လက်ရှိ ဈေးနှုန်း မတည်မငြိမ်ဖြစ်မှုနှင့် လမ်းကြောင်း ၏ ကြံ့ခိုင်မှု ကို ကျွန်ုပ်တို့ မည်သို့ဆုံးဖြတ်မည်နည်း ? စျေးနှုန်း၏ ပျမ်းမျှတန်ဖိုးနှင့် စျေးကွက် အဝင်မှတ် မှ မည်သည့် အကွာအဝေးတွင် stop loss ကို ထားရှိသင့်သနည်း ? ဈေးကွက်ကရော လောလောဆယ် ငြိမ်နေတာလား? Standard deviation indicator သည် ထိုမေးခွန်းအားလုံးကို အဖြေထုတ်နိုင်သည်။ အခြားညွှန်ပြချက်များနှင့် ပေါင်းစပ်ထားသော လမ်းကြောင်းပြ ဗျူဟာများတွင် ၎င်းသည် မည်သို့အလုပ်လုပ်ကြောင်းနှင့် မည်သို့အသုံးပြုနိုင်ကြောင်း သိရှိရန် ဆက်လက်ဖတ်ရှုပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
Standard Deviation Indicator ဆိုတာ ဘာလဲ
ကုန်သွယ်မှုသည် သင်္ချာပညာခွဲခြမ်းစိတ်ဖြာမှု ၏ အခွဲတစ်ခုဖြစ်သည့် သရုပ်ဖော် ကိန်းဂဏန်းများမှ standard deviation အယူအဆကို အငှားသုံးထားခဲ့သည်။ Standard deviation သည် ရွေးချယ်ထားသော ကာလတစ်ခုအတွင်း ၎င်းတို့၏ ပျမ်းမျှတန်ဖိုးနှင့် နှိုင်းယှဉ်ထားသော ပျမ်းမျှဒေတာအချက်အလက် သွေဖည်မှုတန်ဖိုး ၏ ညွှန်ပြချက်တစ်ခု ဖြစ်သည်။ စာရင်းဇယားတွက်ချက်မှုများတွင် ၎င်းကို ဂရိအက္ခရာ (σ) သို့မဟုတ် sigma ဖြင့် ရည်ညွှန်းသည်။
Standard deviation indicator ကို မစစ်ဆေးမီ၊ ကုန်သည်တစ်ဦးသည် မတည်မငြိမ်ဖြစ်ပေါ်ခြင်း နှင့် SMA ၏ အဓိပ္ပာယ် အား အဘယ်ကြောင့် ထည့်သွင်း စဉ်းစားသင့်သည်ကို သုံးသပ်ကြည့်ကြစို့။
မတည်ငြိမ်မှု -Volatility
မတည်ငြိမ်မှု (Volatility) ဆိုသည်မှာ သတ်မှတ်ထားသော အချိန်ကာလတစ်ခု၌ အကွာအဝေးတစ်ခု အတွင်း စျေးနှုန်း ပြောင်းလဲခြင်းကို ဆိုလိုသည်။ ကုန်သွယ်မှုတွင် ၎င်းကို အောက်ပါနည်းလမ်းများဖြင့် အသုံးပြုသည်။
- Trend ဖော်ထုတ်ခြင်းအတွက် ဖြစ်သည် ။ Volatility မရှိလျှင် အရောင်းအဝယ်လည်း ရှိမည် မဟုတ်ပါ။ စျေးနှုန်းသည် ၎င်း၏ ပျမ်းမျှတန်ဖိုးမှ သွေဖည်မသွားပါက အရောင်းအ၀ယ် တစ်ခုဖွင့်ရန် မဖြစ်နိုင်ပါ။ မတည်ငြိမ်မှု အားကောင်းလာခြင်းသည် ကြီးမားသော စျေးနှုန်းရွေ့လျားမှုတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုလိုသည်။
- လမ်းကြောင်းတစ်ခု၏ အဆုံးနှင့် ၎င်းအဆုံး၌ လမ်းကြောင်း ပြောင်းပြန်လှန်ခြင်းကို ဖော်ထုတ်ရန် အတွက် အသုံးပြုသည်။ မတည်မငြိမ် ဖြစ်ပေါ်ခြင်း အမြင့်မားဆုံးအခြေအနေ သို့ ရောက်ရှိလျှင် လမ်းကြောင်းသည် အဆုံးသတ်တော့မည် ဖြစ်သည်။ လွန်ကဲစွာဖြစ်ပေါ်သည့် တန်ဖိုးများကို ယခင်ကာလများက ဖြစ်ပေါ်ခဲ့သော အလားတူ တန်ဖိုးများနှင့် နှိုင်းယှဉ်ပြထားသည်။
- ကုန်သွယ်မှုကို ရပ်တံ့ရန်အတွက် အသုံးပြုသည်။ အကယ်၍ စျေးကွက်မတည်ငြိမ်မှုသည် လမ်းကြောင်း နှစ်ဖက်လုံးတွင် ရွေ့လျားနေပါက၊ ကျွန်ုပ်တို့အနေဖြင့် ကုန်သွယ်မှုဖွင့်လှစ်ခဲ့သည့် အမှတ်မှ မည်သည့် အကွာအဝေးတွင် stop loss ကို ထားရှိသင့်သနည်း ? ကြီးမားသော timeframe များတွင် ဖြစ်ပေါ်သော မတည်ငြိမ်မှု အဓိပ္ပာယ်အရ၊ take profit အော်ဒါများကိုလည်း ထိုနည်းအတိုင်း ထားရှိနိုင်ပါသည်။
မတည်ငြိမ်မှု ကို တိုင်းတာရန် နည်းလမ်းအမျိုးမျိုးရှိသည်။ ဥပမာအားဖြင့်၊ daily timeframe တစ်ခုပေါ်ရှိ ၁ ရက်တာ မတည်ငြိမ်မှုသည် ထိုရက်အတွင်း ဖြစ်ပေါ်သည့် အမြင့်ဆုံးဈေးနှုန်း နှင့် အနိမ့်ဆုံးဈေးနှုန်းကြား ပွိုင့် ဖြင့် ဖော်ပြသည့် အကွာအဝေးဖြစ်သည်။ ဥပမာအားဖြင့် site of Investing ဝက်ဘ်ဆိုက်၌ ရှိသော ဂဏန်းပေါင်းစက် တွင် ဤတန်ဖိုးများကို တွေ့ရှိနိုင်သည်။
မတည်မငြိမ်ဖြစ်ပေါ်မှုကို moving average နှင့် ဆက်စပ်တိုင်းတာနိုင်သည်- စျေးနှုန်း မြင့်မားလေ၊ မတည်ငြိမ်လေဖြစ်သည်။
အခြားအကြံပြုချက် နည်းလမ်း မှာ ယခင်ကာလ၏ အပိတ်စျေးနှုန်းနှင့် လက်ရှိစျေးနှုန်း ပြောင်းလဲမှု % ကို နှိုင်းယှဉ်ခြင်း ဖြစ်သည်။ ပြောင်းလဲမှု အကွာအဝေးမှာ 3% ထက် မကျော်လွန်ပါက မတည်ငြိမ်မှုသည် နည်းပါးသည်။ စျေးနှုန်းပြောင်းလဲမှုမှာ 10% အထိ ရှိနေပါက မတည်ငြိမ်မှုသည် မြင့်မားသည်။ ဤတန်ဖိုးများသည် ဆက်စပ်နေပြီး ငွေကြေး အတွဲပေါ်တွင် မူတည်နေသည်။
Simple moving average
SMA သည် ရွေးချယ်ထားသော ဈေးနှုန်းများ အား ပျမ်းမျှခြင်း တွက်ချက်ထားသော နည်းပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ညွှန်ပြချက်တစ်ခုဖြစ်သည်။ ၎င်း၏အားနည်းချက်မှာ စျေးနှုန်းအကွာအဝေး တစ်ခု အတွင်း ဖြစ်ပေါ်သော စျေးနှုန်းမတည်ငြိမ်မှုကို ထည့်သွင်း မတွက်ချက်ခြင်း ဖြစ်သည်။ ဥပမာတစ်ခုအနေနဲ့ ဂဏန်းစဉ်နှစ်ခုကို ရွေးချယ်ကြည့်ရအောင်။
- 8, 7, 12, 2, 6.
- -30, 66, 7, 12, -20.
ရွေးချယ်ချက်နှစ်မျိုးစလုံးတွင် SMAs များသည် 7 နှင့် ညီမျှသောကြောင့် ၎င်းကိန်းစဉ်တို့သည် တူညီမှုရှိသည်ဟု ဆိုနိုင်ပါသလား ? မတူညီပါ။ တူညီသည် ဟု မဆိုနိုင်ပါ။ ၎င်းတို့၏ ပျမ်းမျှစျေးနှုန်းများ တူညီနေလျှင်ပင် စျေးနှုန်း အကွာအဝေးများ ကွဲပြားကြပါသည်။ ဤကဲ့သို့ စျေးနှုန်းပြောင်းလဲမှုကို "မတည်ငြိမ်မှု" ဟုခေါ်သည်။
Standard Deviation ဆိုတာ ဘာလဲ
ကုန်သွယ်မှုတွင်၊ ပျမ်းမျှကိန်းဂဏန်း ဆိုသည်မှာ simple moving average တစ်ခုဖြစ်သည်။ ဈေးနှုန်းသည် အဆိုပါ ကိန်းဂဏန်းမှ သွေဖည်နိုင်သည်။ စျေးနှုန်းသည် ၎င်း၏ပျမ်းမျှ တန်ဖိုးနှင့် သွေဖည်လေလေ၊ မတည်ငြိမ်မှု မြင့်မားလေဖြစ်သည်။ မတည်ငြိမ်မှုကို Standard Deviation (StdDev) ညွှန်ပြချက်ဖြင့် တိုင်းတာသည်။
Standard Deviation သည် လမ်းကြောင်းပြ ညွှန်ပြချက်တစ်ခုဖြစ်သည်- ၎င်းသည် လမ်းကြောင်း အားကောင်းလာမည့် အခိုက်အတန့်များကို ဖော်ထုတ်ရန် လုပ်ဆောင်သည်။ မတည်ငြိမ်မှု မြင့်မားလေ၊ လမ်းကြောင်း အားကောင်းလေဖြစ်သည်။ ၎င်းသည် ဦးတည်ချက် နှစ်ဖက်စလုံးရှိ ပျမ်းမျှတန်ဖိုးမှ စျေးနှုန်းသွေဖည်မှုကို တိုင်းတာသောကြောင့်၊ ဤကိရိယာကို ချန်နယ်ညွှန်ပြချက်များတွင်လည်း အသုံးပြုသည်။ အကယ်၍ ညွှန်ပြချက်၏တန်ဖိုးသည် အတော်လေးသေးငယ်နေပါက၊ စျေးကွက်သည် ငြိမ်သက်နေမည်ဖြစ်ပြီး ရုတ်တရက် ဈေးနှုန်းထိုးတက်နိုင်မှုကို မျှော်လင့်ထားသင့်သည်။ အပြန်အလှန်အားဖြင့်၊ ညွှန်ပြချက်၏ တန်ဖိုးသည် မြင့်မားလွန်းခြင်း သို့မဟုတ် လွန်ကဲမှု ရှိနေပါက၊ ကုန်သည် များ၏ လုပ်ဆောင်ချက် မှာ မကြာမီ၌ နှေးကွေးသွားလိမ့်မည်။
Standard Deviation ညွှန်ပြချက် ၏ အသေးစိတ်အချက်များ-
- Standard Deviation Forex ညွှန်ပြချက်သည် မတည်ငြိမ်မှုမြင့်မားသည့် အခြေ အနေ နှင့် ပုံမှန်အခြေအနေများတွင် အသုံးပြုသည့်အခါ ထိရောက်မှုရှိသည်။
- ၎င်းကို လမ်းကြောင်းပြဗျူဟာများတွင် အကွာအဝေးတစ်ခုအတွင်းမှ စျေးနှုန်းထွက်သွားခြင်း နှင့် လမ်းကြောင်းတစ်ခု စတင်ခြင်း ကို ဆုံးဖြတ်ရန် အသုံး ပြုသည်။ အချက်ပြမှုနောက်ကျခြင်းကြောင့် scalping ဗျူဟာတွင် အသုံးပြုရန် မသင့်တော်ပါ။
- စတော့ရှယ်ယာများ သို့မဟုတ် ကုန်စည် ဈေးကွက်များတွင် အသုံးပြုခြင်းထက် ငွေကြေးအတွဲများတွင် အသုံးပြုခြင်းသည် ပိုမိုကောင်းမွန်သည်။ ငွေကြေး ဈေးကွက်သည် မကြာခဏ လမ်းကြောင်းပြောင်းမှုများနှင့် အားကောင်းသည့် correction ပြင်ဆင်ချက်များ ဖြစ်ပေါ်နေစဉ်အတွင်း အရောင်းအဝယ် ဝင်ရောက်မည့်အမှတ်များ အား ရှာဖွေကြခြင်း စသည့် အင်္ဂါရပ်များဖြင့် ပြည့်စုံသည့် ဈေးကွက်ဖြစ်သည်။ စတော့ဈေးကွက်မှာ ပိုမိုတည်ငြိမ်မှု ရှိသည်။
- အကောင်းဆုံး timeframe မှာ M30 မှ စတင်သည်။ M1-M5 ကဲ့သို့သော အချိန်ပိုတိုသည့် timeframe များတွင်၊ ညွှန်ပြချက်၏ တည်ဆောက်မှုဆိုင်ရာ လော့ဂျစ်များကို အနှောင့်အယှက်ဖြစ်စေသော ကမောက်ကမ ဈေးနှုန်းရွေ့လျားမှု များ ရှိနိုင်သည် ။
- Standard Deviation Forex ညွှန်ပြချက် သည် အောက်ခြေအမှတ်များတွင် ရေပြင်ညီအတိုင်း သာ ရွေ့လျားလေ့ရှိပြီး လွန်ကဲအမှတ်များ၌လည်း ရေပြင်ညီ အနေအထားမှ ပိုမြင့်သည့်အနေအထားဖြင့် ညွှန်ပြခဲသည်။ အားကောင်းမှု စတင်ပြီးနောက်တွင် လှိုင်းတွန့်များကဲ့သို့ ရွေ့လျားလေ့ရှိသည်။
ထိရောက်သောဗျူဟာများထဲမှ တစ်ခုသည် အချိန်ပိုကြာသော timeframe တွင် မတည်မငြိမ် ဖြစ်ပေါ်သည်ကို ရှာဖွေပြီး အဆိုပါရွေ့လျားမှုကို အချိန်ပိုတိုသော timeframe တွင် အသုံးချခြင်းဖြစ်သည်။
Standard Deviation Indicator ၏ အားသာချက်များ-
- ရိုးရှင်းစွာ ဖတ်ရှုနိုင်ခြင်း။ ညွှန်ပြချက်၏တန်ဖိုးမြင့်မားလေ၊စျေးနှုန်းမတည်ငြိမ်မှု မြင့်မားလေဖြစ်သည်။
Standard Deviation Indicator ၏ အားနည်းချက်များ-
- အချက်ပြနှောင့်နှေးခြင်း ။ ညွှန်ပြချက်မှ မတည်ငြိမ်မှု လျော့နည်းသည်ဟု ညွှန်ပြစဉ် အပြာရောင် စျေးနှုန်းလိုင်းသည် ငြိမ်နေသည့်အခြေအနေမှ ထွက်ခွာ သွားပြီး ဖြစ်နိုင်သည်။
- ညွှန်ပြချက် သည် လမ်းကြောင်းဦးတည်ချက် ကို မပြပါ။ Standard deviation လိုင်း စတင်အားကောင်းလာသောအခါ၊ စျေးနှုန်းသည် ၎င်း၏ပျမ်းမျှခြင်းတန်ဖိုးမှ ပို၍ ပို၍ သွေဖည်သွားသော်လည်း သွေဖည်မှုမှာ အထက် သို့မဟုတ် အောက် ဖြစ်နိုင်သည်။
ကုန်သည်များသည် မတည်ငြိမ်မှု အခြေအနေတစ်ခုတည်းအပေါ် အခြေခံ၍ ကုန်သွယ်မှုများကို ဖွင့်လေ့မရှိကြသောကြောင့် Standard Deviation ဖတ်ရှုခြင်း ကို လွတ်လပ်သော ကုန်သွယ်ရေးစနစ်များတွင် အသုံးပြုခဲပါသည်။ အချက်ပြ အတည်ပြုချက် အတွက် ကိရိယာ တစ်ခုအဖြစ် လမ်းကြောင်းပြညွှန်ပြချက်များနှင့် ပေါင်းစပ် အသုံးပြုနိုင်သည်။ ကျွန်ုပ်အနေဖြင့် Standard Deviation နှင့် အခြား မတည်ငြိမ်မှုကို တိုင်းတာသည့် ညွှန်ပြချက်ကိရိယာများဖြစ်သော ATR ၊ Fibonacci levels များ နှင့် ပေါင်းစပ် အခြေခံ၍ စိတ်ဝင်စားဖွယ်ကောင်းသော ဗျူဟာအချို့ကို အသေးစိတ် သုံးသပ် ပါမည်။
Standard Deviation တွက်ချက်နည်း
Standard Deviation သည် သွေဖည်မှု ၏ ပျမ်းမျှနှစ်ထပ်ကိန်း ဖြစ်သည်။ ၎င်းသည် အစီအစဉ်မကျသော ကိန်းရှင်များ၏ ကွဲလွဲမှုအတိုင်းအတာကိုတိုင်းတာသည့် သင်္ချာ ဝေါဟာရတစ်ခုဖြစ်သည်။ ၎င်း၏ ပုံသေနည်းတွက်ချက်မှုမှာ -
, where
- N ဆိုသည်မှာ ညွှန်ပြချက်၏ ချိန်ညှိချက်ဆက်တင်များရှိ ကိန်းအစုံလိုက်တွင် သတ်မှတ်ထားသည့် စျေးနှုန်းတန်ဖိုးများ ၏ အရေအတွက်ကို ဆိုလိုသည်။
- i-th ဆိုသည်မှာ သတ်မှတ်ထားသည့်ကိန်းစဉ်တွင် ပါဝင်သော i-th ကြိမ်မြောက်ကိန်းဖြစ်ပြီး ပုံသေသတ်မှတ်ချက် အရ၊ ၎င်းသည် ရွေးချယ်ထားသော အချိန်ကာလအတွင်းရှိသည့် candlestick တစ်ခုစီ၏ အပိတ်စျေးနှုန်းဖြစ်သည်။
- X ဆိုသည်မှာ သတ်မှတ်ထားသည့်ကိန်းစဉ်ရှိ စျေးနှုန်းတန်ဖိုးများအားလုံး၏ ပျမ်းမျှကိန်းဖြစ်သည်။ နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှု ဝေါဟာရအရ၊ ၎င်းသည် simple moving average (SMA) ဖြစ်သည်။
ညွှန်ပြချက်၏ တန်ဖိုးကို အဆင့်ဆင့် တွက်ချက်ပုံမှာ အောက်ပါ အတိုင်းဖြစ်သည် -
- ရွေးချယ်ထားသော ကာလတစ်လျှောက်ရှိ ပျမ်းမျှကိန်းတန်ဖိုးကို တွက်ချက်ပါ။ ဥပမာအားဖြင့်၊ အချိန်ကာလအား 20 ဟု သတ်မှတ်ပါက၊ နောက်ဆုံး candlesticks 20 စာအတွက် ပျမ်းမျှခြင်းဈေးနှုန်းကို တွက်ချက်မည်ဖြစ်သည်။ အပိတ်စျေးနှုန်းများကို မူရင်းအတိုင်း အသုံးပြုပါသည်။
- စျေးနှုန်းတစ်ခုစီ၏ တန်ဖိုး ထဲမှ ထွက်လာသောရလဒ်ကို နုတ်ပါ။
- တန်ဖိုးများကို နှစ်ထပ်ကိန်းတင်၍ ပေါင်းပါ။
- နောက်ဆုံးတန်ဖိုးကိုတည်၍ ကိန်းစဉ်တွင်ပါဝင်သော တန်ဖိုးအရေအတွက်ဖြင့် စားရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ အချိန်ကာလအဖြစ် စံသတ်မှတ်ချက် ဆက်တင် များတွင် ဖော်ပြထားသော နံပါတ်များဖြစ်သည်။
- ရလဒ်ကို square root တင်ခြင်းဖြင့် တွက်ထုတ်နိုင်သည်။ ဤသည်မှာ standard deviation ဖြစ်သည်။
Excel ဇယားတွင် တွက်ချက်သော standard deviation တွက်ချက်မှု ဥပမာတစ်ခု။
တွက်ချက်မှု အဆင့်များ
=AVERAGE(B2:B21)
ဆဲလ်ကွက် C21 တွင် ထည့်သွင်းပါ။ ၎င်းသည် နည်းပညာ ပိုင်းခြားစိတ်ဖြာမှုတွင် "simple moving average" ဟုခေါ်ဝေါ်သော ပျမ်းမျှကိန်း ဖြစ်သည်။
- ကော်လံ B တွင် စျေးနှုန်းတန်ဖိုးများကို ထည့်သွင်းပါ။ ဤတန်ဖိုးများကို MT4 မှ ရယူနိုင်သလို broker ထံမှလည်းရယူနိုင်သည်။ လိုင်းအရေအတွက်သည် ညွှန်ပြချက်၏ ကာလနှင့်ကိုက်ညီသည်။ ပုံမှန်အားဖြင့်၊ ဇယားတွင် လိုင်းအရေအတွက် 20 ရှိသည်။
- ဖော်မြူလာ ထည့်သွင်းပါ ။
- စျေးနှုန်းတစ်ခုစီ၏တန်ဖိုးနှင့် ပျမ်းမျှကိန်း၏ ကွာခြားချက်ကိုတွက်ချက်ပါ။ ဖော်မြူလာ
=B2-$C$21
ကို ဆဲလ်ကွက် D1 တွင်ထည့်သွင်းပါ။ ဖော်မြူလာကို ဆဲလ်ကွက်အာလုံးတွင် အသုံးပြုပါ။
- တန်ဖိုးများ၏ နှစ်ထပ်ကိန်းကိုတွက်ချက်ပါ။ ဆဲလ်ကွက် E2 တွင် ဖော်မြူလာ =D2^2 ကို ထည့်သွင်းပါ။ ဖော်မြူလာကို ဆဲလ်ကွက်အားလုံးတွင် အသုံးပြုပါ။
=D2^2
- ဆဲလ်ကွက် F21 တွင် ယခင်ကော်လံများမှ တန်ဖိုးအားလုံးကိုပေါင်းပြီး ထွက်လာသည့်ရလဒ်ကို ဆဲလ်ကွက် G21 တွင် 20 ဖြင့် စားပါ။
- ဆဲလ်ကွက် H21 တွင် အောက်ပါဖော်မြူလာကို အသုံးပြု၍ standard deviation ကို တွက်ချက်ပါ။
=G21^(1/2)
တွက်ချက်မှုဇယား၏ နမူနာပုံစံကို ဤနေရာ တွင် ရယူနိုင်သည်။ Standard deviation ကို တွက်ချက်သည့် ဂဏန်းတွက်စက်များကို အင်တာနက်ပေါ်တွင်လည်း ရှာဖွေနိုင်ပါသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်မှ Excel ထဲသို့ အချက်အလက်များအား အလွယ်တကူ ထည့်သွင်းထားသော်လည်း သုံးစွဲသူအနေဖြင့် အချက်အလက် ကူးယူရာတွင် အဆင်ပြေမှု မရှိပါ။
ကုန်သွယ်မှုတွင် Standard Deviation ကို အသုံးပြုခြင်း။
Standard Deviation Forex ညွှန်ပြချက် ကို လမ်းကြောင်းရှာသည့်ဗျူဟာအဖြစ် ကုန်သွယ်ရေးတွင် အသုံးပြုသည်။အကယ်၍ ညွှန်ပြချက်သည် ၎င်း၏ အမြင့်ဆုံးအပိုင်း သို့ ရောက်ရှိနေခြင်း သို့မဟုတ် အချိန်အများစုတွင် အားကောင်းနေပါက၊ ကုန်သွယ်မှုတစ်ခု ဖွင့်ရန်နောက်ကျနေပြီဖြစ်သည်။ငြိမ်သက်မည့်အချိန်ကာလတစ်ခု သို့မဟုတ် လမ်းကြောင်း ပြောင်းပြန်လှန်မှု တစ်ခု ဖြစ်ပေါ်သည်ကိုစောင့်ဆိုင်းပါ။ ကုန်သွယ်မှုတစ်ခုဖွင့်ရန် အချက်ပြမှုမှာ ညွှန်ပြချက်လိုင်းသည် ၎င်း၏အနိမ့်ဆုံးမှ စတင်အားကောင်းလာချိန် ဖြစ်သည်။
1. Flat breakouts ဖြင့် ကုန်သွယ်သည့်ဗျူဟာ
ဤ ဗျူဟာသည် ရှေးရိုးဆန်သော နည်းဗျူဟာဖြစ်သည်။ စျေးနှုန်းသည် ငြိမ်သက်နေသည့် အကွာအဝေးအတွင်း တွင် ၎င်း၏ပျမ်းမျှတန်ဖိုးမှ များစွာ သွေဖည်မသွားဘဲ ညွှန်ပြချက်သည် လည်း အောက်ခြေတွင်တည်ရှိနေသည်။ StdDev စတင်အားကောင်းလာပြီး ငြိမ်သက်နေသည့်အကွာအဝေး ၏ အပြင်ဘက်သို့ ထွက်ခွာသွားသည့်အခါ ကုန်သွယ်မှုတစ်ခု ဖွင့်ရန် အချက်ပြမှုတစ်ခု ထွက်ပေါ်လာသည်။ Candlestick သည် အဆိုပါ ငြိမ်နေသည့်အကွာအဝေး အပြင်ဘက် သို့ ဖောက်ထွက်သည်နှင့် လမ်းကြောင်းအတိုင်း လိုက်၍ နောက်ဖြစ်ပေါ်မည့် candlestick တွင် ကုန်သွယ်မှုတစ်ခု ကို ဖွင့်ပါ။ ညွှန်ပြချက် ပြောင်းပြန်စတင်ရွေ့လျားသည်နှင့် ကုန်သွယ်မှုကို ပိတ်ပါ။
ဥပမာ
StdDev ၏ နောက်ဆုံးလှိုင်း မတိုင်ခင် ရှေ့လှိုင်းသည် ကျဆင်းမှုဖြစ်ပေါ်ပြီးနောက် ဘေးတိုက်လမ်းကြောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ရေပြင်ညီအကွာအဝေး အတွင်းရှိ ညွှန်ပြချက် ၏ အမြင့်ဆုံးတန်ဖိုးမှာ 0.0009 ဖြစ်သည်။ အမှတ် 1 တွင်၊ စျေးနှုန်းလိုင်းသည် resistance တန်း ကို ချိုးဖျက်ပြီး အစိမ်းရောင် candlestick သည် ယခင်ရောက်ရှိခဲ့သည့် အမြင့်ဆုံးအဆင့်နားအထိ ရောက်လုနီးပါး အနေအထားဖြင့် ပိတ်သွားသည်။ StdDev သည် ၎င်း ၏ တန်ဖိုး 0.0011 သို့ ရောက်ရှိသည်နှင့်တပြိုင်နက် စတင်အားကောင်းလာသောကြောင့် အရောင်းအ၀ယ်တစ်ခု ဖွင့်လှစ်လိုက်သည်။
အမှတ် 2 ၌ ပြောင်းပြန်လှန်ခြင်း ဖြစ်ပေါ်နိုင်သည့် အနီရောင် candlestick ပေါ်တွင် StdDev သည်လည်း ပြောင်းပြန်လှန်ရန် ဦးတည်နေသောကြောင့် ကုန်သွယ်မှု ကို ပိတ်လိုက်သည်။ ကိုးကားချက်ဈေးနှုန်း ဒစ်ဂျစ်ဂဏန်း-၅ လုံး အရ အမြတ်ရရှိမှု ပွိုင့်မှာ အနည်းဆုံး ၃၀၀ ပွိုင့် ဖြစ်နိုင်သည်။
2. အစောပိုင်းကာလ လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို ဖော်ထုတ်သည့် ဗျူဟာ
ဤဗျူဟာသည် Standard Deviation လှိုင်းများ ကို အခြေခံ၍ အရောင်းအ၀ယ်များ အစောပိုင်းဖွင့်လှစ်ခြင်းကို ရည်ညွှန်းသည့် စွန့်စားမှုမြင့်မားသော ဗျူဟာတစ်ခုဖြစ်သည်။ ၎င်း၏အားသာချက်မှာ အချက်ပြနောက်ကျခြင်းပြဿနာကို ပြေလည်နိုင်စေခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဈေးနှုန်းငြိမ်သက်ခြင်း ဖြစ်ပေါ်သည့် ကာလအပိုင်းအခြားကို စောင့်ရန် မလိုအပ်သည့်အတွက်ကြောင့် အချက်ပြများကို မကြာခဏရရှိနိုင်သော်လည်း ၎င်းအချက်ပြများသည် ယခင်နည်းဗျူဟာနှင့် နှိုင်းယှဉ်ပါက မှားယွင်းစွာ ညွှန်ပြလေ့ရှိသည်။
ကုန်သွယ်မှုဖွင့်ရန် အခြေအနေများ -
- StdDev ၏ အနိမ့်ဆုံး ကို ဖြတ်၍ support တန်း ကို ဆွဲပါ။ H1 timeframe အတွက် ၂ပတ် မှ ၃ပတ် အထိ အချိန်ယူပါ။
- ညွှန်ပြချက်သည် support တန်း ကိုဖြတ်ကျော်ပြီး ဆက်လက် အားကောင်းလာသည်နှင့်တပြိုင်နက် ကုန်သွယ်မှုတစ်ခုဖွင့်ပါ။
- ကုန်သွယ်မှု၏ ဦးတည်ချက်ကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်သည်- ယခင်ဖြစ်ပေါ်သည့် လှိုင်းတစ်ဝက်သည် အောက်ဘက်သို့ ဦးတည်နေပါက၊ အဝယ် ကုန်သွယ်မှု ဖွင့်ပါ။ ယခင်ဖြစ်ပေါ်သည့် လှိုင်းတစ်ဝက်သည် အထက်သို့ ဦးတည်နေပါက၊ အရောင်း ကုန်သွယ်မှု ဖွင့်ပါ။
တည်ငြိမ်မှုဖြစ်ပေါ်နေသည့် အကွာအဝေးသည် ယခင်လှိုင်း၏ တစ်ဝက်ကို ကျော်လွန် နေပါက၊ ယခင်ဗျူဟာအတိုင်း လိုက်နာဆောင်ရွက်ပါ။ အကယ်၍ လှိုင်းသည် ထိပ် ၂ခု သို့မဟုတ် ၂ခု ထက် ပို၍ ဖြစ်ပေါ်နေပါက ၊ ၎င်းတို့ကို ပျမ်းမျှတိုင်းတာပါ။ လှိုင်းကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ပါက၊ အဆိုပါ လှိုင်းသည် အချိုးမညီသော လှိုင်းဖြစ်ပြီး လှိုင်း၏ အစနှင့်အဆုံးကို ရှင်းရှင်းလင်းလင်း မသတ်မှတ်နိုင်ပါက ၎င်း၏ အချက်ပြမှုကို လျစ်လျူရှုပါ။
ဥပမာ
အမှတ် 4 တွင် ညွှန်ပြချက် နှင့် လိုင်း လာထိသည်။ အမှတ် 1 မတိုင်ခင် ရှိသော လှိုင်း၏ တစ်ဝက်လောက် သည် အထက်သို့ ဦးတည်နေသောကြောင့် အဆိုပါ အမှတ်၌ ကျွန်ုပ်တို့ အရောင်းကုန်သွယ်မှုတစ်ခု ဖွင့်လိုက်သည်။ အမှတ် 2 မှာလည်း အလားတူပင် ဖြစ်သည်။ အမှတ် 3 ၌၊ လှိုင်းထိပ် ၂ ခု ထပ်နေသောကြောင့် အောက်ခြေမှစ၍ တစ်ဝက် ရောက်သည်အထိ တွက်ချက်သည်။ လမ်းကြောင်းသည် အထက်သို့ ဦးတည်နေသောကြောင့် အဆိုပါအမှတ်၌ အရောင်းကုန်သွယ်မှုတစ်ခု ဖွင့်လိုက်သည်။ ဇယားသည် အမှတ် 4 ရောက်သည့်အခါ ငြိမ်သက်သွား၍ လမ်းကြောင်းဦးတည်ချက်ဆီသို့ candlestick မှ ဦးတည်ချက်မပြသေးခင်အထိ ကုန်သွယ်မှု ကို မဖွင့်ပါ။
အဆိုပါအချက်ပြမှုများသည် ထိုသို့သောအခြေအနေများတွင် ပြတ်ပြတ်သားသား မဖြစ်သော ကြောင့် အချက်ပြမှုကို လျစ်လျူရှုခြင်း သို့မဟုတ် အဆိုပါအချက်ပြအတွက် အတည်ပြုချက်ကို ထပ်မံရှာဖွေခြင်းသည်သာ ပိုမိုကောင်းမွန်သည်။ ပထမအခြေအနေတွင် လှိုင်းကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်သလို ဒုတိယအခြေအနေတွင်လည်း လှိုင်းသည် အချိုးမကျပေ။
High standard deviation
ကိန်းဂဏန်းစဉ်မှာ နောက်ဆုံး candlestick ၅ ခု ၏ အပိတ်စျေးနှုန်းများဖြစ်သော - 4, 5, 3, 4, 6 ဖြစ်သည်။ ကိန်းဂဏန်းခွဲဖြာခြင်းသည် အတော်လေးသေးငယ်သည်။ ပျမ်းမျှကိန်းသည် 4.4 ဖြစ်သည်။ အနိမ့်ဆုံးနှင့် အမြင့်ဆုံးစျေးနှုန်းများသည် 3 နှင့် 6 ဖြစ်ပြီး 31.8% နှင့် 36.4% အသီးသီးရှိမည်ဖြစ်သည်။ ထိုကဲ့သို့သောသွေဖည်မှုများသည် ထိုအချိန်ကာလအတွင်း အဆိုပါကိရိယာအတွက် flat အကွာအဝေးတစ်ခု နှင့် သက်ဆိုင်သည့်ပုံမှန်အခြေအနေ တစ်ခုဟု ဆိုကြပါစို့။
ဈေးနှုန်း တဖြည်းဖြည်းတက်လာသည်။ နောက်ပိုင်းတွင် candlestick ၃ ခုပါဝင်သည့် နောက်ဆက်တွဲ ကိန်းဂဏန်းစဉ် ရှိနေပါသည်- ၎င်းတို့မှာ 4, 6, 10, 14, 13 ဖြစ်သည်။ ပျမ်းမျှစျေးနှုန်းသည် ယခုအခါ 9.4 ဖြစ်သည်။ အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများသည် 4 နှင့် 14 ဖြစ်ပြီး 57.45% နှင့် 48.93% ဖြစ်သည်။ ပထမနမူနာတွင်၊ စျေးနှုန်းသည် ပျမ်းမျှအားဖြင့် သုံးပုံတစ်ပုံခန့် ၎င်း၏ပျမ်းမျှတန်ဖိုးမှ သွေဖည်သွားပြီး ယခုတကြိမ်တွင် စျေးနှုန်းသည် ပျမ်းမျှအားဖြင့် 50% ခန့်သွေဖည်သွားပါသည်။
မတည်ငြိမ်မှု အားကောင်းလာသည်။ ယခုအခါ သွေဖည်မှုတန်ဖိုးဖတ်ခြင်းကို စစ်ဆေး ကြည့်ရအောင်။ ပထမနမူနာတွင် ၎င်းတို့မှာ
ဒုတိယနမူနာတွင် ၎င်းတို့မှာ
စျေးနှုန်းကြီးထွားမှုနှင့် မတည်ငြိမ်မှုများကြားတွင် standard deviation မှာ ၃ ဆကျော် တိုးလာသည်။ High standard deviation ဆိုသည်မှာ စျေးနှုန်းသည် ဦးတည်ချက်တစ်ခုသို့ ပြောင်းလဲသွားခြင်းကို ဆိုလိုသည်။ Candlestick တိုင်းတွင် Standard deviation အားကောင်းလာခြင်းသည် စျေးကွက်၌ ဈေးနှုန်းလမ်းကြောင်းအားကောင်းနေသည်ဟု ဆိုလိုပြီး စျေးနှုန်း၏ပျမ်းမျှတန်ဖိုးသည် ဦးတည်ချက်နှစ်ခုစလုံးမှ ပိုမို၍သွေဖည်ခြင်း ဖြစ်ပါသည်။ Standard Deviation သည် ၎င်း၏ အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်သည်နှင့်၊ အောက်ပါ အခြေအနေများ ဖြစ်ပေါ်နိုင်သည်-
- စျေးနှုန်းသည် ဦးတည်ချက်မရှိသည့် အကွာအဝေးအတွင်းသို့ ရွေ့လျားသည်။ စျေးနှုန်းအကွာအဝေးသည် နောက်ပိုင်းတွင် ဤ candlesticks ၃ခု ကဲ့သို့ တူညီလာမည်ဖြစ်သည် - 14, 13, 15, 14, 12 ။ ပျမ်းမျှကိန်းသည် အားကောင်းလာမည်ဖြစ်ပြီး SMA သည် ပထမအခြေအနေထက် ဇယားတွင် ပိုမိုမြင့်မားလာမည်ဖြစ်သည်။ သို့သော်၊ standard deviation သည် 0.5099 တန်ဖိုးသို့ တစ်ဖန်ပြန်ရောက်မည်ဖြစ်သည်။ ညွှန်ပြချက်၏ဇယားသည် flat တန်ဖိုးများဖြစ်သော 0.5099 နှင့် အမြင့်ဆုံးတန်ဖိုး 1.9391 ရှိသော တန်ဖိုးများအား လှိုင်းတစ်ခုဖြင့် ပြသမည်ဖြစ်သည်။
- ဈေးပြောင်းပြန် ဖြစ်မည်ဖြစ်သည်။ စျေးနှုန်းအကွာအဝေးသည် နောက်ပိုင်းတွင် ဤ candlesticks ၃ခု ကဲ့သို့ တူညီလာမည်ဖြစ်သည် - 14, 13, 8, 5, 7 ။ SMA ၏တန်ဖိုးသည် 9.4 နှင့် ညီမျှမည်ဖြစ်ပြီး Standard Deviation ညွှန်ပြချက်၏တန်ဖိုးသည် 1.7493 ဖြစ်မည်ဖြစ်၍၊ ၎င်းသည် လမ်းကြောင်းပြောင်းသွားသော်လည်း လက်တွေ့အားဖြင့် တူညီသောအဆင့်ဖြစ်သည်။
အောက်ပါအတိုင်း ဖြစ်လာမည်ဖြစ်သည်။
မေးခွန်းမှာ " high standard deviation" ဟု ဘာကြောင့် ခေါ်သင့်သနည်း ? စျေးကွက်လမ်းကြောင်းတစ်ခုသည် မည်မျှကြာရှည်မည်ကို နားလည်ရန်၊ ကျွန်ုပ်တို့သည် လက်ရှိ Standard Deviation တန်ဖိုးကို အခြား မြင်သာသော လွန်ကဲမှုတန်ဖိုးများနှင့် နှိုင်းယှဉ်ရန် လိုအပ်သည်။
အထက်ဖော်ပြပါပုံရှိ အစက်ချလိုင်းသည် Standard Deviation ၏ ပျမ်းမျှ level ၌ ရှိသောလိုင်းဖြစ်သည်။ ဖြစ်နိုင်ချေအများစုမှာ၊ ညွှန်ပြချက်သည် ထို level အောက်တွင်ရှိခြင်း သို့မဟုတ် ၎င်းကို အချိန်တိုအတွင်း ဖြတ်ကျော်သွားနိုင်သည်။ ထို့ကြောင့် ထို level ထက် များစွာမြင့်မားသော တန်ဖိုးဖြင့် တည်ရှိနေခြင်းကို မြင့်မားသောတန်ဖိုးဟု ယူဆနိုင်ပါသည်။
- လွန်ကဲမှုတန်ဖိုး သည် အမှတ် 1 တွင် ရှိသည်။ ညွှန်ပြချက်၏ မျဉ်း ပြောင်းပြန်ဖြစ်သောအခါ flat အကွာအဝေးတစ်ခု စတင်သည်။ အထက်ဖော်ပြပါ ပုံတွင် flat ဧရိယာများကို အနီရောင်စတုဂံများအဖြစ် အမှတ်အသား ပြုထားသည်။
- StdDev သည် အမှတ် 1 ၌ ရှိသော တူညီသော level ကဲ့သို့ အမှတ် 2 တွင် ဆက်လက်အားကောင်းနေပါသည်။ ဆိုလိုသည်မှာ လမ်းကြောင်းသည် အနှောင့်အယှက်မရှိသော်လည်း မကြာမီအဆုံးသတ်သွားနိုင်သည်။ ညွှန်ပြချက်၏မျဉ်းသည် အမှတ် 3 တွင် ပြောင်းပြန်ဖြစ်ပြီး flat အကွာအဝေးတစ်ခု စတင်သည်။
- အမှတ် 4 တွင် StdDev ၏ အမြင့်ဆုံးတန်ဖိုးဖြင့်၊ လမ်းကြောင်း ပြောင်းပြန်လှန်မှုတစ်ခုရှိသည်။ ပြောင်းပြန်တက်နေသည့် ရွေ့လျားမှုသည် ယခင်ဆင်းသက်သည့်အတိုင်း အားကောင်းခြင်းမရှိသောကြောင့်၊ ညွှန်ပြချက် တန်ဖိုးကျသွားသည်။
- ညွှန်ပြချက်သည် ပြောင်းပြန်ဖြစ်နေသောအခါတွင် flat အကွာအဝေးသည် အမှတ် 5 နှင့် 6 တွင် ထွက်ပေါ်လာသည်။
နိဂုံး။ High standard deviation သည် အတက်လမ်းကြောင်း သို့မဟုတ် အဆင်းလမ်းကြောင်း ဆက်လက်တည်ရှိနေသည်ဟု ဆိုလိုသော်လည်း စျေးကွက်ထဲသို့ဝင်ရောက်ရန် အလွန်နောက်ကျနေပြီဖြစ်သည်။ Standard deviation ၏ အမြင့်ဆုံးတန်ဖိုးနှင့် နောက်ဆက်တွဲ ပြောင်းပြန်လှန်ခြင်းဖြစ်ပေါ်မှုမှာ လမ်းကြောင်းသည် ပြောင်းပြန် သို့မဟုတ် flat အကွာအဝေးသို့ ပြောင်းလဲသွားမည်ဖြစ်သည်။
Low standard deviation
Low standard deviation တစ်ခုဆိုသည်မှာ သတ်မှတ်ထားသော အချိန်ကာလအတွင်း တွက်ချက်ထားသော ၎င်း၏ပျမ်းမျှတန်ဖိုးကို စျေးနှုန်းဆက်လက်ထိန်းထားခြင်းဖြစ်သည်။ ၎င်းသည်အောက်ပါတို့ကို ဆိုလိုနိုင်သည်:
1. စျေးကွက်သည် ဘေးတိုက်ရွေ့လျားနေသည်။ Bulls' နှင့် bears' အော်ဒါများ၏ ပမာဏသည် အတူတူနီးပါးဖြစ်သည် (သို့မဟုတ်) ကုန်သွယ်မှုပမာဏသည် လုံလောက်မှုမရှိပါ။ စျေးနှုန်းသည် ၎င်း၏ပျမ်းမျှတန်ဖိုးကို ဆက်လက်ထိန်းထားရန် အတွက်ဖြစ်သည်။
ဥပမာ -
StdDev ၏ 20 ကာလနှင့်သက်ဆိုင်သော 20 EMA ကို ဇယားတွင် ထည့်သွင်းထားသည်။ Standard deviation မျဉ်းသည် အောက်ခြေ 0.0009 ၏အနီးစပ်ဆုံးအဆင့်တွင် ရွေ့လျားနေသည်။ Low standard deviation တစ်ခုသည် ကျဉ်းမြောင်းသောအကွာအဝေးအတွင်း စျေးနှုန်းများရွေ့လျားနေသည့် flat ဧရိယာ နှင့် သက်ဆိုင်သည်။ စျေးနှုန်းသည် အကွာအဝေးတစ်ခု၏အောက်ခြေ ကန့်သတ်ချက်ကို ချိုးဖျက်လိုက်သည်နှင့် standard deviation စတင်အားကောင်းလာပြီး စျေးနှုန်းသည် SMA မှ လျင်မြန်စွာ သွေဖည်သွားပါသည်။
2. လက်ရှိစျေးနှုန်းလှုပ်ရှားမှုသည် ချောမွေ့နေသည်။ ၎င်း၏ယခင်တန်ဖိုးမှ အနည်းငယ်သွေဖည်သွားခြင်းဖြင့် စျေးနှုန်းအဆင့်ဆင့်ပြောင်းလဲသွားသည်။
ဥပမာ -
အမြင့်ဆုံးတန်ဖိုးများနှင့် ခြယ်ထားသော ဧရိယာရှိလှိုင်းများ နှိုင်းယှဉ်ပါက StdDev ၏ တန်ဖိုးနိမ့်သည်ဟု ခေါ်နိုင်သည်။ သို့သော်လည်း ထိုအပိုင်းသည်ချောမွေ့စွာဖြင့် ကျဆင်းနေသည်။
နိဂုံး. Low standard deviation တစ်ခုသည် flat ဧရိယာ (သို့မဟုတ်) ချောမွေ့သော အတက် (သို့မဟုတ်) အဆင်းလမ်းကြောင်းကို ညွှန်ပြနိုင်သည်။
သတိပြုရန်: Standard Deviation Forex ညွှန်ပြချက်၏ ဆက်တင်များတွင် သတ်မှတ်ထားသော အချိန်ကာလသည် ဤနေရာတွင် မရှိမဖြစ်လိုအပ်ပါသည်။။ ဥပမာအားဖြင့် ကာလအပိုင်းအခြားတန်ဖိုး 3 အသုံးပြုသော ကိန်းဂဏာန်းစဉ် 5, 6, 30 ရှိ standard deviation မှာ အတော်နိမ့်သည်(4.4759)။ ဆန့်ကျင်ဘက်အားဖြင့် ကာလအပိုင်းအခြားတန်ဖိုး 10 အသုံးပြုသော ကိန်းဂဏာန်းစဉ် 4, 3, 6, 5, 7, 5, 6, 5, 6, 30 ရှိ standard deviation မှာ အတော်လေးမြင့်မားသည်(5.3108)။ တည်ငြိမ်သောစျေးနှုန်း၏ အကွာအဝေးသည် ပိုမိုရှည်လျားပြီး နောက်ဆုံး candlestick ပေါ်ရှိစျေးနှုန်းပြောင်းလဲမှု ပိုမိုပြတ်သားလေ standard deviation ပိုများလေဖြစ်သည်။
Standard Deviation Indicator တည်ဆောက်နည်း
အခြေခံကုန်သွယ်မှုပလပ်ဖောင်းများစွာတွင် ဤညွှန်ပြချက်ပါဝင်ပါသည်။ LiteFinance ၏ပလပ်ဖောင်းအတွက် ၎င်းကိုအောက်ပါနည်းလမ်းဖြင့် ထည့်သွင်းနိုင်သည်:
1. ပလပ်ဖောင်းကိုဖွင့်ပါ။ "For beginners" ကိုနှိပ်၍ - LiteFinance site ၏ ထိပ်ဆုံးမီနူးဘားတွင်ရှိသော "Open a demo account" ကိုနှိပ်ပါ။ ကုန်သွယ်ပလပ်ဖောင်းသို့ မှတ်ပုံတင်ရန်မလိုအပ်ပဲ တိုက်ရိုက်သွားပါ။
2. သင်၏ ကုန်သွယ်မှုဈေးကွက် ကိုရွေးချယ်ပါ, ဘယ်ဘက်အကန့်ရှိ "Trade" ကိုနှိပ်၍ ရွေးချယ်ထားသောငွေကြေးအတွဲ၏ ဇယားကိုဖွင့်ပါ။
3. ညွှန်ပြချက် ကိရိယာများစာရင်းမှ Standard Deviation ကိုရယူပါ။
စျေးနှုန်းဇယားအောက်တွင် ပေါ်လာပါလိမ့်မည်။ ဆက်တင်များကိုကြည့်ရှုရန် gear sign ကိုနှိပ်ပါ။
မူလဆက်တင်များမှာ:
- အရှည် သို့မဟုတ် ကာလ - တွက်ချက်ရန်အတွက် ထည့်သွင်းစဉ်းစားမည့် candlesticks အရေအတွက်။ နောက်ဆုံး candlesticks နှစ်ဆယ်သည် ပုံသေသတ်မှတ်မှုဖြစ်သည်။
- ကာလပိုကြီးလေ၊ ညွှန်ပြချက်သည် စျေးနှုန်းပြောင်းလဲမှုအပေါ် တုံ့ပြန်မှု ပိုမြန်လေဖြစ်သည်။
- ကာလငယ်လေ၊ ညွှန်ပြချက်၏ ရွေ့လျားမှုမှာ ပြတ်သားမှု နည်းလေဖြစ်သည်။
၎င်းသည်အခြားအညွှန်းကိန်းများနှင့် StdDev ၏ကွာခြားချက်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ ကာလတစ်ခုတိုးလာသောအခါ SMA သည်နှေးကွေးသွားသည်: သတ်မှတ်ကာလကြာလေ၊ နောက်ဆုံးစျေးနှုန်းသည် ကုန်သွယ်မှုနည်းလေဖြစ်သည်။ StdDev ဖြင့် တစ်ဖက်တစ်လမ်းမှ အကူအညီ ဖြစ်မည် ဖြစ်သည်။
- တန်ဖိုးရယူခြင်း- တွက်ချက်မှုတွင် ထည့်သွင်းထားသောဈေးနှုန်း
- အပိတ် - candlestick's ၏အပိတ်စျေးနှုန်း
- အဖွင့် - candlestick's ၏အဖွင့်စျေးနှုန်း
- အမြင့်ဆုံး - သတ်မှတ်ထားသော စျေးနှုန်းတစ်ခု၏ အမြင့်ဆုံးတန်ဖိုး၊ shadow ၏ အထက်ပိုင်း
- အနိမ့် - သတ်မှတ်ထားသော စျေးနှုန်းတစ်ခု၏ အနိမ့်ဆုံးတန်ဖိုး၊ shadow ၏ အနိမ့်ပိုင်း
- ပျမ်းမျှ: ဈေးနှုန်း = (အမြင့်+အနိမ့်)/၂
- ပျမ်းမျှ HLC: စျေးနှုန်း = (အမြင့် + အနိမ့် + အပိတ်)/၃
- ပျမ်းမျှ HLOC: စျေးနှုန်း = (အမြင့် + အနိမ့် + အဖွင့် + ပိတ်) / ၄
- တိကျပြတ်သားမှု- ညာဘက်တွင်ပြသထားသည့် အတိုင်းအတာပေါ်ရှိ ညွှန်ပြချက် ၏ တန်ဖိုးရှိ ဒဿမအမှတ်ပြီး နောက်ဂဏန်းများ ။
"Style" တက်ဘ်သည်အညွှန်းလိုင်း၏အရောင် (သို့မဟုတ်) အကျယ်ကိုရွေးချယ်ခွင့် (သို့မဟုတ်) ၎င်းကိုအစက်ချလိုင်းအဖြစ် ပြောင်းလဲခွင့်ပြုသည်။
ညွှန်ပြချက်အား အကန့်အသတ်မထားသော အကွာအဝေးဖြင့် သုညအထက်နှင့် အောက်သို့နှိုင်းယှဉ်သောမျဉ်းပုံစံဖြင့် ဇယားရှိမျဉ်းအောက်တွင် နေရာချထားသည်။ ညွှန်ကိန်း၏တန်ဖိုးမြင့်လေ စျေးကွက်မတည်ငြိမ်မှု မြင့်မားလေဖြစ်သည်။
ဈေးနှုန်းအမျိုးအစားကို မူလအတိုင်း Close အဖြစ်ချန်ထားနိုင်သည်။ အောက်တွင် စျေးနှုန်းအမျိုးအစားများပါရှိသော StdDev ဇယားတစ်ခုရှိသည်။ အပိတ်စျေးနှုန်းများမှ တဆင့်တည်ဆောက်ထားသော ညွှန်ပြချက်သည် အခြား candlestick ထက် ၁ခု၂ခု ခန့်စောနေသည်မှလွဲ၍ မျဉ်းပုံဆွဲခြင်းတွင် ကွာခြားချက်မရှိသလောက်ဖြစ်သည်။
MT4 အတွက် Standard Deviation
Mt4 ရှိ StdDev ဆက်တင်များသည် LiteFinance ၏ ပရိုဖိုင်ရှိဆက်တင်များနှင့် အနည်းငယ်ကွာခြားပါသည်။ သို့သော်လည်း ညွှန်ပြချက်ကို MT4 တွင်အခြေခံတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ၎င်းကိုဤသို့ တွေ့နိုင်သည် - "Insert"/"Indicators"/"Trend".
ဆက်တင်များ
အဓိကကွာခြားချက်မှာ သင်သည် MA အမျိုးအစားကို ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ အခြေခံဗားရှင်းသည် SMA(simple moving average) ကိုအသုံးပြုထားသော်လည်း SMMA(Smoothed Moving Average) (သို့မဟုတ်) LWMA (linearly weighted moving average) ကိုရွေးချယ်နိုင်ပါသည်။
MA ၏ရွေးချယ်မှုသည် မျဉ်း၏ချောမွေ့မှုနှင့် ပမာဏ၏အရွယ်အစား ကွဲပြားမည် ဖြစ်သောကြောင့် အရေးကြီးပါသည်။ အကောင်းဆုံးရွေးချယ်ချက်ဆိုသည်မှာ မရှိပါ။ အကြံဉာဏ်: စျေးကွက်အခြေအနေနှင့် သင်အရောင်းအဝယ်ပြုလုပ်နေသော ပိုင်ဆိုင်မှုတစ်ခုအပေါ် အခြေခံ၍ သင်၏ သတ်မှတ်ချက် parameters ကိုရွေးချယ်ပါ။
Volume Standard Deviation Indicator ကိုအခြေခံထားသော ပြုပြင်မွမ်းမံမှုများနှင့် အခြားညွှန်ပြချက်များ
- Juicenew, StdDev ကိုအခြေခံသည့်ညွှန်ပြချက်။ ကြည့်ရှုရသည်မှာ အဆင်ပြေသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မတူညီသည့် မျဉ်းတစ်ခု၏နေရာတွင် မတူညီသောအရောင်များဖြင့် အရောင်ခြယ်ထားသောကော်လံ 2 ခုပါသည့် histogram တစ်ခုရှိသည်။ အချက်ပြမှုများသည် အငြင်းပွားစရာ အခိုက်အတန့်များမရှိဘဲ ပြတ်ပြတ်သားသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ အကယ်၍ အချက်ပြမှုတစ်ခုပြသလျှင် အချက်ပြမှုတစ်ခုရှိနေသည်။ သင်သည် ဤ MT4 ညွှန်ပြချက်ကို ဒီမှာ ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
- ကုန်သွယ်မှုပလက်ဖောင်းများစွာတွင်ပါဝင်သော standard channel ညွှန်ပြချက် Bollinger Bands။ ၎င်းတွင်မျဉ်းသုံးကြောင်းပါ၀င်သည်: ဗဟိုမျဉ်းသည် ပုံမှန်ရွေ့လျားနေသောပျမ်းမျှမျဉ်းဖြစ်သည်။ ချန်နယ်များ၏နယ်နိမိတ်များကို အမှတ်အသားပြုထားသော မျဉ်းများသည် standard deviations(StdDev) အချို့ဖြင့် ရွေ့လျားနေသော ပျမ်းမျှနှုန်းများဖြစ်သည်။
Standard Deviation Indicator နှင့် ပေါင်းစပ်ထားသော ကုန်သွယ်ရေးဗျူဟာများ
ဤတွင် StdDev အသုံးပြုခြင်းကို ဥပမာပေးထားသောနည်းဗျူဟာနှစ်ခုဖြစ်သည်။ ပထမတစ်ခုသည် StdDev ကို ATR နှင့်ပေါင်းစပ်ထားသည့် မတည်ငြိမ်မှုညွှန်ပြချက် နောက်တစ်မျိူးဖြစ်သည်။ ဒုတိယတစ်ခုသည် Fibonacci levels များဖြင့် ရောင်းဝယ်ဖောက်ကားခြင်းနှင့် StdDev အား အရန်ညွှန်ပြချက်အဖြစ် အသုံးပြုခြင်းတို့ကို ရည်ညွှန်းသည်။
Standard Deviation နှင့် ATR
စျေးကွက်မတည်ငြိမ်မှုကို တိုင်းတာရန် ATR ကိုအသုံးပြုသည်။ ဤအကြောင်းအရာကို "ATR indicator: volatility under trader's control"[1] ဆောင်းပါးတွင်ဖတ်ရှုနိုင်ပါသည်။
ထည့်သွင်းဒေတာ:
- ငွေကြေးအတွဲ- GBPUSD
- Time frame: H1.
- ဆက်တင်များ- StdDev (20), ATR (20). ညွှန်ပြချက် နှစ်ခုလုံး၏ ကာလများ သည် တူညီရပါမည်
ညွှန်ပြချက်နှစ်ခုလုံး၏ ဖတ်ရှုခြင်းမှအတည်ပြုသောလမ်းကြောင်းသည် ပိုမိုအားကောင်း လာသောအခါ တွင် ကုန်သွယ်မှုတစ်ခုဖွင့်ရန် ဗျူဟာတွင် ဖော်ပြထားသည်။
ကုန်သွယ်မှုတစ်ခုဖွင့်လှစ်ရန် အခြေအနေများ
- ATR သည် အောက်ခြေမှ support တန်းကိုဖြတ်သွားခြင်း (သို့မဟုတ်) အဆိုပါ support တန်းမှ ပြန်ကန်၍ တက်ပြီး ဆက်လက်အားကောင်းခြင်း ဖြစ်သည်။
- StdDev သည် အောက်ခြေမှ support တန်းကိုဖြတ်သွားခြင်း (သို့မဟုတ်) အဆိုပါ support တန်းမှ ပြန်ကန်၍ တက်ပြီး ဆက်လက်အားကောင်းခြင်း ဖြစ်သည်။
အဆိုပါအခြေအနေနှစ်ခုလုံး၏ တူညီချက်အရ ဖြစ်ပေါ်သော candlestick ပေါ်တွင် လမ်းကြောင်း ၏ ဦးတည်ချက်အတိုင်း ကုန်သွယ်မှုတစ်ခုဖွင့်ပါ။ နီးစပ်ရာ အမြင့်ဆုံး/အနိမ့်ဆုံး ကိုကျော်ပြီး stop loss ကိုထားပါ။
ကုန်သွယ်မှုမှထွက်ရန် ရွေးချယ်စရာများ-
- ပြောင်းပြန်လှန်သည့်ပုံစံဖြစ်ပေါ်ခြင်း၊ ဥပမာအားဖြင့် pin bar ။
- ညွှန်ပြချက်များထဲမှ တစ်ခု စတင်၍ပြောင်းပြန်ဖြစ်ခြင်း ။
အောက်ပါအတိုင်း ဖြစ်ပေါ်လျှင် ကုန်သွယ်မှုကို မဖွင့်ပါနှင့်
- ညွှန်ပြချက်များထဲမှတစ်ခုသည် support တန်းမှ ပြန်ကန်တက်ခဲ့ပြီး နောက်တစ်ခုသည် resistance တန်းမှ 50% အကွာအဝေးခန့် ရှိနေခြင်း
- မျှော်မှန်းထားသည့်အတိုင်း အလွန်အရေးကြီးသည့် စီးပွားရေးသတင်းများ ထွက်ပေါ်ခြင်း
ဥပမာ
ပထမအဆင့်သည် ညွှန်ပြချက်နှစ်ခုလုံးအတွက် ဝယ်လိုအားဈေးတန်းများကို ဆွဲခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့သည်ဇယားကွက်ကို တတ်နိုင်သမျှ အတိုင်းအတာလျှော့ချရန် လိုအပ်ပြီး ညွှန်ပြချက်များ ပြောင်းပြန်ဖြစ်လေ့ရှိသည့်အဆင့်များမှနေ၍ ရေပြင်ညီမျဉ်းကို ရေးဆွဲရန်လိုအပ်ပါသည်။ထို့နောက် စျေးနှုန်းပိုမိုရွေ့လျားလာသည်နှင့်အမျှ အတိုင်းအတာ ကို ပြန်လည်သတ်မှတ်ပြီး လိုင်းများကိုတိုးချဲ့ရေးဆွဲပါ။
အမှတ် 1 တွင် အခြေအနေနှစ်ခုလုံးကို တွေ့ရှိခဲ့သည်။ပထမဦးစွာ StdDev သည် support တန်းကို ချိုးဖျက်ပြီး တက်သွားသည်။ ATR ၏ အတည်ပြုချက်ကိုစောင့်ပါ။ အတည်ပြုချက်ရပြီဆိုသည်နှင့် အရောင်းအနေအထားကိုဖွင့်ပါ။ ကျဆင်းနေသော candlesticks များသည် ဦးတည်ချက်ကိုအတည်ပြုသည်။ Stop loss ကို shadow ၏အဆုံးမှ ၂ပွိုင့် - ၃ပွိုင့်အကွာတွင် နီးစပ်ရာအမြင့်ဆုံးကို ကျော်၍ ထားရှိသည်။ ATR ပြောင်းပြန်ဖြစ်သောအခါ ကုန်သွယ်မှုကိုပိတ်ပါ။ အစိမ်းရောင် candlestick ဖြင့် ဖွဲ့စည်းထားသော pin bar သည် ဆုံးဖြတ်ချက်မှန်ကန်ကြောင်းအတည်ပြုသည်။
အမှတ် 2 တွင်လည်း အခြေအနေနှစ်ခုလုံးကို စောင့်ကြည့်ခဲ့သော်လည်း မည်သည့်အချိန်တွင် ကုန်သွယ်မှုကိုပိတ်ရမည်ဆိုသည့်မေးခွန်းဖြစ်သည်။ ATR အချက်ပြမှုဖြင့် ကုန်သွယ်မှုကို အချိန်မှီ ပိတ်ထားနိုင်သော်လည်း ကံမကောင်းစွာဖြင့် စျေးကွက် မှ မည်သည့် အချိန်တွင် ထွက်ခွာရမည်ဟူသော အကြောင်းအရာနှင့်ပတ်သက်ပြီး ယေဘုယျ အကြံပြုချက် မရှိသောကြောင့် ဈေးကွက်အခြေအနေအရ ထွက်ခွာမှု ပြုလုပ်ရမည်ဖြစ်သည်။ အမှတ် 4 တွင်လည်း အလားတူဖြစ်သည်။
အမှတ် 3. ညွှန်ပြချက်များ၏ အချက်ပြမှုများတိုက်ဆိုင်နေပါက အဝယ်အနေအထားကို ဖွင့်နိုင်သော်လည်း ရုတ်တရက်တွင် အညွှန်းကိန်းနှစ်ခုစလုံးသည် ပြောင်းပြန်ဖြစ်သွားသည်။ အချက်ပြမှုမှာ မှားယွင်းနေပါသည်၊ ထို့ကြောင့်stop lossဖြင့် ရပ်တန့်သည်ကိုမစောင့်ပဲ ကုန်သွယ်မှုကို ပိတ်ပါ။
Standard Deviation နှင့် Fibonacci ၏ correction level များ ။ လက်တွေ့ဥပမာ ။
ဗျူဟာကို "Fibonacci levels and StdDev scalping" ဟုခေါ်သည်။ Scalping correction levels သည် ပင်မ လမ်းကြောင်းအတိုင်း Fibo level အထိ ဈေးနှုန်းပြောင်းပြန်လှန်သည် ကိုစောင့်ဆိုင်းပြီး နောက်တစ်ဆင့်၌ take profit သတ်မှတ်ခြင်းဖြင့် လမ်းကြောင်း၏ ဦးတည်ချက်တွင် အရောင်းအ၀ယ်ဖွင့်ခြင်းကိုဆိုလိုသည်။ Fibo နှင့်ပတ်သက်သော သတင်းအချက်အလက်များအတွက် What is Fibonacci retracement? ဆောင်းပါးတွင် Fibonacci levels များနှင့် ဆက်စပ်သော ကိရိယာများအကြောင်းကို လေ့လာနိုင်ပါသည်။
အချို့သောအကြောင်းအရာများအတွက် စျေးကွက် အဝင်မှတ် ကိုခွဲခြားသတ်မှတ်ခြင်းသည် ပြဿနာရှိနိုင်သည်-
- အချက်ပြမှုသည် ပင်မလမ်းကြောင်း၏ဦးတည်ချက်တွင် 0.382 level မှ စျေးနှုန်းပြန်တက်ခြင်း ဖြစ်သည်။ သို့သော်လည်း အစိမ်းရောင် ဧရိယာ ၏ အကွာအဝေးအတွင်းတွင် ပြောင်းပြန်လှန်လိုက်ခြင်းဖြင့် စျေးနှုန်းသည် အဆိုပါ level သို့ မရောက်နိုင်ပေ။ကျွန်ုပ်တို့အနေဖြင့် ကုန်သွယ်မှုဖွင့်သင့်လား? (သို့မဟုတ်) အဆိုပါ အခြေအနေသည် correction တစ်ခုအတွင်းမှ နောက် correction တစ်ခုလား?
- 0.382 level မှ ပြန်ကန်ပြီးနောက် level 0.236 သို့ရောက်သည်နှင့် စျေးနှုန်းသည် လမ်းကြောင်း၏ဦးတည်ရာသို့ ဆက်လက်ရွေ့လျားမည်လား? (သို့မဟုတ်) ဤအဆင့်တွင် ဈေးနှုန်းစုစည်းမှု ဖြစ်မည်လား?
Standard Deviation ညွှန်ပြချက်သည် ဤမေးခွန်းများကို အဖြေပေးလိမ့်မည်။
အဆင့် ၁ အကြိုသုံးသပ်ချက်
GBPUSD ငွေကြေးအတွဲ၏ M15 time frame ဇယားကို အတိုင်းအတာလျှော့ချပြီး StdDev အတွက် ကာလအပိုင်းအခြား 20 ဖြင့် support တန်းကိုဆွဲပါ။ ဤအဆင့် ကို မြင်သာနိုင်မှုအနိမ့်ဆုံးဖြင့်ရေးဆွဲသည်။ Fibonacci ဇယားကွက်ကို အတက်လမ်းကြောင်းပေါ် တင်ပါ။ အခြေအနေအရ SMA(25) ကိုလည်း ဇယားတွင်ထည့်ထားပါ။
အဆင့် ၂ လက်ရှိအခြေအနေအား ခွဲခြမ်းစိတ်ဖြာခြင်း၊ အလားအလာရှိသောအဝင်ပွိုင့် များကို ရှာဖွေပါ
အမြင့်ဆုံးသို့ရောက်ရှိပြီးနောက် စျေးနှုန်းသည်ဘေးတိုက်ရွေ့လျားသွားသည်: စျေးနှုန်းလိုင်းသည် ပထမဖြစ်ပေါ်သော correction level သို့ရွေ့လျားနေပြီး ၎င်းကို နှစ်ကြိမ်ထိတွေ့သည်။ သို့ရာတွင် correction သည်အားနည်းနေသည်: StdDev သည်၎င်း၏ သုညနှင့်နီးကပ်သည့် support တန်း အထိ အလျားလိုက်ရွေ့လျားနေသည်။
ဤနေရာတွင် အခြေအနေနှစ်ခု ဖြစ်နိုင်သည်-
- စျေးနှုန်းသည် 0.236 ကိုချိုးဖျက်ပြီး အောက်သို့ရွေ့သွားမည်။ 0.382 တွင် correction အဆုံးသတ်၍ ကုန်သွယ်မှုတစ်ခုဖွင့်ရန် အချက်ပြမှု ဖြစ်ပေါ်မည် ဖြစ်သည်။
- စျေးနှုန်းသည် 0.236 မှ ပြန်လည် ကန်တက်ပြီး အမြင့်ဆုံး အသစ်တစ်ခုသတ်မှတ်ရန် အထက်သို့ရွှေ့မည် ဖြစ်သည်။
Standard deviation forex ညွှန်ပြချက်သည် လမ်းကြောင်း၏ အစမှတ် ကို အရိပ်အမြွက်ပြသမည် ဖြစ်သည်။
အဆင့် ၃ ကုန်သွယ်မှုဖွင့်လှစ်ခြင်း
ထို့နောက်အခြေအနေသည် အောက်ပါအတိုင်း တိုးတက်လာသည်- correction သည် key level ဖြစ်သော 0.236 ကိုချိုးဖျက်ပြီး ကျဆင်းသွားသည်။ ထို့နောက် StdDev သည် စတင်အားကောင်းလာသည်။ သို့သော် အဆိုပါအချက်ပြမှုကိုအခြေခံပြီး အရောင်း အနေအထားကိုဖွင့်လိုက်ပါက မှားယွင်းမည် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်
- StdDev သည်လမ်းကြောင်းဦးတည်ချက်ကိုမပြပါ။ ကုန်သည်များ၏ လုပ်ဆောင်ချက်တိုးတက်မှုသည် စျေးနှုန်းဘေးတိုက်လှုပ်ရှားမှု အကွာအဝေးမှ အပြင်ဘက်သို့ရောက်နိုင်သည်ဟု ဆိုလိုသော်လည်း ၎င်းသည်အချိန်မရွေး ပြောင်းပြန်ဖြစ်သွားနိုင်သည်။
- Fibonacci correction levels များသည် အဓိကညွှန်ပြချက်ဖြစ်ပြီး ၎င်း၏အချက်ပြမှုများမှာ အရေးပါသည်။
Correction သည် 0.382 မတိုင်မှီပြီးဆုံးပြီး စျေးနှုန်းသည်အထက်သို့ ပြောင်းပြန်လှန်ခဲ့သည်။ StdDev အားကောင်းလာ၍ အရောင်းအ၀ယ်တစ်ခု ဖွင့်လှစ်ခဲ့သည်။
ရှေးရိုးဆန်သော အယူအဆတစ်ခုအရ အနီးစပ်ဆုံး Fibonacci level သို့ စျေးနှုန်း ရောက်ရှိသောအခါ ကုန်သွယ်မှုကိုပိတ်ခဲ့သည်။ ကျွန်ုပ်တို့၏အခြေအနေတွင် ၎င်း level သည် 0.236 ဖြစ်သည်။ မိနစ် 30 အတွင်း အမြတ်ငွေ 7 ဒေါ်လာကျော် ရရှိသည်။.
Standard Deviation ၏ အမေးများသော မေးခွန်းများ
Standard deviation သည်သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ၎င်း၏ပျမ်းမျှတန်ဖိုးမှ သွေဖည်သော ပျမ်းမျှသွေဖည်ခြင်းတန်ဖိုးဖြစ်သည်။ Forex တွင် Standard Deviation သည် ပြောင်းလဲနိုင်မှု၏ ညွှန်ပြချက်တစ်ခုဖြစ်သည်။ စျေးနှုန်းသည်၎င်း၏ ပျမ်းမျှတန်ဖိုးမှ မည်မျှသွေဖည်သွားသည်ကိုပြသသည်။ High standard deviation ဆိုသည်မှာ မြင့်မားသောမတည်ငြိမ်မှုကိုဆိုလိုသည်။ ဤကိရိယာသည် လမ်းကြောင်း၏အစမှတ်နှင့် ကြံ့ခိုင်မှုကို ခွဲခြားသတ်မှတ်နိုင်စေသော်လည်း ၎င်း၏ဦးတည်ချက်ကိုညွှန်ပြခြင်းမရှိပေ။
၎င်းကို လမ်းကြောင်းပြညွှန်ပြချက်ကိရိယာ များ သို့မဟုတ် oscillators များဖြင့်ပေါင်းစပ်ထားသော M30-H1 time frames များနှင့် ပိုကြီးသော timeframe များတွင် အရန်ကိရိယာအဖြစ် အသုံးပြုကြသည်။ အောက်ပါအကြောင်းအရာများသည် ကုန်သွယ်မှု တစ်ခုဖွင့်ရန်အတွက် အချက်ပြမှုများဖြစ်သည်:
- စျေးကွက်သည် ဦးတည်ချက်မဲ့နေသည်။ စျေးနှုန်းသည် အကွာအဝေးတစ် ခုအတွင်းတွင်ရှိနေသည်။ Resistance နှင့် support လိုင်းများသည် အလျားလိုက်ဖြစ်နေသည်။
- စျေးနှုန်းသည် resistance(သို့မဟုတ်)support ကိုချိုးဖျက်ပြီး flat အကွာအဝေး ၏ ပြင်ပတွင်ပိတ်သည်။ StdDev သည်လက်ရှိ (သို့မဟုတ်) နောက်လာမည့် candlestick တွင်စတင်အားကောင်းလာသည်။
- အချက်ပြမှု ကို အတည်ပြုသော candlestick ပေါ်တွင် ကုန်သွယ်မှုတစ်ခုဖွင့်ပါ။
အောက်ပါအခြေအနေနှစ်ခုစလုံးကို တွေ့ရှိပြီးသည်နှင့် ကုန်သွယ်မှုကိုပိတ်ပါ
- Standard Deviation သည် အောက်ဘက်သို့ပြောင်းပြန်ဖြစ်ပေါ်ခြင်း
- ဇယားကွက်တွင် ဆန့်ကျင်ဘက်အရောင်ရှိသော candlestick တစ်ခုပေါ်လာခြင်း
အဆင့်ဆင့် တွက်ချက်မှု algorithm:
- ကိန်းစဉ်တွင်ပါဝင်သော ဈေးနှုန်း ၏ ပျမ်းမျှတန်ဖိုးများကို တွက်ချက်ပါ။ ၎င်းသည် SMA ၏တန်ဖိုးနှင့် ထပ်တူကျမည် ဖြစ်သည်။
- ဈေးနှုန်းတစ်ခုစီ၏တန်ဖိုးမှ ပျမ်းမျှတန်ဖိုးကို နုတ်ပါ ။
- တန်ဖိုးတစ်ခုစီကိုနှစ်ထပ်တင်ပြီး ရလဒ်များကိုပေါင်းပါ။ နောက်ဆုံးတန်ဖိုးကို တည်၍ ကိန်းစဉ်တွင်ပါဝင်သော ကိန်းများဖြင့် စားပါ။ ဥပမာ - candlestick အရေအတွက်များ
- ရရှိသော ရလာဒ်အား square root တင်ခြင်းဖြင့် တွက်ထုတ်ပါ ။
Forex လမ်းကြောင်းရှာဗျူဟာ များနှင့် မကြာခဏပေါင်းစပ်အသုံးသည်။ စျေးကွက်ဦးတည်ချက်မဲ့နေချိန်တွင် ခိုင်မာသောလမ်းကြောင်းပြောင်းရွေ့လျားမှုကို ဖော်ထုတ်ရန် StdDev ကို အသုံးပြုနိုင်သည်။ စျေးနှုန်း၏ သွေဖည်မှုတန်ဖိုးသည် ၎င်း၏ပျမ်းမျှတန်ဖိုး မှ တိုးလာပြီး flat ဖြစ်ပေါ်သော အကွာအဝေး၏အပြင်ဘက်သို့ ရောက်သည် နှင့် ကုန်သွယ်မှုတစ်ခုဖွင့်ပါ။
StdDev ၏ အမြင့်ဆုံးသို့ ကူးပြောင်းမှုသည် ကုန်သည်များ၏လုပ်ဆောင်မှု ကျဆင်းခြင်းကို ဖော်ပြနိုင်သည်။ အဆိုပါ အချက်ပြမှုသည် ကုန်သွယ်မှုကို ပိတ်ရန်အချက်ပြခြင်း ဖြစ်သည်။
စျေးနှုန်းသည် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ၎င်း၏ပျမ်းမျှတန်ဖိုးမှ ရသလောက် သွေဖည်သည်။ စျေးနှုန်းအသစ်နှင့် moving average အကြား အကွာအဝေးသည် ၎င်း၏အမြင့်ဆုံးဖြစ်သည်။ ကုန်သည်များ၏စိတ်ဝင်စားမှုသည် မကြာမီ၌ လျော့ကျမည် ဟု ညွှန်ပြနိုင်သည်။ ထို့နောက် စျေးနှုန်းသည် ၎င်း၏ပျမ်းမျှတန်ဖိုးသို့ ပြန်သွားနိုင်ခြင်း သို့မဟုတ် ငြိမ်သက်သွားနိုင်ပြီး ပျမ်းမျှတန်ဖိုးကို အသစ်ပြုလုပ်နိုင်သည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
လက်တွေ့ဈေးကွက်အချိန်ရှိ GBPUSD ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။













































