လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ -
မကြာမီပြုလုပ်ရန် ကြေငြာချက်ထုတ်ပြန်ထားသော Amwell ရှယ်ယာများ၏ စတော့အရေအတွက် အများမှအနည်းသို့ ပြန်လည်ချိန်ညှိခြင်း အစီအစဉ်နှင့်စပ်လျဉ်း၍ #AMWL ၏ အတိုင်းအတာသတ်မှတ်ချက်များတွင် အပြောင်းအလဲများ ရှိလာမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။
Amwell သည် New York Stock Exchange (NYSE) ၏ လိုအပ်ချက်များနှင့်အညီ အကျိုးအမြတ်များနှင့် အကျိုးဆက်များကို စနစ်တကျထည့်သွင်းစဉ်းစားခဲ့ပြီးနောက် 1-for-20 stock consolidation တခုကိုပြုလုပ်ရန် စီစဉ်ဆုံးဖြတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ရက် ကုန်သွယ်ချိန် ပြီးဆုံးချိန်၌ စတင်အသက်ဝင်မည်ဖြစ်သော ဤစတော့ပေါင်းစည်းမှုသည် Amwell ၏ စတော့ဈေးနှုန်းအား NYSE မှ သတ်မှတ်ထားသည့် အနည်းဆုံး အပိတ်ဈေး $1 အထက်သို့ တိုးတက်စေရန် ရည်ရွယ်ပါသည်။
ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ reverse split ပြုလုပ်ချိန်၌ #AMWL ရှယ်ယာဈေးနှုန်းသည် စုစည်းမှုအချိုးအစားနှင့်အညီ အဆ ၂၀ တိုးတက်သွားမည်ဖြစ်ပါသည်။
အကယ်၍ လူကြီးမင်းထံတွင် #AMWL ကို ဖွင့်လှစ်ထားသော ကုန်သွယ်မှုများရှိနေပါက၊ အောက်ပါအချက်များကို ကြိုတင်မှတ်သားထားရပါမည်။
- Reverse split ပြုလုပ်ချိန်တွင် ဖွင့်ထားသော ကုန်သွယ်မှုများ၏ ပမာဏသည် စုစည်းမှုအချိုးအစားနှင့်အညီ အဆ ၂၀ လျော့နည်းသွားမည်ဖြစ်ပါသည်။
- Reverse split ပြုလုပ်ချိန်တွင် ဖွင့်ထားသောကုန်သွယ်မှုများ၏ အဖွင့်ဈေးသည် ရှယ်ယာစုစည်းမှုအချိုးအစားနှင့်အညီ အဆ ၂၀ တိုးတက်သွားမည် ဖြစ်ပါသည်။
- ဖွင့်ထားသောကုန်သွယ်မှုများ၏ Stop Loss / Take Profit အော်ဒါများကို reverse split ပြုလုပ်ချိန်၌ ဖယ်ရှားသွားမည် ဖြစ်ပါသည်။
- Pending အော်ဒါများအားလုံး(Buy Limit၊ Sell Limit၊ Buy Stop၊ Sell Stop၊ Buy Stop Limit နှင့် Sell Stop Limit) ကို reverse split ပြုလုပ်ချိန်တွင် ဖယ်ရှားသွားပါမည်။
- လက်ရှိဖွင့်ထားသော ကုန်သွယ်မှုများအား မည်သည့်အပိုကန့်သတ်ချက်တစုံတရာမရှိပဲ ပုံမှန်အတိုင်း ပိတ်သိမ်းနိုင်ပါသည်။
အကယ်၍ reverse split ပြုလုပ်ချိန်အတွင်း လူကြီးမင်းထံတွင် ဖွင့်ထားဆဲ #AMWL ကုန်သွယ်မှုပမာဏမှာ 20 lots အောက် လျော့နည်းနေပါက ပမာဏစုစည်းရန် မလုံလောက်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ထို့ကြောင့် reverse split မပြုလုပ်မီ ကုန်သွယ်ချိန်၏ နောက်ဆုံးအပိတ်စျေးနှုန်းဖြင့် လူကြီးမင်း ၏ ကုန်သွယ်မှုကို ပိတ်မည်ဖြစ်ပါသည်။
#AMWL ရှယ်ယာများအတွက် အသစ်ပြင်ဆင်ထုတ်ပြန်သော သတ်မှတ်အတိုင်းအတာများသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ရက်တွင် ဈေးကွက်အတွင်း စတင်အသက်ဝင်ပါမည်။
လူကြီးမင်း ၏ ကုန်သွယ်ရေးဆုံးဖြတ်ချက်များချမှတ်ရာတွင် ဤသတင်းအချက်အလက်အား ထည့်သွင်းစဉ်းစား၍၊ လိုအပ်ပါက လူကြီးမင်း ၏ အလိုအလျောက်ကုန်သွယ်ရေးဆက်တင်များကို ပြန်လည်ချိန်ညှိပါ။
မေးမြန်းလိုသည်များရှိပါက LiveChat မှတဆင့် LiteFinance ၏ သုံးစွဲသူကူညီပံ့ပိုးရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လူကြီးမင်း၏အကျိုးကို အစဉ်လိုလားလျက်
LiteFinance team



