နှင့် ကိုယ်ရေးအချက်အလက်များအား အခွင့်မရှိပဲ ဝင်ရောက်ကြည့်ရှုခြင်းများမှ အကာအကွယ်ပေးမည်ဖြစ်သည်။
 

LiteFinance: အဆင့်နှစ်ဆင့်အတည်ပြုမှုစနစ်ဖြင့် သင်၏အကောင့်လုံခြုံရေးကို မြှင့်တင်ပါ | LiteFinance

Google Authenticator ကို အသုံးပြုပြီးနောက်၊ သင်၏ ပရိုဖိုင်သို့ ဝင်ရောက်ရာတွင် မည်သည့်အပြောင်းအလဲများကို တွေ့ရမည်နည်း။

အဆင့်နှစ်ဆင့်အတည်ပြုမှုစနစ်ကို အသုံးပြုပြီးနောက်၊ သင်၏ပရိုဖိုင်သို့ ဝင်ရောက်ရာတွင် ပိုမို၍လုံခြုံမှုရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။
သင်၏ စကားဝှက်ကို ဖြည့်သွင်းပြီးသောအခါ၊ Google Authenticator app မှ ထုတ်ပေးသည့် တခါသုံးကုဒ်ကို အချိန်မဆိုင်းထည့်သွင်းရန် သင့်အား သတိပေးပါလိမ့်မည်။ ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်မှုကို ပေးစွမ်းရန်အတွက် ဤကုဒ်ကို စက္ကန့် ၃၀ တကြိမ်၊ အသစ်ပြင်ဆင်ထုတ်ပေးပါသည်။

အကယ်၍ သင့်ထံတွင် မေးခွန်းတစုံတရာရှိပါက သို့မဟုတ် အကူအညီလိုအပ်ပါက၊ ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ကူညီပံ့ပိုးမှုအဖွဲ့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့သည် သင့်အတွက် အကူအညီပေးရန် အမြဲအသင့်ရှိပါသည်။

လေးစားစွာဖြင့်
LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှု လီမိတက်

အဆင့်နှစ်ဆင့်ပါဝင်သော အတည်ပြုမှုစနစ်ဖြင့် သင်၏လုံခြုံရေးကို မြှင့်တင်ပါ။
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat