လေးစားအပ်ပါသော လူကြီးမင်းများနှင့် မိတ်ဖက်များ ခင်ဗျာ
ယနေ့သည် LiteFinance ၏ နိုင်ငံတကာငွေကြေးဈေးကွက်များတွင် အကျိုးဆောင်ကုမ္ပဏီအဖြစ် ဝန်ဆောင်မှုများပေးအပ်ရာတွင် စိတ်လှုပ်ရှားဖွယ်ရာ အချိန်အခိုက်အတန့်အဖြစ် ၁၉ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့သည့် နေ့ရက် ဖြစ်ပါသည်။
၂၀၀၅ ခုနှစ်တွင် ကုမ္ပဏီ၏ ခရီးကို LiteForex အမှတ်တံဆိပ်အောက်တွင် စတင်ခရီးနှင်ခဲ့ပါသည်။ ဆင့်အကောင့်များကို ဒီဇိုင်းထုတ်ကာ ၎င်းတို့ကို MT4 ဂေဟစနစ်တွင် ပေါင်းထည့်လိုက်ခြင်းဖြင့် Forex ကုန်သွယ်မှုအတွက် သစ်လွင်သော နည်းလမ်းတစ်ခုကို လက်ခံကျင့်သုံးခဲ့သည်။ ဤနည်းလမ်းဖြင့် ကျွန်ုပ်တို့သည် ကုန်သည်တိုင်းအား ဘဏ္ဍာရေးဈေးကွက်တွင် ကုန်သွယ်နိုင်ရန် အခွင့်အရေးတစ်ခုကို ဖော်ဆောင်ပေးခဲ့သည်။
ဖြတ်သန်းခဲ့သည့် နှစ်ကာလတစ်လျှောက်၊ ကျွန်ုပ်တို့အနေဖြင့် ကုမ္ပဏီ၏ ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ရန် နှင့် ခေတ်မီဆန်းသစ်သော နည်းလမ်းများ တီထွင်ထုတ်လုပ်မှုကို အောင်မြင်စွာမိတ်ဆက်ပြသရန် မနေမနား ကြိုးပမ်းခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်မှုများအတွက် ရည်မှန်းချက်ကြီးကြီးမားမား ထားရှိကာ ၎င်းတို့အား စဉ်ဆက်မပြတ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည် - ကျွန်ုပ်တို့၏ မြောက်မြားစွာသော အောင်မြင်မှုများကို ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာမှ ပေးအပ်သည့် ဂုဏ်ထူးဆုများ ဖြင့် သက်သေထူထားနိုင်ခဲ့ပါသည်။ ဆု မည်မျှ ရရှိစေခဲ့ကာမူ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအသုံးပြုသူများနှင့် မိတ်ဖက်များ၏ အောင်မြင်မှုများအတွက် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားရန် အခိုင်အမာ သန္ဒိတ်ဌာန် ချမှတ်ထားသည်။
အရည်အသွေးမြင့် အပြောင်းအလဲများစွာဖြင့် ပြီးခဲ့သည့်တစ်နှစ်တာကို ကုန်ဆုံးစေခဲ့ပါသည်။ ယခုလို ကုမ္ပဏီ၏ မွေးနေ့အခါသမယတွင် ကျွန်ုပ်တို့အနေဖြင့် ကုန်ဆုံးခဲ့သည့် တစ်နှစ်တာ၏ အရေးပါဆုံးသော အောင်မြင်မှုများ နှင့် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများကို ပြန်ပြောင်းတင်ပြလိုပါသည်။
LiteFinance သည် ဘဏ္ဍာရေးဈေးကွက်တွင် ကုန်သွယ်မှုပြုလုပ်ရန်အတွက် အကောင်းမွန်ဆုံးသော အခြေအနေများကို ဖြည့်ဆည်းပေးရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ECN-အကောင့်များနှင့် CLASSIC အကောင့်များရှိ ကုန်သွယ်ရေးပစ္စည်း အမျိုးအစားအားလုံးအတွက် ကော်မရှင်နှုန်းထားများကို အဆပေါင်းများစွာ လျှော့ချပေးခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် ကျွန်ုပ်တို့အား ECN အကောင့်များရှိ ကြမ်းခင်း ဝယ်ရောင်းဈေး ခြားနားချက်များကို ဖြစ်နိုင်ချေအနည်းဆုံးနှုန်းထားအထိ လျှော့ချနိုင်စေသည့် နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် စီမံခဲ့ပါသည်။
LiteFinance အနေဖြင့် ကုန်သွယ်မှုပလပ်ဖောင်း မျိုးစုံကို ဆက်လက်တိုးချဲ့ခဲ့ပါသည်။ ယခုအခါ ကုမ္ပဏီ၏ ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ဒက်စ်တော့ဗားရှင်း၊ ဝက်ဘ်ပလပ်ဖောင်းနှင့် မိုဘိုင်းအက်ပ်ပလီကေးရှင်းတို့ဖြင့် cTrader ကို ရယူအသုံးပြုနိုင်ပြီဖြစ်ပါသည်။ ဤပလပ်ဖောင်းသည် အယ်လ်ဂရစ်သမ်ကုန်သွယ်မှုအတွက် ကျယ်ပြောသော အခွင့်အလမ်းများစွာကို ပေးစွမ်းနိုင်သောကြောင့် ကုန်သည်များအနေဖြင့် ကုန်သွယ်ရေး စက်ရုပ်များ၏ အကူအညီဖြင့် မိမိတို့၏ဗျူဟာများကို အလိုအလျောက်လုပ်ဆောင်နိုင်ပြီး အလားအလာရှိသောအမြတ်အစွန်းရရှိနိုင်မှုများကို မြှင့်တင်နိုင်ပြီဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကုန်သွယ်ရေးပစ္စည်း အမျိုးအစားများစာရင်းကိုလဲ ဆက်လက် တိုးချဲ့လျက်ရှိပါသည်။ ယခုအခါ LiteFinance ကုန်သည်များအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်ရေးပစ္စည်း စာချုပ်များ ကို ကုန်သွယ်နိုင်ပြီ ဖြစ်ပါသည်-
ကိုကိုးစေ့ (COCOA)၊
ကော်ဖီ (COFFEE)၊
ပြောင်း (CORN)၊
ပဲပိစပ် (SOYBEAN)၊
ဂျုံ (WHEAT)။
US နှင့် EU ရှိ ထိပ်တန်းစာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ CFDs စာရင်းကိုလည်း တိုးချဲ့ထားခဲ့ပါသည်။
ကျွန်ုပ်တို့၏ နည်းပညာပံ့ပိုးမှုအဖွဲ့သားများမှလည်း ကုမ္ပဏီ၏ မိတ်ဖက်များအတွက် LiteFinance Partner အက်ပ်ပလီကေးရှင်းအသစ်ကို စတင် မိတ်ဆက်ခဲ့ပါသည်။ အက်ပ်ပလီကေးရှင်း ၏ အကူအညီဖြင့် မိတ်ဖက်တစ်ဦးသည် ကလစ်အနည်းငယ်နှိပ်ရုံဖြင့် ရည်ညွှန်းလင့်များကို ဖန်တီးနိုင်ပြီး နေရာချနိုင်သည်၊ မိတ်ဖက်ပရိုဂရမ်အားလုံး၏ ထိရောက်မှုကို ခြေရာခံနိုင်သည်၊ ကော်မရှင်ငွေပေးချေမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရယူနိုင်ပြီး မိမိရရှိသည့် အကျိုးခံစားခွင့်များကို အသင့်တော်ဆုံးနည်းလမ်းဖြင့် ထုတ်ယူနိုင်သည်။
ကုမ္ပဏီအနေဖြင့် စျေးကွက်သစ်များကို ဆက်လက်ချဲ့ထွင်လျက်ရှိရာ ယခုအခါ LiteFinance ဝန်ဆောင်မှုကို ဂျပန်နိုင်ငံမှ ကုန်သည်များအနေဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ဒေသတွင်းပြုလုပ်သော ဒေသဆိုင်ရာ ပရိုမိုးရှင်း အစီအစဉ်များသည်လည်း ဆက်လက်ကျယ်ပြန့်လာခဲ့သည်။ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ တူရကီ၊ အယ်လ်ဂျီးရီးယား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ လက်တင်အမေရိက၊ ဘရာဇီးနှင့် ဖိလစ်ပိုင်တို့တွင် ပရိုမိုးရှင်း အစီအစဉ်များကို စတင်ကျင်းပခဲ့ပါသည်။ ဆုလက်ဆောင်များအနေဖြင့် နောက်ဆုံးပေါ် မော်ဒယ်မြင့်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ ခေတ်မီ အီလက်ထရောနစ် စက်ပစ္စည်းများနှင့် ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးသို့ ခရီးသွားခွင့်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
LiteFinance ၏ အောင်မြင်မှုများကို ဤလုပ်ငန်းနယ်ပယ်ရှိ ထိပ်ပိုင်းခေါင်းဆောင်များက နောက်တစ်ဖန် ဆက်လက်အသိအမှတ်ပြုပေးခဲ့ပါသည်-
ကျွန်ုပ်တို့၏ အသေးစိတ် စွမ်းဆောင်ရည် အချက်အလက်-
- လက်ရှိကုန်သည်ဦးရေ ၂.၆ သန်းကျော်၏ LiteFinance ကို ရွေးချယ်မှု
- နေ့စဉ် ကုန်သွယ်မှုပမာဏမှာ ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၉ ဘီလီယံ
- ပျမ်းမျှနေ့စဉ်ကုန်သွယ်မှုအရေအတွက် ၅၀၀၀၀၀
ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များအား ကျွန်ုပ်တို့အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ LiteFinance အမှတ်တံဆိပ်ကို မြှင့်တင်ရာတွင် လူကြီးမင်းတို့၏ မယိမ်းယိုင် တည်တံ့ခိုင်မာသော ပံ့ပိုးကူညီမှုသည် ကျွန်ုပ်တို့၏ခရီးအတွက် များစွာအရေးကြီးပါသည်။ ရှေ့ဆက်ပြီး အတူတကွလက်တွဲ၍ ကျွန်ုပ်တို့ အနေဖြင့် အွန်လိုင်းကုန်သွယ်မှုကို ပိုမိုရရှိနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ပါသည်။
LiteFinance အနေဖြင့် အရည်အသွေး အမြင့်ဆုံး စံချိန်စံညွှန်းများ၊ စဉ်ဆက်မပြတ် ဝန်ဆောင်မှုမြှင့်တင်ခြင်း နှင့် ဆန်းသစ်သောထုတ်ကုန်မိတ်ဆက်ခြင်းများအား စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုသည့် ကျွန်ုပ်တို့၏ ကတိကို ဆက်လက်ခိုင်ခံ့သွားစေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအသုံးပြုသူများအား ဘဏ္ဍာရေးဈေးကွက်တွင် စဉ်ဆက်မပြတ် အောင်မြင်မှုရရှိနိုင်မည့် အခွင့်အလမ်းတိုင်းကို ပေးအပ်သွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
LiteFinance အဖွဲ့သားများ






