လေးစားအပ်ပါသော ဖောက်သည်တော်များနှင့် လုပ်ဖော်ကိုင်ဖက်များခင်ဗျာ
ယခုအခါ ၂၀၂၂ ခုနှစ်၏ နှစ်ကုန်ချိန်သို့ ရောက်ရှိလာပါပြီ။ ယခုနှစ်သည် LiteFinance အတွက် လုပ်ငန်းလုပ်ကိုင်မှုများသောနှစ်ဖြစ်ပြီး အခမ်းအနားပွဲ များစွာကျင်းပခဲ့သောနှစ်ဖြစ်၍ လူကြီးမင်းတို့၏ပံ့ပိုးမှုနှင့် ယုံကြည်မှုတို့အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ၂၀၂၃ နှစ်သစ်တွင် လူကြီးမင်းနှင့်တကွ လူကြီးမင်းတို့၏မိသားစုအပေါင်း စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံပြီး ကုန်သွယ်ရေးဈေးကွက်တွင် အောင်မြင်ပါစေကြောင်း လေးစားစွာ ဆန္ဒပြုအပ်ပါသည်။ ပျော်ရွှင်စရာအားလပ်ရက်များ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း လူကြီးမင်းတို့၏ လိုအင်ဆန္ဒများအားလုံး ပြည့်စုံကြပါစေ။
အစဉ်အလာကောင်းတစ်ခုအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်းရှိ LiteFinance ၏ အရေးပါသောဖြစ်စဉ်များအား အမှတ်ရစေလိုပါသည်။
ကျွန်ုပ်တို့၏ကုမ္ပဏီသည် ကမ္ဘာ့ဒေသအသီးသီးတွင် ကုမ္ပဏီ၏လုပ်ငန်းများကို ဆက်လက်တိုးချဲ့လျက်ရှိသည်။ ၂၀၂၂ ခုနှစ်တစ်နှစ်တည်းတွင် နိုင်ငံတကာရုံးပေါင်း ၁၄ ရုံး အထိ ဖွင့်လှစ်နိုင်ခဲ့သည်။ ဤသို့ အားကြိုးမာန်တက် တိုးချဲ့ခြင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု အရည်အသွေးကို မြှင့်တင်ရန်နှင့် ဘဏ္ဍာရေးစျေးကွက်များတွင် ကုန်သည်တိုင်းကုန်သွယ်မှုပြုလုပ်နိုင်စေရန် ဖြစ်သည်။
ယခုနှစ် ၂၀၂၂ ခုနှစ်တွင် အရေးပါသည့် နိုင်ငံတကာဆုများကိုလည်း ရရှိခဲ့ပါသည်။ LiteFinance အနေဖြင့် အကြီးဆုံးဘဏ္ဍာရေးပြပွဲဖြစ်သည့် Smart Vision Investment EXPO-2022 တွင် အကောင်းဆုံး လက်လီ Forex ကုန်သွယ်ရေးအကျိုးဆောင် နှင့် Gazet International magazine မှ ချီးမြှင့်သည့် အရှေ့အလယ်ပိုင်းရှိ အကောင်းဆုံး ECN ကုန်သွယ်ရေးအကျိုးဆောင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။ ကျွန်ုပ်တို့၏ အောင်မြင်မှုများကိုလည်း UK မဂ္ဂဇင်း Global Brands တွင် ဖော်ပြခဲ့သည်။ LiteFinance သည် MENA နိုင်ငံများ၏ ဆန်းသစ်တီထွင်မှုအရှိဆုံး ECN ကုန်သွယ်ရေးအကျိုးဆောင်ဆုနှင့် အာရှ၏ ဆန်းသစ်တီထွင်မှုအရှိဆုံး ဒေသတွင်း Forex ကုန်သွယ်ရေးအကျိုးဆောင်ဆုများကို ရရှိခဲ့ပါသည်။
ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ကုန်သွယ်ရေးဈေးကွက်ပံ့ပိုးပေးသူ များနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး ကုန်သွယ်ရေးအမျိုးအစားစာရင်းကို တိုးချဲ့မည်ဖြစ်ပါသည်။ ယခုအခါ LiteFinance ကုန်သည်များအနေဖြင့် ဥရောပကုမ္ပဏီများ၏ စတော့ရှယ်ယာများနှင့် သဘာဝဓာတ်ငွေ့များ၏ CFDs များကို ကုန်သွယ်နိုင်ပြီဖြစ်ပါသည်။ ထို့အပြင် NYSE နှင့် NASDAQ အတွက်ရရှိနိုင်သည့်ကုန်သွယ်ရေးအမျိုးအစားစာရင်းကိုလည်း တိုးချဲ့ထားပါသည်။
ထို့အပြင် ကျွန်ုပ်တို့၏ နည်းပညာအဖွဲ့သည် LiteFinance အွန်လိုင်းပလပ်ဖောင်းအား ထိရောက်သော အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး မိုဘိုင်းရောင်းဝယ်ရေးအက်ပလီကေးရှင်းကို ကောင်းစွာမွမ်းမံနိုင်ခဲ့သည်။ ကျွန်ုပ်တို့သည် နည်းပညာဆိုင်ရာ အညွှန်းကိန်းများနှင့် ဇယားခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများ၏ အသုံးချကိရိယာအစုံကို တိုးချဲ့ထားပါသည်။ မိုဘိုင်းအက်ပလီကေးရှင်းသည် သိသိသာသာ ပိုမိုမြန်ဆန်တည်ငြိမ်လာပြီး အသုံးပြုရ ပိုမိုအဆင်ပြေလာပါသည်။
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ဖောက်သည်တော်များနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို လေးနက်စွာဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။ ဖောက်သည်တော်များနှင့်လုပ်ဖော်ကိုင်ဖက်များ၏ ပံ့ပိုးကူညီမှုကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်နိုင်ပြီး ရည်မှန်းချက်အသစ်များဆီသို့ ရောက်ရှိနိုင်စေပါသည်။
နောက်ဆုံးထွက် Apple ထုတ်ကုန်များအပြင် ငွေသားဆုများ ဆွတ်ခူးနိုင်သည့် ကျွန်ုပ်တို့၏ အစဉ်အလာမပြတ် နှစ်သစ်ကူး ပရိုမိုးရှင်းအစီအစဉ်အား ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို နှစ်သစ်ကူး ပရိုမို ၂၀၂၃ စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
နှစ်သစ်အတွက် ဆုမွန်ကောင်းများစွာဖြင့်
LiteFinance team



