လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

ကုန်သွယ်မှုလုပ်ငန်းစဉ်များကို အကောင်းဆုံးလုပ်ဆောင်နိုင်ရန် အောက်ပါဇယားတွင် ဖော်ပြထားသည့် MT4 အကောင့်ဆာဗာများကို ယခုလာမည့် စနေနေ့ 15.06.2024 တွင် အမည်ပြောင်းလဲမည်ဖြစ်ပါကြောင်း ကျေးဇူးပြု၍ သတိပြုပေးပါ။

ဆာဗာအမည်ဟောင်းဆာဗာအမည်သစ်
LiteFinance-ECN.comLiteFinanceVC-Live-02
LiteFinance-ECN2.comLiteFinanceVC-Live-03
LiteFinance-ECN3.comLiteFinanceVC-Live-04
LiteFinance-Classic.comLiteFinanceVC-Live-05
LiteFinance-Classic2.comLiteFinanceVC-Live-06
LiteFinance-Classic3.comLiteFinanceVC-Live-07
LiteFinance-Cent.comLiteFinanceVC-Live-08
LiteFinance-Cent2.comLiteFinanceVC-Live-09
LiteFinance-Demo.comLiteFinanceVC-Demo

LiteFinance ဝက်ဘ်ပလပ်ဖောင်းနှင့် မိုဘိုင်းအက်ပ်

LiteFinance ၏ အွန်လိုင်းပလပ်ဖောင်းကို my.litefinance.org ပေါ်မှ အသုံးပြုပါက မည်သည့်လုပ်ဆောင်ချက်မှ လုပ်ဆောင်ရန် မလိုပါ။

Windows အတွက် MT4 ဒက်စ်တော့ဗားရှင်း

Windows အသုံးပြုသူများအတွက် MetaTrader4 ကုန်သွယ်မှုပလပ်ဖောင်း၏ ဒက်စ်တော့ဗားရှင်းတွင် ဆာဗာအမည်သည် ပုံမှန်အားဖြင့် အလိုအလျောက် ပြောင်းလဲသွားမည်ဖြစ်ပြီး ပြန်လည်ချိတ်ဆက်သည့်အခါ အမှားအယွင်း ဖြစ်ပေါ်မည် မဟုတ်ပါ။ ဆာဗာအမည်ဟောင်းအစား ဆာဗာအမည်သစ်ကို လွယ်ကူစွာရွေးချယ်နိုင်သည်။

အကောင့် ချိတ်ဆက်မှု အလိုအလျောက် မဖြစ်ပါက နောက်ဆုံးထွက်ဗားရှင်းကို ဒေါင်းလုဒ်ပြုလုပ်ခြင်းဖြင့် ကုန်သွယ်မှုပလပ်ဖောင်းကို ပြန်လည်ထည့်သွင်းရပါမည်။ ထို့နောက် ဆာဗာအမည်သစ်ကို အသုံးပြု၍ လူကြီးမင်း၏ကုန်သွယ်မှုအကောင့်သို့ ထပ်မံဝင်ရောက်ရပါမည်။ အကောင့် လော့အင်နံပတ် နှင့် စကားဝှက်သည် ပြောင်းလဲမှု ရှိမည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့၏ ပလက်ဖောင်းအသုံးပြုသူများအား နောက်ဆုံးထွက် MetaTrader 4 PC ဗားရှင်းကို အပ်ဒိတ်ပြုလုပ်ပါရန် အကြံပြုအပ်ပါသည်။ အပ်ဒိတ်ပြုလုပ်နိုင်ရန် setup ဖိုင်ကို ဒေါင်းလုဒ်ပြုလုပ်၍ ဖိုလ်ဒါအသစ် ထဲမှ ကုန်သွယ်မှုပလပ်ဖောင်းကို ပြန်လည်ထည့်သွင်းပါ။

Windows PC အတွက် MetaTrader 4 setup ဖိုင်

Macintosh အတွက် MT4 ဒက်စ်တော့ဗားရှင်း

ဆာဗာအမည်သစ်ကို အသုံးပြု၍ လူကြီးမင်း၏ MT4 ကုန်သွယ်မှုအကောင့်ကို ပြန်လည်ချိတ်ဆက်ရပါမည်။ အကောင့် လော့အင်နံပတ် နှင့် စကားဝှက်သည် ပြောင်းလဲမှု ရှိမည် မဟုတ်ပါ။

MT4 မိုဘိုင်းအက်ပ်

အကယ်၍ လူကြီးမင်းအနေဖြင့် MetaTrader 4 ၏ မိုဘိုင်းဗားရှင်းကို အသုံးပြုထားပါက ဆာဗာရှာသည့်နေရာတွင် ဆာဗာအမည်သစ်ကို ရိုက်ထည့်ခြင်းဖြင့် ထပ်မံချိတ်ဆက်ရပါမည်။ ဆာဗာများကို အမည်ပြောင်းလဲနေစဉ်တွင် MT4 မိုဘိုင်းအက်ပ်မှတစ်ဆင့် လူကြီးမင်း၏ကုန်သွယ်မှုအကောင့်သို့ ချိတ်ဆက်ရန် မဖြစ်နိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ဤအခြေအနေတွင် ဒက်စ်တော့ ဗားရှင်း သို့မဟုတ် LiteFinance ၏ ဝက်ဘ်ပလက်ဖောင်းကို အသုံးပြုနိုင်ပါသည်။

လက်ရှိဆာဗာအမည်ကို ဘယ်မှာရှာရမလဲ။

လူကြီးမင်း၏ Client Area ရှိ ဘေးဘက်ခေါင်းစဉ်များမှ METATRADER ကဏ္ဍတွင် ဝင်ရောက်စစ်ဆေးနိုင်သည်။

ဤကဏ္ဍတွင် လူကြီးမင်း၏ ကုန်သွယ်ရေးအကောင့်အားလုံးနှင့် ၎င်းတို့၏ သက်ဆိုင်ရာ လက်ရှိကုန်သွယ်မှုဆာဗာများကို ပြသထားသည်။

ချိတ်ဆက်မှုပြုလုပ်ရာတွင် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက LiveChat မှတစ်ဆင့် ကျွန်ုပ်တို့၏ နည်းပညာပံ့ပိုးရေးဝန်ဆောင်မှု အဖွဲ့သို့ ဆက်သွယ်နိုင်ပါသည်။

သတိပြုရန်

Myfxbook ကဲ့သို့သော ကုန်သွယ်ရေးအချက်အလက်ပြုစုခြင်း ဝန်ဆောင်မှုပြုလုပ်သည့် ပြင်ပဝက်ဘ်ဆိုက်များတွင် အကောင့်ချိတ်ဆက်မှု ရရှိရန်အတွက် ဆာဗာအမည်ကို အပ်ဒိတ် ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
LiteFinance

MT4 အကောင့်ဆာဗာများကို အမည်ပြောင်းလဲမည် ဖြစ်ပါသည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat