လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

ကုန်သွယ်ရေးစတင်ဖွင့်လှစ်ချိန်တွင် spread များ ပိုမိုကျယ်ပြန့်ခြင်းနှင့် ကုန်သည်များ၏ ကုန်သွယ်မှုများအတွက် အဆိုပါအချိန်ရှိ အရောင်းအဝယ်ဖြစ်မှုနည်းပါးခြင်းများ၏ အကျိုးသက်ရောက်မှုများကို ဖယ်ရှားရန်အလို့ငှာ၊ ကျွန်ုပ်တို့အဖွဲ့သည် FX နှင့် XAUUSD အတွက် ကုန်သွယ်ချိန်များကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါသည်။

အဆိုပါ အပြောင်းအလဲသတ်မှတ်ချက်များ၏ ရည်ရွယ်ချက်သည် ကုန်သွယ်ချိန် စတင်ရာ၌ ဈေးကွက်အတွင်းရှိနေသော ကျွန်ုပ်တို့ client များ၏ အရောင်း၊အဝယ်ကုန်သွယ်မှုများကို အကာအကွယ်ပေးရန် ဖြစ်ပါသည်။

Majors, minors နှင့် cross rates ငွေကြေးအတွဲများအတွက် ကုန်သွယ်ရေး ဖွင့်လှစ်ချိန်အား ၅ မိနစ် ရွှေ့မည်ဖြစ်ပြီး၊ XAUUSD အတွက် တနင်္လာနေ့တွင် ၅ မိနစ် နှင့် အခြားရက်များတွင် ၂ မိနစ်ရွှေ့ဆိုင်းမည် ဖြစ်ပါသည်။

Majors, minors နှင့် cross rates ငွေကြေးအတွဲများအတွက် နှုန်းထားဖော်ပြချက် အချိန်ဇယား။

ဖွင့်ချိန်ပိတ်ချိန်
00:05 မှ,  တနင်္လာ24:00:00, သောကြာ

အချိန်ဇယားသည် ကုမ္ပဏီ၏ ကုန်သွယ်ရေးတာမင်နယ်များတွင် ပြသထားသည့် ကုန်သွယ်‌ရေးဆာဗာအချိန်ကို ညွှန်ပြသည်။

XAUUSD နှုန်းထားဖော်ပြချက် အချိန်ဇယား။

ကုန်သွယ်ချိန်ဖွင့်ချိန်ပိတ်ချိန်
တနင်္လာ01:05 မှ23:59
အင်္ဂါ01:02 မှ23:59
ဗုဒ္ဓဟူး01:02 မှ23:59
ကြာသာပတေး01:02 မှ23:59
သောကြာ01:02 မှ23:59

အချိန်ဇယားသည် ကုမ္ပဏီ၏ ကုန်သွယ်ရေးတာမင်နယ်များတွင် ပြသထားသည့် ကုန်သွယ်‌ရေးဆာဗာအချိန်ကို ညွှန်ပြသည်။

ဤသတင်းအချက်အလက်သည် လမ်းညွှန်မှုအတွက်သာဖြစ်ပြီး ပြောင်းလဲနိုင်ပါသည်။ နောက်ဆုံးမွမ်းမံပြင်ဆင်မှုများကို သိရှိရန်အတွက် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် ဆန်းစစ်ကြည့်ရှုပါ။

လူကြီးမင်းတို့ ၏ အလိုအလျောက် အကြံပေးစနစ်များ (EAs) ကို ချိန်ညှိရာတွင် ဤအပြောင်းအလဲများကို ထည့်သွင်းစဉ်းစားပါ။

ကုန်သွယ်ရေးအမျိုးအစားတခုချင်းစီအတွက် ပိတ်ရက်များ အပါအဝင် ကုန်သွယ်ချိန်များနှင့် စပ်လျဉ်းသော နောက်ဆုံးသတင်းအချက်အလက်များကို Client Profile ၏ "Info on the instrument"ကဏ္ဍတွင် အစဉ်အမြဲ ရရှိနိုင်ပါသည်။

အကယ်၍ ‌ထပ်မံသိရှိလိုသော မေးခွန်းများရှိနေပါက ကျွန်ုပ်တို့၏ အကူအညီပေးရေး အဖွဲ့ ကို ဆက်သွယ်ပါ။

လေးစားစွာဖြင့်
LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှု လီမိတက်

FX နှင့် XAUUSD နှုန်းထားဖော်ပြချက် အချိန်ဇယား ပြောင်းလဲမှုများ
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat