လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

LiteFinance သည် ပရီးမီးယားလိဂ်ဘောလုံးအသင်း Leicester City နှင့် ၎င်းတို့၏တရားဝင်ကုန်သွယ်ရေးမိတ်ဖက်အဖြစ် နှစ်ရှည်ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ကျွန်ုပ်တို့မှ ဝမ်းမြောက်ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။ ကျွန်ုပ်တို့၏ အမှတ်တံဆိပ်ကို အင်္ဂလန်၏ လေးစားအထင်ကြီးဖွယ်ရာ ဘောလုံးအသင်းများအနက်မှ အသင်းတစ်သင်း နှင့် ယှဉ်တွဲပူးပေါင်းကာ ကျွန်ုပ်တို့၏ ရပ်တည်မှုအား အားကစားလောကသို့ ချဲ့ထွင်နိုင်ခဲ့သောကြောင့် ဤပူးပေါင်းဆောင်ရွက်မှုသည် LiteFinance အတွက် ထင်ရှားသော အောင်မြင်မှုမှတ်တိုင်တခု ဖြစ်ပါသည်။

«Leicester City ဘောလုံးအသင်းသည် ၎င်းတို့၏ တရားဝင်ကုန်သွယ်ရေးမိတ်ဖက်အသစ်အဖြစ် LiteFinance အား ဝမ်းမြောက်စွာ အတည်ပြုအပ်ပါသည်»

၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော LiteFinance ကုမ္ပဏီသည် မြန်နှုန်းမြင့် ကုန်သွ‌ယ်ရေးဝန်ဆောင်မှုများကို နိုင်ငံတကာ ဘာသာစကား ၂၉ မျိုးဖြင့် ကမ်းလှမ်းကာ ထိပ်တန်းအွန်လိုင်းအကျိုးဆောင်ကုမ္ပဏီတခုအဖြစ် ဖွံ့ဖြိးတိုးတက်လာခဲ့ပါသည်။

ကျွန်ုပ်တို့၏ပလက်ဖောင်းအား သုံးစွဲသူများအတွက် ငွေကြေး၊ ကုန်စည်၊ စတော့နှင့် စိုက်ပျိုးရေးဈေးကွက်များရှိ ကုန်သွယ်ရေးပိုင်ဆိုင်မှုများကို အပြည့်အဝကုန်သွယ်ခွင့် ရရှိနိုင်ရန်နှင့် အမှီအခိုကင်းစွာ စီးပွားရှာဖွေနိုင်စွမ်းကို ပံ့ပိုးပေးရန်အတွက် အထူးစီစဉ်ဖန်တီးထားပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတဆင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်မှုနှင့် နားလည်ရန်လွယ်ကူသော အဆင့်မြင့်ကုန်သွယ်ရေးနည်းလမ်းများကို ပိုမိုကျယ်ပြန့်သော ပရိတ်သတ်များထံ ဖြန့်ဝေပေးကာ၊ ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် Leicester City ၏ ကမ္ဘာအဝှမ်းမှ အမာခံအားပေးသူများအတွက် ကုန်သွယ်ရေးအတွေ့အကြုံများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်မျှော်မှန်းထားပါသည်။

ထပ်တူထားရှိသော တန်ဖိုး နှင့် ရည်မှန်းချက်

LiteFinance နှင့် Leicester City အဖွဲ့အစည်းနှစ်ခုစလုံးသည် ထူးချွန်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်ရေး မျှော်မှန်းချက်များအတွက် ကတိကဝတ်တခုကို အတူမျှဝေကြပါသည်။ မြေခွေးပြာများ (လက်စတာစီးတီးအမည်ပြောင်) သည် ဆိုရှယ်မီဒီယာတွင် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းခြောက်သင်း ပြီးလျှင် အများပြားဆုံးသော ပရိတ်သတ်အားပေးမှုကို အခိုင်အမာ ရရှိထားပြီး၊ အထူးသဖြင့် အရှေ့တောင်အာရှတွင် ၎င်း၏အမာခံပရိတ်သတ် အမြောက်အများ ရှိပါသည်။ ဤပူးပေါင်းမှုသည် LiteFinance အား ပရိတ်သတ်အသစ်များနှင့် ထိတွေ့ခွင့်ကို ရရှိစေပြီး ဘောလုံးပရိတ်သတ်များနှင့် ကျွန်ုပ်တို့၏ သုံးစွဲသူများအတွက် အမှတ်ရဖွယ်ရာ အတွေ့အကြုံကောင်းများကို တူညီစွာ ဖန်တီးပေးနိုင်မည့် အခွင့်အရေးတခုကို ဖွင့်လှစ်ပေးပါသည်။

မြင်သာထင်ရှားမှုနှင့် ထိတွေ့ဆက်ဆံမှုများ

ဤပူးပေါင်းဆောင်ရွက်မှု ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် LiteFinance သည် ကစားပွဲအတွင်း ပရိတ်သတ်ထံမျက်နှာမူထားသော LED ကြော်ငြာများ၊ ဘောလုံးအသင်း၏ အင်တာဗျူးနောက်ခံများတွင် လိုဂိုဖော်ပြပေးခြင်းနှင့် ဒစ်ဂျစ်တယ်ကြော်ငြာစုစည်းမှုများ အပါအဝင် မိမိတို့၏အမှတ်တံဆိပ်ကို ကျယ်ပြန့်ထင်ရှားစွာ မြင်သာစေသော အကျိုးကျေးဇူးကို ရရှိမည်ဖြစ်ပါသည်။

ထို့အပြင် ကျွန်ုပ်တို့၏ သုံးစွဲသူများသည် စိတ်ကြိုက်ဖန်တီးထားသော အသုံးအဆောင်များကဲ့သို့သော ဘောလုံးအသင်းအမှတ်တံဆိပ်ပါ အရောင်းမြှင့်တင်ရေး ထုတ်ကုန်များကို အထူးအခွင့်အရေးအနေဖြင့် အသုံးပြုခွင့်ရရှိနိုင်မည်ဖြစ်ပြီး၊ ဘောလုံးပရိတ်သတ်များအတွက် စိတ်လှုပ်ရှားဖွယ်ရာနှင့် အမှတ်ရဖွယ်ရာ အတွေ့အကြုံများကို ရရှိစေရန် စီစဉ်ဖန်တီးပေးသော အထူးသီးသန့် ပြိုင်ပွဲများနှင့် ပရိုမိုးရှင်းများတွင် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။ ဤပဏာမခြေလှမ်းများသည် အပြန်အလှန် ထိ‌တွေ့ဆက်ဆံမှုကို တိုးမြှင့်ရန်နှင့် Leicester City ပရိတ်သတ်များနှင့် အဓိပ္ပါယ်ပြည့်ဝစွာ ဆက်သွယ်နိုင်စေရန် ရည်ရွယ်ပါသည်။

ထိပ်ပိုင်းခေါင်းဆောင်များ၏ ထုတ်ပြန်ချက်များ

LiteFinance ၏ CEO Kristina Leonova မှ ဤသို့မှတ်ချက်ပြုပါသည် -

«ကျွန်ုပ်တို့သည် Leicester City နှင့်အတူ ဤစိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်ကို စတင်ရန် လွန်စွာပီတိဖြစ်ရပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ထူးချွန်မှုနှင့် ဆန်းသစ်တီထွင်မှုများဆီသို့ ကျွန်ုပ်တို့နှစ်ဖက်စလုံး၏ အတူတကွကတိပြုမှုကို ကိုယ်စားပြုပါသည်။ ၎င်းသည် ကျွန်ုပ်တို့အား ပရိတ်သတ်အသစ်များနှင့် ချိတ်ဆက်နိုင်ရန် ခွင့်ပြုပေးယုံသာမက ကျွန်ုပ်တို့၏ ကတိကဝတ်များကို ဖြည့်ဆည်းစဉ်နှင့် အောင်မြင်မှုစံနှုန်းအသစ်များကို ချမှတ်စဉ်တွင် အကျိုးသက်ရောက်မှုပြည့်ဝသော အတွေ့အကြုံများကို ဖန်တီးပေးနိုင်ရန် အခွင့်အရေးပေးပါသည်။»

LiteFinance သည် Leicester City ဘောလုံးအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အထူးဂုဏ်ယူဝမ်းမြောက်ပြီး ကျွန်ုပ်တို့နှစ်ဖက်စလုံးမှ ဝန်ဆောင်မှုပေးအပ်လျက်ရှိသော အဖွဲ့အစည်းများနှင့် အသိုင်းအဝိုင်းများအတွက် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည့် အသီးအပွင့်ဖြစ်ထွန်းသော ဆက်ဆံရေးတရပ်ကို ယုံကြည်မျှော်လင့်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်တွင် ဆန်းသစ်သော စိတ်ကူးစိတ်သန်းများနှင့် အောင်မြင်သောရလဒ်များအတွက် ဖွံ့ဖြိုးမှုကာလတရပ်ကို သတ်မှတ်ပေးလိမ့်မည်ဟု ကျွန်ုပ်တို့မှ အခိုင်အမာ ယုံကြည်ပါသည်။

Leicester City ၏ စီးပွားရေးတာဝန်ခံ Dan Barnett မှ ဤသို့ဖြည့်စွက်ပြောကြားခဲ့ပါသည် -

«ဤပူးပေါင်းဆောင်ရွက်မှုသည် ကျွန်ုပ်တို့၏ခြေလှမ်းကို ကမ္ဘာအဝှမ်းရှိ မိတ်ဖက်အသစ်များထံ ဆက်လက်ချဲ့ထွင်နိုင်ရန်အတွက် စိတ်လှုပ်ရှားဖွယ်ရာ ကဏ္ဍသစ်တခုကို အမှတ်အသားပြုပါသည်။ LiteFinance နှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတကာစင်မြင့်ထက်တွင် တမူထူးခြားသောနည်းလမ်းများဖြင့် အသင်း၏ရပ်တည်မှုကို ပိုမိုမြှင့်တင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။»

လေးစားစွာဖြင့်
LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှု လီမိတက်

Leicester City သည် LiteFinance အား ၎င်းတို့၏ တရားဝင်ကုန်သွယ်ရေးမိတ်ဖက်အဖြစ် အတည်ပြုလိုက်ပါသည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat