အကယ်၍ သင်သည် Forex တွင် စတင်လေ့လာသူတစ်ယောက်ဖြစ်ပြီး လမ်းညွှန်မှု အချို့လိုအပ်ပါက  copy trading သည် ကောင်းမွန်သော အကြံပြုချက်တစ်ခုဖြစ်နိုင်သည် - အောင်မြင်သော ကုန်သည်များ လုပ်ဆောင်သည့်အတိုင်း ထပ်တူလုပ်ရန်မှာ လွယ်ကူသည်။ သို့သော် အချို့သော ဖြစ်တက်သည့်အမှားများကို ရှောင်ရှားလိုပါက ထိုကဲ့သို့သော နည်းလမ်းကို ဂရုတစိုက်ကျင့်သုံးသင့်သည်။ ဤဆောင်းပါးတွင် copy trading စနစ် မည်ကဲ့သို့ လုပ်ဆောင်ပုံ၊ ၎င်းသည် copy trading  နှင့်ကွာခြားပုံ၊ မည်သည့် အလေ့အကျင့်များ သည် သင့် ချဉ်းကပ်လေ့လာခြင်း၏ ထိရောက်မှုအား တိုးတက်စေမည်ကို တွေ့ရပါလိမ့်မည်။

LiteFinance:

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Copy trading ဆိုတာဘာလဲ

Copy trading ဆိုသည်မှာ Forex ကုန်သည်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများကို ၎င်းတို အရောင်းအဝယ်ပြုလုပ်သည့် အကောင့်များတွင် ပရော်ဖက်ရှင်နယ်ကုန်သည်များ၏ ကုန်သွယ်မှုများကို ကူးယူခွင့်ရှိသည့် နည်းပညာတစ်ခုဖြစ်သည်။ ဤလုပ်ဆောင်ချက်ပါရှိသော ပလပ်ဖောင်းများတွင် ကမ္ဘာတစ်ဝှမ်းမှ ကုန်သည်များသည် လာရောက်လေ့လာသူများအား ၎င်းတို့၏ အရောင်းအဝယ်များကို ပြသနိုင်ပြီး ဤသည်မှာ ၎င်းတို့၏ ကုန်သွယ်မှု အတွေ့အကြုံအချို့ကို လေ့လာနိုင်စေကာ မတူညီသော အနေအထားဖြင့် ကုန်သွယ်မှုပြုလုပ်ကြသူများနှင့် ချိတ်ဆက်နိုင်ရန် အခွင့်အရေ‌းရရှိစေသည်။

Copy trading သည် အသုံးပြုသူများအား အခြားကုန်သည်များ၏  အရောင်းအဝယ်များကို ကူးယူနိုင်ရုံသာမက သတင်းအသစ်များကို ဖတ်ရှုနိုင်ခြင်း၊ စျေးကွက်သဘောနှင့် ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်ကို မျှဝေခြင်းနှင့် ကူးယူရန်အတွက် ကုန်သွယ်မှုများကို ပံ့ပိုးပေးပါသည်။ ခြုံငုံ၍ တင်ပြရလျှင် ၎င်းသည် မြင့်မားသော ကျွမ်းကျင်မှုမပါဘဲ Forex စျေးကွက်မှ ဝင်ငွေများကို တိုးမြှင့်ခြင်း၊ ပညာရပ်များ အပြန်အလှန်ဖလှယ်ခြင်းနှင့် ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း ပြီးပြည့်စုံသောစနစ်ဖြစ်သည်။ သို့သော် copy trading သည် ဤလမ်းညွှန်ချက်တွင် ဖော်ပြမည့် ဆုံးရှုံးနိုင်ချေများနှင့်လည်း ဆက်စပ်နေပါသည်။

Copy trading ဖြင့် ရင်းနှီးမြှပ်နှံမှု

Copy trading ၏ ကျေးဇူးကြောင့် ကူးယူလိုသူသည် အခြားကုန်သည်များ၏ အရောင်းအဝယ်များကို ရာခိုင်နှုန်း-အခြေခံသည့် ပုံစံဖြင့် ကူးယူနိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် ပိုမိုလွယ်ကူပါသည်။ ရင်းနှီးမြှပ်နှံမှုကန့်သတ်ချက်၏ရည်ရွယ်ချက်များအတွက်၊ အချို့သော ပလပ်ဖောင်းများ သည် ကုန်သည်တစ်ဦးတည်းအပေါ်တွင် ၎င်းတို့ပိုင်ဆိုင်မှုအစု၏ 20% ထက်ပို၍ ရင်းနှီးမြှုပ်နှံရန် ခွင့်မပြုပါ။ ဤသည်မှာ လိမ္မာပါးနပ်သော စည်းမျဉ်းတစ်ခုဖြစ်ပြီး ကုန်သည်တစ်ဦးတည်းသည် တစ်ချိန်လုံး ကောင်းမွန်စွာ မဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။

စျေးကွက်ရှာဖွေရေးတွင် အချိန်ကုန်သက်သာစေခြင်းအပြင် copy trading သည် သုံးစွဲသူများအား ၎င်းတို့၏ အမြတ်ငွေကို တိုးမြင့်စေပါသည်။ လေ့လာမှုများ၏ ဖော်ထုတ်ချက်အရ copy trading အသုံးပြုသူများသည် ကိုယ်တိုင်ရောင်းဝယ်ပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံများအရ အရောင်းအဝယ် များကို စီမံခန့်ခွဲသူများထက် 10% ပိုမိုအောင်မြင်သောရလဒ်များကို ရယူနိုင်ကြောင်း စစ်တမ်းများမှ ဖော်ပြသည်။

Social Trading နှင့် Copy Trading ကြား ကွာခြားချက်များ

Copy trading သည် social trading ၏ အမျိုးအစားခွဲတစ်ခုဖြစ်သည်။ ၎င်းသည် ကျော်ကြားသော ရင်းနှီးမြှုပ်နှံသူများ၏ ကုန်သွယ်မှုများအား ကူးယူခွင့်ပြုသည့်စနစ်ဖြစ်သည်။ ဤစနစ်တွင် သင် ကူးယူထားသော ကုန်သည်များ၏ အရောင်းအဝယ်အတိုင်း အတိအကျ ဖြစ်ပေါ်မည်ဖြစ်သည်။ ၎င်းတို့သည် ကုန်သွယ်ရေးအမျိုးအစား တစ်ခုခုကို ရောင်းချသောအခါတွင် သင်သည်လည်း ရောင်းချမည်ဖြစ်သည်။  ဝယ်ယူသည်ဆိုလျှင်လည်း ဝယ်ယူမည်ဖြစ်သည်။ ဤနည်းဗျူဟာသည် စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုကို အချိန်ပေး၍ မလုပ်ဆောင်လိုသူများနှင့် မြင့်မားသော ဆုံးရှုံးနိုင်ခြေကို လက်ခံနိုင်သူများအတွက် သင့်လျော်ပါသည်။ စနစ်၏သဘောတရားအရ သင်သည် ကုန်သည်တစ်ဦးကို ရွေးချယ်နိုင်ပြီး သင်၏ ကုန်သွယ်ရေးအကောင့်အား ၎င်းထံတွင် အပ်နှံထားနိုင်သည်။

Copy trading ဖြင့် သင်သည် အင်္ဂါရပ်များစွာကို အသုံးပြုနိုင်ပါသည်-

  • အခြားကုန်သည်များ၏ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ခြင်း

  • ၎င်းတို့၏ အသေးစိတ် အချက်အလက်များကို စူးစမ်းလေ့လာခြင်း

  • အခြား ကုန်သည်များ၏ ကုန်သွယ်မှုဆိုင်ရာအကြောင်းအရာများ သိရှိနိုင်ခြင်း

  • အခြားကုန်သည်များနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ခြင်း

ကုန်သွယ်မှု ပလပ်ဖောင်း တစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင် ထူးခြားချက်များရှိသော်လည်း ဘုံတူညီသည့် အင်္ဂါရပ်တစ်ခုရှိသည်၊ ၎င်းတို့သည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့ဖြင့်လုပ်ကိုင်ခြင်း အပေါ် အလေးပေးသည်။ ဝဘ်ဆိုက်များစွာတွင် သင်သည် သင်၏ဗျူဟာများကို ဆွေးနွေးရန် သီးသန့်ဆွေးနွေးခန်း သို့မဟုတ် ဖိုရမ်များတွင် ပါဝင်နိုင်သည်။

ထို့ကြောင့် copy trading ဖြင့် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တိုင်းသည် သင့်အပေါ်မူတည်သည်။ ၎င်းသည် ၎င်းတို့၏ အကောင့်များကို အပြည့်အဝထိန်းချုပ်လိုသူများအတွက် အကောင်းစားရွေးချယ်မှု တစ်ခုဖြစ်သည်။ ဤနေရာတွင် သင်ယူမှုလုပ်ငန်းစဉ်မှာ ကာလရှည်ကြာနိုင်သော်လည်း သင်သည် အရှုံး/အမြတ် အချိုးကို ရွေးချယ်နိုင်ပြီး သင့်ကုန်သွယ်မှုများအတွက် သင် လုံးဝတာဝန်ယူနိုင်ပါသည်။

Social/Copy Trading နှင့် PAMM အကြား ကွာခြားချက်များ

Social trading နှင့် PAMM services နှစ်ခုလုံးသည် သင့်အကောင့်၌ အရောင်းအ၀ယ် ပြုလုပ်ရာတွင် ရင်းနှီးမြုပ်နှံသူတိုက်ရိုက်ပါဝင်ခြင်းမရှိဘဲ အတွေ့အကြုံရှိ ကုန်သည်မှ  အမြတ်အစွန်းများ ရရှိစေရန် စီမံခန့်ခွဲသည့်စနစ်ဖြစ်သည်။ သို့သော် သိသာထင်ရှားသော ခြားနားချက်များ ရှိပါသည်။

  • PAMM services တွင် ရင်းနှီးမြှုပ်နှံသူ၏ ရင်းနှီးငွေများကို ကုန်သွယ်မှုပြုလုပ်ရန်အတွက် စီမံခန့်ခွဲသည့် ကုန်သည်၏ အကောင့်သို့ လွှဲပြောင်းပေးပါသည်။  Social trading တွင် ရင်းနှီးမြှုပ်နှံသူ၏ ငွေသည် ၎င်း၏အကောင့်တွင် ကျန်ရှိနေပါသည်။ ရင်းနှီးငွေများကို ကူးယူရန် အတွက် သီးသန့်ထားသော်လည်း အချိန်မရွေး ထုတ်ယူနိုင်ပါသည်။

  • Social trading တွင် ရင်းနှီးမြှုပ်နှံသူသည် copy trading ဆိုင်ရာ ကန့်သတ်ချက်များ (ကုန်သွယ်မည့်ပမာဏ၊ ကူးယူမည့်ပမာဏ၊ အရှုံးခံမည့် ပမာဏ)  ကို သတ်မှတ်နိုင်ပြီး အချိန်မရွေး ကူးယူခြင်းကို ရပ်တန့်နိုင်သည်။ PAMM စနစ်တွင် ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုကာလ မပြီးမချင်း ကုန်သွယ်မှု လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက် နိုင်မည်မဟုတ်ပေ။

  • PAMM services တွင် စီမံခန့်ခွဲသည့်ကုန်သည်သည် ထောက်ပံ့ပေးထားသည့် အချက်အလက်များကို ကန့်သတ်ထားနိုင်သည်။ ပုံသေအားဖြင့် ရင်းနှီးမြှုပ်နှံသူများသည် အမြတ်အစွန်းရနိုင်မှု၊ ဝင်ငွေရာခိုင်နှုန်းနှင့် ကော်မရှင်ခများကို မြင်တွေ့ရသည်။ Social trading တွင် အသေးစိတ်အချက်အလက်များကို တတ်နိုင်သမျှ ပွင့်လင်းမြင်သာစွာထားရှိသည်။ စီမံခန့်ခွဲသည့် ကုန်သည် သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထား၍ မရသည့်အပြင် ရင်းနှီးမြှုပ်နှံသူ သည် ယခင်ပိတ်ထားသော ကုန်သွယ်မှုများကို လေ့လာနိုင်ပြီး လက်ရှိဖွင့်ထားသည့် အရောင်းအဝယ်များကို ကြည့်ရှုနိုင်သည်။

  • PAMM စနစ်ရှိ စီမံခန့်ခွဲသည့်ကုန်သည်တစ်ဦး၏ ကော်မရှင်သည် 20% မှ 80% နှင့် ၎င်းအထက်ပင် မြင့်မားနိုင်သည်။ ပုံမှန်အားဖြင့် အတွေ့အကြုံရှိ မန်နေဂျာများသည် ကော်မရှင်ကို 50% မှ စတင်သတ်မှတ်သည်။  Social trading တွင် ဆန့်ကျင်ဘက်အားဖြင့် ပရော်ဖက်ရှင်နယ် ကုန်သည်များသည် အနိမ့်ဆုံး ကော်မရှင်များသာ ထားရှိသည်။ စနစ်တွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူ အများအပြားရှိသဖြင့်  ကုန်သည်များသည် ၎င်းတို့ကိုဆွဲဆောင်ရန် ကော်မရှင်ကို လျှော့ချထားသည်။ ပျမ်းမျှကော်မရှင်မှာ 20% ခန့်ဖြစ်သည်။

Copy trading စနစ်မည်သို့လည်ပတ်သနည်း။

စတင်လုပ်ကိုင်ရန် အသုံးပြုသူအနေဖြင့် copy trading ပလပ်ဖောင်းပေါ်တွင် မှတ်ပုံတင်စာရင်းသွင်းပြီး ၎င်း၏အကောင့်တွင် ငွေသွင်းမှုပြုလုပ်ရမည်ဖြစ်သည်။ Copy trading ၏ အင်္ဂါရပ်များသည် အကောင်အထည်ဖော်ရန် မလိုအပ်ပါ  - အသုံးပြုလိုသူများသည် နည်းပညာကို ချက်ချင်းအသုံးချနိုင်သည်။ ၎င်း၏ လုပ်ဆောင်ချက် အပြည့်အစုံသည် အခြားကုန်သည်၏ လုပ်ဆောင်ချက်များအား အလိုအလျောက် ကူးယူခြင်းလုပ်ငန်းစဉ်ကို ဖြစ်စေပြီး စနစ်တွင်ပါဝင်သူတိုင်းအတွက် ဘေးကင်းမှုနှင့် ယုံကြည်စိတ်ချရမှုကို အာမခံပါသည်။

ရင်းနှီးမြှုပ်နှံသူ တစ်ဦးသည် ကုန်သွယ်မှုကို ကူးယူပြီး အမြတ်၏ တစ်စိတ်တစ်ပိုင်းကို ဝန်ဆောင်ခအဖြစ် ကုန်သည်ထံ မျှဝေသည်။  Copy trading ဝန်ဆောင်ခအဖြစ် ကုန်သည်မှ  ကြိုတင်သတ်မှတ်ထားသော ကော်မရှင် ပမာဏကို ကုန်သည်များ၏ အဆင့်သတ်မှတ်ချက်တွင် ဖော်ပြထားသည်။  Copy trading ၏ ထူးခြားသော အင်္ဂါရပ်မှာ PAMM ကဲ့သို့သော စနစ်များနှင့်မတူဘဲ ငွေများကို ရင်းနှီးမြုပ်နှံသူများ၏ အကောင့်များတွင် တိုက်ရိုက် သိမ်းဆည်းထားပြီး အရောင်းအ၀ယ်ပြုလုပ်သူ ကုန်သည်များ၏ ကုန်သွယ်မှုများကို ရင်းနှီးမြှုပ်နှံသူများ၏ အကောင့်များသို့ တိုက်ရိုက်ကူးယူပါသည်။

ကုန်သည်များ၏ အရောင်းအဝယ်များကို ထပ်တူကုန်သွယ်နေစဉ်တွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သီးသန့်ထည့်သွင်းထားသော ဆက်သွယ်စကားပြောနိုင်သည့် ချက်တင်များတွင် အခြားသော အသုံးပြုသူများနှင့်လည်း ဆက်သွယ်နိုင်သည် သို့မဟုတ် စီမံခန့်ခွဲသည့်ကုန်သည်ကို ကူးယူခြင်းမပြုမီ တိုက်ရိုက်ဆက်သွယ်ပြီး မေးခွန်းများမေးနိုင်သည်။

ထို့အပြင် ဆုံးရှုံးနိုင်ချေများကို ကန့်သတ်ရန် စနစ်တွင်ပါဝင်သည့် ကန့်သတ်ချက်တစ်ခုချင်းကို သတ်မှတ်နိုင်သည်။ ကုန်သည်များကို စောင့်ကြည့်ခြင်း (ကုန်သည်အဆင့်သတ်မှတ်ချက်) တွင် ၎င်းတို့ ပြုလုပ်ခဲ့သည့် အရောင်းအ၀ယ်အားလုံး၊ အမြတ်အစွန်းဖော်ပြသည့်ဂရပ်များနှင့် ဆုံးရှုံးနိုင်ချေ သတ်မှတ်ချက် အဆင့် ခန့်မှန်းချက်တို့ကို ပြသထားသည်။

Copy trading သည် အဘယ်ကြောင့် အလွန်လူသိများ သနည်း။

ခရစ်ပတိုငွေကြေးနှင့် အခြားသော ဘဏ္ဍာရေးဆိုင်ရာ ကုန်သွယ်ရေးအမျိုးအစားများမှာ လူသိများလာသည် နှင့်အမျှ ကုန်သွယ်မှုကို စတင်ပြုလုပ်လိုသူ အရေအတွက်သည် တိုးလာသည်။ သို့သော် အတွေ့အကြုံမရှိခြင်း သည် ဆိုးရွားသော အတားအဆီးတစ်ခုဖြစ်နိုင်သည်။ ဤသည်မှာ  copy trading ဘက်လှည့်ရန် အခြေအနေဖြစ်လာသည်။ LiteFinance ရှိ အတွေ့အကြုံ မရှိသေးသူများအနေဖြင့် မတူညီသော စျေးကွက်များ၊ ကုန်သွယ်ရေးအမျိုးအစားများနှင့် ရင်းနှီးကျွမ်းဝင်စေရန် ပရော်ဖက်ရှင်နယ်များ လုပ်ဆောင်သည့် အရာများကို ကြည့်ရှုခြင်းဖြင့် ကုန်သွယ်မှုဗျူဟာများကို လေ့လာရန် ဤလုပ်ဆောင်ချက်ကို ရွေးချယ်နိုင်ပါသည်။

Copy Trading ဖြင့် လုပ်ဆောင်ခြင်းသည် ပွင့်လင်းမြင်သာ၍ အသုံးပြုရလွယ်ကူပြီး ၎င်း၏ထိရောက်မှုကို ဖော်ပြန်ရန်ပင် မလိုပေ။ ထို့အပြင် ၎င်းသည် သုံးစွဲသူများ အချင်းချင်း ပူးပေါင်းကူညီရန်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်စေပါသည်။ အတွေ့အကြုံ မရှိသေးသောသူများအနေဖြင့် နည်းနိုင်သမျှ အနည်းဆုံးသော အမှားများနှင့် ဆုံးရှုံးမှုများဖြင့် ၎င်းတို့၏ ကုန်သွယ်မှုပထမခြေလှမ်းဖြင့် လုပ်ဆောင်နိုင်သော်လည်း နာမည်ကြီး ကုန်သည်များသည် ၎င်းဖြင့်အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ပြီဖြစ်သည်။ ကနဦး စတင်လုပ်ဆောင်ခဲ့သူများသည် ၎င်းတို့၏ အမြတ်အစွန်းများကို တိုးပွားအောင် လုပ်ဆောင်နိုင်စဉ်  နောက်ပိုင်းမှ လုပ်ဆောင်သူများအနေဖြင့် ၎င်းတို့ထံမှ ထိရောက်သော ကုန်သွယ်မှု နည်းဗျူဟာများကို ရယူနိုင်ခဲ့ပါသည်။ ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်သည်။

Social trading ၏ ဥပမာ

Reddit တွင်စတင်ခဲ့သော ကောလာဟလများကြောင့်  GameStop’s ၏ စတော့ရှယ်ယာများတွင် လူများစွာ ရင်းနှီးမြုပ်နှံမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်အစ၌ စနစ်တကျမဟုတ်သော copy trading ၏ ဥပမာကောင်း တစ်ခုကို တွေ့ရှိနိုင်သည်။ r/WallStreetBets subreddit မှ ရင်းနှီးမြုပ်နှံသူများသည် ရှယ်ယာဝယ်ခြင်းတွင် အရှိန်အဟုန်ဖြင့်  ဦးဆောင်ခဲ့ပြီး နောက်ဆုံး၌ GameStop ရှယ်ယာကို  short squeeze  အခြေအနေဖြစ်ပေါ်စေခဲ့သည်။

အခြားဥပမာတစ်ခုမှာ ဖြစ်နေကျ သမရိုးကျပုံစံဖြစ်သည်။ ဥပမာ - Trader A သည် ဂျပန်စတော့ရှယ်ယာများ ပေါ်တွင် ဝင်ငွေရှာလိုသော်လည်း ဒေသတွင်းဖြစ်ရပ်များနှင့် သတင်းများကို မသိရှိပါ၊ သူသည် ဂျပန်ဘာသာစကား (နိုင်ငံရေး သို့မဟုတ် ဗဟိုဘဏ်မူဝါဒများမှ သတင်းများကိုဖတ်ရှုရန်) နှင့် စျေးကွက်သဘောကို အချိန်နှင့်တပြေးညီ သိရှိနားလည်မှု အားနည်းသူ ဟုဆိုကြပါစို့။ ဤနေရာတွင် copy trading ဖြင့် ဆောင်ရွက်ရန် အခြေအနေဖြစ်လာပါသည်။

Trader A အနေဖြင့် ဂျပန်စတော့ ရှယ်ယာများနှင့် ကုန်သွယ်ရာတွင် အတွေ့အကြုံရှိသော Trader B ၏ အတွေ့အကြုံကို အားကိုးနိုင်ပြီး copy trading ပလပ်ဖောင်းပေါ်တွင် ၎င်း၏ လုပ်ဆောင်ချက် အတိုင်း လုပ်ဆောင်နိုင်ပါသည်။ သို့သော် ၎င်း၏ ရင်းနှီးငွေများကို စတင်မမြှုပ်နှံမီ Trader A အနေဖြင့် Trader B ၏ စွမ်းဆောင်ရည်အပေါ် ၎င်း၏ကိုယ်ပိုင်ခွဲခြမ်းစိတ်ဖြာမှုကို  ပြုလုပ်သင့်သည်။ 

 ဤစနစ်တွင် ကုန်သည်တစ်ဦးသည် အခြားတစ်ဦး၏ ကုန်သွယ်မှုများကို မည်သို့ကူးယူသနည်း။

ဝန်ဆောင်မှုပုံစံသည် ဆင်တူသော်လည်း ရင်းနှီးမြှုပ်နှံသူအနေဖြင့် ဆိုရှယ်မီဒီယာတွင် ကုန်သည်များ၏ သဘောထားကို စောင့်ကြည့်ရန် သို့မဟုတ် အတွင်းသတင်းများကို ရှာဖွေရန် မလိုအပ်ပါ။ ရင်းနှီးမြုပ်နှံသူအနေဖြင့် အမြတ်အစွန်းမြင့်မားစွာရရှိပြီး ပုံစံကောင်းများ ရရှိထားသည့် ကုန်သည်ကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး ၎င်းကုန်သည်သည် ကုန်သွယ်မှုတစ်ခုမှ မည်သို့အမြတ်ထွက်အောင် ပြုလုပ်ရမည်ကို အတိအကျသိသူဖြစ်သည်။

ရွေးချယ်မှု ပြုလုပ်ပြီးနောက် ရင်းနှီးမြှုပ်နှံသူ၏အကောင့်သည် စီမံခန့်ခွဲမည့်ကုန်သည်၏အကောင့်နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။ အရောင်းအ၀ယ်များကို ရင်းနှီးမြှုပ်နှံသူ၏ အကောင့်သို့ အလိုအလျောက် ကူးယူမည်ဖြစ်သည်။

အတွေ့အကြုံရှိ အောင်မြင်သော ကုန်သည်တစ်ဦးအတွက် ၎င်းမှာ မည်သည်ကို ဆိုလိုသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် ကုန်သွယ်မှုများမှ အမြတ်များအပြင် ရင်းနှီးမြှပ်နှံသူများမှ ကူးယူခြင်းဖြင့် ရရှိသည့် အမြတ်များမှ ရာခိုင်နှုန်းတစ်ခုပါ ရရှိသောကြောင့် အမြတ်များ တိုးလာမည်ဖြစ်သည်။

ကော်ပီကုန်သွယ်ရေးသည် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ချဉ်းကပ်မှုအသစ်ဖြစ်သည်။

သင့်တွင် ကုန်သွယ်မှုအတွေ့အကြုံမရှိသေးသော်လည်း အမြတ်အစွန်းများဖြင့် သင်၏ Forex ခရီးကို စတင်နိုင်သည်။ ပရော်ဖက်ရှင်နယ် ကုန်သည်များ၏ အရောင်းအဝယ်များကို သင့်အကောင့်များသို့ ကူးယူပါ။

မှတ်ပုံတင်ခြင်း

ကုန်သွယ်မှုများကို အဘယ်ကြောင့် ကူးယူသင့်ပြီး ဝန်ဆောင်မှုကို မည်သို့ကျွမ်းကျင်စွာ အသုံးပြုရမည်နည်း။

ဤကဲ့သို့ပြောဆိုပါက စတင်သူကုန်သည်တိုင်းအနေဖြင့် ပရော်ဖက်ရှင်နယ် ကုန်သည်တစ်ဦး၏ ကုန်သွယ်မှုများကို မျက်စိစုံမှိတ်၍ ကူးယူရုံမျှဖြင့် ပျော်ရွှင်နေရမည်မဟုတ်ပါ။ အကယ်၍ သင်သည် ဤလုပ်ငန်းကို ကျွမ်းကျင်ရန် အစီအစဉ်မချမှတ်ဘဲ အမြတ်အစွန်းများကိုသာ ရရှိအောင်စုဆောင်းလိုပါက သင့်အနေဖြင့် အမှန်တကယ် အောင်မြင်သော ကုန်သည်များကို ရွေးချယ်၍ ၎င်းတို့၏ ကုန်သွယ်မှုများကို ကူးယူကာ ရလဒ်များကို စောင့်ဆိုင်းရန်သာ လိုအပ်ပါသည်။ (အမြတ်အစွန်းကို စုဆောင်း၍ အနည်းငယ်သော ကော်မရှင်ခကို ပေးခြင်း) 

သို့သော် သင်၏ကိုယ်ပိုင် ကုန်သွယ်မှုစွမ်းရည်ကို မြှင့်တင်လိုပါက Social Trading ကို စစ်မှန်သော ပညာရှင်များထံမှ သင်ယူရန်၊ သင်၏ ကုန်သွယ်မှု အကြံဉာဏ်များကို ၎င်းတို့နှင့် နှိုင်းယှဉ်ကာ ၎င်းတို့၏ ယူဆချက်များအပေါ် အခြေခံ၍ သင်၏ ကုန်သွယ်မှု ဆုံးဖြတ်ချက်များ ချမှတ်ရန် အခွင့်အရေးအဖြစ် စဉ်းစားပါ။ ဤအခွင့်အရေးအား Social Trading ၌လည်း ရှာဖွေနိုင်ပါသည်။ ပလပ်ဖောင်းကို ကောင်းမွန်စွာ တီထွင်ထား၍ အလိုအလျောက် လုပ်ဆောင်နေပြီဖြစ်သော်လည်း ၎င်းကို ချိန်ညှိနိုင်ဆဲဖြစ်သည်။

သင်သည် အရောင်းအ၀ယ်များကို တစ်စိတ်တစ်ပိုင်း ကူးယူနိုင်ခြင်း၊ သတင်းများကို ဖတ်ရှုနိုင်ခြင်း သို့မဟုတ် ပရော်ဖက်ရှင်နယ် ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ လွတ်လပ်စွာ ရောင်းဝယ်နိုင်သည်။ ကိုယ့်လမ်းကိုယ်ရွေးနိုင်သည်။ 

မည်သည့်အခြေအနေတွင်မဆို သင့်အနေဖြင့် အားသာချက်ရရှိနိုင်ပြီး သင်၏အမြတ်အစွန်းများ တိုးလာနိုင်သည်။ ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို ရယူရန် ဤနေရာ ကို နှိပ်ပါ သို့မဟုတ် ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုအဖွဲ့သို့ ဆက်သွယ်နိုင်ပါသည်။

လေ့လာသင်ယူ၍ သင့်ကိုယ်သင် အဆင့်မြှင့်တင်ပြီး LiteFinance အကျိုးဆောင်ကို သင့်အားသာချက် အတွက် အသုံးပြုပါ။လုပ်ဆောင်မှုကို ကျွမ်းကျင်စွာ ချဉ်းကပ်နိုင်သောအခါတွင် Forex စျေးကွက်၌ ကုန်သွယ်မှုပြုလုပ်ခြင်းနှင့် အမြတ်အစွန်းများ ရရှိရန်ဆောင်ရွက်ခြင်းမှာ ပိုမိုလွယ်ကူလာမည် ဖြစ်ပါသည်။

LiteFinance  copy trading စတင်အသုံးပြုပုံ

အောက်ပါလုပ်ဆောင်ပုံအဆင့်ဆင့်မှာ ကုန်သွယ်မှုကူးယူခြင်းကို စတင်ရန် ရိုးရှင်းသော အဆင့်အချို့ ဖြစ်သည်။

  1. Copy trading  ပလပ်ဖောင်းပေါ်တွင် မှတ်ပုံတင်ပါ

  2. ဖော်ပြထားသည့် ရွေးချယ်မှုအဆင့်များကို အသုံးပြု၍ ကူးယူမည့် နေရာ ရှိ ကုန်သည်ကို ရွေးချယ်ပါ။

  3. သင့်အကောင့်ကို ငွေဖြည့်ပါ

  4. ကန့်သတ်ချက်များကို သတ်မှတ်ပြီး ရွေးချယ်ထားသော ကုန်သည်ကို စတင်ကူးယူပါ။

LiteFinance: LiteFinance  copy trading စတင်အသုံးပြုပုံ
TrustTrade
အမြတ်ရနှုန်း
29509.96%
v
vahidpr
အမြတ်ရနှုန်း
12407.55%
LiteFinance: LiteFinance  copy trading စတင်အသုံးပြုပုံ
misaghrezaei
အမြတ်ရနှုန်း
11611.74%
LiteFinance: LiteFinance  copy trading စတင်အသုံးပြုပုံ
Sharokin
အမြတ်ရနှုန်း
8995.21%
LiteFinance: LiteFinance  copy trading စတင်အသုံးပြုပုံ
investormaster
အမြတ်ရနှုန်း
8018.47%

အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူပါ

လေ့ကျင့်မှုမပါဘဲ အရောင်းအ၀ယ်လုပ်သည့် ပထမဆုံးနေ့မှ အမြတ်ငွေကို ရယူပါ။ ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးကုန်သည်များသည် ၎င်းတို့၏ ငွေရှာနည်းဗျူဟာများကို မျှဝေရန်အတွက် တူညီသောပလက်ဖောင်းပေါ်တွင် စုဝေးနေကြသည်။

ထပ်မံလေ့လာရန်

Forex ကုန်သွယ်မှုများကို စတင်ကူးယူနည်း

Forex ကုန်သွယ်မှုများကို ကူးယူရန် မည်သို့ လုပ်ဆောင်သင့်သည်ကို လေ့လာကြပါစို့။ လက်တွေ့တွင် လုပ်ဆောင်ရမည့်အဆင့်များသည်  လွယ်ကူပါသည်၊ သို့သော် ဤစနစ်ကိုအသုံးပြုခြင်းမှ အမြင့်ဆုံးသော အကျိုးရလာဒ်များ ဖြစ်နိုင်သမျှ များများရရှိရန် အသေးစိတ် ရှင်းပြပေးသွားပါမည်။

1. Copy trading  ပလပ်ဖောင်းပေါ်တွင် မှတ်ပုံတင်ပါ

ကမ္ဘာတစ်ဝှမ်းရှိ ပရော်ဖက်ရှင်နယ် ကုန်သည်များ၏ ကုန်သွယ်မှုများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး ၎င်းတို့ကို ကူးယူနိုင်ရန်  copy trading လပ်ဖောင်းပေါ်တွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။

ပထမဦးစွာ ဤနေရာ ရှိ စနစ်တွင် စာရင်းသွင်းပါ။ မှတ်ပုံတင်ခြင်း လုပ်ဆောင်ချက်သည် လွယ်ကူပါသည်။ သင့်နိုင်ငံ ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာကို ထည့်သွင်းပြီး စကားဝှက်တစ်ခု သတ်မှတ်ပါ။ လုံခြုံသော စကားဝှက်ဖြစ်စေရန် ရှုပ်ထွေးသော စကားဝှက်ကို သတ်မှတ်ပါ၊ ငွေကြေးနှင့် ပတ်သက်သည့် အရာအားလုံး ဘေးကင်းပါလိမ့်မည်။ ထို့အပြင် နောက်ပိုင်းတွင် သင်သည် အခြားအီးမေးလ်လိပ်စာကို အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း သတိရပါ၊ ထို့ကြောင့် လူမှုကွန်ရက်များ သို့မဟုတ် အီးမေးလ်ပို့ရာတွင် သင်ပုံမှန် အသုံးပြုသည့် လိပ်စာကို မထည့်ပါနှင့်။

LiteFinance: 1. Copy trading  ပလပ်ဖောင်းပေါ်တွင် မှတ်ပုံတင်ပါ

2. ကူးယူမည့် ကုန်သည်ကို ရွေးပါ

ပွင့်လင်းပြီး စိတ်ကြိုက် ပြင်ဆင်နိုင်သော အွန်လိုင်းပေါ်တွင် ပြသထားသည့် ရပ်တည်ချက်အဆင့်များကို အသုံးပြု၍ အောင်မြင်သော ကုန်သည်များကို ရွေးချယ်နိုင်သည်။

my.litefinance.org ပလပ်ဖောင်းတွင် စာရင်းသွင်းထားပြီး ဖြစ်ပါက ပုံမှန်အတိုင်းဝင်ရောက်ပါ။

မှတ်ပုံတင်ပြီးနောက် ကုန်သွယ်မှုများကို အပြည့်အဝ စောင့်ကြည့်၍ရမည့် ရပ်တည်ချက်အဆင့်ကို အသုံးပြု၍ ကုန်သည်တစ်ဦးကို ရွေးချယ်နိုင်ပါသည်။ ဘယ်ဘက်ရှိ ဒေါင်လိုက်မီနူးရှိ “Copy”  ကို နှိပ်ပါ။ ထို့နောက်  Popular menu သို့ သွားပါ။ ဤမီနူးသည် များပြားလှသော ရင်းနှီးမြှုပ်နှံသူများ၏အပ်ငွေများကို စီမံခန့်ခွဲနေသည့် ကုန်သည်များစာရင်းကို ပြသထားသည်။

ဤနေရာတွင် သင်သည် အလိုရှိသည့်အတိုင်း ကုန်သည်များပေါင်းထည့် စာမျက်နှာကို စိတ်ကြိုက် ပြင်ဆင်နိုင်သည်။ ဥပမာ ပုံမှန်အားဖြင့် ပြသသော ကတ်ပုံစံထက် ဇယားကွက်ဖြင့် ပြသမှုကို ကျွန်ုပ်နှစ်သက်သည်။ ထို့အပြင် ကုန်သည်ရွေးချယ်ရန် ရွေးချယ်နိုင်သည့်အခြေအနေများစွာရှိပါသည်။

စတင်ရှာဖွေကြည့်ကြပါစို့။ အောက်ဖော်ပြပါပုံတွင် ကုန်သည် တစ်ဦးချင်းစီကို ရွေးချယ်ရန် အရေးပါသည့် ရွေးချယ်မှုများကို အမှတ်အသားပြထားပါသည်။

LiteFinance: 2. ကူးယူမည့် ကုန်သည်ကို ရွေးပါ

1 – ကတ်ပုံစံဖြင့် ပြသမှုမှ ဇယားကွက်ပုံစံဖြင့် ပြသမှုသို့ ပြောင်းခြင်း

2 – Quick trading  option ကိုလည်း ပြုလုပ်နိုင်သည့် ကတ်ပုံစံဖြင့် မြင်ရသော မြင်ကွင်းကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး အဆိုပါမီနူးမှ  ဤရွေးချယ်မှုကို အသက်သွင်းပြီးသည်နှင့် ကုန်သည်တစ်ဦးစီအတွက်  copy ခလုတ်တစ်ခု ပါရှိမည်ဖြစ်သည်။ ၎င်းကို နှိပ်၍ လုပ်ဆောင်ကြည့်နိုင်သည်။ ဤနေရာတွင် မည်သည်ကို ထပ်ထည့်သင့်သနည်း၊ quick trading option ကို မစတင်မှီ သတိပြုရန် အချက်များရှိပါသည် သို့မဟုတ်ပါက အသိပညာ မကြွယ်ဝသော ကလေးတစ်ယောက်သည်ပင်  copy trading ကို လုပ်ဆောင်နိုင်ပါသည်။ ရွေးချယ်ထားသော ကုန်သည်တစ်ဦးတွင် နှိပ်သည့်အခါ ၎င်းထံမှကူးယူနိုင်သော အချက်အလက် အပြည့်အစုံနှင့်  အမြတ်ရနှုန်းအား အသေးစိတ် ဖော်ပြသည့် ဂရပ်ကို တွေ့ရပါမည်။ 

3 – “Period” လုပ်ဆောင်ချက်သည် ကုန်သည်များကို သတ်မှတ် ကန့်သတ်ချက်များဖြင့် စီထားမည့်ကာလ အတိုင်း သတ်မှတ်ထားခြင်းဖြစ်သည်။   “All time”  (မူလသတ်မှတ်ချက်) ၊ 1 day (နေ့တနေ့အတွက် နံပါတ်တစ် ကုန်သည်မှာ မည်သူဆိုသည်ကို အတိအကျ မစစ်ဆေးပါက ဤရွေးချယ်မှုကို ထည့်စဉ်းစားလျှင် ခက်ခဲမှုရှိ)၊  1, 3  သို့မဟုတ် နောက်ဆုံး 6  လ သို့မဟုတ် 1 နှစ် စသဖြင့် ရွေးချယ်နိုင်ပါသည်။

4 – အမြတ်ရနှုန်း၊ စီမံခန့်ခွဲနေသည့် အရင်းအနှီး၊ ကူးယူထားသူ အရေအတွက်၊ ကုန်သွယ်မှု စုစုပေါင်းကာလ နှင့် ဆုံးရှုံးနိုင်ချေသတ်မှတ်မှုများဖြင့် ကုန်သည်ရပ်တည်မှုကို သီးခြားကန့်သတ်ချက်များအလိုက် စီခြင်း။

5 – “Select”  ။ ၎င်းသည် သုံးစွဲသူ၏ ကန့်သတ်ချက်များကို သတ်မှတ်ပေးသည့် ကုန်သည်များ၏ ရွေးချယ်မှုကို အပြည့်အဝ စိတ်ကြိုက် ပြင်ဆင်ရန် ကူညီပေးသည့် အဆင့်များစွာရှိသော စိစစ်မှုတစ်ခု ဖြစ်သည်။ ဘယ်မှညာ၊ အထက်မှ အောက်အတိုင်း ၎င်းတို့ကို အနီးကပ် လေ့လာကြည့်ကြပါမည်။ 

LiteFinance: 2. ကူးယူမည့် ကုန်သည်ကို ရွေးပါ

အမြတ်ရနှုန်း (Profitability) - သင်အလိုရှိသော အမြတ်ရနှုန်းကို သတ်မှတ်ကာလ တစ်ခုအတွင်း သတ်မှတ်နိုင်သည် ( အခြား စစ်ထုတ်မှုကို အသုံးပြု၍ စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း)။ တစ်ဆက်တည်း သတိပြုရန်မှာ မြင့်မားသော အမြတ်ရနှုန်းသည် မြင့်မားသော ဆုံးရှုံးမှုများနှင့် ဆက်စပ်နေကြောင်း သတိရပါ။ ဤစနစ်တွင် အမြတ်ရနှုန်း  30,000 % ထက် ကျော်လွန်သော ကုန်သည်အချို့ရှိထားသော်လည်း ထိုသို့သော ကုန်သည်များ၏  ဆုံးရှုံးမှုများမှာလည်း မြင့်မားသည်။ လူတိုင်းသည် ၎င်းတို့လိုချင်သည့် အရာကို ကိုယ်တိုင်ဆုံးဖြတ်သင့်သည် - မြင့်မားသော ဆုံးရှုံးမှုများနှင့် ဆက်စပ်နေသည့် များပြားသော ဝင်ငွေနှင့် - နည်းပါးသော အရင်းအနှီးအသုံးပြုမှုနှုန်းဖြင့် သေးငယ်သော  အမြတ်ရနှုန်း။

ပမာဏ များသောရင်းနှီးငွေသည် နောက်ဆုံးတွင် အကောင့်၏ အဆိုးဆုံးအခြေအနေကို အထောက်အကူ ဖြစ်စေသော်လည်း ကုန်သွယ်မှုကူးယူသည့် ပြင်ဆင်ချက်ဆက်တင် များမှတစ်ဆင့် ဆုံးရှုံးမှုများကို လျှော့ချနိုင်သောကြောင့် ဆုံးရှုံးနိုင်ချေမြင့်မားမှုရှိသော ကုန်သည်များကို ကူးယူနိုင်ဆဲဖြစ်ကြောင်း ကျွန်ုပ် တင်ပြလိုပါသည်။ ၎င်းကို ထပ်မံ၍အသေးစိတ် ပြောပါမည်။

ကုန်သွယ်မှုပြုလုပ်သည့်ကာလ (Period of trading) ဆိုသည်မှာ ကူးယူသည့်စနစ်၌ ကုန်သည်တစ်ဦး၏ ကုန်သွယ်သည့်ကာလအား ရက်ဖြင့် တိုင်းတာခြင်းကို ဆိုလိုသည်။ ကုန်သည်တစ်ဦးသည်  အချိန်ကြာမြင့်စွာ အရောင်းအ၀ယ် လုပ်လေ ၎င်း၏ ကုန်သွယ်မှု သမိုင်း ကာလရှည်လေဖြစ်ပြီး ဤသည်မှာ ကုန်သည်ကို ခန့်မှန်းရာတွင် အကူအညီရသည်။ သို့သော် ဤစနစ်သို့ ဝင်ရောက်လာသူအသစ်များသည် အတွေ့အကြုံ ရင့်ကျက်သော ကုန်သည်များအဖြစ်သို့ ရောက်ရှိလာနိုင်သည်ကို သတိရပါ။

ကူးယူထားသူ အရေအတွက် (number of copy traders) သည်  စနစ်ရှိ ကူးယူထားသူအရေအတွက်အား ဖော်ပြထားသည့် ကုန်သည်၏ လူသိများမှုကို ပြသသော စစ်ထုတ်မှုဖြစ်သည်။ အချို့သော ရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့ ယုံကြည်သော ကုန်သည်အနေဖြင့် ပလပ်ဖောင်းတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းသွားပါက ၎င်းတို့လည်း လိုက်ပါကူးပြောင်းနိုင်သည်ကို သတိပြုပါ။ ထို့အပြင် အချို့သော ကုန်သည်များသည် ၎င်းတို့၏ ပရိုဖိုင်များကို ကြော်ငြာရန် အချိန်မပေးနိုင်စဉ်တွင် အချို့သည် လူမှုကွန်ယက် ဆိုရှယ်မီဒီယာများတွင် ၎င်းတို့၏ ပရိုဖိုင်များဖြင့် ရင်းနှီးမြုပ်နှံသူ အသစ်များအား ဆွဲဆောင်ရန်အတွက် မားကတ်တင်း ပြုလုပ်ကြသည်။ သင် ကူးယူမည့်ကုန်သည်ကို‌ ရွေးချယ်သောအခါ အချက်အလက် အားလုံးသည် အမြဲ မြင်သာမည်မဟုတ်သောကြောင့် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားသင့်သည်။

အမြင့်မားဆုံး ဆုံးရှုံးနိုင်ခြေ (maximum risk level) ။ ထိုအချက်ကို အပေါ်တွင် တစ်စိတ်တစ်ပိုင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ နောက်ထပ် အသေးစိတ် အချက်များဖြစ်သည့် 4.2၊ 4.3၊ 4.4 တို့အား Social Trading ပလပ်ဖောင်းရှိ FAQ  ကဏ္ဍတွင် တွေ့ရှိရမည်ဖြစ်သည်။ ရိုးရှင်းစွာ တင်ပြရလျှင် ကုန်သည်၏ ထည့်ဝင်ငွေအား အသုံးပြုမှုနှုန်းနှင့် လက်ကျန်ငွေ၏ အဆိုးဆုံးအခြေအနေ အပေါ် အခြေခံ၍ ဆုံးရှုံးနိုင်ချေကို တွက်ချက်သည်။ ဆုံးရှုံးနိုင်ချေပိုများလေ အကောင့်တစ်ခုလုံး ၏ ထည့်ဝင်ငွေနှင့်  နှိုင်းယှဉ်ပါက ကုန်သွယ်မှုတွင် ငွေ ပိုမိုအသုံးပြုရလေ ဖြစ်သည်။ ငွေကို များများသုံးထားလေ (Margin Call နှင့် Stop Out တွင် ဤတန်ဖိုးများ တိုးလာခြင်း)၊ အကောင့်၏ အဆိုးဆုံးအခြေအနေများကို ခံနိုင်ရည်ရှိရန် လိုအပ်သော ငွေနည်းပါးလေ ဖြစ်သည်။ ထို့အပြင်  leverage ( ယေဘုယျအားဖြင့် မြင့်မားသော leverage သည် မြင့်မားသော ဆုံးရှုံးမှုများနှင့် ညီမျှသည်) နှင့် ကုန်သည်၏ အကောင့်သက်တမ်းကို ထည့်သွင်းစဉ်းစားသည်။

ကုန်သည်ရရှိမည့်ကော်မရှင် (trader’s commission) ဆိုသည်မှာ စီမံခန့်ခွဲသည့်ကုန်သည် ရရှိမည့် အမြတ်ရာခိုင်နှုန်း တစ်ခုဖြစ်သည်။ ဤနေရာရှိ ဆိုလိုချက်အားလုံးမှာ ရိုးရှင်းပါသည်- ကုန်သည်တစ်ဦး အနေဖြင့် ၎င်း၏ အမြတ်အစွန်းရှိသော ကုန်သွယ်မှုများကို ကူးယူခွင့်ပြုခြင်းမှ ဝင်ငွေ ရရှိလိုပါသည်။ ကော်မရှင်ပမာဏကို ကုန်သည်မှ သတ်မှတ်သည်။ ကုန်သည်တစ်ဦးမှ ကော်မရှင်တစ်စုံတစ်ရာ မရရှိဟု ဆိုပါက ၎င်း၏ ကုန်သွယ်မှုများသည် အကျိုးအမြတ် မရှိသည့်အပြင် သင့်ထံမှ ကော်မရှင် ရရှိမည် မဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ကုန်သွယ်ရေးအကောင့်များကို နေ့စဉ် တွက်ချက်ဆောင်ရွက်သည်။ ကုန်သွယ်မှုပြုလုပ်သည့် နေ့စဉ်နေ့တိုင်း၏ ကုန်သွယ်ချိန်အစတွင် ယခင်ကုန်သွယ်ရက်၏ ရလဒ်များအပေါ် အခြေခံ၍ စီမံခန့်ခွဲသည့်ကုန်သည်အနေဖြင့် ကူးယူသည့်ကုန်သည် (copy trader) များထံမှ အကျိုးအမြတ်အတွက်ရရှိသည့်ကော်မရှင်ခ - rollover ဟု သတ်မှတ်သော လုပ်ငန်းစဉ်ဖြစ်ပေါ်သည်။

ကုန်သည်၏ကိုယ်ပိုင်ငွေ (trader’s assets) - ဤကန့်သတ်ချက်သည် copy trading ပြုလုပ်နိုင်သော အကောင့်တွင် သိမ်းဆည်းထားသော ၎င်းတို့၏ကိုယ်ပိုင် ငွေပမာဏအပေါ် အခြေခံ၍ ကုန်သည်များကို စိစစ်ရွေးချယ်နိုင်မည် ဖြစ်သည်။

ကူးယူသူများ၏ကိုယ်ပိုင်ငွေ (copy traders’ assets) - ဤကန့်သတ်ချက်သည် ကုန်သည်အကောင့်နှင့် တွဲလျက်ဖော်ပြချက်ဖြစ်သော ကူးယူသူ - copy trader များ၏ အကောင့်များတွင် ရှိသည့် ငွေပမာဏ အပေါ် အခြေခံ၍ ကုန်သည်များကို စိစစ်ရွေးချယ်နိုင်မည် ဖြစ်သည်။ ကုန်သည်ထံ ကူးယူရင်းနှီးထားသည့်ငွေ မည်မျှရှိသည်ကို ခန့်မှန်းနိုင်သည်။

ထို့နောက် ကျွန်ုပ်တို့အနေဖြင့် စိစစ်ရွေးထုတ်မှုများကို ပြုလုပ်ပြီးဖြစ်၍ ယခုအခါ "Apply" ကိုနှိပ်ပါမည်။

တိကျသော သီးသန့်ရွေးထုတ်မှုပြုလုပ်ရန်အတွက် ဤစိစစ်မှုများ လိုအပ်ပါသည်။ ကူးယူလိုသူအနေဖြင့် ပိုမိုရိုးရှင်းသော စိစစ်ရွေးထုတ်မှုများကို အသုံးပြု၍ ကုန်သည်များအား ၎င်းတို့၏ အမြတ်ရနှုန်း၊ ဆုံးရှုံးနိုင်ချေအဆင့်၊ ကူးယူသူအရေအတွက်ဖြင့် စိစစ်ခြင်း သို့မဟုတ် ရပ်တည်မှုအဆင့်သတ်မှတ်ချက်များဖြင့် ရွေးချယ်နိုင်သည်။

ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီး သင်နှစ်သက်ရာ ကုန်သည်(များ)ကို ရွေးချယ်ခဲ့ပြီလား။

နှစ်သက်ရာ ကုန်သည်များအား စုစည်းထားနိုင်သည့်လုပ်ဆောင်ချက်ဖြစ်သော “ကြယ်ပုံစံ” သင်္ကေတကို နှိပ်ခြင်းဖြင့် ၎င်းတို့ကို စိတ်ကြိုက်စာရင်းတွင် ထည့်သွင်းထားနိုင်ပါသည်။

LiteFinance: 2. ကူးယူမည့် ကုန်သည်ကို ရွေးပါ

သတိပြုရန်- သင်၏ဆုံးရှုံးနိုင်ချေများကို အဆင့်ခွဲ၍ ပိုမိုမြင့်မားသော အမြတ်အစွန်းများ ရရှိရန်အခွင့်အလမ်းကို တိုးမြှင့်လိုလျှင် သင်သည် ကုန်သည်အချို့ကို တစ်ကြိမ်တည်းဖြင့် ကူးယူနိုင်ပါသည်။

ထို့ကြောင့် ရွေးချယ်ထားသော ကုန်သည်ကိုနှိပ်ပါ၊ ၎င်း၏ အမြတ်ရနှုန်းဂရပ်၊ လက်ရှိကုန်သွယ်ထားသည့် အမျိုးအစားများ၊ ကုန်သွယ်မှုမှတ်တမ်း၊ ကုန်သွယ်ခဲ့သည့် အမျိုးအစားများနှင့် အဆိုပါ အမျိုးအစားများအုပ်စု တစ်ခုစီအတွက် ၎င်း၏ရလဒ်များကို စစ်ဆေးပါ။ သင်သည် ကုန်သည်ထံသို့ သီးသန့် မက်ဆေ့ဂျ်တစ်စောင် ပေးပို့နိုင်ပြီး မည်သည့်အသေးစိတ် အချက်အလက်များကိုမဆို သတ်မှတ်နိုင်ခြင်း သို့မဟုတ်  copy trading ဆက်တင်များနှင့် ပတ်သက်သော အကြံဉာဏ်အချို့ကို မေးမြန်းနိုင်ပါသည်။

ဆက်လက်၍ ယခုအခါတွင် သင့်အကောင့်၌ ကုန်သွယ်မှုများ ကူးရန်အတွက် အသုံးပြုမည့် အပ်ငွေတစ်ရပ် ပြုလုပ်ရန် လိုအပ်ပါသည်။

3. Copy trading အတွက် အကောင့်တွင်းငွေဖြည့်သွင်းခြင်း။

Copy trading စနစ်တွင် သင့်အကောင့်ထဲသို့ ငွေသွင်းမှုပြုလုပ်ပါ။ အပ်ငွေကို သင့်အကောင့်တွင် သိမ်းဆည်းထားပြီး  ကုန်သွယ်မှုများ ကူးယူရန်အတွက် အသုံးပြုမည်ဖြစ်သည်။

အမြတ်ရနှုန်းဂရပ် သို့မဟုတ် ရွေးချယ်ထားသော ကုန်သည်နှင့် အထွေထွေဖော်ပြချက် ဘေး၌ရှိသော “Copy” ခလုတ်ကို နှိပ်ပါ။ သင့်တွင်ငွေမရှိပါက အကောင့်ငွေ ဖြည့်နိုင်သည့်နေရာမှ pop-up window တစ်ခု ပေါ်လာပါမည်။

LiteFinance: 3. Copy trading အတွက် အကောင့်တွင်းငွေဖြည့်သွင်းခြင်း။

ဒီမိုကုန်သွယ်မှုကို  ရွေးချယ်နိုင်သော်လည်း ဒီမိုကုန်သွယ်ရေး ငွေကြေးဖြင့် copy trading ကို လုပ်ဆောင်ရာတွင် အမြတ်ငွေသည်လည်း ဒီမိုငွေကြေး ဖြစ်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင့်တွင် အတွေ့အကြုံမရှိပါက ဒီမိုကုန်သွယ်မှုသည် သင့်အကောင့်မှန်တွင် အရောင်းအ၀ယ် မလုပ်သေးဘဲ ပလပ်ဖောင်းကို စမ်းသပ်ခွင့်ရရှိသည့် အခွင့်အရေးဖြစ်သည်။ 

ထို့နောက်- ငွေဖြည့်ခလုတ်ကို နှိပ်လိုက်သည်နှင့် ငွေပေးချေမှု အသေးစိတ် အချက်အလက်များကို ဖြည့်ရန် ဝင်းဒိုးတစ်ခု ပေါ်လာပါလိမ့်မည်။ ငွေပေးချေမှုနည်းလမ်း ၂၀ ခန့် ရှိသည်။ အဆင်အပြေဆုံးကို ရွေးပါ။ ကျွန်ုပ်ကိုယ်ပိုင်အကြိုက်အရ Skrill ကို လျင်မြန်လွယ်ကူသောကြောင့် အသုံးပြုသော်လည်း e-payment စနစ်များ၊ ဘဏ်ကတ်များနှင့် ဘဏ်ငွေလွှဲမှုများကဲ့သို့ စနစ်များစွာရှိသည်။ နှစ်သက်ရာစနစ်အား ရွေးချယ်ပါ၊ အပ်ငွေပမာဏကိုထည့်ပါ၊ ထို့နောက် Continue ကို နှိပ်ပြီး သင့်စနစ်အပေါ် အခြေခံသည့် အဆင့်ဆင့်ညွှန်ကြားချက်များကို လိုက်နာပါ။ စည်းကမ်းအရ အလုပ်ချိန် ၁ ရက်မှ ၃ ရက်အထိ ကြာနိုင်သော အီလက်ထရောနစ်ဘဏ်ငွေလွှဲမှုများမှအပ အခြားနည်းလမ်း အားလုံးသည် ချက်ချင်းနီးပါး အလုပ်လုပ်ပါသည်။

ငွေသွင်းရန် အခြားနည်းလမ်း တစ်ခုလည်း ရှိသေးသည်။ ပလပ်ဖောင်း၏ ဘယ်ဘက်ဒေါင်လိုက်မီနူးရှိ  “Finance”  သို့ သွား၍  သင့်နိုင်ငံအတွက် ရရှိနိုင်သော နည်းလမ်းများထဲမှ အဆင်ပြေသည့် နည်းလမ်းကို ရွေးချယ်ပါ သို့မဟုတ် ပလပ်ဖောင်းပေါ်ရှိ အခြားငွေပေးချေမှု နည်းလမ်းအချို့အတွက် စာမျက်နှာကို အောက်သို့ရွှေ့ပါ။

LiteFinance: 3. Copy trading အတွက် အကောင့်တွင်းငွေဖြည့်သွင်းခြင်း။

အပေါ်ဆုံးတွင် ဖော်ပြထားသည့် ခေါင်းစဉ်တန်းကို သတိပြုပါ- ဥပမာအားဖြင့် ငွေလွှဲပြောင်းမှုမှတ်တမ်း (history of transfers) သည် စနစ်အတွင်း၌ သင်၏ ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းအားလုံး၏ မှတ်တမ်းများကို ပြသသည်။

4. ယခုအခါ copy trading လုပ်ငန်းစဉ်ကို စတင်လိုက်ကြပါစို့

သင်ရွေးချယ်ထားသော ပရော်ဖက်ရှင်နယ် ကုန်သည်များ၏ ကုန်သွယ်မှုကူးယူခြင်းကို သတ်မှတ်၍ စတင်ပါ

ရှေ့စာပိုဒ်များ၌ ကျွန်ုပ်တို့သည် ကုန်သည်အချို့ကို Favorites စာရင်းထဲသို့ ထည့်ခဲ့ပုံကို ဖော်ပြခဲ့ပါသည်၊ ယခုအခါ အဆိုပါနေရာကို နှိပ်၍ဖွင့်ပါ၊ ကုန်သည်ကို ဖော်ပြထားသည့် အကွက်နေရာကိုနှိပ်ပြီး အမြတ်ရနှုန်းဂရပ် ရှိ ကူးယူရမည့်နေရာတွင် အသုံးပြုမည့် ငွေကြေးပမာဏကို သတ်မှတ်ပါ။

ရင်းနှီးငွေ စုစုပေါင်း ပမာဏကို စာမျက်နှာ၏ အောက်ခြေ (နက်ပြာရောင်မျဉ်း) တွင်ပြသထားသည်။ ကုန်သည် အနည်းငယ်ကို ခွဲ၍ကူးယူတော့မည် ဖြစ်သောကြောင့် ကျွန်ုပ်၏ငွေများကို ၎င်းတို့ကြားတွင် ဝေမျှမည် ဖြစ်သည်။ အဆိုပါ နက်ပြာရောင်မျဉ်းကိုနှိပ်ခြင်းဖြင့် စာရင်းကို ချဲ့ကြည့်နိုင်သည်။ နောက်ပိုင်းတွင် ၎င်းစာရင်း သည် copy trading မှ သင့်လက်တလော ရရှိမည့်ဝင်ငွေဆိုင်ရာ အချက်အလက်များကို ပြသမည်ဖြစ်သည်။ Copy Equity ဂရပ်အောက်တွင် “Copy settings” ရှိသည်။ ၎င်းသည် အလွန်အရေးကြီးသော ရွေးချယ်မှု ဖြစ်သည်။ ၎င်းကိုနှိပ်ပါ။ တစ်ဖန် ပုံတွင်ရှိသော အရေးကြီးသည့် ကန့်သတ်ချက်များအားလုံးကို တစ်ခုပြီးတစ်ခု မှတ်သားပေးထားပါသည်။

LiteFinance: 4. ယခုအခါ copy trading လုပ်ငန်းစဉ်ကို စတင်လိုက်ကြပါစို့

1 – Copy Equity - ဤကန့်သတ်ချက်သည် သတ်မှတ်ကုန်သည်ထံ ကူးယူရန်အတွက် အသုံးပြုသည့် ရင်းနှီးငွေပမာဏကို ကန့်သတ်ခြင်းဖြစ်သည်။

2 – Copy opened orders - ဤကန့်သတ်ချက်ကိုဖွင့်ထားလျှင် ၎င်းသည် ရွေးချယ်ထားသော ကုန်သည်၏ ဖွင့်ထားသော ကုန်သွယ်မှုအားလုံးကို စတင်ကူးယူသည့်အချိန်တွင် လက်ရှိဈေးကွက် ပေါက်စျေးဖြင့် ကူးယူပေးမည် ဖြစ်သည်။ ၎င်းကို ပိတ်ထားပါက အသစ်ဖွင့်မည့် ကုန်သွယ်မှုများကိုသာလျှင် ကူးယူမည် ဖြစ်သည်။

3 – Copy type - ကုန်သည်တစ်ဦးသည် copy trading ဆိုင်ရာကန့်သတ်ချက်များကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး ရောင်းဝယ်မည့် ပမာဏသတ်မှတ်ချက်ကို နှစ်သက်ရာသတ်မှတ်ခြင်းအားဖြင့် ဆုံးရှုံးမှုများကို အနည်းဆုံး ဖြစ်စေသော သတ်မှတ်ချက်အမျိုးအစား ၄ မျိုးမှ ရွေးချယ်နိုင်သည်။

4 – Max loss/Max profit -  ခြုံငုံ၍ဆိုရလျှင် ဤကန့်သတ်ချက်များသည် Stop Loss နှင့် Take Profit ၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် လက်ရှိကူးယူမှုအတွက် အမြင့်ဆုံး အမြတ်/အရှုံးပမာဏ ကို ကန့်သတ်ခွင့်ပြုသည်။ ဆိုလိုသည်မှာ ကူးယူခြင်းလုပ်ငန်းစဉ်သည် copy trading အတွက် အသုံးပြုထားသည့် ငွေ၏ ( portfolio ရှိ “Profit” ဂရပ်) ကန့်သတ်ထားသည့် ပမာဏ သို့ရောက်ရှိသည်နှင့် တပြိုင်နက် ရပ်တံ့သွားမည်ဖြစ်ပြီး အကောင့်ကို ကုန်သည်ထံမှ ခွဲထုတ်လိုက်မည် ဖြစ်သည်။

ကန့်သတ်ချက်များကို အသေးစိတ် ထပ်မံ၍ ဆန်းစစ်ပေးပါဦးမည်။ ဆက်လက်ပြီး ကျွန်ုပ်တို့သည် မူလအတိုင်း သတ်မှတ်ထားသည့် ကူးယူမည့်အမျိုးအစား ကို ရွေးချယ်လိုက်သည် ဆိုပါစို့။ သတ်မှတ်လိုသော ကန့်သတ်ချက်များကို သတ်မှတ်ပြီး စတင်ကူးယူမည်ဆိုလျှင် - COPY ခလုတ်ကို နှိပ်ပါ။ Portfolio (စာမျက်နှာ၏အောက်ပိုင်း) တွင် သင် ကူးယူထားသည့် ကုန်သွယ်မှုများကို ပြသမည်ဖြစ်သည်။ ကုန်သည် ၂ ဦး ကို စတင်ကူးယူလိုက်ပြီဖြစ်သည်။ ပုံသဏ္ဌာန်သည် ဤသို့ဖြစ်သည်-

LiteFinance: 4. ယခုအခါ copy trading လုပ်ငန်းစဉ်ကို စတင်လိုက်ကြပါစို့

ကျွန်ုပ်တို့အနေဖြင့် လုပ်ဆောင်ရမည်မှာ ကူးယူခြင်း လုပ်ငန်းစဉ်ကို စောင့်ကြည့်၍ လိုချင်သော အမြတ်ပမာဏသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အဆိုပါအမြတ်ကို သိမ်းဆည်းကာ သင့်အနေဖြင့် အခြားကုန်သည်များကို ထပ်မံကူးယူလိုခြင်း သို့မဟုတ် အမြတ်ကို ထုတ်ယူလိုပါက အကောင့်ကို ခွဲထုတ်လိုက်ရန်သာလိုပါသည်။ CLOSE ခလုတ်သည် ကူးယူခြင်းကို ရပ်တံ့စေပြီး Edit ခလုတ်သည် ကူးယူသည့် ပုံစံအမျိုးအစား အပါအဝင် ဆက်တင်များကို အချိန်မရွေး ပြင်ဆင်နိုင်စေပါသည်။

အဆိုပါ စောင့်ဆိုင်းနေစဉ်တွင် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းမှ ကုန်သည်များနှင့် စကားပြောနိုင်ပြီး အကြံညာဏ်ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။ Chat ခလုတ်သည် ပလပ်ဖောင်း၏ အပေါ်ဘက် ညာဘက်ထောင့်တွင် တည်ရှိသည်။

LiteFinance: 4. ယခုအခါ copy trading လုပ်ငန်းစဉ်ကို စတင်လိုက်ကြပါစို့

ထို့အပြင် အဆိုပါ chat အတွင်းရှိ သင့်အတွက် အသုံးဝင်သော အကြောင်းအရာများစွာ ပါဝင်သည့် channel ကို ထပ်မံ လေ့လာနိုင်သည်။

LiteFinance: 4. ယခုအခါ copy trading လုပ်ငန်းစဉ်ကို စတင်လိုက်ကြပါစို့

ယခုအခါ ကူးယူနိုင်မည့်ပုံစံ (copy types) များကို ဆန်းစစ်ကြပါမည်။


Forex တွင်ရှိသော Copy trading အမျိုးအစားများ

Forex copy trading  မည်ကဲ့သို့ အလုပ်လုပ်သနည်း။ ကူးယူနိုင်သည့်ပုံစံ ၄ မျိုးထဲမှ အဆင်ပြေဆုံးတစ်ခုကို ရွေးချယ်ခြင်း။

မှတ်ချက်- ရိုးရှင်းစွာနားလည်စေရန်အတွက် “investor’s account” (ကုန်သွယ်မှုကူးယူထားသည့်အကောင့်) နှင့် “trader’s account” (ကုန်သွယ်မှုကူးယူခွင့်ပေးထားသည့်အကောင့်) ဟူ၍ ဖော်ပြပါမည်။

1. “Full size 1 to 1”

ဤ အမျိုးအစားသည် investor’s account သို့ ကူးယူထားသော ကုန်သွယ်မှုပမာဏသည် trader’s account ရှိ ကုန်သွယ်မှုပမာဏနှင့် ညီမျှသည်ဟု ဆိုလိုသည်။ ဥပမာအားဖြင့် trader’s account တွင် 5 lots ရောင်းဝယ်ထားပါက investor’s account တွင်လည်း 5 lots ဖြင့် ကူးယူမည်ဖြစ်သည်။

LiteFinance: 1. “Full size 1 to 1”

2. Fixed size of each trade

ဤ အမျိုးအစားသည် investor’s account အတွင်းသို့ ကူးယူထားသော ကုန်သွယ်မှု ပမာဏသည် Copy Settings တွင် သတ်မှတ် lots ဖြင့် ကြိုတင်သတ်မှတ်ထားသည့် ပုံသေပမာဏ lots ဖြစ်သည်ဟု ဆိုလိုသည်။

ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံသူသည် ဤတန်ဖိုးကို 2 lots သတ်မှတ်ပြီး ကုန်သည်သည် 5 lots  ရောင်းဝယ် ပါက investor's account တွင် 2 lots ဖြင့်သာကူးယူမည်ဖြစ်သည်။

LiteFinance: 2. Fixed size of each trade

3. Copying a % of each trade’s volume

ဤ အမျိုးအစားသည် investor’s account သို့ ကူးယူထားသောကုန်သွယ်မှုပမာဏသည် trader’s account ရှိ သက်ဆိုင်ရာ ကုန်သွယ်မှု ပမာဏ၏ ရာခိုင်နှုန်း % နှင့်ညီမျှသည်ဟု ဆိုလိုသည်။

ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံသူသည် ဤကိန်းဂဏန်းကို 50% သတ်မှတ်ပြီး ကုန်သည်သည် 5 lots ရောင်းဝယ်ခဲ့ပါက investor’s account တွင် 2.5 lots ကိုသာကူးယူမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူသည် 1% တိုးခြင်းဖြင့် ဤပမာဏကို 1% မှ 10,000% အထိ သတ်မှတ်နိုင်သည်။

LiteFinance: 3. Copying a % of each trade’s volume

4. Copying in proportion to investor’s funds

ဤ အမျိုးအစားသည် investor’s account သို့ ကူးယူထားသော ကုန်သွယ်မှုပမာဏကို  copy equity/trader’s equity အချိုးဖြင့် သတ်မှတ်ကြောင်းဆိုလိုသည်။ ကုန်သွယ်မှုကူးယူရန်အတွက် အသုံးပြုသည့် ရင်းနှီးမြှုပ်နှံသူ၏ ကူးယူမှုပမာဏကို copy setting တွင် သတ်မှတ်ထားခဲ့သည်။

“All Equity” ကို copy equity အဖြစ် အသုံးပြုပါက ကုန်သွယ်မှု တစ်ခုကို ကူးယူသည့် အချိန်၌  investor’s account ရှိ လက်ရှိရင်းနှီးငွေ ပမာဏနှင့် ညီမျှမည်ဖြစ်သည်။

Investor’s account သို့ ကူးယူမည့် ကုန်သွယ်မှု ပမာဏကို အောက်ပါနည်းလမ်းဖြင့် တွက်ချက်သည်-

Volume of trade in trader’s account * copy equity / trader’s equity = volume of trade in investor’s account

ဥပမာအားဖြင့် trader’s account equity တွင် $5,000 နှင့် investor’s account equity တွင် $10,000 အသီးသီးရှိသည်။

- ရင်းနှီးမြှုပ်နှံသူသည် copy equityကို 2,500 ဖြင့် သတ်မှတ်ပါက၊ ကုန်သွယ်မှုပမာဏကို 2,500/5,000 = 0.5 ဖြင့် ၎င်း၏အကောင့်သို့ ကုန်သွယ်မှုများကို ကူးယူမည်ဖြစ်သည်( trader’s account ၏ ကုန်သွယ်မှု ပမာဏ၏ 50%) ။

- ရင်းနှီးမြှုပ်နှံသူသည် copy equityကို 6,000 ဖြင့် သတ်မှတ်ပါက၊ ကုန်သွယ်မှုပမာဏကို 6,000/5,000 = 1.2 ဖြင့် ၎င်း၏အကောင့်သို့ ကုန်သွယ်မှုများကို ကူးယူမည်ဖြစ်သည် ( trader’s account ၏ ကုန်သွယ်မှု ပမာဏ၏ 120%)။

- ရင်းနှီးမြှုပ်နှံသူသည် equity အားလုံးကို အသုံးပြုမည်ဆိုပါက၊ ကုန်သွယ်မှုပမာဏကို 10,000/5,000 = 2 ဖြင့် ၎င်း၏အကောင့်သို့ ကုန်သွယ်မှုများကို ကူးယူမည်ဖြစ်သည် ( trader’s account ၏ ကုန်သွယ်မှု ပမာဏ၏ 200%)။

LiteFinance: 4. Copying in proportion to investor’s funds

Copy trading ၏ အားသာချက်များနှင့် အားနည်းချက်များ

အခြားကုန်သည်များ၏ ကုန်သွယ်မှုအတိုင်း လိုက်လံလုပ်ဆောင်ရာတွင် သင့်တွင် ယခင်အတွေ့အကြုံ အနည်းငယ် မျှသာရှိပါက  copysocial trading ၏ အားသာချက်များနှင့် အားနည်းချက်များကို နားလည်ပြီး ကိုယ်ပိုင်အသိညာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ၎င်းတို့အား ချိန်ဆရန် အရေးကြီးပါသည်။

Copy trading ၏ အားသာချက်များ

  • ကိုယ်ပိုင် ကုန်သွယ်ရေးဆုံးဖြတ်ချက်များ မချရသောကြောင့် စိတ်ခံစားမှုမရှိခြင်း၊

  • ကျွမ်းကျင်သူကဲ့သို့  Forex စျေးကွက်ကို  နားလည်ရန် မလိုအပ်ပါ၊ ကုန်သွယ်မှုပလပ်ဖောင်း မည်သို့အလုပ်လုပ်ပုံ၊ စျေးကွက်ကို ခွဲခြမ်းစိတ်ဖြာပုံ သို့မဟုတ် ခန့်မှန်းချက်များကို စူးစမ်းရန်မလိုအပ်ခြင်း။

  • အခြားသူများ လုပ်ဆောင်သည့်အတိုင်း လုပ်ဆောင်ခြင်းဖြင့် အောင်မြင်နိုင်ခြင်း — ကုန်သွယ်ရန် သင်ယူမှု မပြုလုပ်ရခြင်း။

  • ကုန်သည်တစ်ဦးကို ရွေးချယ်သည့်အခါ အမြတ်ရနိုင်ချေနှင့် ၎င်းသည်အချိန်နှင့်အမျှ ပြောင်းလဲပုံ၊ ကုန်သွယ်ရေးအမျိုးအစားများ၊ ၎င်း၏ အကောင့်တွင် ငွေမည်မျှရှိခြင်း၊ ကူးယူသူမည်မျှ ရှိခြင်း နှင့် ၎င်း အသုံးပြုသည့် ကုန်သွယ်ရေးဗျူဟာ၏ ဆုံးရှုံးနိုင်ခြေ စသည့်အသေးစိတ်အချက်အလက်များကို တွေ့မြင်ရခြင်း။

  • ကုန်သည်သည် သင်၏ငွေကို စီမံခန့်ခွဲခြင်း သို့မဟုတ် စွက်ဖက်ခြင်းမပြုဘဲ သင့်အကောင့်တွင် ကုန်သွယ်မှုများကိုသာ ကူးယူခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်သည်သည် ၎င်း၏ငွေကို ဆုံးရှုံးမှသာလျှင် သင်၏ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးမည်ဖြစ်ခြင်း။

  • ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်များကို ကိုးကားသောအခါတွင် သင်၏အရင်းအနှီးကို တိုးမြှင့်နိုင်ခြေ ပိုများခြင်း။

  • သင်၏ ရင်းနှီးမြှုပ်နှံမှုကို ခွဲထား၍ မတူညီသော ကုန်သည်များ ကြားတွင် သင်၏ ရင်းနှီးမြှုပ်နှံမှုများ ကို ခွဲဝေပေးနိုင်သည့် မတူညီသော ကုန်သွယ်မှု အကောင့်များတွင် ကုန်သည်များစွာကို ကူးယူနိုင်ပါသည်။ ထို့ကြောင့် ကုန်သည်တစ်ဦးသည် တစ်ချိန်ချိန်တွင် ဆုံးရှုံးမှုရှိပါက အခြား ကုန်သည်များထံမှ အမြတ်အစွန်းကြောင့် ဆုံးရှုံးရမှုအတွက် ကာမိနိုင်ခြင်း။

  • စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သူများထက် အချိန်ပိုရနိုင်ခြင်း။

Copy trading ၏ အားနည်းချက်များ

  • သင်သည် အခြားကုန်သည်များ၏ အတွေ့အကြုံကို အားကိုးသောအခါ သင့်အနေဖြင့် ကုန်သည်များကို ကျွမ်းကျင်လိမ္မာစွာ မရွေးနိုင်ပါက သင့်ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနိုင်ခြင်း။

  • သင်သည် အခြားကုန်သည်များ၏ လုပ်ဆောင်ချက်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေသင့်ပြီး ၎င်းတို့၏ အသိပေးချက်များကို လျင်မြန်စွာ တုံ့ပြန်ရမည်ဖြစ်ဖြင်း။

  • Copy trading ဖြင့် ကူးယူမည့် ကုန်သည်ကို ရွေးချယ်ရန် သင်၏ဆုံးဖြတ်ချက်များအတွက် သင့်တွင် တာဝန်ရှိသောကြောင့် ကုန်သွယ်မှု၏ အခြေခံအသိပညာမရှိဘဲ အထူးသဖြင့် မတည်ငြိမ်မှု မြင့်မားသော အချိန်များတွင် ယုံကြည်စိတ်ချရသော အချက်ပြမှုများကို ရှာဖွေရန် ခက်ခဲခြင်း။

  • စျေးကွက်တွင် ဖြစ်ပျက်နေသည့် အရာများကို ဂရုမစိုက်ဘဲ အခြားသူများ၏ အကြံပြုချက်များကို နားယောင်နေပါက သင့်အနေဖြင့် ကုန်သွယ်မှု အကြောင်းလေ့လာရန်နှင့် သင့်ကိုယ်ပိုင် ထူးခြားသော နည်းဗျူဟာကို ဖန်တီးရန် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားမည်ဖြစ်ခြင်း။

  • ရင်းနှီးမြှုပ်နှံသူသည် ၎င်းတို့၏ အကောင့်တွင် အရောင်းအ၀ယ်များ ထပ်ခါတလဲလဲ ပြုလုပ်သော ကြောင့် ၎င်း၏ ရင်းနှီးငွေများ ဆုံးရှုံးမှုအတွက် ကုန်သည်တွင် တာဝန်မရှိပါ။ ကုန်သည်တွင် ဆုံးရှုံးမှု ဖြစ်ပေါ်ပါက ရင်းနှီးမြှုပ်နှံသူ၏ အကောင့်တွင် အလားတူဖြစ်မည်ဖြစ်ခြင်း။

Copy Trading နှင့် အသေးစိတ် သုံးသပ်မှု

သင်၏ copy trading လုပ်ဆောင်ချက်၏ ထိရောက်မှု အမြင့်မားဆုံး ဖြစ်စေရန်အတွက် သင်သည် စျေးကွက် ခွဲခြမ်းစိတ်ဖြာမှုကို သင်ကိုယ်တိုင် လုပ်ဆောင်သင့်သည်။ ၎င်းသည် အလွန်အရေးကြီးသော အချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် နာမည်ကျော် ကုန်သည်များသည်ပင် အမှားအယွင်းများ ပြုလုပ်နိုင်သောကြောင့် ၎င်းတို့၏ခန့်မှန်းချက်များကို နှစ်ကြိမ်စစ်ဆေးသင့်သည်။ အောက်ပါအချက်များကို အသုံးပြုခြင်းဖြင့် စျေးကွက်ထဲသို့ ဝင်ရောက်လေ့လာနိုင်သည်။

  • Technical analysis - ဤစျေးကွက် သုတေသနအမျိုးအစားသည် စျေးနှုန်း၏ သမိုင်းကြောင်းကို အခြေခံ၍ စျေးကွက် ရွေ့လျားမှုများကို ခန့်မှန်းနိုင်စေသည် (လတ်တလော ရောင်း၀ယ်သည့်နေ့ရက်၊ ရက်သတ္တပတ် သို့မဟုတ် လ)။ ကုန်သွယ်ရေးအမျိုးအစားများ၏ စွမ်းဆောင်ချက်နှင့် သက်ဆိုင်သည့် စည်းမျဉ်းအချို့ကို ရှာဖွေရန်နှင့် ကုန်သည်များ၏ ယူဆချက်များကို စစ်ဆေးရန် ကွဲပြားခြားနားသော သုံးသပ်လေ့လာမှုအမျိုးအစားများဖြစ်သည့် pattern, candlestick စသည်ဖြင့် အသုံးပြုခြင်း။

  • Fundamental analysis - ဤသည်မှာ ကုန်သွယ်ရေးအမျိုးအစားများ၏ စျေးနှုန်းဆိုင်ရာ ပြုမူချက် ကို သာမက ၎င်းတို့၏ပင်ကိုယ်တန်ဖိုး နောက်ကွယ်ရှိ အကြောင်းရင်းများကို လေ့လာခြင်း ဟု ဆိုလိုသည်။ Fundamental analysis ဆိုသည်မှာ စတော့ရှယ်ယာ သို့မဟုတ် ငွေကြေးတန်ဖိုး အတက်အကျ ဖြစ်စေသူအား စစ်ဆေးခြင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့်  အနာဂတ်အတွက် လုပ်ဆောင်ချက်များကို စစ်ဆေးခြင်းဖြစ်သည်။ ဤသည်မှာ လေးနက်ပြီး ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများအတွက် မရှိမဖြစ် လိုအပ်သောကြောင့် သင်သည်  copy trading ဖြင့် ရေရှည်ကုန်သွယ်မှုများပြုလုပ်လိုပါက ဤသုတေသန၏ အခြေခံများကို သေချာလေ့လာသင့်ခြင်း။

Copy Trading နှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု

Copy trading ရှိ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုသည် သင့်အရင်းအနှီးအပေါ် သက်ရောက်နေသော အမြတ်ရနိုင်ချေ နှင့် ထိုက်တန်ခြင်းရှိမရှိ အကဲဖြတ်နိုင်စေသောကြောင့် ၎င်းသည်အခြားအရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ ဤအချက်သည် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူဖြစ်စေမည့် စည်းမျဉ်းများဖြစ်သည်။

အခြေခံအားဖြင့် ကုန်သွယ်မှုတွင် ဆုံရှုံးနိုင်ချေစီမံခန့်ခွဲခြင်းဆိုင်ရာ စည်းမျဉ်းများတွင် အောက်ပါအချက်များ ပါဝင်သည် ။

  • အရောင်းအဝယ်တစ်ခု၏  ဆုံရှုံးနိုင်ချေ/အမြတ်ရနိုင်ချေ အချိုးကို ဆုံးဖြတ်ခြင်း — ကုန်သည်တိုင်း သည် ၎င်းတို့အရင်းအနှီး၏ မတူညီသော အချိုးအစားများကို ရင်းနှီးမြှုပ်နှံမှု၌ ထည့်သွင်းရန် အသင့်ဖြစ်နေခြင်း။

  • အောင်မြင်သော ကုန်သည်အချို့ပြုမူသလိုပင် သင့်အနေဖြင့် သင်ပိုင်ဆိုင်မှုရှိ များပြားသော ပမာဏဖြင့် မစွန့်စားပါနှင့်။ သင့်ရင်းနှီးငွေ၏ 50% ရင်းနှီးခြင်းသည် အလွန်အဆုံရှုံးမှုများသော နည်းဗျူဟာ ဖြစ်သည်။ စည်းမျဉ်းအရ ကုန်သည်များသည် သင့်ပိုင်ဆိုင်မှုတန်ဖိုး၏ 2% ထက်ပိုသော အရောင်းအဝယ် တစ်ခု သို့မဟုတ် ကုန်သွယ်ရေးအမျိုးအစားတစ်ခုတွင် ထည့်ရန် အကြံမပြုပါ။

  • ကုန်သွယ်မှုတစ်ခု ဖွင့်သည့်အခါ အကျိုးများနိုင်ခြင်း ရှိမရှိ ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ တုံ့ဆိုင်းနေပါက အခြားပိုကောင်းသည့် ကုန်သွယ်မှုကို ရွေးချယ်ခြင်း သို့မဟုတ် ဘဏ္ဍာရေးဈေးကွက်၏ အနေအထား အပြောင်းအလဲများကို စောင့်ပါ။

  • ကျော်ကြားသော ကုန်သွယ်ရေးအမျိုးအစားများကို မျက်စိစုံမှိတ်၍မယုံလိုက်ပါနှင့် - စျေးကွက် အကြောင်း ပိုမိုလေ့လာပြီး သင်၏ကိုယ်ပိုင် ယူဆချက်များနှင့် ခန့်မှန်းချက်များကို ပြုလုပ်ကြည့်ပါ။

Copy trading မှ ငွေမည်မျှရနိုင်သနည်း။

Copy trading မှ အမြတ်သည် ဆုံးရှုံးနိုင်ချေအတိုင်းအတာပေါ်တွင် မူတည်သည်။ သင်သည် သေးငယ်သော ၀င်ငွေကို ပုံမှန်ရနိုင်ခြင်း သို့မဟုတ် သင်၏ ကနဦးအရင်းအနှီးကို အကြိမ်ပေါင်းများစွာ တိုးနိုင်သည် သို့သော် ဆုံးရှုံးနိုင်ချေ ပိုများလာပါလိမ့်မည်။ အောက်ဖော်ပြပါ တွက်ချက်မှုဂဏန်းပေါင်းစက်ကို အသုံးပြု၍ သင်၏ ဖြစ်နိုင်ဖွယ်အမြတ်ကို တွက်ချက်နိုင်သည်-

LiteFinance အွန်လိုင်းပလပ်ဖောင်းသည် သင့်အား အဆင်ပြေသော အဆင့်သတ်မှတ်ချက် စနစ်ဖြင့် ကုန်သွယ်မှုများကို ကူးယူရန် သင့်လျော်သော ကုန်သည်များအားရွေးချယ်နိုင်စေပါသည်။ ကုန်သည်၏ စွမ်းဆောင်ရည်ဆိုင်ရာ အသေးစိတ် အချက်အလက်များဖြစ်သော - ကုန်သွယ်မှု အမျိုးအစားများ၊ အမြတ်ရနှုန်း၊ ဆုံးရှုံးနိုင်ချေအတိုင်းအတာ နှင့် ကူးယူထားသော ရင်းနှီးမြှုပ်နှံသူ အရေအတွက် စသည်တို့ဖြင့် လေ့လာနိုင်သည်။ ဤစနစ်တွင် ကုန်သည်၏ ကုန်သွယ်မှုသမိုင်းကြောင်းကို လေ့လာနိုင်ပြီး လက်ရှိဖွင့်ထားသည့် ကုန်သွယ်မှုများကို ကြည့်ရှုနိုင်သည်။ ကုန်သွယ်မှုဆိုင်ရာ အကြံဉာဏ်များ ဆွေးနွေးရန် အွန်လိုင်းချက်တင်မှ တစ်ဆင့်လည်း ၎င်းတို့ကို တိုက်ရိုက် ဆက်သွယ်နိုင်သည်။

LiteFinance: Copy trading မှ ငွေမည်မျှရနိုင်သနည်း။

MetaTrader 4/5 ရှိ copy trading signals များ ရယူနည်း

Trading Signals services ဟု လူသိများသော built-in copy trading စနစ်ကို MetaTrader 4 နှင့် MetaTrader 5 တွင်လည်း ရရှိနိုင်ပါသည်။ သင့်အကောင့်တွင် အဆိုပါအချက်ပြမှုကို ကူးယူရန် ရွေးချယ်နိုင်သည်။ စနစ်သည် ကုန်သွယ်မှုသမိုင်းနှင့် ဖွင့်လှစ်ထားသော ကုန်သွယ်မှုများကို ဖော်ပြသည်။ ရင်းနှီးမြုပ်နှံသူများသည် အမြတ်ငွေပမာဏ၊ အဆိုးဝါးဆုံးကျဆင်းခဲ့သည့် အကောင့်အခြေအနေ နှင့်  leverage ၊ ကူးယူထားသော ရင်းနှီးမြှုပ်နှံသူအရေအတွက် (စာရင်းသွင်းသူများ) နှင့် အမြတ်အစွန်းရနိုင်သော ကုန်သွယ်မှုရာခိုင်နှုန်းတို့ကို ကြည့်ရှုနိုင်သည်။

ကုန်သည်များ၏ ကုန်သွယ်မှု တစ်ခုစီကို သီးခြားစျေးနှုန်းဖော်ပြချက်ဇယားတွင် ဖော်ပြနိုင်သည်။ ကုန်သွယ်မှုဗျူဟာကိုလည်း သတ်မှတ်နိုင်သည်။ ရင်းနှီးမြှုပ်နှံသူများသည် အခြားကုန်သည်များ၏ ကုန်သွယ်မှုများကို ကူးယူရန် စာရင်းသွင်းမှုများအတွက် အခကြေးငွေပေးဆောင်ရမည်ဖြစ်သည်။

အချက်ပြမှုများ၏ အမြတ်အစွန်းရနိုင်ချေကို မည်သို့ အသေးစိတ် သုံးသပ်မည်နည်း။

အမြတ်ရနှုန်း ဂရပ်ကို လေ့လာခြင်းဖြင့် ကုန်သည်၏ စွမ်းဆောင်ရည်ကို အသေးစိတ်သုံးသပ်နိုင်သည်။ အမြတ်ရရှိမှု မြင့်တက်လာပြီး အဆိုးဆုံးသော အကောင့်အခြေအနေဖြစ်ပေါ်မှု မရှိပါက ၎င်းသည် ကူးယူခြင်းအတွက် ကောင်းမွန်သော ရွေးချယ်မှု တစ်ခုဖြစ်သည်။ ဆုံးရှုံးနိုင်ချေအတိုင်းအတာကို သတိပြုပါ ဆုံးရှုံးနိုင်ချေနည်းလေ သင့်ဆုံးရှုံးရမှု နည်းပါးလေဖြစ်သည်။ ကုန်သွယ်မှုသမိုင်းကြောင်း၊ အကျိုးအမြတ်နှင့်အရှုံး ဖြစ်ခဲ့သည့် ကုန်သွယ်မှု အရေအတွက်တို့ကို လေ့လာရန် အရေးကြီးပါသည်။ ကုန်သည်တစ်ဦးတွင် ကူးယူသည့် ရင်းနှီးမြှုပ်နှံသူ အရေအတွက်သည် ၎င်း၏ မည်မျှနာမည်ကြီးကြောင်း ပြသနိုင်သည်။ ကနဦးအပ်ငွေ ပမာဏ နှင့် ကုန်သွယ်မှုအမျိုးအစားသည်လည်း အရေးကြီးပါသည်။ ဥပမာအားဖြင့် ခရစ်ပတိုငွေကြေး ကုန်သွယ်မှုသည် သိသာထင်ရှားသော အမြတ်အစွန်းကို ရရှိစေနိုင်သော်လည်း ဆုံးရှုံးမှုများသည် ပုံမှန်စိတ်ချရသော ကုန်သွယ်ရေးအမျိုးအစားတွင် ကုန်သွယ်ခြင်းထက် သိသိသာသာ မြင့်မားသည်။

Copy Trading FAQs

Copy Trading ဆိုသည်မှာ ၎င်းတွင် ပါဝင်ကြသူများသည် ပရော်ဖက်ရှင်နယ်ကုန်သည်များ၏ ကုန်သွယ်မှုများကို ၎င်းတို့၏ကုန်သွယ်မှုအကောင့်သို့ ကူးယူနိုင်သည့် copy trading ပလပ်ဖောင်းတစ်ခုဖြစ်သည်။ အပြန်အလှန်အားဖြင့် စီမံခန့်ခွဲမှု ပြုလုပ်သည့် ကုန်သည်တစ်ဦး ဖြစ်လာနိုင်ပြီး ကုန်သွယ်မှုများ ကူးယူနိုင်ကြရန်အတွက် ပံ့ပိုးပေးကာ အခကြေးငွေအဖြစ် အမြတ်မှ ကော်မရှင်တစ်ရပ်ကိုရယူသည်။

အသုံးပြုသူတစ်ဦးသည် အောင်မြင်သောကုန်သည်များ၏ လုပ်ဆောင်ချက်များအတိုင်း အတိအကျ တူညီသောပုံစံဖြင့် လုပ်ဆောင်ပြီး တူညီသောအရောင်းအဝယ်များကို တစ်ချိန်တည်းတွင်ဖွင့်ခြင်းနှင့် ၎င်း၏အချက်ပြမှုများအတိုင်း ပိတ်ခြင်းတို့ဖြစ်သည်။ Copy trading နှင့်ပတ်သက်လာသောအခါ ပလပ်ဖောင်းသည်ကုန်သည်၏လုပ်ဆောင်ချက်အတိုင်း ကုန်သွယ်မှုသည် အလိုအလျောက် လုပ်ဆောင်မည်ဖြစ်သည်။ Copy trading တွင် အသုံးပြုသူသည် ၎င်း၏ ကိုယ်ပိုင် အရောင်းအဝယ်များကို စီမံခန့်ခွဲရန်တာဝန်ရှိပြီး ထိုသူမှ စာရင်းသွင်းထားသည့် ကုန်သည် များမှပေးပို့သော အချက်ပြမှုများကို ထည့်သွင်းစဉ်းစားနိုင်သည်။

အမည်တွင်ဖော်ပြထားသည့်အတိုင်း ၎င်းသည်တစ်စုံတစ်ဦး၏ကုန်သွယ်မှုများ ကူးယူခြင်းကို ဆိုလိုသည်။ ဤနည်းလမ်းဖြင့် Forex ပလပ်ဖောင်းအသုံးပြုသူသည် တစ်ဦး (သို့မဟုတ်) တစ်ဦး ထက်ပိုသော အောင်မြင်သည့်ကုန်သည်များထံ စာရင်းသွင်းကာ ၎င်းတို့၏ အရောင်းအဝယ်များကို တစ်ချိန်တည်းတွင်ပြန်လည်ပြုလုပ်နိုင်သည်။ ကုန်သည်များသည် ၎င်းတို့၏အတွေ့အကြုံနှင့် အကြံဉာဏ်များကိုမျှဝေခြင်းအတွက် ကော်မရှင်တစ်ရပ်ကိုလက်ခံရရှိကြသည်။

Forex ပလပ်ဖောင်းအသုံးပြုသူများသည် နိုင်ငံခြားအိတ်စ်ချိန်းဆိုင်ရာ စတော့ရှယ်ယာများ၊ futures၊ ကုန်စည်များနှင့် CFD များကို လည်ပတ်လုပ်ကိုင်သော အောင်မြင်သည့် ကုန်သည်များထံ စာရင်းပေးသွင်းခြင်းကိုဆိုလိုသည်။ လူကြိုက်များသောကုန်သည်များမှ စနစ်များဖြင့် အဖွင့်/အပိတ်လုပ်ဆောင်ကာ နောက်ဆုံးတွင်၎င်းတို့၏ အချက်ပြမှုများကို မျှဝေခြင်းအတွက် အခကြေးငွေရရှိသည်။ ထို့ကြောင့်အောင်မြင်သည့် စျေးကစားသူများ ရရှိသည့်အမြတ်အတိုင်း တူညီသောအမြတ်များရနိုင်စေသည်။

ငွေသွင်းမှုပမာဏအတွက် တင်းကျပ်သောလိုအပ်ချက်များမရှိပါ ၊ $50 သည် အရောင်းအဝယ်များ ကူးယူရန် လုံလောက်သော်လည်း ဆုံးရှုံးနိုင်ခြေမှာမြင့်မားသည်။ ၎င်းကိုကာကွယ်ရန် copy settings တွင် “in proportion to my funds” ကိုရွေးချယ်နိုင်သည်။ စီမံခန့်ခွဲသည့် ကုန်သည်တစ်ဦးဖြစ်လာရန် အနည်းဆုံးငွေသွင်းမှု $300 လိုအပ်သည် (အကြံပြုချက်မှာ $500)။

ပုဂ္ဂိုလ်အချက်အလက်များ၏လုံခြုံမှု၊ ကုန်သည်၏ငွေများဘေးကင်းရေးနှင့် ပတ်သက်၍ copy trading စနစ်သည် လုံးဝလုံခြုံမှုရှိပါသည်။ သို့သော် သာမာန် Forex ကုန်သွယ်မှုတွင် ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုကဲ့သို့သော စည်းမျဉ်းများကိုလိုက်နာသင့်သည်။

  • အရောင်းအဝယ်တစ်ခု၏ ဆုံရှုံးနိုင်ချေ/အမြတ်ရနိုင်ချေ အချိုးကို ဆုံးဖြတ်ခြင်း — ကုန်သည်တိုင်း သည် ၎င်းတို့အရင်းအနှီး၏ မတူညီသော အချိုးအစားများကို ရင်းနှီးမြှုပ်နှံမှု၌ ထည့်သွင်းရန် အသင့်ဖြစ်နေခြင်း။
  • အောင်မြင်သော ကုန်သည်အချို့ပြုမူသလိုပင် သင့်အနေဖြင့် သင်ပိုင်ဆိုင်မှုရှိ များပြားသော ပမာဏဖြင့် မစွန့်စားပါနှင့်။ သင့်ရင်းနှီးငွေ၏ 50% ရင်းနှီးခြင်းသည် အလွန်အဆုံရှုံးမှုများသော နည်းဗျူဟာ ဖြစ်သည်။ စည်းမျဉ်းအရ ကုန်သည်များသည် သင့်ပိုင်ဆိုင်မှုတန်ဖိုး၏ 2% ထက်ပိုသော အရောင်းအဝယ် တစ်ခု သို့မဟုတ် ကုန်သွယ်ရေးအမျိုးအစားတစ်ခုတွင် ထည့်ရန် အကြံမပြုပါ။
  • ကုန်သွယ်မှုတစ်ခု ဖွင့်သည့်အခါ အကျိုးများနိုင်ခြင်း ရှိမရှိ ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ တုံ့ဆိုင်းနေပါက အခြားပိုကောင်းသည့် ကုန်သွယ်မှုကို ရွေးချယ်ခြင်း သို့မဟုတ် ဘဏ္ဍာရေးဈေးကွက်၏ အနေအထား အပြောင်းအလဲများကို စောင့်ပါ။
  • ကျော်ကြားသော ကုန်သွယ်ရေးအမျိုးအစားများကို မျက်စိစုံမှိတ်၍မယုံလိုက်ပါနှင့် - စျေးကွက် အကြောင်း ပိုမိုလေ့လာပြီး သင်၏ကိုယ်ပိုင်ယူဆချက်များနှင့် ခန့်မှန်းချက်များကို ပြုလုပ်ကြည့်ပါ။

သင်၏ကြိုက်နှစ်သက်မှုအပေါ်တွင်မူတည်ပါသည်။ ကမ္ဘာ့ထိပ်တန်း Forex ပလပ်ဖောင်းများသည် ကျယ်ပြန့်သောရွေးချယ်မှုကို ကမ်းလှမ်းသည့် ကုန်သွယ်ရေးအမျိုးအစားများပါဝင်မှု၊ ယုံကြည် စိတ်ချရသော ကုန်သည်များနှင့်ပူးပေါင်းမှု (ဥပမာအားဖြင့် ကုန်သည်များ၏ portfolio နှင့် အမြတ်များကိုအကဲဖြတ်ရန် အသုံးပြုသူများအတွက် အဆင့်သတ်မှတ်သည့်စနစ်) နှင့် ပြည့်စုံသောကိရိယာများ (ဇယားများ၊ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများ၊ MT4 (သို့မဟုတ်) MT5 ကုန်သွယ်မှုတာမင်နယ်များ) စသည်တို့ဖြစ်သည်။

Copy trading စတင်ရန်လိုအပ်သည်မှာ -

  • ကုန်သွယ်ရေးပလက်ဖောင်းတွင် မှတ်ပုံတင်စာရင်းသွင်းခြင်း၊
  • Copy ကဏ္ဍရှိ ရပ်တည်မှုအဆင့်သတ်မှတ်ချက်ကိုအသုံးပြုပြီး ကူးယူခြင်းပြုလုပ်ရန်အတွက် ကုန်သည်ကို ရွေးချယ်ခြင်း၊
  • ငွေဖြည့်သွင်းခြင်း၊
  • ကူးယူမှုဆိုင်ရာ ကန့်သတ်ချက်များကို သတ်မှတ်ပြီး ကူးယူမှုကို စတင်ခြင်း၊
  • ကူးယူရန်အတွက် ရင်းနှီးငွေပမာဏကို သတ်မှတ်ခြင်း၊
  • ကူးယူမည့်ပုံစံကို ရွေးချယ်ခြင်း - in proportion to your funds, full size copying 1 for 1, fixed size of each trade, % of each trade’s volume၊
  • အများဆုံး ဆုံးရှုံးမှုနှင့်အမြတ်အတွက် ကန့်သတ်ချက်များကို သတ်မှတ်ခြင်း။

ကူးယူထားသည့် ကုန်သွယ်မှုများကို အချိန်မရွေး ရပ်တန့်နိုင်သည်။ Client Profile ရှိ trader’s စာမျက်နှာမှ Stop ကို နှိပ်ပါ။

ရရှိနိုင်ပါသည်။ ရင်းနှီးမြုပ်နှံသူ အနေဖြင့် အတွေ့အကြုံရှိသော ကုန်သည်များ၏ ကုန်သွယ်မှုများကို ကူးယူခြင်းဖြင့် အမြတ်အစွန်းရရှိနိုင်ပါသည်။ တစ်ဖန် အတွေ့အကြုံရှိသော ကုန်သည်များသည် ၎င်းတို့၏ ဝင်ငွေကို တိုးစေသည်။ ၎င်းတို့၏ ကုန်သွယ်မှုမှ အမြတ်များအပြင် ရင်းနှီးမြှုပ်နှံသူများ ကူးယူခြင်းဖြင့် ရရှိသည့် အမြတ်ရာခိုင်နှုန်းတစ်ခုခုကို ရရှိကြသည်။

အလုပ်ဖြစ်ပါသည်၊ စနစ်သည် ရင်းနှီးမြှုပ်နှံသူများနှင့်ကုန်သည်များအတွက် အခွင့်အလမ်း အသစ်များကို ဖော်ဆောင်ပေးသည်။ ရင်းနှီးမြုပ်နှံသူများသည် ပရော်ဖက်ရှင်နယ်များ၏ ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ရယူ၍ အကျိုးအမြတ် အခွင့်အလမ်းများ တိုးမြင့်ကြခြင်း ၊ ကုန်သည်များအနေဖြင့်လည်း အပိုဝင်ငွေအဖြစ် ကော်မရှင်တစ်ရပ်ကို ရရှိကြပါသည်။

Forex ရှိ Social Trading နှင့် Copy Trading - ၎င်းတို့၏ ခြားနားချက်၊ အကျိုးကျေးဇူးများ နှင့် အကြံပြုချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat