မင်္ဂလာပါ။ ယခုဆောင်းပါးတွင် Bid နှင့် Ask ဈေးနှုန်းများ၊ ၎င်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် သမာရိုးကျအင်္ဂါရပ်များ စသည့်အကြောင်းအရာများ ပါဝင်ပါသည်။

Forex တွင် Ask နှင့် Bid ဈေးနှုန်းများအကြောင်းကို နားလည်သဘောပေါက်ခြင်းအားဖြင့်၊ အဝယ် သို့မဟုတ် အရောင်း ကန့်သတ်အော်ဒါများ (buy/sell limit orders) ကို မှန်ကန်စွာသတ်မှတ်နိုင်မည်ဖြစ်ပြီး၊ သင်၏ ကုန်သွယ်မှုများကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် - ဈေးနှုန်းသည် မှန်ကန်သော ဦးတည်ရာသို့ မရွေ့လျားမီ၊ မှန်ကန်စွာသတ်မှတ်ထားသော အော်ဒါတခုသည် ဈေးကွက်အား Take Profit ကို ကျော်ဖြတ်ရန် သို့မဟုတ် Stop Loss အော်ဒါ‌သို့ ရောက်ရှိရန် ခွင့်ပြုမည် မဟုတ်ပါ။ သို့ဖြစ်ပါက Bid နှင့် Ask ဈေးနှုန်းဆိုသည်မှာ အဘယ်နည်း။ အဖြေကို အတူတကွ ဖော်ထုတ်ကြပါစို့။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Bid-Ask အဓိပ္ပါယ်ဖွင့်ဆိုချက်

  • ASK price ဟူသည့် ဈေးနှုန်းသည် ရောင်းချသူတဦးမှ ပိုင်ဆိုင်မှုတခုအတွက် လက်ခံရရှိလိုသော ဈေးနှုန်းကို ရည်ညွှန်းပါသည်။

  • BID price ဟူသည့် ဈေးနှုန်းသည် ဝယ်သူတဦးမှ ပိုင်ဆိုင်မှုတခုအတွက် ပေးချေလိုသော ဈေးနှုန်းကို ရည်ညွှန်းပါသည်။

  • Bid နှင့် Ask ဈေးနှုန်းများကြားမှ ခြားနားချက်ကို spread ဟု ခေါ်ဆိုပါသည်။

ရောင်းသူ၊ ဝယ်သူများကြား ဆက်သွယ်ပတ်သတ်မှုဥပမာတခုတွင် ဈေးကွက်ပေါက်ဈေးကို ကြည့်ရှုကြရ အောင်။ ကုန်သွယ်ရေးတွင် အမြဲအားဖြင့် - ရောင်းသူနှင့် ဝယ်သူ - ပါဝင်သူနှစ်ဖက် ရှိပါသည်။ ရောင်းလိုအား နှင့် ဝယ်လိုအားသည် ဈေးကွက်ပေါက်ဈေးများကို ဆုံးဖြတ်ပါသည်။ ရောင်းသူများနှင့် ဝယ်သူများသည် အကောင်းဆုံးဈေးနှုန်းကို ရရှိရန်နှင့် အမြတ်ဖန်တီးနိုင်ရန် ညှိနှ်ိုင်း၍ အလျော့အတင်းပြုလုပ်ကြသည်။ ဝယ်သူသည် ပို၍သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူလိုပြီး၊ ရောင်းသူများသည် ပို၍မြင့်မားသော ဈေးနှုန်းတခုကို အလိုရှိကြသည်။

ကုန်သွယ်ရေးလုပ်ငန်းစဉ်တွင် ကုန်သွယ်မှုတခုအတွက် ရောင်းသူနှင့် ဝယ်သူများသည် တဦးနှင့် တဦး အကောင်းဆုံးနှုန်းထားများကို ကမ်းလှမ်း၍ အမြတ်အစွန်းရရှိနိုင်ရန် ကြိုးပမ်းကြသည်။ စတော့တခု၏ bid ask spread သည် Bid နှင့် Ask စတော့ဈေးနှုန်းများ၏ ခြားနားချက်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ Liquidity ကျဆင်းသော(အရောင်း၊အဝယ် မဖြစ်သော) အခြေအနေများတွင် spreads များ ပိုမိုကြီးထွားလေ့ရှိပါသည်။ ပုံမှန်အားဖြင့် ကုန်သည်များသည် စတော့တခု၏ bid ask spread မှ အမြတ်ငွေရရှိရန် မရည်ရွယ်ကြပါ။ Spread သည် အကျိုးဆောင်ကုမ္ပဏီများအတွက် ဝင်ငွေရရှိစေသော အရင်းအမြစ်တခု ဖြစ်ပါသည်။ ရောင်းသူများသည် ၎င်းတို့၏ ဈေးနှုန်းကို သတ်မှတ်ကြပြီး၊ Ask stock မှ အမြတ်ရရှိကြသည်။ ဝယ်သူများသည် Bid stock မှ အမြတ်ရရှိကြသည်။ ကုန်သည်များသည် သိသိသာသာ ကွာဟသော stock bid ask spread (ပိုင်ဆိုင်မှုတခု၏ ဝယ်ဈေးနှင့် ရောင်းဈေးကြား pips များ သို့မဟုတ် ပွိုင့်များ ခြားနားခြင်း) ကြောင့်သာလျှင် အမြတ်အစွန်း ရနိုင်ကြသည်။ Bid နှင့် Ask ဈေးနှုန်းသည် မည်သည်ကို ဆိုလိုသနည်း။ Ask နှင့် Bid ဈေးနှုန်းများ၏ သဘောတရားကို ရှင်းပြပါရစေ။

Bid Price

ဝယ်ယူလိုသော ကုန်သည်တဦးသည် ၎င်း လိုလားသော ဈေးနှုန်းတခုကို သတ်မှတ်ပါသည်။ ၎င်းသည် bid price သို့မဟုတ် ဝယ်သူမှ ပိုင်ဆိုင်မှုကို ဝယ်ယူရန် အမြင့်ဆုံးပေးချေလိုသော ဈေးနှုန်းဖြစ်ပါသည်။ ဝယ်သူသည် ထို့ထက်မြင့်မားသော ဈေးဖြင့် ဝယ်ယူရန် ဆန္ဒမရှိပါ။ ဤသည်မှာ ရောင်းလိုအားနှင့် ဝယ်လိုအား ဥပဒေ၏ ကျိုးကြောင်းဆက်စပ်မှုပင်ဖြစ်သည်။

Ask Price

ရောင်းချသော ကုန်သည်တဦးသည် Ask price ကို သတ်မှတ်ပါသည်။ Ask price သည် ကမ်းလှမ်းသောဈေးနှုန်း သို့မဟုတ် ရောင်းသူမှ ရှယ်ယာတခုအား ရောင်းချလိုသည့် အနိမ့်ဆုံးဈေးနှုန်း ဖြစ်ပါသည်။ ရောင်းသူသည် ထိုဈေးနှုန်းထက် ပို၍မြင့်မားသော ဈေးနှုန်းတခုတွင် ရောင်းချရန် စိတ်ဝင်စားပါသည်။

Bid နှင့် Ask ဈေးနှုန်းသတ်မှတ်ချက်

ပိုင်ဆိုင်မှုတခုအတွက် ဈေးနှုန်းမြင့်တက်လာရန် အကြောင်းရင်းများ ရှိနေသောအခါမျိုးတွင်၊ ရောင်းသူသည် Ask ဈေးနှုန်းကို တိုးမြှင့်ပါသည်။ ဝယ်သူသည် ပိုင်ဆိုင်မှုအား ဈေးနှုန်းအဟောင်းဖြင့် ဝယ်ယူနိုင်ရန် အခွင့်အရေးနည်းပါးကြောင်းကို နားလည်သိရှိပြီး၊ လိုက်လျောညီထွေစွာဖြင့် Bid price ကို တိုးမြှင့်ရန် သဘောတူပါသည်။

ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းကျဆင်းသောအခါ၊ အထက်ပါလုပ်ငန်းစဉ်သည် ပြောင်းပြန်ဖြစ်သွားပါသည်။ ဝယ်သူသည် ပိုင်ဆိုင်မှုအား ပို၍သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူလိုပြီး၊ Bid price ကို လျှော့ချပါသည်။ ရောင်းသူများသည် ကုန်သွယ်မှုအတွက် မျှော်မှန်းချက်များကို ပြန်လည်သုံးသပ်ရန် ဖိအားပေးခံရလျှက်၊ Ask price ကို လျှော့ချကြရပါသည်။

ပိုင်ဆိုင်မှုတခုအတွက် ရောင်းသူမှအလိုရှိသော ဈေးနှုန်းကိုပေးချေရန် အဆင်သင့်ဖြစ်နေသော ဝယ်သူတဦး ရှိလာသောအခါ သို့မဟုတ် ဝယ်သူ သတ်မှတ်သည့်ဈေးနှုန်းအား ရောင်းသူမှ ချက်ချင်း သဘောတူညီလိုက် သောအခါ ကုန်သွယ်မှုတခု ဖြစ်ပေါ်လာပါသည်။ 

Bid-Ask spread ကို မည်သို့ တွက်ချက်ရမည်နည်း။

Bid နှင့် Ask ဈေးနှုန်းများကြားမှ spread ကို တွက်ချက်ရန်အတွက် ပိုင်ဆိုင်မှုတခု၏ လက်ရှိ Bid price နှင့် လက်ရှိ  stock Ask price ကို သိရှိထားရန် လိုအပ်ပါသည်။ 

ထို့နောက် ask နှင့် bid စတော့ဈေးနှုန်းများကြားမှ ခြားနားချက်ကို ရှာဖွေရပါမည်။ Ask price မှ Bid price ကို နှုတ်ပါ။ ထိုနည်းအားဖြင့် ပုံမှန်စတော့တခု သို့မဟုတ် ငွေကြေးအတွဲတခုအတွက် bid နှင့် ask ကြားမှ spread ကို တွက်ချက်နိုင်ပါသည်။ အောက်ပါ ဥပမာများကို ကြည့်ကြရအောင်။

LiteFinance client ပရိုဖိုင်တွင်၊ လက်ရှိ Bid/Ask ဈေးနှုန်းအား ညာဘက်ရှိ ကုန်သွယ်ရေးအမျိုးအစားပြ ဝင်းဒိုးတွင် မြင်တွေ့နိုင်ပါသည်။

LiteFinance: Bid-Ask spread ကို မည်သို့ တွက်ချက်ရမည်နည်း။

Sell price (အရောင်းဈေး) သည် Bid ဖြစ်ပါသည်။ အထက်ပါ ဥပမာတွင် EURUSD Bid price သည် 1.01900 ဖြစ်ပါသည်။

Buy price (အဝယ်ဈေး) သည် Ask ဖြစ်ပါသည်။ အထက်ပါ ဥပမာတွင် EURUSD Ask price သည် 1.01903 ဖြစ်ပါသည်။

Bid Ask spread ကို တွက်ချက်ရန်၊ အရောင်းဈေး (Bid) မှ အဝယ်ဈေး (Ask) ကို နှုတ်ရပါမည်။ ကျွန်ုပ်တို့၏ ဥပမာတွင် EURUSD အတွက် Bid-Ask spread သည် -

1.01900 - 1.01903 = 0.00003 သို့မဟုတ် 0.3 pips ဖြစ်ပါသည်။

Bid-Ask price spread = Ask price – Bid price 

 MetaTrader တာမီနယ်တွင် ကီးဘုတ်မှ Ctrl + M ခလုပ်ကို နှိပ်၍ Market Watch ကိုဖွင့်ကာ bid ask spread ကို တွက်ချက်နိုင်ပါသည်။

LiteFinance: Bid-Ask spread ကို မည်သို့ တွက်ချက်ရမည်နည်း။

င့်လာသော Market Watch မီနူးတွင် Bid နှင့် Ask ဈေးနှုန်းများကို ပြသထားပြီး ဖြစ်ပါသည်။ Spread ကို တွက်ချက်ရန်၊ Bid stock price အား  Ask price မှ နှုတ်ရပါမည်။

ဥပမာအားဖြင့်၊ GBPUSD အတွက် spread သည် 

1.21903 - 1.21895 = 0.00008 သို့မဟုတ် 0.8 pips ဖြစ်ပါသည်။

၎င်းကို ပိုမိုလွယ်ကူစေရန်၊ Market Watch ဝင်းဒိုးအတွင်း spread ပြသမှုကို ဖွင့်ထားနိုင်ပါသည် (၎င်းသည် သင်၏ ရွေးချယ်ခွင့်) ဖြစ်ပါသည်။ ထိုအခါ spread ကို အလိုအလျောက်တွက်ချက်ပေးမည်ဖြစ်ပြီး၊ ဝင်းဒိုးအတွင်း ရလာဒ်ကို အချိန်မဆိုင်း မြင်တွေ့နိုင်မည် ဖြစ်ပါသည်။

MetaTrader 4 တွင် spread ပြသမှုကို ဖွင့်ရန်၊ ‎Symbol | Bid | Ask နေရာတွင် right-click နှိပ်ပါ။ ပွင့်လာသောမီနူးတွင် Spread ကိုရှာဖွေ၍၊ ဖွင့်ထားရန် ရွေးချယ်ပါ။ ထို့နောက် Ask price ၏ ညာဘက်တွင် “‎!” အမှတ်အသားဖြင့် သီးသန့်ရှယ်ယာတခုစီအတွက် လက်ရှိ spread ဈေးနှုန်းများ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

LiteFinance: Bid-Ask spread ကို မည်သို့ တွက်ချက်ရမည်နည်း။

LiteFinance: Bid-Ask spread ကို မည်သို့ တွက်ချက်ရမည်နည်း။

Bid နှင့် Ask Spread ဥပမာ

အောက်ပါပုံသည် bid နှင့် ‌ask ဈေးနှုန်းများကြားမှ ခြားနားချက်ကို ပြသပါသည်။

LiteFinance: Bid နှင့် Ask Spread ဥပမာ

ဥပမာတွင် GBPUSD spread သည် 0.6 pips ဖြစ်ပါသည်။ bid ask spread ကို တွက်ချက်ရန်၊ Ask price မှ Bid price ကို နှုတ်ရန် လိုအပ်ပါသည်။

Forex တွင် Bid နှင့် Ask ကုန်သွယ်ရေး ဆောင်ရွက်ခြင်း အတွက် အကြံပြုချက်များ

ကုန်သွယ်ရေးတွင် Bid price နှင့် Ask price ကို ထည့်သွင်းစဉ်းစားရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။

ယခုအခါ သင့်အနေဖြင့် Bid နှင့် Ask ဈေးနှုန်းကြားမှ ခြားနားချက်ကို အဘယ်ကြောင့် ထည့်သွင်းစဉ်းစားရန် လိုအပ်သနည်းဟု စ‌ဉ်းစားမိနိုင်ပါသည်။

မည်သူတဦးတယောက်မဆိုသည် ဤအခြေအနေမျိုးကို ကြုံဖူးလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည် - သင်သည် အရောင်းကုန်သွယ်မှုတခုကို ဖွင့်လိုက်သည်၊ Take Profit အား level တခုတွင် သတ်မှတ်သည်၊ ထို့နောက် ဈေးနှုန်းသည် Take Profit ကို ထိတွေ့ကာ အနောက်သို့ ပြန်လှည့်သွားပြီး အရောင်းကုန်သွယ်မှုမှာ ဖွင့်လျက်ကျန်ရစ်ပါသည်။

LiteFinance: ကုန်သွယ်ရေးတွင် Bid price နှင့် Ask price ကို ထည့်သွင်းစဉ်းစားရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။

 သို့မဟုတ် သင်သည် Buy Limit အော်ဒါတခုကို သတ်မှတ်ထားခဲ့ပါသည်။ ဇယားပေါ်မှ ဈေးနှုန်းသည် သင်အဝယ်ကုန်သွယ်မှုဖွင့်လိုသော level ကိုထိတွေ့ခဲ့သည်၊ သို့သော် ကုန်သွယ်မှုပွင့်မလာပဲ လမ်းကြောင်းကို လတ်လွှတ်ခဲ့ရသည်။

LiteFinance: ကုန်သွယ်ရေးတွင် Bid price နှင့် Ask price ကို ထည့်သွင်းစဉ်းစားရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။

အဘယ်ကြောင့် ထိုသို့ ဖြစ်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏ကုန်သွယ်ရေးတွင် Ask price ကို ထည့်သွင်းစဉ်းစားခြင်းမပြုသောကြောင့် ဖြစ်ပါသည်။ စတော့အကျိုးဆောင်များသည် မည်သည့်ကုန်သွယ်ရေး ပစ္စည်း၏ ဇယားပေါ်တွင်မဆို မူရင်းအခင်းအကျင်းတွင် Bid price (ဝယ်လိုသောဈေး) ကိုသာ ပြသလေ့ ရှိသည်။ Ask price သည် Bid price ၏ အနောက် တိုတောင်းသော အကွာအဝေးမှ လိုက်ပါလေ့ ရှိသည်။ သို့သော် ၎င်းကို ကျွန်ုပ်တို့ တွေ့မြင်ရခြင်း မရှိပါ။

MetaTrader တာမီနယ်တွင် Ask price ကို ပြသစေရန် မည်သို့လုပ်ဆောင်ရမည်နည်း။

မည်သည့်တာမီနယ်မဆိုတွင် Ask price ကိုပြသစေရန် စီမံနိုင်ပါသည်။ ရေပန်းစားသော MetaTrader 4 တာမီနယ်၏ ဥပမာတခုကို ကြည့်ရှုပါ။

Ask လိုင်း ကို ပြသရန်အတွက်၊ chart ဝင်းဒိုး၏ မည်သည့်နေရာပေါ်တွင်မဆို right-click ကိုနှိပ်ပါ။ ထို့နောက် “Properties” ကို ရွေးချယ်ပါ။ ကီးဘုတ်ပေါ်တွင် F8 ခလုပ်ကိုနှိပ်ခြင်းအားဖြင့်လည်း properties ဝင်းဒိုးကို ပွင့်လာစေပါသည်။

Common ခလုပ်ကို ရွေးချယ်၍ Show Ask line option ကိုဖွင့်ပါ။

LiteFinance: MetaTrader တာမီနယ်တွင် Ask price ကို ပြသစေရန် မည်သို့လုပ်ဆောင်ရမည်နည်း။

အခြား ကုန်သွယ်ရေးတာမီနယ်များတွင်လည်း ထိုနည်းလမ်းအတိုင်း လုပ်ဆောင်၍ Ask လိုင်း ကို ဖွင့်ထားနိုင်ပါသည်။ ဤနည်းလမ်းသည် spread ကျယ်ပြန့်သော ကုန်သွယ်ရေးပစ္စည်းများကို ကုန်သွယ်ကြသည့် ကုန်သည်များအတွက် အသုံးဝင်ပါသည်။

Spread ထောင်ချောက်တခုကို မည်သို့ ရှောင်ရှားရမည်နည်း။

Spread ထောင်ချောက်များကို အကြမ်းဖျင်းအားဖြင့် အုပ်စုသုံးခု ခွဲခြားထားနိုင်ပါသည်။

  1. ဇယားအတွင်း ဈေးနှုန်းသည် သင်လိုလားသော ဈေးတန်းသို့ ရောက်ရှိသည်ကို မြင်တွေ့ရသော်လည်း အကျိုးဆောင်သည် သင်၏ pending Buy Limit အော်ဒါကို အကောင်အထည်မဖော်ပါ။

  2. ဇယားအတွင်းမှ ဈေးနှုန်းသည် SL သတ်မှတ်ထားသည့် level သို့ မရောက်ရှိသေးသော်လည်း၊ အရောင်းကုန်သွယ်မှုတခုအတွက် Stop Loss ဖြစ်ပေါ်ခဲ့ပါသည်။

  3. ဇယားအတွင်းမှ ဈေးနှုန်းသည် သတ်မှတ်ထားသည့် TP  တန်ဖိုးသို့ ရောက်ရှိသွားသော်လည်း အရောင်းကုန်သွယ်မှုတခုအတွက်  Take Profit အလုပ်မလုပ်ပါ။

အကယ်၍ ကုန်သည်တဦးသည် အော်ဒါများကို နေရာချထားရာတွင် ကုန်သွယ်ရေးပစ္စည်း၏ spread ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက၊ အဆိုပါ ထောင်ချောက်များ ဖြစ်ပေါ်နိုင်ပါသည်။

ဖြစ်စဉ် №1 - အကျိုးဆောင်သည် ကြိုတင်သတ်မှတ်ထားသော Buy-Limit အော်ဒါကို အကောင်အထည်မဖော်ပါ။

အကယ်၍ ဇယားအတွင်းမှဈေးနှုန်း (Bid) သည် သင်၏ pending အော်ဒါများသတ်မှတ်ထားသော levels များကို ထိတွေ့သော်လည်း၊ ဇယားပေါ်တွင်  ပြသထားခြင်းမရှိသော Ask price သည် သင်၏အော်ဒါ level သို့ မရောက်ရှိသော‌အခါမျိုးတွင် ထိုသို့ ဖြစ်နိုင်ပါသည်။ သင့်အနေဖြင့် အမြဲတမ်း သတိပြုရမည့်အချက်မှာ အဝယ်ကုန်သွယ်မှုကို Ask price ဖြင့် အကောင်အထည်ဖော်၍၊ အရောင်းကုန်သွယ်မှုကို Bid price ဖြင့်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ Buy Limit အော်ဒါတခု အလုပ်လုပ်ရာတွင် Ask price ကိုသာ ထည့်သွင်းစဉ်းစားပါသည်။

သင်၏ Buy Limit အား အလုပ်လုပ်စေရန်၊ ၎င်းကို သင်သတ်မှတ်လိုသော level ၏အထက် လက်ရှိ ဈေးကွက် spread နှင့်ညီမျှသော အကွာအဝေးတွင်  နေရာချထားသင့်ပါသည်။ အော်ဒါစတင် အလုပ်လုပ်သောအခါ ဇယားပေါ်မှဈေးနှုန်းသည် ဝယ်ယူလိုသော ဈေးတန်းထက် အနည်းငယ် နိမ့်သော level သို့ရောက်ရှိနေပါမည်။ သို့သော် အဝယ်ကုန်သွယ်မှုသည် တိကျစွာဖြင့် ပွင့်၍လာပါလိမ့်မည်။

LiteFinance: Spread ထောင်ချောက်တခုကို မည်သို့ ရှောင်ရှားရမည်နည်း။

ဖြစ်စဉ် № 2 - ဈေးနှုန်းသည် SL level သို့ မရောက်ရှိသော်လည်း အရောင်းကုန်သွယ်မှုတခုအတွက် Stop Loss ဖြစ်ပေါ်သွားပါသည်။

သင်သည် spread ကို ထည့်သွင်းစဉ်းစားခြင်း မရှိပဲ၊ တူညီသော level သို့မဟုတ် ယခင်အမြင့်ဆုံး ဈေးနှုန်း level တွင် stop အော်ဒါတခုကို တိုက်ရိုက် သတ်မှတ်ထားသော အခြေအနေမျိုးတွင် ဤဖြစ်စဉ်မျိုး ပေါ်ပေါက်နိုင်ပါသည်။ ထို့နောက် ဈေးနှုန်းသည် သင်၏ stop loss level သို့ ချဉ်းကပ်လာစဉ် အရှုံးဖြင့်ပိတ်သိမ်းရန်အတွက် သင်ကြိုတင်မျှော်လင့်ထားသော အမှတ်သို့ မရောက်မီတွင် သင်၏ကုန်သွယ်မှု ပိတ်သိမ်းသွားပါသည်။

ဤဖြစ်ရပ်ကို ရှောင်ရှားရန်၊ stop loss သည် Ask price (အဝယ်ဈေး) ၌ အလုပ်လုပ်သည်ကို သတိရှိစွာ မှတ်သားရပါမည်။

အရောင်းကုန်သွယ်မှုကိုပိတ်ရန်၊ တူညီသော အဝယ်ကုန်သွယ်မှုပမာဏကို ဖွင့်ရန် လိုအပ်ပါသည်။ ဈေးနှုန်းခြားနားချက်သည် အမြတ် သို့မဟုတ် အရှုံးကို ပြသပါလိမ့်မည်။ ဤသည်မှာ ဈေးကွက်၏ အလုပ်လုပ်ပုံ ဖြစ်သည်။

သင့်တွင် ဖွင့်ထားသော အရောင်းကုန်သွယ်မှုတခုရှိသည် သို့မဟုတ် သင်သည် အရောင်းကုန်သွယ်မှုတခုအား Sell Limit ဖြင့် ဖွင့်လှစ်လိုသည်ဟု ယူဆကြည့်ပါစို့။ ဈေးနှုန်းသည် Stop Loss level သို့ ရောက်ရှိသောအခါ၊ အရောင်းကုန်သွယ်မှု ပိတ်သွားပါသည်။ အရောင်းကုန်သွယ်မှုတစ်ခုကို Stop Loss အော်ဒါဖြင့်ပင် ပိတ်မည်ဆိုပါက တူညီသော အဝယ်ကုန်သွယ်မှုပမာဏကို ဖွင့်ရန် လိုအပ်ပါသည်။ အရောင်းကုန်သွယ်မှု တခုအတွက် stop loss အော်ဒါဆိုသည်မှာ Ask price တွင် အဝယ်ကုန်သွယ်မှုဖွင့်ခြင်းဟု အဓိပ္ပါယ်ရ ပါသည်။

အရောင်းကုန်သွယ်မှုတခုအတွက် အထက်ပါ ကဲ့သို့ Stop Loss မဖြစ်အောင် ရှောင်ရှားရန်၊ SL အား လက်ရှိအမြင့်ဆုံးတန်ဖိုး၏အထက် spread နှင့်ညီမျှသော အကွာအဝေးတွင် သတ်မှတ်ပါ။

LiteFinance: Spread ထောင်ချောက်တခုကို မည်သို့ ရှောင်ရှားရမည်နည်း။

 ဖြစ်စဉ် № 3 - ဇယားအတွင်းမှ ဈေးနှုန်းသည် TP level ကို ထိတွေ့သော်လည်း အရောင်းကုန်သွယ်မှုအတွက် Take Profit အလုပ်မလုပ်ပါ။ 

ပြသနာမှာ ကုန်သည်အနေဖြင့် ကုန်သွယ်ရေးတွင် Ask price ကို ထည့်သွင်းစဉ်းစားမှုမပြုသောကြောင့် ဖြစ်ပါသည်။ အစောပိုင်းတွင် ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း၊ Ask price သည် အဝယ်ဈေးဖြစ်ပါသည်။ အရောင်းတခုကို ပိတ်ရန်အတွက်၊ တူညီသောပမာဏဖြင့် အဝယ်တခုကို ဖွင့်ရပါမည်။ Take Profit တခုသည် အရောင်းကုန်သွယ်မှုကို ပိတ်ရန်အလို့ငှာ ကုန်သွယ်ရေးပိုင်ဆိုင်မှုအား အရောင်းဖွင့်ထားသော ပမာဏအတိုင်း ပြန်လည်ဝယ်ယူခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Take Profit သည် Ask price ဖြင့် အလုပ်လုပ်ပါသည်။ Ask price သည် ဇယားအတွင်းမှ Bid price ထက် အနည်းငယ် ပိုမိုမြင့်မားလေ့ရှိပါသည် - ထိုဈေးနှုန်းနှစ်ခုကြားမှ ခြားနားချက်သည် spread ဖြစ်သည်။ အကယ်၍ သင်သည် spread ကို ထည့်မတွက်ပါက၊ ကုန်သွယ်မှုသည် မပိတ်ပဲ ကျန်ရစ်နိုင်ပါသည်။

ဤကဲ့သို့သော ထောင်ချောက်များကို ရှောင်ရှားရန်၊ မိမိလိုလားသော ဈေးနှုန်း၏အထက်မှ spread နှင့်ညီမျှသောအကွာအဝေးရှိ အနည်းငယ်ပိုမြင့်သော တန်ဖိုးတွင် အရောင်းကုန်သွယ်မှုတခုအတွက် Take Profit ကို သတ်မှတ်ပါ။

LiteFinance: Spread ထောင်ချောက်တခုကို မည်သို့ ရှောင်ရှားရမည်နည်း။

Ask နှင့် Bid- အကျဉ်းချုပ်

‌ဈေးကွက်အတွင်း ကုန်သည်မရှိနေသော အချိန်မျိုးတွင် အားသာမှုရှိသော ဈေးနှုန်းများ ပေါ်ပေါက်နိုင်သောကြောင့် ဈေးကွက်အော်ဒါတခုသည် ကုန်သွယ်ရေးအတွက် အမြဲတစေ သင့်တော်ခြင်းမရှိပါ။ ဤဖြစ်ရပ်မျိုးတွင် limit အော်ဒါတခုကို အသုံးပြုနိုင်ပါသည်။ ထိုအခါ Bid နှင့် Ask‌ ဈေးနှုန်းအပြင်၊ bid/ask spread ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

Bid-offer spread သည် ask နှင့် bid ဈေးနှုန်းကြားမှ ခြားနားချက်ကို ပြသသောကြောင့်၊ ၎င်းသည် ကုန်သွယ်ရေးတွင် အရေးပါပါသည်။ ဈေးကွက်ဖော်ဆောင်သူသည် spread နှင့် ကုန်သွယ်မှုအဖိုးအခများမှ ၎င်းတို့အတွက် အမြတ်အစွန်းများကို ရရှိကြသည်။ ကုန်သည်အနေဖြင့် pending orders များကို အသုံးပြု၍ အကောင်းဆုံးဈေးနှုန်းများဖြင့် ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် bid ask spread ကို ထည့်သွင်း စဉ်းစားသင့်ပါသည်။ Bid price နှင့် Ask price ကို နားလည်သဘောပေါက်၍၊ bid ask spread ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ဤဆောင်းပါးတွင် ပါဝင်သော ထောင်ချောက်များကို ရှောင်ရှားကာ၊ အမြတ်အလားအလာများကို တိုးမြှင့်နိုင်မည် ဖြစ်ပါသည်။

Bid နှင့် Ask ဆိုင်ရာ အမေးများသော မေးခွန်းများ။

Forex တွင် Ask price ဆိုသည်မှာ ရောင်းသူမှ ကုန်သွယ်ရေးပစ္စည်းတခုအား ရောင်းချမည့် ဈေးနှုန်းဖြစ်ပါသည်။

Forex တွင် Bid price ဆိုသည်မှာ ဝယ်သူမှ ကုန်သွယ်ရေးပစ္စည်းတခုအား ဝယ်ယူမည့် ဈေးနှုန်းဖြစ်ပါသည်။

Bid ဟူသော စကားလုံးသည် ကုန်သွယ်ရေးတွင် ပါဝင်ဆောင်ရွက်သူတဦး - bidder (လေလံဆွဲသူ) ၏ အတိုကောက်ဖြစ်ပါသည်။ Bid သည် ရှယ်ယာတခုအတွက် ဝယ်လိုသူမှ အမြင့်ဆုံးပေးထားသည့် ဈေးနှုန်း ဖြစ်ပါသည်။

မည်သည့်ဈေးကွက်တွင်မဆို Bid နှင့် Ask ဈေးနှုန်းများသည် ဝယ်ယူလိုသောဈေးနှုန်းနှင့် နှင့် ရောင်းချရန် ကမ်းလှမ်းကြသော ဈေးနှုန်းများသာ ဖြစ်ကြပါသည်။ မူရင်းအားဖြင့် ကုန်သွယ်ရေး တာမီနယ်သည် ဝယ်သူ၏ဈေးနှုန်း (Bid) ကို ပြသပါသည်။ Ask price မျဉ်းမှာမူ ပုံမှန်အားဖြင့် ဇယားအတွင်း ပါဝင်လေ့မရှိပါ။ ၎င်းသည် Bid price ထက် အနည်းငယ် ပိုမြင့်ပါသည်။

Bid prices များကို ဝယ်သူများမှ သတ်မှတ်ပါသည်။ Ask stock price ကို ရောင်းသူများမှ သတ်မှတ်ပါသည်။ ဈေးနှုန်းများကြားမှ ခြားနားချက်ပို၍ ကြီးမားလေလေ၊ ask bid spread ပို၍ ကျယ်ပြန့်လေလေ ဖြစ်ပါသည်။ ကုန်သွယ်ရေးပစ္စည်းတခုသည် အရောင်း၊ အဝယ်ပို၍ သွက်လက်လေလေ ဈေးကွက်အတွင်း ရောင်းသူနှင့် ဝယ်သူများ ပိုများလေလေ ဖြစ်သည်။ ထို့ကြောင့် spread ကျဉ်းမြောင်းပါသည်။ အရောင်း၊အဝယ်နည်းပါးသော ကုန်သွယ်ရေး ပစ္စည်းများ အတွက်မူ၊ spread သည် အမြဲလိုလို ကျယ်ပြန့်ပါသည်။

Bid price သည် ကုန်သည်တဦးမှ မည်သည့်ကုန်သွယ်ရေးတာမီနယ်တွင်မဆို မြင်တွေ့ရသည့် မူရင်းဈေးနှုန်း ဖြစ်သည်။ စည်းမျဉ်းတခုအရ၊ Ask price သည် Bid price ထက် pips များစွာ သို့မဟုတ် pip တခု၏ အစိတ်အပိုင်းများ ပိုမြင့်ပါသည်။

Bid size ဆိုသည်မှာ ဝယ်လိုအား ပမာဏ - ရင်းနှီးမြှုပ်နှံသူများမှ ဝယ်ယူလိုသော ရှယ်ယာ အရေအတွက် ဖြစ်ပါသည်။

Bid size သည် Ask size ထက် ပို၍ကြီးသောအခါ၊ ၎င်းသည် မည်သည့် အဓိပ္ပါယ်ဖြစ်သနည်း။

ဝယ်ယူနိုင်ပါသည်။ သို့သော် ကမ်းလှမ်းသောပမာဏထက် ကျော်လွန်သော liquidity အဝယ်ပမာဏ ကို တောင်းဆိုရပါမည်။ ဤဖြစ်ရပ်တွင် အော်ဒါအား Ask ဈေးနှုန်းထက် သက်သာသော liquidity တန်ဖိုးဖြင့် ထည့်သွင်းပေးမည် ဖြစ်ပါသည်။

Bid နှင့် Ask ဆိုသည်မှာ အဘယ်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat