လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ
ကျွန်ုပ်တို့၏ liquidity provider သည် အောက်ပါ စတော့အင်းဒက်စ် များ၏ စာချုပ်သတ်မှတ်ချက်အား ဆယ်ဆတိုးထားကြောင်း အသိပေးအပ်ပါသည်။
- ASX200
- CAC
- FDAX
- FTSE
- HK50
- IBEX35
- NI225
- NQ
- SPX
- SX5E
- YM
ဖွင့်ထားသော အရောင်းအ၀ယ်ပမာဏနှင့် လက်ရှိပြုလုပ်ထားသော ကြိုတင်အော်ဒါ (pending orders) များ၏ ပမာဏကို စျေးကွက်အနေအထားအရ ဟန်ချက်ညီစေရန် ဆယ်ဆလျှော့ချမည်ဖြစ်သည်။
ချိန်ညှိမှုပြုလုပ်ခြင်းသည် ၂၀၂၂ ဒီဇင်ဘာလ ၁၇ နှင့် ၁၈ တွင် ဆောင်ရွက်ရန်စီစဉ်ထားပြီး ကုန်သွယ်မှုအချိန်ပြင်ပဖြစ်သည်။
အထက်ဖော်ပြပါ ကုန်သွယ်ရေးအမျိုးအစားများတွင် ဖွင့်ထားသော အရောင်းအ၀ယ်ပမာဏသည် ချိန်ညှိမှုပြုလုပ်သည့် အချိန်တွင် ဆယ်ဆလျော့ကျသွားမည်ဖြစ်ကြောင်း သတိပြုပါ။
ကျေးဇူးပြု၍ ၁၉.၁၂.၂၀၂၂ ခုနှစ် ကုန်သွယ်ချိန်မဖွင့်မီ အထက်ပါစတော့အင်းဒက်စ်များ အား ရောင်းဝယ်သည့်အခါ လိုအပ်သော ကုန်သွယ်မှုဆိုင်ရာဆုံးဖြတ်ချက်များချမှတ်လျှင် ဤပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစားပေးပါ။ ထို့အတူ သင်၏ကုန်သွယ်ရေးရာ အလိုအလျောက်စနစ်များအား ချိန်ညှိသင့်ပါက ချိန်ညှိရန်လည်း သတိပြုပေးပါ။
လေးစားစွာဖြင့်
LiteFinance



