လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ
လူကြီးမင်းအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ် ဖြစ်ပါစေကြောင်း LiteFinance အဖွဲ့မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ဤတောက်ပသော အားလပ်ရက်သည် လူကြီးမင်းထံသို့ ကျန်းမာမှု၊ စိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုများကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ လူကြီးမင်း၏ အရိပ်အမြုံနှင့် မိသားစုတွင် နွေးထွေးမှုများ၊ နှစ်သိမ့်ကျေနပ်မှုများဖြင့် ပြည့်စုံပါစေ၊ လူကြီးမင်း၏ ကြိုးပမ်းအားထုတ်မှုများမှ အသီးအပွင့်များ ဖြစ်ထွန်းပါစေ။
လူကြီးမင်း၏ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုပန်းတိုင်များဆီသို့ လျှောက်လှမ်းသောခရီးစဉ်တွင် အားဖြည့်ကူညီခွင့်ရသည့်အတွက် ကျွန်ုပ်တို့မှ အထူးပင်ကျေနပ်ဂုဏ်ယူမိပါသည်။ ကမ္ဘာလုံးဆိုင်ရာဈေးကွက်များအတွင်း ကုန်သွယ်မှုဆောင်ရွက်ရာတွင် လူကြီးမင်းအတွက် ပိုမိုကောင်းမွန်၍ ပိုမိုအဆင်ပြေမှုရှိသော နည်းလမ်းများဖြင့် ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ဆက်လက်မြှင့်တင်သွားပါမည်။
နှစ်သစ်အချိန်အခါနီးကပ်လာသည်နှင့်အမျှ၊ ကျွန်ုပ်တို့သည် LiteFinance ၏ ထင်ရှားသောအောင်မြင်မှုမှတ်တိုင်တခုဖြစ်သည့်— အနှစ် ၂၀ ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုကျင်းပရန် အထူးပင် ဝမ်းမြောက်စိတ်လှုပ်ရှားလျက်ရှိပါသည်။ ကျွန်ုပ်တို့အဖွဲ့သားများသည် ဤထူးခြားသောအခါသမယကို အမှတ်တရဖြစ်စေရန်အတွက် အမေရိကန်ဒေါ်လာတသန်းကျော်ဆုကြေးငွေနှင့်အတူ တမူထူးခြားသော နှစ်ပတ်လည်ပြိုင်ပွဲအစီအစဉ်တရပ်ကို စီစဉ်ရေးဆွဲထားပါသည်။ သတင်းအချက်အလက်အသစ်များအတွက် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို စောင့်ကြည့်နေပါ။ မကြာမီအချိန်အတွင်း စိတ်လှုပ်ရှားဖွယ်ရာ အသေးစိတ်အချက်အလက်များကို အပြည့်အစုံ ကြေငြာပေးမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်း၏ ယုံကြည်မှုနှင့် လက်တွဲဆောင်ရွက်မှုအတွက် အထူးပင် တန်ဖိုးထားကျေးဇူးတင်ရှိပါသည်။
အကောင်းဆုံး ဆုတောင်းမေတ္တာများဖြင့်၊
LiteFinance အဖွဲ့သားများ



