လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ

Broadcom Inc ၏ စတော့အရေအတွက်ချိန်ညှိမှုနှင့်စပ်လျဉ်း၍ #AVGO စတော့၏ အတိုင်းအတာသတ်မှတ်ချက်များတွင် အပြောင်းအလဲများရှိလာမည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။

Broadcom Inc.၏ ဒါရိုက်တာဘုတ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ကုန်သွယ်ချိန်ပြီးဆုံးချိန်၌ လုပ်ဆောင်ရန် စီစဉ်ထားသော #AVGO ၏ 10-for-1 စတော့ခွဲထုတ်မှုအစီအစဉ်ကို ထောက်ခံအတည်ပြုခဲ့သည်။

သို့ပါသောကြောင့် စတော့ခွဲထုတ်ချိန်၌ #AVGO ရှယ်ယာများ၏ ဈေးနှုန်းသည် ခွဲခြမ်းမှုအချိုးအစားနှင့်အညီ ဆယ်ဆလျော့နည်းသွားမည် ဖြစ်ပါသည်။

အကယ်၍ လူကြီးမင်း ထံတွင် #AVGO ကို ဖွင့်လှစ်ထားသော ကုန်သွယ်မှုများရှိနေပါက၊ ကျေးဇူးပြု၍ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပါ။

  • စတော့ခွဲထုတ်မှုပြုလုပ်ချိန်တွင် ဖွင့်ထားပြီးသောကုန်သွယ်မှုများ၏ ပမာဏသည် ခွဲခြမ်းမှုအချိုးအစားနှင့်အညီ ဆယ်ဆတိုးတက်သွားမည်ဖြစ်ပါသည်။
  • စတော့ခွဲထုတ်မှုပြုလုပ်ချိန်တွင် ဖွင့်ထားပြီးသောကုန်သွယ်မှုများ၏ အဖွင့်ဈေးနှုန်းသည် ခွဲခြမ်းမှုအချိုးအစားနှင့်အညီ ဆယ်ဆလျော့နည်းသွားမည် ဖြစ်ပါသည်။
  • ဖွင့်ထားသောကုန်သွယ်မှုများအတွက် Stop Loss / Take Profit အော်ဒါများကို စတော့ခွဲထုတ်မှုပြုလုပ်ချိန်တွင် ဖယ်ရှားသွားပါမည်။
  • Pending အော်ဒါများအားလုံး (Buy Limit၊ Sell Limit၊ Buy Stop၊ Sell Stop၊ Buy Stop Limit နှင့် Sell Stop Limit) ကို စတော့ခွဲထုတ်မှုပြုလုပ်ချိန်တွင် ဖယ်ရှားသွားပါမည်။
  • လက်ရှိဖွင့်ထားသော ကုန်သွယ်မှုများအား မည်သည့်အပိုကန့်သတ်ချက်တစုံတရာမရှိပဲ ပုံမှန်အတိုင်း ပိတ်သိမ်းနိုင်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ဈေးကွက်ဖွင့်ချိန်မှစတင်၍ #AVGO စတော့များကို တိုင်းတာသတ်မှတ်ချက်အသစ်များဖြင့် စတင်၍ ကုန်သွယ်မှုပြုလုပ်ရမည်ဖြစ်ပါသည်။

လူကြီးမင်း ၏ ကုန်သွယ်ရေးဆုံးဖြတ်ချက်များချမှတ်ရာတွင် ဤသတင်းအချက်အလက်အား ထည့်သွင်းစဉ်းစား၍၊ လိုအပ်ပါက လူကြီးမင်း ၏ အလိုအလျောက်ကုန်သွယ်ရေးဆက်တင်များကို ပြန်လည်ချိန်ညှိပါ။

အကယ်၍ မေးလိုသည်များရှိပါက LiveChat မှတဆင့် LiteFinance ၏ သုံးစွဲသူကူညီပံ့ပိုးရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူကြီးမင်း ၏ အကျိုးကိုအစဉ်လိုလားသော

LiteFinance အဖွဲ့

#AVGO ၏ 10-for-1 Stock Split
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat