Guppy Multiple Moving Average (GMMA) သည် အရိုးရှင်းဆုံးနှင့် အလွယ်တကူ ပေါင်းစပ်အသုံးချနိုင်သော indicators များမှ တခုဖြစ်သည်။ လူကြီးမင်း၏ကုန်သွယ်မှုဗျူဟာကို မတည်ဆောက်မီ ဤဆောင်းပါးကို သေချာစွာ ဖတ်ရှုသင့်ပါသည်။ ဤဆောင်းပါးကိုဖတ်ရှုပြီးနောက် ငွေကြေးအတွဲများမှ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအထိ မည်သည့် ကုန်သွယ်မှုအမျိုးအစားတွင်မဆို အသုံးချနိုင်ပြီး၊ မည်သည့်စျေးကွက်တွင်မဆို အသုံးပြုနိုင်သည့် ခိုင်မာသောအသိပညာကို ရရှိနိုင်ပါသည်။ ထို့အပြင် စာဖတ်သူအနေဖြင့် GMMA indicator ၏ လုပ်ဆောင်ပုံနှင့် အမြတ်အစွန်းအများဆုံးရရှိရန် ၎င်းအား ကောင်းစွာချိန်ညှိရမည့်နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားရန်အချက်များ

  • Guppy Multiple Moving Average (GMMA) indicator တွင် အုပ်စုနှစ်ခုအဖြစ် ခွဲခြားထားသော ပျမ်းမျှရွေ့လျားမှုများ (moving averages) ၁၂ ခု ပါဝင်ပါသည်။ ကာလတိုအုပ်စုသည် တိုတောင်းသော times frames (အချိန်အပိုင်းအခြား) များကို ပိုမိုနှစ်သက်ကြသော ကုန်သည်များကို ကိုယ်စားပြုပါသည်။ ကာလရှည်အုပ်စုသည် ရှည်လျား‌သော times frames များကို ရွေးချယ်ကြသည့် ကုန်သည်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများကို ကိုယ်စားပြုပါသည်။
  • GMMA သည် လမ်းကြောင်းတခု၏ ဦးတည်ရာကို ခွဲခြားထုတ်ဖော်ခြင်း၊ ၎င်း၏ ကြံ့ခိုင်မှုကို ဆုံးဖြတ်ခြင်းနှင့် အလှည့်အပြောင်းပွိုင့်များကို ညွှန်ပြခြင်းတို့အတွက် အကောင်းဆုံး နည်းပညာဆိုင်ရာညွှန်ပြကိရိယာ ဖြစ်ပါသည်။
  • အကယ်၍ ကာလတိုအုပ်စု၏ မျဉ်းများအားလုံးသည် ကာလရှည်အုပ်စု၏မျဉ်းများထက် ပိုမြင့်ပါက၊ လမ်းကြောင်းတခုသည် အထက်သို့ဦးတည်ပါသည်။ ထိုသို့မဟုတ်ပါက၊ ကျဆင်းသောလမ်းကြောင်းတခု ရှိနေပါသည်။
  • ကာလရှည်အုပ်စုမျဉ်းများ၏ ခွဲထွက်သောအရေအတွက် ပိုများလေလေ၊ ဈေးနှုန်းရွေ့လျားမှုဦးတည်ရာ ပိုမိုခိုင်မာလေလေဖြစ်သည်။ အကယ်၍ ကာလရှည်အုပ်စု၏မျဉ်းများသည် ကာလတိုအုပ်စု၏မျဉ်းများနှင့် ‌ရောထွေးလိမ်ယှက်နေပါက၊ ထင်ရှားရှင်းလင်းသော လမ်းကြောင်းတခုမရှိပေ။ ဆိုလိုသည်မှာ Guppy Multiple Moving Average နည်းဗျူဟာဖြင့် ကုန်သွယ်မှုပြုလုပ်ပါက၊ အခြားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများကိုလည်း ဇယားပေါ်သို့ ပေါင်းထည့်သင့်ပါသည်။
  • အကယ်၍ ဈေးနှုန်း သို့မဟုတ် ကာလတိုအုပ်စု၏မျဉ်းများသည် ကာလရှည်အုပ်စု၏မျဉ်းများအားလုံးကို ဖြတ်ကျော်သွားပါက၊ လမ်းကြောင်းသည် အဆုံးသတ်နိုင်ခြေများပါသည်။ ထို့ကြောင့် မကြာမီတွင် ဈေးကွက်အလေးသာမှုအပြောင်းအလဲ သို့မဟုတ် ဈေးနှုန်းစုဖွဲ့မှုတခု ဖြစ်လာနိုင်ပါသည်။
  • GMMA သည် အခြား indicators များနှင့် ကောင်းစွာ ပေါင်းစပ်အလုပ်လုပ်ပါသည်။ ဥပမာ - အလှည့်အပြောင်းများကို စူးစမ်း‌ထောက်လှမ်းရန် RSI indicator နှင့် ပေါင်းစပ်နိုင်ပြီး၊ ဈေးနှုန်းစုဖွဲ့သောကာလများနှင့် မတည်ငြိမ်မှုနိမ့်ပါးချိန်များကို ခွဲခြားဆုံးဖြတ်ရန် TTM Squeeze ဖြင့် ပေါင်းစပ်အသုံးပြုနိုင်ပါသည်။

Guppy Multiple Moving Average (GMMA) ဆိုသည်မှာ အဘယ်နည်း။

GMMA သည် ဈေးကွက်ရွေ့လျားမှုလမ်းကြောင်း ၏ ဦးတည်ရာကို အကဲဖြတ်ရန် အကူအညီပေးသော နားလည်ရလွယ်ကူပြီး ကောင်းမွန်စွာဖန်တီးထားသည့် အခြေခံလမ်းကြောင်းညွှန်ပြ ကိရိယာ တခုဖြစ်ပါသည်။ ၎င်းကို ဩစတြေးလျ ဘဏ္ဍာရေးဆောင်းပါးရှင် Daryl Guppy မှ တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ အရင်းခံသဘောတရားမှာ စျေးကွက်ပါဝင်သူများ၏ အဓိကအုပ်စုနှစ်ခုကို ထည့်သွင်းစဉ်းစားရန်ဖြစ်ကြောင်း စာရေးသူမှ ရှင်းပြခဲ့သည်။ နောက်ဆုံးတွင်၊ လမ်းကြောင်းတစ်ခုကို သတ်မှတ်ရန် ခက်ခဲနိုင်သည်။ အကြောင်းမှာ ဈေးနှုန်းရွေ့လျားမှုဦးတည်ရာသည် ဈေးကွက်အခြေအနေပေါ်တွင် မူတည်နေသောကြောင့်ဖြစ်သည်။ ၁၅ မိနစ်တာဇယားတခုပေါ်တွင် ပိုင်ဆိုင်မှုတခု၏ စျေးနှုန်းမှာ အောက်သို့ကျဆင်းနေသော်လည်း၊ ‌တနေ့တာဇယားပေါ်တွင် ဤကျဆင်းမှုသည် မူလအတက်လမ်းကြောင်းအတွင်းမှ သေးငယ်သောယာယီအလှည့်အပြောင်းတခုသာ ဖြစ်နေနိုင်ပါသည်။

Guppy Multiple Moving Average သည် ကာလရှည်နှင့် တနေ့တာအတွင်း ကုန်သွယ်မှုပြုကြသော လုပ်ဆောက်ချက်နှစ်မျိုးစလုံးကို ထည့်သွင်းစဉ်းစားရန် အတိအကျအခွင့်အရေးပေး‌သော ကိရိယာတခုဖြစ်သည်။ GMMA သည် လက်ရှိလမ်းကြောင်းကို ဆုံးဖြတ်ခြင်းအတွက် အကောင်းဆုံး indicators များမှ တခုဖြစ်ပါသည်။

ဈေးနှုန်းဇယားတခုပေါ်တွင်၊ ၎င်းကို moving averages (EMAs) ၏ အုပ်စုနှစ်ခုအဖြစ် ပြသပြီး၊ အုပ်စုတခုတွင် မျဉ်းခြောက်ကြောင်းပါဝင်ပါသည်။ အပြာရောင်မျဉ်းများသည် ကာလတိုကုန်သည်များ၏ လုပ်ဆောင်ချက်များကို ထင်ဟပ်ပြသပါသည်၊ အနီရောင်မျဉ်းများမှာ ကာလရှည်ရင်းနှီးမြှုပ်နှံသူများကို ကိုယ်စားပြုပါသည်။ အနီရောင်မျဉ်းများကို အချိန်အခါလိုက်ပြောင်းလဲသော support နှင့် resistance levels များအဖြစ် အသုံးပြုနိုင်ပါသည်။

LiteFinance: Guppy Multiple Moving Average (GMMA) ဆိုသည်မှာ အဘယ်နည်း။

GMMA ကို မည်သို့တွက်ချက်ရမည်နည်း။

The Guppy Multiple Moving Averages (GMMA) indicator ၏ အမည်သည် ၎င်း၏ဒီဇိုင်းနောက်ကွယ်မှ အယူအဆများကို ရှင်းလင်းစေပါသည်။ ၎င်းသည် Exponential Moving Averages (EMA) အား မတူညီသောပျမ်းမျှကာလများဖြင့် အသုံးချခြင်းဖြစ်ကြောင်း ၎င်း၏အမည်တွင် ရှင်းပြထားပြီးဖြစ်သည်။

GMMA သည် Exponential Moving Average ကို တွက်ချက်ရန် အောက်ပါဖော်မြူလာကို အသုံးပြုပါသည် -

EMA = (Closing Price - EMA Previous) x Multiplier + EMA Previous။

GMMA တွင် EMAs ၁၂ ခုပါဝင်သောကြောင့်၊ Guppy Multiple Moving Average indicator ကို တည်ဆောက်ရန်အတွက် ဆပွားကိန်းသည် ၁၂ ဆ အဖြစ်သို့ ပြောင်းလဲသွားပါမည်။ GMMA ကို တွက်ချက်ရန်၊ ကာလတိုနှင့် ကာလရှည် EMAs ဟူ၍ အုပ်စုနှစ်ခုကို ဖွဲ့စည်းရပါမည်။ အပြာရောင်ဖြင့်ဖော်ပြသော ကာလတို MAs များသည် ကာလတိုကုန်သည်များ၏ ရုတ်ခြည်း‌တုံ့ပြန်မှုများကို ခြေရာခံပြီး၊ 3၊ 5၊ 8၊ 10၊ 12 နှင့် 15 များကို မူရင်းကာလအဖြစ်သတ်မှတ်၍ ၎င်းတို့အား ဇယားပေါ်တွင် နေရာချပါသည်။ အနီရောင်ဖြင့်ဖော်ပြသော ကာလရှည် MAs မျဉ်းများသည် ကာလရှည်ရင်းနှီးမြှုပ်နှံသူများ၏ အစီအစဉ်တကျရွေ့လျားမှုများကို ကိုယ်စားပြုပြီး၊ မူရင်းကာလများမှာ 30၊ 35၊ 40၊ 40၊ 45၊ 50 နှင့် 60 တို့ ဖြစ်ပါသည်။ သတိပြုသင့်သောအချက်တခုမှာ၊ ကာလတိုအုပ်စု၏ ကာလတခုနှင့်တခုကြား ကွာဟမှုမှာ 2 သို့မဟုတ် 3 ဖြစ်ပြီး၊ ကာလရှည်အုပ်စုတွင် ကွာဟမှုမှာ 5 မှ 10 ကြား ကွဲပြားပါသည်။

LiteFinance: GMMA ကို မည်သို့တွက်ချက်ရမည်နည်း။

Guppy Multiple Moving Average ကို မည်သို့ တပ်ဆင်ရမည်နည်း။

GMMA indicator ကို တပ်ဆင်ခြင်းမှာ အတော်ပင်ရိုးရှင်းပါသည်။ ၎င်းကို MetaTrader 5 market တွင် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပြီး၊ အခမဲ့ ရယူနိုင်ပါသည်။ ဥပမာ - ကျွန်ုပ်သည် Yuto Tokuhara ဗားရှင်း ကို အသုံးပြုပါသည်။

LiteFinance: Guppy Multiple Moving Average ကို မည်သို့ တပ်ဆင်ရမည်နည်း။

ဆက်တင်များတွင်၊ မျဉ်းများ၏ အရောင်ကို လူကြီးမင်းနှစ်သက်ရာရွေးချယ်နိုင်ပါသည်။

LiteFinance: Guppy Multiple Moving Average ကို မည်သို့ တပ်ဆင်ရမည်နည်း။

Guppy Multiple Moving Average ကို မည်သို့ အသုံးပြုရမည်နည်း။

Guppy Multiple Moving Average သည် လမ်းကြောင်းနောက်လိုက်(trend-following) indicator တခုဖြစ်သောကြောင့်၊ ၎င်းကို လမ်းကြောင်းပေါ်တွက်ကုန်သွယ်ခြင်း (trend trading)အတွက် အသုံးပြုနိုင်ပါသည်။ အကယ်၍ ဈေးကွက်အတွင်း အထက်၊အောက်ဦးတည်ရာမရှိချိန်(flat market)တွင် ဤကိရိယာကို အသုံးပြုပါက၊ လူကြီးမင်းသည် အရှုံးများကို ခံစားရနိုင်ပါသည်။ လမ်းကြောင်းတွင် တိုင်းတာမှုသုံးခု ရှိပါသည် -

၁။ ဦးတည်ရာ။

၂။ ကြံ့ခိုင်မှု။

၃။ အလှည့်အပြောင်း။

GMMA ကိုအသုံးပြု၍ လမ်းကြောင်းဦးတည်ရာကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်နည်း။

GMMA indicator သည် လမ်းကြောင်းဦးတည်ရာတခုကို အတော်ပင် ရိုးရှင်းသောနည်းလမ်းဖြင့် ခွဲခြားထုတ်ဖော်ပေးနိုင်ပါသည်။ EMAs ၏ အပြာရောင်ကာလတိုအုပ်စုသည် အနီရောင်ကာလရှည်အုပ်စု၏ အထက်တွင်ရှိပါက၊ လမ်းကြောင်းသည် အထက်သို့ဦးတည်ပါသည်။ အပြန်အလှန်အားဖြင့်၊ အကယ်၍ EMAs ၏ အပြာရောင်ကာလတိုအုပ်စုသည် အနီရောင် EMAs များ၏ အောက်တွင်ရှိပါက၊ လမ်းကြောင်းသည် အောက်ဘက်သို့ ဦးတည်ပါသည်။

LiteFinance: GMMA ကိုအသုံးပြု၍ လမ်းကြောင်းဦးတည်ရာကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်နည်း။

GMMA ကို အသုံးပြု၍ လမ်းကြောင်း၏ကြံ့ခိုင်မှုကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်နည်း။

လမ်းကြောင်း၏ ကြံ့ခိုင်မှုကို ကာလတိုနှင့် ကာလရှည် MAs များကြားမှ ကွာဟမှုဒီဂရီဖြင့် ဆုံးဖြတ်နိုင်သည်။ အနီရောင် MAs များသည် ပို၍ ကျယ်ပြန့်စွာကွာဟနေလျှင်၊ လက်ရှိလမ်းကြောင်းသည် ကြံ့ခိုင်မှုပိုရှိပါသည်။ အကယ်၍ အပြာရောင် MAs များ သည် တခုနှင့် တခုပိုမိုဝေးကွာစွာ ရွေ့လျားပါက၊ ၎င်းသည်လည်း လမ်းကြောင်း၏ ကြံ့ခိုင်မှုကို အတည်ပြုပါသည်။ အနီရောင်မျဉ်းများကို အာရုံစိုက်ပါဟု ကျွန်ုပ်အနေဖြင့် လူကြီးမင်းတို့အား အကြံပြုလိုပါသည်။ ၎င်းတို့ချင်း အတော်ကျယ်ပြန့်စွာ ကွာဟနေပါက၊ ဈေးနှုန်းသည် ၎င်းတို့အားလုံးကို ထိုးဖောက်၍ ပင်မလမ်းကြောင်းကို အလှည့်အပြောင်းဖြစ်စေရန် ခဲယဉ်းပါလိမ့်မည်။ တချိန်တည်းမှာပင် အပြာရောင် MAs များသည် နှုန်းထားအပြောင်းအလဲများအ‌ပေါ် အလွန်လျင်မြန်စွာတုံ့ပြန်ပြီး၊ ၎င်းတို့ချင်း အတော်အသင့်ဝေးကွာနေသော်လည်း ဈေးနှုန်းသည် ၎င်းတို့အား အလွယ်တကူ ချိုးဖောက်သွားနိုင်ပါသည်။ ထိုနည်းတူ၊ အကယ်၍ MAs မျဉ်းများသည် ကန့်လန့်ဖြတ်ရွေ့လျားနေပါက၊ လမ်းကြောင်းသည် ကြံ့ခိုင်မှုမရှိပေ။

LiteFinance: GMMA ကို အသုံးပြု၍ လမ်းကြောင်း၏ကြံ့ခိုင်မှုကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်နည်း။

GMMA ကိုအသုံးပြု၍ လမ်းကြောင်းအလှည့်အပြောင်းများကို မည်သို့ ခွဲခြားသိရှိနိုင်မည်နည်း။

အပြာရောင် MAs အားလုံးသည် အနီရောင် MAs အားလုံးကို ဖြတ်ကျော်သွား‌သောအခါ၊ လမ်းကြောင်းအလှည့်အပြောင်းတခုကို အတည်ပြုပါသည်။ တဆက်တည်းမှာပင်၊ အကယ်၍ အပြာရောင် MAs များသည် အနီရောင် MAs များအား အထက်မှအောက် ဖြတ်ကျော်သွားပါက၊ ၎င်းသည် ကျဆင်းသောအလှည့်အပြောင်းအတွက် အချက်ပြမှုဖြစ်ပါသည်။ အပြန်အလှန်အားဖြင့်၊ အကယ်၍ ဖြတ်ကျော်ခြင်းသည် အောက်မှအထက်သို့ဖြစ်ပါက၊ တိုးတက်သောအလှည့်အပြောင်းတခုအတွက် GMAA မှ အချက်ပြခြင်းဖြစ်ပါသည်။

LiteFinance: GMMA ကိုအသုံးပြု၍ လမ်းကြောင်းအလှည့်အပြောင်းများကို မည်သို့ ခွဲခြားသိရှိနိုင်မည်နည်း။

ထို့အပြင်၊ ကာလရှည် moving averages များနှင့် ကုန်သွယ်ရေးပမာဏတို့ကို စောင့်ကြည့်ရန် အရေးကြီးပါသည်။ အကယ်၍ ကာလတို moving averages များသည် ကာလရှည် moving averages များကို ဖောက်ထွက်ခဲ့ပြီးသည်နှင့် သိသိသာသာ စတင်ပြန့်ကားလာခဲ့ပြီး၊ ကုန်သွယ်မှုပမာဏများတိုးတက်လာစဉ်တွင် ကာလရှည် moving averages များသည် သိသိသာသာ စတင်ကျဉ်းမြောင်းလာပါက၊ လမ်းကြာင်း၏ ဦးတည်ရာပြောင်းလဲရန် အလွန်မြင့်မားသော အလားအလာတခု ရှိနေပါသည်။ အကယ်၍ ကာလတိုအုပ်စုသည် အပြောင်းအလဲမရှိပါက သို့မဟုတ် ပို၍ကျယ်ပြန့်လာပါက၊ ထိုဦးတည်ရာအလှည့်အပြောင်းသည် ယာယီမျှသာဖြစ်နိုင်ပါသည်။

ကုန်သည်များသည် GMMA indicator ကို relative strength index (RSI)နှင့် တွဲဖက်၍ အသုံးပြုလေ့ရှိသည်။ ဈေးကွက်တွင် ဈေးနှုန်းများ အဆမတန်မြင့်တက်နေစဉ် သို့မဟုတ် bearish divergence တခု ဖြစ်ပေါ်နေစဉ်၊ ဈေးနှုန်းသည် တိုးတက်နေရာမှ အောက်သို့ကျဆင်းရန် အလားအလာတိုးပွားလာပါသည်။ အပြန်အလှန်အားဖြင့်၊ အကယ်၍ ‌ဈေးကွက်တွင် ရောင်းလိုအားများ လွန်ကဲနေပါက သို့မဟုတ် bullish divergence တခုပေါ်ပေါက်နေပါက၊ ဈေးနှုန်းသည် ကျဆင်းနေရာမှ အထက်သို့ပြန်လည်တိုးတက်ရန် အလားအလာမြင့်မားပါသည်။

Guppy Multiple Moving Average (GMMA) ကို အသုံးပြုသော ကုန်သွယ်ရေးဗျူဟာများ

ဤအသိပညာအား လက်တွေ့အစီအစဉ်တခုတွင် ထည့်သွင်းအသုံးချခြင်းဖြင့် moving averages အရေအတွက်များစွာနှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို အသုံးပြု၍ မည်ကဲ့သို့ကုန်သွယ်မှုပြုလုပ်ရမည်၊ ၎င်းတို့သည် သင်၏ကုန်သွယ်ရေးရလာဒ်များကို မည်သို့မြှင့်တင်ပေးနိုင်မည် စသည့်အဖြေများကို စူးစမ်းလေ့လာကြည့်ကြပါစို့။ ရိုးရှင်းသောမူလလက်ဟောင်း နည်းဗျူဟာများနှင့် စတင်ပြီး၊ ကျွန်ုပ်ကိုယ်တိုင် ပြင်ဆင်ထားသော ပိုမိုကောင်းမွန်စေရန် မွမ်းမံထားသည့် နည်းဗျူဟာများအထိ တိုးမြှင့်‌လေ့လာသွားပါမည်။ ကျွန်ုပ်တို့သည် Ethereum cryptocurrency အား Tether stablecoin ဖြင့်တန်ဖိုးဖြတ်သော (ETHUSDT)ကို ဥပမာအဖြစ် အသုံးပြုပါမည်။

Breakout နည်းဗျူဟာ

ကျွန်ုပ်၏ ကျွမ်းကျင်သောအမြင်အရ၊ ဤချဉ်းကပ်မှုပုံစံသည် လမ်းကြောင်းနောက်သို့လိုက်ပါသော နောက်ကျသည့်ညွှန်ပြကိရိယာ (trend-following lagging indicator) တခုအတွက် သမာရိုးကျမဟုတ်‌သော နည်းဗျူဟာတခုအဖြစ် ကွဲထွက်နေသည်ဟု ယူဆမိပါသည်။ အကြောင်းမှာ ၎င်းတွင် လက်ရှိလမ်းကြောင်းတခု ရှိမနေပဲ ဈေးကွက်ကိုခန့်မှန်း၍ အလုပ်လုပ်ရခြင်းများ ပါဝင်သောကြောင့်ဖြစ်သည်။ ဤနည်းဗျူဟာအတွက် အထူးသဖြင့် ပိုမိုသင့်လျော်ပြီး ထိရောက်မှုရှိသော TTM Squeeze indicator ရှိပါသည်။

မည်သို့ပင်ဖြစ်စေ၊ ဤနည်းဗျူဟာ ရှိနေ‌ပြီးဖြစ်သည့်အလျောက်၊ ကျွန်ုပ်သည် ၎င်း၏ လုပ်ဆောင်ပုံနှင့် အကျိုးဆက်များကို ဆက်လက်ရှင်းပြသွားပါမည်။

ကာလတိုနှင့် ကာလရှည် moving averages များ ကန့်လန်ဖြတ်ဖြစ်နေသောအခါ ပြတ်သားသောလမ်းကြောင်းတခုမရှိခြင်းကို ညွှန်ပြပြီး၊ ဈေးကွက်သည် မရောရာကာလတခုသို့ ရောက်ရှိနေပါသည်။ ထိုအခြေအနေမျိုးတွင် ပိုမြင့်သောအမြင့်ဆုံးပွိုင့်နှင့် ပိုနိမ့်သောအနိမ့်ဆုံးပွိုင့်တခုစီ၏အောက်တွင် pending orders များကိုချမှတ်ပါ။ ဈေးနှုန်းသည် ဘောင်ခတ်ထားသောအပိုင်းအခြားတခုအတွင်း ရွေ့လျားနေသည်နှင့်အမျှ၊ သင်၏ pending orders များကို လိုက်ပါချိန်ညှိပါ။ နောက်ဆုံးတွင် ယင်းအော်ဒါများ အထမြောက်ပြီးနောက်၊ လမ်းကြောင်းသစ်တခု၏ အစကို အမှတ်အသားပြုပါလိမ့်မည်။

LiteFinance: Breakout နည်းဗျူဟာ

အကယ်၍ လူကြီးမင်းအနေဖြင့် Smart Money အတွေးအခေါ်ဖြင့် မရင်းနှီးလျှင်၊ အပြာရောင် MAs အချို့သည် အနီရောင် MAs များကို ဖြတ်ကျော်ပြီး၊ အနောက်သို့ ပြန်လည်ရွေ့လျားလာ‌သော အခိုက်အတန့်များကို ခွဲခြားရှာဖွေနိုင်ပါသည်။ ၎င်းတို့အား ပိုမြင့်သော အမြင့်ဆုံးပွိုင့်များအဖြစ် အသုံးပြုနိုင်ပါသည်။ အခြားတနည်းမှာ၊ အဆုံးစွန်တန်ဖိုးများကို ခွဲခြားထုတ်ဖော်ခြင်းအတွက် Bill Williams' Fractals indicator ကို ပေါင်းထည့်နိုင်ပါသည်။

မှားယွင်း‌သော ‌ဖောက်ထွက်မှုများ၏ အလားအလာမြင့်မားခြင်းသည် အရှုံးပေါ်သော ကုန်သွယ်မှုများကို ဖြစ်စေနိုင်သောကြောင့် ဤနည်းဗျူဟာသည် GMMA အား မသင့်တော်သော နည်းလမ်းတခုအဖြစ် ပြသပါသည်။

Trend-Following နည်းဗျူဟာ

ယေဘုယျအားဖြင့်၊ GMA indicator ကို ဤနည်းဗျူဟာအတွက် အတိအကျဖန်တီးခဲ့ခြင်းဖြစ်သည်။ Trend-following နည်းဗျူဟာသည် ဤကုန်သွယ်ရေးကိရိယာအတွက် အရိုးရှင်းဆုံးနှင့် ဆီလျော်သင့်မြတ်မှုအရှိဆုံး ကုန်သွယ်ရေးစနစ်တခုဖြစ်ပါသည်။ ထို့အပြင်၊ ၎င်းကို Forex ကုန်သွယ်ရေးအပြင် ခရစ်ပတို၊ စတော့များနှင့် ကုန်စည်အမျိုးမျိုး ကဲ့သို့သော ကုန်သွယ်မှုအမျိုးအစားများအတွက်လည်း အသုံးပြုနိုင်ပါသည်။

ဤနည်းဗျူဟာသည် ရိုးရှင်းလွယ်ကူပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ အမြတ်အစွန်းထွက်ပေါ်သော ဈေးကွက်ဝင်ရောက်မှုများ(ကုန်သွယ်မှုဖွင့်ခြင်းများ)ကို သေချာစေရန်အတွက် အခြေအနေသုံးခုဖြင့် ကိုက်ညီရန် လိုအပ်ပါသည် -

၁။ လမ်းကြောင်းတည်ရှိနေသည်။ အပြာရောင် MAs များသည် အနီရောင် MAs များ၏ အထက်တွင် ရွေ့လျားနေသည်။

၂။ ဈေးနှုန်းသည် ယာယီအပြောင်းအလဲတခုကို စတင်ပြီး၊ အနီရောင် MAs များ၏ ဇုန်အတွင်းသို့ ဝင်ရောက်သွားသည်။

၃။ ဈေးနှုန်းသည် အနီရောင် MAs များ၏ဇုန်အတွင်းမှ ထွက်ခွာသွားပြီး၊ candlestick သည် အနီရောင် MAs များအားလုံး၏ အထက်တွင် ပိတ်ပါသည်။

ဈေးကွက်သို့ဝင်ရောက်ရန် အခြေအနေများအားလုံး ကိုက်ညီပါက၊ ယာယီအလှည့်အပြောင်းကိုယ်စားပြု‌သော candlestick (corrective candlestick)၏ lower shadow အောက်တွင် stop-loss order တခုကို နေရာချ၍ ကုန်သွယ်မှုတခုဖွင့်နိုင်ပါသည်။

အခြားအကြုံးဝင်သောအခြေအနေများရှိပါသည်။ ဥပမာအားဖြင့်၊ အကယ်၍ အနီရောင် MAs များသည် ယာယီအလှည့်အပြောင်း၏အစတွင် အလွန်ပြန့်ကားလာပါက၊ ၎င်းသည် ကြံ့ခိုင်သောလမ်းကြောင်းရွေ့လျားမှုတခုကို ညွှန်ပြပါသည်။

LiteFinance: Trend-Following နည်းဗျူဟာ

ဈေးကွက်မှထွက်ခွာရန် နည်းလမ်းနှစ်မျိုးရှိပါသည် -

၁။ လူကြီးမင်း၏ ဆုံးရှုံးမှုအတိုင်းအတာစီမံခန့်ခွဲခြင်းစည်းမျဉ်းများတွင် ညွှန်ကြားထား‌သော risk/reward(စွန့်စားမှု/အမြတ်)အချိုးနှင့်အညီ လိုက်နာနိုင်ပါသည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်၏ ETHUSDT နောက်ကြောင်းပြန်စမ်းသပ်မှုတွင် ကျွန်ုပ်သည် risk/reward(စွန့်စားမှု/အမြတ်)အချိုး 2 ကို အသုံးပြုခဲ့ပါသည်။ အဓိပ္ပါယ်မှာ ကျွန်ုပ်၏ take-profit order နှင့် အဝင်ပွိုင့်ကြားရှိ အကွာအဝေးသည် stop-loss အကွာအဝေးထက် နှစ်ဆဖြစ်သည်ဟု ဆိုလိုပါသည်။

၂။ အပြာရောင် MAs များသည် အနီရောင် MAs များအား ဆန့်ကျင်ဘက်ဦးတည်ရာဖြင့် ဖြတ်ကျော်သွားသည်အထိ သင်၏ကုန်သွယ်မှုကို ဖွင့်ထားနိုင်ပါသည်။ ၎င်းသည် လမ်းကြောင်းအဆုံးသတ်ခြင်းကို ဖော်ပြပါသည်။ ကုန်သွယ်ရေးဇယားပေါ်တွင် ဤကဲ့သို့ တွေ့မြင်ရပါမည်။

LiteFinance: Trend-Following နည်းဗျူဟာ

Guppy Moving Averages indicator ကို အခိုင်အမာ အသုံးပြုသော ကုန်သွယ်မှုဗျူဟာနှစ်ခု ရှိပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဤနည်းဗျူဟာကို သီးခြားပိုင်ဆိုင်မှုတခု၏ နှုန်းထားရာဇဝင်အပေါ်တွင် နောက်ကြောင်းပြန်စမ်းသပ်မှုပြုလုပ်၍ မည်သည့်တခုက သင့်အတွက် အကောင်းဆုံး အလုပ်လုပ်သည်ကို ‌ဆုံးဖြတ်သင့်ပါသည်။

Crossover ကုန်သွယ်ရေးဗျူဟာ

GMMA indicator နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် GMMA crossover နည်းဗျူဟာသည် အမြတ်အစွန်းအရှိဆုံးဗျူဟာတခုဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် မြင့်မားသော စွန့်စားမှု/အမြတ် အချိုးကို ကမ်းလှမ်းပါသည်။ ခရစ်ပတိုငွေကြေးကဲ့သို့ မတည်ငြိမ်မှုမြင့်မားသော ဈေးကွက်များတွင်၊ ၃ အချိုးကိုပင် အသုံးပြုနိုင်ပါသည်။

ထို့ကြောင့်၊ ၎င်း၏အလုပ်လုပ်ပုံကို ဦးစွာရှင်းပြပါရစေ။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ဤနည်းဗျူဟာကို မည်သို့မြှင့်တင်ရမည်ကို အဖြေရှာကြပါမည်။

ဤနည်းဗျူဟာသည်လည်း အ‌တော်အသင့် ရိုးရှင်းပါသည် - အကယ်၍ အပြာရောင် MAs အားလုံးသည် အနီရောင် MAs အားလုံးကို အောက်မှအထက်သို့ ဖြတ်ကျော်သွားပါက၊ indicator သည် ဝယ်ယူရန် အချက်ပြမှုကို ထုတ်ပေးပါသည်။ အပြန်အလှန်အားဖြင့် အကယ်၍ အပြာရောင် MAs အားလုံးသည် အနီရောင် MAs အားလုံးကို အထက်မှအောက်သို့ ဖြတ်ကျော်သွားပါက ၊GMMA မှ အရောင်းအချက်ပြမှုကို ပေးပါသည်။ သို့သော်၊ အကယ်၍ ဈေးနှုန်းသည် ဘေးတိုက်ရွေ့လျားပါက၊ မှားယွင်းအချက်ပြမှုများ ပေါ်ပေါက်နိုင်ခြေရှိပါသည်။ မှားယွင်းအချက်ပြမှုများကို လျော့နည်းစေရန်၊ ကျွန်ုပ်တို့အနေဖြင့် အပိုဆောင်းအခြေအနေတရပ်ကို ပေါင်းထည့်သင့်ပါသည် - အပြာရောင် moving averages များသည် ပြန့်ကားနေသင့်ပါသည်။

တနည်းဆိုသော်၊ အကယ်၍ candlestick တခု ပိတ်သိမ်းပါက၊ အပြာရောင်မျဉ်းအားလုံးသည် အနီရောင်မျဉ်းအားလုံးထက် ပိုမြင့်သင့်ပြီး၊ အပြာရောင် MAs များကြားမှာ အကွာအဝေးမှာ တိုးပွားလာသင့်ပါသည်။ ၎င်းသည် ခိုင်မာသော လမ်းကြောင်းတခုကို ညွှန်ပြပြီး၊ မကြာသေးမီက ဖောက်ထွက်မှုသည် မှားယွင်း‌သောအချက်ပြမှုမဖြစ်နိုင်ပဲ လမ်းကြောင်းသစ်တခု၏ အစဖြစ်နိုင်ကြောင်း ဖော်ပြပါသည်။ အနှစ်ချုပ်ရလျှင်၊ ကျွန်ုပ်တို့သည် ယခင်လမ်းကြောင်း ကျိုးပျက်မှုနှင့်အတူ လမ်းကြောင်းအသစ်တခု ထွက်ပေါ်ခြင်းကို စူးစမ်းတွေ့ရှိရပါသည်။

အနီရောင် MAs များကို ချိုးဖောက်ခဲ့သော ပထမ candlestick ၏ အမြင့်ဆုံးပွိုင့်တွင် Stop-loss order တခုကို နေရာချနိုင်ပါသည်။

LiteFinance: Crossover ကုန်သွယ်ရေးဗျူဟာ

ဤနည်းဗျူဟာတွင် မှားယွင်းသော အဝင်ပွိုင့်အချက်ပြမှုများ အမြဲတစေရှိနိုင်‌သော်လည်း၊ မြင့်မားသော စွန့်စားမှု/အမြတ် အချိုးကြောင့် လူကြီးမင်းသည် အထူးတလည်ပြင်ဆင်ချိန်ညှိရန် မလိုအပ်ပဲ အမြတ်အစွန်းများကို ရရှ်ိနိုင်ပါသည်။ သို့ဖြစ်သော်လည်း၊ ဤနည်းဗျူဟာ၏ ကနဦးအဆင့်မြှင့်တင်မှုအဖြစ် ကျွန်ုပ်တို့သည် ဖောက်ထွက်မှုအတည်ပြုခြင်းများကို‌ ပေါင်းစပ်ထည့်သွင်းပါမည်။

အတည်ပြုချက်များပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာ

ပိုင်ဆိုင်မှု၏ဈေးနှုန်းသည် လမ်းကြောင်းအသစ်တခုကို စတင်ခဲ့ပြီးဖြစ်/မဖြစ်ကို ဆုံးဖြတ်ရန်အတွက် ဤနည်း‌ဗျူဟာမှာ အလွယ်ကူ‌ဆုံး နည်းလမ်းများမှ တခုဖြစ်ပါသည်။

ဈေးနှုန်းသည် အနီရောင် MAs များကို အထက်မှ ဖြတ်ကျော်ခဲ့သော်လည်း၊ ၎င်းတို့၏ အောက်တွင် အခြေချရန် မအောင်မြင်ခဲ့ပဲ အဆိုပါမျဉ်းများကို စမ်းသပ်ထိတွေ့၍ အထက်သို့ပြန်တက်သွားသည်ဟု မြင်ယောင်ယူဆကြည့်ပါ။ ဤအခြေအနေသည် ‌ရောင်းသူများမှ အရောင်းကုန်သွယ်မှုများဖွင့်ကြပြီး ဈေးနှုန်းကျဆင်းစေရန် ကြိုးပမ်းကြသော်လည်း၊ အဝယ်များမှ ဆန့်ကျင်ဘက်ဈေးကွက်ဖိအားကို ကျော်လွန်သည်အထိ ပမာဏကြီးမားသော အဝယ်ကုန်သွယ်မှုများကို စုစည်းဖွင့်လှစ်ခဲ့ကြခြင်းကို ညွှန်ပြနေပါသည်။ ထိုသို့အားကောင်းသော တိုးတက်ရန်လှုံ့ဆော်မှုနှင့် ကြုံတွေ့စဉ်တွင်၊ ဈေးနှုန်းကို အထက်သို့ ပိုမိုမြင့်တက်စေရန် ဝယ်သူများဘက်သို့ ပူးပေါင်းခြင်းဖြင့် အမြတ်အစွန်းများ ရရှိနိုင်ပါသည်။

တချိန်တည်းမှာပင်၊ အကယ်၍ ဈေးနှုန်းသည် တိုးတက်လာသောကုန်သွယ်မှုပမာဏများနှင့်အတု အနီရောင်မျဉ်းများကို ပြန်လည်ထိတွေ့ပါက၊ indicator မှ ထုတ်ပေးသော အချက်ပြမှုသည် ပို၍ ရှင်းလင်းပြတ်သားပါသည်။ ယင်း candlestick ပိတ်သိမ်းသည်နှင့်တပြိုင်နက်၊ ဈေးကွက်သို့ ဝင်ရောက်ပါ။ Stop-loss order တခုကို အနိမ့်ဆုံးအနီရောင်မျဉ်း၏အောက်တွင် သတ်မှတ်ပါ။

LiteFinance: အတည်ပြုချက်များပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာ

ထိုသို့ ပြန်လည်ထိတွေ့မှုများ(retests) တွင် ဈေးကွက်သို့ ဝင်ရောက်ခြင်းသည် stop-loss orders များကို တိုတောင်းသောအကွာအ‌ဝေးတွင် နေရာချနိုင်စေသောကြောင့် အချက်ပြမှုအမှားများ ပေါ်ပေါက်နိုင်ခြေကို လျှော့ချပေးပြီး၊ ‌စွန့်စားမှု/အမြတ်အချိုးကို သိသိသာသာ တိုးတက်စေပါသည်။ ဈေးနှုန်းသည် ထိုအမှတ်သို့ မရောက်ရှိမချင်း၊ stop-loss order ကို အနီရောင်မျဉ်းတလျှောက် ရွှေ့ပြောင်းနိုင်ကာ၊ ခိုင်မာသောလမ်းကြောင်းများတွင် ‌စွန့်စားမှု/အမြတ်အချိုးသည် 5 ထက်ပင် ကျော်လွန်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းထက်မက ထိုမျှမကသော နည်းလမ်းများ ရှိပါသေးသည်။

အတည်ပြုချက်များပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာတွင် Fibonacci Levels များကို အသုံးပြုခြင်း

ကုန်သွယ်မှုဗျူဟာများကို တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်နိုင်သောနည်းလမ်းများမှာ အကန့်အသတ်မရှိပါ။ Fibonacci indicator ကို အသုံးပြုခြင်းဖြင့်၊ လမ်းကြောင်းသစ်တခုထွက်ပေါ်လာစဉ်တွင် ကျွန်ုပ်တို့သည် အဝင်ပွိုင့်များကို ပို၍မှန်ကန်စွာ ခွဲခြားထုတ်ဖော်နိုင်ပါသည်။ ဤနည်းပညာပိုင်းဆိုင်ရာအထောက်အကူကိရိယာသည် ခိုင်မာထင်ရှားသော ဈေးနှုန်းရွေ့လျားမှုတခုအတွင်း ယာယီအလှည့်အပြောင်းဖြစ်ပေါ်ခြင်းများကို ပြသပေးပါသည်။ လူကြီးမင်းသိရှိပြီးဖြစ်သည့်အတိုင်း၊ လမ်းကြောင်းဦးတည်ရာပြောင်းလဲခြင်း သို့မဟုတ် ဘေးတိုက်ရွေ့လျားမှုအတွင်းမှထွက်ခွာခြင်းများသည် မြန်ဆန်သောဈေးနှုန်းရွေ့လျားမှုအသွင်ဖြင့် အစပြုလေ့ရှိသည်။

ထုံးစံအရ၊ ဈေးကွက်အတွင်း ဝယ်လိုအားအဆမတန်လွန်ကဲလာသောအခါ၊ ဈေးနှုန်းသည် အမြဲလိုလို ကျဆင်းသွားလေ့ရှိပြီး၊ Fibonacci retracement ၏ 0.5 မှ 0.618 ကြား အကွာအဝေးဆီသို့ ယာယီဦးတည်၍ ရွေ့လျားလာပါသည်။ အများအားဖြင့် ဈေးနှုန်းသည် ယင်းဧရိယာကို ဖောက်ထွက်ရန် ထိတွေ့စမ်းသပ်မှုများ(retests) ပြုလုပ်လေ့ရှိသည်။ ဈေးနှုန်းသည် အဆိုပါဧရိယာကို ထိတွေ့သည်နှင့်၊ ကျွန်ုပ်တို့သည် ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ ထို့အပြင်၊ Fibonacci retracement သည် ခရစ်ပတိုငွေကြေးများကဲ့သို့ စွန့်စားမှုမြင့်မားသော ကုန်သွယ်မှုအမျိုးအစားများနှင့်နှိုင်းစာလျှင် စတော့များကဲ့သို့ တည်ငြိမ်သောပိုင်ဆိုင်မှုများတွင် ထိရောက်မှုအမြင့်မားဆုံးဖြစ်ပါသည်။

LiteFinance: အတည်ပြုချက်များပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာတွင် Fibonacci Levels များကို အသုံးပြုခြင်း

ဤနည်းဗျူဟာကို ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုတိကျ၍ အမြတ်အစွန်းရရှိစေသော ‌အဝင်ပွိုင့်များကို ရှာဖွေနိုင်စေရန် Fibonacci indicator ကို အသုံးပြုနိုင်ပါသည်။ အနိမ့်ဆုံး အနီရောင် MAမျဉ်းအောက်တလျှောက် stop-loss order ကို ရွေ့ပြောင်းခြင်းဖြင့် ဈေးကွက်မှထွက်ခွာသောဗျူဟာကို လိုက်နာ၍ အထက်တွင်ဖော်ပြခဲ့သော အကွာအဝေးနယ်နိမိတ်အတွင်း ဈေးကွက်သို့ဝင်ရောက်ခဲ့ပြီးလျှင်၊ ကျွန်ုပ်တို့သည် စွန့်စားမှု/အမြတ်အချိုးကို 6.11 အထိ မြှင့်တင်နိုင်ပြီဖြစ်သည်။

LiteFinance: အတည်ပြုချက်များပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာတွင် Fibonacci Levels များကို အသုံးပြုခြင်း

အတည်ပြုချက်များနှင့် RSI ပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာ

RSI ကိုပေါင်းထည့်ခြင်းဖြင့်၊ ကျွန်ုပ်တို့၏ ကုန်သွယ်ရေးဗျူဟာကို ဆက်လက်မြှင့်တင်ကြည့်ကြရအောင်။ ကျွန်ုပ်သည် RSI Divergence Indicator ကို အသုံးပြုပါသည်။ ၎င်းကို MetaTrader 5 market တွင် အခမဲ့ရယူနိုင်ပါသည်။

LiteFinance: အတည်ပြုချက်များနှင့် RSI ပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာ

ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်ကဲသော အခြေအနေများအဖြစ် Indicator သည် 70 အထက် သို့မဟုတ် 30 အောက်သို့ ရောက်ရှိခြင်းကဲ့သို့ လမ်းကြောင်းအလှည့်အပြောင်း အချက်ပြမှုများအတွက် RSI indicator ကို စောင့်ကြည့်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် အလားအလာရှ်ိသော အဝင်ပွိုင့်များကို ခွဲခြားသိရှိနိုင်ပါသည်။ ကျွန်ုပ်တို့အဓိကအာရုံစိုက်ရမည်မှာ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်ကဲသောဇုန်များအတွင်းမှ divergences များဖြစ်ပါသည်။ အကြောင်းမှာ ဈေးနှုန်းသည် ထိုဧရိယာများအတွင်း သိသာထင်ရှားသောရွေ့လျားမှုကို ပြသလေ့ရှိသောကြောင့် ဖြစ်ပါသည်။

ပို၍သတ္တိရှိသောနည်းလမ်းကို အသုံးပြုသူများအတွက်၊ ဈေးနှုန်းသည် အလှည့်အပြောင်းတခုကို အစပြုစဉ်၌ ဈေးကွက်သို့ဝင်ရောက်ခြင်းသည် ပိုမိုသင့်တော်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ အတွေ့အကြုံနုနယ်သော ကုန်သည်အသစ်များအတွက် ဤနည်းဗျူဟာကို အကြံမပြုလိုပါ။ ၎င်းအစား၊ ဈေးနှုန်းသည် ယာယီအပြောင်းအလဲဧရိယာအတွင်းသို့ ဝင်ရောက်သည်အထိ စောင့်ဆိုင်းသင့်ပါသည်။ ဈေးနှုန်းသည် ဤဧရိယာမှ ထွက်ခွာရန်စတင်သောအခါတွင် ကုန်သွယ်မှုတခုကို ဖွင့်ပါ။ သတိပြုရမည့်အချက်မှာ ဈေးနှုန်းသည် ယာယီအပြောင်းအလဲဧရိယာအတွင်းသို့ ဝင်ရောက်ပြီးနောက် ထိုဧရိယာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။

ဤအစီအစဉ်အလိုက်ဖြစ်စဉ်တွင်၊ ယာယီအပြောင်းအလဲဧရိယာမှ ထွက်ခွာသော အမှတ်ဖြစ်သည့် candlestick ၏ အမြင့်ဆုံး/အနိမ့်ဆုံးပွိုင့်၏ အထက် သို့မဟုတ် အောက်တွင် stop-loss order တခုကို ချမှတ်နိုင်ပါသည်။ ထို့နောက်တွင်၊ သင်၏ stop-loss order ကို အဝေးဆုံးဖြစ်သော အနီရောင် moving average တလျှောက် ရွေ့ပြောင်းနိုင်ပါသည်။

LiteFinance: အတည်ပြုချက်များနှင့် RSI ပါဝင်သော Crossover ကုန်သွယ်ရေးဗျူဟာ

RSI indicator သည် ဆန့်ကျင်ဘက်ဇုန်သို့ ကူးပြောင်းသွားသောအခါတွင် ဈေးကွက်မှထွက်ခွာပါ။ ကျွန်ုပ်တို့၏ နမူနာတွင်၊ ၎င်းသည် ဝယ်လိုအားလွန်ကဲသောဇုန်မှ ရောင်းလိုအားလွန်ကဲသောဇုန်သို့ ကူးပြောင်းသွားပြီး၊ ကုန်သွယ်မှုကို ဘေးကင်းစွာပိတ်သိမ်းနိုင်သော အခွင့်အရေးတရပ်ကို ညွှန်ပြပါသည်။ မတည်ငြိမ်မှုမြင့်မားသော ပိုင်ဆိုင်မှုများတွင် ဤနည်းဗျူဟာကို အသုံးချသောအခါ၊ လူကြီးမင်းသည် 7 ထက်ကျော်သော စွန့်စားမှု/အမြတ်အချိုးကိုပင် ရရှိနိုင်ပါသည်။ အချို့သောအခြေအနေများတွင် 10 ထက်ပင် ကျော်လွန်နိုင်ပါသည်။

GMMA ၏ အားသာချက်များနှင့် အားနည်းချက်များ

GMMA indicator သည် လမ်းကြောင်းပေါ်တွင်ကုန်သွယ်ခြင်းအတွက် ထိရောက်မှုမြင့်မားသော ညွှန်ပြကိရိယာတခု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဤကုန်သွယ်မှုကိရိယာမှ ရရှိနိုင်သော အားသာချက်များရှိသကဲ့သို့၊ အားနည်းချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

အားသာချက်များ

  • အဓိပ္ပါယ်ကောက်ယူရန်နှင့် အသုံးပြုရန်လွယ်ကူခြင်း။
  • လမ်းကြောင်းနောက်လိုက်ဗျူဟာများ (trend-following strategies) ဖြင့် ကောင်းစွာ အလုပ်လုပ်ခြင်း။
  • အခြားနည်းပညာပိုင်းဆိုင်ရာ ညွှန်ပြကိရိယာများနှင့် အဆင်ပြေစွာ ပေါင်းစပ် အသုံးပြု နိုင်ခြင်း။
  • အခြားညွှန်ပြကိရိယာများနှင့် ပေါင်းစပ်ရာတွင် မြင့်မားသောစွမ်းဆောင်ရည်ကို ပြသခြင်း။

အားနည်းချက်များ

  • သဘာဝအရ ညွှန်ပြမှုနှောင့်နှေးသော moving averages များကို အသုံးပြုထားခြင်း။
  • ရှင်းလင်းပြတ်သားသော လမ်းကြောင်းတခုမရှိလျှင်၊ မှားယွင်းအချက်ပြမှုများစွာကို ထုတ်ပေးခြင်း။
  • တခုတည်းသော indicator အဖြစ် အသုံးပြုသည့်အခါ၊ stop-loss အကွာအဝေး အလွန်ကြီးမားခြင်း။

GMMA နှင့် EMA နှိုင်းယှဉ်ချက်

GMMA indicator သည် ကာလအပိုင်းအခြားမတူညီသော EMAs ၁၂ ခု၏ ပေါင်းစပ်မှုကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် Guppy indicator နှင့် Exponential Moving Averages ကြားတွင် တူညီမှုများစွာရှိပါသည်။ သို့သော် အာရုံစိုက်သတိပြုသင့်သည့် သိမ်မွေ့သောကွဲပြားမှုအချို့လည်း ရှိပါသည်။

ပုံမှန်အားဖြင့်၊ ယေဘုယျလမ်းကြောင်းကို ဆုံးဖြတ်ရန် ရိုးရှင်းသော EMA တခုအား အသုံးပြုကြသည်။ ထိုသို့လုပ်ဆောင်ရန် 30၊ 50၊ 100 သို့မဟုတ် 200 ပင်ဖြစ်စေ တိကျသော ဆယ်ပြည့်၊ ရာပြည့်တန်ဖိုးများကို အသုံးပြုပါသည်။ သို့ရာတွင်၊ EMA သည် ဇယားပေါ်တွင် မျဉ်းတကြောင်းကိုသာ ကိုယ်စားပြုပြီး၊ ထိုမျဉ်းကို ရွေ့လျားနေသော support သို့မဟုတ် resistance level အဖြစ် အသုံးပြုရန် ခဲယဉ်းပါသည်။ ကုန်သည်တဦးစီတိုင်းသည် ၎င်းတို့၏ နည်းဗျူဟာများနှင့် သင့်တော်စေရန် EMA ကို စိတ်ကြိုက်သတ်မှတ်ကြပါသည်။ ဤချိတ်ဆက်မှုတွင်၊ လူကြီးမင်းမှ ဇယားပေါ်တွင် လူကြီးမင်း၏ EMA အား dynamic support level အဖြစ်ဆောင်ရွက်ရန်နှင့် EMA သို့ ဈေးနှုန်းရောက်ရှိသည့်အပေါ်တွင်၊ ဦးတည်ရာအလှည့်အပြောင်းတခုကို မျှော်လင့်ထားသောအခါ၊ အခြားကုန်သည်များမှ ၎င်းတို့၏ EMAs များကို အခြားဧရိယာများတွင် ရွေ့လျားစေကာ၊ အချို့တွင် EMA လုံးဝမရှိခြင်းများလည်း ဖြစ်နိုင်ပါသည်။ ရလာဒ်အနေဖြင့် ဈေးနှုန်းသည် လူကြီးမင်း၏ support level တွင် ထိုဈေးတန်းမှနောက်ပြန်လှည့်ခြင်း (rebound) ကို ပြုလုပ်မည်မဟုတ်ပေ။ အကြောင်းမှာ EMA ဆက်တင်များသည် ဈေးကွက်အခြေအနေများနှင့် ကိုက်ညီမှုမရှိနိုင်သောကြောင့် ဖြစ်ပါသည်။

Guppy moving averages သည် ဇယားပေါ်တွင် ဧရိယာနှစ်ခုကို ပေါင်းစပ်ထည့်သွင်းကာ လမ်းကြောင်းကို ပိုမို‌ရှင်းလင်းစွာ ခွဲခြားပေးခြင်းအားဖြင့် ပို၍အဆင့်မြင့်သော နည်းဗျူဟာတခုကို ကမ်းလှမ်းပါသည်။ အကယ်၍ ဈေးနှုန်းသည် ကာလတို MAs အုပ်စုကို ဖောက်ထွင်းဖြတ်ကျော်သွားပါက၊ ၎င်းသည် လက်ရှိလမ်းကြောင်း အတွင်း ယာယီအလှည့်အပြောင်းတခုကို ညွှန်ပြပါသည်။ ထို့ကြောင့် ဈေးနှုန်းသည် ကာလရှည် MAs အုပ်စုမှ အနောက်သို့ပြန်လည်ဆုတ်ခွာချိန်တွင် ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။

ထို့အပြင်၊ EMA သည် လမ်းကြောင်း၏ ကြံ့ခိုင်မှုနှင့်ပတ်သတ်သော သတင်းအချက်အနည်းငယ်ကို ပံ့ပိုးပေးပါသည်။ ဈေးနှုန်းသည် EMA မှ သိသာထင်ရှားသော အဝေးတွင် ရွေ့လျားသောအခါ၊ လမ်းကြောင်းသည် ခိုင်မာသည်ဟု ယူဆနိုင်ပါသည်။ သို့သော်၊ လမ်းကြောင်းသည် အရှိန်လျော့လာခြင်း သို့မဟုတ် အရှိန်ရလာခြင်း ရှိမရှိကို ခွဲခြားသိမြင်ရန် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါသည်။ ဤလိုအပ်ချက်အပေါ်တွင်၊ GMMA သည် ပိုမိုစွမ်းဆောင်နိုင်ပြီး အချက်အလက်ပြည့်စုံ‌သော indicator တစ်ခုအဖြစ် ပေါ်ထွက်လာပါသည်။

အနှစ်ချုပ်

ယခုဆိုလျှင်၊ လူကြီးမင်းသည် Guppy Multiple Moving Average (GMMA) နည်းပညာဆိုင်ရာ ညွှန်ပြကိရိယာနှင့် ကျွမ်းဝင်မှုရှိလောက်ပြီဖြစ်သည်။ အကြံပြုထားသော ကုန်သွယ်မှုဗျူဟာကို အသုံးပြုခြင်း သို့မဟုတ် သင့်အကြိုက်ဆုံး indicators များကို ထပ်မံပေါင်းထည့်ခြင်းဖြင့် ကြီးမား‌သောအမြတ်အစွန်းများကို ရရှိနိုင်ပါသည်။ လူကြီးမင်းသည် ယခုမှစတင်လေ့လာသူတဦးဖြစ်နေလျှင်ပင်၊ ဤနည်းဗျူဟာသည် သင်အား ကုန်သွယ်ရေးတွင် အမှားများပြုလုပ်ပြီးနောက် ၎င်းတို့မှသင်ခန်းစာယူနိုင်ရန် အခွင့်အရေးပေးပါသည်။ ထို့အပြင်၊ ဤနည်းဗျူဟာသည် အတော်အတန်မြင့်မား‌သော စွန့်စားမှု/အမြတ်အချိုးကို ပေးစွမ်းနိုင်ပါသည်။

Guppy Multiple Moving Average အမေး၊ အဖြေများ

၎င်းသည် ပိုင်ဆိုင်မှုအမျိုးအစားနှင့် အချိန်အပိုင်းအခြားအပေါ် မူတည်ပါသည်။ သို့သော် စံသတ်မှတ်ထား‌သော နည်းလမ်းကို အသုံးပြုရန် ကျွန်ုပ်အနေဖြင့် အကြံပြုထောက်ခံလိုပါသည်။ ကာလတို EMAs မျဉ်းခြောက်ခုသည် ကာလရှည် EMAs မျဉ်းခြောက်ခုအား ဖြတ်ကျော်သွားသည်အထိ စောင့်ဆိုင်းပါ။

အကယ်၍ လူကြီးမင်းသည် GMMA indicator တခုတည်းကို အသုံးပြုပါက၊ RSI ကဲ့သို့ အခြား indicator များကို ပေါင်းထည့်၍ trend-following strategy(လမ်းကြောင်းနောက်မှလိုက်ပါသောဗျူဟာ)တခုကို အသုံးပြုခြင်းသည် ပိုမိုသင့်တော်ပါသည်။ ဈေးကွက်သို့ဝင်ရောက်ရန်အတွက် Fibonacci retracements များကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

လက်ရှိလမ်းကြောင်းနှင့်အညီ ကုန်သွယ်မှုပြုလုပ်ရာတွင် GMMA indicator သည် အတော်ပင် ကောင်းမွန်စွာဆောင်ရွက်‌သောကြောင့်၊ ၎င်းကို RSI ကဲ့သို့သော အခြား indicators များနှင့် ပေါင်းစပ်အသုံးပြုရန် ကျွန်ုပ်မှ အကြံပြုပါသည်။ ဤ indicator သည် အချို့သော ဆုံးရှုံးမှုအလားအလာများကို ပေါ်ပေါက်စေသည့် ဈေးကွက်အခြေအနေများကို ထင်ရှားစွာညွှန်ပြပေးပါသည်။ ဖြစ်နိုင်ခြေရှိသော ဖောက်ထွက်မှုများနှင့် အလှည့်အပြောင်းများကို အကဲဖြတ်ရန်အတွက် volume indicator သည်လည်း အထူးသင့်တော်ပါသည်။

အကယ်၍ ကာလတို MAs ခြောက်ခုစလုံးသည် ကာလရှည် MAs ခြောက်ခုစလုံး၏ အပေါ်တွင်ရှိနေပါက၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များသည် နှုန်းထားတိုးတက်လာရန်မျှော်လင့်ကြသည်ဟု အဓိပ္ပါယ်ရပြီး၊ အဝယ်ကုန်သွယ်မှုများကို စဉ်းစားနိုင်ပါသည်။ သို့မဟုတ်လျှင်၊ ဈေးနှုန်းကျဆင်းရန် မျှော်လင့်ရပြီး၊ အရောင်းကုန်သွယ်မှုများကို စဉ်းစားသင့်ပါသည်။

ဤဆောင်းပါးကို ဖတ်ရှုပြီးသောအခါ၊ မူရင်း EMAs များကို စိတ်ကြိုက်ပြင်ဆင်သတ်မှတ်ခြင်းအားဖြင့် GMMA indicator တခုကို ကိုယ်တိုင်တည်ဆောက်နိုင်ပြီး၊ အကြံပြုထားသော နည်းဗျူဟာများအတိုင်း ကုန်သွယ်မှုပြုလုပ်နိုင်ပါသည်။ သိရှိထားသင့်သောအချက်တခုမှာ၊ GMMA indicator ကို MetaTrader 5 ပလပ်ဖောင်းပေါ်တွင် အခမဲ့ရရှိနိုင်ပါသည်။

Guppy Multiple Moving Average (GMMA) – ဖော်မြူလာများနှင့် ကုန်သွယ်ရေးဗျူဟာများ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat