FDAX အင်းဒက်စ် ဈေးနှုန်း | အချိန်နှင့်တပြေးညီနှုန်းထားများနှင့် ခွဲခြမ်းစိတ်ဖြာမှု | FDAX ကို ကုန်သွယ်ပါ | LiteFinance

DAX သို့မဟုတ် FDAX သည် Frankfurt စတော့အိတ်ချိန်းတွင် ၎င်းတို့၏ စတော့များကို ကုန်သွယ်ကြသော ဂျာမန်ထိပ်တန်းကုမ္ပဏီ ၄၀ ကို ကိုယ်စားပြုသည့် စတော့ဈေးကွက် index တခုဖြစ်ပါသည်။ Index သည် ‌ဈေးကွက်အတွင်းလည်ပတ်နေသော ရှယ်ယာတန်ဖိုးစုစုပေါင်းအပေါ် အခြေခံပါသည်။ Deutsche Börse သည် index ၏ ဖွဲ့စည်းမှုအချိုးကို တနှစ်နှစ်ကြိမ် ပြန်လည်သုံးသပ်ပါသည်။ DAX အား ဂျာမဏီ၏ စီးပွားရေးစွမ်းဆောင်ရည်ကို တိုင်းတာရန်အတွက် အသုံးပြုလေ့ရှိပါသည်။

DAX ဈေးနှုန်းအား အင်းဒက်စ် တွင်ပါဝင်သော ကုမ္ပဏီများ၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများနှင့်တကွ ဂျာမန်အလုပ်အကိုင်နှင့် အလုပ်လက်မဲ့နှုန်းထားများ၊ GDP၊ အတိုးနှုန်းများ၊ သွင်းကုန်ထုတ်ကုန်နယ်ပယ်မှစာရင်းဇယားအချက်အလက်များ အစရှိသည်တို့မှ လွှမ်းမိုးထားပါသည်။ အရေးပါသော ပထဝီနိုင်ငံရေးဖြစ်ရပ်များနှင့် ဒေသတွင်းဖြစ်ပွားသော နိုင်ငံရေးအကျပ်အတည်းများ၊ သဘာဝဘေးအန္တရာယ်များသည်လည်း DAX ဈေးနှုန်းအပေါ် သက်ရောက်မှုရှိပါသည်။ DAX အား ကုန်သွယ်ရန် စိတ်ပါဝင်စားသော ကုန်သည်များသည် အထက်ဖော်ပြပါဖြစ်ရပ်များနှင့် ကိန်းဂဏန်းများကို သတိပြုစောင့်ကြည့်သင့်ပါသည်။

အန္တရာယ်သတိပေးချက်- FX နှင့် CFDs များတွင် ကုန်သွယ်မှုပြုလုပ်ခြင်းသည် အရင်းအနှီးဆုံးရှုံးနိုင်ခြေ မြင့်မားသည်။

DAX40 (ဂျာမနီ စတော့ဈေးကွက် အညွှန်းကိန်း) (FDAX) ကို ဝယ်ယူရန် စိတ်ဝင်စားပါသလား။ လွယ်ပါတယ်!

ရောင်းချခြင်းဝယ်ယူခြင်းတက်ကြွသော ရောင်းချမှုတက်ကြွသော ဝယ်ယူမှု
Active BUY
အရောင်း26092.70000
ဝယ်ယူခြင်း26093.20000
ဈေးကွက်သဘော
100% ▴
၁ ရက် ပြောင်းလဲမှု1321.5(5.32%)

ဈေးနှုန်းအတက်အကျများမှ ရယူပြီး LiteFinance ဖြင့် သင့်ဝင်ငွေကို မြှင့်တင်ပါ။

ယနေ့အတွက် DAX40 (DAX40 index of the German stock exchange) (FDAX) အညွှန်းကိန်း၏ စျေးနှုန်းမှာ 26093.20000 EUR ဖြစ်သည်။ အမြင့်ဆုံးစျေးနှုန်းမှာ 26216.9 EUR ဖြစ်ပြီး၊ အနိမ့်ဆုံးစျေးနှုန်းမှာ 26072.7 EUR ဖြစ်သည်။ အဖွင့်စျေးမှာ N/A EUR ဖြစ်သည်။ DAX40 (DAX40 index of the German stock exchange) (FDAX) အညွှန်းကိန်းအတွက် အချိန်နှင့်တပြေးညီ စျေးနှုန်းရွေ့လျားမှုဇယားအား အောက်တွင်ကြည့်ရှုနိုင်ပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ FDAX ၏စျေးနှုန်းဇယား

ကုန်သွယ်မှုအကောင့်များပေါ်တွင် ရရှိနိုင်သည်:
  • ECN
  • CLASSIC
ယခင်ဈေးအပိတ်N/A
တနေ့အတွင်းအမြင့်ဆုံးစျေးနှုန်းပြောင်းလဲနှုန်းN/A
အဖွင့်ဈေးN/A
ရက်သတ္တပတ် ၅၂ ပတ် အတွင်းN/A
ပမာဏN/A
ပျမ်းမျှကုန်သွယ်မှုပမာဏN/A
Spread0.5
အဝယ် ညသိပ်ခ-2.876
စာချုပ်ပမာဏ1
အရောင်း ညသိပ်ခ-4.314
Stop&Limit Level0
ASX200N/AN/A245.2 2.78%
CACN/AN/A182.6 2.19%
FDAXN/AN/A1321.5 5.32%
FTSEN/AN/A182 1.72%
HK50N/AN/A1172.8 4.78%
IBEX35N/AN/A631.2 3.29%
IT40N/AN/AN/A N/A
NI225N/AN/A1428 2.20%
NIFTY50N/AN/AN/A N/A
NQN/AN/A892.1 3.12%
SINGN/AN/A20.55 3.99%
SPXN/AN/A289.8 3.89%
SX5EN/AN/A230.7 3.70%
USDXN/AN/A-1.82 -1.81%
VIXN/AN/A-1.405 -7.31%
VIX75N/AN/AN/A N/A
YMN/AN/A1625.2 3.12%

FDAX (DAX40 (ဂျာမနီ စတော့ဈေးကွက် အညွှန်းကိန်း)) နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်အချက်များ

Deutscher Aktienindex သည် DAX စတော့ အင်းဒက်စ် ၏ အမည်အပြည့်အစုံဖြစ်သည်။ ကုန်သည်များသည် အင်းဒက်စ် စာရင်းတွင် DAX ကို GER30 အဖြစ် ရှာဖွေနိုင်သည်။ DAX စျေးနှုန်းတွက်ချက်မှုနည်းစနစ်သည် Laspeyres နည်းလမ်းကို အခြေခံပါသည်။ ဥရောပ အင်းဒက်စ် ကို တွက်ချက်ရာတွင် ဈေးကွက်အတွင်းလွပ်လပ်စွာလည်ပတ်နေသော ခန့်မှန်းခြေရှယ်ယာအရေအတွက်ကို ထည့်သွင်းစဉ်းစားသော free-float ချဉ်းကပ်မှုနည်းလမ်းကို အသုံးပြုပါသည်။

Deutscher Aktienindex (DAX) ၏ မတည်ငြိမ်မှုအတိုင်းအတာကို အလယ်အလတ်ဟု ယူဆပါသည်။ ကုန်သွယ်နေ့တနေ့တာအတွင်း ၎င်း၏နှုန်းထားပြောင်းလဲမှုသည် ပျမ်းမျှအားဖြင့် ၁% မှ ၄% ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် ဥရောပ၏ အဓိကစီးပွားရေးညွှန်ပြချက်များမှတစ်ခုဖြစ်သောကြောင့် index futures များ၏ liquidity မှာ အတော်ပင်မြင့်မား၍ ၎င်းအတွက် ပုံသေသက်တမ်းစာချုပ်များသည် အခြားပိုင်ဆိုင်မှုများ၏ အလားတူစာချုပ်များအကြား အရောင်းအဝယ်အသွက်လက်ဆုံး ထိပ်တန်းကုန်သွယ်ကိရိယာ ၅ခု စာရင်းတွင် ပါဝင်ပါသည်။ ၎င်းသည် သင့်အား နိမ့်ပါးသော spread နှုန်းထားဖြင့် ကာလတိုသဘောတူညီချက်များ ပြုလုပ်နိုင်ရန် ခွင့်ပြုပေးပါသည်။ သို့သော် မတည်ငြိမ်မှုနိမ့်ပါးသော အခြေအနေများတွင် ကာလအလယ်အလတ်ကုန်သွယ်ရေးသည် ပိုမိုသင့်တော်သောရွေးချယ်မှုတခု ဖြစ်နိုင်ပါသည်။

ဂျာမန် DAX အင်းဒက်စ် သည် ကမ္ဘာပေါ်တွင် လိုက်လျောညီထွေအရှိဆုံး အင်းဒက်စ် များမှ တစ်ခုဖြစ်သည်။ ၎င်း၏ တွက်ချက်မှုနည်းလမ်းနှင့် ပါဝင်မှုစံနှုန်းများသည် ပုံမှန်ပြောင်းလဲနေပါသည်။ သို့ရာတွင် ၎င်းသည် ဥရောပ၊ အမေရိကန်နှင့် အာရှဘဏ္ဍာရေးအခြေအနေပေါ် အလေးအနက်မှီခိုနေရခြင်းကိုမူ မပြောင်းလဲနိုင်ပါ။ စတင်ဖန်တီးခဲ့ချိန်မှစ၍ ၎င်းသည် အလယ်အလတ်တိုးတက်မှုကို ပြသခဲ့သည်။ DAX အင်းဒက်စ် ၏ အားသာချက်များမှတခုမှာ ၎င်း၏အတက်၊ အကျများကို အလွန်လွယ်ကူစွာ ခန့်မှန်းနိုင်ခြင်းပင်ဖြစ်သည်။

GER30 ကို ပေါင်းစပ်ဖွဲ့စည်းထားသော ကုမ္ပဏီများ၏ စုစုပေါင်း အရင်းအနှီးပမာဏသည် ၁ ထရီလီယံဒေါ်လာထက် ကျော်လွန်ပါသည်။ အဆိုပါကုမ္ပဏီများ၏ အရင်းအနှီးပမာဏသည် စတော့အိတ်ချိန်းတွင် ရှယ်ယာကုန်သွယ်ကြသော ဂျာမန်ကုမ္ပဏီအားလုံး၏ စုစုပေါင်းအရင်းအနှီးမှ ၈၀% ခန့် ရှိပါသည်။ DAX သည် ကမ္ဘာပေါ်တွင် အရောင်းအဝယ်အသွက်ဆုံး အင်းဒက်စ် များအနက် တခုအပါအဝင်ဖြစ်ပါသည်။ Eurex ၏ အတွင်းပိုင်းစာရင်းဇယားများအရ၊ options စာချုပ်များ၏ နှစ်စဉ်ကုန်သွယ်မှုပမာဏမှာ ၂၀ မှ ၃၀ မီလီယံယူနစ်အထိ ရောက်ရှိပြီး၊ futures စာချုပ်များ၏ နှစ်စဉ်ကုန်သွယ်မှုပမာဏမှာ ၃၀ မှ ၄၀ မီလီယံယူနစ်အထိ ရောက်ရှိကြောင်း သိရှိရပါသည်။

‌ပုံမှန် DAX တန်ဖိုးကို 11:00 မှ 19:30 အထိ ကာလတွင် တွက်ချက်ပါသည်။ နှောင်းပိုင်း/အစောပိုင်း - DAX အင်းဒက်စ် ကို 19:45 မှ 22:00 နှင့် 10:00 မှ 11:00 တွင် တွက်ချက်ပြီး (GMT+3၊ LiteFinance ကုန်သွယ်ရေးပလပ်ဖောင်းတွင် ဖော်ပြထားပါသည်)။

လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat