ချစ်ခင်ရပါသော မိတ်ဆွေများခင်ဗျာ! ယနေ့တွင် ကျွန်ုပ်တို့ လူကြိုက်အများဆုံး အညွှန်းကိန်းများ ထဲမှတစ်ခုဖြစ်သည့် MACD ကို လေ့လာကြပါမည်။ ဤကိရိယာသည် အသုံးပြုရလွယ်ကူပြီး အောင်မြင်သော ကုန်သွယ်မှုစနစ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ MACD ကို ဘယ်လိုသုံးရလဲ၊ MACD ကို ဘယ်လို တွက်ချက်ပြီး အဓိပ္ပာယ်ဖော်ရလဲ၊ ဘယ်လို အချက်ပြမှုမျိုး ပေးတယ်ဆိုတာ ဒီနေ့ ပြောပြပေးပါမည်။ MACD ညွှန်ပြချက် အား ဘယ်လို ထည့်သွင်းပြီး အသုံးပြုရမလဲ ဆိုတာကိုပါ သင်လေ့လာနိုင်မှာ ဖြစ်သည်။ နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက် ၊ စတော့ရှယ်ယာနှင့် သတ္တုစျေးကွက်များရှိ လက်တွေ့ ပြုလုပ်သော ကုန်သွယ်မှုနမူနာများ ဖြင့် ကြည့်ရှု လေ့လာကြပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


MACD ညွှန်ပြချက် ဆိုတာဘာလဲ - အဓိပ္ပါယ်နှင့် သမိုင်းကြောင်း

MACD သည် အဘယ်အရာကို ဆိုလိုသနည်း ? ညွှန်ပြချက်၏ အမည်အပြည့်အစုံမှာ Moving Average Convergence/ Divergence ဖြစ်သည်။ အမည်သည် အမှန်တကယ်တွင် MACD Forex အညွှန်းကိန်း၏ ကျယ်ပြန့်မှုရှိသော ဖော်ပြချက်တစ်ခုဖြစ်သည်။

LiteFinance: MACD ညွှန်ပြချက် ဆိုတာဘာလဲ - အဓိပ္ပါယ်နှင့် သမိုင်းကြောင်း

၎င်းသည် MAs ၏ ကွဲပြားချက် ဖြစ်သော divergence ၏ ဒီဂရီ ကို ပြသသည်။ MACD တွက်ချက်မှုအတွက် EMA နှစ်ခုကို အသုံးပြုသည်- အမြန် EMA နှင့် အနှေး EMA ။ နောက်ပိုင်းတွင်၊ အချိန်နှေးသော MA ထဲ မှ အချိန်မြန်သော MA ကို နုတ်ပြီး simple moving average ကို အသုံးပြုခြင်းဖြင့် ခြားနားချက် ကို ပူးကပ်စေသည်။ ရလဒ်အနေဖြင့် ကုန်သည်များသည် MACD လိုင်းနှင့် အချက်ပြလိုင်း နှစ်လိုင်းသာ တွေ့ရပါသည်။ နှစ်ခုကြားခြားနားချက်သည် ကုန်သွယ်မှုအချက်ပြ များအတွက် အခြေခံ အဖြစ်ဆောင်ရွက်သည်။

MACD oscillator ကို အမေရိကန်လူမျိူး လေ့လာဆန်းစစ်ရေးသမား Gerald Appel မှ ၁၉၇၉ ခုနှစ်တွင် ဖန်တီးခဲ့သည်။ Appel သည် အာမခံငွေရေးကြေးရေးဈေးကွက်ကို ခွဲခြမ်း စိတ်ဖြာရန်အတွက် ၎င်းကိုအသုံးပြုရန် ကနဦးစီစဉ်ခဲ့သည်။ သို့သော် အသုံးဝင်သော အညွှန်းကိန်း အနေဖြင့်၊ နောက်ပိုင်းတွင် နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက် အပါအဝင် အခြားသော စျေးကွက်များတွင် ပေါ်ပေါက် လာခဲ့သည်။

Moving Average Convergence Divergence ညွှန်ပြချက် ၏ အသုံးဝင်မှုသည် ကျယ်ပြန့်လာခဲ့သည်။ ၎င်းသည် အချက်ပြများစွာကို ပြသသည် - ဖြတ်ကျော်ခြင်း၊ အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်း ဇုန်များ၊ သုညမျဉ်းနှင့် သက်ဆိုင်သော အနေအထား ပြောင်းလဲမှုများ၊ ကွဲပြားချက်ဖြစ်သော divergence နှင့် ပေါင်းဆုံချက်ဖြစ်သော convergence အချက်ပြမှုများ စသည်တို့ ဖြစ်သည်။ ကိရိယာသည် လဲလှယ်ရေးကုန်သွယ်ဈေးကွက် အားလုံးနီးပါး တွင် ကောင်းမွန်စွာလုပ်ဆောင်သည်။

တစ်ခုတည်းသော ကန့်သတ်ချက်မှာ အချိန်ကာလဖြစ်သည်။ MACD ညွှန်ပြချက် ကို အဓိပ္ပာယ်ဖော်ရာတွင် စျေးနှုန်း မငြိမ်မသက် ဖြစ်ခြင်း - စျေးကွက် သဘောသဘာဝ အရ မတည်ငြိမ်ခြင်း အပေါ် သက်ရောက်မှု ရှိခြင်းကြောင့် ၎င်းကို H1 အောက်တွင် အသုံးပြုရန် အကြံမပြုပါ ။

MACD ဖော်မြူလာနှင့် တွက်ချက်မှု

MACD ညွှန်ပြချက်မျဉ်းသည် အမြန် EMA နှင့် အနှေး EMA အကြား ခြားနားချက်ကို တွက်ချက်ခြင်း၏ ဂရပ်ဖစ်ရလဒ်ဖြစ်သည်။ မူရင်းဗားရှင်းတွင်၊ ၎င်းကို မျဉ်းကွေးအဖြစ် ပြသထားသည်။ ခေတ်ပေါ်ဗားရှင်းတွင် ၎င်းကို မျဉ်းကွေးတစ်ခုအဖြစ် ပြသပြီး လိုင်းများအကြား ခြားနားချက်ကို ပုံကြမ်းတစ်ခုဖြစ်သော diagram ဖြင့် ပြသသည်။

LiteFinance: MACD ဖော်မြူလာနှင့် တွက်ချက်မှု

MACD ဖော်မြူလာမှာ အောက်ပါအတိုင်းဖြစ်သည်။

  • MACD Line = EMA(CLOSE, FP) - EMA(CLOSE, SP).

‌အတိုကောက် ဖော်ပြချက်များမှာ -

  • SP သည် နှေးကွေးသော EMA ကာလအပိုင်းအခြား ဖြစ်ပြီး FP သည် မြန်ဆန်သော EMA ကာလအပိုင်းအခြား ဖြစ်သည်။

အချက်ပြ (အနှေး) လိုင်းသည် MACD လိုင်း၏ simple MA ဖြစ်သည်။ ဤသည်မှာ ၎င်း၏ ဖော်မြူလာဖြစ်သည်-

  • Signal = SMA (MACD Line, SLP).
  • SLP သည် အချက်ပြလိုင်း ၏ ကာလအပိုင်းအခြား ဖြစ်သည်။

MACD Indicator Excel Sheet

တန်ဖိုးများကို ကိုယ်တိုင် တွက်ချက်ခြင်းသည် အချိန်ပိုကြာပြီး ငြီးငွေ့ဖွယ်ကောင်းသည်၊ အထူးသဖြင့် exponential moving average ကို ကိုယ်တိုင် တွက်ချက်ရသည့် အခါတွင် ဖြစ်သည်။ MACD ညွှန်ပြချက်ကို ဒေါင်းလုဒ်လုပ်၍ အသုံးပြုလျှင် ပိုမိုလွယ်ကူပြီး နည်းပညာ ပိုင်းခြားစိတ်ဖြာမှုကို ချက်ချင်းလုပ်ဆောင်နိုင်သည်။

စကားမစပ်၊ ဤနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာကို LiteFinance အွန်လိုင်း တာမင်နယ် နှင့် MT4 နှစ်ခုစလုံးတွင် မူရင်းအတိုင်း ရရှိနိုင်ပါသည်။

အခြားရွေးချယ်စရာတစ်ခုမှာ တွက်ချက်မှုကို Excel ဇယားတွင် အလိုအလျောက် တွက်ချက်နိုင်ခြင်း ဖြစ်သည်။ ဤနေရာတွင် သင်သည် MACD အညွှန်းကိန်းကို နမူနာ ပုံစံတစ်ခုအဖြစ် ဒေါင်းလုဒ် ရယူနိုင်သည် ဒါမှမဟုတ် အွန်လိုင်း ပေါ်ရှိ ဇယားကို အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် Google spreadsheet အား တစ်ခါမှ အသုံးမပြုဖူးပါက၊ ဤနေရာတွင် နမူနာအသုံးပြုမှုအဖြစ် Bollinger Bands ဂဏန်းတွက်စက်ကို အသုံးပြုခြင်းဖြင့် အသုံးပြုပုံလမ်းညွှန်ကို ရှာဖွေနိုင်ပါသည်။

ကျွန်ုပ် အနေဖြင့် ဂဏန်းပေါင်းစက်ကို အတတ်နိုင်ဆုံး သုံးရလွယ်ကူအောင် ကြိုးစား တွက်ချက်ပြထားပါသည်။

LiteFinance: MACD Indicator Excel Sheet

တွက်ချက်မှုအတွက်၊ ကော်လံ “B” တွင် အပိတ်စျေးနှုန်းတန်ဖိုးများကို ဖြည့်သွင်းရန် လိုအပ်ပြီး (အပြာရောင်ဖြင့် ဖော်ပြထားသည်)၊ အချက်ပြလိုင်း၏ moving averages နှင့် Moving Average Convergence Divergence အား တွက်ချက်ရန်အတွက် အချိန်ကာလ ထည့်သွင်းရမည် ဖြစ်သည် (အနီရောင်ဖြင့် ဖော်ပြထားသည်) ။ ပန်းရောင် ဖြင့် ပြထားသည့် ဆဲလ်ကွက်များအားလုံးကို ကိုယ်တိုင်ဖြည့်သွင်းနိုင်ပါသည်။ အပြာရောင်ဆဲလ်ကွက်များသည် အလိုအလျောက်တွက်ချက်သည့် အတွက် ချန်ထားခဲ့နိုင်သည်။ ရည်ညွှန်းအချက်အလက်ပါ ရှိသော စာသားပါသည့်အကွက်များကို အဝါရောင်ဖြင့် ပြသထားသည်။

ကော်လံ B သည် အခြားနံပါတ်များဖြင့် ကြိုတင်ဖြည့်သွင်းထားသည့်အတွက် ဂဏန်း ပေါင်းစက်ကို အသုံးပြုလိုလျှင် အဆိုပါ တန်ဖိုးများကို သင် ထည့်သွင်းလိုသည့် နံပတ်များဖြင့် ပြောင်းလဲ‌ပေးရမည် ဖြစ်သည်။

စျေးနှုန်းဒေတာ ထည့်သွင်းရန်အတွက် စာကြောင်း ၇၀ ခန့်ကို ကျွန်ုပ်ချန်ထားခဲ့သည်၊ သို့သော် သင်သည် နောက်ဆုံးစာကြောင်း၏ ဖော်မြူလာများကို ကူးယူနိုင်ပြီး ဇယားကို အောက်သို့ ဆွဲချနိုင်ပါသည်။

အရေးကြီးသည်! ကော်လံ "B" ကို အပြည့်ဖြည့်ရန် မလိုအပ်ပါ။ သို့သော်၊ မှန်ကန်သော တွက်ချက်မှုအတွက် သင်သည် moving average ကာလ၏ အကြီးဆုံးတန်ဖိုးထက် ဆဲလ်ကွက်များကို အနည်းဆုံး နှစ်ဆပိုဖြည့်ရန် လိုအပ်သည်။ ဥပမာအားဖြင့်၊ အထက်ပါပုံ၌၊ အနှေးဆုံး EMA တွင် အကြီးဆုံးကာလမှာ 24 ရှိသည်၊ ဆိုလိုသည်မှာ မှန်ကန်သော တွက်ချက်မှုအတွက် ဆဲလ်ကွက် 50 ဖြည့်ရန် လိုအပ်သည်။ မှတ်ရန်မှာ စျေးနှုန်းတန်ဖိုးများကို အပေါ်မှအောက်ခြေအထိ / အစောဆုံးကာလမှ လတ်တလောကာလအထိ အစဉ်လိုက်ဖြည့် ထားပါသည်။

LiteFinance: MACD Indicator Excel Sheet

ညွှန်ပြချက်သည် သင်ထည့်သွင်းထားသော တန်ဖိုးများအပေါ် အခြေခံ၍ ရလဒ်ကို အလိုအလျောက် တွက်ချက်ပေးပါသည်။ ၎င်း ရလာဒ်များ သည် စျေးနှုန်းဇယားချပ်နှင့်အတူ ဇယား၏ ညာဘက်ခြမ်းတွင် တည်ရှိသည်။ ပုံကြမ်းသည် နောက်ဆုံး ဖြည့်ထားသော ဆဲလ်ကွက် 30 ကို အခြေခံထားပြီး ကုန်သွယ်မှုတာမင်နယ်တွင် ရှိသော ပုံ နှင့် တူညီသည့် ခွဲခြမ်းစိတ်ဖြာမှုကို သင်လုပ်ဆောင်စေနိုင်ပါသည်။

MACD အသုံးပြုနည်း- သီအိုရီပိုင်း

MACD ညွှန်ပြချက်၏ အကျယ်တဝင့် ဖော်ပြချက်နှင့် အသုံးချပုံအား ယခုဘဲ ကြည့်လိုက်ကြပါစို့။ ဤကိရိယာသည် သင့်အား အချက်ပြ အမျိုးအစားများစွာကို တစ်ပြိုင်နက်တည်း ရရှိစေနိုင်သည်- လိုင်းများ၏ ကွဲပြားချက် ဖြစ်သော divergence နှင့် ဆုံမှတ်များ၊ MACD histogram နှင့် divergence ၏ တည်နေရာ စသည်တို့ ဖြစ်သည်။ အဆိုပါ အချက်ပြမှုများကို မည်ကဲ့သို့ သိရှိနိုင်ပြီး အဓိပ္ပာယ်ကောက်ရမည်ကို အသေးစိတ် ပြောပြပေးပါမည်။

MACD အား အဓိပ္ပာယ် ဖော်ခြင်း

MACD ဇယားချပ်နှင့် ၎င်း၏အချက်ပြမှုများအား မည်သို့ အဓိပ္ပာယ်ဖတ်ရမည်ကို အဖြေရှာ ကြည့်ရအောင်။ ညွှန်ပြချက်၏ ဗားရှင်းအများစုသည် အချိန်ကြာသော long MA နှင့် အချိန်မြန်သော short MA နှစ်ခုကို ပြသသည်။ တစ်ခုက ရေရှည်ဈေးကွက်လမ်းကြောင်းကို ပြသပြီး နောက်တစ်ခုက လက်ရှိဈေးကွက် ရဲ့ လက်တလော အခြေအနေကို ပြသထားသည်။

အဓိကအချက်ပြများထဲမှ တစ်ခုမှာ မျဉ်းကွေးများကြား အားကောင်းစွာဖြစ်ပေါ်သော divergence ဖြစ်သည် - ဥပမာ အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်းအခြေအနေများ ။ ဤအခြေအနေသည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၏ လက္ခဏာဖြစ်သည်။ အပြန်အလှန်အားဖြင့် လိုင်းများ၏ ပေါင်းစည်းမှုသည် တည်ငြိမ်သောလမ်းကြောင်းတစ်ကြောင်းအတွက် ပုံမှန်အနေအထားအတိုင်း စျေးနှုန်းမျှခြေတစ်ရပ်အား ဖွဲ့စည်းနေခြင်းကို ညွှန်ပြသည်။

LiteFinance: MACD အား အဓိပ္ပာယ် ဖော်ခြင်း

ဇယားချပ်တွင်၊ အစိမ်းရောင်ဇုန်သည် MACD လိုင်းများ ဆုံဆည်းရာ ဧရိယာကို အမှတ်အသား ပြုထားပြီး လက်ရှိလမ်းကြောင်း၏ အားကောင်းမှုကို ဖော်ပြသည်။

အပြာရောင် ဧရိယာသည် လိုင်းများ အကွေ့အကောက် ဖြစ်ပေါ်နေသောကွဲပြားချက် ကို အမှတ်အသားပြုထားသည်၊ ဆိုလိုသည်မှာ အရောင်းလွန်ဇုန် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ကာလတို correction ပြင်ဆင်ချက်အပြီးတွင် ကျွန်ုပ်တို့၏ခန့်မှန်းချက်များကို အတည်ပြုသောအားဖြင့် သိသိသာသာဘဲ ဈေးနှုန်းတက်သွားသည်။

MACD Moving Average ဖြတ်ကျော်ခြင်း

အမြန်လိုင်းသည် ဈေးနှုန်းအတက်အကျ ပိုဖြစ်သည်။ လမ်းကြောင်းအဆုံးသတ်သောအခါ၊ ၎င်းသည် အချက်ပြလိုင်းကို ဖြတ်သွားသည်။

LiteFinance: MACD Moving Average ဖြတ်ကျော်ခြင်း

ဇယားချပ်ရှိ အပြာရောင်စက်ဝိုင်းသည် အဝယ်ဘက် ကူးပြောင်းရန်အတွက် MACD အချက်ပြမှုကို အမှတ်အသားပြုသည်။ အပြာရောင်အမြန်လိုင်းသည် အနီရောင်အနှေးလိုင်း အပေါ်သို့ ဖြတ်သွားသည်။ ဤပြောင်းပြန်အချက်ပြမှုသည် အချိန်အနည်းငယ်ကြာပြီးမှ ပေါ်လာကြောင်း သတိပြုပါ။

အနီရောင်စက်ဝိုင်းသည် အရောင်းဘက်သို့ ကူးပြောင်းနေခြင်း၏ အမှတ်အသားဖြစ်သည်။ အမြန် MA လိုင်း သည် အချက်ပြမျဉ်းကွေး ကို အပေါ်မှအောက်ခြေသို့ ဖြတ်သန်းသွားသည်။ အောက်ဘက်သို့ ရွေ့လျားမှု စတင်နေကြောင်း ဆိုလိုသည်။

အချက်ပြလိုင်း ဖြတ်ကျော်ခြင်း

လိုင်းများဖြတ်ကျော်ခြင်းကို MACD အချက်ပြမှုဟု ယူဆလေ့ရှိသည်။ MACD လိုင်းများ ဖြတ်ကျော်ခြင်း အတွက် ရွေးချယ်မှု နှစ်ခုရှိသည်။

  • အမြန်မျဉ်းကွေးသည် သုညလိုင်းအောက်အနုတ်ဇုန်တွင် အနှေးမျဉ်းအား အောက်မှ အထက်သို့ ဖြတ်လျှင် ကျွန်ုပ်တို့ သုံးသပ်ရမည်မှာ ၎င်းဖြတ်ကျော်မှုသည် စျေးကွက်ပြောင်းပြန်လှန်မှုဖြစ်ပေါ်နိုင်ခြင်း နှင့် အားကောင်းလာနိုင်မည့် အဝယ် လမ်းကြောင်းသစ် နှင့် ဆက်စပ်သည့်ဈေးကွက်ဖွဲ့စည်းပုံအကြောင်းပင် ဖြစ်သည်။
  • အမြန်မျဉ်းကွေးသည် သုညလိုင်းအထက် အပေါင်းဇုန်တွင် အနှေးမျဉ်းကို အပေါ်မှအောက်သို့ ဖြတ်သန်းလာသည် ဆိုလျှင် ၎င်းအချက်ပြသည် အောက်ဘက် သို့ ဦးတည်နိုင်မည့် အချက်ပြမှုဖြစ်သည်။

နိုင်ငံတကာငွေကြေးဈေးကွက်၊ စတော့ခ်နှင့် ခရစ်ပတိုငွေကြေး စျေးကွက်များတွင် အဆိုပါ ဖြတ်ကျော်ခြင်း ဥပမာများကို နည်းလမ်းအမျိုးမျိုးဖြင့် သုံးသပ်ကြည့်ကြပါစို့။

LiteFinance: အချက်ပြလိုင်း ဖြတ်ကျော်ခြင်း

အထက်ပါ EURUSD ဇယားတွင်၊ အပြာရောင်အမြန် MACD မျဉ်းကွေးသည် အနှေးမျဉ်းကို အောက်မှ အပေါ်သို့ ဖြတ်သွားသည့်အချိန်အား အပြာရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုသည်။ မျှော်လင့်ထားသည့်အတိုင်း၊ ဤအချက်ပြ ပေါ်လာပြီးနောက် စျေးနှုန်းသည် အထက်သို့ တက်သွားသည်။

LiteFinance: အချက်ပြလိုင်း ဖြတ်ကျော်ခြင်း

S&P 500 ဇယားချပ်တွင်လည်း အဝယ်ဘက်ပြောင်းပြန်လှန်သည့် နောက်ထပ်နမူနာပုံစံ ကို တွေ့မြင်နိုင်သည်။ အနုတ်ဇုန် (အပြာရောင်စက်ဝိုင်း) ထဲတွင် ညွှန်ပြချက် လိုင်းများ အချင်းချင်း ဦးစွာ ဖြတ်ကျော်ထားနှင့်ပြီး ဖြစ်သည်။

LiteFinance: အချက်ပြလိုင်း ဖြတ်ကျော်ခြင်း

ဥပမာ - BTCUSD ကိုအသုံးပြုခြင်းဖြင့် အရောင်းဘက်ပြောင်းပြန်လှန်ခြင်းကို သုံးသပ်ကြည့်ကြစို့။ အပြာရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားသော ဧရိယာတွင်၊ အမြန်နှင့် အနှေးမျဉ်း ဆုံတွေ့ချက်ကို ရှင်းလင်းစွာတွေ့ရှိရသည်။ ထိုအချိန်တွင် စျေးနှုန်းသည် စတင်ကျဆင်းနေပြီဖြစ်သည်။ Moving average ၏ ဖြတ်ကျော်မှုသည် ပြောင်းပြန်လှန်မှု စတင်နေခြင်းကို အတည်ပြုခဲ့သည်။

အလယ်ဗဟိုမျဉ်း ဖြတ်ကျော်မှုများ

အပေါင်း သို့မဟုတ် အနုတ် ဧရိယာသို့ မျဉ်းကွေးများ ရွေ့လျားသောအခါ ဗဟိုမျဉ်းဖြတ်ကျော်မှုများ ဖြစ်ပေါ်သည်။ အကယ်၍ ရွေ့လျားမှုသည် အထက်မှ အောက်သို့ ရွေ့လျားနေပါက၊ အားကောင်းသော အောက်ဘက်ရွေ့လျားမှု ဖြစ်ပြီး စျေးနှုန်းသည် အောက်ခြေမှ အထက်သို့ ရွေ့သွားပါက ဤသည်မှာ အထက်သို့ ရွေ့လျားမှုအတွက် တွန်းအားတစ်ခု ဖြစ်သည်။

LiteFinance: အလယ်ဗဟိုမျဉ်း ဖြတ်ကျော်မှုများ

EURUSD ဇယားချပ်တွင်၊ MACD ၏ moving averages လိုင်းများ အလယ်ဗဟိုမျဉ်း ကို ဖြတ်ကျော်ထားခြင်းအား အပြာရောင်စက်ဝိုင်း ဖြင့် အမှတ်အသားပြုသည်။ ဤဖြစ်စဉ်သည် တည်ငြိမ်သော ဦးတည်ရွေ့လျားမှုတစ်ခု အားကောင်းလာစဉ် အတွင်း ဖြစ်ပေါ်ပြီး လမ်းကြောင်းပြ အချက်ပြမှုတစ်ခု လည်း ဖြစ်သည်။

MACD Histogram

MACD histogram သည် EMA ၏ နှိုင်းရအနေအထားကို ပြသသည်။ တစ်နည်းဆိုရသော် ၎င်းသည် စျေးနှုန်းတန်ဖိုး၏ ပျမ်းမျှအတက်အကျများကို ဂရပ်ဖစ်ဖြင့် ကိုယ်စားပြုခြင်းဖြစ်သည်။

MACD ညွှန်ပြချက်ဖြင့် အရောင်းအဝယ်လုပ်သောအခါ၊ သုညနှင့် သက်ဆိုင်သော ကော်လံများ၏ အနေအထားကို ဦးစွာထည့်သွင်းစဉ်းစားသင့်သည်။ အကယ်၍ ၎င်းတို့သည် 0 အထက်တွင်ရှိနေပါက၊ အဝယ်လမ်းကြောင်းဖြစ်ပြီး 0 အောက်တွင် ရှိနေပါက အရောင်းလမ်းကြောင်း ဖြစ်သည်။ Histogram ရှိ ဘားများ ၏အမြင့်သည် မျဉ်းကွေးများကြားရှိ အကွာအဝေးနှင့် အချိုးကျသည်၊ ၎င်းသည် ကျွန်ုပ်တို့အတွက် အဝယ်လွန်ဇုန်နှင့် အရောင်းလွန်ဇုန်များအား ခွဲခြားသတ်မှတ်ရန် နောက်ထပ်အခွင့်အရေးတစ်ခု ဖန်တီးပေးထားသည်။

ဘက်မျှတမှု ရှိမရှိ ပြသသည့် လျှောစောက်ဖြစ်သော slope ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်-

  • Upward slope - ဝယ်သူများ၏ ရပ်တည်ချက်များ အားကောင်းခြင်း။
  • Downward slope - ရောင်းသူများ၏ ရပ်တည်ချက်များ အားကောင်းခြင်း။

LiteFinance: MACD Histogram

အထက်ပါဇယားတွင်၊ MACD histogram ၏ မတူညီသော အသွင်အပြင်ပုံစံများကို အရောင်ခြယ်ထားသော ဧရိယာများဖြင့် အမှတ်အသားပြုထားသည်။ အစိမ်းရောင်ဇုန်၌ အပေါင်း လက္ခဏာ ဆောင်သောလမ်းကြောင်းကို MACD histogram တွင်ရော စျေးနှုန်းဇယားတွင်ပါ တွေ့ရသည်။ အပြာရောင်ဧရိယာသည် ဘေးတိုက်ရွေ့လျားနေခြင်းတစ်ခုကဲ့သို့ဖြစ်နေသော်လည်း အဆိုပါအချိန်တွင် ဈေးနှုန်းအတက်အကျများ ရှိနေခဲ့သည်။ သို့သော် ၎င်းတို့တွင် ယုတ္တိရှိသော ရွေ့လျားမှုကို ဖြစ်ပေါ်စေရန် လုံလောက်သော အင်အားမရှိပေ။ နောက်ဆုံးတွင်၊ MACD histogram ရှိ အနီရောင်ဇုန်သည် အားကောင်းလာနေသော အရောင်းလမ်းကြောင်း ကို ကိုယ်စားပြုနေသည်။ အောက်ဘက်ရွေ့လျားရန် အားကောင်းလာသော လမ်းကြောင်းတွန်းအားတစ်ရပ်သည် histogram ဖော်ပြချက်နှင့် ကိုက်ညီနေကြောင်း တွေ့ရမည် ဖြစ်သည်။

Divergences

ကွဲပြားချက် ဖြစ်သော divergence ကို ရှေ့ဆောင်အချက်ပြမှုတစ်ခုဟု ယူဆကြသည်။ ကွဲပြားချက် ဖြစ်ပေါ်မှု သည် ဇယားချပ်ရှိ လွန်ကဲဈေးနှုန်းအမှတ်များ နှင့် ညွှန်ပြချက် တန်ဖိုးများကို ချိတ်ဆက်ထားသည့် လိုင်းများ၏ ကွဲလွဲနေခြင်းကို ပြသသည်။ MACD ၌ ဆိုလျှင် moving averages ဖြင့်သော်လည်းကောင်း ၊ histogram အဓိပ္ပာယ် ဖတ်ခြင်းဖြင့်သော်လည်းကောင်း ကွဲပြားချက် ဖြစ်ပေါ်မှုကို ခြေရာကောက်နိုင်သည်။

ကွဲပြားချက် အမျိုးအစားသုံးမျိုးရှိသည်။

  1. Classic (regular) - နောက်လာမည့် လမ်းကြောင်းပြောင်းပြန်လှန်မှုကို ညွှန်ပြသည်။
  2. Hidden - လက်ရှိ လမ်းကြောင်း၏ ဆက်လက်ဖြစ်ပေါ်မှုကို ညွှန်ပြသည်။
  3. Extended - ဘေးတိုက်ရွေ့လျားမှုတွင် အဖြစ်များပြီး နောက်ဆုံးလမ်းကြောင်း၏ ဆက်လက် ဖြစ်ပေါ်မှုကို ညွှန်ပြသည်။

LiteFinance: Divergences

အပေါ်ပုံတွင် အမျိုးအစားသုံးမျိုးလုံးကို ပြသထားသည်။ တစ်ခုချင်းစီ ၏ အချက်ပြမှုများကို သေချာ မှတ်သားထားပါ။ MACD နှင့် အခြားအညွှန်းကိန်းများအတွက် အချက်ပြ အမျိုးအစားတစ်ခုစီ၏ အသေးစိတ်ဖော်ပြချက်များ နှင့်အတူ ကျယ်ပြန့်သော ဆွေးနွေးသုံးသပ်ချက်ဖြင့် ဤအချက်ပြမှုအ ကြောင်း ရေးသားတင်ပြခဲ့သည်။ ဆောင်းပါးကို ဤနေရာတွင် လေ့လာနိုင်သည်။

အကယ်၍ အမျိုးအစားသုံးမျိုးလုံးကို လေ့လာရာတွင် ရှုပ်ထွေးနေပါက၊ classic divergence အမျိုးအစားတစ်ခုတည်း၏ သွင်ပြင်လက္ခဏာများကိုသာ မှတ်သားထားရန် အကြံပြုလိုပါသည်။ Classical divergence သည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၏ တစ်ခုတည်းသော အချက်ပြမှု သာဖြစ်သည်။ ကွဲပြားချက် ဖြစ်ပေါ်နေခြင်းကို သင်တွေ့မြင်ရသော်လည်း သွင်ပြင်လက္ခဏာများ မတူညီပါက၊ ထိုအချက်ပြမှုသည် လမ်းကြောင်း၏ ဆက်လက်ဖြစ်ပေါ်မှုကို ညွှန်ပြနေပါသည်။

ကျွန်ုပ်၏ဆောင်းပါးဖြစ်သော “နိုင်ငံတကာ ငွေကြေးဈေးကွက်ရှိ divergence နှင့် convergence ၏ အဓိပ္ပာယ် နှင့် ၎င်းတို့အား မှန်ကန်စွာ အသုံးပြုနည်း” တွင် divergence အမျိုးအစား အားလုံးအတွက် သွင်ပြင်လက္ခဏာများ၏ အသေးစိတ်ဖော်ပြချက်ကို လေ့လာဖတ်ရှုနှိုင်ပါသည်။

ဤဆောင်းပါးတွင် ကျွန်ုပ်သည် regular divergence နမူနာကို အသုံးပြု၍ MACD divergence ညွှန်ပြချက်အား မည်သို့အသုံးပြုရမည်ကို အတိုချုံး ဖော်ပြပေးပါမည်။

LiteFinance: Divergences

အထက်ပါ စျေးနှုန်းဇယားချပ်တွင်၊ အပြာရောင်မျဉ်းသည် ဇယားချပ် ၏ အနိမ့်ဆုံးများကို အမှတ်အသားပြုပြီး၊ အဆိုပါအနိမ့် အသီးသီးသည် ရှေ့အနိမ့်ထက် နိမ့်ပါးသည်။ အလားတူ MACD ဇယားတွင် ကျွန်ုပ်သည် ဇယား၏ အနိမ့်ဆုံးများကို အပြာလိုင်းဖြင့် ချိတ်ဆက်ထားသည်။ စျေးနှုန်းဇယားတွင် လိုင်းသည် အောက်ဘက်သို့ ဦးတည်နေပြီး ညွှန်ပြချက်ဇယားတွင် အထက်သို့ ဦးတည်နေ၍ အချက်ပြတစ်ခု အောက်ဘက်လမ်းကြောင်းတွင် ဖြစ်ပေါ်နေသည် ဟူသော အဓိပ္ပာယ်ကြောင့်၊ ကျွန်ုပ်တို့သည် bullish divergence ဟု ကောက်ချက်ချပြောဆိုနိုင်သည်၊ ဆိုလိုသည်မှာ အဆင်းလမ်းကြောင်းမှ အတက်လမ်းကြောင်းသို့ ပြောင်းလဲခြင်းဖြစ်သည်။

Classic bearish divergence အတွက်လည်း တူညီသော သဘောတရားအတိုင်းပင် ဖြစ်သည်၊ divergence ကို အမြင့်ဆုံးအမှတ်တွင်သာ ရှာဖွေပြီး အချက်ပြဖြစ်ပေါ်မှုသည် အတက်လမ်းကြောင်းအတွင်း တွင် ဖြစ်ရမည်။

နိုင်ငံတကာ ငွေကြေးလဲလှယ်မှုကုန်သွယ်ရေးဈေးကွက် တွင် အသုံးပြုသော MACD ညွှန်ပြချက်၏ မဟာဗျူဟာများ

ကုန်သည်များသည် MACD ဗျူဟာ မြောက်များစွာကို ကျယ်ပြန့်စွာအသုံးပြုကြသည်။ ၎င်းတို့ထဲမှ အချို့မှာ-

  1. MACD ဆုံချက်တွင် အရောင်းအဝယ် ပြုလုပ်ကြသည်။ ဤသည်မှာ လမ်းကြောင်းနောက်လိုက် သော ဗျူဟာတစ်ခုဖြစ်သည်။ ညွှန်ပြချက် ၏ အမြန်မျဉ်းကွေး သည် အချက်ပြလိုင်းကို ဖြတ်ကျော်ခြင်းသည် လမ်းကြောင်းသစ်တစ်ခု၏ အစကို ညွှန်ပြခြင်း ဖြစ်သည်။ အဆိုပါအချိန်၌ ကျွန်ုပ်တို့တွင် အောင်မြင်သော အရောင်းအဝယ်ပြုလုပ်ရန် အခွင့်အလမ်းရှိနေသည်။
  2. MACD divergence ညွှန်ပြမှုသည် စျေးကွက်အတွင်း၌ ပြောင်းပြန်လှန်သည့် ပွိုင့်များကို တိကျမှန်ကန်စွာ ခန့်မှန်းနိုင်သည်။ စျေးနှုန်းဇယားချပ်၏ လွန်ကဲသောအမှတ်များနှင့် MACD histogram တို့၏ ကွဲပြာချက် များအပေါ်မူတည်၍ ကုန်သွယ်ရာတွင် မှားယွင်းသော အချက်ပြ ဖြစ်ပေါ်မှုမှာ ရာခိုင်နှုန်းအနည်းငယ် သာ ရှိသည်။
  3. စျေးကွက်ပြောင်းပြန်လှန်ခြင်းကို မျှော်မှန်းရာတွင် လွန်ကဲနေသော MACD တန်ဖိုးများကို ရှာဖွေပါ။ ဤနည်းလမ်း၏နောက်ကွယ်ရှိ သဘောတရားမှာ MACD histogram ၏ အမြင့်ပိုင်းနှင့် အနိမ့်ပိုင်းများတွင် လမ်းကြောင်းပြောင်းသွားခြင်းပင်ဖြစ်သည်။ ပြောင်းပြန်လှန်ခြင်း အခိုက်အတန့် ကို အရောင်းအဝယ် ဖွင့်ရန် အကောင်းဆုံးအခွင့်အရေးဟု ယူဆကြသည်။
  4. စျေးကွက် သို့ ဝင်ရန် အဝင်အမှတ်များ ရှာဖွေသည့်အခါ MACD ကို လမ်းကြောင်း စစ်ထုတ်မှု ကိရိယာအဖြစ် အသုံးပြုပါ။ အကယ်၍ သင်သည် အခြား ညွှန်ပြချက်များမှ အချက်ပြများကို အသုံးပြုနေပါက၊ MACD ညွှန်ပြချက်သည် ခန့်မှန်းချက်၏ နောက်ထပ်အတည်ပြုချက်တစ်ခု ဖြစ်နိုင်သည်။

စတင်သူများအတွက် MACD ကုန်သွယ်ရေးဗျူဟာ

MACD ဖြတ်ကျော်ခြင်း တွင် အရောင်းအဝယ် ပြုလုပ်ခြင်း

နိုင်ငံတကာငွေကြေးလဲလှယ်ရေး ဈေးကွက်တွင် MACD ကို အသုံးပြုရန် အလွယ်ကူဆုံးနည်းလမ်းမှာ လမ်းကြောင်းနောက်လိုက်ခြင်း ဖြစ်သည်။ ကုန်သွယ်မှုတွင် ပထမဆုံး ခြေလှမ်းစလှမ်းနေသာ စတင်သူများ ပင် ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။

  • အမြန်လိုင်းသည် အချက်ပြလိုင်းကို အောက်မှ အပေါ်သို့ ဖြတ်သွားပြီး MACD histogram သည် 0 အထက် တက်လာ၍ အပေါင်း လက္ခဏာ ဆောင်သည့်အခါ ဝယ်ယူပါ ။
  • အမြန်လိုင်းသည် အချက်ပြလိုင်းကို အပေါ်မှ အောက်သို့ ဖြတ်သွားပြီး MACD histogram သည် 0 အောက် ကျဆင်း၍ အနုတ်လက္ခဏာ ဆောင်သည့်အခါ ရောင်းချပါ ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆုံးရှုံးမှုရပ်တံ့ချက်ဖြစ်သော stop loss ကို အနီးစပ်ဆုံး နေရာတွင် ရှိသည့် လွန်ကဲအမှတ်များအောက်တွင် ထားရှိပါမည်။ ညွှန်ပြချက် ၏ အချက်ပြမှုများဖြင့် သို့မဟုတ် stop loss ၏ ၁ဆ သို့မဟုတ် ၂ဆ အကွာအဝေးတွင် အမြတ်အစွန်းကို သတ်မှတ်ခြင်းဖြင့် အရောင်းအဝယ်ကို ပိတ်နိုင်သည်။

XAUUSD ၏ ဥပမာကို အသုံးပြု၍ ဤနည်းဗျူဟာကို လေ့လာကြည့်ကြပါစို့ ။

LiteFinance: MACD ဖြတ်ကျော်ခြင်း တွင် အရောင်းအဝယ် ပြုလုပ်ခြင်း

အပြာရောင်စက်ဝိုင်းတွင်၊ အနီရောင် အမြန်မျဉ်းကွေးသည် ခရမ်းရောင် အနှေးမျဉ်း အပေါ်သို့ဖြတ်သွားသည် ကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ထို့သို့ ဖြတ်ပြီးနောက် ချက်ချင်းပင်၊ MACD histogram သည် သုညလိုင်းအထက် အပေါင်းလက္ခဏာဆောင်သော ဧရိယာသို့ ရွေ့လျားသွားသည်။ ဗျူဟာ၏ အထက်ပါအချက်ပြ နှစ်မျိုးလုံး ဖြစ်ပေါ်နေခြင်းသည် ကျွန်ုပ်တို့အား candle အပိတ်တွင် ကာလရှည်အတွက် အဝယ်အနေအထားကို ဖွင့်လှစ်စေပါသည် (အပြာလိုင်း) ။ Stop loss ကို အနီးစပ်ဆုံးတွင် ရှိသည့် အနိမ့်ဆုံးအောက်တွင် သတ်မှတ်ပါ။

MACD histogram ကြီးထွားနေသရွေ့၊ အတက်လမ်းကြောင်း၏ ခိုင်မာမှုကို သေချာနေစေသည်။ ခဏအကြာတွင် အနီရောင် စက်ဝိုင်းဖြင့် အမှတ်အသားပြုထားသော ဘားတစ်ခု ဖြစ်ပေါ်လာသည်။ အဆိုပါ ဘားသည် ရှေ့ဘားထက် နိမ့်ပြီး ဝယ်သူများ၏ အဝယ်အား ကျဆင်းခြင်းကို ညွှန်ပြနေသည်။

ကျွန်ုပ်ဖော်ပြခဲ့သော MACD ညွှန်ပြချက်၏ နောက်ထပ်သတိပေးချက်တစ်ခုဖြစ်သော ညွှန်ပြချက်မျဉ်းကွေးများ၏ သိသာထင်ရှားစွာ ကွဲပြားမှုကို သင်သတိပြုမိပေမည်။ ၎င်းသည် အဝယ်လွန်ဇုန် ဖြစ်ပေါ်နေခြင်းနှင့် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို ညွှန်ပြသည်။ ထို့ကြောင့်၊ MACD မျဉ်းကွေးများ နှင့် နိမ့်ကျသွားသည့်ဘား အကြား ကြီးမားသော ကွာဟချက် ရှိနေသည့် အစိမ်းရောင်မျဉ်း နေရာတွင် candlestick ပိတ်သောအခါ၊ ကျွန်ုပ်တို့ ၏ အကျိုးအမြတ်ကို ရယူလိုက်သည်။

တနည်းအားဖြင့် သင်သည် ကုန်သွယ်မှုအား take profit ဖြင့် ပိတ်သိမ်းနိုင်သည်။ Take profit သတ်မှတ်သည့် အကွာအဝေးသည် ဆုံးရှုံးမှုအန္တရာယ်စီမံခန့်ခွဲသည့် နည်းလမ်းအပေါ်မူတည်ပြီး ကုန်သွယ်မှုဝင်သည့်နေရာမှ ထားရှိသော stop loss အကွာအဝေးနှင့် တူညီသော အကွာအဝေး သို့မဟုတ် stop loss ၏ ၂ဆ အကွာအဝေးအထိ ရှိနိုင်သည်။

စျေးကွက်ရှိ အလှည့်အပြောင်း အမှတ်များကို ခန့်မှန်းခြင်း

၎င်းသည် MACD ညွှန်ပြချက်အတွက် ပိုမိုခက်ခဲနက်နဲသောဗျူဟာတစ်ခုဖြစ်သည်။ ၎င်းသည် classic divergence အချက်ပြမှုများကို အောက်ပါ အခြေအနေများ အပေါ်မူတည်၍ အခြေခံ ထားသည်-

  • စျေးနှုန်းဇယားချပ်တွင် အတက် လမ်းကြောင်းတစ်ခု ရှိနေပြီး လမ်းကြောင်း အမြင့်ပိုင်းများသည်လည်း အဆက်မပြတ် ဖြစ်ပေါ်နေသော်လည်း၊ MACD လိုင်းသည် တက်ခြင်း မရှိပေ။ တနည်းအားဖြင့် MACD histogram ကို စစ်ဆေးကြည့်နိုင်သည်။ ဆိုလိုသည်မှာ စျေးနှုန်းသည် တက်ခဲ့သည့် အရှိန်ဖြင့် အထက်သို့ ဆက်လက်ရွေ့လျားနေခြင်း ဖြစ်ပြီး၊ အမှန်တကယ်တွင် အတက်လမ်းကြောင်းသည် ၎င်း၏ အင်အားကို ဆုံးရှုံးနေရပြီ ဖြစ်သည်။
  • စျေးနှုန်းသည် အနိမ့်ဆုံး အမှတ်များ မကြာခဏ ဖြစ်ပေါ်နေသော်လည်း MACD မျဉ်းကွေး (သို့မဟုတ် MACD histogram) သည် ၎င်းတို့ကို ပုံဖော်ခြင်း မရှိတော့ပါ။ ဆိုလိုသည်မှာ ကျဆင်းနေသောလမ်းကြောင်းသည် အပြီးသတ်ရန် နီးကပ်နေပြီဖြစ်သည်။

ပထမ အခြေအနေတွင်၊ စျေးကွက်ပြောင်းပြန်လှန်ခြင်းမတိုင်မှီ bearish divergence ဖြစ်ပေါ်သည်။ MACD histogram သည် သုညမျဉ်းကိုဖြတ်သွားပြီးနောက်၊ အရောင်းအနေအထားဖြင့် စျေးကွက်ထဲသို့ ဝင်ရောက်ရန် အခွင့်အလမ်း ပေးလာသည်။ ဒုတိယအခြေအနေတွင်၊ bullish divergence ဖြစ်ပေါ်ပြီး အဝယ်အနေအထားဖြင့် စျေးကွက်ထဲဝင်ရန် အခွင့်အလမ်းကို ဖန်တီး ပေးသည်။

LiteFinance: စျေးကွက်ရှိ အလှည့်အပြောင်း အမှတ်များကို ခန့်မှန်းခြင်း

အထက်ဖော်ပြပါ BTCUSD ဇယားချပ်တွင် အပြာရောင် ထောင့်ဖြတ်မျဉ်းများဖြင့် အမှတ်အသား ပြုထားသော bullish divergence ကိုပြသထားသည်။

အရေးကြီးသည်! Downtrend တွင် အနိမ့်များ နှင့် uptrend တွင် အမြင့်များ ကို နှိုင်းယှဉ်သည်။

ကုန်သွယ်မှုအဝင်ပွိုင့် သည် ပုံပေါ်တွင် ပထမဆုံး အစိမ်းရောင် ဘားပေါ်လာသည့် အခိုက်အတန့် ဖြစ်သည်။ Candle ၏အပိတ်တွင်၊ အဝယ် အနေအထား (အပြာရောင်ရေပြင်ညီမျဉ်း) ကိုဖွင့်ပါ။ Stop loss ကို ယခင်အနိမ့်၏ အောက်တွင်သာ သတ်မှတ်ပါ။ Take profit အား stop loss အကွာအဝေး၏ ၂ဆ တွင် သတ်မှတ်ခြင်းဖြင့် အရောင်းအဝယ် ပိတ်ပါ (အစိမ်းလိုင်း) ။

LiteFinance: စျေးကွက်ရှိ အလှည့်အပြောင်း အမှတ်များကို ခန့်မှန်းခြင်း

နမူနာ အနေဖြင့် အမေရိကန်စတော့အိတ်စ်ချိန်း S&P 500 အညွှန်းကိန်းဖြစ်သော S&P 500 index ကို အသုံးပြု၍ အခြားကုန်သွယ်မှုတစ်ခုကို ပြသပါမည်။ ကျွန်ုပ်တို့သည် စျေးနှုန်းမြင့်တက်မှုနှင့် အမြန်လိုင်း အား အသုံးပြုခြင်းဖြင့် bearish divergence ကို သတ်မှတ်ပါသည်။ သင်တွေ့မြင်ရသည့်အတိုင်း၊ MACD ဇယားသည် အောက်သို့ရွေ့လျားနေချိန်တွင် စျေးနှုန်းသည် အမြင့်ဆုံးကို တက်လှမ်းပြနေပြီး၊ အထက်သို့ရွေ့လျားမှုမှာ ပြီးဆုံးလုနီးနေပြီ ဟု ညွှန်ပြချက် ဖန်တီးနေသည်။

ဇယားသည် အနှုတ်ဇုန်ထဲသို့ ဝင်လာသောအခါ၊ ကုန်သွယ်မှုတစ်ခု (အပြာရောင်ရေပြင်ညီမျဉ်း) ကို ဖွင့်ပါ။ Stop loss ကို အနီးရှိ အမြင့်ဆုံး အထက်တွင် သတ်မှတ်ပါ။ ဇယား၏ နောက်ထပ် ဖြစ်ပေါ်လာသည့် အနီရောင်ဘားသည် ယခင်ဘား အောက် အနည်းငယ် နိမ့်ကျလာလျှင် စျေးကွက်မှထွက်ပါ (အစိမ်းမျဉ်း) ။

စျေးကွက် ၏ ပြောင်းပြန်လှန်မှုကို ခန့်မှန်းခြင်း

MACD ကို oscillator တစ်ခု အဖြစ် လွန်ကဲတန်ဖိုးများ အပေါ်တွင် ကုန်သွယ်ရန်အတွက် အသုံးပြုခြင်းသည် ကုန်သည်များကြား တွေ့မြင်ရသော အလေ့အကျင့်တစ်ခုဖြစ်သည်။ ဤနည်းဗျူဟာသည် အောက်ပါစည်းမျဉ်းများအပေါ်အခြေခံသည်-

  • MACD histogram သည် မြင့်မားသော အပေါင်းတန်ဖိုးများ သို့ ရောက်ရှိပြီး သေးငယ်သော ဘားတစ်ခု ပေါ်ပေါက်လာသောအခါတွင် ရောင်းပါ။
  • MACD histogram သည် မြင့်မားသော အနုတ်တန်ဖိုးများ သို့ ရောက်ရှိ၍ ပေါ်ပေါက် လာသော ဘားသည် ရှေ့မှ ဖြစ်သော ဘားထက် တိုပါက ဝယ်ပါ။

Stop loss သတ်မှတ်ခြင်းဆိုင်ရာ စည်းမျဉ်းများသည် ယခင်နမူနာများ နှင့် တူညီသည်။ MACD histogram သည် ဆန့်ကျင်ဘက်သို့ ဦးတည်ရွေ့လျားလာချိန်တွင် စျေးကွက်မှ ထွက်ပါ။

LiteFinance: စျေးကွက် ၏ ပြောင်းပြန်လှန်မှုကို ခန့်မှန်းခြင်း

EURJPY ဇယားချပ်တွင်၊ histogram ၏ တန်ဖိုးများမြင့်မားလာသည့် အခိုက်အတံ့ကို အပြာရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားသည်။ ထို့နောက် ကျဆင်းမှု စတင်လာသည်။ ရှေ့ဘားတစ်ခုထက် ပိုတို၍ ဖြစ်ပေါ်လာသော ပထမဘား၌ အရောင်းအနေအထားတစ်ခု ကိုဖွင့်ပါ (အပြာလိုင်း) ။ Stop loss ကို ယခင်ဖြစ်ပေါ်ထားသော အမြင့်အထက်တွင် သတ်မှတ်ပါ (အနီရောင်မျဉ်း)။

ထို့နောက်၊ စျေးနှုန်းကျဆင်းနေစဉ်အတွင်း အနုတ်လက္ခဏာ ဇုန်သို့ ရောက်လာပြီး အသစ်ဖြစ်လာသော အနိမ့်မှတ် (အနီရောင်စက်ဝိုင်း) တွင် MACD histogram ၏ ပြုမူလှုပ်ရှားမှုကို ကျွန်ုပ်တို့ အနီးကပ်စောင့်ကြည့်သည်။ နိမ့်ကျလာသောအနီရောင်ဘားတစ်ခု ဖွဲ့စည်းပြီးနောက် ကျွန်ုပ်တို့သည် စျေးကွက်မှထွက်ခွာခဲ့သည် (အစိမ်းရောင်လိုင်း) ။

ကုန်သွယ်မှုများကို ပြုလုပ်ရန် MACD ကို လမ်းကြောင်း စစ်ထုတ်မှုတစ်ခု အဖြစ် အသုံးပြုပါ။

အခြေခံစည်းမျဉ်းများထဲမှ တစ်ခုမှာ စျေးကွက် လားရာဘက်တွင် ကုန်သွယ်ခြင်း ဖြစ်သည်။ MACD သည် ကြီးမားအားကောင်း၍ တည်ငြိမ်သော လမ်းကြောင်းများကို ဖော်ထုတ်ရန်အတွက် အထူး ကောင်းမွန်သည်။ စျေးကွက်၏ မှန်ကန်သောအခြေအနေကိုရွေးချယ်ရန် လွယ်ကူသည်:

  1. သင်ကုန်သွယ်မှုပြုလုပ်မည့်အချိန်ကာလကို ရွေးချယ်ပါ။
  2. အချိန်ကာလမြင့်မားသော ဇယားချပ် တစ်ခု သို့မဟုတ် နှစ်ခု ကို ဖွင့်ပါ။ ဥပမာအားဖြင့်၊ သင်သည် လေးနာရီကြာ ဇယားချပ်တွင် အရောင်းအဝယ် ပြုလုပ်ပါက နေ့စဉ်ဇယားချပ်ကို လည်းဖွင့်ပါ။
  3. ညွှန်ပြချက်၏ MACD histogram သည် အပေါင်းလက္ခဏာဆောင်သော ဦးတည်ချက်တွင် အားကောင်းနေပါက၊ အဝယ်ကုန်သွယ်မှုများကိုသာ ဖွင့်ပါ။ အနုတ်လက္ခဏာဆောင်သော ဦးတည်ချက်တွင် ဆိုလျှင် အရောင်းကုန်သွယ်မှုကိုဖွင့်ပါ။

LiteFinance: ကုန်သွယ်မှုများကို ပြုလုပ်ရန် MACD ကို လမ်းကြောင်း စစ်ထုတ်မှုတစ်ခု အဖြစ် အသုံးပြုပါ။

EURUSD နေ့စဉ်ဇယားချပ်တွင် ကာလရှည် လမ်းကြောင်းများကို ဖော်ထုတ်ရန် ကြိုးစားကြည့်ကြပါစို့။ အပြာရောင်ဧရိယာအတွင်းတွင် MACD histogram ၏ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုရှိနေသည်။ ထို့ကြောင့် အဆိုပါ ရက်ပိုင်းတွင် အဝယ်ကို ဦးစားပေးသင့်သည်။ ထို့နောက် အနီရောင်ဧရိယာတွင် ကျဆင်းလာသည်ကို တွေ့ရသည်။ MACD histogram သည် ပိုမို သေးငယ်သော အချိန်ဘောင်များတွင် အနုတ်ဘက်သို့ လှည့်လာသောအခါ၊ အရောင်း အနေအထားများကိုသာ ဖွင့်ရန် အကြံပြုထားသည်။

အကောင်းဆုံး MACD ကုန်သွယ်ရေးဗျူဟာ

လက်တွေ့ကုန်သွယ်မှု တွင် MACD ညွှန်ပြချက်များကို အသုံးပြုခြင်း ဥပမာများ

MACD ၏ အားသာချက်များထဲမှတစ်ခုမှာ ၎င်း၏ ဘက်စုံအသုံးပြုနိုင်မှုဖြစ်သည်။ မူလက စတော့ စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုအတွက် ဒီဇိုင်းထုတ်ထားပြီး၊ ၎င်းသည် အခြားစျေးကွက်များတွင် ထိရောက်မှုရှိ ကြောင်း သက်သေပြနိုင်ခဲ့သည်။ ခေတ်သစ်ကုန်သည်များသည် ငွေကြေးအတွဲများ၊ အဖိုးတန်သတ္တုများ၊ စွမ်းအင်၊ စတော့များ၊ futures နှင့် ခရစ်ပတိုငွေကြေး များကိုပင် ကုန်သွယ်မှုပြုလုပ်ရန် MACD ကို တက်ကြွစွာအသုံးပြုကြသည်။ ကျွန်ုပ်အနေဖြင့် S&P 500၊ ရွှေနှင့် EURUSD အရောင်းအ၀ယ်အကြောင်း အောက်တွင် ဆက်လက် ပြောပြပါမည်။

S&P 500

S&P 500 အညွှန်းကိန်းအတွက်၊ အမြတ်အစွန်းအရှိဆုံးနည်းဗျူဟာမှာ histogram ၏အနေအထားကို ထည့်သွင်းစဉ်းစားပြီး လိုင်းဖြတ်ကျော်မှုတွင် ကုန်သွယ်မှုပြုလုပ်ခြင်းဖြစ်သည်။ အမြန်လိုင်းသည် အောက်ခြေမှ အပေါ်သို့ဖြတ်ပြီး MACD histogram သည် အပေါင်းလက္ခဏာဆောင်သောဇုန်သို့ ရွေ့လျားပြီးနောက်တွင် ဝယ်ယူမှု ပြုလုပ်၍ အရောင်းအဝယ်ကို ကိုင်ထားပါ။ အချက်ပြလိုင်း၏ မျဉ်းကွေးကို အပေါ်မှအောက်သို့ ဖြတ်ပြီး MACD histogram သည် အနုတ်ဇုန်သို့ ရွေ့လျားလာသောအခါ ရောင်းချပါ ။

LiteFinance: S&P 500

လေးနာရီကြာ S&P 500 ဇယားချပ်ပေါ်တွင် အချက်ပြမျဉ်းကွေးနှင့် MACD မျဉ်းသည် အောက်ခြေမှ အပေါ်သို့ ဖြတ်ကျော်မှု ဖြစ်ခဲ့ပြီး MACD histogram သည် အပေါင်းလက္ခဏာဆောင်သောဇုန်သို့ ရွှေ့သွားသည့်အချိန်ကို အပြာရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားသည်။ ဤသည်မှာ ကာလရှည် အဝယ်အနေအထားကို ဖွင့်ရန် အချက်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် MACD histogram ၏ ပထမဆုံး အပေါင်းလက္ခဏာဆောင်သောဘားတွင် စျေးကွက်ထဲသို့ ဝင်ရောက်သည် (အပြာလိုင်း) ။ Stop loss သည် ယခင်ဖြစ်ပေါ်ခဲ့သည့် အနိမ့်ဆုံးအောက်တွင် ထားရှိသင့်သည်။

ယခင်နမူနာများနှင့် နှိုင်းယှဉ်ခြင်းဖြင့်၊ histogram တွင် ဖြစ်ပေါ်သော နောက်ကော်လံသည် ၎င်း၏ရှေ့ကော်လံ (အစိမ်းရောင်စက်ဝိုင်း) ထက်နိမ့်၍ ဖြစ်ပေါ်လာသောအခါ၌ စျေးကွက်မှ ထွက်ရန် လုပ်ဆောင်သင့်သည်။ သို့သော်ဤကုန်သွယ်မှုတွင်၊ အမြတ်အစွန်းမှာနည်းပါးမည်ဖြစ်သည်။ (အစိမ်းရောင်လိုင်း)

တနည်းအားဖြင့်၊ ကျွန်ုပ်တို့သည် အမြန်လိုင်း၏ လျှောစောက်ဖြစ်သော slope ကို ပြောင်းလဲခြင်းဖြင့် နောက်ထပ်ရွေးချယ်စရာ အခြေအနေတစ်ရပ်ကို အသုံးပြုနိုင်သည်။ ဤအချက်ပြမှုသည် ဇယားချပ်ရှိ ခရမ်းရောင်စက်ဝိုင်း၏ ဧရိယာ၌ အချိန်အနည်းငယ်အကြာတွင် ပေါ်လာသည်။ အဆိုပါ အမှတ်၌၊ ကျွန်ုပ်တို့ အရောင်းအဝယ်ကိုပိတ်လိုက်ပါက များစွာသောအမြတ်အစွန်းကို ရရှိစေနိုင်ပါသည်။

ရွှေ

S&P 500 ကဲ့သို့ တူညီသောစနစ်ဖြင့် ရွှေကို ရောင်းဝယ်နိုင်သော်လည်း အခြေအနေတစ်ရပ်ဖြင့်သာ ကုန်သွယ်ကြသည်။ ၎င်းမှာ အလွန်ရှည်လျားသောကာလဖြင့် အဝယ်ကုန်သွယ်မှု ဖွင့်ခြင်း ဖြစ်သည်။ ကုန်သွယ်ရေးသမိုင်းရှိ လိုင်းဖြတ်ကျော်မှုများဖြစ်ပေါ်ခဲ့သောနေရာ၌ ရောင်းချခြင်းမှာ ထိရောက်မှု မရှိဘဲ နည်းပါးနေသည်ကို တွေ့ရသည်။

LiteFinance: ရွှေ

ဇယားချပ်ပေါ်ရှိ အနီရောင်အမြန်လိုင်းသည် အနှေးလိုင်း အား အောက်ခြေမှ အထက်သို့ ဖြတ်ကျော် ထားသည့် ဧရိယာကို အပြာရောင်ဘဲဥပုံဖြင့် အမှတ်အသားပြုထားသည်။ MACD histogram သည် အပေါင်းလက္ခဏာဆောင်သောဇုန်သို့ ရွေ့သွားသည့်အခိုက်တွင် အရောင်းအဝယ်ကိုဖွင့်ပါ (အပြာလိုင်း) ။ အနီရောင်လိုင်းသည် အနီးမှ အနိမ့်ဆုံးအောက်တွင်ရှိသော stop loss နေရာကို အမှတ်အသားပြုသည်။

လမ်းကြောင်း ဖော်ဆောင်နေမှုအတွင်း MACD ၏ histogram ညွှန်ပြချက်များသည် ကျဆင်းနေသော်လည်း MACD မျဉ်းကွေးသည် ဆက်လက်ရွေ့လျားနေသည်။ ယခင်ဥပမာအတိုင်း၊ ကျွန်ုပ်တို့သည် အချက်ပြမှု နှစ်ကြိမ်ကို စောင့်ဆိုင်းနေသည်။ မျဉ်းကွေးသည် အောက်ဘက်သို့ ဦးတည်လာခဲ့ပြီး ရှေ့ဘားထက် နိမ့်သော နောက်ဘားတစ်ခုဖြစ်ပေါ်လာသောအခါ အချိန်အနည်းငယ်အကြာ၌ (အစိမ်းရောင်ဘဲဥပုံ) အချက်ပြမှု ဖြစ်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် ကျွန်ုပ်တို့သည် စျေးကွက် မှ ထွက်လိုက်ပါသည်(အစိမ်းရောင်လိုင်း)။

ယူအက်စ် ဒေါ်လာ

ယူအက်စ်ဒေါ်လာအတွက် MACD ကုန်သွယ်မှု ဗျူဟာ၏ အကျိုးသက်ရောက်မှုမှာ အလယ်အလတ် ဖြစ်သည်။ ၎င်းသည် အလုပ်ဖြစ်ပြီး အမြတ်အစွန်းရနိုင်သော်လည်း ကြီးမားသော အမြတ်အစွန်းကို ဆက်တိုက် ရရှိရန် ထည့်သွင်းမတွက်ထားသင့်ပါ။

LiteFinance: ယူအက်စ် ဒေါ်လာ

ယခင်နမူနာများအတိုင်း၊ မျဉ်းကွေးများ ဖြတ်ကျော်၍ MACD histogram သည် အပေါင်းလက္ခဏာဇုန် (အပြာရောင်ဘဲဥပုံ) သို့ရွေ့လျားသည့်အခါ ကျွန်ုပ်တို့သည် ကာလရှည် အဝယ်အနေအထား (အပြာလိုင်း) ကိုဖွင့်လိုက်ပြီး အနိမ့် (အနီရောင်မျဉ်း) အောက်တွင် stop loss ကို သတ်မှတ်သည်။ ထို့နောက် တပြိုင်နက်တည်း ဖြစ်ပေါ်လာသော histogram ကျဆင်းမှုနှင့် MACD မျဉ်း၏ ပြောင်းပြန်လှန်ခြင်း လက္ခဏာများအဖြစ် ဖော်ပြသည့် အချက်ပြမှုကို ကျွန်ုပ်တို့ စောင့်ဆိုင်းလျက်ရှိသည်။ ၎င်းအခြေအနေမှာ အစိမ်းရောင်ဘဲဥပုံအတွင်းတွင် ဖြစ်ပေါ်သည်။ အစိမ်းရောင်လိုင်း ရောက်ရှိသည့်အခါ အမြတ် ရယူလိုက်သည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

အကောင်းဆုံး MACD ချိန်ညှိချက်များ

ယေဘုယျ လက်ခံထားကြသည့် အကောင်းဆုံး MACD ချိန်ညှိချက် ဆက်တင်များမှာ အောက်ပါအတိုင်းဖြစ်သည် - 12, 26, 9 ။ ၎င်းတို့သည် နာရီပိုင်း ဇယားချပ်များအတွက် အသင့်တော်ဆုံးဖြစ်သည်။ သို့သော် အဆိုပါဆက်တင်များသည် H1 နှင့် နီးစပ်သည့် မည်သည့် အချိန်ဇယားဘောင်များတွင်မဆို ကောင်းစွာအလုပ်လုပ်သည်။ ထို့ကြောင့် ၎င်းတို့ကို ကုန်သွယ်ရေးတာမင်နယ် အားလုံးနီးပါးတွင် ပုံသေသတ်မှတ်ထားသည်။

LiteFinance: အကောင်းဆုံး MACD ချိန်ညှိချက်များ

အောက်ပါ အကြောင်းအရာများမှာ သတ်မှတ်ချက် parameters များကို ဆိုလိုသည်-

  • 12 - အမြန် EMA ကာလအပိုင်းအခြား
  • 26 - အနှေး EMA ကာလအပိုင်းအခြား
  • 9 - အချက်ပြ MA ကာလအပိုင်းအခြား

MACD အတွက် တနေ့တာကုန်သွယ်မှု ချိန်ညှိချက်များ

M1 မှ H1 အထိ အမျိုးမျိုးသော ဇယားချပ်များကို တနေ့တာကုန်သွယ်မှုအတွက် အသုံးပြု နိုင်ပါသည်။ H1 နှင့် အထက်အချိန်ဘောင်များကို အထက်တွင် ဖော်ပြထားခဲ့သောကြောင့် ယခုအခါ scalping ဆက်တင်များကို အကြံပြုပေးပါမည်။

MACD ညွှန်ပြချက် ဆက်တင်များ - 1 မိနစ်

  • 13, 21, 1;
  • 21, 34, 1;
  • 31, 144, 1.

ကုန်သွယ်မှုဗျူဟာတွင် ဇယားချပ်များစွာကို တစ်ပြိုင်နက်တည်း အသုံးပြုပါက M1 အချိန်ဘောင်အတွက် MACD ညွှန်ပြချက်၏ ဆက်တင်များကို သီးခြားစီ သို့မဟုတ် အတူတူ အသုံးပြုနိုင်သည်။ အထက်တွင်ဖော်ပြထားသည့် ကန့်သတ်ချက်ဖြစ်သော parameters များ၏ ပထမတစ်ခုသည် စျေးနှုန်းအတက်အကျများ ဖြစ်ပေါ်မူကို ထိခိုက်လွယ်မှု အရှိဆုံးဖြစ်ပြီး နောက်ဆုံးတစ်ခုသည် ထိခိုက်လွယ်မှု အနည်းဆုံးဖြစ်သည်။ ဆက်တင်သုံးမျိုးစလုံးသည် အချက်ပြလိုင်းကို ရောထွေးစေသည့် ဈေးကွက်အခြေအနေ မပါဝင်ကြောင်း ကျေးဇူးပြု၍သတိပြုပါ။

ကန့်သတ်ချက်များဖြစ်သော 21, 31, 1 ကို 5 နှင့် 15 မိနစ် တွင် အသုံးပြုပါ။ သို့သော် နာရီဝက်ဇယားတွင် အရောင်းအဝယ်ဖြစ်ရန်အတွက် စံသတ်မှတ်ချက် ဆက်တင်များဖြစ်သော 12, 26, 9. ကို ရွေးချယ်ခြင်းသည် ပိုမိုကောင်းမွန်သည်။

MT4 & MT5 အတွက် အကောင်းဆုံး MACD Indicator

MACD Color သည် အကောင်းဆုံးဗားရှင်းဟု အကြံပြုထားသည်။ ၎င်း၏အဓိကအားသာချက်မှာ histogram ကို ဖတ်ရလွယ်ကူခြင်း ဖြစ်သည်။ ပုံသေသတ်မှတ်ချက်အားဖြင့်၊ ကော်လံများသည် အပေါင်း လက္ခဏာ ဆောင်သောဇုန်တွင် ရှိနေသောအခါ၊ အစိမ်းရောင်ဖြစ်ပြီး အနုတ်ဇုန်တွင်ရှိသည့်အခါ အနီရောင်ဖြစ်သည်။

MT4 အတွက် MACD Color indicator ကို ဤနေရာတွင် တွင် ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

https://www.mql5.com/en/code/8066

ဤသည်မှာ MT5 အတွက် ဗားရှင်းလင့်ခ်တစ်ခုဖြစ်သည်။

https://www.mql5.com/en/code/175

အကယ်၍ သင်သည် အလိုအလျောက်စနစ် ဖြင့် အရောင်းအဝယ်ပြုလုပ်လိုပါက၊ MT4 တွင် မူလတည်ဆောက်ထားသော MACD Sample Expert Advisor ကို စစ်ဆေးကြည့်ရန် အကြံပြုလိုပါသည်။ မူရင်းပုံစံအရ ၎င်းတွင် တစ်နာရီနှင့် လေးနာရီ အချိန်ဘောင် ၌ ကုန်သွယ်မှုအတွက် အကောင်းဆုံး ကန့်သတ်ချက် parameters များပါရှိသည်။ ၎င်းကို အခြားအချိန်ဘောင်များနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်လိုပါက၊ စတင်သူများပင်လျှင် ချိန်ညှိချက်များကို ပြုလုပ်နိုင်မည်ဖြစ်သည်။

MACD Screener

MACD ညွှန်ပြချက်ကို သမားရိုးကျ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတွက် သာမက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပိုင်ဆိုင်မှု assets ရွေးချယ်ခြင်းအတွက် ကိရိယာများထဲမှ ကိရိယာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အရောင်းအ၀ယ်လုပ်ရန် မှန်ကန်သော ကုန်သွယ်ရေး ကိရိယာကို သင်မည်သို့ရှာဖွေ မည်နည်း ?

အာမခံစာချုပ်များဆိုင်ရာ အချက်အလက်များကို စုဆောင်း၍ သုံးသပ်ခွဲခြမ်းစိတ်ဖြာသည့် ပလက်ဖောင်းများ ဖြစ်သော stock screeners များ၏ အားသာချက် ကို အသုံးချနိုင်သည်။ ၎င်းပလက်ဖောင်းများသည် သင့်အား ကန့်သတ်ချက် parameters များစွာဖြင့် စစ်ထုတ်နိုင်စေပါသည်။

လူကြိုက်များသော စောင့်ကြည့်ရေးပလပ်ဖောင်းများမှာ -

  1. Google Finance Stock Screener
  2. Finviz.com
  3. Screener.finance.yahoo.com
  4. Stock-Watcher

သို့ရာတွင် ဤဝန်ဆောင်မှုများအားလုံးတွင် အားနည်းချက်တစ်ခုရှိသည်။ ၎င်းတို့သည် နည်းပညာဆိုင်ရာ ညွှန်ပြချက်များဖြင့် စစ်ထုတ်၍မရနိုင်ပါ။ . ၎င်းကိုလုပ်ဆောင်နိုင်သည့် ရေပန်းအစားဆုံး screener မှာ tradingview.com ဖြစ်ပါသည်။ ၎င်း၏ကြီးမားသောအားသာချက်မှာ စတော့ရှယ်ယာများနှင့်သာမက ခရစ်ပတိုငွေကြေးများ နှင့် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တို့နှင့်လည်း လုပ်ဆောင်နိုင်မှုဖြစ်သည်။

LiteFinance: MACD Screener

MACD ညွှန်ပြချက် ဖြင့်စစ်ထုတ်ရန်အတွက် လိုအပ်သော screener ကိုရွေးချယ်ပြီး ညာဘက် အစွန်ဆုံးခလုတ်မှ အစက်သုံးစက်ကိုနှိပ်ပါ။

LiteFinance: MACD Screener

ရှာဖွေရေး နေရာ search box အကွက်တွင် “macd” ဟုရိုက်ထည့်ပြီး ပေါ်လာသည့်အကွက်များကို အမှတ်ခြစ်ပါ။ MACD parameters များ၏တန်ဖိုးနှင့် အညွှန်းကိန်းများအတွက် အဝယ် (သို့မဟုတ်) အရောင်းအချက်ပြမှုကို ဇယား၏ ကော်လံအသစ်နှစ်ခုတွင် ပေါင်းထည့်မည်ဖြစ်သည်။ tradingview ၏နောက်ထပ်အားသာချက်မှာ သတိပေးချက်များသတ်မှတ်ရန် ရွေးချယ်မှု၊ စစ်ထုတ်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားသောပုံစံများနှင့် သင့်၏ကိုယ်ပိုင်ဖန်တီးနိုင်မှုတို့ဖြစ်သည်။

www.investing.com portal တွင်နောက်ထပ် ကောင်းမွန်သော screener ရှိပါသည်။သို့သော် စတော့ဈေးကွက်အတွက်သာ အလုပ်လုပ်သည်။

LiteFinance: MACD Screener

၎င်းကိုဝက်ဘ်ဆိုက်၏ ပင်မခေါင်းစဉ် ဖြစ်သော main menu တွင် တွေ့နိုင်သည်။ ၎င်းကို လုပ်ဆောင် ရန် "Tools" ကိုရှာပြီး "Stock Screener" လင့် ကိုနှိပ်ပါ။

LiteFinance: MACD Screener

ထို့နောက် ပွင့်လာသော window ၏ ဘယ်ဘက်အပေါ်ထောင့်ရှိ menu ကို ဂရုပြုပါ။ "Technical indicators" ကိုရွေးချယ်ပြီးနောက် "MACD" ကိုရွေးချယ်၍ ညာဘက် window ရှိ parameters များကိုသတ်မှတ်ပါ။ ဥပမာအားဖြင့် sliders များကိုအသုံးပြုခြင်းဖြင့် ဈေးနှုန်း ကိုးကားချက်များ ကို စစ်ထုတ်ရန် တန်ဖိုးများ၏အကွာအဝေးညွှန်ပြချက် ရရှိနိုင်သည်။ အောက်ဘက် window တွင် parameters များနှင့်ကိုက်ညီသော စတော့ခ်ရွေးချယ်မှုများကို ပြသထားသည်။

MACD နှင့် အခြားအညွှန်းကိန်းများ

အခြားသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ကိရိယာများကဲ့သို့ MACD အနေဖြင့်လည်း ၎င်း၏ အားသာချက်နှင့် အားနည်းချက်များ ရှိပါသည်။ အောက်တွင်လူကြိုက်များသော နည်းပညာဆိုင်ရာ ကိရိယာများနှင့် နှိုင်းယှဉ်၍ ၎င်း၏အားသာချက်များနှင့် အားနည်းချက်များကို ဖော်ပြကာ ညွှန်ပြချက်များ ပေါင်းစပ်ခြင်းဆိုင်ရာ ခေါင်းစဉ်ကိုလည်း ဖော်ပြပါမည်။

MACD နှင့် RSI

LiteFinance: MACD နှင့် RSI

MACD သည် moving averages ကြားခြားနားချက်ကိုပြသနေသော်လည်း RSI သည် အနည်းငယ်ကွဲပြားသော နည်းလမ်းဖြင့်အလုပ်လုပ်သည်။ ၎င်းသည် ယခင်နှင့်လက်ရှိ စျေးနှုန်းအတက်အကျများကြား (သို့မဟုတ်) ရိုးရှင်းသော အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်း တို့၏ ကွဲပြားသော ခြားနားချက်ကိုပြသသည်။ MACD သည် long timeframes များတွင် ကောင်းမွန်ပြီး RSI သည် short timeframes များတွင် ကောင်းမွန်သည်။

ဤကိရိယာနှစ်ခုသည် မကြာခဏပင် ဖြည့်စွက်အချက်အလက်များကို ပေးဆောင်ကြပြီး အချို့သော ကုန်သွယ်မှုဗျူဟာများတွင် မကြာခဏတွဲသုံးကြသည်။ MACD RSI indicator ဟု ပင် ခေါ်သော scalper ကိရိယာ သည် ကျွန်တော် တွေ့ဖူးသမျှတွင် အတိကျဆုံးဖြစ်သည်။ ဤနေရာတွင် ဒေါင်းလုဒ် ဆွဲနိုင်သည်။

https://www.mql5.com/en/code/423

RSI အကြောင်းပိုမိုလေ့လာ၍ MACD နှင့်တွဲသုံးလိုပါက "RSI Relative Strength Index Indicator" ဆောင်းပါးကိုဖတ်ရန် အကြံပြုလိုပါသည်။

MACD နှင့် Stochastic

LiteFinance: MACD နှင့် Stochastic

Stochastic နှင့်နှိုင်းယှဉ်ပါက MACD သည် ဈေးနှုန်းလမ်းကြောင်းနောက်လိုက်သော စျေးကွက်များတွင် ပိုမိုအသုံးဝင်သည်ဟု ယူဆပါသည်။ တစ်ချိန်တည်းမှာပင် စျေးကွက်သည်ဘေးတိုက်ရွေ့လျားသောအခါတွင် oscillator သည် အကောင်းဆုံးရလဒ်များကိုပြသသည်။ စျေးနှုန်းအပြုအမူအပေါ် မူတည်မှုမရှိသည့် ကောင်းမွန်သည့် ကုန်သွယ်ရေးစနစ် တစ်ခုရရှိရန် မတူညီသောအချိန်များတွင် ညွှန်ပြချက် ကိရိယာ နှစ်ခုကို တစ်ပြိုင်နက်အသုံးပြုခြင်း (သို့မဟုတ်) တစ်ခုသည် အခြား တစ်ခု၏ ဖတ်ရှုမှုများကို စစ်ထုတ်ခြင်းဖြင့် ပေါင်းစပ်အသုံးပြုသောအခါတွင် ဖြစ်သည်။

ဤဆောင်းပါးတွင် Stochastic အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။ "Stochastic Oscillator: နိုင်ငံတကာ ငွေကြေးလဲလှယ်ရေး ကုန်သွယ်ခြင်း တွင် အသုံးပြုပုံ ".

MACD ကန့်သတ်ချက်များ နှင့် သုံးသပ်ဝေဖန်ချက်များ

MACD သည် ပြီးပြည့်စုံသော ညွှန်ပြချက်ဖြစ်သည်ဟု ထင်မြင်ခြင်းမှာ အနုတ်လက္ခဏာ ဖြစ်သည်။ အခြားနည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများကဲ့သို့ ၎င်းတွင် ကန့်သတ်ချက်များစွာ ရှိသည်-

  • ပိုင်ဆိုင်မှုအမျိုးအစားများနှင့် စျေးကွက်များ အလိုက် စွမ်းဆောင်ရည် ကွဲပြားသည်။ ၎င်းကို S&P 500၊ ရွှေ နှင့် အမေရိကန်ဒေါ်လာတို့တွင် မြင်တွေ့ခဲ့ပြီးဖြစ်ပါသည်။
  • ကျွန်ုပ်တို့ လိုချင်သည် ထက် မှားယွင်းသောအချက်ပြမှုများသည် ပို၍အဖြစ်များပါသည်။ ထို့ကြောင့် MACD ကို အခြားနည်းပညာ ပိုင်းခြားစိတ်ဖြာမှုကိရိယာများနှင့် တွဲဖက် အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။
  • MACD ကို နိမ့်သော timeframes တွင်အသုံးပြုသောအခါ အများစုမှာအချက်ပြမှု နောက်ကျခြင်းကြောင့် ထိရောက်မှုမရှိပါ။ ထို့ကြောင့် scalping ဗျူဟာ များတွင် oscillator indicators များအဖြစ် ဖြည့်စွက် အသုံးပြုကြသည်။
  • MACD သည် momentum ညွှန်ပြချက်တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ လွန်ကဲအမှတ်များ ဖြစ်ပေါ်တိုင်း ပြောင်းပြန်လှန်ခြင်းကို အမြဲညွှန်ပြနေလိမ့်မည်မဟုတ်ပေ။ ထိုသို့သော အချက်ပြမှုများကို ရယူရန် oscillators ကိုအသုံးပြုခြင်းသည် ပိုကောင်းပါသည်။

ဤသည်မှာ MACD ၏ကန့်သတ်ချက်များနှင့် ပတ်သက်၍ ကုန်သည်များ ထင်မြင်သော အရာဖြစ်သည်။

LiteFinance: MACD ကန့်သတ်ချက်များ နှင့် သုံးသပ်ဝေဖန်ချက်များ

ကုန်သွယ်မှုကို အခုပဲ စတင်မည်

Moving Average Convergence Divergence (MACD) အမေး များသော မေးခွန်းများ

MACD ညွှန်ပြချက်သည် moving average နှစ်လိုင်း၏ convergence/divergence ၏ ချောမွေ့သော ခြားနားချက် အား ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စျေးနှုန်းလှုပ်ရှားမှုကို ခန့်မှန်းပေးသည်။

ရိုးရှင်းစွာ ဖော်ပြရလျှင် ၊ MACD သည် မတူညီသော moving averages နှစ်လိုင်းဖြင့် တစ်ပြိုင်နက် တည်း ဖြစ်ပေါ်သော စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုရလဒ်ဖြစ်သည်။

ညွှန်ပြချက်ကို ပုံမှန်အားဖြင့် မတည်ငြိမ်သော စတော့ဈေးကွက်အတွက် ကနဦး တီထွင်ခဲ့သည်။ ယခုအခါတွင် စျေးနှုန်းအတက်အကျများကို ခန့်မှန်းရန်နှင့် တွက်ချက်ရန်အတွက် အသုံးပြု လာကြသည်။ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် စတော့ကုန်သည် များသည် MACD ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ MACD တန်ဖိုးများကို အများအားဖြင့် စျေးနှုန်းဇယား၏ အထက် သို့မဟုတ် အောက်ရှိ သီးခြားဝင်းဒိုးတစ်ခုတွင် ပြသထားသည်။

H1 နှင့် အလားတူ timeframes များအတွက် အကောင်းဆုံးဆက်တင်များသည် 12, 26, 9 ဖြစ်သည်။ ကုန်သည်အများစုသည် နေ့စဉ်ဇယားများတွင် အရောင်းအဝယ်ပြုလုပ်ရန်အတွက်လည်း ၎င်းတို့ကို အသုံးပြုကြသည်။ အကယ်၍ သေးငယ်သော timeframes ပေါ်တွင် ကုန်သွယ်မှုလုပ်ဆောင်လိုပါက 5 မိနစ် နှင့် 15 မိနစ် အတွက် 21, 31, 1 ကိုအသုံးပြုရန် အကြံပြုထားသည်။ ဆက်တင်သုံးမျိုးသည် 1-minute timeframe တွင် ထိရောက်သည်ဟု ယူဆသည် - ၎င်းတို့မှာ 3, 21, 1; 21, 34, 1 နှင့် 31, 144, 1 စသည်တို့ ဖြစ်သည်။ ကုန်သည်များစွာသည် ၎င်းတို့၏ခန့်မှန်းချက်များကို တိကျ တိုးတက်စေရန် ဇယားတွင် အထက်ဖော်ပြပါ parameters များဖြင့် indicators သုံးခုကို ပေါင်းထည့်ကြသည်။

ကုန်သွယ်မှုအတွက် Moving Average Convergence Divergence indicator ကိုအသုံးပြုရန် နည်းလမ်းများစွာရှိပါသည်။ ဥပမာအားဖြင့် လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို ညွှန်ပြသော ဖြတ်ကျော်မျဉ်းများဖြစ်သည်။ စျေးနှုန်းဇယားနှင့် အညွှန်းကိန်းများ၏ လွန်ကဲသောအမှတ်များ၏ ကွဲလွဲချက်များသည် ဆင်တူသော်လည်း တိကျမှုရှိသည်။ ဤအခြေအနေတွင် moving averages နှင့် ဇယားချပ်ကို အသုံးပြုနိုင်သည်။

သုညမျဉ်းနှင့်ဆက်စပ်သော ဇယားချပ်၏ အနေအထားကို ဂရုစိုက်ပါ။ ဥပမာအားဖြင့် သုညအထက် မြင့်တက်လာခြင်းသည် လမ်းကြောင်း၏အားကောင်းမှုကို ညွှန်ပြနေသော်လည်း ကျဆင်းခြင်းသည် ၎င်း၏မကြာမှီ အဆုံးသတ်ခြင်းကို ညွှန်ပြနေပါသည်။ Moving averages ၏ အပေါင်း (သို့မဟုတ်)အနုတ်လက္ခဏာ ဧရိယာသို့ရောက်ရှိ၍ သုညအမှတ်အသားကို ဖြတ်ကျော်ခြင်းသည် လည်း လက်ရှိလမ်းကြောင်းခိုင်ခံ့မှု၏ အထောက်အထားအဖြစ် ကုန်သည်များစွာမှ ရိပ်မိကြ သည်။

အမြန်လိုင်း (MACD လိုင်း) သည် မူလ အမြန်နှင့် အနှေး ရွေ့လျားသော moving averages လိုင်း များအကြား ခြားနားချက်ကို ဂရပ်ဖစ်ဖြင့် အဓိပ္ပာယ်ဖော်ပြချက်တစ်ခုဖြစ်သည်။ ဇယားတွင် အနှေးနှင့်အမြန် EMA များကြား ခြားနားချက်ကို ဖော်ပြထားသည်။ ဇယားတွင် အချက်ပြလိုင်းတစ်ခုလည်း ရှိသည် (တစ်ခါတစ်ရံ အနှေးဟုခေါ်သည်) ။ ၎င်းသည် MACD line ၏ simple moving average တစ်ခုဖြစ်သည်။

MACD သည် H1 နှင့်အထက် အချိန်ကန့်သတ်ချက်ဘောင်များတွင် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသသည်။ သို့သော် ဤအခြေအနေမျိုးတွင်ပင် သင်သည် ဤညွှန်ပြချက်ကို တစ်မျိုးတည်း မသုံးသင့်ပါ။ အောင်မြင်သော ကုန်သွယ်မှုစနစ်အားလုံးနီးပါးသည် တစ်ခုနှင့်တစ်ခု၏ အချက်ပြမှုများကို အတည်ပြုသည့် နည်းပညာ ပိုင်းခြားစိတ်ဖြာမှု ကိရိယာများစွာကို အသုံးပြုကြသည်။

ကုန်သွယ်မှုနည်းလမ်းများစွာတွင် အချက်ပြကိရိယာမျိုးစုံမှ အချက်ပြမှုများကို တစ်ပြိုင်နက်တည်း ရယူခြင်းစနစ်များ ထည့်သွင်းကြသည်။ MACD ကို အခြားညွှန်ပြချက်များအတွက် စစ်ထုတ်မှု (ထပ်လောင်းအတည်ပြုချက်) အဖြစ် အသုံးပြုနိုင်သည်။ မတူညီသော အချိန်ကန့်သတ်ချက်ဘောင်များတွင် ဇယားချပ်ကို ပိုင်းခြားစိတ်ဖြာခြင်းဖြင့် အချက်ပြမှုများကို စစ်ထုတ်နိုင်သည်။ ဥပမာအားဖြင့်၊ အပေါင်း လက္ခဏာဆောင်သောဇုန်တွင် MACD histogram အားကောင်းနေသည့် နေ့စဉ်ဇယားချပ်ကို သင် ရွေးချယ်ထားပါက၊ သေးငယ်သောအချိန်ဘောင်များ၌ သင်သည် အဝယ်အနေအထားများကိုသာ ဖွင့်သင့်သည်။ ဤနည်းလမ်းသည် အပေါင်းလက္ခဏာ ဖြင့် မှားယွင်းသော အချက်ပြမှုရာခိုင်နှုန်းကို လျှော့ချရန် ကူညီပေးပါလိမ့်မည်။

အချက်ပြလိုင်းသည် လျင်မြန်စွာ ရွေ့လျားသော အမြန် MA ၏ simple moving average တစ်ခုဖြစ်သည်။ ထို့ကြောင့်၊ အချက်ပြကာလသည် တွက်ချက်ထားသော moving average ၏ အတိုင်းအတာ ဖြစ်သည်။

Golden cross ဆိုသည်မှာ အချိန်ကာလတိုသော moving average သည် အချိန်ကာလရှည်သော moving average ၏ အထက်ကိုဖြတ်သွားသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ အခြေအနေအများစုတွင်၊ ဤအချက်ပြမှုသည် စျေးကွက်၏ အထက်သို့ ပြောင်းပြန်လှန်ခြင်းဖြင့် လုပ်ဆောင်သည်။ ၎င်းအခြေအနေနှင့် ဆန့်ကျင်ဘက်အနေအထားကို dead cross ဟုခေါ်သည်။ အချိန်ကာလတိုသော moving average သည် အချိန်ကာလရှည်သော moving average အား အပေါ်မှ အောက်သို့ဖြတ်သွားသောအခါ ဖြစ်ပေါ်သည်။ ဤအချက်ပြမှုသည် မကြာမီကျရောက်တော့မည့် အောက်ဘက် သို့ ပြောင်းပြန်လှန်ခြင်း၏ လက္ခဏာတစ်ခုဖြစ်သည်။

MACD သည် အသုံးဝင်ဆုံး ညွှန်ပြချက် ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ခေတ်မီကုန်သွယ်ရေး ပလပ်ဖောင်းများ၏ စံချိန်မှီ ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ မည်သည့် ကုန်သွယ်ရေး အခြေအနေများအောက်တွင်မဆို အမြတ်အစွန်း ရရှိမှုကို အာမခံနိုင်သည့် ပြီးပြည့်စုံသော ကိရိယာတစ်ခုတော့ မဟုတ်ပါ။ ညွှန်ပြချက်တွင် ကန့်သတ်ချက်များစွာရှိပြီး ၎င်းတို့အနက် အထင်ရှားဆုံးမှာ ကာလတို ဇယားချပ်များတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ခြင်း နှင့် ဘေးတိုက်ရွေ့လျားခြင်း အခြေအနေများ တွင် မှားယွင်းသော အပေါင်းလက္ခဏာဆောင်သည့် အချက်ပြများစွာ ဖြစ်ပေါ်တက်သည်။

သုညမျဉ်းအထက် ဇုန်ကို အပေါင်းဇုန်၊ မျဉ်းအောက် ကို အနုတ်ဇုန် ဟုခေါ်သည်။ ထို့ကြောင့် အနုတ်လက္ခဏာဆောင်သော MACD သည် histogram သုညမျဉ်းအောက်ရှိ အခြေအနေတစ်ရပ် ဖြစ်သည်။

MACD သည် နာရီအလိုက် ဇယားချပ်များပေါ်တွင် အလုပ်လုပ်ရန် မူလက ဒီဇိုင်းထုတ်ထားသည်။ သို့သော်လည်း နောက်ပိုင်း၌ အခြားအချိန်ကန့်သတ်ချက်ဘောင်များတွင် ထိရောက်မှုရှိကြောင်း သက်သေပြခဲ့သည်။ H1 နှင့် ထို့ထက်မြင့်သောဇယားချပ်များတွင် အကောင်းဆုံးရလဒ်များကို ရယူနိုင်ကြောင်း ယုံကြည်ထားကြသည်။

12, 26, 9 သည် MACD ၏ စံသတ်မှတ်ချက် ဆက်တင်များဖြစ်သည်။ နံပါတ် 12 ဆိုသည်မှာ လျင်မြန်စွာ ရွေ့လျားသော moving average ၏ ကာလအပိုင်းအခြား၊ 26 မှာ အနှေးရွေ့လျားသော ကာလ ဖြစ်ပြီး 9 မှာ အချက်ပြသည့် ကာလအပိုင်းအခြား ကို ဆိုလိုသည်။ ဤဆက်တင်များကို နာရီအလိုက် ဇယားချပ်များအတွက် မူလက ဒီဇိုင်းထုတ်ထားခဲ့သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့သည် တိုတောင်းသော အချိန်ဘောင်များမှလွဲ၍ အခြားလဲလှယ်ရေးဈေးကွက်များနှင့် အခြားသောအချိန်ဘောင်များတွင် ထိရောက်မှု ရှိသည် ကို ပြသခဲ့သည်။

MACD သည် အချက်ပြမှု အနည်းငယ်နောက်ကျခြင်းဖြင့် အမှန်တကယ် အလုပ်လုပ်သည့် ကိရိယာ ဖြစ်သည်။ သို့သော် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသော ကိရိယာတော်တော်များများတွင် အဆိုပါ အားနည်းချက်ရှိကြသည်။ မြင့်မားသော အချိန်ဘောင်များတွင် အရောင်းအ၀ယ်လုပ်သည့်အခါ အချက်ပြနောက်ကျခြင်းမှာ အကျိုးသက်ရောက်မှု မရှိသလောက်ဖြစ်သည်။ သို့သော် အချိန်တိုသော ဇယားချပ်များတွင် ညွှန်ပြချက်ထိရောက်မှုမှာ သိသိသာသာ ကျဆင်းသွားသည်။ ထို့ကြောင့်၊ scalping နည်းဗျူဟာများတွင်၊ MACD ကို ပိုမိုမြန်ဆန်သော အချက်ပြမှုများကို စစ်ထုတ်ရန်အတွက် အခြားကိရိယာများနှင့်အတူ တွဲဖက်အသုံးပြုသင့်သည်။

MACD သည် ရှေ့ပြေးအချက်ပြမှု နှင့် နောက်ကျအချက်ပြမှု နှစ်မျိုးလုံးကို ပြသသည်။ ဥပမာအားဖြင့်၊ moving average ဖြတ်ကျော်ခြင်း နှင့် သုညမျဉ်းအား ဖြတ်ကျော်ခြင်းကို အချက်ပြနောက်ကျခြင်း အဖြစ် ယူဆနိုင်ပြီး ပိုင်ဆိုင်မှုပစ္စည်း ၏ ဈေးနှုန်း မှာ အရောင်းလွန်ဇုန် သို့ ရောက်ရှိကြောင်း ညွှန်ပြချက် နှင့် divergence ဖြစ်ပေါ်မှု ပြသနေခြင်း အား ရှေ့ပြေးအချက်ပြခြင်း ဟု ယူဆပါသည်။ MACD သည် ဦးတည်ချက်တစ်ခု မစတင်မှီ ဖြစ်ပေါ်သော candles များနှင့် လမ်းကြောင်းပြောင်းပြန်လှန်ခြင်းအတွက် အလွန်ကောင်းမွန်သော အချက်ပြမှုများကို ပေးဆောင်သည်။

MACD ညွှန်ပြချက်သည် moving average နှစ်လိုင်း၏ convergence/divergence ၏ ချောမွေ့သော ခြားနားချက် အား ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စျေးနှုန်းလှုပ်ရှားမှုကို ခန့်မှန်းပေးသည်။



ရိုးရှင်းစွာ ဖော်ပြရလျှင် ၊ MACD သည် မတူညီသော moving averages နှစ်လိုင်းဖြင့် တစ်ပြိုင်နက် တည်း ဖြစ်ပေါ်သော စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုရလဒ်ဖြစ်သည်။



ညွှန်ပြချက်ကို ပုံမှန်အားဖြင့် မတည်ငြိမ်သော စတော့ဈေးကွက်အတွက် ကနဦး တီထွင်ခဲ့သည်။ ယခုအခါတွင် စျေးနှုန်းအတက်အကျများကို ခန့်မှန်းရန်နှင့် တွက်ချက်ရန်အတွက် အသုံးပြု လာကြသည်။ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် စတော့ကုန်သည် များသည် MACD ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ MACD တန်ဖိုးများကို အများအားဖြင့် စျေးနှုန်းဇယား၏ အထက် သို့မဟုတ် အောက်ရှိ သီးခြား window တစ်ခုတွင် ပြသထားသည်။

အကျဉ်းချုပ်

လွန်ခဲ့သောဆယ်စုနှစ်များစွာက MACD ကို တီထွင်ခဲ့သည်။ သို့သော် ဤညွှန်ပြချက်သည် ဈေးနှုန်းလမ်းကြောင်း နောက်လိုက်သည့် ကုန်သွယ်ရေးဗျူဟာ များတွင်အသုံးပြုသည့်အခါ အတော်လေး ယုံကြည်စိတ်ချရသော ကုန်သွယ်ရေး အချက်ပြမှုများကို ပေးစွမ်းနိုင်သေးသည်။ MACD သည် အထူးသဖြင့် ကာလရှည်ကြာ ကုန်သွယ်မှုလုပ်ဆောင်သည့်အခါနှင့် မြင့်မားသော အချိန်ကန့်သတ်ချက်များတွင်အသုံးပြုသည့်အခါ ထိရောက်သည်။ သို့သော် ကာလတို ကုန်သွယ်မှုတွင် ငွေရှာသောကုန်သည်များအနေဖြင့် အချက်ပြမှုများ၏ အရည်အသွေးနှင့် ပတ်သတ်၍ ပြဿနာများရှိနိုင်သည်။

MACD သည် သင့် ကိုယ်ပိုင် အခြားသော ညွှန်ပြချက်များ (ဥပမာ- MACD-RSI) နှင့် ကုန်သွယ်မှုဗျူဟာများကို ဖော်ဆောင်ရာတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အသုံးတည့်သော အရေးကြီးသည့် အခြေခံကိရိယာဖြစ်သည်။

ထိုသို့သော လူကြိုက်များမှုသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် MACD ညွှန်ပြချက်၏ အရေးကြီးသောအခန်းကဏ္ဍကို ခိုင်မာစေပြီး ကုန်သွယ်မှုလုပ်ငန်းကို စတင်ကျွမ်းကျင်လာ သူတိုင်းအတွက် မဖြစ်မနေလေ့လာရန် လိုအပ်စေသည်။ ထိရောက်စွာဖြင့် အကောင်းဆုံး သင်ယူမှုအတွက် ယခုပင် ကုန်သွယ်မှုတာမင်နယ် သို့သွား၍ MACD ကို သင်ကိုယ်တိုင် စမ်းသပ်ကြည့်ရန် အကြံပြုလိုပါသည်။ အကယ်၍သင်သည် ကုန်သွယ်မှုခရီးလမ်း ကို ယခုမှ စတင်ခဲ့ပါက ဒီမိုအကောင့်တွင် မှတ်ပုံတင်ရန် မလိုအပ်ဘဲ ကုန်သွယ်မှု လုပ်ဆောင်ခြင်းဖြင့် ဆုံးရှုံးမှုများကို ရှောင်ရှားရန် အကူအညီရရှိပါလိမ့်မည်။

ယနေ့အတွက် ဒီလောက်ပါပဲ။ ကျွန်ုပ်တို့၏ LiteFinance blog! ကို လာရောက်လေ့လာကြည့်ပါ။ ကျွန်ုပ်တို့သည် အခြားသောအမိုက်စား စာရေးဆရာများနှင့်အတူ အသုံးဝင်သော အကြောင်းအရာ များစွာကို တင်ပေးထားပါသည်။ စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများကို သင်အမြဲ တွေ့ရပါလိမ့်မည်။

ကံကောင်းပါစေ!

သင်ယုံကြည်ရသော

Mikhail @Hypov


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

လက်တွေ့ဈေးကွက်အချိန်ရှိ GOOG ၏စျေးနှုန်းဇယား

Moving Average Convergence Divergence (MACD) Indicator ရှင်းလင်းချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat