လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

ကုန်သွယ်ရေးအကောင့်များ၏ ပြင်ဆင်ထားသော သတ်မှတ်ပြဌာန်းချက်များကို ကျေးဇူးပြု၍ ထည့်သွင်းစဉ်းစားပါ။ ၁၈.၁၁.၂၀၂၂ ခုနှစ်မှစ၍ ကြိုတင်အော်ဒါများ (pending orders) အပါအဝင် တစ်ပြိုင်နက် ဖွင့်ထားသော အရောင်းအဝယ် အများဆုံးအရေအတွက်သည် ECN အကောင့်များတွင် အကြောင်းရေ ၅၀၀ နှင့် CLASSIC အကောင့်များတွင် အကြောင်း‌ရေ ၃၀၀ ဖြစ်သည်။

ဤကန့်သတ်ချက်များသည် LiteFinance အကောင့်များဖြင့် ကုန်သွယ်သည့်လူကြီးမင်းတို့၏ကုန်သွယ်မှုအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် အကောင့်လုပ်ဆောင်ချက်များ ဝန်ပိုမဖြစ်အောင် ကာကွယ်ပေးရန် ရည်ရွယ်ပါသည်။ သို့ရာတွင် ကုန်သွယ်မှုဗျူဟာများသည် များပြားသည့်အရောင်းအဝယ်အရေအတွက်များ တပြိုင်နက်တည်း ဖွင့်လှစ်ရန် အချက်မပြသောကြောင့် ဤပြင်ဆင်ချက်များသည် ကျွန်ုပ်တို့၏ သုံးစွဲသူအများစုအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ။

ကန့်သတ်ချက်သို့ ရောက်ရှိပြီးသည်နှင့် အကောင့်အမျိုးအစားပေါ် မူတည်၍ အကောင့်တစ်ခုတွင် ဖွင့်ထားသော အော်ဒါအရေအတွက်မှာ ၃၀၀ သို့မဟုတ် ၅၀၀ ရှိနှင့်ပြီးပါက အရောင်းအဝယ်အသစ်များ ထပ်ဖွင့်၍မရတော့ပါ။ ဈေးကွက်တွင်ဖွင့်ထားသော အရောင်းအဝယ်များကို အချိန်မရွေး ပိတ်နိုင်သည်။ ကန့်သတ်အရေအတွက် မရောက်ရှိမီ ပြုလုပ်ထားသောကြိုတင်အော်ဒါများ (pending orders) အနေဖြင့် ၎င်းတို့၏ အရေအတွက်သည် ကန့်သတ်အရေအတွက်များထက် ကျော်လွန်နေလျှင်ပင် အလုပ်လုပ်မည်ဖြစ်သည်။

အရောင်းအ၀ယ်အတွက် ဆုံးဖြတ်ချက်များ ချမှတ်သောအခါတွင် ဤအချက်အလက်ကို ထည့်သွင်းစဉ်းစားပါ။

လေးစားစွာဖြင့်

LiteFinance

CLASSIC နှင့် ECN အကောင့်များတွင် တစ်ပြိုင်နက် ဖွင့်လှစ်ထားသော အော်ဒါအရေအတွက်မှာ အကန့်အသတ်ရှိမည်ဖြစ်သည်။
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat