‘Trend is your friend’ ဟု ဆိုလေ့ရှိကြသည်။ ဤရွှေရောင်ကုန်သွယ်ရေးစည်းမျဉ်းသည် မည်သည့် ဈေးကွက်မှ မည်သည့်ပိုင်ဆိုင်မှုအတွက်မဆို သက်ဆိုင်ပါသည်။ ဈေးနှုန်းများသည် ကစဉ့်ကလျား ပြောင်းလဲလေ့ မရှိပေ — ဈေးနှုန်းမတည်ငြိမ်မှုကို ဖြစ်စေရန် အကြောင်းအရာအမြောက်အများ လိုအပ်ပါသည်။ ၎င်းတို့ ပေါင်းဆုံသောအခါ တိကျသောဈေးကွက်လမ်းကြောင်းများ ပေါ်ပေါက်လာပါသည်။ ဤလမ်းညွှန်ချက်သည် သင့်အား ဤသဘောထားများကို ပိုင်းခြားသိမြင်ရန်နှင့် ယုံကြည်စိတ်ချရသော ကုန်သွယ်မှုဗျူဟာတစ်ခုကို ဖန်တီးရန်အတွက် စျေးကွက်လမ်းကြောင်းခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်နိုင်ရန် လမ်းပြသင်ကြားပေးပါလိမ့်မည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Market Trend ဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် ရည်ရွယ်ချက်။

Market trend ဆိုသည်မှာ တိကျသောကာလတခုအတွင်း တိကျသော ဈေးနှုန်းရွေ့လျားမှဦးတည်ရာတခု ဖြစ်ပါသည်။ တန်ဖိုး အတက်၊အကျ ရှိသော သို့မဟုတ် ကုန်သွယ်မှုပမာဏ အပြောင်းအလဲရှိသော ပိုင်ဆိုင်မှုအားလုံးနှင့် သက်ဆိုင်ပါသည်။

Forex နှင့် အခြားကုန်သွယ်ရေးဈေးကွက်များပေါ်မှ trend တခုဆိုသည်မှာ တိကျသောကာလတခုအတွင်း ပြတ်သားသော ဦးတည်ရာနှင့် ကြံ့ခိုင်မှုတို့ဖြင့် ပေါ်ပေါက်လာသော ဈေးနှုန်းရွေ့လျားမှုတခု ဖြစ်ပါသည်။ Market trends များကို ပုံဖော်သော အဓိက လက္ခဏာရပ်မှာ ၎င်းတို့၏ ဦးတည်ရာ ဖြစ်ပါသည် - ကုန်သည်များသည် ကုန်သွယ်ရေးဆုံးဖြတ်ချက်များ ပြုလုပ်ရန်နှင့် အမြတ်များကို အများဆုံး ချဲ့ထွင်နိုင်ရန် အတွက် ယင်းဦးတည်ရာကို အသုံးပြုကြပါသည်။

နည်းပညာပိုင်းဆိုင်ရာ လမ်းကြောင်းခွဲခြမ်းစိတ်ဖြာမှုအရ၊ တိကျသေချာသော အကြောင်းရင်းများကြောင့် သာလျှင် ဈေးနှုန်းအကြောင်းရင်းများ ဖြစ်ပေါ်လေ့ရှိပါသည်။

ဤအချက်သည် အောင်မြင်သောကုန်သည်များအား ငွေကြေးများနှင့် အခြားဈေးကွက်ပိုင်ဆိုင်မှုများ၏ မှန်းဆ၍ရသော ဈေးနှုန်းရွေ့လျားမှုများကို ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရန်၊ ပိုင်ဆိုင်မှုများ၏ အနာဂါတ်နှုန်းထားများကို ခန့်မှန်းရန်နှင့် မှန်ကန်သောကုန်သွယ်ရေးဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ရန် အဓိကပံ့ပိုးပေးပါသည်။ နည်းပညာပိုငိးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် မရေမတွက်နိုင်သော indicatorsများ၊ အကြံပေးစနစ်များနှင့် ဝါရင့်ကုန်သည်များအတွက် အထောက်အကူအဖြစ်ဆောင်ရွက်ပေးသော ဂရပ်ဖစ်ပုံစံများ ပါဝင်ပါသည်။ ဤကိရိယာအများစုသည် ဈေးနှုန်းရွေ့လျားမှု သဘောတရားအပေါ် အခြေခံပါသည်။

အဓိက market trends အမျိုးအစား သုံးခုရှိပါသည်။

  • Bull market trends (အထက်သို့ဈေးနှုန်းရွေ့လျားမှု) — အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများ ဆက်တိုက်မြင့်မားလာသောအခါ ဈေးနှုန်းသည် အထက်သို့ ရွေ့လျားနေသည်ဟု သတ်မှတ်ပါသည်။ နောက်ထပ်ပေါ်ပေါက်လာသော အမြင့်ဆုံး/အနိမ့်ဆုံး ‌တန်ဖိုးတခုစီတိုင်းသည် ယခင်တန်ဖိုးများထက် ပို၍မြင့်မားသောအခါ အတက်လမ်းကြောင်း(uptrend) ပေါ်ပေါက်လာပါသည်။
  • Bear market trends (အောက်သို့ဈေးနှုန်းရွေ့လျားမှု) — ဈေးနှုန်းများသည် အောက်သို့ရွေ့လျားသောအခါ၊ ဈေးနှုန်းသည် အောက်သို့ရွေ့လျားနေသည်ဟု သတ်မှတ်ပါသည်။ ယခင်အမြင့်ကို ဖြတ်ကျော်ရန် မအောင်မြင်သော ကြိုးပမ်းမှုသည် လမ်းကြောင်းအလှည့်အပြောင်း အတွက် အချက်ပြမှုဖြစ်သည်။ အစဉ်လိုက် ကျဆင်းသော အထက်နှင့် အောက်တန်ဖိုးများသည် အကျလမ်းကြောင်းတခု (downtrend) ကို အမှတ်အသားပြုပါသည်။
  • Sideways (ဘေးတိုက်ဈေးနှုန်းရွေ့လျားမှု) — တိကျသေချာသော ဦးတည်ရာတဖက်သို့ ရွေ့လျားမှုမျိုး မရှိသော ဈေးကွက်အခြေအနေ၊ ၎င်းသည် သဘာဝကျပြီး၊ အများဆုံး ဖြစ်ပေါ်လေ့ရှိသော ဈေးကွက်အခြေအနေမျိုးပင်ဖြစ်ပါသည်။

Dow theory အရ၊ trends သည် ၎င်းတို့အဆုံးသတ်ရန် တိကျပြတ်သားသော အချက်ပြမှု မပေါ်ပေါက်မချင်း ရှေ့ဆက်ရွေ့လျားပါသည်။

ကြာချိန်အပေါ်မူတည်၍၊ trends များသည် -

  • Long-term (major) သည် ၆ လမှ လပေါင်းများစွာ ကြာမြင့်ပါသည်။
  • Intermediate (secondary, medium term) သည် ပုံမှန်အားဖြင့် အဓိကလမ်းကြောင်း(main trend) ၏ ယာယီအပြောင်းအလဲတခု ဖြစ်လေ့ရှိပြီး၊ ၁ လမှ ၆လကြား ကြာမြင့်လေ့ရှိသည်။
  • Short term trends (minor) သည် ၁လထက် ပိုမိုတိုတောင်းသော ယာယီအပြောင်းအလဲတခု သို့မဟုတ် ဈေးနှုန်းစုဖွဲ့မှုတခု ဖြစ်လေ့ရှိသည်။ ၎င်းသည် ကာလအလယ်အလတ် သို့မဟုတ် ကာလရှည် trend တခု၏ ခေတ္တရပ်နားမှု ဖြစ်လေ့ရှိသည်။ ကာလတို trends များကို တနေ့တာအတွင်း ဖြစ်ပေါ်သောဇယားများတွင်လည်း ဖော်ထုတ်နိုင်ပါသည်။
သတိပြုရန်။ ။ Market trends များကို ဈေးကွက် အလေးသာမှု နှင့် မရောထွေးသင့်ပါ။ ဈေးကွက် အလေးသာမှု (market sentiment) ဆိုသည်မှာ လာမည့်ဈေးနှုန်းရွေ့လျားမှုများအပေါ် ကုန်သည်များ၏ သဘောထားသာ ဖြစ်ပါသည်(၎င်းတို့၏ အတွေးအမြင်သည် လက်တွေ့ဈေးကွက်၏ အခြေအနေ အစစ်အမှန် များနှင့် ညီမျှမှု မရှိနိုင်ပါ)။

Trend ၏ ဝိသေသလက္ခဏာများ

Market trends များကို ခွဲခြားရန်နှင့် ပုံဖော်ရန်၊ ကုန်သည်များအနေဖြင့် နည်းလမ်းများနှင့် ချဉ်းကပ်ပုံများ စွာကို အသုံးပြုနိုင်ပါသည်။

  1. ဦးတည်ရာ။ ဤအင်္ဂါရပ်သည် အချိန်အပိုင်းအခြားအပေါ်တွင် မူတည်ပါသည်။ အချိန်အပိုင်းအခြား ရှည်လျားလေလေ၊ ဈေးနှုန်းရွေ့လျားမှုဦးတည်ရာ ရှင်းလင်းပြတ်သားမှု ပိုနည်းလေလေ ဖြစ်ပါသည်။ အရှေ့မှ ဖြစ်ရပ်များတွင် အချိန်တခုကြာပြီးသောအခါ၊ ဈေးနှုန်းသည် ၎င်း၏တန်ဖိုးသို့ ပြန်လှည့်၍ စုဖွဲ့သောဘောင်အတွင်း ဆက်လက်ရွေ့လျားလေ့ရှိပါသည်။
  2. ကြံ့ခိုင်မှု။ လမ်းကြောင်းရွေ့လျားမှုအင်အားကို ဆုံးဖြတ်သောအရာမှာ ဇယားအတွင်းမှ ဈေးနှုန်းမျဉ်းကွေး ၏ ဘေးစောင်းမျဉ်း ဖြစ်သည်။ များသောအားဖြင့် ဈေးနှုန်းလှုပ်ခတ်မှုများ သို့မဟုတ် မတ်စောက်သော ရွေ့လျားမှုများသည် သက်တမ်းတိုသောကြောင့် ကြံ့ခိုင်မှု အားနည်း လေ့ရှိသည်။ အားကောင်း၍ လွှမ်းမိုးနိုင်သော ဈေးနှုန်းရွေ့လျားမှုတခုတွင် အသစ်အသစ်သော အမြင့်ဆုံး/အနိမ့်ဆုံးတန်ဖိုးများ ပေါ်ပေါက်ပြီး (မျဉ်းစောင်းသည် ၄၅° ဝန်းကျင်ဖြစ်လေ့ရှိသည်)၊ အချိန်အတော်ကြာ တည်မြဲလေ့ရှိသည်။
  3. ကြာချိန် - သင်ခန့်မှန်းမိသကဲ့သို့ပင်၊ ပိုမိုရှည်လျားသော၍ ဦးတည်ရာထင်ရှားသော အချိန် အပိုင်းအခြားများ တွင် လမ်းကြောင်းသည် ပို၍တည်ငြိမ်ပါသည်။ ကြာချိန်သည် ကုန်သည်အား ၎င်း၏ ကြံ့ခိုင်မှုနှင့် ယုံကြည်စိတ်ချရမှုကို အကဲဖြတ်နိုင်ရန် ကူညီပေးပါသည်။

Market Trends များကို ခွဲခြမ်းစိတ်ဖြာခြင်း

စတော့ဈေးကွက် ၏ market trends များကို ခွဲခြားထုတ်ဖော်ရန်၊ ကုန်သည်များအနေဖြင့် နည်းလမ်းများနှင့် ချဉ်းကပ်ပုံများစွာကို အသုံးပြုနိုင်ပါသည်။

  • Fundamental analysis ။ ဤအဓိပ္ပါယ်မှာ စတော့များနှင့် စတော့ထုတ်ဝေသူများ၏ စွမ်းဆောင်ရည်ကို ယေဘုယျသုံးသပ်ခြင်းပင် ဖြစ်ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်မြင်ကွင်းကျယ်ကို ပြသပေးပါသည်။ ဥပမာအားဖြင့် ကုန်သည်များသည် - ၁) ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီများသည် ၎င်း၏ ဘဏ္ဍာရေးစာရင်း ရှင်းတမ်းများ တွင် အပြုသဘော ဆောင်သော ရလာဒ်များကို ထပ်ဖန်တလဲလဲ ပြသသောအခါ၊ ၂) စီးပွားရေး သတင်းများတွင် နယ်ပယ်အလိုက် လုပ်ငန်း တိုးတက်မှုများ၊ အတိုးနှုန်းများ၊ နိုင်ငံ၏ငွေကြေးမူဝါဒ စသည်တို့ကို ပြသသောအခါ၊ ၃) ကမ္ဘာလုံးဆိုင်ရာ သို့မဟုတ် ပြည်တွင်းစီးပွားရေးသည် အစုရှယ်ယာ ဈေးနှုန်းများနှင့်အတူ မြင့်တက်လာသောအခါတွင် အထက်သို့ ဦးတည်သော ရွေ့လျားမှုတခုကို သတိပြုမိနိုင်ပါသည်။
  • Technical analysis. ဤနည်းလမ်းတွင် ကိရိယာများစွာကို အသုံးပြုမှု ပါဝင်ပါသည် — ၎င်းတို့ကို ‘trend analysis indicators’ ဟု ခေါ်ဆိုကြပါသည်။ ရေပန်းအစားဆုံးနှင့် အသုံးပြုမှုအများဆုံး ကိရိယာတခုမှာ ပျမ်းမျှရွေ့လျားမှုများ(moving averages - MA) ဖြစ်ပါသည်။ ၎င်းတို့သည် လမ်းကြောင်းအပြောင်းအလဲနှင့် လမ်းကြောင်းအင်အား နှစ်ခုစလုံးကို အချက်ပြပါသည်။
  • Volume analysis. ဖွံ့ဖြိုးသော လမ်းကြောင်းတခုတွင်၊ ဈေးနှုန်းမြင့်တက်မှုတခုနှင့်အတူ တည်ငြိမ်သော ပမာဏများ သို့မဟုတ် တည်ငြိမ်သောတိုးတက်မှုတခု ပါဝင်လေ့ရှိသည်။ ပမာဏများ သိသိသာသာကျဆင်းခြင်း သို့မဟုတ် အမြင့်ဆုံး/အနိမ့်ဆုံး တန်ဖိုးအသစ်ဖြစ်ပေါ်ရန် မရေရာခြင်းများကို လမ်းကြောင်း အဆုံးသတ်ရန် အချက်ပြမှုအဖြစ် မှတ်ယူနိုင်ပါသည်။ ရှယ်ယာဈေးနှုန်းသည် အခြား ဦးတည်ရာသို့ ရွေ့လျားပြီး၊ ပမာဏများ စတင်တိုးပွားလာပါက လမ်းကြောင်းအလှည့်အပြောင်း သို့မဟုတ် ယာယီပြောင်းလဲမှုအတွက် အလားအလာဟု အဓိပ္ပါယ်ရပါသည်။

နောက်ထပ် မှတ်သားသင့်သော ချဉ်းကပ်ပုံနည်းလမ်းတခုမှာ ဂရပ်ဖစ်ဆိုင်ရာ ဈေးကွက်လမ်းကြောင်း ခွဲခြမ်းစိတ်ဖြာမှု ဖြစ်ပါသည်။ ၎င်းကို နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ တစိတ်တပိုင်းအဖြစ် ယူဆနိုင်ပါသည်။ ရေပန်းအစားဆုံး မျက်မြင်အထောက်အကူမှာ လမ်းကြောင်းမျဉ်းတခုပင် ဖြစ်ပါသည်။ ဈေးနှုန်းသည် ၎င်း၏အထက် တိုးတက်သောဦးတည်ရာအတွင်း သို့မဟုတ် ၎င်း၏အောက် ကျဆင်းသော ဦးတည်ရာအတွင်း ရှိနေသရွေ့ လမ်းကြောင်းဆက်လက်ဖြစ်ပေါ်ရန် အလားအလာကို ထင်ရှားစွာ ပြသပါသည်။

Trend Line

LiteFinance: Trend Line

အကယ်‌၍ ဈေးနှုန်းသည် ရက်သတ္တပတ်များစွာတိုင် တူညီသော ဦးတည်ရာသို့သာ ရွေ့လျားနေခဲ့ပါက၊ 4-hour သို့မဟုတ် daily chart အတွင်း support နှင့် resistance levels များ၏ ဖွဲ့စည်းမှုကို ကုန်သည်အနေဖြင့် သတိပြုမိနိုင်ပါသည်။ သို့သော် အကယ်၍ မကြာမီကပင် လမ်းကြောင်းဦးတည်ချက်ပြောင်းလဲခဲ့ပြီး၊ ရွေ့လျားမှုအသစ်တခု ဖြစ်ပေါ်ရန် အစပြုပါက၊ လမ်းကြောင်းမျဉ်း၏ နယ်နိမိတ်များကို ခွဲခြားရန် ခဲယဉ်းနိုင်ပါသည်။

အပြောင်းအလဲမရှိသော လမ်းကြောင်းများမှာ ရှားပါးပါသည်။ များသောအားဖြင့် ဈေးနှုန်းသည် support သို့မဟုတ် resistance levels များသို့ ရောက်ရှိသောအခါ၊ ထို levels များကို ထိတွေ့၍ နောက်သို့ ပြန်လှည့်နိုင်ပါသည်။ ပုံမှန်အားဖြင့် အဓိကရွေ့လျားမှု၏ ၃၀% ခန့်တွင် ဤသို့လမ်းကြောင်း အလှည့်အပြောင်း မျိုး ပေါ်ပေါက်လေ့ရှိသည်။ ဤအချက်အပေါ်အခြေခံ၍ လမ်းကြောင်းမျဉ်းများကို အောက်ပါအတိုင်း ရေးဆွဲနိုင်ပါသည်။

  • အကယ်၍ လမ်းကြောင်းသည် အထက်သို့ တိုးတက်ပါက၊ support မျဉ်းတခုကို ဇယား၏ အနိမ့်ဈေးနှုန်းများတွင် ရေး‌ဆွဲပါသည်။ ၎င်း၏အထက်တွင် မျဉ်းပြိုင်အနေအထားဖြင့် resistance မျဉ်းတခုကို တွေ့မြင်နိုင်ပါသည်။
  • ရွေ့လျားမှုသည် အောက်သို့ ဦးတည်သောအခါ၊ resistance မျဉ်းအား ‌အမြင့်ဆုံးဈေးနှုန်းများတွင် ရေး‌ဆွဲပါသည်။ Support မျဉ်းကို ၎င်းနှင့် အပြိုင်ရေးဆွဲပါသည်။
  • ဘေးတိုက်ရွေ့လျားသော ဈေးကွက်တခုတွင်၊ support မျဉ်းအား အနိမ့်ဆုံးတန်ဖိုးများတွင်ရေးဆွဲ၍၊ resistance မျဉ်းကို အမြင့်ဆုံးတန်ဖိုးများတွင် ရေးဆွဲပါသည်။

Market trends များနှင့်စပ်လျ‌ဉ်း၍ မည်သည်တို့ကို သိရှိထား ရန် လိုအပ်ပါသနည်း။

Market trends များကို ပုံဖော်သော အဓိက အကြောင်းအရာ လေးချက်ရှိပါသည်။

  1. အစိုးရများ။
  2. အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများ။
  3. ထင်မြင်ယူဆချက်များ/မျှော်မှန်းချက်များ။
  4. ရောင်းလိုအားနှင့် ဝယ်လိုအား။

မျှော်မှန်းထားသော အနာဂါတ်အခြေအနေများသည် လက်ရှိဆုံးဖြတ်ချက်များကို ပုံဖော်ကာ၊ လက်ရှိဆုံးဖြတ်ချက်များသည် လက်ရှိလမ်းကြောင်းများ၏ ဦးတည်ရာကို ဖန်တီးပေးသောကြောင့် အဆိုပါ ဧရိယာအားလုံးသည် အပြန်အလှန် ချိတ်ဆက်နေကြပါသည်။ အစိုးရ၏ ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများ သည် ဈေးနှုန်းဦးတည်ချက်အပေါ် အဓိကအားဖြင့် လွှမ်းမိုးပါသည်။ အဆိုပါမူဝါဒများ သည် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများအပေါ် အကျိုးသက်ရောက်ပါသည်။ ထိုမှတဖန် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံစီးပွားရေးအပေါ် သက်ရောက်ပါသည်။ ပိုင်ဆိုင်မှု၏ အနေအထားအပေါ် ထင်မြင်ယူဆချက်များနှင့် မျှော်မှန်းချက်များသည် ၎င်း၏ ဈေးနှုန်းနှင့် အနာဂါတ်ဈေးနှုန်းများအတွက် တွန်းအားပေးပါသည်။ နောက်ဆုံးအနေဖြင့် ဈေးကွက်ပါဝင်သူများသည် အကောင်းဆုံးဈေးနှုန်းကို ရရှိရန် ယှဉ်ပြိုင်ကြသောကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား အပြောင်းအလဲများ သည် market trends များကို ဖြစ်ပေါ်စေပါသည်။

Dow သီအိုရီသည် မှတ်သားထားသင့်သော အဓိကအကြောင်းအရာအချို့ကိုလည်း ခွဲခြားသတ်မှတ်ထား ပါသည်။

  • Trend သည် ပြီးဆုံးရန် သို့မဟုတ် ဦးတည်ရာပြောင်းလဲရန် အလားအလာနည်းပါး၍၊ ရှေ့သို့ ဆက်လက်ရွေ့လျားရန် အလားအလာများပါသည်။
  • လမ်းကြောင်း၏ ကြံ့ခိုင်မှုအားကောင်းလေလေ၊ ရှေ့သို့ရွေ့လျားရန် အလားအလာများလေလေ ဖြစ်ပါသည်။
  • Trend သည် အချိန်မရွေး အဆုံးသတ်နိုင်ပါသည်။
  • Trend တစ်ခုသည် ယခင်လုပ်ဆောင်မှုအတွင်း အချို့သောအခြေအနေများအောက်တွင် ရှေ့သို့ ဆက်လက်ရွေ့လျားခြင်းကိုကြည့်၍ တူညီသောအခြေအနေ၏လွှမ်းမိုးမှုအောက်တွင် ထိုသို့ ဖြစ်လိမ့်မည် သို့မဟုတ် အလားတူ trend တခုပေါ်ပေါက်လိမ့်မည်ဟု ယူဆ၍မရနိုင်ပါ။

Market trends များကို မည်သို့ ရှာဖွေ၊ ဖော်ထုတ်ရမည်နည်း။

ယခုအခါ၊ ကျွန်ုပ်တို့သည် သီအိုရီပိုင်းကို စူးစမ်းလေ့လာခဲ့ပြီးဖြစ်သောကြောင့် လက်တွေ့ပိုင်းကို ဆက်လက် လေ့လာကြပါမည်။ စတော့ဈေးကွက်အတွင်း trends များကို ရှာဖွေရန်၊ ကြီးမားသော ကုန်သွယ်ရေးအတွေ့အကြုံများ မလိုအပ်ပါ။ ဈေးကွက် ခွဲခြမ်းစိတ်ဖြာမှုသည် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးနှုန်းများ၏ အပြောင်းအလဲများကို ခြေရာခံရန်အတွက် အခြေခံအချက်များကို စစ်ထုတ်ပေးပါသည်။

Uptrend

LiteFinance: Uptrend

Uptrend (bullish trend) သည် အထက်သို့ ဦးတည်သော ရွေ့လျားမှုတခုဖြစ်ပါသည်။ Uptrend ၏ အမြင့်ဆုံးတန်ဖိုးတခုစီတိုင်းသည် ယခင်အမြင့်ဆုံးဈေးနှုန်းထက် ပို၍မြင့်မားကာ၊ အနိမ့်‌ဆုံးတန်ဖိုးတခုစီသည် ယခင်အနိမ့်ဆုံးဈေးနှုန်းထက် ပို၍မြင့်မားပါသည်။

ရွေ့လျားမှုအား ငွေကြေးဈေးကွက်တွင် ရှင်းလင်းစွာ မြင်နိုင်ပါသည်။ ၎င်းသည် သေချာသော အချိန် အပိုင်းအခြားတခုတွင် အမြင့်သစ်တခုသို့ရောက်ရှိရန် ရည်ရွယ်သော မျဉ်းကွေးတခု ဖြစ်ပါသည်။

အထက်သို့ ဦးတည်သော ဈေးနှုန်းသည် သေချာသော ကာလတခုအတွင်း တဖြည်းဖြည်းတိုးတက်လာသော ဈေးနှုန်းရွေ့လျားမှုတခုဟု အဓိပ္ပါယ်ရပါသည်။ ပေးထားသော အချိန်အပိုင်းအခြားတခုအပေါ်တွင် စျေးကွက်လမ်းကြောင်း ခွဲခြမ်းစိတ်ဖြာမှုအယူအဆကို ဆောင်ရွက်ရန် အရေးကြီးပါသည်။ ကပ်လျက်ရှိသော အချိန်ပိုင်း၌ပင် အခြေအနေသည် ဆန့်ကျင်ဘက်ဖြစ်နိုင်ပါသည်။

Bull markets များနှင့် bear markets များ ရှိနိုင်သည့်အတွက် ကုန်သည်များအနေဖြင့် ဤ trend သည် သဘာဝအတိုင်း ပေါ်ပေါက်ခြင်း သို့မဟုတ် ငွေကြေးတခုအတွက် ဝယ်လိုအားမျှော်မှန်းချက်လွန်ကဲခြင်း၏ ရလာဒ်ဖြစ်သည်ကို ဆုံးဖြတ်နိုင်ရန် လေ့လာသင်ယူသင့်ပါသည်။

Downtrend

LiteFinance: Downtrend

Downtrend (bearish trend) တခုသည် စတော့တခု၏ ယခင်ဈေးနှုန်းထက်နိမ့်ပါးသော ဈေးနှုန်းသို့ ရွေ့လျားမှုကို ဖော်ပြပါသည်။ စတော့ဇယားအတွင်း ပို၍နိမ့်ဆင်းလာသော အမြင့်၊ အနိမ့်တန်ဖိုးများ ရှိနေသရွေ့ အကျလမ်းကြောင်းတည်ရှိနေမည် ဖြစ်ပါသည်။ ကုန်သည်တဦးသည် ဈေးနှုန်းကျဆင်းနေသော စတော့တခုကို ရောင်းချခြင်းအားဖြင့် ၎င်း၏ငွေများကို ထိန်းသိမ်းနိုင်ပါသည်။ တချိန်တည်းမှာပင် အခြားကုန်သည်များသည် ကျဆင်းသော ရွေ့လျားမှုများမှ အမြတ်ရရှိရန် တိုတောင်းသော အဝယ်နှင့် အရောင်းများကို ပြုလုပ်ကြသည်။ အကျလမ်းကြောင်းတခုကို trend lines များနှင့် moving averages များကို အသုံးပြု၍ ခွဲခြားနိုင်ပါသည်။

Sideways trend

Sideways trend တခုကို flat ဟုလည်း ခေါ်ဆိုကြလေ့ရှိပါသည်။ အဓိပ္ပါယ်မှာ အထက်၊ အောက် တဖက်ဖက် သို့ ဦးတည်ခြင်းမရှိပဲ သတ်မှတ်ထားသော ‌အကွာအဝေးတခုအတွင်းရွေ့လျားသော neutral trend တခု ဖြစ်ပါသည်။

အခြားတနည်းဖြင့် ရှင်းပြရသော်၊ Forex တွင် ဈေးနှုန်းဇယားတခုအတွင်း အမြင့်၊ အနိမ့်တန်ဖိုးများသည် အနီးစပ်ဆုံးတူညီသော level တခုတွင် အစဉ်လိုက် တည်ရှိကြသောအခါတွင် sideways trend တခု သို့မဟုတ် flat တခုကို မြင်တွေ့ရလေ့ရှိပါသည်။

အောက်ပါ EURUSD ဇယားတွင် sideways trend တခု၏ ဥပမာတခုကို တွေ့မြင်နိုင်ပါသည်။

LiteFinance: Sideways trend

Intermediate Trends

LiteFinance: Sideways trend

အထက်တွင် ‌ဖော်ပြခဲ့သည့်အတိုင်း၊ intermediate trends များသည်၊ ယာယီအပြောင်းအလဲကာလများ ဖြစ်ကြပါသည်။ ဆိုလိုသည်မှာ ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းသည် မမျှော်လင့်ထားသော မည်သည့်ဦးတည်ရာသို့မဆို ရွေ့လျားနိုင်သည်။ Intermediate trend တခုကို မည်သို့ ဖော်ထုတ်ရမည်နည်း။ ပုံမှန်အားဖြင့် စတော့ဈေးနှုန်းများသည် မြင့်တက်ကာ မည်သည့် အတက် သို့မဟုတ် အကျလမ်းကြောင်းကိုမဆို အစမပြုပဲ ဝေ့ဝိုက်လျှက်ရှိသောအခါမျိုးတွင် ဤ trend အမျိုးအစား ပေါ်ပေါက်လေ့ရှိပါသည်။ အဆိုပါအခြေအနေမျိုးသည် ရက်သတ္တပတ်များစွာ သို့မဟုတ် လများစွာအထိ ပင် ကြာမြင့်ကာ ကုန်သည်များအား ဇဝေဇဝါဖြစ်လျက် ကျန်ရစ်စေနိုင်ပါသည် (ဤအခြေအနေအောက်တွင် ဈေးကွက်ပါဝင်သူများမှ အစီအစဉ်မကျသော ဝယ်ယူ၊ ရောင်းချခြင်းမျိုးကိုလည်း လုပ်ဆောင်မိနိုင်ပါသည်)။

အခါများစွာတို့တွင် intermediate trends များသည် အချို့သော နိုင်ငံရေး သို့မဟုတ် စီးပွားရေး လှုပ်ရှားမှုများနှင့် သတင်းများကြောင့်လည်း စတင်ပေါ်ပေါ်လာတတ်ပါသည်။ သမိုင်းကြောင်းအရ -

  1. Bull market တွင် ဈေးနှုန်း အတက် (rallies) မှာ အားကောင်းပြီး တန်ပြန်ဈေးနှုန်းရွေ့လျားမှုမှာ အားနည်းပါသည်။
  2. Bear market တွင် ဈေးနှုန်း အကျ (rallies) မှာ အားနည်း၍၊ တန်ပြန်ဈေးနှုန်းရွေ့လျားမှုမှာ အားကောင်းပါသည်။
  3. (အတက် သို့မဟုတ် အကျ) မည်သည့်ဈေးကွက်မဆိုတွင် ကာလအလယ်အလတ် လမ်းကြောင်းများ ကို အနည်းဆုံး သုံးကြိမ်ခန့်ကြုံတွေ့ရလေ့ရှိသည်။ ယာယီလမ်းကြောင်းတခုသည် ၂ ပတ်မှ ၈ ပတ်အထိ ကြာမြင့်လေ့ရှိသည်။

Long-Term Trends

LiteFinance: Long-Term Trends

ခွဲခြမ်းစိတ်ဖြာမှုကျွမ်းကျင်သူများ၏ အဆိုအရ၊ ကာလရှည်လမ်းကြောင်း တခုသည် ခြောက်လမှ ငါးနှစ်အထိ ကြာမြင့်နိုင်ပါသည်။ ၎င်းအား ‘main’ သို့မဟုတ် ‘primary’ trend ဟုလည်း ခေါ်ဆိုလေ့ရှိကြပါသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်ဦးတည်ရာရှိနိုင်သော ကာလအလတ် လမ်းကြောင်းများမှတဆင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို မှတ်သားထားရပါမည်။

ပိုမိုရှည်လျားသော ကာလရှိသည့် လမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာရာတွင် ကုန်သည်များသည် တပတ်နှင့် တလ timeframes များကို အသုံးပြုကြသည်။ ပိုမိုရှည်လျားသော လမ်းကြောင်းများသည် ကြီးမားသော ဈေးကွက်ပါဝင်သူများနှင့် ပိုင်ဆိုင်မှုတခုအား နှစ်ရှည်လများထိန်းသိမ်းထားလိုသော ရင်းနှီးမြှုပ်နှံသူများ (ဥပမာအားဖြင့် ရှယ်ယာဈေးကွက်)အတွက် အထူးပင် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။

သို့သော် အကယ်၍ သင်သည် ကာလအလယ်အလတ်အတွင်း၌ ကုန်သွယ်သူဖြစ်စေကာမူ၊ လက်ရှိကာလရှည်လမ်းကြောင်းအကြောင်း သိရှိထားခြင်းဖြင့် မတူညီသော timeframes များမှ အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သင်သည် ခွဲခြမ်းစိတ်ဖြာမှု ကိရိယာများစွာဖြင့် အလုပ်လုပ်၍ သတင်းအချက်အလက်များကို ချိန်ညှိကာ တိုတောင်းသော အချိန်ပိုင်းများအတွင်း ဆုံးဖြတ်ချက်များကို ပြုလုပ်ရသောအခါ၊ ကာလရှည်လမ်းကြောင်းကို တည့်သွင်းစဉ်းစားရန် လိုအပ်လာမည်ဖြစ်သည်။ ထင်ရှားသော ဖြစ်ရပ်များနှင့် ကမ္ဘာ့စီးပွား ရေးအခြေအနေ သည် ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းအပေါ် အချိန်အခါမရွေး အကျိုးသက်ရောက်စေနိုင်သည်။ သို့သော် ဈေးကွက်အတွင်း ဖြစ်ပျက်သမျှ အခြေအနေများကြားတွင် ကာလရှည်လမ်းကြောင်းများသည်သာ ပထမ ဦးစားပေး အနာဂါတ်အလားအလာများ ဖြစ်ကြပါသည်။

ကာလရှည်လမ်းကြောင်းတခုကို ဆုံးဖြတ်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများစွာတို့သည် stochastic indicator နှင့် ROC (Rate of Change) တို့အား ပေါင်းစပ်အသုံးပြုလေ့ရှိကြပါသည်။ ROC (Rate of Change) ကို အောက်ပါဖော်မြူလာဖြင့် တွက်ချက်ပါသည်။

ROC = (Pt / Pt-n) x 100%

Pt — လက်ရှိကုန်သွယ်မှုဈေးနှုန်း။

Pt-n — လွန်ခဲ့သော အချိန်အနည်းငယ်ခန့်က တူညီသော ကုန်သွယ်မှုတခု၏ ဈေးနှုန်း။

အထက်ပါဇယားတွင် ပြသထားသည့်အတိုင်း ကာလရှည် trends များကို ခွဲခြမ်းစိတ်ဖြာရာတွင်၊ ကုန်သည်များသည် ၂၆ ပတ် သို့မဟုတ် ၅၂ ပတ် ROC တန်ဖိုးကို အသုံးပြုလေ့ရှိကြပါသည်။

စတော့ဈေးကွက် လမ်းကြောင်း တခု၏ အတည်ဖြစ်မှုကို မည်သို့ သိရှိနိုင်မည်နည်း။

ပို၍တိကျ‌သော ခန့်မှန်းချက်များကို ပြုလုပ်နိုင်ရန်အလို့ငှာ ဈေးကွက်သုသေသန လုပ်ဆောင်ရန်အတွက် ယုံကြည်စိတ်ချရသော အထောက်အကူများနှင့် နည်းလမ်းများကို အသုံးပြုနိုင်စွမ်း ရှိသင့်ပါသည်။ ကုန်သည်များမှ ၎င်းတို့၏ သီအိုရီများကို စမ်းသပ်ရန် မကြာခဏ အသုံးပြုကြသော အထောက်အကူကိရိယာများကို အောက်တွင် ဖော်ပြပေးထားပါသည်။

Trend Line ဖြင့်

ဇယားပေါ်တွင် trend လိုင်းတခုကို ရေးဆွဲရာတွင် (အထက် သို့မဟုတ် အောက်) တဖက်တည်းသော ဦးတည်ရာမှ အနိမ့်ဆုံး သို့မဟုတ် အမြင့်ဆုံးပွိုင့်များ အနည်းဆုံးနှစ်ခုအား ချိတ်ဆက်ခြင်းအားဖြင့် ရေးဆွဲရပါသည်။ မျဉ်းပြိုင်တကြောင်းကို ထပ်မံရေးဆွဲပြီးသောအခါ၊ ‌သင်သည် ဈေးနှုန်းရွေ့လျားမှုများ ပေါ်ပေါက်ရာ ချန်နယ်တခုကို ဖြစ်ပေါ်စေပါသည်။

ဤကိရိယာကို အသုံးပြု၍၊ လမ်းကြောင်းလားရာ trend တစ်ခုကို မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း။ ပိုင်ဆိုင်မှု၏ ဈေးနှုန်းသည် အဆိုပါမျဉ်းများကြား တနေရာ၌သာ ရွေ့လျားနေမည်ဖြစ်သည်။ ထို့ကြောင့် တန်ဖိုးသည် အထက်သို့ ရွေ့လျားသောအခါ သင်သည် (ဈေးနှုန်းတိုးတက်မှုကို မျှော်လင့်၍) အဝယ်ကုန်သွယ်မှု ဖွင့်သင့်သည်။ အောက်သို့ ရွေ့လျားပါက (လက်ရှိစတော့ဈေးနှုန်းကျဆင်းရန် မျှော်မှန်းရပြီး) အရောင်းကုန်သွယ်မှုကို ဖွင့်သင့်ပါသည်။

Moving average ဖြင့်

LiteFinance: Moving average ဖြင့်

ပိုမို တိကျ၍မျှတသော သုံးသပ်ချက်တခုကို ရရှိရန်အတွက် MA အား trend လိုင်း တခုနှင့်အတူ မကြာခဏ တွဲဖက်အသုံးလေ့ရှိပါသည်။ ဈေးနှုန်းသည် ‌၎င်း၏ ပျမ်းမျှဈေးတန်းအနီးတွင် ရွေ့လျားလေ့ရှိသော်လည်း ဦးတည်ရာတခုမှတခု ပြောင်းလဲနိုင်ပါသည်။

အကယ်၍ ယမန်နေ့က အပိတ်ဈေးသည် ရည်ရွယ်သော MA ( ဇယားတွင်ကြည့်ပါ) ၏ အထက်တွင် ရှိနေပါသည်။ အကယ်၍ ယမန်နေ့ အပိတ်ဈေးသည် တူညီသော MA ၏ အောက်တွင်ရှိပါက၊ ပိုင်ဆိုင်မှု၏တန်ဖိုး လျော့ကျနိုင်ပါသည်။

လိမ္မော်ရောင် အလယ်မျဉ်းအား အတည်ပြုအချက်ပြမှုအဖြစ် အသုံးပြုပါသည်။ အကယ်၍ ဈေးနှုန်းသည် တပတ်တာ ပျမ်းမျှဈေးတန်းအနီးတွင် ပိတ်သိမ်းပါက၊ ဈေးကွက်သည် အတော်အသင့်ရှည်လျားသော ကာလတခုအထိ အထက်သို့ဆက်လက်တိုးတက်မည်ဖြစ်ပြီး၊ ဆန့်ကျင်ဘက်အခြေအနေတွင် — ဈေးကွက်သည် ကျဆင်းသောလမ်းကြောင်းတခုနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ Moving Average indicator သည် များသောအားဖြင့် ယုံကြည်စိတ်ချရသော်လည်း၊ ၎င်းသည် နှောင့်နှေးကြန့်ကြာနိုင်ပါသည်။ ထိုအချက်သည် ၎င်းအား ကာလအလတ်နှင့် ကာလတို timeframes များတွင် အသုံးပြုရန် သင့်တော်မှု နည်းပါးစေပါသည်။

ရေပြင်ညီပမာဏဖြင့်

LiteFinance: ရေပြင်ညီပမာဏဖြင့်

ရေပြင်ညီပမာဏကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့်၊ ကုန်သည်တဦးသည် တန်ဖိုးမျှတသောရပ်ဝန်းကို ဆုံးဖြတ်နို‌င်ပြီး၊ ပေးထားသော level တခုအတွက် သက်ဆိုင်ရာဈေးနှုန်းကိုလည်း သဘောပေါက် သိရှိနိုင်ပါသည်။ ကုန်သွယ်ရေးပမာဏကို အောက်ပါနည်းလမ်းအတိုင်း ကောက်ချက်ချနိုင်ပါသည် - အကယ်၍ ဈေးနှုန်း level သည် ယင်းဇုန်၏ အထက်တွင်ရှိပါက ကာလအလယ်အလတ်တွင် ဝယ်ယူသင့်ပါသည်။ အကယ်၍ ဈေးနှုန်း level သည် ယင်းဇုန်၏ အောက်တွင်ရှိပါက ပိုင်ဆိုင်မှုကို ရောင်းချရန် ပိုမိုသင့်တော်ပါသည်။

ဤဈေးနှုန်းဇုန် ရွှေ့ပြောင်းမှု မရှိသရွေ့၊ သင့်အနေဖြင့် ဤဦးတည်ရာကို ဖက်တွယ်ထားနိုင်ပါသည်။ (ပမာဏများ ပွားများလာကာ ယခင်တန်ဖိုးမျှတသောဇုန်ထက် ကျော်လွန်သွားခြင်း မရှိသည်ကို ဆိုလိုပါသည်)။ လုံလောက်သော ပမာဏကို စုဆောင်းမိသောအခါ၊ စတော့သည် အရှိန်တခုကို ရရှိသွားပြီး၊ ရှေ့သို့ဆက်လက်ရွေ့လျားခြင်း သို့မဟုတ် ဆန့်ကျင်ဘက်သို့ ရွေ့လျားခြင်းများကို လုပ်ဆောင်နိုင်ပါသည်။

ဝယ်ယူမှုမပြုလုပ်မီ၊ Market Trends များကို သိအောင် ပြုလုပ်ပါ။

စတော့ဈေးကွက်တွင် အောင်မြင်စွာ ကုန်သွယ်ရန်၊ ဈေးနှုန်း ရွေ့လျားမှုလမ်းကြောင်းများကို သတိပြုသင့်ပါသည် - ၎င်းတို့သည် ကုန်သည်များ၏ သဘောထားကို ရောင်ပြန်ဟပ်ကာ၊ ဈေးကွက် အဝင်၊ အထွက်ပြုလုပ်ရန်အတွက် မှန်ကန်သော အချိန်ကို ပြသပေးပါသည်။ ပိုမိုကျယ်ပြန့်သော မြင်ကွင်းတခုကို ကြည့်ရှုနိုင်ရန် ကြိုးစားပါ။ သတင်းများနှင့်တကွ ပိုင်ဆိုင်မှု၏ စွမ်းဆောင်ရည်ကိုလည်း အလေးထား၍ ‌စောင့်ကြည့်သင့်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြချက်များကို ဈေးကွက်သုသေသနနှင့် ပေါင်းစပ်ခြင်းအားဖြင့် အကောင်းဆုံး ကုန်သွယ်ရေးဗျူဟာကို ရရှိနိုင်ပါသည်။

LiteFinance: ဝယ်ယူမှုမပြုလုပ်မီ၊ Market Trends များကို သိအောင် ပြုလုပ်ပါ။

Forex Market Trend ဆိုင်ရာ အမေးများသော မေးခွန်းများ။

ဤသည်မှာ သေချာသော ကာလတခုအတွင်း ပိုင်ဆိုင်မှု၏ဈေးနှုန်း ရွေ့လျားသော (အထက် သို့မဟုတ် အောက်) ဦးတည်ရာတခု ဖြစ်ပါသည်။ Trends များသည် ပိုင်ဆိုင်မှု၏ ယခင်စွမ်းဆောင်ရည်ဆိုင်ရာ ယေဘုယျ သတင်းအချက်အလက်နှင့်တကွ စတော့အမျိုးအစားတိုင်း အတွက် အလားအလာရှိသော ဈေးနှုန်းလှုပ်ရှားမှုကိုလည်း ပြသပေးပါသည်။

Trends များကို ရှာဖွေသတ်မှတ်ရန် စီးပွားရေးနောက်ခံအ‌ခြေအနေများကို ခွဲခြမ်းစိတ်ဖြာ၍ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ သက်ဆိုင်ရာ အမှတ်အသားသင်္ကေတပါဝင်သော ဇယားကိုဖွင့်ပါ။ ဈေးနှုန်းလှုပ်ရှားမှုများကို ကြည့်ရှု၍ တန်ဖိုးအတက်၊ အကျများကို ခန့်မှန်းနိုင်စေသော patterns များကို ရှာဖွေပါ။ ကုန်သည်များအနေဖြင့် market trends များကို လွှမ်းမိုးသော အကြောင်းအရာ လေးရပ်ကိုလည်း သိရှိထားသင့်ပါသည် - ၎င်းတို့မှာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများ၊ ထင်မြင်ယူဆချက်/မျှော်မှန်းချက်များ၊ ရောင်းလိုအားနှင့် ဝယ်လိုအားတို့ ဖြစ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ marlet trends အပေါ် လွှမ်းမိုးသော အခြားအကြောင်းအရာများလည်း ရှိနေပါသေးသည်။

အများဆုံးအသုံးပြုသော အထောက်အကူကိရိယာမှာ trend line ဖြစ်ပါသည်။ အကြောင်းမှာ ၎င်းသည် ဈေးနှုန်းရွေ့လျား၍နေသော ချန်နယ်လ်များကို စူးစမ်းရှာဖွေနိုင်ရန် ကူညီပေးသောကြောင့် ဖြစ်ပါသည်။ အကယ်၍ မည်သည့် ဦးတည်ရာသို့ဖြစ်စေ ထင်ရှားသော ရွေ့လျားမှု မရှိပါက၊ ကုန်သည်များသည် Flat market (ပမာဏများ စုဆောင်းသောကာလ)ကို ကြုံတွေ့ကြရပါသည်။

အတက်လမ်းကြောင်းတခုတွင် လက္ခဏာများစွာ ရှိပါသည်။၁)အကယ်၍ ပိုင်ဆိုင်မှု၏ အဖွင့်နှင့်အပိတ် ဈေးနှုန်းများသည် တနေ့ထက်တနေ့ မြင့်မားလာပါက (ကာလရှည်နည်းဗျူဟာများတွင် တပတ်ထက်တပတ် မြင့်မားလာပါက)။၂) ပိုင်ဆိုင်မှု၏တန်ဖိုးသည် MA ၏ အထက်တွင် ဆက်လက်တည်ရှိနေပါက။၃) Rate of Change (RoC) indicator သည် သုညမျဉ်း၏ အထက်သို့ ရောက်ရှိနေပါက။

Fundamental analysis — စတော့၏ စွမ်းဆောင်ရည်နှင့် ၎င်း၏ စီးပွားရေး ကျောထောက် နောက်ခံများ(အတိုးနှုန်းများ၊ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ၊ အစုရှယ်ယာအိတ်ချိန်းကော်မရှင်၏ စည်းမျဉ်းများ စသဖြင့်)အပေါ် ယေဘုယျ ရှုမြင်သုံးသပ်ခြင်း။ Technical analysis — ပိုင်ဆိုင်မှု ဈေးနှုန်းဇယားအပေါ်တွင် နည်းပညာပိုင်းဆိုင်ရာ indicators များကို အသုံးချခြင်း။ ပမာဏ ခွဲခြမ်းစိတ်ဖြာမှု — ပမာဏတိုးတက်မှူ၊ ကျဆင်းမှု၊ စုဆောင်းမှုများကို ခြေရာခံခြင်း။

Market Trend ဆိုသည်မှာ အဘယ်နည်း။ Stock Market Trends များကို မည်သို့ရှာဖွေရမည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat