လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

ကုန်သွယ်ရေးဆာဗာချိန် (၁၈.၁၁.၂၀၂၃) စနေနေ့ နံနက် ၁၀:၀၀ မှ (၁၉.၁၁.၂၀၂၃) တနင်္ဂနွေနေ့ နံနက် ၁၀:၀၀ အထိ MT5 ကုန်သွယ်ရေးဆာဗာများပေါ်တွင် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကုန်သွယ်ရေးဆာဗာချိန်မှာ GMT+2 ဖြစ်ပြီး ကုမ္ပဏီ၏ ကုန်သွယ်ရေးတာမင်နယ်တွင် ပြသထားသည်။

ထို့ကြောင့် ဤကာလအတွင်း MT5 တာမင်နယ် ဆာဗာများပေါ်ရှိ ကုန်သွယ်ရေးအကောင့်အမျိုးအစားအားလုံးနှင့်ချိတ်ဆက်၍ ရမည်မဟုတ်ပါ။

ထို့အပြင် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နေသည့်ကာလအတွင်း၌ Client's Profile အတွင်းရှိ ကုန်သွယ်မှုမှတ်တမ်း၊ လက်ကျန်ငွေလွှဲပြောင်းမှုများနှင့် လက်ကျန်ငွေပမာဏအပါအဝင် သက်ဆိုင်ရာအကောင့်များရှိ အချက်အလက်များကို ဖော်ပြရာတွင် မှားယွင်းမှုများရှိနေနိုင်ပါသည်။ ကိုယ်ပိုင် ကုန်သွယ်ရေးအကောင့်အချင်းချင်း လက်ကျန်ငွေလွှဲပြောင်းမှုများ၊ ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများ စသည်တို့ကိုလည်း လုပ်ဆောင်နိုင်မည် မဟုတ်ပါ။

ပြုပြင်ထိန်းသိမ်းနေစဉ်ကာလအတွင်း MT5 အကောင့်များတွင် မည်သည့်ငွေပေးချေမှုမျိုးကိုမဆို မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

MetaTrader 5 တာမင်နယ်အတွက် ဖွင့်လှစ်ထားသော အကောင့်အမျိုးအစားအားလုံးတွင် သတ်မှတ်ထားသောကာလအတွင်း ခရစ်ပတိုငွေကြေး ကုန်သွယ်မှုများပြုလုပ်နိုင်မည်မဟုတ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

သို့ပါသဖြင့် အထက်ပါ အချက်အလက်များကို သတိပြုရန် နှင့် လိုအပ်သော အစီအစဉ်များကို ကြိုတင်လုပ်ဆောင်ရန် အသိပေးအပ်ပါသည်။

အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွှတ်မေတ္တာရပ်ခံအပ်ပါသည်။

မေးမြန်းလိုသည်များ ရှိပါက ကျွန်ုပ်တို့၏ သက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ ထံ ဆက်သွယ်ပါ။

လေးစားစွာဖြင့်

LiteFinance

MT5 ဆာဗာ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်မည်ဖြစ်ခြင်း
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat