လေးစားအပ်ပါသော လူကြီးမင်းများ ခင်ဗျာ
LiteFinance ကုမ္ပဏီသည် မကြာသေးမီကာလအတွင်း ငွေပေးချေမှုကဏ္ဍအပြောင်းအလဲများကြောင့် Perfect Money မှတဆင့် ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများကို ရပ်တန့်လိုက်ပါသည်။ Perfect Money သည် ၎င်း၏ အသုံးပြုနိုင်ခွင့်နှင့် ဝန်ဆောင်မှုအတိုင်းအတာများကို ပြန်လည်ပြင်ဆင်ခဲ့သောကြောင့် ကျွန်ုပ်တို့မှ ဤအဆင့်အား မဖြစ်မနေဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
ဤမဖြစ်မနေလိုက်နာရန် အစီအမံများသည် Perfect Money ကို ပုံမှန်အသုံးပြုသော သုံးစွဲသူများအပေါ် သက်ရောက်မှုရှိမည်ကို ကျွန်ုပ်တို့မှ သိနားလည်ပါသည်။ ငွေဖြည့်သွင်းခြင်းနှင့် ငွေထုတ်ခြင်းများကို ချောမွေ့စွာလုပ်ဆောင်နိုင်ရန် LiveChat မှတဆင့် ကျွန်ုပ်တို့ထံဆက်သွယ်၍ LiteFinance တွင် ရရှိနိုင်သော အခြားငွေပေးချေမှုစနစ်များကို ရွေးချယ်အသုံးပြုပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။
LiteFinance တွင် ယုံကြည်စိတ်ချရသော ငွေပေးချေမှုနည်းလမ်းများစွာကို ရွေးချယ်နိုင်ရန် ဆက်လက်ပံ့ပိုးပေးထားပြီး၊ ကျွန်ုပ်တို့၏ သုံးစွဲသူများအား အဆင့်တိုင်းတွင် ကူညီပေးရန် အသင့်ရှိပါသည်။ လူကြီးမင်း ၏ နားလည်ပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှု လီမိတက်



