Forex ရှိ အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဆိုသည်မှာ ကြိုတင်စီစဉ်ရေးဆွဲထားသော အယ်လ်ဂရစ်သမ် တခုနှင့် အညီ ကုန်သွယ်မှုများဖွင့်လှစ်ပိတ်သိမ်းခြင်း ကို အလိုအလျောက် လုပ်ဆောင်ပေးကာ၊ ဆုံးရှုံးနိုင်ခြေ အတိုင်းအတာနှင့် ကုန်သွယ်မှုပမာဏများကိုပါ တွက်ချက်ပေးသော Expert Advisors (EA) များကို အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ခြင်း ဖြစ်ပါသည်။ EAs များသည် ကုန်သွယ်မှုစွမ်းဆောင်ရည်ကို တိုးတက်စေရန် ကူညီပေးပါသည်။ ၎င်းတို့ကိုအသုံးပြုခြင်းအားဖြင့် အစဉ်အဆက် ဈေးနှုန်းရွေ့လျားမှု အချက်အလက်များကို အချိန်မဆိုင်းခွဲခြမ်းစိတ်ဖြာမှုပြုလုပ်နိုင်စေပါသည်။ ၎င်းတို့သည် သင်္ချာနှင့် စာရင်းအင်းများအပေါ်အခြေခံ၍ Forex ဈေးကွက် ခွဲခြမ်းစိတ်ဖြာမှုကို ပြုလုပ်ပေးပါသည်။ ကုန်သွယ်ရေးရိုဘော့များသည် ကြိမ်နှုန်းမြင့်ကုန်သွယ်ရေးဗျူဟာများ၊ ဈေးနှုန်း level တခု သို့မဟုတ် အချိန်တခုတွင် အရောင်းအဝယ်ဖြစ်သော ကုန်သွယ်မှုပမာဏများ(horizontal and vertical volumes)အပေါ်အခြေခံသည့် ကုန်သွယ်ရေးစနစ်များ၊ pending orders များအစဉ်လိုက် အဆင့်လိုက်ချမှတ်သော ကုန်သွယ်ရေးစနစ်များတွင် မရှိမဖြစ်အသုံးဝင်ပါသည်။
ဤဆောင်းပါးသည် စတင်လေ့လာသူများအတွက် အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးအကြောင်းကို ရှင်းပြပေးထားပါသည်။ Forex တွင် အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဆောင်ရွက်ခြင်း၏ အခြေခံ အချက်များနှင့် Expert Advisors များ၏ အင်္ဂါရပ်များကို စတင်လေ့လာကြပါစို့။ ဘဏ္ဍာရေးဈေးကွက်များ အတွင်း ကုန်သွယ်ရာတွင် Expert Advisors များကို ရွေးချယ်အသုံးချခြင်းနှင့် စပ်လျဉ်း၍ လက်တွေ့ကျသော အကြံပြုချက်များကိုပါ သင်ရရှိပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Forex အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဆိုသည်မှာ အဘယ်နည်း။
- အလိုအလျောက်ကုန်သွယ်ရေးနှင့် အယ်လ်ဂရစ်သမစ် ကုန်သွယ် ရေးကြား မှ ခြားနားချက်မှာ အဘယ်နည်း။
- အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးဗျူဟာများ
- Algo ကုန်သွယ်ရေးဗျူဟာတခုအား မည်ကဲ့သို့ ရွေးချယ်ရမည် နည်း။
- အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး၏ အကျိုးကျေးဇူးများ
- Forex တွင် အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးကို အသုံးပြုခြင်း၏ မလိုလားသောအကျိုးဆက်များမှာ အဘယ်နည်း။
- နိဂုံး
- အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးအမေး၊ အဖြေများ
Forex အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဆိုသည်မှာ အဘယ်နည်း။
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဆိုသည်မှာ ဘဏ္ဍာရေးဈေးကွက်များအတွင်း အထူးစီစဉ်ရေးဆွဲထားသော ပရိုဂရမ်တခု သို့မဟုတ် အယ်လ်ဂရစ်သမ်တခုကို အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်သော နည်းလမ်းတခုဖြစ်ပါသည်။ ကုန်သွယ်ရေးရိုဘော့များသည် ခရစ်ပတိုငွေကြေး၊ စတော့နှင့် Forex ဈေးကွက်များ ကို ခွဲခြမ်းစိတ်ဖြာပေးပါသည်။ ၎င်းတို့သည် ထပ်တလဲလဲဖြစ်ပေါ်သော ဇယားပုံစံများကို ရှာဖွေခြင်း၊ အော်ဒါများကို နေရာချထားခြင်းနှင့် ကုန်သွယ်မှုများကို အကောင်အထည်ဖော်ခြင်းတို့အား ကုန်သည်ကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ်သတ်ရန် မလိုပဲ အလိုအလျောက်လုပ်ဆောင်ပေးပါသည်။
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး၏ ရည်ရွယ်ချက်မှာ ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုနှင့် ကုန်သွယ်မှုစီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များကို အလိုအလျောက်ဆောင်ရွက်ရန်ဖြစ်သည်။ ထို့အပြင် ရိုဘော့ကုန်သွယ်ရေး သည် စိတ်ခံစားမှုများ၏ လွှမ်းမိုးမှုအောက်တွင် ကုန်သွယ်မှုဖွင့်လှစ်ခြင်းများ မပါဝင်စေပဲ၊ အကောင်းဆုံးတွက်ချက်မှုဖြင့် မတူညီသော ဈေးတန်းများတလျှောက် အော်ဒါများကို ဖြန့်ကျက်သတ်မှတ် ပေးနိုင်ပါသည်။
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး၏ အနှစ်သာရမှာ ပုံမှန်လှုပ်ရှားမှုအစီအစဉ်များကို အလိုအလျောက်လုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။
ကုန်သွယ်ရေးအကြံပေးစနစ် (trading advisor) ဆိုသည်မှာ လူကိုယ်တိုင်စီစဉ်ချမှတ်ထားသော အယ်လ်ဂရစ်သမ်တခုနှင့်အညီ လိုက်နာရေးဆွဲထားသော ကုဒ်တခု (သို့မဟုတ်) ဆော့ဖ်ဝဲလ်တခုဖြစ်ပါသည်။ လူကိုယ်တိုင် ကုန်သွယ်သောအခါတွင် အချက်ပြမှုများကို ကိုယ်တိုင်ရှာဖွေရန်လိုအပ်ပြီး၊ ကုန်သွယ်မှု ဖွင့်ရန်နှင့် ပိတ်သိမ်းရန်အတွက် ဆုံးဖြတ်ချက်များ ပြုလုပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့သော အခြေခံကုန်သွယ်ရေးဗျူဟာတခုအား ကုဒ်ဘာသာစကားဖြင့် ပြောင်းလဲရေးသားနိုင်သည်။ ထိုအခါ ဆော့ဖ်ဝဲလ်သည် သင့်အတွက် လိုအပ်သော လုပ်ဆောင်ချက်အားလုံးကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
Forex အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး အတွက် ကုန်သွယ်ရေး advisors များကို အုပ်စုနှစ်ခုအဖြစ် ခွဲခြားနိုင်ပါသည်။
Standard advisors။ ကုန်သွယ်မှုပမာဏနှင့် စွန့်စားမှုအတိုင်းအတာကို တွက်ချက်ပေးနိုင်သော စွမ်းဆောင်ရည်ရှိပြီး၊ ကုန်သွယ်မှုများကို စီမံခန့်ခွဲပေးရန်အတွက် စီစဉ်ရေးဆွဲထားသော အယ်လ်ဂရစ်သမ် တခုပါဝင်သော ဆော့ဖ်ဝဲလ်ကုဒ်ဖြစ်ပါသည်။ ကုဒ်ဖြင့်ရေးသားထားသော စည်းမျဉ်းသတ်မှတ်ချက်များ၊ ကြိုတင်သတ်မှတ်ထားသော ဆော့ဖ်ဝဲလ်ဆက်တင်များနှင့် အလုံးစုံကိုက်ညီမှုရှိသောအခါ၊ ရိုဘော့သည် လိုအပ်သော လှုပ်ရှားမှုများကို ဆောင်ရွက်မည် ဖြစ်သည်။ အကယ်၍ ရိုဘော့၏ကုန်သွယ်မှုတွင် အရှုံးရလာဒ်ဖြစ်ပေါ်ပါက၊ ၎င်းကို ပြန်လည်ချိန်ညှိကာ အယ်လ်ဂရစ်သမ်ကုဒ်ကို ပြန်လည်ပြန်ဆင်သင့်ပါသည်။
အာရုံကြောအတုကွန်ယက်များသည် ဉာဏ်ရည်တုနည်းပညာအပေါ်အခြေခံထားသော machine learning ပါဝင်သည့် အယ်လ်ဂရစ်သမ်များဖြစ်ပါသည်။ ယင်းအယ်လ်ဂရစ်သမ်များသည် ယခင်ဈေးနှုန်းရွေ့လျားမှုပုံစံများကို ရှာဖွေစိစစ်ကာ၊ လက်ရှိဈေးကွက် အခြေအနေအား တွက်ချက်ခန့်မှန်းပေးပါသည်။ ၎င်းတို့သည် သင်္ချာနှင့် စာရင်းဇယားဆိုင်ရာနည်းလမ်းများကို အသုံးပြု၍ Forex ဈေးကွက် ကိုခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ကာ အကောင်းဆုံးရွေးချယ်မှု — အဝယ် သို့မဟုတ် အရောင်း ကို ပြုလုပ်ပါသည်။ ကုန်သွယ်ရေးရိုဘော့များသည် အချက်အလက်များအပေါ် ကိုယ်တိုင်လေ့လာသုံးသပ်နိုင်ပါသည် (machine learning)။ ထိုကဲ့သို့သော အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးစနစ်များ သည် ကုန်သွယ်ရေးအမျိုးအစားများစွာ၏အချက်အလက်များကို တပြိုင်နက် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်နိုင်ပြီး၊ ရင်းနှီးမြှုပ်နှံခြင်းအတွက် အကောင်းဆုံး ပေါင်းစပ်မှုကို ပြုလုပ်နိုင်ပါသည်။
ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများသည် တစက္ကန့်၏ အစိတ်အပိုင်းများအတွင်း၌ပင် အဝယ်နှင့် အရောင်းအော်ဒါများ ကို အလုံးစုံပြီးမြောက်စေသော scalping ကုန်သွယ်ရေးဗျူဟာတွင် ဒုတိယ expert advisor အမျိုးအစားကို အသုံးပြုလေ့ရှိကြပါသည်။ ဤ Forex ကုန်သွယ်ရေး နည်းလမ်းကို ကြိမ်နှုန်းမြင့်ကုန်သွယ်ရေး ဟုလည်း ခေါ်ဆိုကြပါသည်။ Standard advisors များကိုမူ ကုဒ်ဖြင့် သတ်မှတ်ထားသော အယ်လ်ဂရစ်သမ် အပေါ်မူတည်၍ မည်သည့်အခြေအနေတွင်မဆို အသုံးချနိုင်ပါသည်။
အဓိကမှတ်သားဖွယ်ရာများ
အဓိကအကြောင်းအရာ | အဓိကအခြေအနေများနှင့် သုံးသပ်ချက်များ |
အလိုအလျောက်ပြုလုပ်သော Forex ကုန်သွယ်ရေး ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် | အချက်ပြမှုများကို အလိုအလျောက် သိရှိတုံ့ပြန် ခြင်း၊ အဝယ် သို့မဟုတ် အရောင်းကုန်သွယ်မှု များနှင့် pending orders များကို စီမံခန့်ခွဲခြင်း၊ သတ်မှတ်အတိုင်းအတာများ အပေါ်မူတည်၍ ကုန်သွယ်မှုပမာဏနှင့် စွန့်စားမှုအဆင့်များကို တွက်ချက်ခြင်း စသည်တို့ကို အလိုအလျောက် လုပ်ဆောင်ပေးသော ကုန်သွယ်ရေးဆော့ဖ်ဝဲလ် သို့မဟုတ် အယ်လ်ဂရစ်သမ်ကို အသုံးပြုခြင်း ဖြစ်ပါသည်။ |
အယ်လ်ဂရစ်သမစ် Forex ကုန်သွယ်ရေး ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် | များသောအားဖြင့်၊ Algo ကုန်သွယ်ရေးအား အလိုအလျောက်ကုန်သွယ်ရေးနှင့် အဓိပ္ပါယ်တူ အသုံးပြုကြသည်။ နောက်ထပ် အခြားသော အဓိပ္ပါယ်ဖွင့်ဆိုချက်တခုမှာ - ဈေးနှုန်းအပေါ် ပြင်းထန်စွာသက်ရောက်ခြင်း မဖြစ်စေရန်အတွက် ကြီးမားသောအော်ဒါတခုအား သေးငယ်သောအော်ဒါများစွာအဖြစ် ခွဲခြမ်းခြင်း ဟူ၍ဖြစ်သည်။ |
Machine learning အခြေပြု ကုန်သွယ်ရေးရိုဘော့များနှင့် သင့်တော်သော ကုန်သွယ်ရေးအမျိုးအစားများ | ငွေကြေးအတွဲများ၊ စတော့များ၊ ခရစ်ပတို ငွေကြေးများနှင့် ကုန်စည်ဈေးကွက်ဆိုင်ရာ ပိုင်ဆိုင်မှုများ။ |
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဗျူဟာ အမျိုးအစားများ | ဈေးကွက်လားရာအခြေပြုကုန်သွယ်ရေးဗျူဟာများ၊ ချန်နယ်လ်အခြေပြုကုန်သွယ်ရေးဗျူဟာများ၊ ဈေးနှုန်းရွေ့လျားမှုအချက်အလက်အပေါ်အခြေခံသော သင်္ချာတွက်ကိန်းဆိုင်ရာ ကုန်သွယ်ရေး ဗျူဟာများ၊ မတူညီသော ဈေးကွက်များ၏ ဈေးနှုန်းကွာဟမှုများအပေါ် အမြတ်ရရှိရန် ရည်ရွယ်သော arbitrage ကုန်သွယ်ရေး ဗျူဟာများ။ |
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးစနစ်တခု တည်ဆောက်ခြင်းအတွက် စည်းမျဉ်းများ | အချက်ပြမှုများရှာဖွေရန်အတွက် ကိရိယာများကို ရွေးချယ်ခြင်း။ Forex ဈေးကွက်တွင် ကုန်သွယ်မှုတခုဖွင့်ရန် သို့မဟုတ် pending order တခုချမှတ်ရန်အတွက် အချက်ပြမှုများကို ဆုံးဖြတ်ခြင်း။ ကုန်သွယ်မှုပမာဏနှင့် စွန့်စားမှု အတိုင်းအတာ ကို တွက်ချက်ရန်အတွက် အခြေအနေများ ကို ဆုံးဖြတ်ခြင်း။ |
အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးစနစ်တခုကို အသုံးပြုရန်အတွက် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များ | Intel CORE i5 သို့မဟုတ် AMD Ryzen 5 processor၊ 8 GB of RAM၊ OS - Windows 10 နှင့်အထက်။ |
Expert Advisors များဖြင့် Forex ကုန်သွယ်ရေး ဆောင်ရွက်ခြင်း အကျိုးကျေးဇူးများ | EAs များသည် ၎င်းတို့၏ အမြန်နှုန်းကြောင့်၊ scalping နှင့် ကြိမ်နှုန်းမြင့်ကုန်သွယ်ရေးများတွင် မရှိမဖြစ် အဓိကကျပါသည်။ ကုန်သွယ်ရေး ဆော့ဖ်ဝဲလ်သည် ကုန်သည်၏ အလုပ်ဝန်ထုပ်ဝန်ပိုး ကို ပြေလျော့စေကာ၊ စိတ်ခံစားမှုအလျောက် ကုန်သွယ်မှုဖွင့်ခြင်းများကို ဖယ်ရှားပေးပြီး၊ ဇယားများစွာပေါ်တွင် ကုန်သွယ်မှု တပြိုင်နက် ဖွင့်လှစ်နိုင်စေရန် အကူအညီပေးပါသည်။ |
Expert Advisors များ၏ အားနည်းချက်များ | Expert Advisors အများစုသည် အခြေခံပိုင်းဆိုင်ရာအချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်းမပြုပါ။ တပြိုင်နက်တည်း ကုန်သွယ်မှုပြုခြင်းအားဖြင့် အပ်ငွေအပေါ် ဖိအားသက်ရောက်စေပြီး၊ stop-out အခြေအနေသို့ ရောက်ရှိနိုင်သော အလားအလာကို မြင့်မားစေပါ သည်။ ပုံမှန် စောင့်ကြည်စစ်ဆေးရန်နှင့် အဆင့်မြှင့်တင်မွမ်းမံမှုများ လိုအပ်နိုင်ပါသည်။ |
အလိုအလျောက်ကုန်သွယ်ရေးနှင့် အယ်လ်ဂရစ်သမစ် ကုန်သွယ် ရေးကြား မှ ခြားနားချက်မှာ အဘယ်နည်း။
အယ်လ်ဂရစ်သမစ် Forex ကုန်သွယ်ရေးသည် ကြီးမားသော အော်ဒါတခုအား သေးငယ်သော အစိတ်အပိုင်းများစွာ ခွဲခြမ်းခြင်းအားဖြင့် ကုန်သွယ်မှုအလုံးစုံပြီးမြောက်စေသော နည်းလမ်းတခုဖြစ်ပါသည်။ ထိုသေးငယ်သော အော်ဒါများစွာအား အထူးဖန်တီးထားသော ကုန်သွယ်ရေးအယ်လ်ဂရစ်သမ်ကိုအသုံးပြု၍ ဈေးကွက်အတွင်း တိကျသော အချိန်တခုတွင် တိကျသောဈေးနှုန်းတခုဖြင့် နေရာချထားပါသည်။ အယ်လ်ဂရစ်သမ်ကုန်သွယ်ရေး၏ ရည်ရွယ်ချက်မှာ ကြီးမားသောကုန်သွယ်မှုပမာဏအတွက် အဖိုးအခကို လျှော့ချရန်၊ ဈေးနှုန်းအပေါ် ၎င်း၏အကျိုးသက်ရောက်မှုကို လျှော့ချရန်နှင့် ဈေးကွက်ကမ်းလှမ်းချက်မလောက်ငှမှုကြောင့် အော်ဒါမအောင်မြင်မှု ဖြစ်နိုင်ခြေကို လျော့နည်းစေရန် ဖြစ်ပါသည်။
ထို့အပြင်၊ ဤသဘောတရားသည် အချို့သော အယ်လ်ဂရစ်သမ်များကိုအသုံးပြု၍ အလိုအလျောက် ကုန်သွယ်မှုဆောင်ရွက်ခြင်းကိုလည်း ရည်ညွှန်းလေ့ရှိပါသည်။ ၎င်းကို Forex တွင် အလိုအလျောက် Forex ကုန်သွယ်ရေး ဟု ခေါ်ဆိုပါသည်။
အလိုအလျောက် Forex ကုန်သွယ်ရေးသည် အထူးဖန်တီးထားသောဆော့ဖ်ဝဲလ်ကိုဖြစ်စေ၊ တိကျစွာ ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်းများ (သို့) စနစ်များကို လိုက်နာဆောင်ရွက်သည့် အယ်လ်ဂရစ်သမ်တခုကိုဖြစ်စေ အသုံးပြု၍ ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်သော လုပ်ငန်းစဉ်တခုဖြစ်ပါသည်။ အလိုအလျောက်ကုန်သွယ်ရေးစနစ်၏ ရည်ရွယ်ချက်မှာ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ညွှန်ပြကိရိယာများ၊ ဈေးနှုန်းလှုပ်ရှားမှုပုံစံများ၊ စာရင်းဇယားဆိုင်ရာ လေ့လာဆန်းစစ်မှု နည်းလမ်းများ၊ ဉာဏ်ရည်တုနည်းပညာများနှင့် အခြားခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများစွာကို အသုံးပြု၍ Forex ဈေးကွက်အတွင်း အမြတ်ရယူနိုင်ရန် ဖြစ်ပါသည်။
ဤအဓိပ္ပါယ်ပြန်ဆိုချက်အား လုပ်ငန်းစဉ်၏ အနှစ်သာရကို ဦးစားပေးသောရှုထောင့်မှ စဉ်းစားသုံးသပ် ထားပါသည်။ အလိုအလျောက်ကုန်သွယ်ရေးသည် ရိုဘော့မှ ကုန်သည်၏ကိုယ်စား ကုန်သွယ်မှုအဖွင့်၊ အပိတ်များ ပြုလုပ်ပေးခြင်းဖြစ်သည်။ အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးဆိုသည်မှာ ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန်အတွက် ကြီးမားသောအော်ဒါများကို အကောင်အထည်ဖော်ရန်အတွက် သေးငယ်သော အော်ဒါများစွာအဖြစ်ခွဲခြမ်းပေးသော အယ်လ်ဂရစ်သမ်ကို အသုံးပြုခြင်း ဖြစ်ပါသည်။
အရင်းအမြစ်များစွာတွင် “အလိုအလျောက်” နှင့် “အယ်လ်ဂရစ်သမစ်” ကုန်သွယ်ရေးများကို တူညီသော သဘောတရားရှိကြသည့် အဓိပ္ပါယ်တူစကားလုံးအဖြစ် သုံးစွဲ ဖော်ပြလေ့ရှိကြသည်။ ခေတ်သစ် အခေါ်အဝေါ်တခုဖြစ်သော Algo ကုန်သွယ်ရေးသည် ကုန်သွယ်ရေးရိုဘော့များဖြင့် အရောင်း၊ အဝယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။
အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးဗျူဟာများ
Expert Advisors တခုသည် လူကိုယ်တိုင်ကုန်သွယ်ရသောဗျူဟာတခုအား ကုဒ်အဖြစ်ပြောင်းလဲထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Forex အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဗျူဟာတခုသည် လူကိုယ်တိုင် ကုန်သွယ်ရေးတွင် အသုံးပြုသည့်အတိုင်း တူညီသောကုန်သွယ်ရေးစနစ်ကိုသာ အသုံးပြုပါသည်။ အချို့သောဗျူဟာများသည် အတွေ့အကြုံနုနယ်သောကုန်သည်များအတွက် ရှုပ်ထွေး ကောင်း ရှုပ်ထွေးနိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့အား အလိုအလျောက်ဆောင်ရွက်သော expert advisors များအဖြစ် ပြောင်းလဲလိုက်ပါသည်။ လူကိုယ်တိုင် လက်တွေ့အသုံးချရန်ခဲယဉ်းသည်ဟု ယူဆရသော ဗျူဟာအချို့ကို အောက်တွင် ရှင်းလင်းဖော်ပြပေးထားပါသည်။
လမ်းကြောင်းဦးတည်ရာနောက်သို့လိုက်ပါသော ဗျူဟာများ
လမ်းကြောင်းဦးတည်ရာနောက်သို့လိုက်ပါသောဗျူဟာတခုသည် ရှည်လျားသောကာလတခုအတွင်း တိကျသောဦးတည်ရာတခုသို့ မြင့်တခါ၊ နိမ့်တလှည့် ရွေ့လျားသွားခြင်း သဘောတရားအပေါ် အခြေခံ၍တည်ဆောက်ထားသော ကုန်သွယ်ရေးစနစ်တခု ဖြစ်ပါသည်။ ၎င်း၏အဓိကပန်းတိုင်မှာ ဈေးနှုန်းဦးတည်ရာ အပြောင်းအလဲဖြစ်ချိန် သို့မဟုတ် ရေပြင်ညီရွေ့လျားမှုဘောင်အတွင်းမှ ထွက်ခွာလာချိန်တွင် လမ်းကြောင်းသစ်အစပြုသော အခိုက်အတန့်ကို ဆုံးဖြတ်၍ ဦးတည်ရာ အသစ်သို့ လိုက်ပါကာ ကုန်သွယ်မှုဖွင့်ရန်ဖြစ်သည်။ ဤစနစ်သည် ယေဘုယျ ဈေးကွက်အလေးသာမှုအပေါ် အခြေခံပါသည်။
ငွေကြေးအတွဲများအတွက် အရိုးရှင်းဆုံး အယ်လ်ဂရစ်သမ် ဖြင့်ရေးဆွဲထားသည့် အလိုအလျောက် ဦးတည်ရာရှာဖွေသော ကုန်သွယ်ရေးရိုဘော့ -
၎င်းသည် oscillators များအပေါ်အခြေခံ၍ ဝယ်လိုအား/ရောင်းလိုအားလွန်ကဲသောဇုန်များကို ဆုံးဖြတ်ပေးပါသည်။ ယင်းဇုန်များတွင် လမ်းကြောင်းအလှည့်အပြောင်းနှင့် ဆန့်ကျင်ဘက်ဇုန်အ တွင်းဆက်လက်ရွေ့လျားခြင်းများ ဖြစ်နိုင်သော အလားအလာမြင့်မားပါသည်။
၎င်းသည် လမ်းကြောင်းညွှန်ပြကိရိယာများ၏ အချက်ပြမှုများကို ခွဲခြမ်းစိတ်ဖြာပေးပါသည်။ ဥပမာအားဖြင့် - နိုင်ငံခြားငွေကြေး တခု၏ ဈေးနှုန်းနှင့် moving averages များ၏ နှိုင်းယှဉ်မှု။
၎င်းသည် လမ်းကြောင်းရွေ့လျားမှုကို ဟန့်တားနိုင်သည့် အော်ဒါများစုပြုံပိတ်ဆို့နေသော ဧရိယာများကို ရှာဖွေဖော်ထုတ်ပေးပါသည်။
၎င်းသည် သက်ဆိုင်ရာ indicator ၏ ညွှန်ပြမှုအပေါ်မူတည်၍ မတည်ငြိမ်မှု အတိုင်းအတာကို တွက်ချက်ပေးပါသည်။ မတည်ငြိမ်မှု တိုးတက်လာခြင်းသည် လမ်းကြောင်းသစ်တခုစတင်ရန် အလားအလာတခုဖြစ်နိုင်ပါသည်။
အကယ်၍ အချက်ပြမှုအားလုံး တိုက်ဆိုင်ညီညွတ်ပါက၊ EA သည် ဈေးနှုန်းရွေ့လျားမှုဦးတည်ရာနှင့်အညီ ကုန်သွယ်မှုတခုကိုဖွင့်ခြင်း သို့မဟုတ် pending order တခုကို ချမှတ်ခြင်းများကို ပြုလုပ်ပါသည်။
အထက်သို့ရွေ့လျားမှုတခုအပြီးတွင်၊ ပေးထားသောငွေကြေးအတွဲ၏ ငွေလဲနှုန်းထားသည် EMA ကိုဖောက်ထွက်ကာ အောက်သို့ကျဆင်းသွားပါသည်။ RSI သည် ဝယ်လိုအားလွန်ကဲသောဇုန်အတွင်းမှ အောက်ဘက်သို့ ရွေ့လျားလာသည်။ အချက်ပြမှုနှစ်ခုတိုက်ဆိုင်သောကြောင့် ရိုဘော့သည် ၎င်းအား ကုန်သွယ်မှုဖွင့်ရန်အချက်ပြမှုအဖြစ် လက်ခံယူဆလိုက်ပါသည်။
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး၏ အချက်နှစ်ခု -
ဤ ငွေကြေးကုန်သွယ်ရေး ဥပမာသည် အရိုးရှင်းဆုံးဖြစ်သည်။ ရိုဘော့များသည် နိုင်ငံခြားငွေကြေးဈေးကွက် အတွင်း ပိုမိုရှုပ်ထွေးသောနည်းလမ်းများဖြင့် အလုပ်လုပ်ပါသည်။
ရိုဘော့အချို့၏ ဆက်တင်များတွင် candlesticks အချက်ပြမှုများ၏ ကူးပြောင်းချိန်ကို ကြိုတင်သတ်မှတ်ထားနိုင်ပါသည်။ ဥပမာအားဖြင့် ဤဖြစ်စဉ်တွင် - ဆက်တိုက်ဖြစ်သော ဘားနှစ်ခု၌ အချက်ပြမှုနှစ်ခု ပေါ်လာခဲ့ပါသည်။
Trend trading (ဈေးနှုန်းဦးတည်ရာတွင်ကုန်သွယ်ခြင်း) သည် ကုန်သည်များ၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများနှင့် hedge funds များအကြား ရေပန်းအစားဆုံး Forex အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဗျူဟာများ အနက်မှ တခုဖြစ်ပါသည်။ တဦးချင်းဆောင်ရွက်သော Forex ကုန်သည်များသည် ကာလတိုနှင့် ကာလအလယ်အလတ် ဈေးကွက်လမ်းကြောင်းများ - တနေ့အတွင်း ရွေ့လျားမှု၊ ရက်များစွာရှည်ကြာသောရွေ့လျားမှုများ ကို ရှာဖွေလေ့ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ သို့မဟုတ် hedge funds များသည် လများစွာမှ နှစ်များစွာအထိ ရှည်ကြာသော လမ်းကြောင်းများဖြင့် အလုပ်လုပ်ကြပါသည်။
Arbitrage ၏ အခွင့်အလမ်းများ
Arbitrage သည် မတူညီသောဈေးကွက်များ သို့မဟုတ် အမျိုးအစားမတူညီသော ကုန်သွယ်ရေး ပလပ်ဖောင်း များတွင် ငွေကြေးအတွဲ တခု၏ ဈေးနှုန်းမတူညီမှုအပေါ်တွင် အမြတ်ရှာနိုင်ရန် ရည်ရွယ်သော ကုန်သွယ်ရေးဗျူဟာတခု ဖြစ်ပါသည်။ ဥပမာအားဖြင့် သင်သည် ခရစ်ပတိုအိတ်ချိန်းတခုတွင် BTC ကို ဝယ်ယူကာ၊ တပြိုင်တည်းတွင် အခြားအိတ်ချိန်းတခု၌ ၎င်းကိုရောင်းချလိုက်သည်။ ၎င်းတို့ကြားမှ ခြားနားချက်သည် သင့်အတွက်အမြတ်ရစေမှသာလျှင် ထိုသို့ဆောင်ရွက်သင့်ပါသည်။
Arbitrage ကုန်သည်တဦးသည် ပိုင်ဆိုင်မှု တခုအား ဈေးသက်သာသောနေရာတွင် ဝယ်ယူပြီး၊ တချိန်တည်းမှာပင် ဈေးကြီးသောနေရာ၌ ရောင်းချခြင်းအားဖြင့် တိုတောင်းသော ကာလတခု အတွင်း ဈေးနှုန်းခြားနားမှု အပေါ်တွင် အမြတ်ရရှိကြပါသည်။ Arbitrage ဗျူဟာ သည် တည်နေရာကွာခြားမှုအပေါ် အခြေခံသော spatial အမျိုးအစားဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ မတူညီသောအိတ်ချိန်းများပေါ်ရှိ တူညီသောကုန်သွယ်ရေးပစ္စည်းတခု၏ မတူညီသောဈေးနှုန်းများကို အသုံးချခြင်းဖြစ်ပါသည်။ သို့မဟုတ် အချိန်ကွာခြားမှုအပေါ်အခြေခံသော time arbitrage အမျိုးအစား ဖြစ်နိုင်ပါသည်။ Time arbitrage ဆိုသည်မှာ အချိန်ကာလတလျှောက် ဈေးနှုန်းအပြောင်းအလဲအပေါ် အမြတ် ဖန်တီးသော နည်းလမ်းကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။
ဈေးကွက်၏ အားနည်းချက်အချို့ကြောင့် ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းသည် ၎င်း၏ဖြစ်သင့်ဖြစ်ထိုက်သော တန်ဖိုးအစစ်အမှန်နှင့် ကွဲလွဲနေခြင်း၊ သို့မဟုတ် ကုန်သွယ်ရေးအိတ်ချိန်းများကြား သတင်းအချက်အလက် လွှဲပြောင်းပေးပို့ရာတွင် နှောင့်နှေးကြန့်ကြာခြင်း အစရှိသော အခြေအနေများ အပေါ်တွင် Arbitrage အခွင့်အရေးကို အသုံးချနိုင်ပါသည်။ ဥပမာအားဖြင့် ဈေးနှုန်းအသစ်များသည် ကုန်သွယ်ရေး ပလပ်ဖောင်းတခု သို့ ရောက်ရှိပြီးဖြစ်သော်လည်း အခြားတခုသို့ မရောက်ရှိသေးပဲ၊ ထိုဈေးနှုန်းခြားနားမှုတန်ဖိုးသည် spread ထက်ကျော်လွန်သောအခါမျိုးတွင် Arbitrage သည် အမြတ်ရနိုင်သော ကုန်သွယ်မှုအခွင့်အလမ်းများကို ပေးစွမ်းနိုင်ပါသည်။
Arbitrage ပြုလုပ်သော ကုန်သည်တဦးအတွက် လိုအပ်ချက်များ -
ကုန်သွယ်ရေးပလပ်ဖောင်း၊ အိတ်ချိန်းများ၊ အကျိုးဆောင်များကို ပုံမှန်စောင့်ကြည့်ခြင်း - ၎င်းတို့၏ အဖိုးအခများ၊နှုန်းထားများကို မပြတ်စောင့်ကြည့်လေ့လာခြင်း။
မြင့်မားသော market liquidity နှင့် ပမာဏသေးငယ်သော spread နှုန်းထား။ ကုန်သွယ်ရေးပလပ်ဖောင်း ၏ နည်းပညာဆိုင်ရာချို့ယွင်းချက်များ သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုများကြောင့် ပေါ်ပေါက်လာသော ဈေးနှုန်းကွာဟမှုသည် သေးငယ်သော တန်ဖိုးတခုသာ ဖြစ်ပါသည်။ ထို့ကြောင့် ကုန်သွယ်မည့် ပိုင်ဆိုင်မှု ၏ spread သည် လွန်စွာနည်းပါးသောပမာဏဖြစ်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ဤနည်းဗျူဟာသည် အကျိုးအမြတ်ကို ပေးစွမ်းမည်မဟုတ်ပေ။
ကုန်သွယ်မှုများကို မြန်ဆန်စွာ အကောင်အထည်ဖော်ခြင်း။ ကုန်သွယ်ရေးပလပ်ဖောင်းနှစ်ခုတွင် ဈေးနှုန်းကွာဟနေသော အတွဲတခုကို တွေ့ရှိသည်နှင့် တပြိုင်နက်၊ ဈေးနှုန်းနှစ်ခု နီးကပ်မလာမီ ဦးတည်ရာနှစ်ဖက်စလုံးတွင် ကုန်သွယ်မှုတခုစီကို ချက်ချင်းပြုလုပ်ရပါမည်။
ဒါဇင်ပေါင်းများစွာသော တယ်လီဂရမ်ချန်နယ်လ်များနှင့် အခြားသောအရင်းအမြစ်များမှ arbitrage အတွက်သင့်တော်သော ပိုင်ဆိုင်မှုများကို အကြံပြုပံ့ပိုးပေးစေကာမူ၊ ကုန်သည်တဦးသည် အဆိုပါလုပ်ငန်းစဉ်အစအဆုံးကို လူကိုယ်တိုင်ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။ Arbitrage သည် ရိုဘော့များသာ လက်တွေ့ဆောင်ရွက် နိုင်သော အယ်လ်ဂရစ်သမစ်အော်ဒါအကောင်အထည်ဖော်ခြင်းဗျူဟာ အနည်းငယ်တွင် တခုအပါအဝင် ဖြစ်ပါသည်။
Index Fund Rebalancing
ဤနည်းဗျူဟာသည် ကာလရှည်စတော့ရင်းနှီးမြှုပ်နှံသူများအတွက် သင့်တော်ပါသည်။ အဓိက ရည်ရွယ်ချက် မှာ ရင်းနှီးမြှုပ်နှံမှုအစုစု၏ဖွဲ့စည်းမှုကို ပုံမှန်ချင့်ချိန်သုံးသပ်ကာ လိုအပ်သလို ပြန်လည်ချိန်ညှိရန်ဖြစ်သည်။ ဈေးနှုန်းများကျဆင်းသော အခါမျိုးတွင် အမြတ်မရသော ရှယ်ယာများ ကိုရောင်းချ၍ အမြတ်ရနိုင်သောရှယ်ယာများကို ပြန်လည်ဝယ်ယူခြင်းမျိုးကို ဆိုလိုပါသည်။
စတော့ဈေးကွက်အတွင်း ပြန်လည်ချိန်ညှိခြင်းအတွက် အဓိကလိုအပ်ချက်များ -
ဈေးနှုန်းကျဆင်းချိန်ကို စောင့်ဆိုင်းရန် လိုအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုအစုတခုအတွင်း ပါဝင်သော စတော့ တခု၏ ရှယ်ယာရာခိုင်နှုန်းကို မှန်ကန်စွာ တွက်ချက်ရန် လိုအပ်ပါသည်။ ထိုသို့တွက်ချက်ရာတွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း စည်းမျဉ်းများနှင့်အညီ စွန့်စားမှုအတိုင်းအတာကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။
ပိုင်ဆိုင်မှု၏ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသောအခြေအနေများကို ဆုံးဖြတ်ရန် လိုအပ်ပါသည်။
စတော့ သို့မဟုတ် ငွေကြေးကုန်သွယ်ရေး တွင် ပြန်လည်ချိန်ညှိခြင်းလုပ်ငန်းစဉ်အစအဆုံးကို လူကိုယ်တိုင်ဆောင်ရွက်ရန် မလွယ်ကူစေသော အကြောင်းရင်းများစွာရှိပါသည်။ ပထမဦးစွာ၊ သင်၏ ပိုင်ဆိုင်မှုအစုစုကို မည်သည့် အချိန်ကာလ တွင် ပြန်လည်ချိန်ညှိရမည်ကို ကြိုတင်ဆုံးဖြတ်ရပါမည်။ အကယ်၍ တလတကြိမ်ဆောင်ရွက်သည်ဆိုပါက၊ ယာယီကျဆင်းသောကာလတခုအတွင်း အလားအလာကောင်းမွန်သောရှယ်ယာများကို ရောင်းချမိလျှက်၊ တန်ဖိုးလွန်ကဲနေသော ရှယ်ယာများကို ဝယ်ယူမိခြင်းမျိုးကို လုပ်ဆောင်မိနိုင်ပါသည်။ သင်၏ ပိုင်ဆိုင်မှုအစုစုကို တနှစ်တကြိမ် ပြန်လည်သုံးသပ်ချိန်ညှိမည်ဆိုပါက အမြတ်မရှိသောရှယ်ယာများကို ရောင်းချရန် နှောင့်နှေးကြန့်ကြာ စေပါသည်။ ဒုတိယအချက်မှာ အကယ်၍သင်သည် သင်္ချာနှင့် စာရင်းအင်းဆိုင်ရာ အထောက်အကူကိရိယာများကို မည်သို့အသုံးပြုရမည်ကို မသိရှိပါက၊ စွန့်စားမှုအတိုင်းအတာကို တွက်ချက်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် အလိုအလျောက်စနစ်တခုသည် ဤနေရာတွင် အသုံးဝင်လာပါသည်။ ၎င်းသည် ၎င်း၏အခြေခံအယ်လ်ဂိုရီသမ်အပေါ်မူတည်၍ - Sharpe၊ alpha၊ beta coefficients နည်းလမ်းများစွာကို အသုံးပြုကာ စွန့်စားမှုအတိုင်းအတာကို တွက်ချက်ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုအစုတခုလုံးတွင် ပိုင်ဆိုင်မှု တခု၏ အကောင်းဆုံးပါဝင်မှုအချိုးကိုလည်း တွက်ချက်ပေးပါသည်။ ဈေးနှုန်းရွေ့လျားမှုရာဇဝင် အပေါ်အခြေခံကာ၊ ဖြစ်နိုင်ခြေရှိသော ယာယီကျဆင်းမှုအတိမ်အနက်ကိုလည်း တွက်ချက်ပါသည်။ ထိုအတိုင်းအတာထက်ကျော်လွန်သွားပါက ရေရှည်ကျဆင်းမှုဟု ယူဆရမည်ဖြစ်၍ ပိုင်ဆိုင်မှုအား ရောင်းချသင့်ပါသည်။ ဤအရာများအားလုံးကို ပုံသေအချိန်အပိုင်းအခြားတခုစီ၌ ဆောင်ရွက်ခြင်းမဟုတ်ပဲ၊ အကောင်းဆုံးဈေးနှုန်းများတွင် တပြိုင်နက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
သင်္ချာတွက်ချက်နည်းအပေါ်အခြေခံသော နည်းဗျူဟာများ
အယ်လ်ဂရစ်သမစ် Forex ကုန်သွယ်ရေး ဗျူဟာများသည် သင်္ချာဆိုင်ရာနှင့် စာရင်းအင်းဆိုင်ရာ စည်းမျဉ်းများအပေါ်တွင် အခြေခံပါသည်။ အဆိုပါ Forex ကုန်သွယ်ရေးဗျူဟာများသည် standard deviation၊ variance၊ correlation အစရှိသောသင်္ချာတွက်ကိန်းများကို အသုံးပြုပါသည်။ ဥပမာအားဖြင့် -
Regression နှိုင်းယှဉ်မှုနည်းလမ်းသည် စတော့စျေးနှုန်းများ နှင့် အခြားပြောင်းလဲနိုင်သော အကြောင်းအရာများကြားမှ ဆက်စပ်မှုကို ခွဲခြမ်းစိတ်ဖြာရန်အတွက် စာရင်းဇယားများ၏ ဆုတ်ယုတ်၊တိုးတက်မှုအချက်အလက်များက်ု အသုံးပြုပါသည်။
Spectrum analysis model အား မတူညီသော အချိန်အပိုင်းအခြားများရှိ ယာယီဈေးနှုန်း အအတက်၊အကျများကို ခြေရာခံပေးသော အဆင့်မြင့်ဒစ်ဂျစ်တယ်ညွှန်ပြချက်များ အပေါ် အခြေခံ၍ တည်ဆောက်ထားပါသည်။
The Monte Carlo model allows you to generate many random scenarios of market conditions, as well as estimate the probability and consequences of various outcomes.
Quantum models သည် arbitrage၊ quantitative analysis နှင့် ကြိမ်နှုန်းမြင့်ကုန်သွယ်ရေး နည်းလမ်းများကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။
ဤစနစ်များကို လူကိုယ်တိုင်တည်ဆောက်၍ တွက်ချက်မှုများပြုလုပ်ရန် မဖြစ်နိုင်ပါ။ ရိုဘော့သည် ယင်းလုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်ပေးပါပါသည်။ ထို့နောက်တွင် တွက်ချက်မှုများအပေါ်အခြေခံ၍ ကုန်သွယ်မှုများအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်များကို ပြုလုပ်ပေးပါသည်။
Trading Range (Mean Reversion)
Trading range သည် Forex ဈေးကွက် အတွင်း ဈေးနှုန်းရွေ့လျားမှုချန်နယ်လ်တခုကို အသုံးပြု၍ အဝင်၊ အထွက်ပွိုင့်များကို ဆုံးဖြတ်သော algo Forex ကုန်သွယ်ရေးဗျူဟာတခု ဖြစ်ပါသည်။ ဈေးနှုန်းရွေ့လျားမှုချန်နယ်လ်တခုသည် မျဉ်းပြိုင်နှစ်ကြောင်း သို့မဟုတ် မျဉ်းကွေးနှစ်ကြောင်း ပါဝင်သော ဇယားဖွဲ့စည်းပုံတခုဖြစ်ပြီး၊ ဈေးနှုန်းယိမ်းယိုင်မှု ကို ကန့်သတ်ထားသော တိကျသည့် အကွာအဝေးဘောင်တခု ဖြစ်ပါသည်။
Range trading ဗျူဟာ၏နောက်ခံအယူအဆမှာ ဘောင်ခတ်ထားသော အကွာအဝေးတခုအတွင်း ဈေးနှုန်းရွေ့လျားပြီး၊ နောက်ဆုံးတွင် ၎င်း၏ပျမ်းမျှတန်ဖိုး - ချန်နယ်လ်၏အလယ်သို့သာ ပြန်လှည့်လာသည်ဟူ၍ ဖြစ်သည်။ ဈေးနှုန်းသည် သတ်မှတ်ထားသောကာလတခုအတွင်း ၎င်း၏ ပျမ်းမျှတန်ဖိုးမှ ပိုမိုဝေးကွာစွာရွေ့လျားလေလေ၊ ဆန့်ကျင်ဘက်ဦးတည်ရာသို့ ပြောင်းလဲရန် အလားအလာပိုများလေလေ ဖြစ်ပါသည်။
ငွေကြေးအတွဲများ အတွက် range trading နည်းစနစ် (mean reversion ဗျုဟာ)အပေါ်အခြေခံသည့် အရိုးရှင်းဆုံး အယ်လ်ဂရစ်သမစ် Forex ဗျူဟာမှာ အောက်ပါကဲ့သို့ ဖြစ်ပါသည် -
ရိုဘော့သည် standard deviation indicators များ၊ moving averages များ၊ channel indicators များ(Bollinger Bands, Keltner Channel) နှင့် fractals စသည်တို့ကို အသုံးပြု၍ ပြောင်းလဲသော support နှင့် resistance levels များကို ဆုံးဖြတ်ပါသည်။
ဈေးနှုန်းသည် ချန်နယ်လ်နယ်နိမိတ်ကို ထိတွေ့၍ နောက်ပြန်ဆုတ်ခြင်း သို့မဟုတ် ချန်နယ်လ်ကိုဖောက်ထွက်သွားပြီးမှ နောက်သို့ပြန်လှည့်ကာ ချန်နယ်လ်နယ်နိမိတ်ဆီသို့ ပြန်လည်ရွေ့လျားခြင်း စသည်တို့မှာ ကုန်သွယ်မှုတခုဖွင့်ရန် အချက်ပြမှုများ ဖြစ်ပါသည်။ ဘောင်အတွင်းသို့ ဈေးနှုန်းဝင်ရောက်သွားသည်နှင့် တပြိုင်နက် EA သည် ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။ ချန်နယ်လ်ဖောက်ထွက်မှုသည် လမ်းကြောင်းသစ်တခု၏ အစဖြစ်ကာ ချန်နယ်လ်ကို ကျယ်ပြန့်စေသော အခြေအနေမျိုးအတွက် pending orders များကို အသုံးပြုထားနိုင်ပါသည်။
ကြိုတင်သတ်မှတ်ထားသော ဆက်တင်များနှင့်အညီ lot ပမာဏကိုတွက်ချက်ပါသည်။
ဈေးနှုန်းသည် ဘောင်ခတ်ထားသော ချန်နယ်လ်၏ အလယ်သို့ ရောက်ရှိသောအချိန်တွင် ကုန်သွယ်မှုကို ပိတ်သိမ်းပါတယ်။ သို့မဟုတ် ကုန်သွယ်မှုတစိတ်တပိုင်းကို ပိတ်သိမ်းနိုင်ပါသည် - ဈေးနှုန်းသည် ချန်နယ်လ်၏ အလယ်သို့ ရောက်ရှိသောအချိန်တွင် ကုန်သွယ်မှု ၅၀% ကိုပိတ်သိမ်း၍၊ ချန်နယ်လ်၏ ဆန့်ကျင်ဘက်နယ်နိမိတ်မျဉ်းသို့ ရောက်ရှိချိန်တွင် ကျန် ၅၀% ကို ပိတ်သိမ်းနိုင်ပါသည်။
ပွိုင့် 1 သည် ကုန်သွယ်မှုစတင်ဖွင့်လှစ်သည့်အမှတ်များကို ညွှန်ပြပါသည်။ ပွိုင့် 2 သည် ကုန်သွယ်မှုပိတ်သိမ်းခြင်းကို ညွှန်ပြပါသည်။ ဆန့်ကျင်ဘက်နယ်နိမိတ်မျဉ်းတွင် ကုန်သွယ်မှုပိတ်သိမ်းသည်ကို သင်တွေ့မြင်နိုင်ပါသည်။
Expert Advisors များသည် trailing stop အော်ဒါတခုကို အသုံးပြုလေ့ရှိပါသည် — trailing stop ဆိုသည်မှာ ဈေးနှုန်းနောက်သို့ လိုက်ပါရွေ့လျားသော stop loss အော်ဒါအမျိုးအစားဖြစ်ပါသည်။ သို့သော် ၎င်းကို အသုံးပြုရန် VPS ဆာဗာတခုလိုအပ်ပါသည်။
Volume-weighted Average Price (VWAP)
ဤကုန်သွယ်ရေးပုံစံသည် ဇယား၏ အလျားလိုက်နှင့် ဒေါင်လိုက်ဝင်ရိုးများရှိ ကုန်သွယ်ရေးပမာဏများ အပေါ်တွင် အခြေခံပါသည်။
ဒေါင်လိုက်ဝင်ရိုးရှိ ပမာဏများသည် အချိန်တခုအတွင်းရှိ ကုန်သွယ်မှုပမာဏကို ပြသပါသည်။ ၎င်းတို့သည် သတ်မှတ်ထားသော candlestick တခုပေါ်မှ ကုန်သွယ်မှုပမာဏများကို ရည်ညွှန်းပါသည်။
အလျားလိုက်ဝင်ရိုးရှိပမာဏများသည် ဈေးနှုန်း level တခုရှိ ကုန်သွယ်မှုပမာဏများကို ပြသပါသည်။ ၎င်းတို့သည် သတ်မှတ်ထားသော ဈေးနှုန်းတခုတွင် အရောင်းအဝယ်ပြုလုပ်သည့် ပမာဏစုစုပေါင်းကို ရည်ညွှန်းပါသည်။
အရေးပါသော ခွဲခြမ်းစိတ်ဖြာမှုအထောက်အကူကိရိယာများမှာ ပမာဏညွှန်ပြသော indicators များနှင့် market depth (ခေါ်) အော်ဒါစုစည်းမှုမှတ်တမ်းဖြစ်ပါသည်။ ရိုဘော့သည် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည်။
အရေးပါသော support နှင့် resistance levels များကို ဆုံးဖြတ်ပေးပါသည်။
ဈေးကွက်အတွင်း ထပ်မံပေါ်ထွက်လာသော အော်ဒါများနှင့်အညီ pending orders များကို နေရာချထားပါသည်။
ပြောင်းလဲနေသောပမာဏများအပေါ် အခြေခံကာ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းသစ်များကို ခွဲခြားထုတ်ဖော်ပေးပါသည်။
Market depth တွင် ပါဝင်သော နှုန်းထားများနှင့် ပမာဏများသည် အစဉ်အမြဲ ပြောင်းလဲနေပါသည်။ တိုတောင်းသော အချိန်ဘောင်များတွင် အပြောင်းအလဲသည် စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်ပါသည်။ ကုန်သည်အနေဖြင့် ထိုမျှမြန်ဆန်စွာပြောင်းလဲနေသော ဈေးကွက်အချက်အလက်ကို ခြေရာမခံနိုင်ပါ။ ဤနေရာတွင် Expert Advisor ၏ အသုံးဝင်မှုမှာ အလွန်သိသာထင်ရှားပါသည်။
Percentage of Volume (POV)
ဤသည်မှာ အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး ဖြစ်ပါသည်။ ၎င်းသည် ဈေးနှုန်းအပေါ် ကြီးမားစွာသက်ရောက်မှုမဖြစ်စေသော ကုန်သွယ်မှုပမာဏ အား အလိုအလျောက် ဆုံးဖြတ်ပေးပါသည်။ ဈေးကွက်အတွင်း လက်ခံအော်ဒါများမရှိပဲ ပမာဏကြီးမားသောကုန်သွယ်မှုတခုကို ပြုလုပ်ခြင်းသည် ဈေးနှုန်းကို သိသိသာသာအပြောင်းအလဲဖြစ်စေနိုင်ပြီး၊ ဈေးကွက်မတည်ငြိမ်နှုန်း ကို မြင့်တက်စေပါသည်။ ရိုဘော့သည် ကြီးမားသည့်အော်ဒါတခုအား အစိတ်အပိုင်းများခွဲခြမ်း၍ ဈေးကွက်အတွင်း တွဲဖက်စရာအော်ဒါများပေါ်ပေါက်လာချိန်များတွင် သေးငယ်သော အော်ဒါများကို အသီးသီး နေရာချထားပါသည်။ ထို့ကြောင့် ၎င်းသည် ကုန်သွယ်မှုပမာဏတခုလုံးကို အကောင်အထည်ဖော်ရာတွင် အခြားတဖက်မှဈေးကွက်အော်ဒါများကို တဖြည်းဖြည်းချင်းသာ ပြီးမြောက်စေပါသည်။
Implementation Shortfall
Implementation Shortfall ဟု ခေါ်သော ကုန်သွယ်ရေးဗျူဟာသည် ကုန်သွယ်ရေးအော်ဒါများ၏ မျှော်မှန်းထားသောဈေးနှုန်းနှင့် လက်တွေ့အကောင်အထည်ဖော်သောဈေးနှုန်းကြားမှ ကွာခြားချက်ကို လျှော့ချပေးသည့် ရင်းနှိးမြှုပ်နှံမှုအစုအဝေးစီမံခန့်ခွဲခြင်းနည်းလမ်းတခု ဖြစ်ပါသည်။ ၎င်းကို အလိုအလျောက် အရှုံးကန့်သတ်ပေးခြင်း (auto hedging) အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ဤနည်းဗျူဟာတွင် ရိုဘော့သည် ဈေးကွက်အတွင်းမှ တွဲဖက်အော်ဒါပမာဏထက် spread အရွယ်အစားကို ထည့်သွင်းစဉ်းစားကာ ကုန်သွယ်မှုပမာဏစုစုပေါင်းကိုလည်း စီမံခန့်ခွဲပါသည်။
Liquidity နည်းပါးချိန်တွင် spread ပိုမိုနည်းပါးလေလေ၊ ကုန်သည်မှ ကောင်းမွန်သောဈေးနှုန်းဖြင့် ကုန်သွယ်မှုဖွင့်ရန် အလားအလာနည်းလေလေဖြစ်ပါသည်။ အပြန်အလှန်အားဖြင့်၊ နောက်ထပ်ချဲ့ထွင်နိုင် သော spread ပမာဏနှင့် နောက်ဆက်တွဲရောင်းချမှုများကိုပါ ထည့်သွင်းစဉ်းစား၍ သေးငယ်သော spread ဖြင့် အများဆုံးကုန်သွယ်မှုပမာဏကိုရရှိစေရန် ဆောင်ရွက်သင့်ပါသည်။ အဝယ်ကုန်သွယ်မှုတခုအား ဆောင်ရွက်သောအခါ သေးငယ်သော spread တန်ဖိုးဖြင့် ပမာဏတခုလုံးကို တကြိမ်တည်းဝယ်ယူမှုပြုလုပ်ခြင်းသည် ပို၍ကောင်းမွန်ပါသည်။ အစိတ်အပိုင်းများခွဲခြမ်း၍ ဝယ်ယူသောအခါ spread ကို ပိုမိုကျယ်ပြန့်လာစေပြီး၊ ဈေးနှုန်းကို ပိုမိုမြင့်မားစေနိုင်ပါသည်။
အဆိုပါ ကုန်သွယ်ရေးအယ်လ်ဂရစ်သမ် အမျိုးအစား၏ ရည်ရွယ်ချက်မှာ အော်ဒါအကောင်အထည် ဖော်သော အမြန်နှုန်းနှင့် ဈေးကွက်အကျိုးသက်ရောက်မှုကြား ဟန်ချက်ညီမှုကို ရရှိစေရန်ဖြစ်သည်။ ဈေးကွက်အကျိုးသက်ရောက်မှုဆိုသည်မှာ ကုန်သွယ်မှုပမာဏကြောင့် ဈေးနှုန်းအပြောင်းအလဲဖြစ်ခြင်းကို ဆိုလိုပါသည်။ ၎င်းသည် လက်ရှိ spread level အပေါ်မူတည်၍၊ လက်ခံနိုင်သောစွန့်စားမှုအတိုင်းအတာကို ထည့်သွင်းစဉ်းစားကာ စုစုပေါင်း ကုန်သွယ်မှုပမာဏကိုလည်း ချိန်ညှိပေးပါသည်။
Beyond the Usual Trading Algorithms
တန်ပြန်အော်ဒါအယ်လ်ဂရစ်သမ်။ ဤနည်းဗျူဟာ၏ သဘောတရားမှာ ရိုဘော့အချင်းချင်း အပြိုင်အဆိုင် Forex ကုန်သွယ်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသည် ကုန်သည် ကြီးများ၏ ကုန်သွယ်ရေးအယ်လ်ဂရစ်သမ်များကို ခွဲခြားထုတ်ဖော်ကာ၊ ၎င်းတို့နှင့် ဆန့်ကျင်ဘက် အော်ဒါများချမှတ်ခြင်းကို အဓိကဦးစားပေးပါသည်။ ဥပမာအားဖြင့် hedge fund အစရှိသော ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတခု၏ ရိုဘော့သည် ပိုင်ဆိုင်မှုတခုအား ဝယ်ယူရန်အတွက် ဈေးနှုန်း levels အချို့တွင် အော်ဒါများကိုချမှတ်ထားပါသည်။ ဤသည်မှာ Forex ဈေးကွက် အပေါ် သက်ရောက်မှုမရှိစေရန်အတွက် ကုန်သွယ်မှုအား အစိတ်အပိုင်းခွဲ၍ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယူဆကြပါစို့။ သင်၏ ရိုဘော့သည် ယင်းအော်ဒါများကို ရှာဖွေသည်။ ပို၍ဈေးသက်သာသော ရှယ်ယာများကိုရှာဖွေ၍ ဝယ်ယူသည်။ ထို့နောက် ရင်းနှီးမြှပ်နှံမှုအဖွဲ့အစည်း၏ ရိုဘော့ထံ ရောင်းချလိုက်သည်။ ဈေးနှုန်းခြားနားချက်သည် သင်၏အမြတ်ဖြစ်ပါသည်။
ဤနည်းဗျူဟာသည် ပမာဏအခြေပြုကုန်သွယ်ရေးနှင့် arbitrage ကုန်သွယ်ရေးတို့အား ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ အဆိုပါကုန်သွယ်မှုများကို စက္ကန့်ဝက်မျှပင်မကြာသောအချိန်အတွင်း ဆောင်ရွက်နိုင်ရန်အတွက် အလိုအလျောက်စနစ်များ မရှိမဖြစ်လိုအပ်ပါသည်။
ကြိမ်နှုန်းမြင့် Algo ကုန်သွယ်ရေး
ကြိမ်နှုန်းမြင့် အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးသည် တစက္ကန့်၏ အစိတ်အပိုင်းမျှသောအချိန်အတွင်း ကုန်သွယ်မှုများကို ဖွင့်လှစ်၊ ပိတ်သိမ်းသော အလိုအလျောက်စနစ်တခု ပါဝင်သည့် HFT ကုန်သွယ်ရေး ဖြစ်ပါသည်။ အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး၏ အနှစ်သာရမှာ အသေးငယ်ဆုံး ဈေးနှုန်းရွေ့လျားမှု အပေါ်တွင် အမြတ်ရရှိရန်ဖြစ်သည်။ ၎င်းသည် တဦးချင်းကုန်သည်များ အတွက် ကုန်သွယ်မှုများစွာအား ကြာမြင့်စွာ ထိန်းသိမ်းထားရန် မလိုပဲ အမြတ်ရရှိနိုင်ရန် ကူညီပေးပါသည်။ ၎င်းတို့သည် အခြေအနေများစွာဖြင့် ကိုက်ညီရန် လိုအပ်ပါသည်။
၀ ပွိုင့်မှစ၍ အနည်းဆုံး spread။ အကယ်၍ ကော်မရှင်ကြေးသည် သုညနီးပါးအထိ နည်းပါးလေ၊ ဈေးနှုန်းအပြောင်းအလဲအပေါ် သွက်လက်စွာကုန်သွယ်ခြင်းဖြင့် အမြတ်ရနိုင်လေလေဖြစ်သည်။ ထို့ကြောင့် အဆိုပါ ရိုဘော့အမျိုးအစားများကို ECN အကောင့်များတွင် သီးသန့်အသုံးပြုကြပါသည်။
အော်ဒါအကောင်အထည်ဖော်သော အမြန်နှုန်း။ ဈေးကွက်အတွင်း ပျမ်းမျှအမြန်နှုန်းမှာ ၂၀၀ မှ ၃၀၀ ကြားမီလီစက္ကန့် ဖြစ်သည်။ စတော့ကုန်သွယ်ရေးနှင့် Forex ကုန်သွယ်ရေးအတွက် ဖြစ်သင့်သော အမြန်နှုန်းမှာ အများဆုံး ၃၀ မှ ၅၀ မီလီစက္ကန့်အတွင်းဖြစ်ပါသည်။
HFT ဗျူဟာသည် ကုန်သည်ထံမှ ကွန်ပျူတာစွမ်းရည်ပံ့ပိုးမှုကို လိုအပ်ပါသည်။ ထို့ကြောင့် စွမ်းရည်မြင့်ဆာဗာများထံသို့ ကွန်ပျူတာချိတ်ဆက်မှုပြုလုပ်နိုင်သော ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများသာလျှင် ကြိမ်နှုန်းမြင့်ကုန်သွယ်ရေးကို အများဆုံးအသုံးပြုကြပါသည်။ ဤဗျူဟာ၏ အားနည်းချက်မှာ စီမံထိန်းသိမ်းမှုအဖွဲ့အစည်းများနှင့် ကုန်သွယ်ရေးပလပ်ဖောင်း၏ အဖိုးအခများပေးဆောင်ရခြင်း ဖြစ်ပါသည်။
Front Running
Front Running ဗျူဟာဆိုသည်မှာ market maker ၏ ကြီးမားသောကုန်သွယ်မှုသည် support သို့မဟုတ် resistance အဖြစ် ဈေးကွက်အားလွှမ်းမိုးလိမ့်မည်ဟူသော ယူဆချက်ဖြင့် ယင်းကုန်သွယ်မှုမတိုင်မီတွင် ရိုဘော့မှ ပိုင်ဆိုင်မှု တစ်ခု အတွက် အရောင်း၊အဝယ် အော်ဒါတခုကို ကြိုတင်ချမှတ်ခြင်းဖြစ်ပါသည်။
ပထမဦးစွာ market depth စာရင်းမှအော်ဒါများကို အလိုအလျောက်ခွဲခြမ်းစိတ်ဖြာပါသည် (အဆင်သင့်ရှိနေသော liquidity ပမာဏ)။ အကယ်၍ အော်ဒါတခုသည် Bid/Ask ဈေးနှုန်း၏ဘေးတွင် ပေါ်ပေါက်လာပြီး၊ market depth အတွင်းမှ အော်ဒါများ၏ ပျမ်းမျှပမာဏထက် သိသိသာသာ ကျော်လွန်နေပါက၊ သို့မဟုတ် ကာလတခုအတွင်းရှိ ပျမ်းမျှကုန်သွယ်မှုပမာဏ ထက် ကျော်လွန်နေပါက ရိုဘော့သည် ၎င်း၏အော်ဒါကို အကောင်အထည်ဖော်ပါသည်။ ပမာဏကြီးမားသောအော်ဒါများ မပြီးမြောက်မီတွင် ဈေးနှုန်းသည် ဆန့်ကျင်ဘက်ဦးတည်ရာသို့ ကြိမ်ဖန်များစွာပြန်လှည့်စေရန်ရည်ရွယ်ကာ ဤနည်းဗျူဟာကို စီစဉ်ရေးဆွဲထားခြင်း ဖြစ်ပါသည်။
Front running အား သေးငယ်သော ဈေးနှုန်းရွေ့လျားမှုများ ကို အမိအရဖမ်းယူ၍ ကာလတိုကုန်သွယ်မှုများစွာကို ပြုလုပ်လိုသော scalpers များမှလည်း အသုံးပြုကြပါသည်။ အယ်လ်ဂရစ်သမ်များသည် market depth ကို အသုံးပြုပါသည်။ ထို့ကြောင့် သင့်အား အနည်းဆုံး 20*20 levels ရှိသော market depth ကိုပြသပေးနိုင်သည့် အကျိုးဆောင်ကို လိုအပ်မည်ဖြစ်သည်။
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် များ
ကွန်ပျူတာလိုအပ်ချက်များ
Intel CORE i5, i7; AMD Ryzen 5, 7 နှင့်အထက် ပရိုဆက်ဆာ။
RAM—အနည်းဆုံး 8 GB။ ယနေ့ခေတ် desktops နှင့် laptops အားလုံးနီးပါးတို့၏ အခြေခံဗားရှင်းသည် advisors များစွာကို အသုံးပြုရန်အတွက် လုံလောက်သော မန်မိုရီ ပါဝင်ကြပါသည်။
SSD—အနည်းဆုံး 50 GB။ ၎င်းပမာဏသည် ကုန်သွယ်ရေးပလပ်ဖောင်း တခု၊ advisors များနှင့် နှုန်းထားရာဇဝင်များ၊ libraries အစရှိသည်တို့ကိုသိမ်းဆည်းရန်အတွက် အခြားလိုအပ်သော အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးဆော့ဖ်ဝဲလ်များ။ SSD drive သည် HDD ထက်ပို၍မြန်ဆန်ပါသည်။
ကုန်သွယ်ရေးဆော့ဖ်ဝဲလ် - လည်ပတ်သောစနစ်သည် အနည်းဆုံး Windows 10 နှင့်အထက် ဖြစ်ရပါမည်။ MT4/MT5 အဆင့်ပလပ်ဖောင်းများကို Windows 7 တွင် တပ်ဆင်၍မရပါ။
ကွန်ပျူတာပိတ်ထားချိန် သို့မဟုတ် အင်တာနက်ပြတ်တောက်ချိန်များတွင် Expert Advisors ၏ လုပ်ဆောင်ချက်ကို အနှောက်အယှက်မဖြစ်ကြောင်းသေချာစေရန် VPS ဆာဗာတခုကို လိုအပ်ပါသည်။
တည်ငြိမ်သောအင်တာနက်ချိတ်ဆက်မှု (Optics၊ Starlink) စသဖြင့် အနည်းဆုံး 100 Mbit/s အမြန်နှုန်းရှိသည့် ချိတ်ဆက်မှုကိုလည်း လိုအပ်ပါသည်။ နှုန်းထားများနှင့် market depth အချက်အလက်များကို နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ အချိန်နှင့်တပြေးညီဖော်ပြပေးသော ပလပ်ဖောင်းတခုကို ပံ့ပိုးပေးနိုင်သည့် ယုံကြည်စိတ်ချရသော အကျိုးဆောင်နှင့် လက်တွဲသင့်ပါသည်။
အကယ်၍ ကျွန်ုပ်တို့သည် ပရော်ဖက်ရှင်နယ်အလိုအလျောက် Forex ကုန်သွယ်ရေး အကြောင်းကို ပြောဆိုနေခြင်းဖြစ်ပါက၊ သင့်အနေဖြင့် အနည်းဆုံး Intel Xeon Gold 5118 အတန်းအစား ပရိုဆက်ဆာနှင့် Windows Server 2012/2016/2019/2022 (x64) နှင့် ဆင်တူသည့် ဆာဗာပစ္စည်းများ လိုအပ်မည်ဖြစ်သည်။
အယ်လ်ဂရစ်သမ်များကို အသုံးပြု၍ ကုန်သွယ်ရန်အတွက်၊ စတော့ကုန်သွယ်ရေးနယ်ပယ်နှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအကြောင်း ဗဟုသုတရှိရပါမည်။ ၎င်းသည် နည်းပညာဆိုင်ရာ အစိတ်အပိုင်းတခု မဟုတ်တော့စေကာမူ၊ ကွန်ပျူတာပရိုဂရမ်ဆိုင်ရာ ဗဟုသုတရှိထားခြင်းသည်လည်း အသုံးဝင်နိုင်ပါသည်။ ထို့အပြင် ကုဒ်ရေးဆွဲခြင်းအတွက် အခြေခံသဘောတရားကို သိရှိရန် သို့မဟုတ် မိမိ စိတ်ကြိုက်ပြင်ဆင်ခြင်း အတွက် ကူညီနိုင်သူ တစုံတယောက်ရှိနေရန် လိုအပ်ပါသည်။ Advisor စမ်းသပ်ဆော့ဖဲလ်ဝဲလ်နှင့် ၎င်းကိုအသုံးချနိုင်သော အရည်အချင်းလည်း လိုအပ်ပါသည်။ ဥပမာအားဖြင့်၊ MQL ပရိုဂရမ်ဘာသာစကားဖြင့် ဖန်တီးထားသော EA များအတွက် MT4/MT5 တွင် built-in tester ရှိသည်။ သီးခြားပရိုဂရမ်- Fx Blue နှင့် Forex Simulator ကိုလည်း အသုံးပြုနိုင်ပါသည်။
Algo ကုန်သွယ်ရေးဗျူဟာတခုအား မည်ကဲ့သို့ ရွေးချယ်ရမည် နည်း။
ယခုအပိုင်းတွင် Forex ကုန်သွယ်ရေး ဗျူဟာတခုကို ရွေးချယ်ရန်အတွက် အကြံပြုချက်များကို ဆက်လက်ကြည့်ရှုကြပါစို့။
ကုဒ်နှင့် ပလပ်ဖောင်းကိုက်ညီမှုကို စဉ်းစားပါ။ C# ဖြင့်ရေးသားထားသော ကုဒ်များသည် MT4 နှင့် MT5 တွင် အလုပ်မလုပ်ပါ။ အပြန်အလှန်အားဖြင့် MQL-အခြေခံ Expert Advisor သည် cTrader ပလပ်ဖောင်းနှင့် သင့်တော်မည်မဟုတ်ပါ။
သင်လိုလားသော အကျိုးအမြတ် ပို၍မြင့်မားလေလေ၊ သင်လက်သင့်ခံရမည့် ဆုံးရှုံးမှုအလားအလာ သည်လည်း ပို၍မြင့်မားလေလေ ဖြစ်ပါသည်။ ဥပမာအားဖြင့် EAs များစွာကို တပြိုင်တည်းအသုံးပြုခြင်း သို့မဟုတ် EA တခုအား ပိုင်ဆိုင်မှုအမျိုးအစားများစွာတွင် အသုံးပြုခြင်းများသည် ဆုံးရှုံးနိုင်ခြေကို တိုးတက်လာစေပါသည်။
EA သည် မည်သည့် indicators များ၊ အချက်ပြမှုများ၊ အချိန်အပိုင်းအခြားများနှင့် ဘဏ္ဍာရေး ကိရိယာများအပေါ်တွင် အလုပ်လုပ်သည်ကို သေချာပေါက် သဘောပေါက်နားလည်ရပါမည်။ ထို့အပြင် ၎င်းသည် ကုန်သွယ်မှုများကို မည်သို့စီမံခန့်ခွဲသည်၊ stop loss၊ take profit နှင့် အခြားအတိုင်းအတာများကို မည်သို့တွက်ချက်သည် စသည်တို့ကိုလည်း သိနားလည်ရပါမည်။ ဆက်တင်အတွင်းရှိ သတ်မှတ်အတိုင်းအတာ များနှင့် ၎င်းတို့၏ တာဝန်ယူမှုကိုလည်း သိရှိရပါမည်။
အတိတ်နှင့် လက်ရှိကာလများအတွင်း မတူညီသောအခြေအနေများအောက်တွင် EA ၏ စွမ်းဆောင်ရည်မည်သို့ရှိသည်ကို လေ့လာဆန်းစစ်ရန် လိုအပ်ပါသည်။ မတည်ငြိမ်မှု တိုးတက်ခြင်း၊ ရုတ်တရက်ဈေးနှုန်းရွေ့လျားမှုများ၊ သတင်းများနှင့် အခြားအကြောင်းအရာများအပေါ် ၎င်းတို့၏ တုံ့ပြန်ပုံကို နားလည်သဘောပေါက်ရပါမည်။
EA တခုကို ရွေးချယ်ရာတွင် အောက်ပါအစီအစဉ်အတိုင်း လုပ်ဆောင်သင့်ပါသည် - ၎င်းကို စမ်းသပ်ခံဆော့ဝဲလ်တခုတွင် ဦးစွာလည်ပတ်ပါ၊ အမျိုးမျိုးသော timeframes များနှင့် ပိုင်ဆိုင်မှုများအပေါ်တွင် စမ်းသပ်အသုံးချပါ၊ ဆက်တင်အတိုင်းအတာ အမျိုးမျိူးကို ပေါင်းစပ်ကြည့်ပါ။ EA သည် မည်သည့်အချိန်အပိုင်းအခြားနှင့် မည်သည့်အခြေအနေများတွင် အကောင်းဆုံးရလာဒ်ကို ပေးနိုင်သည်ကို ဆန်းစစ်လေ့လာပါ။
ငွေကြေးနှင့် အခြားသောပိုင်ဆိုင်မှုများကုန်သွယ်ရေးအတွက် အပိုဆောင်းအကြံပြုချက်များ -
အခကြေးငွေပေးရသော Expert Advisors များကို အသုံးပြုရန် မလောပါနှင့်။ ၎င်းတို့သည် အနည်းငယ်မွမ်းမံထားသော အခမဲ့ဗားရှင်းများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရိုဘော့အများစု အလုပ်မဖြစ်ရခြင်းမှာ ၎င်းတို့၏ချို့ယွင်းချက်ကြောင့်မဟုတ်ပဲ၊ အယ်လ်ဂရစ်သမစ် Forex ကုန်သည်မှ ၎င်းတို့ဖြင့် မည်သို့အလုပ်လုပ်ရမည်ကို ကောင်းစွာ မသိရှိသောကြောင့်ဖြစ်သည် - ၎င်းတို့၏ဆက်တင်များကို သေချာစွာသတ်မှတ်ပါ၊ ရွေးချယ်ထားသော ပိုင်ဆိုင်မှုများနှင့် အချိန်ဘောင်များနှင့်အညီ ချိန်ညှိပါ။
သို့ရာတွင် အခပေးရသော EAs များတွင်လည်း အားသာချက်များရှိပါသည်။ ၎င်းတို့တွင် လက်တွေ့အကောင့်တခု၏ ကုန်သွယ်မှုမှတ်တမ်း ပါဝင်လေ့ရှိသည်။ ရောင်းချသူမှ expert advisor အား သီးခြားတာဝန်တခုအတွက် လိုက်လျောညီထွေဖြစ်စေရန်နှင့် အကောင်းဆုံးလုပ်ဆောင်နိုင်ရန် လည်း ကူညီချိန်ညှိပေးထားနိုင်ပါသည်။
အောင်မြင်သော လူကိုယ်တိုင်ကုန်သွယ်ရေးဗျူဟာတခုကို အသုံးပြု၍ တီထွင်ဖန်တီးထားသည့် Expert Advisor တခုသည် ရွေးချယ်ရန်အကောင်းဆုံး ဖြစ်ပါသည်။
မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး၏ အကျိုးကျေးဇူးများ
ကုန်သွယ်ရေးဆောင်ရွက်ခြင်း - ကြီးမားသောအော်ဒါတခုအား သေးငယ်သောအစိတ်အပိုင်းများအဖြစ် ခွဲခြမ်းခြင်း၏ အဓိကအားသာချက်မှာ ဈေးကွက်အတွင်းမှ ဆန့်ကျင်ဘက်အော်ဒါများကို တဖြည်းဖြည်းချင်း သိမ်းယူစေခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် - သင်သည် ရှယ်ယာတခုလျှင် 100 USD ဖြင့် ရှယ်ယာအရေအတွက် 1000 ကို ဝယ်ယူလိုသည်။ သို့သော် ရောင်းသူထံတွင် ရှယ်ယာ 400 သာရှိသည်။ ဝယ်လိုအားတိုးတက်လာသည်ကို မြင်တွေ့ရသောအခါ၊ ရှယ်ယာပိုင်ဆိုင်သူများသည် ချက်ချင်းဆိုသလို ဈေးနှုန်းကို မြှင့်တင်လိုက်ကြသည်။ ထိုအခါ သင်သည် အခြေအနေအပေါ်မူတည်၍ ရှယ်ယာတခုလျှင် 110-115-120 USD ခန့်ဖြင့် ဝယ်ယူရနိုင်သည်။ အယ်လ်ဂရစ်သမ်သည် သင်၏အော်ဒါကို သေးငယ်သောအစိတ်အပိုင်းများစွာအဖြစ် ခွဲခြမ်းလိုက်သည်။ ပထမဦးစွာ ရောင်းသူထံတွင် အသင့်ရရှိနိုင်သော ပမာဏ (ရှယ်ယာ 400) ကို ဝယ်ယူလိုက်သည်။ ရောင်းသူမှ ဈေးနှုန်းကို ကြိုတင်သဘောတူထားပြီးဖြစ်သောကြောင့် ယင်းဝယ်ယူမှုသည် ဈေးနှုန်းအပြောင်းအလဲကို မဖြစ်စေပါ။ ထို့နောက်ရိုဘော့သည် တူညီသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းဝင်ရောက်လာမည့် ရောင်းချသူများကို စောင့်ဆိုင်းပါသည်။
ထို့ကြောင့် သင်သည် ရှယ်ယာအရေအတွက် 1000 အား 100 USD နှုန်းထားဖြင့် ဖြည်းဖြည်းချင်း ဝယ်ယူရရှိပါသည်။ ရိုဘော့၏ တာဝန်မှာ ရောင်းသူများထံမှ ပေါ်ထွက်လာသော အော်ဒါများအပေါ် မြန်ဆန်စွာတုံ့ပြန်ဆောင်ရွက်ရန်ဖြစ်သည်။
အလိုအလျောက်ကုန်သွယ်ရေးစနစ်များ နှင့် စပ်လျဉ်း၍ Expert Advisors များကို အသုံးပြုခြင်း၏ အားသာချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
တုံ့ပြန်မှုအမြန်နှုန်း။ လူသားကုန်သည်တဦး သည် အရောင်းအဝယ်လုပ်ဆောင်မှုအမြန်နှုန်းတွင် ရိုဘော့တခုအား မည်သည့်နည်းနှင့်မှ ယှဉ်ပြိုင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် scalping နှင့် ကြိမ်နှုန်းမြင့်ကုန်သွယ်ရေး များ အားလုံးနီးပါးကို ရိုဘော့များဖြင့်သာ ဆောင်ရွက်ကြပါသည်။
အလိုအလျောက်လုပ်ဆောင်ချက်များ။ Expert Advisors များကို ပိုင်ဆိုင်မှုများစွာအပေါ် တပြိုင်နက်အသုံးချနိုင်ပါသည်။ ရိုဘော့များသည် ဇယားဆယ်ခုပေါ်မှ ကုန်သွယ်မှုဆယ်ခုအား အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ပါသည်။ ယင်းလုပ်ဆောင်ချက်မျိုးသည် လူသားကုန်သည်တဦး အတွက် မဖြစ်နိုင်သလောက်ပင် ရှိပါသည်။
၎င်းသည် ကုန်သည်၏ အမြင်အာရုံနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကို လျှော့ချပေးခြင်းပါသည်။ ကုန်သည်အနေဖြင့် ဒါဇင်နှင့်ချီသော ဈေးကွက်များနှင့် ဇယားများကို စောင့်ကြည့်ခြင်းထက်၊ သတင်းများနှင့် အပ်ငွေကိုသာ စောင့်ကြည့်ဆန်းစစ်ရန် လိုအပ်ပါသည်။ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုမှလွဲ၍ အခြားအကြောင်းအရာများအတွက် အချိန်ပေးရန်မလိုအပ်ပါ။
ဆုံးရှုံးနိုင်ခြေများကို ခွဲခြမ်းပေးခြင်း။ အမျိုးအစားမတူညီသော EAs များကို မတူညီသောဇယားများပေါ်တွင် လည်ပတ်စေကာ၊ မတူညီသော အချိန်များ၌ အလုပ်လုပ်စေခြင်း ဖြင့် အပ်ငွေအပေါ် တပြိုင်နက်တည်း ဖိအားသက်ရောက်ခြင်းကို ပယ်ရှားနိုင်ပါသည်။
စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုကို လျှော့ချပေးခြင်း။ စိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်းကို ခံစားရသော လူတဦးသည် ကျိုးကြောင်းဆက်စပ်စဉ်းစားမှုထက် လက်လွတ်ဆုံးရှုံးရမည်ကို ကြောက်ရွံ့သောစိတ်၏ ဦးဆောင်မှုဖြင့် လမ်းကြောင်းအလှည့်အပြောင်းတခုကို မျှော်လင့်၍ stop-loss အော်ဒါများကို နေရာပြောင်းရွှေ့ခြင်း အစရှိသည့် အမှားများကို အမှတ်မထင် ပြုလုပ်မိနိုင်ပါသည်။ ဤနေရာတွင် ရိုဘော့သည် ပြိုင်ဘက်မရှိပါ။
မည်သို့ပင်ဆိုစေကာမူ ဤအားသာချက်များသည် အားနည်းချက်များအဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားနိုင်ပါသည်။
အားသာချက်များ | အားနည်းချက်များ |
တုံ့ပြန်မှုအမြန်နှုန်း | လျင်မြန်သောတုံ့ပြန်မှုသည် အမြဲတမ်းအတွက် အားသာချက်တခုမဟုတ်နိုင်ပါ။ တခါတရံတွင် ကုန်သည်တဦးသည် နည်းပညာပိုင်းဆိုင်ရာ အချက် ပြမှုကိုဆန့်ကျင်၍ ဈေးနှုန်းဦးတည်ရာကို ပြောင်းလဲစေသော အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာ များ အစရှိသည့် အတည်ပြု အချက်ပြမှုများ ကို ရှာဖွေရန်လိုအပ်ပါသည်။ |
အလိုအလျောက်လုပ်ဆောင်ချက်များ | အကယ်၍ ရိုဘော့သည် မတူညီသော ပိုင်ဆိုင်မှုများဖြင့် ကုန်သွယ်မှုများစွာကို တပြိုင်နက်တည်း ဖွင့်လှစ်ပါက၊ free margin ပမာဏကို လျင်မြန်စွာကျဆင်းစေပြီး အမြတ်ရနေသော ကုန်သွယ်မှုများကို stop-out ဖြင့် ပိတ်သိမ်းရနိုင်ပါသည်။ |
ကုန်သည်၏ အလုပ်တာဝန်ဖိစီးမှုကို လျှော့ ချပေးခြင်း | ကုန်သည်တဦးသည် အချိန်ပြည့် အားလပ် မနေသင့်ပါ။ ပိုလျှံသောအားလပ်ချိန်တခုသည် ကုန်သွယ်မှုအသစ်များစွာကိုဖွင့်ရန် သို့မဟုတ် စွန့်စားမှုအသစ်များပြုလုပ်ရန် ဆွဲဆောင်နိုင် ပါသည်။ သင့်တွင် အချိန်အားလပ် နေယုံမျှဖြင့် စွန့်စားမှုများကို မတိုးမြှင့်သင့်ပါ။ |
ဆုံးရှုံးနိုင်ခြေများကို ခွဲခြမ်းပေးခြင်း | အကယ်၍ advisors အားလုံးသည် ဆုံးရှုံးမှုတခုကို ပြသခြင်း သို့မဟုတ် ရိုဘော့များတခုနှင့်တခု ထပ်လျှက်ဖြစ်နေခြင်းမျိုးတွင် ဆုံးရှုံးနိုင်ခြေကို ခွဲခြမ်းခြင်းအစား၊ အပ်ငွေကိုလျင်မြန်စွာ ကုန်ဆုံးစေနိုင်ပါသည်။ |
စိတ်ခံစားချက်များ၏ သက်ရောက်မှုကို ဖယ်ရှားပေးခြင်း | Expert Advisor အသုံးပြုခြင်းသည် စိတ်လှုပ်ရှားမှု သို့မဟုတ် စိတ်ပျက်အားငယ်မှု အောက်တွင် ကုန်သွယ်မှုများ ဖွင့်ခြင်း/ပိတ်ခြင်းများ ပြုလုပ်မိနိုင်သည့်အလားအလာကို ဖယ်ရှားပေးပါ သည်။ သို့သော် ကုန်သွယ်ရေးတွင် ကံ၊ ဉာဏ်(ထိုးထွင်းသိမြင်နိုင်စွမ်း) သည်လည်း သင့်တင့်သော စွန့်စားမှု အတိုင်းအတာ ဝေစုနှင့် အတူ တထောင့်တနေရာမှ အလုပ်လုပ်ပါသည်။ |
Forex တွင် အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးကို အသုံးပြုခြင်း၏ မလိုလားသောအကျိုးဆက်များမှာ အဘယ်နည်း။
အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးစနစ် ကို အသုံးပြုခြင်း၏ မလိုလားသောအကျိုးဆက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများ၏ လွှမ်းမိုးမှု။ EA တခုသည် ဈေးကွက်အတွင်း ဖြစ်ပျက်နေသော အခြေအနေများကို အမှုမထားပဲ ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။ ဥပမာအားဖြင့် ပိုင်ဆိုင်မှု သည် ဝယ်လိုအားလွန်ကဲနေကြောင်း အတည်ပြုချက်အဖြစ် အစဉ်လိုက် ပေါ်ပေါက်နေသော အချက်ပြမှုများကို ရိုဘော့မှ တွေ့မြင်သောအခါ၊ ၎င်းသည် အရောင်း ကုန်သွယ်မှုတခု ကို ဖွင့်မည်ဖြစ်သည်။ သို့သော် ငွေကြေးဖောင်းပွမှု အစီရင်ခံစာ ထွက်ပေါ်ပြးနောက်၊ တဦးချင်းကုန်သည်များ သည် စီးပွားရေး အခြေခံအကြောင်းအရာ များ၏ လွှမ်းမိုးမှုအောက်တွင် ပိုင်ဆိုင်မှုများကို စတင်ဝယ်ယူလာကြသည်။ ဤသို့သော ဖြစ်စဉ်များတွင် EA သည် ဆုံးရှုံးသော ကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။
အင်အားကြီးသော ဈေးကွက်ပါဝင်သူများ (ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ market makers များ)။ Market markers များသည် liquidity စုဆောင်းရန်နှင့် Forex ဈေးကွက် သို့ အကောင်းဆုံးဈေးနှုန်းဖြင့်ဝင်ရောက်ရန်အတွက် တိုတောင်းသော အချိန်ကာလတခု အတွင်း ဈေးနှုန်းရွေ့လျားမှုအား ၎င်းတို့အလိုရှိသော ဦးတည်ရာသို့ ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲနိုင်ပါသည်။ ရိုဘော့ အယ်လ်ဂိုရစ်သမ်သည် ထိုသို့သောလုပ်ဆောင်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါ။ ယင်းကဲ့သို့ လုပ်ဆောင်ချက်များတွင် လှည့်ဖျားခြင်းလည်း ပါဝင်ပါသည်။ ကုန်သည်ကြီးများ၏ ရိုဘော့များသည် စက္ကန့်ဝက်မျှပင်မကြာသော အချိန်အတွင်း ကုန်သွယ်မှုအော်ဒါများကို ချမှတ်ကာ၊ ပြန်လည်ဖျက်သိမ်းခြင်းအားဖြင့် depth of market တွင် ကုန်သွယ်မှုပမာဏများစွာကို ပေါ်ပေါက်စေပါသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အခြားရိုဘော့များကို လှည့်စားနိုင်ပါသည်။
မတည်ငြိမ်မှုမြင့်မားသောဈေးကွက်များအပေါ် တုံ့ပြန်နိုင်စွမ်း။ ၎င်းတို့သည် ရုတ်တရက်ဖြစ်ပေါ်သော ဈေးနှုန်းအတက်၊ အကျများ ဖြစ်ပြီး၊ အထူးသဖြင့် ခရစ်ပတိုငွေကြေးနှင့် နိုင်ငံခြား ငွေလဲလှယ်ရေးဈေးကွက် များအတွင်း ပြင်းထန်လေ့ရှိသည်။ ဥပမာအားဖြင့် ကုန်သည်တဦးသည် မိမိ၏စွန့်စားလိုမှုအတိုင်းအတာအပေါ်မူတည်၍ stop-loss အော်ဒါများကို တိုးချဲ့ခြင်း သို့မဟုတ် စောစီးစွာကုန်သွယ်မှုပိတ်သိမ်းခြင်းများကို လုပ်ဆောင်နိုင်သည်။ သို့သော် ရိုဘော့တခုသည် တ်ကျသောအယ်လ်ဂရစ်သမ်အတိုင်းသာ ဆောင်ရွက်မည်ဖြစ်သည်။
လိုက်လျောညီထွေလုပ်ဆောင်နိုင်စွမ်း မရှိခြင်း။ လူကိုယ်တိုင်ကုန်သွယ်သောအခါ၊ ကုန်သည်တဦး သည် ဈေးကွက်အခြေအနေအပေါ်မူတည်၍ ဆုံးရှုံးနိုင်ခြေအတိုင်းအတာ စီမံခန့်ခွဲရန်အလို့ငှာ ကုန်သွယ်မှုပမာဏများ၊ take profit နှင့် stop loss အော်ဒါများ၏ အရှည်များကို ပြောင်းလဲနိုင်ပါသည်။ Expert Advisor သည် ကုန်သွယ်မှုပမာဏအား ပေးထားသော အယ်လ်ဂရစ်သမ်တခုကို အသုံးပြု၍ တွက်ချက်ပါသည်။ ပမာဏကိုလျော့ချရန် လိုအပ်သောအခါတွင်၊ ၎င်းသည် လျှော့ချခြင်းမပြုပဲ ဆက်လက်တိုးမြှင့်သွားခြင်းအားဖြင့် ဆုံးရှုံးနိုင်ခြေကို တိုးတက်စေပါသည်။
ကုဒ်ချို့ယွင်းမှုများ။ EA ၏ ကုဒ်စနစ် သည် အစဉ်အမြဲ ပြီးပြည့်စုံခြင်း မရှိနိုင်ပါ။ အကယ်၍ အခြေအနေများပင် တိုက်ဆိုင်သော်လည်း၊ လုပ်ဆောင်ချက်မှားယွင်းနိုင်ပါသည်။ ၎င်းသည် မှန်ကန်မှုမရှိသော ကုန်သွယ်မှုပမာဏဖြင့် ကုန်သွယ်မှုတခုကို ဖွင့်လှစ်ခြင်း၊ အမြတ်ရနေသော ကုန်သွယ်မှုအား ပိတ်သိမ်းခြင်း စသည့်အမှားများကို ပြုလုပ်နိုင်ပါသည်။
နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များ၊ လျှပ်စစ်မီး သို့မဟုတ် အင်တာနက် ပြတ်တောက်မှု—ဤပြဿနာများအတွက် ဖြေရှင်းနည်းမှာ မိုဘိုင်းအပ်ပလီကေးရှင်း တခုနှင့် VPS ဆာဗာအား ရယူသုံးစွဲခြင်းပင်ဖြစ်ပါသည်။
အကယ်၍သင်သည် အောင်မြင်သောကုန်သည်များနှင့်ထပ်တူ လိုက်ပါဆောင်ရွက်ကာ အယ်လ်ဂရစ်သမစ် စနစ်များနှင့် လူကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်ခြင်း ကို ပေါင်းစပ်ဆောင်ရွက်ပါက ဤအားနည်းချက်များကို ဖယ်ရှားနိုင်မည် သို့မဟုတ် အနည်းဆုံးလျော့ချနိုင်မည် ဖြစ်ပါသည်။
Advisor သည် ဒီမိုအကောင့်တခုတွင် ဈေးနှုန်းရွေ့လျားမှုရာဇဝင်အပေါ် အလုပ်လုပ်ပါသည်။ နောက်ကြောင်းပြန်စမ်းသပ်ခြင်းရလာဒ် နှင့် equity နောင်အခါ လက်တွေ့အကောင့်တွင် ရိုဘော့ကိုအသုံးချသောအချိန်၌ သင့်အတွက် အထောက်အပံ့ ဖြစ်စေသော စာရင်းဇယား အခြေခံများ ဖြစ်လာပါလိမ့်မည်။
သင့်အနေဖြင့် advisor အား အလုံးစုံယုံကြည်အားကိုး၍ ၂၄ နာရီပတ်လုံး တာမီနယ်ကိုစောင့်ကြည့်ကာ သင်၏အပ်ငွေ 100% တိုးပွားမှုကို မြင်တွေ့ရန် မျှော်လင့်၍မရနိုင်ပါ။ ဈေးနှုန်းရွေ့လျားမှုများကို စောင့်ကြည့်၍၊ ကုန်သွယ်မှုများကိုဖွင့်ကာ၊ လက်ရှိကိန်းဂဏန်းများကို ထိန်းချုပ်ကွပ်ကဲရပါမည်။ အကယ်၍ လက်တွေ့အကောင့်တခုမှ ရိုဘော့၏ ကိန်းဂဏန်းရလာဒ်များသည် စမ်းသပ်စဉ်ကရရှိခဲ့သော ရလာဒ်များနှင့် ကိုက်ညီမှုမရှိပါက၊ Forex ကုန်သွယ်ရေး ကို ခေတ္တရပ်ကာ ရိုဘော့အားပြန်လည်ချိန်ညှိမွမ်းမံသင့်ပါသည်။
အလိုအလျောက်ကုန်သွယ်ရေးတွင် ကုန်သည်များ အများဆုံး ပြုလုပ်လေ့ရှိသော အမှားများ ကို လေ့လာရန် အတွက် လင့်ခ်ကိုနှိပ်၍ ဆောင်းပါးကို ဖတ်ရှုရန် တိုက်တွန်းအပ်ပါသည်။
Forex အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေး - အားသာချက်များနှင့် အားနည်းချက် များ
အောက်ပါဇယားကွက်တွင် Forex algo ကုန်သွယ်ရေး ၏ အားသာချက်၊ အားနည်းချက်များကို စုစည်းဖော်ပြပေးထားပါသည်။
အားသာချက်များ | အားနည်းချက်များ |
အချို့သောဗျူဟာများသည် ရိုဘော့များမပါဝင်ပဲ အောင်မြင်ခြင်းမရှ်ိနိုင်ပါ။ ရိုဘော့များ၏ အကူအညီ ဖြင့် သာလျှင် အင်အားကြီးမားသော ဈေးကွက် ပါဝင်သူများ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများနှင့် အခြားသော market makers များ၏ လှုပ်ရှားမှုများကို ကြံ့ကြံ့ခံနိုင်မည် ဖြစ်ပါသည်။ | ပျမ်းမျှထက်ပိုသော ဗဟုသုတကို လိုအပ်ပါသည်။ အယ်လ်ဂရစ်သမစ်ကုန်သည်တဦးသည် ရိုဘော့၏ အယ်လ်ဂရစ်သမ်ကိုနားလည်သဘောပေါက်၍ ၎င်းတို့အား စီမံခန့်ခွဲကာ၊ လိုအပ်သလို ချိန်ညှိနိုင်ရပါမည်။ |
လွဲချော်မှုများ များပြားသော မတည်ငြိမ်သည့် ဈေးကွက်များတွင် အမြန်နှုန်းသည် အထူးအရေး ပါပါသည်။ ရိုဘော့၏ အဓိကအားသာချက်မှာ ၎င်း၏အမြန်နှုန်း ဖြစ်ပါသည်။ | အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးအား “ပျင်းရိသူ များ အတွက် ကုန်သွယ်ရေး”ဟု အထင်မှားလေ့ ရှိကြသည်။ လူကိုယ်တိုင် ကုန်သွယ်ရသော ဗျူဟာများကိုအသုံးပြု၍ မည်ကဲ့သို့ ဝင်ငွေ ရှာဖွေရမည် ကို မသိရှိပါက၊ အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးကို အသုံးမပြုသင့်ပါ။ |
မတူညီသောဇယားအမျိုးမျိုးတွင် တပြိုင်နက်တည်း အမြတ်ရယူနိုင်ပါသည်။ | ထိုးထွင်းသိမြင်ဉာဏ်နှင့် ကုန်သည်၏ ပင်ကိုယ်ပါရမီ တို့ မပါဝင်ပါ။ |
နိဂုံး
Algo ကုန်သွယ်ရေး - အကျဉ်းချုပ်
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးစနစ်များတွင် ရိုဘော့ သို့မဟုတ် Expert Advisors များဖြင့် ကုန်သွယ်မှု ပြုလုပ်ခြင်း ပါဝင်ပါသည်။ ဤသည်မှာ အတွေ့အကြုံနည်းပါးသော ကုန်သည်အသစ်များအတွက် ရှုပ်ထွေးသယောင်ရှိသော်လည်း၊ ဤအဆင့်မြင့်ကုန်သွယ်ရေး စနစ်အား ကောင်းစွာအသုံးချနိုင်ရန် ဒီမိုအကောင့်တခုတွင် ဦးစွာစမ်းသပ်လေ့ကျင့်နိုင်ပါသည်။ EAs များကို စတော့၊ ကုန်စည်၊ ခရစ်ပတိုနှင့် Forex ဈေးကွက်များတွင် အသုံးပြုကြပါသည်။
Expert Advisors တခုသည် လူကိုယ်တိုင်ကုန်သွယ်ရေးဗျူဟာအပေါ် အခြေခံသော အယ်လ်ဂရစ်သမ်တခုဖြစ်ပါသည်။ ရိုဘော့သည် ကုန်သည်ကိုယ်တိုင် တိုက်ရိုက်ပါဝင်ရန်မလိုပဲ ဒီမိုအကောင့်တခု သို့မဟုတ် လက်တွေ့အကောင့်တခုတွင် အလုပ်လုပ်ပါသည်။ EA တခုသည် ကုန်သွယ်မှုများကို အပိတ်၊ အဖွင့်ပြုလုပ်ခြင်း၊ pending orders များချမှတ်ခြင်းနှင့် ကုန်သွယ်မှုပမာဏများကိုတွက်ချက်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။
ရှုပ်ထွေးသော ကုန်သွယ်ရေးစနစ် တခုသည် အမျိုးမျိုးသော ဈေးကွက်များနှင့် ပလပ်ဖောင်းများပေါ်တွင် အယ်လ်ဂရစ်သမစ်ကုန်သွယ်မှုများကို တပြိုက်နက်တည်း လုပ်ဆောင်နိုင်ပါသည်။ Arbitrage နှင့် HFT ကုန်သွယ်ရေးသည် ရိုဘော့များ၏ အကူအညီဖြင့်သာ သီးသန့်လုပ်ဆောင်နိုင်သော ဗျူဟာများဖြစ်ပါသည်။
Expert Advisors များသည် သင်္ချာ ဖော်မြူလာများ၊ quantum နှင့် spectrum ကဲ့သို့ အဆင့်မြင့်ရှုပ်ထွေးသော ခွဲခြမ်းစိတ်ဖြာမှုများနှင့် စာရင်းဇယားအယ်လ်ဂရစ်သမ်များအပေါ် အခြေခံ၍ ကုန်သွယ်ရေးဗျူဟာများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။
ကုန်သွယ်ရေးရိုဘော့တခုသည် လူကိုယ်တိုင်ဆောင်ရွက်ရသော လုပ်ဆောင်ချက်များကို ကွန်ပျူတာစနစ် ဖြင့် လုပ်ဆောင်ခြင်းအားဖြင့် အောင်မြင်သော ကုန်သည်များ ဖြစ်လာစေပြီး Forex ကုန်သွယ်ရေး လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေကာ စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုကို ဖယ်ရှားပေးပါသည်။
Advisor ၏ အားနည်းချက်မှာ ၎င်းသည် အခြေခံအယ်လ်ဂရစ်သမ်နှင့်အညီသာ အလုပ်လုပ်သော ရိုဘော့တခုမျှသာ ဖြစ်ပါသည်။ EA တခုသည် ထိုးထွင်းသိမြင်နိုင်စွမ်း၊ စွန့်စားလိုစိတ် အတိုးအလျော့များ မပါဝင်ပဲ အလုပ်လုပ်ခြင်းဖြစ်ပြီး၊ ကုဒ်ချို့ယွင်းချက်များဖြစ်ပေါ်ပါက သင်၏အပ်ငွေ ကို အလုံးစုံ ဆုံးရှုံးစေနိုင်ပါသည်။
မည်သည့် Advisor ကိုမဆို လက်တွေ့အကောင့်တခုတွင် အသုံးမပြုမီ၊ နည်းဗျူဟာစမ်းသပ်ဆော့ဖဲလ်ဝဲလ်တခုတွင် ယခင်ဈေးနှုန်းရာဇဝင်ပေါ်၌ အနည်းဆုံး အကြိမ် ၂၀၀ မှ ၃၀၀ ကြား စမ်းသပ်သင့်ပါသည်။
Expert Advisor တခုသည် အထောက်အကူစနစ်တခုမျှသာ ဖြစ်ပါသည်။ ခလုပ်တခုကိုနှိပ်၍ စတင်လိုက်ယုံဖြင့် ဝင်ငွေရရှိမည်မဟုတ်ပါ။ Expert Advisor တခု၏ အကူအညီဖြင့် အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးဆောင်ရွက်ခြင်းသည် ထိန်းချုပ်ကွပ်ကဲမှုလိုအပ်ပါသည်။ နောက်ကြောင်းပြန်စမ်းသပ်မှုရလာဒ် များနှင့် နှိုင်းယှဉ်၍ ကုန်သွယ်မှုအခြေအနေကို ပုံမှန် ဆန်းစစ်ခြင်း၊ သတင်းများထုတ်ပြန်ချိန် ကာလ တွင် ၎င်း၏ အလုပ်လုပ်ပုံကို စောင့်ကြည့်ခြင်း အစရှိသည်များကို လုပ်ဆောင်သင့်ပါသည်။ အကယ်၍သင်သည် အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးစနစ်ဖြင့် မည်သို့အလုပ်လုပ်ရမည်ကို သိရှိပါက၊ သင်၏ Forex ကုန်သွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည် ဖြစ်ပါသည်။
အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးအမေး၊ အဖြေများ
၁။ ကုန်သွယ်မှုပမာဏ၏ သက်ရောက်မှုကြောင့် ဈေးကွက်အတွင်း အပြောင်းအလဲဖြစ်ခြင်းကို လျှော့ချရန်အတွက် ကြီးမားသောအော်ဒါတခုအား သေးငယ်သောအော်ဒါများအဖြစ် ပိုင်းဖြတ်၍ အစိတ်စိတ်ခွဲခြမ်းကာ အကောင်အထည်ဖော်ခြင်း။ ၂။ Expert Advisor တခု၏အကူအညီဖြင့် ကုန်သွယ်ခြင်း - ကုန်သည်၏အကောင့်တွင်လည်ပတ်သော ပရိုဂရမ် တခုဖြစ်ပါသည်။ ၎င်းသည် ကုန်သွယ်မှု ဖွင့်ခြင်း၊ ပိတ်ခြင်း၊ pending orders များချမှတ်ခြင်း စသည့်လှုပ်ရှားမှုများကို သတ်မှတ်ချက်များနှင့်အညီ အလိုအလျောက် လုပ်ဆောင်ပေးပါသည်။ ၎င်းတို့သည် ကုဒ်ဖြင့်ရေးဆွဲထားသော အယ်လ်ဂရစ်သမ် နှင့်အညီ အလုပ်လုပ်ပါသည်။ EA သည် ကြိုတင်သတ်မှတ်ထားသော ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု အတိုင်းအတာများ အပေါ်မူတည်ကာ ကုန်သွယ်မှုပမာဏကိုလည်း လူသားအကူအညီမလိုအပ်ပဲ တွက်ချက်ပေးနိုင်ပါသည်။
သင်၏အနာဂါတ်ကုန်သွယ်ရေးရိုဘော့တွင် ထည့်သွင်းမည့် ကုဒ်ဖြင့်ရေးသားထားသော စနစ်တခု။ အယ်လ်ဂရစ်သမစ်ရိုဘော့တခုသည် အရေးပါသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအတိုင်းအတာများ၊ ကုန်သွယ်မှု ဖွင့်ခြင်း၊ ပိတ်ခြင်းအတွက် စည်းမျဉ်းများနှင့် အသုံးပြုသော indicators များပါဝင်သည့် သင်၏ကိုယ်ပိုင်ကုန်သွယ်ရေးဗျူဟာတခုသာ ဖြစ်ပါသည်။ ဤစည်းမျဉ်းများကို ကုန်သွယ်ရေးပလပ်ဖောင်း နားလည်နိုင်စေမည့် ကုဒ်အဖြစ် ရေးသားထားခြင်း ဖြစ်ပါသည်။ အရိုးရှင်းဆုံး ရိုဘော့များသည် နည်းပညာဆိုင်ရာညွန်ပြချက် များ၏ တိကျသောအခြေအနေများနှင့် ကိုက်ညီမှုစံနှုန်းအပေါ် အခြေခံကာ ကုန်သွယ်မှုများကို ဖွင့်ပါသည်။ ပို၍ရှုပ်ထွေးသော အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးစနစ် သည် ဉာဏ်ရည်တုနည်းပညာနှင့် machine learning နည်းပညာများကို အသုံးပြု၍ စီးပွားရေးအခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကိုပင် ပြုလုပ်နိုင်ကြပါသည်။
ထိုသို့လုပ်ဆောင်ရန် အောက်ပါ အခြေခံဒေတာကိုလိုအပ်ပါသည် - အကောင့်တွင် အလုပ်လုပ်သော အပြည့်အဝပြင်ဆင်ထားသည့် နည်းဗျူဟာတခု၊ နည်းဗျူဟာ၏ အဓိကတိုင်းတာသတ်မှတ်ချများကို ရေးသားထားသောစာရင်း (ပုံသေအတိုင်းအတာနှင့် ဆက်တင်တွင် ပြောင်းလဲ၍ရသောအတိုင်းအတာများ)။ ထို့နောက် သင့်အတွက် ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်စရာနှစ်ခုရှိပါသည်။ ပထမတခုမှာ - ပလပ်ဖောင်း၏ဘာသာစကားဖြင့် ပရိုဂရမ် တစ်ခုကို သင်ကိုယ်တိုင်ရေးပါ သို့မဟုတ် သီးခြား ဝန်ဆောင်မှုပေးသော ပလပ်ဖောင်းများပေါ်တွင် ပရိုဂရမ်မာ တစ်ဦးထံမှ သင့်အတွက် ကုဒ်ရေးသားပေးရန် ပရိုဂရမ်မာတစ်ဦးကိုငှားရမ်းပါ။ ဒုတိယရွေးချယ်စရာမှာ ကုဒ်မပါဘဲ advisors များကို ဖန်တီးနိုင်စေမည့် ကိရိယာများကို အသုံးပြုပါ။ ဤကိရိယာများ၏ ဥပမာများမှာ System Creator၊ MQL5 Wizard နှင့် Forex Strategy Builder တို့ဖြစ်ပါသည်။
ရှိပါသည်။ အယ်လ်ဂရစ်သမစ်ကုန်သွယ်ရေးသည် လူကိုယ်တိုင်ဆောင်ရွက်သော Forex ကုန်သွယ်ရေး နှင့် ကွဲပြားသောအချက်မှာ ၎င်းသည် အလိုအလျောက်လုပ်ဆောင်ရသော လုပ်ငန်းစဉ်ဖြစ်ခြင်းသာလျှင် ဖြစ်ပါသည်။ အကယ်၍သင့်တွင် အမြတ်ရနိုင်သော ကိုယ်ပိုင်ကုန်သွယ်ရေးဗျူဟာရှိပါက၊ ရိုဘော့သည် အမြတ်ရသောကုန်သွယ်မှုများကို ပြုလုပ်ပေးနိုင်သော အလားအလာမြင့်မားပါသည်။ ရိုးရှင်းသော Expert Advisors များ၏ အားနည်းချက်မှာ ၎င်းတို့သည် အခြေခံပိုင်းဆိုင်ရာအကြောင်းအရာများကို ထည့်သွင်းစဉ်းစားနိုင်မှု မရှိခြင်းပင်ဖြစ်သည်။ အားသာချက်မှာ ၎င်းတို့သည် အချက်ပြမှုတခုကို ချက်ချင်းဆိုသလို တုံ့ပြန်နိုင်ပြီး၊ ကုန်သည်၏ လုပ်ငန်းတာဝန်ဖိစီးမှုကို လျော့ပါးစေခြင်းဖြစ်သည်။ Expert Advisor သည် ကုန်သွယ်မှုများကိုဖွင့်လှစ်ပြီး၊ ကုန်သည်ဖြစ်သူမှ ကုန်သွယ်ရေးလုပ်ငန်းစဉ်ကို ထိန်းချုပ်ကာ လှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်ရပါသည်။
အမြတ်ရရှိမှုအတွက် ၁၀၀% အာမခံချက်ပေးနိုင်သော ရိုဘော့မရှိသကဲ့သို့ မည်သည့် အယ်လ်ဂရစ်သမ်က ပိုကောင်းသည်၊ ဆိုးသည်ဟူ၍ မရှိပါ။ အာရုံကြောအတုကွန်ယက်များ၊ machine learning ပါဝင်သော ဉာဏ်ရည်တုနည်းပညာသည် ဈေးနှုန်းရွေ့လျားမှုအချက်အလက် များအပေါ် လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး၊ စီးပွားရေးအခြေခံအကြောင်းအရာများကိုပါ ထည့်သွင်းစဉ်းစားကာ ခန့်မှန်းချက်ထုတ်နိုင်သောကြောင့်၊ ၎င်းကို အဆင့်အမြင့်ဆုံးအမျိုးအစားအဖြစ် သတ်မှတ်ထားကြ သည်။ ဉာဏ်ရည်တုနည်းပညာ၏ အားသာချက်မှာ ၎င်းတို့သည် ကိုယ်တိုင်လေ့လာ သင်ယူနိုင်ပြီး လက်ရှိချို့ယွင်းချက်များကို ထည့်သွင်းစဉ်းစားကာ ဈေးကွက်အခြေအနေနှင့် လိုက်လျောညီထွေ လုပ်ဆောင်နိုင်ကြသည်။ ရိုးရှင်းသော EA များ၏ ထိရောက်မှုမှာမူ ၎င်းကို တည်ဆောက်ထားသော ကုဒ်၏ အောင်မြင်မှုရရှိနှုန်း၊ ရိုဘော့အား မည်သို့အသုံးပြုရမည်ကို ကုန်သည်၏ သိနားလည်မှု၊ အတိုင်းအတာများကို သေချာစွာ ချိန်ညှိမွမ်းမံမှုများအပေါ် မူတည်ပါသည်။ ကုန်သွယ်ရေး ဈေးကွက်များ ဖြစ်သော စတော့၊ ကုန်စည်၊ ခရစ်ပတိုငွေကြေးနှင့် Forex ဈေးကွက် များအတွက် ရိုဘော့ဆက်တင်များကို သီးခြားစီ ချိန်ညှိပြင်ဆင်သင့်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။











