လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

Palo Alto Networks Inc. ရှယ်ယာ ၏ stock split ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ #PANW စတော့၏ ကုန်သွယ်ရေးဆိုင်ရာသတ်မှတ်ချက်များတွင် အပြောင်းအလဲများရှိလာမည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။

Palo Alto Networks Inc. ၏ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ ကုန်သွယ်ချိန် ပိတ်သိမ်းပြီးသည့်နောက်တွင် #PANW ၏ 2-for-1 stock split ပြုလုပ်မည့်အစီအစဉ်ကို အတည်ပြုခဲ့ပါသည်။

သို့ပါသောကြောင့် stock split ပြုလုပ်ချိန်၌ #PANW ရှယ်ယာစျေးနှုန်းများမှာ split အချိုးအစားအရ နှစ်ဆ လျော့ကျသွားမည် ဖြစ်ပါသည်။

အကယ်၍ လူကြီးမင်း ထံတွင် #PANW ကို ဖွင့်လှစ်ထားသော ကုန်သွယ်မှုများရှိနေပါက၊ ကျေးဇူးပြု၍ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပါ။

  • Split ပြုလုပ်ချိန်၌ ဖွင့်လှစ်ထားပြီးသော ကုန်သွယ်မှုပမာဏမှာ stock split အချိုးအစာအရ နှစ်ဆ တိုးလာပါမည်ဖြစ်ပါသည်။
  • ကုန်သွယ်မှုဖွင့်လှစ်ရန်အတွက် အော်ဒါအဖွင့်ဈေးနှုန်းမှာ split ပြုလုပ်ချိန်၌ stock splitting အချိုးအစားအလိုက် နှစ်ဆ လျော့ကျသွားမည်ဖြစ်ပါသည်။
  • ဖွင့်ထားသောကုန်သွယ်မှုများအတွက် Stop Loss / Take Profit အော်ဒါများကို split ပြုလုပ်ချိန်တွင် ဖယ်ရှားသွားပါမည်။
  • Pending အော်ဒါများအားလုံး (Buy Limit၊ Sell Limit၊ Buy Stop၊ Sell Stop၊ Buy Stop Limit နှင့် Sell Stop Limit) ကို split ပြုလုပ်ချိန်တွင် ဖယ်ရှားသွားပါမည်။
  • လက်ရှိဖွင့်ထားသော ကုန်သွယ်မှုများအား မည်သည့်အပိုကန့်သတ်ချက်တစုံတရာမရှိပဲ ပုံမှန်အတိုင်း ပိတ်သိမ်းနိုင်ပါသည်။

သတ်မှတ်ချက်အသစ်များပါဝင်မည့် #PANW စတော့များကို စျေးကွက်ဖွင့်ချိန်ဖြစ်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ ကုန်သွယ်နိုင်မည်ဖြစ်ပါသည်။

လူကြီးမင်း ၏ ကုန်သွယ်ရေးဆုံးဖြတ်ချက်များချမှတ်ရာတွင် ဤသတင်းအချက်အလက်အား ထည့်သွင်းစဉ်းစား၍၊ လိုအပ်ပါက လူကြီးမင်း ၏ အလိုအလျောက်ကုန်သွယ်ရေးဆက်တင်များကို ပြန်လည်ချိန်ညှိပါ။

ဤအချက်အလက်များသည် လမ်းညွှန်မှုရည်ရွယ်ချက်အတွက် ဖြစ်ပါသည်။ အခြားဖြစ်နိုင်ဖွယ်ထပ်တိုးအကြောင်းရင်းများ နှင့်/သို့မဟုတ် အပြောင်းအလဲများနှင့်ပတ်သက်၍ သိရှိရန်အတွက် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဤအကြောင်းအရာအား တင်ပြထားသည့် ကြေငြာချက်ကို စစ်ဆေးပါ။

အကယ်၍ မေးလိုသည်များရှိပါက LiveChat မှတဆင့် LiteFinance ၏ သုံးစွဲသူကူညီပံ့ပိုးရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူကြီးမင်း ၏ အကျိုးကိုအစဉ်လိုလားသော

LiteFinance အဖွဲ့

#PANW ၏ 2-for-1 Stock Split
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat