Microsoft (MSFT) သည်ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး လက်ရှိဒစ်ဂျစ်တယ်ပြယုဒ်ကို ပုံဖော်ရာတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါသည်။ ဤကုမ္ပဏီ၏ တည်ငြိမ်သော ကြီးပွားတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနည်းလမ်းများ နှင့် ဘဏ္ဍာရေးစွမ်းဆောင်ချက်များကြောင့် ၎င်း၏စတော့ရှယ်ယာများသည် ရင်းနှီးမြှပ်နှံသူများအတွက် စွဲမက်ဖွယ်ရှိနေဆဲ ဖြစ်ပါသည်။ မကြာသေးမီနှစ်များအတွင်း Microsoft သည် cloud ဝန်ဆောင်မှုများ၊ ဆော့ဝဲလ်တိုးတက်ပြောင်းလဲမှု နှင့် အေအိုင်ကဲ့သို့သော အဓိကအခန်းကဏ္ဍများတွင် ၎င်း၏ရပ်တည်ချက်ကို သိသာစွာတိုးမြှင့်ခဲ့ပါသည်။ ကုမ္ပဏီသည် ရှေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်း၏လုပ်ဆောင်နိုင်စွမ်းကို ဆက်လက်ပြသနေပြီး ထိုသည်မှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် ခိုင်မာသောရွေးချယ်မှုတစ်ရပ် ဖြစ်စေပါသည်။ 

ဤဆောင်းပါးတွင် Microsoft စတော့ရှယ်ယာစျေးနှုန်းမှန်းဆမှုများကို ဆန်းစစ်၍ နည်းပညာနှင့် အခြေခံဆိုင်ရာ စိစစ်ချက်များကို ပေးစွမ်းပြီး ကုမ္ပဏီ၏ရေရှည်အလားအလာများကို အကဲဖြတ်ပါမည်။ ဤအချက်အလက် သည် လက်ရှိစျေးကွက်အခြေအနေကို ပိုမိုကောင်းမွန်စွာနားလည်စေရန်နှင့် အချက်အလက်ပြည့်စုံသော ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများအား အထောက်အကူဖြစ်စေပါသည်။ 

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပင်မ‌ကောက်နှုတ်ချက်များ

  • Microsoft (MSFT) ၏လက်ရှိစျေးနှုန်းမှာ ၁၆.၀၅.၂၀၂၆ အရ $421.78 ဖြစ်ပါသည်။
  • အမြင့်ဆုံး Microsoft (MSFT) စျေးနှုန်း $552.84 မှာ ၂၈.၁၀.၂၀၂၅ တွင် ရောက်ရှိခဲ့ပြီး စံချိန်တင်အနိမ့်ဆုံးတန်ဖိုး $0.09 ကို ၂၄.၀၃.၁၉၈၆ တွင် မှတ်သားခဲ့ပါသည်။
  • Microsoft သည်ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများအနက်တစ်ခု ဖြစ်ပြီး စျေးကွက်တန်ကြေး $3 ထရီလီယံကျော်ဖြင့် ဂုဏ်ယူဝင့်ကြွားလျက်ရှိပါသည်။
  • Azure အပါအဝင် ထိုကုမ္ပဏီ၏ cloud ဝန်ဆောင်မှုများသည် သိသာသောဝင်ငွေတစိတ်တပိုင်းကို ‌ပေးစွမ်းပြီး အလားအလာကောင်းသော တိုးတက်မှုလမ်းကြောင်းများကို ဆက်လက်ပြသလျက်ရှိပါသည်။
  • Microsoft ရှယ်ယာများကို လက်မှတ်သင်္ကေတ MSFT ဖြင့် NASDAQ အိတ်ချိန်းပေါ်တွင် အရောင်းအဝယ်ပြုလုပ်ကြပြီး ၎င်းတို့ကို ကမ္ဘာအနှံ့ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် လက်လှမ်းမီစေပါသည်။
  • ၎င်းစတော့ရှယ်ယာသည် လွန်ခဲ့သည့်နှစ်အတွင်း 10.5% တိုးပွားခဲ့ပြီး ထိုသည်မှာ ကုမ္ပဏီ၏ခိုင်မာသော မြင့်တက်မှုအရှိန်အဟုန်ကို အတည်ပြုပေးနေပါသည်။
  • ကုမ္ပဏီသည် အမြတ်ဝေစုများကို ပုံမှန်ခွဲဝေပေးပြီး ထိုသို့ဖြင့် ၎င်း၏ရှယ်ယာများမှာ ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုဖြစ်စေပါသည်။
  • Microsoft သည်အေအိုင်နှင့် အခြားခေတ်မီနည်းပညာများတွင် တက်ကြွစွာ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး စျေးကွက်အတွင်း ၎င်း၏ရပ်တည်ချက်နေရာကို ခိုင်မာလာစေပါသည်။
  • အခြေခံအကြောင်းတရားများသည် စျေးကွက်အပေါ် သိသာပေါ်လွင်စွာ လွှမ်းမိုးသက်ရောက်သောကြောင့် ကြိုတင်ခန့်မှန်းချက်များမှာ မမျှော်လင့်ဘဲ သိသိသာသာ ပြောင်းလဲနိုင်ပါသည်။ DeepSeek V3 အေအိုင်မော်ဒယ် စတင်မိတ်ဆက်ခြင်းသည် စျေးကွက်မတည်ငြိမ်မှုကို လှုံ့ဆော်စေခဲ့သည့် အရေးပါသောကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပြီး Microsoft နှင့် အခြားနည်းပညာကုမ္ပဏီကြီးများ၏ ရှယ်ယာထိုးကျမှုများကို ဦးတည်ဖြစ်ပေါ်စေခဲ့ပါသည်။

Microsoft (MSFT) ၏အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား

Microsoft (MSFT) စတော့ရှယ်ယာကို ၁၆.၀၅.၂၀၂၆ အရ $421.78 ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

Microsoft (MSFT) စတော့ရှယ်ယာ၏ လက်ရှိအခြေအနေကို အကဲဖြတ်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများသည် စျေးကွက်တန်ကြေး၊ ကုန်သွယ်ရေးပမာဏနှင့် တစ်နှစ်အတွင်းရှိ စျေးနှုန်းအပြောင်းအလဲများကဲ့သို့သော အဓိကတိုင်းတာချက်အမျိုးမျိုးကို စောင့်ကြည့်လေ့လာသင့်ပြီး ၎င်းတို့သည် ပိုင်ဆိုင်မှု၏ ငွေဖြစ်လွယ်မှု၊ စွမ်းဆောင်ရည်နှင့် လက်ရှိစျေးကွက်သဘောထားတို့ကို သိမြင်နားလည်နိုင်ရန် အထောက်အပံ့ဖြစ်စေပါသည်။

ဤအချက်အလက်သည် အမြော်အမြင်ရှိ‌သော ရင်းနှီးမြှုပ်နှံရေးဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် စတော့ရှယ်ယာ မှာ ရေတို(သို့) ရေရှည်နည်းဗျူဟာများအတွက် သင့်တော်မှုရှိ/မရှိ အကဲဖြတ်ရန်အတွက် ပံ့ပိုးကူညီပေးပါသည်။ ဥပမာအားဖြင့် ကုန်သွယ်မှုပမာဏမြင့်မားခြင်းသည် စျေးကွက်လှုပ်ရှားမှုတိုးမြင့်လာခြင်းကို ညွှန်ပြပြီး တည်ငြိမ်သော စျေးကွက်တန်ဖိုးတိုးပွားမှုသည် ကုမ္ပဏီအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်ချက် ခိုင်မာအားကောင်းကြောင်း ထင်ဟပ်မြင်သာစေပါသည်။

အတိုင်းအတာ

တန်ဖိုး

စျေးကွက်တန်ကြေး

$3.321 trillion

လွန်ခဲ့သော ၂၄ နာရီအတွင်း ကုန်သွယ်မှုပမာဏ 

$15.55 million

ပမာဏနှင့် စျေးကွက်တန်ကြေးတို့၏အချိုး

0.47%

စံချိန်တင်အမြင့်ဆုံးတန်ဖိုး 

$552.84

လွန်ခဲ့သည့်နှစ်အတွင်း စျေးနှုန်းအပြောင်းအလဲ

+10.5%

Outstanding ရှယ်ယာများ 

7.435 billion

နည်းပညာဆိုင်ရာစိစစ်လေ့လာချက်အပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် Microsoft စတော့ရှယ်ယာစျေးနှုန်းကြိုတင်ခန့်မှန်းချက် 

နေ့စဥ် Microsoft စတော့ရှယ်ယာ chart သည် ထိုးထောင်တက်နေသော အပြိုင်ချန်နယ်ပုံစံတစ်ခုကို ပြသပြီး ထိုသည်မှာ အားကောင်းသော အတက်ဘက်သို့‌ရွေ့လျားမှုကို အတည်ပြုပေးပါသည်။ စျေးနှုန်းသည် ချန်နယ်၏ အပေါ်ပိုင်းတစ်ဝက်တွင် ရွေ့လျားနေပြီး အပြုသဘောဆောင်သော စျေးကွက်သဘောထားကို ဖော်ညွှန်းနေပါသည်။

RSI သည် 61 ၌ ရပ်တည်နေပြီး ဝယ်သူများမှာ စျေးကွက်ကို လွှမ်းမိုးနေဆဲ ဖြစ်ကြောင်း ဖော်ပြနေပါသည်။ ဤတန်ဖိုးသည် အဝယ်လွန်ဇုန်သို့ တဖြည်းဖြည်းနီးကပ်လာသော်လည်း ထိုသည်မှာ ဖြစ်နိုင်ဖွယ်စျေးယာယီကျဆင်းမှုကို အချက်ပြခြင်း မရှိသေးပေ။

LiteFinance: နည်းပညာဆိုင်ရာစိစစ်လေ့လာချက်အပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် Microsoft စတော့ရှယ်ယာစျေးနှုန်းကြိုတင်ခန့်မှန်းချက် 

MACD အညွှန်းသည် မြင့်တက်မှုလမ်းကြောင်းကို အတည်ပြုပေးပါသည်။ MACD မျဥ်း (1.96) သည် အချက်ပြမျဥ်း (-0.75) အထက်တွင် တည်ရှိပြီး အတက်လမ်းကြောင်း ဆက်လက်ဖြစ်ပေါ်မှုကို ညွှန်ပြနေပါသည်။ သိသာထင်ရှားသော ဆန့်ကျင်ပြောင်းလဲမှုလက္ခဏာများ မပေါ်ပေါက်သမျှကာလပတ်လုံး ဤမြင့်တက်မှုအချက်ပြခြင်းသည် အားကောင်းလာပါသည်။

EMA (434) နှင့် SMA (430) သည်လည်း ခိုင်မာသောအတက်လမ်းကြောင်းတစ်ခုကို ညွှန်ပြပါသည်။ စျေးနှုန်းမှာ ဤစျေးတန်းများအထက်တွင် အရောင်းအဝယ်ဖြစ်နေပြီး လမ်းကြောင်း၏အင်အားကို အတည်ပြုနေပါသည်။

LiteFinance: နည်းပညာဆိုင်ရာစိစစ်လေ့လာချက်အပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် Microsoft စတော့ရှယ်ယာစျေးနှုန်းကြိုတင်ခန့်မှန်းချက် 

Bollinger Bands အညွှန်းသည် စျေးနှုန်းမှာ အပိုင်းအခြား၏အပေါ်ပိုင်းနယ်နိမိတ်အနီးတွင် အရောင်းအဝယ် ဖြစ်နေကြောင်း ပြသပါသည်။ ထိုသည်မှာ ရေတိုကာလဆိုင်းငံ့မှု (သို့) အပေါ်ဘက်သို့ ဖြစ်နိုင်ဖွယ်စျေးတန်းဖောက်ထွက်မှုမတိုင်မီ စျေးယာယီကျဆင်းခြင်းကို ညွှန်းဆိုပါသည်။ 

ယေဘုယျအားဖြင့် နည်းပညာဆိုင်ရာအညွှန်းများနှင့် စျေးကွက်တည်ဆောက်ပုံတို့သည် မြင့်တက်မှုအရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြပါသည်။ ၂၀၂၅ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်အရ Microsoft ရှယ်ယာများသည် လက်ရှိချန်နယ်အတွင်း $470–$550 အထိသို့ တက်လာပါလိမ့်မည်။ 

Microsoft (#MSFT) ရှယ်ယာများ၏ ခန့်မှန်းတန်ဖိုးများ 

အနည်းဆုံး , $

အများဆုံး , $

ဖေဖေါ်ဝါရီ

458.30

492.40

မတ်

465.70

499.80

ဧပြီ

472.40

507.20

မေ

479.80

515.90

ဇွန်

487.20

524.60

ဇူလိုင်

495.40

533.80

သြဂုတ်

504.30

542.90

စက်တင်ဘာ

512.80

551.40

အောက်တိုဘာ

521.90

559.80

နိုဝင်ဘာ

532.40

567.60

ဒီဇင်ဘာ

545.80

575.40

၂၀၂၅ ခုနှစ် MSFT အတွက် ရေရှည်ကုန်သွယ်ရေးအစီအစဥ် 

MSFT အတွက် ရေရှည်ကာလကုန်သွယ်ရေးအစီအစဥ်မှာ နည်းပညာဆိုင်ရာစိစစ်သုံးသပ်မှုအပေါ် အခြေခံထားပြီး ၎င်းသည် EMA and SMA တို့မှ အထောက်အပံ့ဖြင့် တည်ငြိမ်သောအတက်လမ်းကြောင်းတစ်ခုကို ညွှန်ပြပါသည်။ 

ဝင်ရောက်အမှတ်များ :

  • စျေးနှုန်းသည် EMA နှင့် SMA စျေးတန်းများသို့  ခုန်တက်ကာ ပြန်ကန်ကျလာပြီး ထိုသည်မှာ စျေးမြင့်တက်မည့်အချက်ပြမှုကို အတည်ပြုပေးပါက အဝယ်ကုန်သွယ်မှုများကို $415–$435 ဇုန်အတွင်း ဖွင့်လှစ်နိုင်ပါသည်။ 
  • ချန်နယ်၏အနိမ့်ပိုင်းနယ်နိမိတ်ရှိ $405 စျေးတန်းအယောင်ဆောင်ဖောက်ထွက်မှု ဖြစ်ပေါ်၍ စျေးနှုန်းစတင်တိုးပွားလာပါက တစ်စုံတစ်ဦးသည် ကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။ 

ပစ်မှတ်များ :

  • ပထမဦးဆုံးပစ်မှတ်သည် $460 ဖြစ်၍ အနီးစပ်ဆုံးရောင်းလိုအားစျေးတန်းတစ်ခု ဖြစ်ပါသည်။ 
  • ဒုတိယမြောက်ပစ်မှတ်မှာ $500 ဖြစ်၍ ခန့်မှန်းထားသောအပိုင်းအခြား၏ အပေါ်ပိုင်းနယ်နိမိတ် ဖြစ်ပါသည်။ 

ဆုံးရှုံးမှုဟန့်တားစျေးတန်း :

  • စျေးလမ်းကြောင်းဆန့်ကျင်ပြောင်းလဲပါက ဆုံးရှုံးမှုများလျော့နည်းသက်သာစေရန်အတွက် $390 စျေးတန်း၌ stop-loss အော်ဒါတစ်ခုကို နေရာချရန် အကြံပြုပါသည်။ 

အချက်ပြများ :

  • RSI တန်ဖိုးသည် 60 အထက်တွင် ရှိပြီး MACD လိုင်းသည် အချက်ပြမျဥ်းအထက်တွင် ရှိပါသည်၊ ထိုသည်မှာ အတက်လမ်းကြောင်းကို အတည်ပြုသေချာစေပါသည်။
  • ချန်နယ်၏ အပေါ်ပိုင်းနယ်နိမိတ်ဖောက်ထွက်မှုသည် ဝယ်ယူမှုအားကောင်းကြောင်း အချက်ပြမှုတစ်ခု ဖြစ်ပါလိမ့်မည်။

၂၀၂၅ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ MSFT ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ကုမ္ပဏီ၏တသမတ်တည်းတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း Microsoft စတော့များ(MSFT) မှာ ရင်းနှီးမြှုပ်နှံသူများ၏စိတ်အာရုံကို ဖမ်းစားထားနိုင်ဆဲ ဖြစ်ပါမည်။ ထိုတစ်နှစ်တာအတွင်း ထိပ်တန်းစိစစ်လေ့လာသူများ၏ စျေးနှုန်းစွမ်းဆောင်နိုင်ချေ ကြိုတင်ခန့်မှန်းချက်များကို ဆန်းစစ်ကြည့်ကြပါစို့။

StockScan

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $496.5–$654.6 (၂၅.၀၁.၂၀၂၅ အရ) ။

StockScan အရ Microsoft ရှယ်ယာများသည် ၂၀၂၅ တစ်နှစ်ပတ်လုံးအတွင်း မြင့်တက်လာမည် ဖြစ်၍ ဒီဇင်ဘာလ၌ ပျမ်းမျှတန်ဖိုး $635.7 သို့ရောက်ရှိပါလိမ့်မည်။ အောက်တိုဘာလ၏ အမြင့်ဆုံးတန်ဖိုး $648.8 မှာ ကုမ္ပဏီ၏ထုတ်ကုန်များအတွက် ဝယ်လိုအားကောင်းမှုနှင့် ၎င်း၏စျေးကွက်ရှယ်ယာတိုးချဲ့မှုတို့ကြောင့် ဖြစ်ပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဖေဖေါ်ဝါရီ

499.4

519.0

522.7

မတ်

508.3

514.1

543.2

ဧပြီ

496.5

525.0

533.2

မေ

518.2

549.8

552.4

ဇွန်

544.9

564.5

568.8

ဇူလိုင်

561.8

586.4

590.2

သြဂုတ်

587.7

612.3

615.0

စက်တင်ဘာ

600.0

618.8

623.9

အောက်တိုဘာ

611.4

630.2

648.8

နိုဝင်ဘာ

616.0

633.9

636.2

ဒီဇင်ဘာ

631.1

635.7

654.6

Markettalkz

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $452.90–$575.40 (၂၅.၀၁.၂၀၂၅ အရ) ။

Markettalkz အရ MSFT ကို ပျမ်းမျှစျေးနှုန်း $485.80ဖြင့် ၂၀၂၅ ခုနှစ်အတွင်း $452.90 နှင့် $575.40 ကြားတွင် အရောင်းအဝယ်ဖြစ်ရန် ခန့်မှန်းကြပါသည်။ စိစစ်လေ့လာသူများသည် လုပ်ငန်းသုံးဆော့ဝဲလ်နှင့် cloud နည်းပညာကို အဓိကတိုးတက်မှု၏အရင်းအမြစ်များအဖြစ် ကိုးကားဖော်ပြပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၅

452.90

485.80

575.40

Paisakit

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $460–$502.20 (၂၅.၀၁.၂၀၂၅ အရ) ။

Paisakit သည် Microsoft ရှယ်ယာများမှာ ပျမ်းမျှစျေးနှုန်း $481.10 ဖြင့် ၂၀၂၅ ခုနှစ်အတွင်း $460 မှ $502.20 အထိရှိလိမ့်မည်ဟု ကြိုတင်မှန်းဆကြပါသည်။ ကျွမ်းကျင်ပညာရှင်များသည် ဤစွမ်းဆောင်မှုမှာ ဆန်းသစ်တီထွင်မှုများတွင် ကုမ္ပဏီ၏ဆက်လက်ရင်းနှီးမြှုပ်နှံမှု၊ ခိုင်မာသောစျေးကွက်ရပ်တည်ချက် နှင့် အဓိကထုတ်ကုန်များမှ တောင့်တင်းလာသောဝင်ငွေတိုးပွားမှုတို့ကြောင့် ဖြစ်သည်ဟု မှတ်ထင်ကြပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၅

460

481.10

502.20

၂၀၂၆ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ MSFT ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

၂၀၂၆ ခုနှစ်အတွင်း Microsoft သည်နည်းပညာစျေးကွက်အတွင်း ၎င်းတို့ရပ်တည်ချက်နေရာကို ဆက်လက်အားဖြည့်လာပါလိမ့်မည်။ စိစစ်သုံးသပ်သူများ၏အဆိုအရ cloud နည်းလမ်းများဖွံ့ဖြိုးတိုးတက်မှု နှင့် ဆန်းသစ်တီထွင်ထားသောနည်းပညာများမှ အထောက်အပံ့ဖြင့် ကုမ္ပဏီ၏ရှယ်ယာများမှာ တဟုန်ထိုးမြင့်တက်လာပါလိမ့်မည်။ ကျွမ်းကျင်သူများ၏ ယူဆချက်များကို ဆန်းစစ်ကြည့်ကြပါစို့။

StockScan

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $635.3–$834.6 (၂၅.၀၁.၂၀၂၅ အရ) ။

StockScan သည် Microsoft စတော့ရှယ်ယာမှာ ၂၀၂၆ ခုနှစ်အတွင်း တဖြည်းဖြည်းမြင့်တက်မည်ဟု မှန်းဆထားပါသည်။ ပျမ်းမျှစျေးနှုန်းကို ဇန်နဝါရီလတွင် 656.1 ဖြင့်စတင်မည် ဖြစ်ပြီး ဒီဇင်ဘာလတွင် 814.9 သို့ရောက်ရှိပါလိမ့်မည်။ အမြင့်ဆုံးစျေးနှုန်းကို ဒီဇင်ဘာလအတွင်း 834.6 အထိရောက်ရှိရန် ခန့်မှန်းထားပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

635.3

656.1

665.2

ဖေဖေါ်ဝါရီ

653.7

667.2

669.5

မတ်

666.3

668.9

679.6

ဧပြီ

670.8

706.9

712.0

မေ

694.0

703.9

713.6

ဇွန်

705.6

737.1

737.2

ဇူလိုင်

728.9

739.0

750.2

သြဂုတ်

731.4

756.4

757.0

စက်တင်ဘာ

754.9

786.1

788.9

အောက်တိုဘာ

786.5

805.3

805.5

နိုဝင်ဘာ

803.0

825.4

828.0

ဒီဇင်ဘာ

814.8

814.9

834.6

Markettalkz

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $493.64–$627.20 (၂၅.၀၁.၂၀၂၅ အရ) ။

Markettalkz အရ Microsoft ၏စတော့ရှယ်ယာစျေးနှုန်းကို ပျမ်းမျှစျေးနှုန်း $529.52 ဖြင့် ၂၀၂၆ ခုနှစ်အတွင်း $493.64 နှင့် $627.20 အကြားရှိရန် မျှော်လင့်ထားပါသည်။ စိစစ်သုံးသပ်သူများသည် ဤတိုးမြင့်လာမှုမှာ လုပ်ငန်းသုံးဆော့ဝဲလ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ဆက်စပ်နေပြီး ၎င်းမှာ ကုမ္ပဏီအတွက် အရေးပါသောဝင်ငွေရင်းမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကာ ဆန်းသစ်တီထွင်ဖြေရှင်းနည်းများအတွက် တည်မြဲသောဝယ်လိုအားကြောင့်လည်း ဖြစ်ပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၆

493.64

529.52

627.20

Paisakit

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $550.50–$623.80 (၂၅.၀၁.၂၀၂၅ အရ) ။

Paisakit သည် Microsoft ၏စတော့ရှယ်ယာ‌စျေးနှုန်းကို ပျမ်းမျှတန်ဖိုး 587.15 နှင့်အတူ ၂၀၂၆ ခုနှစ်အတွင်း 550.50 နှင့် 623.80 အကြား အရောင်းအဝယ်ဖြစ်ရန် ခန့်မှန်းတွက်ချက်ထားပါသည်။ ကျွမ်းကျင်ပညာရှင်များသည် ကုမ္ပဏီ၏တိုးတက်မှုကို အောင်မြင်သော cloud ပလက်‌ဖောင်းဖွံ့ဖြိုးလာမှုနှင့် ဆော့ဝဲလ်မှဝင်ငွေရရှိမှု မြင့်မာလာခြင်းတို့ကြောင့် အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြပြီး ထိုသည်မှာ ၎င်၏ရေရှည်မျှော်မှန်းအလားအလာများကို ပံ့ပိုးပေးပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၆

550.50

587.15

623.80

၂၀၂၇ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ MSFT ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

၂၀၂၇ ခုနှစ်အတွင်း နည်းပညာဆန်းသစ်မှုများနှင့် စျေးကွက်ရှယ်ယာတိုးချဲ့မှုတို့မှ ပံ့ပိုးပေးသောကြောင့် Microsoft ရှယ်ယာများကို တန်ဖိုးတက်လာရန် မျှော်မှန်းပါသည်။ ကျွမ်းကျင်ပညာရှင်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ယုံကြည်မှု နှင့် ပင်မစျေးကွက်အစိတ်အပိုင်းများအတွင်း ကုမ္ပဏီ၏ခိုင်မာတောင့်တင်းမှုတို့အပေါ် အ‌လေးပေးဖော်ပြကာ ရှယ်ယာစျေးနှုန်းများ ပုံမှန်တိုးလာမှုကို ကြိုတင်မှန်းဆကြပါသည်။

StockScan

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $816.4–$925.0 (၂၅.၀၁.၂၀၂၅ အရ) ။

StockScan ၏ ကြိုတင်ခန့်မှန်းချက်သည် Microsoft ၏စတော့ရှယ်ယာစျေးနှုန်းမှာ ၂၀၂၇ ခုနှစ်အတွင်း တရှိန်ထိုးတက်မည်ဟု ညွှန်းဆိုပါသည်။ ပျမ်းမျှရှယ်ယာစျေးနှုန်းမှာ ဇန်နဝါရီလအတွင်း 850.0 ဖြင့်စတင်မည် ဖြစ်၍ ဒီဇင်ဘာလတွင် 925.0 သို့ရောက်ရှိပါလိမ့်မည်။ အမြင့်ဆုံးစျေးနှုန်း 925.0 ကို ဒီဇင်ဘာလတွင် မှန်းဆထားပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

816.4

850.0

851.9

ဖေဖေါ်ဝါရီ

849.2

891.6

893.6

မတ်

872.3

881.9

901.9

ဧပြီ

869.6

876.0

906.3

မေ

845.7

879.5

888.6

ဇွန်

850.8

873.0

887.4

ဇူလိုင်

855.0

899.1

906.8

သြဂုတ်

871.9

872.5

909.8

စက်တင်ဘာ

852.6

881.4

893.2

အောက်တိုဘာ

857.3

863.5

889.6

နိုဝင်ဘာ

867.2

891.1

892.5

ဒီဇင်ဘာ

871.4

925.0

925.0

Markettalkz

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $530.66–$674.24 (၂၅.၀၁.၂၀၂၅ အရ) ။

Markettalkz သည် ပျမ်းမျှစျေးနှုန်း$569.24 ဖြင့် ၂၀၂၇ ခုနှစ်အတွင်း Microsoft ၏စတော့စျေးနှုန်းကို $530.66 နှင့် $674.24 အကြား အရောင်းအဝယ်ဖြစ်ရန် ခန့်မှန်းပါသည်။ ဤမျှော်မှန်းထားသော စွမ်းဆောင်ရည်သည် cloud ဖြေရှင်းနည်းများနှင့် လုပ်ငန်းသုံးဆော့ဝဲလ်အတွက် ကမ္ဘာတဝှမ်း တိုးမြင့်လာသောဝယ်လိုအားကြောင့် ဖြစ်ပြီး ၎င်းသည် ကုမ္ပဏီအတွက် အဓိကဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၇

530.66

569.24

674.24

Paisakit

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $677.45–$734.64 (၂၅.၀၁.၂၀၂၅ အရ) ။

Paisakit သည် Microsoft ၏ရှယ်ယာစျေးနှုန်းမှာ ပျမ်းမျှစျေး$706.04 ဖြင့် ၂၀၂၇ ခုနှစ်အတွင်း $677.45 နှင့် $734.64 အကြား ကုန်သွယ်ကြမည်ဟု ဖော်ပြပါသည်။ ဤတိုးမြင့်မှုကို သုတေသနနှင့်ဆန်းသစ်ဖန်တီးမှုများတွင် ကုမ္ပဏီ၏ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ၎င်း၏နည်းပညာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဖြင့် ဝင်ငွေတိုးပွားလာမှုတို့မှ အားဖြည့်ပေးထားပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၇

677.45

706.04

734.64

၂၀၂၈ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ MSFT ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ဆန်းသစ်ဖန်တီးမှုများနှင့် ကမ္ဘာ့နည်းပညာစျေးကွက်အတွင်း ရှယ်ယာတိုးများလာခြင်းတို့မှ အထောက်အပံ့ ပြုသောကြောင့် Microsoft စတော့ရှယ်ယာသည် ၂၀၂၈ ခုနှစ်အတွင်း မြင့်တက်လာနိုင်ချေရှိပါမည်။

StockScan

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $871.4–$1,081 (၂၅.၀၁.၂၀၂၅ အရ) ။

StockScan သည် Microsoft ၏ပျမ်းမျှရှယ်ယာစျေးနှုန်းမှာ ဇန်နဝါရီလတွင် $896.8 ဖြင့် စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလ၌ $1,074 သို့ရောက်ရှိလိမ့်မည်ဟု မှန်းဆကြပါသည်။ အမြင့်ဆုံးစျေးနှုန်းကို ဒီဇင်ဘာလအတွင်း $1,081 အထိရှိရန် ခန့်မှန်းထားပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

895.3

896.8

929.2

ဖေဖေါ်ဝါရီ

881.2

881.4

912.1

မတ်

871.4

890.2

907.2

ဧပြီ

873.4

913.3

914.5

မေ

905.9

914.1

937.4

ဇွန်

898.6

923.3

925.5

ဇူလိုင်

915.9

953.9

967.5

သြဂုတ်

942.7

949.0

967.7

စက်တင်ဘာ

948.0

999.7

1,000

အောက်တိုဘာ

989.2

1,026

1,028

နိုဝင်ဘာ

1,024

1,061

1,063

ဒီဇင်ဘာ

1,050

1,074

1,081

Markettalkz

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $592.40–$728.18 (၂၅.၀၁.၂၀၂၅ အရ) ။

Markettalkz အရ Microsoft သည် ၂၀၂၈ ခုနှစ်အတွင်း ပျမ်းမျှစျေးနှုန်း $615.82 ဖြင့် $592.40 နှင့် $728.18 အကြား ရှိပါလိမ့်မည်။ စိစစ်သုံးသပ်သူများသည် ဤတိုးပွားလာမှုမှာ ကုမ္ပဏီ၏ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု နှင့် ၎င်း၏ထုတ်ကုန်အမျိုးအစားချဲ့ထွင်မှုတို့ကြောင့်ဟု အသိအမှတ်ပြုထားပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၈

592.40

615.82

728.18

Paisakit

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $834.55–$893.50 (၂၅.၀၁.၂၀၂၅ အရ) ။

Paisakit သည် Microsoft ၏ရှယ်ယာစျေးနှုန်းမှာ ပျမ်းမျှတန်ဖိုး $864.02 ဖြင့် ၂၀၂၈ ခုနှစ်အတွင်း $834.55 မှ $893.50 အထိရှိလိမ့်မည်ဟု ကြိုတင်တွက်ဆထားပါသည်။ ကျွမ်းကျင်သူများသည် ဤသို့စျေးနှုန်းရွေ့လျားမှုမှာ ကုမ္ပဏီ၏အားကောင်းလာသော ကမ္ဘာလုံးဆိုင်ရာရပ်တည်ချက် နှင့် ဆန်းသစ်တီထွင်မှုနည်းလမ်းများမှ ဝင်ငွေတိုးပွားလာခြင်းတို့ဖြင့် လှုံ့ဆော်ပေးသောကြောင့် ဖြစ်သည်ဟု ယုံကြည်ထားကြပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၈

834.55

864.02

893.50

၂၀၂၉ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ MSFT ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

Microsoft ရှယ်ယာများသည် နည်းပညာထုတ်ကုန်များအတွက် ကမ္ဘာတဝှမ်းဝယ်လိုအား တိုးလာမှုနှင့် ကုမ္ပဏီ၏ စျေးကွက်နေရာခိုင်မာအားကောင်းမှုတို့မှ ပံ့ပိုးပေးသောကြောင့် ၂၀၂၉ ခုနှစ်အတွင်း ဆက်လက်တိုးမြင့်မည်ဟု မျှော်လင့်ရပါသည်။ စိစစ်လေ့လာသူများ၏ ကြိုတင်ခန့်မှန်းချက်များတွင် Microsoft စီးပွားရေးလုပ်ငန်း၏ တာရှည်တည်တံ့သောတိုးတက်မှုအပေါ် ယုံကြည်ချက်ကို မြင်သာစေပါသည်။

StockScan

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $659.4–$1,253 (၂၅.၀၁.၂၀၂၅ အရ) ။

StockScan သည် ပျမ်းမျှ Microsoft စတော့ရှယ်ယာစျေးနှုန်းမှာ ဇန်နဝါရီလတွင် $1,079 မှ အောက်တိုဘာလတွင် $1,246 အထိ မြင့်တက်မည်ဟု ကြိုတင်ခန့်မှန်းကြပါသည်။ သို့သော် စျေးနှုန်းသည် ဒီဇင်ဘာလတွင် နိုဝင်ဘာလတန်ဖိုး၏တဝက်နီးပါး $662.9 အထိသို့ နိမ့်ဆင်းနိုင်ပါသည်။ ထိုစျေးကျဆင်းမှုမှာ မျှော်မှန်းမရသောစျေးကွက်အကြောင်းတရားများ (သို့) အားကောင်းသော စျေးတက်မှုအပြီး ရေတိုစျေးနိမ့်ကျမှုတစ်ရပ်တို့မှ လှုံ့ဆော်ပေး‌သောကြောင့် ဖြစ်ပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

1,064

1,079

1,106

ဖေဖေါ်ဝါရီ

1,060

1,073

1,083

မတ်

1,074

1,088

1,099

ဧပြီ

1,071

1,093

1,100

မေ

1,093

1,145

1,145

ဇွန်

1,143

1,158

1,165

ဇူလိုင်

1,148

1,167

1,168

သြဂုတ်

1,159

1,198

1,216

စက်တင်ဘာ

1,204

1,218

1,227

အောက်တိုဘာ

1,212

1,246

1,248

နိုဝင်ဘာ

1,223

1,224

1,253

ဒီဇင်ဘာ

659.4

662.9

1,240

Markettalkz

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $645.80–$793.72 (၂၅.၀၁.၂၀၂၅ အရ) ။

Markettalkz သည် Microsoft စတော့စျေးနှုန်းမှာ ၂၀၂၉ ခုနှစ်အတွင်း $645.80 နှင့် $793.72 အကြားရှိမည် ဖြစ်ပြီး $671.25 ပျမ်းမျှတန်ဖိုးရှိပါမည်။ ထိုမြင့်တက်လာမှုကို အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သည့် cloud ကဏ္ဍတွင် ကုမ္ပဏီ၏ခိုင်မာသော စွမ်းဆောင်ရည်တို့ဖြင့် ပံ့ပိုးပေးပါမည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၉

645.80

671.25

793.72

Paisakit

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1,004.20–$1,067.90 (၂၅.၀၁.၂၀၂၅ အရ) ။

Paisakit အရ Microsoft ၏စတော့ရှယ်ယာမှာ ပျမ်းမျှစျေးနှုန်း $1,036.05 ဖြင့် ၂၀၂၉ ခုနှစ်အတွင်း 1,004.20 နှင့် $1,067.90 အကြားအတက်အကျဖြစ်ပါလိမ့်မည်။ ဤတဟုန်ထိုးမြင့်တက်မှုကို ကုမ္ပဏီ၏လက်ရှိဆန်းသစ်ဖန်တီးမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်အရင်းအမြစ်တိုးချဲ့မှုတို့မှ အားဖြည့်ပေးမည် ဖြစ်ပြီး ထိုသည်မှာ ၎င်း၏စျေးကွက်နေရာကို ပိုမိုခိုင်မာလာစေပါမည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၂၉

1,004.20

1,036.05

1,067.90

၂၀၃၀ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ MSFT ရှယ်ယာစျေးနှုန်းမှန်းဆချက်များ 

၂၀၃၀ ခုနှစ်အတွင်း နည်းပညာဆိုင်ရာဆန်းသစ်မှုအတွက် ပုံမှန်ဝယ်လိုအားနှင့် ဝင်ငွေအမြောက်အများ တိုးပွားမှုတို့မှ ထောက်ပံ့ပေးသောကြောင့် Microsoft ရှယ်ယာများကို ထပ်မံအားကောင်းလာရန် မျှော်မှန်းထားပါသည်။ ထွန်းသစ်စနည်းပညာများ၏ တန်ဖိုးမြင့်မားခြင်းနှင့် Microsoft ၏ထုတ်ကုန်များ ကမ္ဘာ့လုံးဆိုင်ရာလက်လှမ်းမီပျံ့နှံ့မှုတို့ကို ကိုးကား၍ ကျွမ်းကျင်ပညာရှင်များတွင် အပြုသဘောဆောင်ထင်မြင်ချက်ရှိနေဆဲ ဖြစ်ပါသည်။

StockScan

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $662.7–$895.6 (၂၅.၀၁.၂၀၂၅ အရ) ။

Stockscan သည် Microsoft ပျမ်းမျှရှယ်ယာစျေးနှုန်းမှာ ဇန်နဝါရီလတွင် $687.9 မှ အောက်တိုဘာလတွင် $889.7 အထိသို့ တဖြည်းဖြည်းတိုးတက်လာမည်ဟု ကြိုတင်ခန့်မှန်းထားပါသည်။ အမြင့်ဆုံးစျေးနှုန်း $897.0 ကို နိုဝင်ဘာလတွင် မျှော်မှန်းထားပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

662.7

687.9

689.1

ဖေဖေါ်ဝါရီ

690.5

709.2

709.6

မတ်

709.0

722.4

726.6

ဧပြီ

720.9

738.4

740.3

မေ

740.7

759.2

759.6

ဇွန်

757.5

776.2

776.9

ဇူလိုင်

782.3

804.4

806.3

သြဂုတ်

808.8

827.5

828.8

စက်တင်ဘာ

831.3

847.2

849.0

အောက်တိုဘာ

850.9

889.7

895.6

နိုဝင်ဘာ

861.1

868.6

897.0

ဒီဇင်ဘာ

859.2

888.5

896.7

Markettalkz

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $702.40–$865.15 (၂၅.၀၁.၂၀၂၅ အရ) ။

Markettalkz သည် Microsoft ၏ရှယ်ယာစျေးနှုန်းကို ပျမ်းမျှတန်ဖိုး $731.85 ဖြင့် ၂၀၃၀ ခုနှစ်အတွင်း $702.40 နှင့် $865.15 အကြားရှိရန် မှန်းဆပါသည်။ စိစစ်လေ့လာသူများသည် Microsoft ၏ ဝန်ဆောင်မှုများအတွက် ခိုင်မာသောဝယ်လိုအား၊ ကုမ္ပဏီ၏ဝင်ငွေများမြင့်တက်လာခြင်းနှင့် ၎င်း၏ပင်မတိုးတက်မှုယန္တရားများအဖြစ် နည်းပညာကဏ္ဍအတွင်း ကုမ္ပဏီ၏ သြဇာလွမ်းမိုးမှုကျယ်ပြန့်လာခြင်းတို့ကို အလေးပေးဖော်ပြပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၃၀

702.40

731.85

865.15

Paisakit

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1,135.75–$1,184.40 (၂၅.၀၁.၂၀၂၅ အရ) ။

Paisakit သည် Microsoft ၏စတော့ရှယ်ယာကို ပျမ်းမျှတန်ဖိုး $1,160.07 ဖြင့် ၂၀၃၀ ခုနှစ်အတွင်း $1,135.75 နှင့် $1,184.40 အကြားအတက်အကျဖြစ်ရန် ကြိုတင်ခန့်မှန်းပါသည်။ ဤသို့တန်ဖိုးမြင့်တက်လာရခြင်းမှာ နည်ပညာအသစ်များကို ကျယ်ပြန့်စွာလက်ခံကျင့်သုံးလာမှု၊ ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာချဲ့ထွင်မှု အပါအဝင် သုတေသနနှင့် ဆန်းသစ်တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုတို့မှ အထောက်အကူပြုသောကြောင့် ဖြစ်ပါသည်။

နှစ်

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

၂၀၃၀

1,135.75

1,160.07

1,184.40

၂၀၅၀ ခုနှစ်အထိ စိစစ်လေ့လာသူများ၏ MSFT ရှယ်ယာစျေးနှုန်းမှန်းဆချက်များ

စိစစ်လေ့လာသူများသည် ရေရှည်ကာလတွင် Microsoft ၏ (MSFT) စတော့ရှယ်ယာစျေးနှုန်း တိုးတက်မှုကို ခန့်မှန်းပါသည်။

  • StockScan မှကျွမ်းကျင်သူများသည် ကုမ္ပဏီ၏ တည်တံ့သောတိုးတက်မှုနှင့် ဆန်းသစ်သော ထုတ်ကုန်များမှ လှုံ့ဆော်ပေးမှုကြောင့် ပျမ်းမျှစျေးနှုန်းကို ၂၀၃၀ ခုနှစ်တွင် $689.1 မှ ၂၀၅၀ ခုနှစ်တွင် $3,236 အထိ အထွတ်အထိပ်သို့ရောက်ရှိရန် မျှော်မှန်းပါသည်။
  • Markettalkz သည် ပို၍မယုတ်မလွန် ကြားချထင်မြင်ချက်တစ်ရပ်ကို ဖော်ပြပြီး စတော့ရှယ်ယာကို ၂၀၃၅ ခုနှစ်အတွင်း ပျမ်းမျှစျေးနှုန်း $1,026.64 သို့ရောက်ရှိ၍ ၂၀၅၀ ခုနှစ်၌ $7,845.90 သို့မြင့်တက်လာပါမည်။
  • Paisakit သည်ပို၍အကောင်းဘက်ဆောင်သော ခန့်မှန်းချက်များကို ပေးစွမ်းပြီး ပျမ်းမျှစျေးနှုန်းမှာ ၂၀၃၀ ခုနှစ်အတွင်း $1,160.07 မှ ၂၀၅၀ ခုနှစ်အတွင်း $21,805 အထိ တဟုန်ထိုးတက်လာလိမ့်မည်ဟု အကြံပြုထားပါသည်။

ဤသို့မတူကွဲပြားသောခန့်မှန်းချက်များသည် အနာဂတ်ဆန်းသစ်တီထွင်မှုများအပေါ် အကဲဖြတ်ရာတွင် စိစစ်သူများ၏ချဥ်းကပ်ပုံ ကွဲပြားခြားနာမှုများ၊ အထွေထွေစီးပွားရေးလမ်းကြောင်းများနှင့် နည်းပညာကဏ္ဍ၏ တိုးတက်နှုန်းတို့ကြောင့် ဖြစ်သည်ဟု ထင်မှတ်ရပါသည်။

နှစ်

StockScan, $

Markettalkz, $

Paisakit, $

၂၀၃၅

1,936

1,026.64

4,189.72

၂၀၄၀

2,450

1,335.24

9,591

၂၀၅၀

3,236

7,845.90

21,805

ကွဲပြားနေသောခန့်မှန်းချက်များ ရှိလင့်ကစား လမ်းကြောင်းအားလုံးသည် Microsoft၏ စျေးကွက်ရပ်တည်ချက် ခိုင်မာအားကောင်းလာမှုကို ညွှန်ပြပါသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများတွင် လက်ရှိရင်းနှီးမြှုပ်နှံမှုများ၊ ကမ္ဘာ့တဝှမ်းသို့တိုးချဲ့လာမှု အပါအဝင် နည်းပညာကဏ္ဍကြီးထွားလာမှုတို့သည် ၎င်း၏ရေရှည်အလားအလာကို ထောက်ပံ့ပေးပါသည်။ အတန်အသင့်အဖိုးထိုက်တန်မှုရှိခြင်းပင်လျှင် Microsoft သည် ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် စွဲမက်ဖွယ်ရွေးချယ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

ဆိုရှယ်မီဒီယာပေါ်ရှိ MSFT (Microsoft) အတွက် စျေးကွက် အနေအထား

ဆိုရှယ်မီဒီယာသည် Microsoft စတော့ရှယ်ယာအကြောင်း ရင်းနှီးမြှုပ်နှံသူများဆွေးနွေးတိုင်ပင်ရာတွင် အဓိကကျသောအခန်းဏ္ဍမှ ပါဝင်ပြီး ထိုပိုင်ဆိုင်မှုနှင့်ဆက်စပ်သော စျေးကွက်သဘောထားကို ပုံဖော်ပေးပါသည်။ ဥပမာအားဖြင့် စိစစ်လေ့လာသူ Andrew Moss သည် MSFT မှာအဓိက Fibonacci အဆင့်1.618 တွင် အရောင်းအဝယ်ဖြစ်နေပြီး ထိုသည်မှာ ဝင်ငွေအစီရင်ခံစာထုတ်ပြန်ချက်မတိုင်မီ စျေးနှုန်းမြင့်တက်နိုင်ချေ မျှော်မှန်းမှုကို ဖော်ညွှန်းကြောင်း X (ယခင် Twitter) ပေါ်၌ မှတ်ချက်ပြုထားပါသည်။ ဤသို့ထင်မြင်ယူဆချက်များသည် ကောင်းမွန်သောစျေးကွက်အနေအထားကို မကြာခဏ စေ့ဆော်ပေးလေ့ရှိပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ MSFT (Microsoft) အတွက် စျေးကွက် အနေအထား

အပြန်အလှန်အားဖြင့် အသုံးပြုသူ Travis Hoium သည် Microsoft ၏တိုးများလာသော အသုံးစရိတ်များမှာ အကျိုးကျေးဇူးရှိ/မရှိ မေးခွန်းထုတ်ကာ ရေရှည်စွန့်စားမှုများနှင့်စပ်လျဥ်း၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာပါသည်။ ဤသို့တွေးခေါ်ယူဆမှုများသည် ရင်းနှီးမြှုပ်နှံသူအချို့အတွက် သံသယဖြစ်စေ၍ သတိထားရှိလာစေပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ MSFT (Microsoft) အတွက် စျေးကွက် အနေအထား

ခြုံငုံသုံးသပ်ကြည့်ပါက MSFT အပေါ်သဘောထားသည် ကွဲပြားမှုမရှိရောထွေးနေဆဲ ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများစွာသည် ကုမ္ပဏီ၏တိုးတက်မှုကို ကြိုတင်တွက်ဆပြီး အလားအလာကောင်းသော အနာဂတ်တစ်ခုကို မြင်ယောင်ထားသော်လည်း အခြားသူများမှာ ဖြစ်နိုင်ဖွယ်စွန့်စားမှုများအပေါ်တွင် အာရုံစိုက်ထားပါသည်။ သို့သော် Microsoft ၏ရေရှည်အောင်မြင်မှုတွင် ယုံကြည်ချက်များ လွှမ်းမိုးပျံ့နှံ့နေပြီး ထိုသည်မှာ ၎င်း၏စတော့ရှယ်ယာအတွင်း စိတ်ဝင်စားမှုကို တာရှည်ထိန်းသိမ်းထားပါသည်။

MSFT စျေးနှုန်းသမိုင်းကြောင်း

Microsoft (MSFT) သည် ၂၈.၁၀.၂၀၂၅ တွင် အမြင့်ဆုံးစျေးနှုန်း $552.84 သို့ရောက်ရှိခဲ့ပါသည်။

အဆိုပါစတော့ရှယ်ယာသည် $0.09 သို့စျေးထိုးကျသည့်အခိုက်အတန့် ၂၄.၀၃.၁၉၈၆ တွင် အနိမ့်ဆုံး Microsoft (MSFT) စျေးနှုန်းကို မှတ်တမ်းတင်ခဲ့ပါသည်။

အောက်ပါ chart သည် လွန်ခဲ့သောဆယ်နှစ်အတွင်း MSFTUSD အတွဲ၏ စွမ်းဆောင်မှုကို ပြသပါသည်။ ကြိုတင်ခန့်မှန်းချက်များ တတ်နိုင်သမျှတိကျစေရေးအတွက် သမိုင်းတလျှောက်ဒေတာများကို အကဲဖြတ်ရန် လွန်စွာအရေးပါလှသည်။

Microsoft's (MSFT) စတော့စျေးနှုန်းသည် ၁၉၈၆ ခုနှစ်တွင် လူသိရှင်ကြားစတင်ရောင်းချပြီးချိန်မှစ၍ မှတ်သားဖွယ်တိုးတက်မှုကို ပြသခဲ့ပါသည်။ ရှယ်ယာတစ်စောင်လျှင် $21 ဖြင့်သာလျှင် အစပြုကာ ၁၉၉၉ ခုနှစ်၌ $119 သို့တဟုန်ထိုးတက်လာခဲ့ပါသည်၊ ထိုသည်မှာ တစ်ကိုယ်ရည်သုံးကွန်ပျူတာများနှင့် ဆော့ဝဲလ်စဦးတီထွင်မှုများတွင် ကုမ္ပဏီ၏အောင်မြင်လာမှုကို ထင်ဟပ်မြင်သာစေပါသည်။

LiteFinance: MSFT စျေးနှုန်းသမိုင်းကြောင်း

၂၀၀၀ ခုနှစ်အစောပိုင်းကာလများတွင် dot-com စျေးကွက်ပြိုလဲမှုကြောင့် စျေးနှုန်းများသိသာစွာ နိမ့်ဆင်းခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေ Microsoft သည် Windows XP နှင့် Office အပါအဝင် ထုတ်ကုန်အသစ်များကို စတင်ဖြန့်ဖြူး‌ရောင်းချခြင်းဖြင့် စျေးကွက်ပြန်လည်ဦးမော့လာစေရန် စီမံခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၌ အဆိုပါကုမ္ပဏီသည် စျေးကွက်အတွင်း ၎င်း၏ရပ်တည်ချက်ကို ခိုင်မြဲစွာ စတင်ထူထောင်ခဲ့ပြီး ၎င်း၏စတော့ရှယ်ယာစျေးနှုန်းများမှာ ပုံမှန်အတိုင်းတဖြည်းဖြည်း ဆက်လက်မြင့်တက်လာခဲ့ပါသည်။

LiteFinance: MSFT စျေးနှုန်းသမိုင်းကြောင်း

၂၀၁၄ ခုနှစ်အတွင်း Satya Nadella အား စီးအီးအိုအဖြစ်ခန့်အပ်တာဝန်ပေးခြင်းသည် Microsoft အတွက် အချက်အချာကျသောအလှည့်အပြောင်းတစ်ရပ်ကို မှတ်ကျောက်ပြုခဲ့ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ cloud နည်းပညာအပေါ် အလေးပေးမှုသည် ကောင်းမွန်သောပြောင်းလဲမှုတစ်ရပ် ဖြစ်လာခဲ့ပါသည်။ ဤနည်းဗျူဟာသည် ကုမ္ပဏီ၏စတော့ရှယ်ယာ သိသိသာသာတဟုန်ထိုးမြင့်တက်မှုကို ပံ့ပိုးပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၌ $300 ကိုကျော်လွန်ခဲ့ပါသည်၊ ထိုသည်မှာ Azure နှင့်အခြား cloud ဝန်ဆောင်မှုများ အောင်အောင်မြင်မြင် ဖွံ့ဖြိုးတိုးတက်လာမှုကို မြင်သာစေပါသည်။

LiteFinance: MSFT စျေးနှုန်းသမိုင်းကြောင်း

MSFT သည် ၎င်း၏ပုံမှန်တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများတွင် အပတ်တကုတ်ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် စွဲမက်ဖွယ်ရွေးချယ်မှုတစ်ခုအဖြစ် အစဥ်အမြဲတည်ရှိနေပါသည်။ 

MSFT ရှယ်ယာများကို အခြေခံတကျစိစစ်သုံးသပ်ခြင်း 

Microsoft (MSFT) သည် နှစ်များစွာအတွင်း ၎င်း၏စတော့ရှယ်ယာများ ပုံမှန်မြင့်တက်လာခြင်းဖြင့် ကမ္ဘာတဝှမ်းတွင် လူသိအများဆုံးနှင့် အအောင်မြင်ဆုံးကုမ္ပဏီများအနက်တစ်ခုအဖြစ် ထင်ပေါ်ကျော်ကြားပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီ၏ အထင်ကြီးလောက်ဖွယ်ဝင်ငွေရရှိမှုများ၊ ဆန်းသစ်တီထွင်မှုစွမ်းရည်များ နှင့် အောင်မြင်သောထုတ်ကုန်အစုအဝေးများကို သဘောကျနှစ်ခြိုက်ကြပါသည်။ အခြေခံတကျစိစစ်သုံးသပ်မှုတစ်ခုကို ဆောင်ရွက်ခြင်းဖြင့် သင်သည် လုပ်ငန်းနယ်ပယ်ဦးဆောင်သူတစ်ဦးအဖြစ် ၎င်း၏အဆင့်အတန်းကို ပံ့ပိုးပေး၍ Microsoft၏ရှယ်ယာစျေးနှုန်းအပေါ် တွန်းအားဖြစ်စေသော အဓိကအချက်များအကြောင်း သိမြင်နားလည်နိုင်စေပါသည်။ ဤကဏ္ဍတွင် Microsoft ၏စျေးကွက်တန်ဖိုးအား ဖော်ဆောင်ပေးသည့် မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းများကို စူးစမ်းရှာဖွေပါမည်။ 

မည်သည့်အချက်များသည် MSFT စတော့ကို ထိခိုက်စေပါသနည်း။ 

Microsoft ၏စတော့စျေးနှုန်းသည် ၎င်း၏စျေးကွက်ရပ်တည်ချက်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ဆုံးဖြတ်ပေးသည့် အချက်ပေါင်းများစွာဖြင့် လွှမ်းမိုးသက်ရောက်လျက်ရှိပါသည်။

  • ဘဏ္ဍာရေးဆိုင်ရာအချက်အလက်။ ဝင်ငွေ၊ အမြတ်နှင့် ငွေသားစီးဆင်းမှုအချက်အလက်တို့သည် ကုမ္ပဏီ၏စွမ်းဆောင်ရည်ကို မြင်သာစေပါသည်။
  • ဆန်းသစ်တီထွင်မှုများ။ နည်းပညာအသစ်များ နှင့် ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်မှုသည် ယှဥ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပေးပြီး ကုမ္ပဏီ၏စျေးကွက်နေရာကို အားဖြည့်ပေးပါသည်။
  • Cloud ဝန်ဆောင်မှုများ။ Azure ပလက်ဖောင်းအောင်မြင်မှုသည် ဝင်ငွေရရှိမှု၏ အဓိကအရင်းအမြစ် ဖြစ်လာစေပါသည်။
  • အမြတ်ဝေစုများ။ ပုံမှန်အမြတ်ဝေစုခွဲပေးမှုသည် စတော့ကို ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် စွဲမက်ဖွယ်ဖြစ်လာစေပါသည်။
  • ယှဥ်ပြိုင်မှု။ Google နှင့် Amazon ကဲ့သို့ ကုမ္ပဏီကြီးများထံမှ ဖိအားဒဏ်။
  • စီးပွားရေးအခြေအနေ။ အတိုးနှုန်းအပြောင်းအလဲများ၊ ငွေကြေးဖောင်းပွမှုနှင့် ယေဘုယျစီးပွားရေးရပ်ဝန်း။
  • စည်းမျဥ်းဥပဒေ။ ချုပ်ကိုင်စီးပွားစနစ်ကိုဆန့်ကျင်သည့် စစ်ဆေးမှုများနှင့် အချက်အလက်ကာကွယ်ရေးဥပ‌ဒေများ အပါအဝင် တရားဝင်ပြဌာန်းထားသော စည်းမျဥ်းများ။
  • ကမ္ဘာလုံးဆိုင်ရာဖြစ်စဥ်များ။ နိုင်ငံရေးအခြေအနေ၊ အထွေထွေစီးပွားရေးအပြောင်းအလဲများနှင့် ပထဝီနိုင်ငံရေးပဋိပက္ခများ။
  • နည်းပညာဆိုင်ရာလမ်းကြောင်းများ။ အေအိုင်ဥာဏ်ရည်တုနှင့် အခြားနည်းပညာများ၏ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှု။

ဤရှုထောင့်များအားလုံးသည် ရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက်များကို ပုံဖော်ပေးပြီး စျေးကွက်အတွင်း Microsoft ရှယ်ယာများ၏ ဝယ်လိုအားနှင့်ရောင်းလိုအားကို ဆုံးဖြတ်ပေးပါသည်။

Microsoft (MSFT) နှင့်ပတ်သက်သော ထပ်တိုး အချက်အလက်များ

Microsoft ကော်ပိုရေးရှင်း (MSFT) သည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးနည်းပညာ ကုမ္ပဏီကြီးများအနက်တစ်ခု ဖြစ်ပြီး ၎င်းကို Bill Gates နှင့် Paul Allen တို့မှ ၁၉၇၅ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့ပါသည်။ အစပိုင်းတွင် ကုမ္ပဏီသည် လည်ပတ်ရေးစနစ်များဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ၎င်း၏ပထမဦးဆုံး ဝင်းဒိုးဗားရှင်းကို စတင်မိတ်ဆက်ကာ တစ်ကိုယ်ရည်သုံးကွန်ပျူတာများအတွက် လျင်မြန်စွာ စံနမူနာဖြစ်လာခဲ့ပါသည်။

ယနေ့ခေတ်အခါ၌ Microsoft သည် cloud နည်းပညာများ (Azure)၊ ရုံးသုံးအက်ပလီကေးရှင်းများ (Microsoft Office)၊ ဂိမ်းပလက်ဖောင်းများ (Xbox) နှင့် အေအိုင်ဥာဏ်ရည်တုများ အပါအဝင် နည်းပညာကဏ္ဍခွဲမျိုးစုံတွင် ကမ္ဘာ့ထိပ်တန်းဦးဆောင်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာတဝှမ်းရှိ မီလီယံချီ လူပေါင်းများစွာနှင့် အဖွဲ့အစည်းများသည် ၎င်း၏ထုတ်ကုန်များကို အသုံးပြုနေကြပါသည်။

ထိုကုမ္ပဏီသည် လုပ်ငန်းပိုင်းဆိုင်ရာဖြေရှင်းနည်းများရှာဖွေသည့် နယ်ပယ်တွင် တက်ကြွစွာ တိုးချဲ့ပြောင်းလဲလျက်ရှိပြီး စီးပွားရေးနှင့်ပညာရေးအတွက် ဆန်းသစ်သောအသုံးချကိရိယာများကို ပေးစွမ်းနေပါသည်။ ထို့ပြင် Microsoft သည်ဆိုက်ဘာလုံခြုံရေးနှင့် ဒေတာသိုလှောင်ရေးတွင် အဓိကကျသောအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

ရင်းနှီးမြှုပ်နှံသူများသည် MSFT စတော့ရှယ်ယာကို ၎င်း၏ ကြံ့ကြံ့ခိုင်တိုးတက်မှု၊ အမြတ်ဝေစုပေးအပ်မှုနှင့် ခိုင်မာသောစျေးကွက်ယုံကြည်ချက်တို့အတွက် နှစ်ခြိုက်သဘောကျကြပါသည်။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံ‌ရေးစာချုပ်များကို စျေးကွက်အတွင်း ယုံကြည်စိတ်ချရမှုအရှိဆုံးများအနက် တချို့အဖြစ် စဥ်းစားကြပြီး ရေရှည်နှင့် ရေတိုရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုဖြစ်စေပါသည်။

MSFT တွင်ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်နှင့်အားနည်းချက်များ

ကုမ္ပဏီသည် တည်ငြိမ်သောတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကြောင့် အောင်မြင်ကျော်ကြားပါသည်။ သို့သော် စွန့်စားမှုအချို့ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။ ထိုရှယ်ယာများကို မဝယ်ယူမီ တွေးတောချိန်ဆသင့်သည့် အဓိကကောင်းကျိုးနှင့် ဆိုးကျိုးများကို စဥ်းစားလေ့လာကြည့်ကြပါစို့။

အကျိုးကျေးဇူးများ

  • ပုံမှန်တည်ငြိမ်သောတိုးပွားမှု။ Microsoft သည် တည်ငြိမ်သော ဝင်ငွေတိုးများလာမှု၊ စျေးကွက်တန်ဖိုးတက်လာမှု နှင့် နှစ်ပေါင်းများစွာအတွင်း ကမ္ဘာ့စျေးကွက်တွင် ရေပန်းစားမှုတို့ကို ပြသနေပါသည်။
  • အမြတ်ဝေစုများ။ ပုံမှန်အမြတ်ဝေစုပေးအပ်မှုများသည် ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် အဆိုပါကုမ္ပဏီ၏ရှယ်ယာများကို ဆွဲဆောင်မှုဖြစ်စေပြီး ပုံသေဝင်ငွေကို ပေးစွမ်းပါသည်။
  • ဆန်းသစ်တီထွင်မှု။ လက်ရှိထွက်ပေါ်နေသော နည်းပညာအသစ်များနှင့် ထုတ်ကုန်အသစ်များကို စတင်မိတ်ဆက်ခြင်းသည် နည်းပညာကဏ္ဍတွင် Microsoft ၏ထိပ်တန်းရပ်တည်ချက်နေရာကို ခိုင်မာအားကောင်းလာစေပါသည်။
  • Cloud ဝန်ဆောင်မှုများ။ Azure ပလက်ဖောင်းသည် cloud နည်းပညာများတွင် ထိပ်ဆုံးနေရာများအနက် တစ်ခုတွင် ရပ်တည်လျက်ရှိပြီး ၎င်းမှ သိသိသာသာဝင်ငွေများ ရရှိနေပါသည်။
  • နိုင်ငံတကာတွင်ဝင်ဆံ့နေရာရခြင်း။ ကုမ္ပဏီ၏လည်ပတ်မှုစနစ်များကို နိုင်ငံပေါင်းမြောက်များစွာအထိ ချဲ့ထွင်ထားသောကြောင့် ဒေသတွင်းစီးပွားရေးနှင့် ဆက်နွယ်သော စွန့်စားမှုအန္တရာယ်များကို လျော့ပါးသက်သာစေပါသည်။
  • နာမည်ကောင်းရရှိခြင်း။ Microsoft သည်တည်တံ့သောစွမ်းဆောင်ရည်နှင့် ခိုင်မာသော ဘဏ္ဍာရေးရလဒ်များမှတဆင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိထားပါသည်။
  • အကြပ်အတည်းများကို ကြံ့ကြံ့ခံနိုင်မှု။ ကုမ္ပဏီသည် စျေးကွက်အပြောင်းအလဲများကို အလိုက်သင့်ပြုပြင်နိုင်စွမ်းရှိပြီး စိန်ခေါ်မှုများကြုံတွေ့ရချိန်တွင် ပြန်လည်ထူထောင်နိုင်စွမ်းကို ပြသပေးပါသည်။

အားနည်းချက်များ

  • နည်းပညာအပေါ်မှီခိုနေရမှု။ နည်းပညာအသစ်များတိုးတက်မှုတွင် အဟန့်အတားဖြစ်ခြင်း (သို့) နှောင်နှေးကြန့်ကြာမှုမျိုးသည် ကုမ္ပဏီနှင့်၎င်း၏ရှယ်ယာများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။
  • ယှဥ်ပြိုင်မှုပြင်းထန်ခြင်း။ Microsoft သည် Amazon ၊ Google နှင့် Apple ကဲ့သို့ ကုမ္ပဏီကြီးများထံမှ ပြင်းထန်‌သောဖိအားများ ရင်ဆိုင်ကြုံတွေ့ရပြီး စွန့်စားမှု တိုးများလာစေပါသည်။
  • စည်းမျဥ်းဆိုင်ရာစွန့်စားမှုများ။ ကုမ္ပဏီသည် ချုပ်ကိုင်စီးပွားစနစ်တိုက်ဖျက်ရေးစိစစ်မှုများ အပါအဝင် တင်းကြပ်သော စည်းမျဥ်းဆိုင်ရာကြီးကြပ်မှုများအောက်တွင် ရောက်ရှိနေပြီး ထိုသည်မှာ ထပ်မံစွန့်စားမှုများကို ဖြစ်ပေါ်စေပါသည်။
  • စီးပွားရေးအရ ထိခိုက်ပြောင်းလဲလွယ်ခြင်း။ ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုမြင့်တက်လာြခင်း နှင့် အတိုးနှုန်းအပြောင်းအလဲများသည် ကုမ္ပဏီ၏ဘဏ္ဍာရေးရလဒ်များကို ထိခိုက်စေနိုင်ပါသည်။
  • မြင့်မားသောရှယ်ယာစျေးနှုန်း။ အသေးစားရင်းနှီးမြှုပ်နှံသူအချို့အတွက် ဤရှယ်ယာစျေးနှုန်းသည် တန်ဖိုးအားဖြင့်တတ်နိုင်မည် မဟုတ်ပါ။
  • နည်းပညာကဏ္ဍစွန့်စားမှုများ။ အဆိုပါကဏ္ဍ၏ထူးခြားမှုများကြောင့် ကုမ္ပဏီ၏ရှယ်ယာများတွင် မြင့်မားသောမတည်ငြိမ်မှုများ ပေါ်ပေါက်စေနိုင်ပါသည်။
  • Cloud ဝန်ဆောင်မှုများပေါ်တွင် မှီခိုနေရမှု။ Azure သည်သိသာသောဝင်ငွေပမာဏကို ရရှိစေသော်လည်း တစ်နေရာထဲမှ ဤသို့ပမာဏများစွာရရှိမှုသည် စွန့်စားမှုများကို မြင့်မားလာစေပါသည်။

Microsoft သည် တသမတ်တည်းတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုများနှင့် စျေးကွက်အတွင်း မားမားမတ်မတ်ရပ်တည်မှုတို့ကြောင့် ရင်းနှီးမြှုပ်နှံရန်အတွက် ဆွဲဆောင်မှုအရှိဆုံးကုမ္ပဏီများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူများသည် အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် ၎င်းတို့၏ အရင်းအနှီးများကို တိုးပွားစေရန်အလို့ငှါ အကျိုးကျေးဇူးများနှင့် ဖြစ်နိုင်ဖွယ်စွန့်စားမှုများကိုပါ ထည့်သွင်းတွက်ဆသင့်ပါသည်။

ကြိုတင်ခန့်မှန်းချက်များ မည်သို့လုပ်ဆောင်ပုံ

Microsoft (MSFT) စတော့ရှယ်ယာအတွက် ကြိုတင်ခန့်မှန်းချက်များ လုပ်ဆောင်ရန်အတွက် ရေတို၊ အလယ်အလတ်နှင့် ရေရှည်အချိန်ကာလသတ်မှတ်ချက်များအပေါ် ခြုံငုံကာမိစေသည့် ပြည့်စုံကျယ်ပြန့်သော ချဥ်းကပ်မှုတစ်ရပ်ကို ကျွန်ုပ်တို့အသုံးပြုကြပါသည်။ အချိန်ကာလတစ်မျိုးစီတွင် မတူညီသော စိစစ်ခွဲဖြာမှု နည်းစဥ်များ လိုအပ်ပါသည်။

ရေတိုကာလခန့်မှန်းချက်များတွင် ပါဝင်သည့်အရာများမှာ:

  • Chart pattern များ၊ အညွှန်းများ အပါအဝင် ဝယ်လိုအားနှင့်ရောင်းလိုအားစျေးတန်းများ ကဲ့သို့သော နည်းပညာဆိုင်ရာစိစစ်မှုဒေတာများ။
  • ဆိုရှယ်မီဒီယာပေါ်ရှိ စျေးကွက်အနေအထားနှင့် စိစစ်လေ့လာသူများ၏ ထင်မြင်ယူဆချက်များကို စူးစမ်းရှာဖွေခြင်း။
  • ဝင်ငွေအစီရင်ခံစာထုတ်ပြန်ချက်များ (သို့) ဥပဒေရေးရာစည်းမျဥ်းအပြောင်းအလဲများ ကဲ့သို့သော လတ်တလောကိစ္စရပ်များကို စောင့်ကြည့်လေ့လာခြင်း။

အလယ်အလတ်ကာလခန့်မှန်းချက်များတွင် ပါဝင်သည့်အရာများမှာ:

  • ကုမ္ပဏီ၏ ဘဏ္ဍာရေးအချက်အလက်များကို တန်ဖိုးဖြတ်ခြင်း: ဝင်ငွေ၊ ကုန်ကျစရိတ်၊ အမြတ်ရရှိမှုများ ပါဝင်သည့် အခြေခံတကျစိစစ်သုံးသပ်မှု။
  • လုပ်ငန်းနယ်ပယ်လမ်းကြောင်းများနှင့် ပြိုင်ဆိုင်မှုအနေအထားအပေါ် အလေးထားအာရုံစိုက်မှု။
  • အတိုးနှုန်းများနှင့် ငွေကြေးဖောင်းပွမှု ကဲ့သို့သော အထွေထွေစီးပွားရေးအညွှန်းများကို စိစစ်ခွဲဖြာခြင်း။

ရေရှည်ကာလခန့်မှန်းချက်များတွင် ပါဝင်သည့်အရာများမှာ:

  • ဆန်းသစ်တီထွင်မှုများကို မိတ်ဆက်ခြင်းနှင့် ၎င်း၏နိုင်ငံတကာတွင်တည်ရှိမှုကို ချဲ့ထွင်ခြင်း ကဲ့သို့သော ကုမ္ပဏီ၏ဗျူဟာမြောက်လုပ်ငန်းစဥ်များအပေါ် အကဲဖြတ်ခြင်း။
  • ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာအကြောင်းအချက်များကို စူးစမ်းရှာဖွေခြင်း။
  • စတော့စျေးနှုန်းသမိုင်းမှတ်တမ်းနှင့် ရေရှည်စျေးကွက်လမ်းကြောင်းများကို စိစစ်သုံးသပ်ခြင်း။

ဤချဥ်းကပ်မှုနည်းလမ်းသည် ရှယ်ယာစျေးနှုန်းအပေါ် သက်ရောက်စေသော အဓိကရှုထောင့်အားလုံးကို ထည့်သွင်းစဥ်းစာရန် နှင့် အချက်အလက်စုံလင်သောခန့်မှန်းချက်များ ဆောင်ရွက်ရန်အတွက် သင့်အား ကူညီပေးပါသည်။ 

နိဂုံးချုပ်: MSFT သည်ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။ 

Microsoft (MSFT) သည် ၎င်း၏တည်တံ့ခိုင်မြဲသော တိုးတက်မှု၊ ဆန်းသစ်တီထွင်မှုများနှင့် စျေးကွက်ရပ်တည်ချက်တောင့်တင်းခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံရန်အတွက် စွဲမက်ဖွယ်ကောင်းသော ကုမ္ပဏီများအနက်တစ်ခု ဖြစ်ပါသည်။ ကုမ္ပဏီသည် တည်ငြိမ်သော ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသပြီး cloud နည်းပညာများကို တက်ကြွစွာတိုးချဲ့ပြောင်းလဲကာ အေအိုင်ကဲ့သို့ အလားအလာကောင်းသောနယ်ပယ်များတွင်လည်း ရင်းနှီးမြှုပ်နှံနေပါသည်။ 

ပြင်းထန်သောပြိုင်ဆိုင်မှုနှင့် စည်းမျဥ်းဆိုင်ရာဖိအားကဲ့သို့ စိန်ခေါ်မှုများရှိသော်လည်း Microsoft သည်ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသောရွေးချယ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ ၎င်း၏စွဲမက်ဖွယ်ကောင်းမှုသည် ပုံမှန်အမြတ်‌‌ဝေစုပေးအပ်မှုနှင့် တိုးတက်မှုအလားအလာ နှစ်မျိုးလုံးပေါ်တွင် မူတည်နေပါသည်။ ခိုင်မာသောဘဏ္ဍာရေးအခြေခံအုတ်မြစ် အပါအဝင် ကောင်းစွာတည်ထောင်ထားသော ဂုဏ်သတင်းတို့နှင့်အတူ ၎င်းစတော့ရှယ်ယာသည် အမြတ်ရရှိမှုနှင့်တည်ငြိမ်မှုကို ရောနှောရှာဖွေနေသူများအတွက် စွဲမက်ဖွယ်အခွင့်အလမ်းတစ်ရပ်အား တင်ဆက်ပြသပေးပါသည်။ 

Microsoft စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသောမေးခွန်းများ 

လက်ရှိ MSFT စတော့စျေးနှုန်းသည် ၁၆.၀၅.၂၀၂၆ အရ $421.78 ဖြစ်ပါသည်။

စိစစ်လေ့လာသူများ၏ အဆိုအရ နောင်လာမည့်နှစ်အတွက် Microsoft ရှယ်ယာများ၏ ပစ်မှတ်စျေးနှုန်းကို $460–$600 ဖြင့် ခန့်မှန်းတွက်ချက်ထားပါသည်။ သို့သော် ဤကိန်းဂဏန်းများသည် ဘဏ္ဍာရေးအစီရင်ခံစာများ၊ အထွေထွေစီးပွားရေးအခြေအနေ၊ ပြိုင်ဆိုင်မှုပတ်ဝန်းကျင် နှင့် ယေဘုယျစျေးကွက်အနေအထားများအပေါ် မူတည်ကာ ပြောင်းလဲနိုင်ပါသည်။

မြင့်တက်ရန် မျှော်မှန်းထားပါသည်၊ စိစစ်လေ့လာသူအများစုသည် ရေတိုစျေးကျဆင်းမှုများနှင့်အတူ Microsoft စတော့အတွက် တည်ငြိမ်သောအတက်လမ်းကြောင်းတစ်ခုကို မှန်းဆထားပါသည်။ ကုမ္ပဏီ၏ cloud နည်းပညာနှင့်အေအိုင်တို့တွင် အဆင့်မြှင့်တင်မှုများနှင့်တကွ ၎င်း၏ထုတ်ကုန်ပုံမှန်ဝယ်လိုအားများ ပေါင်းစပ်မှုသည် စတော့ရှယ်ယာတိုးတက်မှုကို ဆက်လက်မြင့်တက်လာစေပါသည်။

လွန်ခဲ့သည့် ၅၂ ပတ်အတွင်း Microsoft စတော့ရှယ်ယာသည် $385.58 နှင့် $468.35 အကြား အတက်အကျဖြစ်ခဲ့ပါသည်။ အမြင့်ဆုံးတန်ဖိုးမှာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုခိုင်မာလာခြင်းကို ပြသပြီး အနိမ့်ဆုံးစျေးနှုန်းမှာ နည်းပညာကဏ္ဍအတွက် ပုံမှန်အတိုင်းမတည်ငြိမ်မှုကို ထင်ဟပ်စေပါသည်။ ထို့ကြောင့် စျေးယာယီကျဆင်းမှုများသည် စတော့ရှယ်ယာဝယ်ယူရန် အခွင့်အလမ်းတစ်ရပ် ဖြစ်၍ ကုန်သည်၏ ကုန်သွယ်မှုလုပ်ဆောင်ချက်အစုထဲသို့ အဖိုးတန်သောထပ်ပေါင်းထည့်မှုတစ်ခု ဖြစ်စေပါသည်။

၂၀၂၆ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ မှန်းဆချက်များသည် အမျိုးမျိုးကွဲပြားပါသည်။ ကျွမ်းကျင်သူအချို့တွင် အပြုသဘောင်ဆောင်သော ယူဆချက်မြောက်များစွာ ရှိနေကြသော်လည်း အခြားသူများမှာ ပိုမိုသတိရှိသောခံယူချက်သဘောထား ရှိကြပါသည်။ အချို့တွက်ချက်မှုများအရ Microsoft ၏စတော့စျေးနှုန်းသည် cloud ဝန်ဆောင်မှုများမှ ဝင်‌ငွေတိုးများလာမှုနှင့် ကုမ္ပဏီ၏ကမ္ဘာတဝှမ်းသို့ ချဲ့ထွင်မှုတို့ကြောင့် $490 မှ $830 အထိရှိနိုင်ပါသည်။

၂၀၃၀ ခုနှစ်အတွင်း Microsoft ရှယ်ယာများသည် $660–$1,300 အထိသို့ တန်ဖိုးတက်လာနိုင်ပါသည်။ ဤကြိုတင်မှန်းဆချက်များသည် အောင်မြင်သောဆန်းသစ်ကြံဆမှုများ၊ cloud နည်းလမ်းများဖွံ့ဖြိုးတိုးတက်မှု နှင့် ကမ္ဘာ့နည်းပညာစျေးကွက်အတွင်း ကုမ္ပဏီ၏ တည်ငြိမ်သောရပ်တည်ချက်တို့မှ အရင်းခံလာခြင်း ဖြစ်ပါသည်။

စိစစ်လေ့လာသူအများစုသည် Microsoft ကို ဝယ်ယူခြင်း (သို့) ကိုင်ဆောင်ခြင်းကို အကြံပြုပါသည်။ ကုမ္ပဏီသည် ပုံမှန်တိုးတက်မှုကို ပြသနေပြီး ၎င်း၏အားကောင်းသောဘဏ္ဍာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် ညှို့ယူအားကောင်းသောပိုင်ဆိုင်မှုတစ်ခု ဖြစ်စေပါသည်။ စတော့ဝယ်ယူရန်အတွက် စျေးယာယီကျဆင်းမှုများကို အသုံးပြုရန် အကြံပေးပါသည်။

ဟုတ်ပါသည်၊ Microsoft သည် နည်းပညာအခန်းကဏ္ဍတစ်ခုလုံးတွင် ထိပ်တန်းကုမ္ပဏီများအနက်တစ်ခု ဖြစ်သောကြောင့် ၎င်းကို ယုံကြည်စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ထင်မြင်ကြပါသည်။ ပုံမှန်အမြတ်‌ဝေစုများ နှင့် ဝင်ငွေတိုးပွားမှုများသည် ရင်းနှီးမြှုပ်နှံသူများအတွက် ၎င်း၏စတော့ရှယ်ယာကို ဆွဲဆောင်မှုဖြစ်စေပါသည်။

Microsoft စတော့များအတွက် လက်မှတ်သင်္ကေတမှာ MSFT ဖြစ်ပါသည်။ ၎င်းကို နည်းပညာကုမ္ပဏီများအား အထူးကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံးစတော့အိတ်ချိန်းများအနက် တစ်ခုဖြစ်သော NASDAQ အိတ်ချိန်းပေါ်တွင် ကုန်သွယ်ကြပါသည်။ Microsoft ၏စတော့စျေးနှုန်းစွမ်းဆောင်မှုသည် ကုမ္ပဏီ၏ဆန်းသစ်တီထွင်မှုများ၊ ကမ္ဘာ့စီးပွားရေးလမ်းကြောင်းများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားတို့အပေါ်တွင် မူတည်ပါသည်။

Microsoft ၏နောင်လာမည့် ဝင်ငွေအစီရင်ခံစာထုတ်ပြန်ချက်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ တွင် မျှော်မှန်းထားပါသည်။ ဖေ‌ဖေါ်ဝါရီ ၂၀ တွင် ကုမ္ပဏီသည် အမြတ်ဝေစုများကို ပေးအပ်ရန် လျာထားပါသည်။ နောင်လာမည့်အစီရင်ခံစာအတွက် ရက်အတိအကျကို ကုမ္ပဏီ၏တရားဝင်ဝက်ဆိုက်ဒ် နှင့် ဘဏ္ဍာရေးသတင်းရင်းမြစ်များတွင် ကြေငြာသွားပါလိမ့်မည်။

Microsoft သည် စျေးကွက်တန်ကြေး $3.3 ထရီလီယံ ရှိပြီး ထိုသည်မှာ ၎င်းကို ကမ္ဘာ့အကြီးဆုံးအများပြည်သူ ကုန်သွယ်နိုင်သော ကုမ္ပဏီများထဲမှတစ်ခု ဖြစ်စေ၍ စျေးကွက်တန်ကြေးအားဖြင့် တတိယမြောက်အကြီးဆုံးကုမ္ပဏီ ဖြစ်ပါသည်။

Microsoft ရှယ်ယာများဝယ်ယူရေးအတွက် သင်သည် LiteFinance ပလက်ဖောင်း (သို့) အခြားအကျိုးဆောင်ထံတွင် ကုန်သွယ်ရေးအကောင့်တစ်ခုကို ဖွင့်လှစ်ရန်လိုအပ်ပါသည်။ သင့်အကောင့်ကို ငွေဖြည့်သွင်းပြီးသည်နှင့် ရှာဖွေရေးဘားပေါ်တွင် #MSFT ဟုရိုးရှင်းစွာ ရိုက်နှိပ်၍ သက်ဆိုင်ရာထွက်ပေါ်မှုရလဒ်ကို ရွေးချယ်ပါ။ ထို့နောက်တွင် သင်သည် MSFT ရှယ်ယာများကို ဝယ်ယူ (သို့) ရောင်းချနိုင်ပါမည်။

လက်တွေ့ဈေးကွက်အချိန်ရှိ MSFT ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့် နောက်ပိုင်းနှစ်များအတွက် Microsoft (MSFT) စတော့ခန့်မှန်းချက်နှင့် သုံးသပ်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat