လေးစားရပါသော သုံးစွဲသူများနှင့် မိတ်ဖက်များခ‌င်ဗျာ

၂၀၂၄ ခုနှစ် ကုန်ဆုံးရန် နီးကပ်လာသည်နှင့်အမျှ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုရမည့်အချိန် ကျရောက်လို့ လာပြီ ဖြစ်ပါသည်။ ချစ်ခင်ရပါသော မိတ်ဆွေများခင်ဗျာ၊ နှစ်သစ် ၂၀၂၅ ခုနှစ်မှာ ပျော်ရွှင်မှုအပေါင်းနှင့် ပြည့်စုံပြီး အောင်မြင်မှုများလည်း ရရှိပါစေ ဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ လူကြီးမင်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းထားသည့် အိပ်မက်များအားလုံး လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေကြောင်း နှင့် လူကြီးမင်းတို့၏ မိသားစုဝင်များ အားလုံးသည်လည်း ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်ခင်ဗျာ။

လက်ရှိဖြတ်သန်းနေသောနှစ်တွင် ကျွန်ုပ်တို့သည် ကြိုးစားမှုအသီးအပွင့်များနှင့် အောင်မြင်မှုများကို ခံစားခဲ့ရပါသည်။ ယနေ့တွင်၊ ကျွန်ုပ်တို့၏ တန်ဖိုးထားကျင့်သုံးခဲ့သော အစဉ်အလာအတိုင်း လက်ရှိနှစ်တလျှောက် LiteFinance ၏ ထူးခြားထင်ရှားသော အခိုက်အတန့်များကို ပြန်လည်မြင်ယောင်ကြည့်ကြပါမည်။

  • LiteFinance သည် ကုမ္ပဏီ၏ သုံးစွဲသူများအတွက် ဖြစ်နိုင်သမျှအကောင်းဆုံးသော ကုန်သွယ်ရေးအခြေအနေများကို ပံ့ပိုးပေးရန် ဝန်ခံကတိပြုထားပါသည်။ နှစ်အစပိုင်း၌၊ ကျွန်ုပ်တို့သည် ကုန်သွယ်မှုအမျိုးအစားအားလုံးအတွက် ECN အကောင့်များတွင် ကော်မရှင်ခများနှင့် CLASSIC အကောင့်များတွင် ထပ်ဆောင်းအဖိုးအခများကို များစွာလျှော့ပေါ့သက်သာစေခဲ့ပါသည်။

  • ကျွန်ုပ်တို့သည် liquidity providers များနှင့် တက်ကြွစွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရွေးချယ်စရာ ကုန်သွယ်မှုအမျိုးအစားများကို ဆက်လက်ချဲ့ထွင်သွားပါမည်။ ကျွန်ုပ်တို့သည် ခရစ်ပတိုငွေကြေးအတွဲများ၊ ကုန်စည်များသာမက NASDAQ နှင့် NYSE အိတ်ချိန်းများပေါ်တွင်ကုန်သွယ်သော စတော့ရှယ်ယာအသစ်များစွာကို ကျွန်ုပ်တို့၏ ကုန်သွယ်မှုအမျိုးအစားများစာရင်းသို့ ဖြည့်စွက်ထည့်သွင်းခဲ့ပါသည်။ ထို့အပြင် Hong Kong စတော့များကိုလည်း ရွေးချယ်စုစည်းပေးထားသောကြောင့် ယခုအခါ၊ ကျွန်ုပ်တို့၏ သုံးစွဲသူများသည် Xiaomi၊ Lenovo၊ Geely နှင့် BYD စတော့များကို အရောင်းအဝယ်ပြုလုပ်နိုင်ပြီဖြစ်သည်။ လာမည့်နှစ်တွင် ကျွန်ုပ်တို့သည် ပိုင်ဆိုင်မှုအမျိုးအစားများစာရင်းကို ယခုထက်ပို၍ စုံလင်စေရန် ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်သည်။

LiteFinance: ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် မိတ်ဖက်များအတွက် ပျော်ရွှင်စရာ ၂၀၂၅ နှစ်သစ်မင်္ဂလာဖြစ်ပါစေ | LiteFinance

  • ဖွံ့ဖြိုးတိုးတက်မှုတာဝန်ခံအဖွဲ့သည် LiteFinance Partner အက်ပလီကေးရှင်း အသစ်ကို မိတ်ဆက်လိုက်ပါသည်။ ၎င်းကို ကျွန်ုပ်တို့၏ ရည်ညွှန်းမိတ်ဖက်များအတွက် ပိုမိုထိရောက်စွာအလုပ်လုပ်နိုင်စေရန် ရည်ရွယ်၍ တီထွင်ဖန်တီးပေးထားပါသည်။ ကျွန်ုပ်တို့သည် ကဏ္ဍအသစ်များ၊ လုပ်ဆောင်ချက်အသစ်များဖြင့် ‌အက်ပလီကေးရှင်း အား ပုံမှန်မွမ်းမံမြှင့်တင်သွားပါမည်။ ထို့အပြင် ၂၀၂၅ တွင်၊ ကျွန်ုပ်တို့သည် IOS အသုံးပြုသူများအတွက် ဗာရှင်းအသစ်ကို ထုတ်ဝေရန် စီစဉ်ထားပါသည်။

LiteFinance: ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် မိတ်ဖက်များအတွက် ပျော်ရွှင်စရာ ၂၀၂၅ နှစ်သစ်မင်္ဂလာဖြစ်ပါစေ | LiteFinance

  • ကုမ္ပဏီသည် ငွေဖြည့်သွင်းခြင်းနှင့် ထုတ်ယူခြင်းတို့အတွက် ပိုမိုအဆင်ပြေမြန်ဆန်သော နည်းလမ်းများကို မိတ်ဆက်ထားပါသည်။ ယခုအခါ၊ သုံးစွဲသူများသည် ပြည်တွင်းနှင့် နိုင်ငံတကာဘဏ်များမှငွေလွှဲခြင်း၊ debit/credit ကဒ်များနှင့် ခရစ်ပတိုငွေကြေးများမှတဆင့် ၎င်းတို့၏ STICPAY wallets အကောင့်များသို့ ငွေဖြည့်သွင်းနိုင်ပြီ ဖြစ်ပါသည်။ ငွေအပေးအယူ လုပ်ငန်းစဉ်အားလုံးကို လုံခြုံစိတ်ချရသော နည်းစနစ်ဖြင့် လျင်မြန်စွာ ဆောင်ရွက်ပေးပါသည်။

  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အမှတ်တံဆိပ်၏ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုခံရမှုအား ဆက်လက်မြှင့်တင်သွားရန် အလေးအနက် အာရုံစိုက်ပါသည်။ LiteFinance သည် ထင်ရှားသော ပရီးမီးယားလိဂ်ဘောလုံးအသင်း Leicester City နှင့် နှစ်များစွာ ပူးပေါင်းဆောင်ရွက်မှုတခုကို အတူတကွဖွဲ့စည်းခဲ့သည်။ကျွန်ုပ်တို့သည် တူရကီတွင် ကိုယ်စားလှယ်ရုံးခွဲတခုကိုလည်း အသစ်ဖွင့်လှစ်ခဲ့ပြီး၊ ကျွန်ုပ်တို့၏ သုံးစွဲသူဆိုင်ရာ အကူအညီဝန်ဆောင်မှုများအား တူရကီနိုင်ငံအတွက် ထပ်မံချဲ့ထွင်ခဲ့ပါသည်။

LiteFinance: ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် မိတ်ဖက်များအတွက် ပျော်ရွှင်စရာ ၂၀၂၅ နှစ်သစ်မင်္ဂလာဖြစ်ပါစေ | LiteFinance

ဤသည်မှာ လူကြီးမင်း မပါဝင်ပဲ ဖြစ်မြောက်နိုင်မည်မဟုတ်သော ကျွန်ုပ်တို့၏ အောင်မြင်မှုများနှင့် ဖြစ်စဉ်များ၏ သေးငယ်သောတစိတ်တပိုင်းသာဖြစ်ပါသည်။ လူကြီးမင်း၏ ယုံကြည်မှုနှင့် ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအရည်အသွေးကို တနှစ်ထက် တနှစ် ဆက်လက်မြှင့်တင်သွားပါမည်။

LiteFinance သည် ကုမ္ပဏီ၏ နှစ် ၂၀ မြောက် နှစ်ပတ်လည်ကို ဂုဏ်ပြုကျင်းပမည်ဖြစ်သောကြောင့်၊ ၂၀၂၅ ခုနှစ်သည် ကျွန်ုပ်တို့အတွက် သိသာထင်ရှားသော အောင်မြင်မှုမှတ်တိုင်တခုကို အမှတ်အသားပြုပါသည်။ ဤထူးခြားသော အခါသမယကို အမှတ်တရဖြစ်စေရန်အတွက်၊ ကျွန်ုပ်တို့သည် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ဆုကြေးငွေပါဝင်သည့် စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲအစီအစဉ်တရပ်ကို စီစဉ်ဖန်တီးထားပါသည်။ ကျွန်ုပ်တို့နှင့် အစဉ်အမြဲအတူရှိ၍ အံ့အားသင့်ဖွယ်ရာနှစ်သစ်ကူးသတင်းထူးများအတွက် ဇန်နဝါရီလ ၁ ရက်နေ့တွင် LiteFinance သတင်း ဖော်ပြရာ စာမျက်နှာကို ကြည့်ရှုပါ

LiteFinance: ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် မိတ်ဖက်များအတွက် ပျော်ရွှင်စရာ ၂၀၂၅ နှစ်သစ်မင်္ဂလာဖြစ်ပါစေ | LiteFinance

၂၀၂၅ ခုနှစ် နှစ်သစ်မင်္ဂလာအတွက် ဆုမွန်ကောင်းများစွာဖြင့်၊

LiteFinance အဖွဲ့သားများ

ပျော်ရွှင်ဖွယ်ရာ ၂၀၂၅ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျာ
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat