ချစ်ခင်လေးစားရပါသော clients များနှင့် ပါတနာများခင်ဗျာ၊

LiteFinance သည် ဘဏ္ဍာရေးစျေးကွက်များတွင် ၎င်း၏ ၂၀ နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်ကို ပြုလုပ်ရှိသောကြောင့် ယနေ့သည် ထူးခြားသော အခါသမယဖြစ်ပါသည်။ စတင်တည်ထောင်ခဲ့သည့် 2005 ခုနှစ် ဇူလိုင်လမှစတင်၍ LiteFinance သည် ၎င်း၏ဝန်ဆောင်မှုများနှင့် ကမ်းလှမ်းမှုများ၏ အရည်အသွေးကို မြှင့်တင်လာခဲ့ပြီး၊ စဉ်ဆက်မပြတ် တိုးတက်အောင်မြင်ခဲ့ကာ၊ ဘဏ္ဍာရေးနည်းပညာနယ်ပယ်တွင် အသစ်သောစံနမူနာများကို ချမှတ်နိုင်ခဲ့ပါသည်။

LiteForex အဖြစ် ကျွန်ုပ်တို့၏ ကနဦးရက်စွဲများမှစတင်၍ ကျွန်ုပ်တို့သည် ကြီးမားသော ရည်မှန်းချက်များကို ချမှတ်ကာ စဉ်ဆက်မပြတ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့ရရှိခဲ့သော နိုင်ငံတကာဆုတံဆိပ်များစွာသည် ဤအောင်မြင်မှုများ၏ သက်သေပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့၏ clients များနှင့် ဝန်ဆောင်မှုအရည်အသွေးသည်သာလျှင် ကျွန်ုပ်တို့၏ ထိပ်တန်းဦးစားပေးမှုများ အမြဲဖြစ်၍နေပါမည်။

ယနေ့သည် LiteFinance အတွက် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော ကုန်သည်များ၏ ယုံကြည်မှုကို ရရှိစေခဲ့သည့် ကျွန်ုပ်တို့၏ အောင်မြင်မှုများကို ပြန်လည်ထင်ဟပ်မြင်ယောင်ရမည့် အချိန်ဖြစ်ပါသည်။

ဆန်းသစ်တီထွင်မှုမှတဆင့် လူအများကို ခွန်အားဖြစ်စေခြင်း

ကုမ္ပဏီသည် ထောင်ပေါင်းများစွာသော ကုန်သည်များအတွက် အွန်လိုင်းကုန်သွယ်မှုကို စူးစမ်းလေ့လာနိုင်စေသည့် cent အကောင့်များကို မိတ်ဆက်ပေးခဲ့သော ပထမဆုံးအကျိုးဆောင်ကုမ္ပဏီဖြစ်လာခဲ့ပါသည်။ ဤဖြေရှင်းချက်သည် အလွန်အောင်မြင်ခဲ့ကြောင်း အခြားသော ဘဏ္ဍာရေးနည်းပညာကုမ္ပဏီများမှ တသွေမတိမ်း လိုက်လံကျင့်သုံးခဲ့ခြင်းက သက်သေပြခဲ့ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ clients များအား အကောင်းမွန်ဆုံးသော ကုန်သွယ်မှုအခြေအနေများကိုပေးဆောင်ရန် အစဉ်အမြဲ ကြိုးစားနေပါသည်။ ကျွန်ုပ်တို့အသင်းအဖွဲ့သည် ECN အကောင့်များနှင့် CLASSIC အကောင့်များတွင် ကော်မရှင်အဖိုးအခများ(markups)ကို သိသိသာသာလျှော့ချပေးသည့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့ပါသည်။

LiteFinance: LiteFinance သည် ၎င်း၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါသည်။

LiteFinance ၏ clients များသည် ၎င်းတို့၏ လိုအပ်ချက်များဖြင့် အကိုက်ညီဆုံးသော ကုန်သွယ်မှုပလပ်ဖောင်းကို လွပ်လပ်စွာ ရွေးချယ်နိုင်ပါသည်။ ကုမ္ပဏီသည် MT4၊ MT5 နှင့် cTrader တို့ကို အသုံးပြုခွင့်ပေးသကဲ့သို့၊ ၎င်း၏ ကိုယ်ပိုင် LiteFinance ဝဘ်ပလပ်ဖောင်းကိုလည်း ပံ့ပိုးပေးပါသည်။ ထူးခြားချက်မှာ၊ အဆိုပါဝဘ်ပလပ်ဖောင်းသည် အခြားပလပ်ဖောင်းများမှ ပံ့ပိုးပေးသော ဖြေရှင်းချက်အားလုံးကို ခြုံငုံလွှမ်းခြုံထားခြင်း ဖြစ်သည်။ ပလပ်ဖောင်းကို မည်သည့် စက်(device)တွင်မဆို ဖွင့်လှစ်အသုံးပြုနိုင်သောကြောင့် ကမ္ဘာအဝှမ်းရှိ မည်သည့်နေရာမှမဆို သက်တောင့်သက်သာဖြင့် ကုန်သွယ်မှုပြုလုပ်နိုင်ပါသည်။

LiteFinance သည် မိုဘိုင်းအပ်ပလီကေးရှင်းများ တီထွင်ဖန်တီးရာတွင်လည်း ထူးချွန်ပါသည်။ LiteFinance Mobile Trading app သည် ကျယ်ပြန့်သော ကုန်သွယ်ရေးပိုင်ဆိုင်မှုများ၊ နည်းပညာဆိုင်ရာ ညွှန်ပြကိရိယာများနှင့် ပရော်ဖက်ရှင်နယ် ခွဲခြမ်းစိတ်ဖြာမှုများအပါအဝင် ဒက်စတော့တာမီနယ်မှ သင်မျှော်လင့်ထားသမျှ အရာအားလုံးကို ပံ့ပိုးပေးပါသည်။ ထို့အပြင်၊ LiteFinance Partner app သည် referrals(ပါတနာမှရည်ညွှန်းသူ)များကို စီမံခန့်ခွဲသည့် လုပ်ငန်းစဉ်ကို သိသိသာသာ လွယ်ကူချောမွေ့စေပါသည်။

LiteFinance: LiteFinance သည် ၎င်း၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါသည်။

အသုံးပြုသူဦစားပေး ချဉ်းကပ်မှုပုံစံ

ကျွန်ုပ်တို့၏ clients များသည် အောင်မြင်သောကုန်သွယ်ရေးအတွက် အခွင့်အလမ်းပေါင်းစွာကို ပိုင်ဆိုင်ထားကြောင်း LiteFinance မှ သေချာစေပါသည်။ ထို့ကြောင့်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကုန်သွယ်မှုအမျိုးအစားများစာရင်းကို ပုံမှန်ချဲ့ထွင်ပါသည်။ လက်ရှိတွင်၊ အောက်ပါတို့အပါအဝင် ပိုင်ဆိုင်မှုပေါင်း ၃၀၀ ကျော်ခန့်ကို ရရှိနိုင်ပါသည် -

  • ငွေကြေးအတွဲများ -
  • စ‌တော့ညွှန်းကိန်းများ၊
  • အဖိုးတန်သတ္တုများ၊
  • ရေနံနှင့် သဘာဝဓာတ်ငွေ့၊
  • အရေးပါသော ကုမ္ပဏီကြီးများ၏ ရှယ်ယာများ၊
  • ခရစ်ပတိုငွေကြေးအတွဲများ
  • လယ်ယာစိုက်ပျိုးရေးကုန်စည်များ။

LiteFinance သည် clients များအတွက် အဆက်မပြတ် ပံ့ပိုးကူညီမှုနှင့် ပွင့်လင်းသောဆက်သွယ်ပြောဆိုမှုကို ပံ့ပိုးပေးခြင်းအား ဦးစားပေးပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာအဝှမ်းရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်တွင် ကိုယ်စားလှယ်ရုံးခွဲများ ထားရှိပါသည်။ နှစ်စဉ်နှစ်တိုင်း၊ LiteFinance အမှတ်တံဆိပ်အား ကိုယ်စားပြုသော ပါတနာများ၏ အရေအတွက်မှာ ဆက်လက်တိုးတက်နေပြီး၊ clients များအနေဖြင့် မည်သည့်တည်နေရာတွင်ရှိနေပါစေ ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ကျွမ်းကျင်သောအကြံပြုချက်များကို ရရှိနိုင်ကြောင်း သေချာစေပါသည်။

ထူးခြားကောင်းမွန်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့်အပြင်၊ LiteFinance သည် ၎င်း၏ clients များနှင့် ပါတနာများအား ပြိုင်ပွဲများနှင့် ပရိုမိုးရှင်းအစီအစဉ်များစွာတွင် ပါဝင်ခွင့်ရပြီး မိုင်အပိုများကို လျှောက်လှမ်းခွင့်ရစေပါသည်။ ဥပမာအားဖြင့်၊ 2020 ခုနှစ်အတွင်း တင်းကြပ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များကြားမှပင်၊ ကုမ္ပဏီသည် အိမ်တလုံးပိုင်ဆိုင်ခွင့်၊ ကားဝယ်ယူခွင့်ဘောက်ချာနှင့် နောက်ဆုံးပေါ် Apple စက်ပစ္စည်းများအပါအဝင် ဆုလက်ဆောင်များစွာဖြင့် ကြီးကျယ်ခမ်းနားသော LiteFinance Dream Draw ပရိုမိုးရှင်းအား စီစဉ်ကျင်းပပေးခဲ့သည်။ ယခုအခါ ၎င်း၏ နှစ် ၂၀ ပြည့် ရတုသဘင်ကို ဂုဏ်ပြုကျင်းပရန်အတွက်၊ LiteFinance သည် $1,000,000 ကျော်တန်ဖိုးရှိသည့် ကြီးမား‌သော ဆုကြေးရန်ပုံငွေနှင့်အတူ နှစ်ပတ်လည်စိန်ခေါ်ပြိုင်ပွဲအစီအစဉ်ကို ကျင်းပလျှက်ရှိပါသည်။

LiteFinance — ကျွမ်းကျင်သူများ၏ ယုံကြည်အားထားရာအဖြစ် အချိန်နှင့်အမျှ သက်သေပြခဲ့ပြီးသော

ကုမ္ပဏီ၏ အောင်မြင်မှုများကို နိုင်ငံတကာဆုတံဆိပ်များစွာဖြင့် အသိအမှတ်ပြုခံခဲ့ရပြီးဖြစ်ပါသည်။ လက်ရှိတွင်၊ LiteFinance သည် ၎င်း၏စုတံဆိပ်စုဆောင်းမှုတွင် ဆုဖလားပေါင်း 31 ခု ရရှိထားပါသည်။ ယမန်နှစ်တနှစ်တည်း၌ပင်လျှင် ကျွန်ုပ်တို့သည် အာဖရိကရှိ စတင်လေ့လာသူများအတွက် အကောင်းဆုံးကုန်သွယ်ရေးအခြေအနေများ၊ အကောင်းဆုံး အရှေ့အလယ်ပိုင်း ECN အကျိုးဆောင်၊ အာရှအကာင်းဆုံး ကူးယူကုန်သွယ်ရေးပလပ်ဖောင်း၊ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးနယ်ပယ်အတွင်း အကောင်းဆုံး နည်းပညာပေါင်းစပ်အသုံးချမှု၊ ကမ္ဘာအဝှမ်း ရင်းနှီးမြှုပ်နှံသူအသစ်များအတွက် ယုံကြည်စိတ်ချရမှုအရှိဆုံးအကျိုးဆောင်ဟူသော ဂုဏ်သိက္ခာကြီးမားသည့် အသိအမှတ်ပြုဆုတံဆိပ် ငါးခုကို ရရှိခဲ့ပါသည်။

LiteFinance: LiteFinance သည် ၎င်း၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါသည်။

ကျွန်ုပ်တို့၏ စံအတိုင်းအတာများ

  • တက်ကြွလှုပ်ရှားသောကုန်သည်ပေါင်း 3.5 မီလီယံကျော်
  • $ 17 ဘီလီယံ — နေ့စဉ်ပျမ်းမျှကုန်သွယ်မှုပမာဏ
  • 650,000 — တနေ့တာပျမ်းမျှ‌ ကုန်သွယ်မှုအရေအတွက်

ကျွန်ုပ်တို့၏ နှစ်နှစ်ဆယ်မြောက် မွေးနေ့ကို ကျင်းပရာတွင်၊ ကျွန်ုပ်တို့၏ clients များအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း အလေးအနက် ဖော်ပြလိုပါသည်။ LiteFinance သည် အရည်အသွေးမြင့်စံနှုန်းများကို ဆက်လက်ထိန်းသိမ်းရန်နှင့် မူပိုင်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ကြိုးပမ်းသွားမည်ကို အာမခံကတိပြုပါသည်။ အွန်လိုင်းကုန်သွယ်မှုကို တကမ္ဘာလုံးအတ်ိုင်းအတာဖြင့် လွယ်ကူစွာရရှိနိုင်စေရန် ကျွန်ုပ်တို့သည် ဖြစ်နိုင်သမျှ အရာအားလုံးကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ LiteFinance ကို ရွေးချယ်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်တို့၏ပါတနာများ၊ ဒေသဆိုင်ရာကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါသည်။ သင်၏ကြိုးစားအားထုတ်မှုသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို မြှင့်တင်ပေးရုံသာမက ကျွန်ုပ်တို့၏ clients များနှင့် ခိုင်မာသောချိတ်ဆက်မှုကို ဆက်လက်ထိန်းသိမ်းရန်အတွက်လည်း သေချာမှုရှိစေပါသည်။

LiteFinance ၏ 20 နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့်၊ ကျွန်ုပ်တို့သည် ထပ်တူမရှိ‌သော ပြိုင်ပွဲအစီအစဉ်တရပ်ကို ကျင်းပနေပါသည်။ ကုမ္ပဏီ၏ သမိုင်းတလျှောက် အကြီးဆုံးစိန်ခေါ်ပြိုင်ပွဲတွင် တစိတ်တပိုင်းအဖြစ် အချိန်မဆိုင်း ပူးပေါင်းပါဝင်ပါ။

အဘယ်ကြောင့်ပါဝင်ဆင်နွှဲသင့်သနည်း။

  • တနှစ်တာအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သန်းကျော်တန်ဖိုးရှိသည့် ငွေသားဆု ၆၃၃ ဆုအား ချီးမြှင့်သွားမည်ဖြစ်သည်။
  • လူကြီးမင်းသည် ဆုလက်ဆောင်များကို အပတ်စဉ်တိုင်း ရယူနိုင်ပါသည်။
  • အကြီးဆုံးဆုလက်ဆောင်မှာ $50,000 ဖြစ်သည်။
  • အထူးဆုများ- ပြိုင်ပွဲအနိုင်ရရှိသူများနှင့် LiteFinance ၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ဒူဘိုင်းတွင်တည်ခင်းဧည့်ခံမည့် ပျော်ရွှင်ဖွယ်ရာဇိမ်ခံညစာစားပွဲသို့ ဖိတ်ကြားလွှာ ၂၀။

LiteFinance: LiteFinance သည် ၎င်း၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါသည်။

ဆုများကိုမည်ကဲ့သို့ အနိုင်ရရှိမည်နည်း။

  • ကြိမ်ဖန်များစွာ ကုန်သွယ်ပါ — လူကြီးမင်းသည် ပို၍တက်ကြွစွာ ကုန်သွယ်မှုလုပ်ဆောင်လေလေ၊ ပွိုင့်များကို ပိုမိုရရှိနိုင်လေလေဖြစ်ပြီး အနိုင်ရရန်အခွင့်အရေးပိုများမည်ဖြစ်သည်။
  • လူကြီးမင်း၏ မိတ်ဆွေအပေါင်းအသင်းများကို ရည်ညွှန်းပေးပါ — ပါဝင်သူအသစ်များအား လူကြီးမင်း၏ ရည်ညွှန်းလင့်ခ်ကို အသုံးပြု၍ မှတ်ပုံတင်စာရင်းပေးသွင်းရန် ဖိတ်ခေါ်ပါ။ လူကြီးမင်း၏ မိတ်ဆွေအပေါင်းအသင်းများ ပို၍ ပူးပေါင်းကာ ကုန်သွယ်မှုပြုလုပ်လေလေ၊ လူကြီးမင်း ရရှိနိုင်သောပွိုင့်အရေအတွက် ပိုများလေလေ ဖြစ်ပါသည်။
  • လူကြီးမင်း၏ တိုးတက်မှုကို ခြေရာခံပါ — သင်၏ အဆင့်သတ်မှတ်ချက်ကို စောင့်ကြည့်ပါ၊ သင်၏ နည်းဗျူဟာများက်ု မွမ်းမံချိန်ညှိပါ၊ ထို့နောက် တုံ့ပြန်ဆုလာဘ်များကို ရယူပါ။

LiteFinance ၏ မှတ်ပုံတင်စာရင်းပေးသွင်းထားသော clients များအားလုံးသည် ၂၀ နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်အတွက် ရည်ရွယ်ကျင်းပသော စိန်ခေါ်ပြိုင်ပွဲတွင် အလိုအလျောက် ပါဝင်ပြီးသား ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို ပြိုင်ပွဲ၏ တရားဝင်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါသည်။

လေးစားစွာဖြင့်၊

LiteFinance အဖွဲ့

LiteFinance သည် ၎င်း၏ 20 နှစ်မြောက်နှစ်ပတ်လည်ကို ဆင်နွှဲနေပါသည်။
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat