Fibonacci levels များသည် swing နှင့် scalping ကုန်သည်များ၏အကြိုက်ဆုံးကိရိယာဖြစ်သည်။ ၎င်းတို့သည် အဖိုးတန်အချိုးအစား (golden ratio) ဖြင့် ဟာမိုနစ် သင်္ချာကိန်းအစဉ် ကို အခြေခံထားသည်။ Fibonacci ကိရိယာသည် ဈေးနှုန်း ပြန်လည်ပြုပြင်မှု (correction) တစ်ခုအတွင်း ဖြစ်နိုင်ချေရှိသော စျေးနှုန်းပြောင်းပြန်ဖြစ်နိုင်သည့် ပွိုင့်များကို ခြေရာခံနိုင်ပြီး လမ်းကြောင်းပြောင်းပြန်လှန်မှုကို အတည်ပြုနိုင်သည်။ ဤသုံးသပ်ချက်တွင်၊ Fib retracement levels ကို မည်သို့ တည်ဆောက်ထားကြောင်းနှင့် ဘဏ္ဍာရေး စျေးကွက်တွင် ငွေရှာရန်အတွက် Fib retracement အား မည်သို့အသုံးပြုရမည် ကို သင်လေ့လာရမည်ဖြစ်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက ကောက်နုတ်ချက်များ

ပင်မ အကြောင်းအရာ

အလုံးစုံ ထိုးထွင်းသိမြင်မှုများနှင့် အဓိကအချက်များ

အဓိပ္ပါယ်

Fibonacci retracement သည် နည်းပညာဖြင့် သုံးသပ်လေ့လာမှုအတွက် ပြိုင်ဖက်ကင်းအချိုးအစား (golden ratio) ပါဝင်သည့် ဟာမိုးနစ် သင်္ချာကိန်း စီးရီး ကို အခြေခံထားသည်။

အသုံးပြုပုံ-

ကုန်သည်များသည် အလားအလာရှိသော စျေးနှုန်းပြန်လှည့်နိုင်မည့်ပွိုင့်များကိုဖော်ထုတ်ရန်နှင့် လမ်းကြောင်းပြောင်းပြန်လှန်မှုများကိုအတည်ပြုရန် fibonacci retracement ကိုအသုံးပြုသည်။

ရေးဆွဲပုံ

Fibonacci retracement levels များကို စျေးနှုန်းဖော်ပြသည့် ဇယားတွင် အလျားလိုက်အနေအထားဖြင့် support နှင့် resistance levels များအဖြစ် ပုံဖော်ထားသည်။

အဆင့်များ-

Fibonacci retracement သည် ကုန်သွယ်မှုပြုလုပ်ရာတွင် စျေးနှုန်းလှုပ်ရှားမှုများကိုခြေရာခံရန် 0%, 23.6%, 50%, 61.8% နှင့် 76.4% ကဲ့သို့သော အဓိကအဆင့်တန်ဖိုးများဖြင့် ခွဲခြားသတ်မှတ်သည်

ဗျူဟာ-

Fibonacci retracement tool သည် အထူးသဖြင့် scalping နှင့် swing trading တွင် အော်ဒါများ အစဉ်အတိုင်း သတ်မှတ်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ-

Fibonacci retracement သည် ကုန်သွယ်မှုပြုလုပ်ရာတွင် အဖိုးတန်သော အလုံးစုံ ထိုးထွင်း သိမြင်နားလည်မှုများကို ပေးစွမ်းသော်လည်း တိကျမှုအတွက် အခြားကိရိယာများနှင့် ပေါင်းစပ်သင့်သည်။

Fibonacci retracement ကိုအသုံးပြုနည်း

ပံ့ပိုးမှု (support) နှင့် ခုခံမှု (resistance) levels များသည် အသုံးအများဆုံး ဖြည့်စွက် နည်းပညာ ခွဲခြမ်းစိတ်ဖြာမှု ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ အဓိက အဆင့် level  များ ၏ ဖောက်ထွက်ခြင်း သည် အားကောင်းသော trend လမ်းကြောင်း ကို အတည်ပြုသည်။ ပြန်လှန်ခြင်း ဆိုသည်မှာ ပင်မ trend ၏ အမှားပြင်ဆင်ခြင်း (correction) နှင့် ဆက်သွားခြင်း (continuation) ကို ဆိုလိုနိုင်သည်။ Levels များသည် ဇယားချပ်ရှိ အခြားနေရာများထက် စျေးနှုန်း ပြောင်းပြန်လှန်နိုင်ခြေ ပိုများသော အမှတ်ဖြစ်သည်။ ၎င်းအမှတ်များကို အရောင်းအဝယ်များ ပိတ်ရန် သို့မဟုတ် pending orders ပြုလုပ်ရန် နှင့် အမြတ်အစွန်းကို သတ်မှတ်ရန် အသုံးပြုသည်။

Trend လိုင်း ရွေ့လျားမှု သည် ယာယီ သေးငယ်သော အမှားပြင်ဆင်မှုများဖြင့် ဒွန်တွဲလျက်ရှိသည့် ကာလရှည် အတက် ဦးတည်ချက် သို့မဟုတ် အဆင်း ဦးတည်ချက် ၏ စျေးနှုန်းရွေ့လျားမှုဖြစ်သည်။

LiteFinance: Fibonacci retracement ကိုအသုံးပြုနည်း

ဤ အမှားပြင်ဆင်မှုများ (corrections) ၏ အတိမ်အနက်နှင့် အဆိုပါ နေရာတဝိုက်ရှိ အလွန်အကျွံဖြစ်သော ပြင်ဆင်ချက်များကြား အကွာအဝေးသည် သင်္ချာနည်းအရ ကိုက်ညီကြောင်း သတိပြုမိသည်။ ဥပမာအားဖြင့်၊ downtrend ရွေ့လျားမှုတစ်ခုအတွင်း၊ correction အတွင်း၌ စျေးနှုန်းတက်သွားခြင်းသည် သေချာသော ခုခံမှုအဆင့် (resistance level) များတွင် မကြာခဏ အဆုံးသတ်လေ့ရှိသည်။ ၎င်း ၏  အဓိကဦးတည်ချက်ဆီသို့ လမ်းကြောင်းပြောင်းပြန်လှန်နိုင်သည့် အဆိုပါ levels များကို Fibonacci levels ဟုခေါ်သည်။

Fibonacci retracement levels များသည်  မြှောက်ဖော်ကိန်းဂဏန်းကို အသုံးပြု၍ တွက်ချက်သော ပုံသေအကွာအဝေး တစ်ခုတွင်ရှိသည့် ရေပြင်ညီ support နှင့် resistance level များ ဖြစ်သည်။ ၎င်း levels များ သည် စျေးနှုန်းလှုပ်ရှားမှု၏ ရာခိုင်နှုန်းတန်ဖိုးများဖြစ်ပြီး correction ဖြစ်စဉ် အတွင်း trend ပေါ် ၌ ပုံဖော်ရေးဆွဲထားသည်။

Key level တန်ဖိုးများမှာ -

  • 0% ။ အဆုံးမှတ် ။ စျေးနှုန်း ၏ လွန်ကဲသောတန်ဖိုး။ ဇယားကွက်ကို trend ၏ အစမှ trend ၏ အဆုံးအထိ ဆွဲဆန့်ထားသည်။ ထို့ကြောင့်၊ အတက်ဇယားချပ် တစ်ခုအတွက် 0% သည် ၎င်း၏ အမြင့်ဆုံး၊ downtrend တစ်ခုအတွက် 0% သည် ၎င်း၏ အနိမ့်ဆုံးဖြစ်သည်။
  • 23.6% ။ အတော်လေး အားနည်းသည့် အဆင့် ဖြစ်သည်။ Correction တစ်ခု စတင်ပါက အများစုသည် ၎င်းကို ဖြတ်ကျော်သွားတတ်သည်။
  • 38.2% ။ အဓိက correction levels များထဲမှ တစ်ခု။ ပင်မ စျေးနှုန်း လှုပ်ရှားမှုသည် အားကောင်းပါက၊ အမှားပြင်ဆင်ချက် correction သည် ဖြစ်နိုင်ခြေအမြင့်ဆုံးဖြင့် ဤနေရာတွင် အဆုံးသတ်ပါမည်။
  • 50%. အလယ်အလတ်အဆင့်။ Fibonacci ကိန်းစဉ် တွင် မပါဝင်ပါ။ သီအိုရီအရ၊ စျေးနှုန်းသည် ပင်မ ရွေ့လျားမှု အတိုင်း ဆက်လက်မသွားမီ ယခင် trend ၏ အရှည် သုံးပုံတစ်ပုံ မှ နှစ်ပုံတစ်ပုံ အထိ နောက်ကြောင်းပြန်လှည့်လေ့ရှိသည်။ ၎င်း levels သို့ စျေးနှုန်းဖြတ်သန်းသောအခါ၊ ဤအချက်ပြမှုမှာ correction သည် စျေးနှုန်း ရွေ့လျားမှု၏ အဓိကဦးတည်ချက်ထဲသို့ ပြန်လှည့်လာကြောင်း အချက်ပြခြင်းဖြစ်သည်။
  • 61.8% ။ အဓိက levels များထဲမှ တစ်ခုဖြစ်သည်။ ၎င်း level ကို ဈေးနှုန်း ချိုးဖျက်ခဲ့ပါက၊ ဒီထက်ပိုပြီး ဝေးဝေးရောက်သွားနိုင်သည်။
  • 76.4%. ။ အတော်လေး အားနည်းသော အဆင့်ဖြစ်သည်။  ၎င်းသည် trend အသစ် တစ်ခု အတွက် ပထမဆုံး correction မျဉ်းအဖြစ် လုပ်ဆောင်နိုင်သည်။
  • 100% ။ စမှတ်။ လွန်ကဲသောစျေးနှုန်းတန်ဖိုး ဖြစ်ပြီး ဇယားကွက်သည် ၎င်း စမှတ် မှ 0% အထိ ဆွဲဆန့်ထားသည် ။ ဤသည်မှာ အထက်သို့ ရွေ့လျားမှုအတွက် အစ သို့မဟုတ် အနိမ့် ၊ downward trend အတွက် ဆိုလျှင် ၎င်းအမှတ်သည် အမြင့်အမှတ် ဖြစ်သည်။

မည်သည့် trend မဆို နောက်ပြန်လှည့်နေစဉ်အတွင်း ပြောင်းပြန် ပြန်လှန်ခြင်းထက် ဆက်သွားနိုင်ခြေပိုရှိသည်။ Fibonacci ရာခိုင်နှုန်းများ သည် reversal correction ၏ ဆက်လက်ဖြစ်ပေါ်နိုင်ခြေ ကို ပြသသည်။ ရာခိုင်နှုန်း ပိုကြီးလေ၊ trend ဆက်လက်သွားမည့်  ဖြစ်နိုင်ခြေနည်းလေ ဖြစ်ပြီး ၊ correction သည် စျေးနှုန်း၏ လမ်းကြောင်းသစ် ဦးတည်ချက်ဖြစ်သည်။

ဇယားချပ်တွင် Fibonacci indicator ကို မည်သို့ထည့်ရမည်နည်း ။  ဇယားချပ်တွင်၊ Fibonacci Levels indicator သည် အဖိုးတန်အချိုးအစား golden ratio - နံပါတ် 1.618 ကို အခြေခံ၍ တည်ဆောက်ထားသော အလယ်အလတ် ရေပြင်ညီ မျဉ်းများဖြင့် 0 မှ 100%  အကွာအဝေး အတွင်း ရှိသော ဇယားကွက် grid တစ်ခု ဖြစ်သည်။ ပို၍တိကျစွာ ပြောရလျှင်၊ ၎င်း၏ ပြောင်းပြန် မြှောက်ဖော်ကိန်းများကြောင့်ဖြစ်သည် ။ စီးရီး 21, 34, 55 တွင် Fibonacci golden ratio သည် 34/21 ≈ 55/34 ≈ 1.618 နှင့် ညီမျှသော်လည်း မြှောက်ဖော်ကိန်းများ ကို ပြောင်းပြန်  တွက်ချက်လျှင်:  21/34 ≈ 34/55 ≈ 0.618 ဖြစ်သည်။ 

Indicator ကို ထည့်သွင်းပုံမှာ ဤသို့ဖြစ်ပါသည်-

1. LiteFinance ဝက်ဘ်ဆိုက်ရှိ ၊ ထိပ်ဆုံးမီနူးတွင်၊ "စတင်သူများအတွက် (For Beginners) / ဒီမိုအကောင့်ဖွင့်ရန်(Open Demo Account)" တက်ဘ်ကို ရွေးချယ်ပါ။ သင့်အနေဖြင့် indicator ကို သိရှိနိုင်ရန်အတွက် စာရင်းသွင်းရန် မလိုအပ်ဘဲ- သင်သည် ကုန်သွယ်ရေး တာမင်နယ် အထဲသို့ ချက်ချင်းရောက်ရှိပါမည်။

2. "ကုန်သွယ်မှု" (Trade) ခလုတ်ကိုနှိပ်ပြီး ကုန်သွယ်မှုတစ်ခု (trading instrument) ကို ရွေးချယ်ပါ။

LiteFinance: Indicator ကို ထည့်သွင်းပုံမှာ ဤသို့ဖြစ်ပါသည်-

3. ဇယားချပ် window ၏ ဘယ်ဘက်ခြမ်းရှိ ဂရပ်ဖစ်ကိရိယာ များရှိရာ ကော်လံတွင် "Fibonacci Channels" ကို ရွေးချယ်ပါ။

LiteFinance: Indicator ကို ထည့်သွင်းပုံမှာ ဤသို့ဖြစ်ပါသည်-

စာရင်းတစ်ခုပေါ်လာမည် ဖြစ်သည်-

  • Channels ။ အပြိုင်လိုင်းနှစ်လိုင်း ဖြင့် channel ၏ နယ်နိမိတ်များ ကို ပြသထားသည့်အပြင် channel အတွင်း၌ အပိုဆောင်း အပြိုင်မျဉ်းများ ပါဝင်ပြီး  Fibonacci အချိုးကို အသုံးပြု၍ လိုင်းများကြား အကွာအဝေးကို တွက်ထုတ်ထားသည်။
  • Retracement ။ ကာလတို ဦးတည်ချက်လမ်းကြောင်းပြောင်းလဲမှု ၏ အဆုံးသတ် ကို ဆုံးဖြတ်ရန် သမရိုးကျ ရေပြင်ညီလိုင်းများကို trend ရွေ့လျားမှုတွင် အသုံးချထားခြင်း ဖြစ်သည်။
  • Trend-based extension ။ ဤကိရိယာသည် လမ်းကြောင်းပြောင်းလဲမှု ဖြစ်စဉ် ၏ ထပ်မံ တိုးချဲ့ထားသော ဗားရှင်း ဖြစ်သည်။ ၎င်းတွင် အဓိက levels များကို ဖြတ်ကျော်ထားသော ထပ်ပေါင်း levels များဖြစ်သည့်  100% - 168.1%, 200%, 261.8% တို့ ပါဝင်သည်။

ဆက်တင် ပြင်ဆင်ချက်များ မရှိပါ။ ဥပမာအားဖြင့်၊ "Fibonacci retracement" ကိုရွေးချယ်ပြီး ဇယားချပ်ပေါ်တွင် ကလစ်နှိပ်ပါက စမှတ် မှ ဆုံးမှတ် အထိ ဆွဲဆန့်လို့ရမည့် ဇယားကွက် grid ပေါ်လာမည် ဖြစ်သည်။ ဇယားကွက်ကို ဘယ်ဘက်အောက်ထောင့် သို့မဟုတ်  ညာဘက်အောက်ထောင့်သို့ ဆွဲချပါက၊ "0" သည် အောက်ခြေတွင်ရှိမည် ဖြစ်ပြီး "100%" -သည် ထိပ်တွင် ရှိမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် သင်သည် ဇယားကွက် ဘယ်ဘက်အပေါ်ထောင့် သို့မဟုတ် ညာဘက်အပေါ်ထောင့်သို့ ဆွဲတင်ပါက "0" သည် ထိပ်တွင်ရှိမည်ဖြစ်ပြီး အောက်ခြေတွင် "100" ရှိနေမည် ဖြစ်သည်။

LiteFinance: Indicator ကို ထည့်သွင်းပုံမှာ ဤသို့ဖြစ်ပါသည်-

ဇယားကွက်ကို မတူညီသော ဦးတည်ချက်များအတိုင်း ဆွဲဆန့်ကြည့်ပါက စျေးနှုန်းဇယားချပ်နှင့် ချိတ်ဆက်ခြင်းမရှိဘဲ Fibonacci Retracement ကို သီးသန့်မြင်တွေ့ပုံဖြစ်သည်။ ဤနေရာတွင် 0 မှ 1 အတွင်းရှိ နယ်နိမိတ်အပိုင်းအခြားများနှင့် ကွင်းစ ကွင်းပိတ် အတွင်းရှိ level တစ်ခုစီအလိုက် ဆက်စပ်နေသည့်ဈေးနှုန်းများ ကို သင် တွေ့မြင်နိုင်ပါသည်။ ရာခိုင်နှုန်းများအစား ပကတိ တန်ဖိုးများကို အသုံးပြုထားသည်။ ဥပမာအားဖြင့်၊ 0.5 သည် အလယ်အလတ် အဆင့် 50% နှင့် ကိုက်ညီသည်။ ကြည့်ရှုရ အဆင်ပြေစေရန်၊ အဆင့်များကြားရှိ အပိုင်းအခြားတစ်ခုစီကို သီးသန့်အရောင်ဖြင့် ခြယ်သထားပါသည်။

မှတ်ရန်

ရှေ့ဆက်ကြည့်ရအောင် ။ အရေးကြီးတဲ့ အပိုင်းရောက်လာပါပြီ။ Fibonacci နံပါတ်များမှာ  13၊ 21၊ 34၊ 55 အစရှိသဖြင့် ရှိကြသည်။ Fibonacci Retracement ညွန်ကိန်း ၏ အတိုင်းအတာ မှာ 0 မှ 100 အထိ ရှိပါသည်။ Level  0.236 ရရှိရန် 13 ကို 55 ဖြင့် စားခြင်းဖြင့်လည်းကောင်း (13/55) ၊ "0.382" ကိုရရှိရန်  13 ကို 34  ဖြင့် စားခြင်းဖြင့်လည်းကောင်း (13/34) ၊ "0.618" ကို ရရှိရန် 13 ကို 21 ဖြင့် စားခြင်းဖြင့်လည်းကောင်း (13/21) စသဖြင့်  တွက်ထုတ်သည်။ Level 50 သည် အလယ်အလတ်ပျမ်းမျှအဆင့် ဖြစ်သည်။ ဒါဆိုရင် level  0.786 က ဘယ်ကလာတာလဲ ? 

အဖြေ- ၎င်း level သည် ယခင် level ၏ နှစ်ထပ်ကိန်းနှင့် ညီမျှသော အခြား ဖြည့်စွက် level ဖြစ်သည်။ ၎င်းကို "နောက်ဆုံးနားခိုရာအရပ်" ဟုခေါ်သည်။ ဤနေရာသည် စျေးနှုန်းပြုပြင်ခြင်းနှင့် ပြောင်းပြန်လှန်ခြင်းတို့ ဖြစ်ပေါ်ဦးမည် ဟု ယုံကြည်နေသာ ကုန်သည်များ၏ အိပ်မက်များ အဆုံးသတ်သွားသည့်နေရာဖြစ်သည်။ စကားမဆက်ပြောရလျှင် MT4 ပလက်ဖောင်း ၌ အဆိုပါ Level ကို မထည့်ပေးထားပါ ။

စျေးနှုန်းဇယားချပ်တွင် ဇယားကွက်ကို မည်သို့အသုံးပြုရကြောင်း နှင့် အောက်ပါကဏ္ဍများရှိ စာရင်းမှ အခြား instruments များနှင့် မည်သို့ တွဲဖက်လုပ်ဆောင်ရမည်ကို ကျွန်ုပ်ပြောပြ ပေးပါဦးမည်။ 

ဇယားချပ်မှ ပုံသဏ္ဍာန်ကို ဖယ်ရှားနိုင်ရန်၊ ၎င်းပေါ်တွင် ညာဖက်ကလစ်နှိပ်ပြီး “Remove All Shapes” ကို နှိပ်ပါ။

Fib Levels နဲ့ ပတ်သက်ပြီး သိထားသင့်သည့် အကြောင်းအရာများ

  • လမ်းကြောင်းပြောင်း ရွေ့လျားမှုအတွက်သာ သင့်လျော်သည်။ ဈေးနှုန်း စုစည်းနေတဲ့ အခိုက်အတန့် ဘေးတိုက်ရွေ့လျားနေစဉ်အတွင်း ၎င်းကို တည်ဆောက်ခြင်းသည် အသုံး မဝင်ပါ ။
  • Pending orders နှင့်  take profit အား  မည်သည့်နေရာတွင်ထားရမည်ကို ဆုံးဖြတ် ပေးသည်။ ကုန်သွယ်မှု ဖွင့်လှစ်သည့် level နှင့် အနီးဆုံးရှိသော Fibonacci levels သည် အမြတ်အစွန်းရယူရမည့် ပစ်မှတ် level ဖြစ်သည်။
  • အလယ်အလတ်အဆင့် လိုင်းများသည်  ပံ့ပိုးမှု (local support) နှင့် ခုခံမှု (local resistance) အဆင့် level များဖြစ်သည်။ အမှားပြင်ဆင်မှု (correction) သည် အမြဲတမ်း ပြီးပြည့်စုံ နေသည်မဟုတ်ပါ၊ ဥပမာ၊ level အဆင့် 38.2 နှင့် 26.3 ကြားတွင် စျေးနှုန်းသည် ခဏရပ်သွားနိုင်သည်။ ယာယီလမ်းကြောင်းပြောင်းပြန် ဖြစ်ခြင်း ၏ အဆုံးသတ်သည် အများအားဖြင့် 38.2 နှင့် 61.8 ကြားတွင် ဖြစ်ပေါ်သည်။
  • ပြီးပြည့်စုံသောကိရိယာတစ်ခုမဟုတ်ပါ။ ၎င်းသည် စျေးနှုန်းပြောင်းပြန်ဖြစ်သွားနိုင်သည့် အရိပ်အမြွက် မျှသာဖြစ်သည်။ ထို့ကြောင့် စျေးနှုန်းဖြင့် ဖွဲ့စည်းထားသော ပုံသဏ္ဍာန် များဖြင့်လည်း ထိန်းကွပ်သင့်ပါသည်။

Fibonacci retracement ကိရိယာ သည် အချိန်ဘောင်အားလုံးတွင် အလုပ်လုပ်သည်။ ကာလရှည် အတွက် Fibonacci ဗျူဟာကို အသုံးပြုရာတွင် ၎င်းတို့ကို ပဏာမ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကြိုတင်ခန့်မှန်းခြင်းအတွက် ပိုမိုအသုံးပြုကြသော်လည်း၊ scalping ဗျူဟာတွင် ၎င်းသည် ဇယားကွက် အတွင်း အရောင်းအဝယ် လုပ်ဆောင်မည့်အမှတ်များ အထိုင်ချသတ်မှတ်ခြင်း အတွက် အခြေခံအကျဆုံးကိရိယာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

နောက်ထပ် အကြံပြုချက် - သတင်း ထုတ်ပြန်နေစဉ်အတွင်း ဇယားကွက်ကို သတိပြုပါ။ စီးပွားရေးသတင်းအချက်အလက်များသည် မတည်ငြိမ်မှုကို တိုးပွားစေသည်။ စျေးနှုန်းသည် သတ်မှတ်အဆင့်ဈေးတန်းများ အား အလွယ်တကူ ဖောက်ထွက်နိုင်သော်လည်း ဖြစ်လာ နိုင်ချေရှိသည့် လမ်းကြောင်းသည် နောက်ကြောင်းပြန်ခြင်းဖြင့် ပို၍ဝေးကွာသော ဈေးနှုန်းပြင်ဆင်မှု တစ်ခု ဖြစ်သွားနိုင်သည်။

Fibonacci sequence ဆိုတာ ဘာလဲ

Fibonacci နံပါတ်တွေက ဘာတွေလဲ ?  Fibonacci sequence သည် ကုန်သွယ်မှု မတိုင်ခင်အချိန်ထဲက ရှိနှင့်ကြပြီး ဖြစ်သည်။  ဤကိန်းဂဏာန်းအစဉ် ကို ရှေးအိန္ဒိယခေတ်တွင်ပင် သိကြပြီး မက်ထရစ်သိပ္ပံများတွင် အသုံးပြုခဲ့ကြသည်။ နောက်ပိုင်း ၁၂ ရာစုတွင်၊ Pisa မှ အီတလီသင်္ချာပညာရှင် လီယိုနာဒိုသည် Fibonacci ဟုခေါ်သော ၎င်း၏ ဂုဏ်သတ္တိများကို ပုံဖော်ဆောင်ခဲ့သည်။

၎င်းသည် အနန္တ ဂဏန်းစီးရီး တစ်ခုဖြစ်သည်- 0, 1, 1, 2, 3, 5, 8 13, 21, 34, 55 ...  ၎င်းတွင် ပုံစံများစွာ ပါရှိသည်-

  • နောက်ဆက်တွဲ နံပါတ်တိုင်းသည် ရှေ့နံပတ်နှစ်လုံး၏ ပေါင်းလဒ်ဖြစ်သည်။ ဥပမာ 8 = 5 + 3 သို့မဟုတ် 34 = 21 + 13
  • ဂဏန်းစီးရီးရှိ မည်သည့်နောက်နံပတ် ကို မဆို တည်၍ ကပ်လျက်ရှေ့နံပတ်ဖြင့်စားခြင်းဖြင့် 1.618 ရရှိမည် ဖြစ်သည်။ ဥပမာ 55/34 = 1.6176။ အဆိုပါ ရလာဒ်နံပါတ် 1.618 ကို Golden Ratio ဟုခေါ်သည်။
  • ဂဏန်းစီးရီးရှိ မည်သည့်နောက်နံပတ် ကို မဆို တည်၍ ကပ်လျက်ရှေ့တစ်လုံးကျော်နံပတ် ဖြင့်စားခြင်းဖြင့် 2.619 ကို ရရှိမည် ဖြစ်သည်။ ဥပမာ 55/21 = 2.619။

နံပါတ် 1.618 ကို Golden Ratio ဟုခေါ်သည်။ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအချိုးအစားများ ၊ သစ်ပင်ပေါ်ရှိ အရွက်များကြား အကွာအဝေး၊ Fibonacci ခရုပတ်များ စသည်တို့တွင် တိုက်ရိုက် တူညီမှုမရှိသော သဘာဝပုံစံများဖြင့် တွေ့ရလေ့ရှိသည်။ ၁၉ ရာစုတွင် အဆိုပါ Golden Ratio ကို သဘာဝအလျောက် ဟန်ချက်ညီညီ ဖြစ်ပေါ်သော အချိုးအစား စံနှုန်းတစ်ရပ်အဖြစ် လက်ခံကြသည်။ 

၁၉၃၀ ခုနှစ်များတွင် Ralph Nelson Elliott က စတော့ရှယ်ယာရောင်းဝယ်ရေးတွင် Golden Ratio အား အသုံးပြုရန် အကြံပြုချက်ကို ပထမဆုံး တင်ပြခဲ့သည်။ စတော့အညွှန်းကိန်းဇယားချပ်များကို ခွဲခြမ်းစိတ်ဖြာသောအခါ၊  ၎င်းတို့၏ ဈေးအတက်အကျများကြားဖြစ်ပေါ်သော  အချိုး သည် နံပါတ် 1.618 နှင့် ခန့်မှန်းခြေအားဖြင့် ညီမျှကြောင်း သတိပြုမိခဲ့သည်။ နောက်ပိုင်းတွင်၊ သူ၏ သုတေသနရလဒ်များသည် Fibo levels နှင့် ၎င်းတို့၏ ပြုပြင်ပြောင်းလဲခြင်းများကို ပုံဖော်ရန်အတွက် နည်းပညာပိုင်းခြားစိတ်ဖြာရာတွင် အသုံးပြုသည့် အခြေခံကျသော သင်္ချာယန္တရားဖြစ်လာသည်။

Fibonacci sequence ဖော်မြူလာနှင့် တွက်ချက်မှု

1. တွက်ချက်မှု ပုံသေနည်းမှာ အောက်ပါအတိုင်းဖြစ်သည်။

အတက်လမ်းကြောင်းအတွက်ဆိုလျှင် (Uptrend) -

Price = A + (B - A) * Level, where

Price သည် တွက်ချက်ထားသောစျေးနှုန်းဖြစ်ပြီး A သည် 0% စျေးနှုန်း (trend ၏ အဆုံးမှတ်)၊ B သည် 100% စျေးနှုန်း (trend ၏ အစမှတ်)၊ Level ဆိုသည်မှာ Fibonacci level ဖြစ်သည်။

အဆင်းလမ်းကြောင်းအတွက်ဆိုလျှင် (Downtrend) -

Price = A - (A - B) * Level

Excel ဇယားတွင်၊ တွက်ချက်မှု မှာ ဤကဲ့သို့ဖြစ်သည် -

LiteFinance: Fibonacci sequence ဖော်မြူလာနှင့် တွက်ချက်မှု

အဆင့် ၁။ ဒေတာကို ထည့်သွင်းပါ - အစဈေးနှုန်း နှင့် အဆုံးစျေးနှုန်းများ သည် လမ်းကြောင်း၏ ဦးတည်ချက်ပေါ် မူတည်နေသည်။ အတက်လမ်းကြောင်းအတွက်ဆိုလျှင်  ဆဲလ်ကွက် B2 နှင့် B3 ဖြစ်ပြီး အဆင်းလမ်းကြောင်းအတွက်ဆိုလျှင်  C2-C3 အကွက် ဖြစ်သည်။

အဆင့် ၂။

  • ဆဲလ်ကွက် B4 တွင် ဖော်မြူလာ ထည့်သွင်းပါ: =$B$3+($B$2-$B$3)*A4
  • ဆဲလ်ကွက် C4 တွင် ဖော်မြူလာ ထည့်သွင်းပါ: =$C$3-($C$3-$C$2)*A4

Levels အားလုံးအတွက် ဖော်မြူလာများကို ဇယားကွက်အောက်ဆုံးထိ ဆွဲချလိုက်ပါ ။ ဇယားတွင် ရလာဒ်များ ထွက်ပေါ်လာမည် ဖြစ်သည်။ ဇယားနမူနာပုံစံကို ဒီမှာ ဒေါင်းလုဒ် လုပ်နိုင်ပါသည်။

လက်တွက်ဖြင့် တွက်ချက်ခြင်း ဥပမာ ။ ဂဏန်းစီးရီး မှ ကြိုက်တဲ့ ဂဏန်း ၅ လုံးတွဲ ကို  ယူပါ။ ဥပမာ၊ 13, 21, 34, 55 ။ ပထမဆုံး Level (13) ကို ကနဦးအဆင့်အဖြစ် ယူပြီး အချိုးများကို တွက်ကြည့်ကြပါစို့။

  • 13/21 = 0.618;
  • 13/34 = 0.382;
  • 13/55 = 0.236;

အလယ်အလတ် အချိုး 0.5 ကို ထည့်ကြည့်ရအောင်။

ငွေကြေးအတွဲတစ်တွဲ၏ ဇယားချပ်တွင် အတက်လမ်းကြောင်းတစ်ခု ရှိနေသည်ဆိုပါစို့ - စျေးနှုန်းသည် 1.2500 မှ 1.3850 သို့ တက်လာခဲ့သည်။ ဒီလမ်းကြောင်း က ပင်မ လမ်းကြောင်းလည်း ဖြစ်သည်။ နောက်တော့ ဈေးက ပြန်ကျသွားသည်။ ကျွန်ုပ်တို့သည် 1.2500 ကို 100% ဖြင့် အမှတ်အသားပြုလုပ်ပြီး 1.3850 ကို 0% ဖြင့် အမှတ်အသားပြုလုပ်သည်။ ပင်မသွားနေသောလမ်းကြောင်းထဲသို့ စျေးနှုန်းပြန်တက်နိုင်အောင် ပံ့ပိုးပေးမည့် support levels များကို တွက်ချက်ကြည့်ကြပါစို့။

  • ပထမအဆင့် support level မှာ 23.6% ဖြစ်သည်။ 1.385 + (1.25-1.385) * 0.236 = 1.3531 
  • ဒုတိယအဆင့် support level မှာ 38.2% ဖြစ်သည်။1.385 + (1.25-1.385) * 0.382 = 1.3334 - ဒီအဆင့်သည် 38.2% level ဖြစ်ပါသည်။
  • တတိယအဆင့် support level မှာ 50% ဖြစ်သည်။ 1.385 + (1.25-1.385) * 0.5 =1.33175
  • စတုတ္ထအဆင့် support level မှာ 61.8% ဖြစ်သည်။1.385 + (1.25-1.385) * 0.618 = 1.3016

Levels များကို Spreadsheet ဇယားကွက်များတွင် ကိုယ်တိုင်တွက်ချက်နိုင်ရုံသာမက နည်းပညာ ဆိုင်ရာ ကိရိယာများကို အသုံးပြု၍လည်း တည်ဆောက်နိုင်ပါသည်။ လွန်ကဲနေသော စျေးနှုန်း ဒေတာများ ကို အခြေခံ၍ ကြားအလယ်အလတ် levels များကို တွက်ချက်ပေးသည့် ဂဏန်း ပေါင်းစက်များကိုလည်း အသုံးပြုနိုင်ပါသည်။ ဥပမာအချို့ဖြင့် ၎င်းတို့ မည်သို့အလုပ်လုပ်သည်ကို ကျွန်ုပ် ပြသပါမည်။

  1. LiteFinance ဝက်ဘ်ဆိုက်ရှိ Fibonacci levels ဂဏန်းတွက်စက်ကို  ဤနေရာ တွင် ရှာတွေ့နိုင်ပါသည်။

    ကျွန်တော်လည်း ဂဏန်းပေါင်းစက် ကို ဒီဆောင်းပါးမှာ ထည့်ပြထားပါတယ်။ ငွေကြေးအတွဲ၏ လက်ရှိလမ်းကြောင်းပေါ်ရှိ အမြင့်နှင့် အနိမ့်စျေးနှုန်းများကို ဆုံးဖြတ်ပါ။ ၎င်းဈေးနှုန်းတို့ကို အောက်ဖော်ပြပါ ဂဏန်းပေါင်းစက်ထဲသို့ ထည့်ပါ၊ လမ်းကြောင်း၏ သဘောသဘာဝဖြစ်သော - အထက် သို့မဟုတ် အောက်ကို ညွှန်ပြပေးထားသည်။

    ဂဏန်းပေါင်းစက်သည် အဆင့်တစ်ခုစီအတွက် စျေးနှုန်းတန်ဖိုးများကို ကိုးကားချက် ဂဏန်း ၄ လုံးဖြင့် အကျယ်ပြပေးထားပါသည်။

  2. Investing analytical portal ဝက်ဘ်ဆိုက်ရှိ Fibonacci ဂဏန်းတွက်စက်။

LiteFinance: Fibonacci sequence ဖော်မြူလာနှင့် တွက်ချက်မှု

ကျွန်ုပ်တို့တွင် ပြောင်းလဲနိုင်သော နောက်ထပ် သတ်မှတ်ချက် parameter တစ်ခု ဤနေရာတွင် ရှိသည် - ၎င်းမှာ Special window ဖြစ်သည်။ Special window တွင်၊ ကုန်သည်သည် spread ၏ ဖြစ်နိုင်ဖွယ် ကွာဟချက်ကို မြင်နိုင်ရန် အကွာအဝေးတစ်ခုအတွင်း pivot point ဖြင့် ညွှန်ပြနိုင်သည်။

ဥပမာအားဖြင့်၊ အောက်ဘက်ရွေ့လျားမှုတွင်၊ စျေးနှုန်းသည် 1.2000 မှ 1.1000 သို့ ရွေ့လျားပြီး၊ support level 1.1000 မှ ပံ့ပိုးမှုပြုလုပ်လိုက်ခြင်းကြောင့် 1.1500 သို့ရောက်ရှိပြီး တဖန် အောက်ပြန်ဆင်းသွားပြန်သည်။ လွန်ကဲစျေးနှုန်းတန်ဖိုးများ မှာ 1.2000 နှင့် 1.1000 ၊ 1.1500 သည် ဤအကွာအဝေးအတွင်း ပြောင်းပြန်လှန်သည့်တန်ဖိုးဖြစ်ပြီး "Special window" အကွက်တွင် ညွှန်ပြမှုခံထားရသည်။ ၎င်းသည် Extension အကွက်ရှိ တွက်ချက်ထားပြီးသော တန်ဖိုးများ အပေါ်သာ အကျိုးသက်ရောက်သည်။

Fibonacci Retracement နှင့် စျေးနှုန်းများကို ခန့်မှန်းခြင်း

နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုတွင် Fibonacci retracement levels ကို မည်သို့အသုံးပြု ရမည်နည်း။

  • ဖြစ်နိုင်ချေရှိသော လမ်းကြောင်းပြောင်းပြန်လှန်အမှတ်များကို ခွဲခြားသတ်မှတ်ခြင်း။ Price Action ဟု ခေါ်ဆိုသော ဈေးနှုန်းလှုပ်ရှားမှုအပိုင်း နှင့် ဈေးနှုန်းပြောင်းပြန်လှန်နိုင်သော ဇယားကွက်အနေအထားသည် ရေပြင်ညီ ခုခံမှုအဆင့် (resistance level) သို့မဟုတ် ပံ့ပိုးမှုအဆင့် (support level) များ နှင့် တစ်ထပ်တည်းကျတိုက်ဆိုင်ခြင်းသည် မကြာမီ၌ လမ်းကြောင်းပြောင်းပြန်ဖြစ်မည်ဟု ထပ်လောင်း ယုံကြည်မှု ဖြစ်စေသည်။
  • အလားအလာရှိသော အမြတ်အစွန်းပစ်မှတ်များ ကိုခွဲခြားသတ်မှတ်ခြင်း - ကုန်သွယ်မှု ပိတ်ရမည့်အမှတ်များ။
  • ဇယားချပ်ပေါ်ရှိ လွန်ကဲဈေးနှုန်းအမှတ်ကို ဖော်ထုတ်ခြင်း။

Fibonacci retracement ဆွဲနည်း

ကုန်သွယ်မှုတွင် Fibonacci levels များကို မှန်ကန်စွာအသုံးပြုနည်း။

အဆင့် ၁။ ဇယားချပ်ရှိ လမ်းကြောင်းကို အမျိုးအစားခွဲပါ။ အောက်ပါတို့ကို သတိပြုပါ။

  1. အကယ်၍ သင့်အနေဖြင့် နောက်ဖြစ်လာမည့် correction ဇုန်များကို ရှာဖွေရန်အတွက် ပြီးဆုံးထားသည့် လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာမည် ဆိုလျှင် အနိမ့်ဆုံးနှင့် အမြင့်ဆုံးအမှတ်များကို အာရုံစိုက်ထားပါ။
  2. အကယ်၍ သင်သည် လက်ရှိလမ်းကြောင်းပေါ်တွင် ဇယားကွက် (grid) ကို တည်ဆောက်မည်ဆိုပါက၊ လွန်ကဲနေသော အမှတ်ကိုသာ ဦးစွာ ရှာပါ။ ထို့နောက် ဇယားကွက်ကို လိုက်ဆွဲခြင်းဖြင့် သင်သည် ရွေ့လျားနေသောလမ်းကြောင်းနောက်ကို ခြေရာခံနိုင်မည် ဖြစ်သည်။

လမ်းကြောင်းတွင် စမှတ် အဖြစ်ယူဆနိုင်သည့် ၎င်း၏ အမြင့်ဆုံးအမှတ်နှင့်ထိုအမြင့်အောက် နိမ့်သောအမြင့်မှတ်များ ပါရှိသည်။ ခွဲခြမ်းစိတ်ဖြာနေသော ကာလတွင် အောက်ပါ ကန့်သတ်ချက်များကို လိုက်နာရန် အကြံပြုလိုပါသည်။

  • M30 timeframe အတွက် - ၁၀-၁၂ ရက်ထက် မပိုပါစေနှင့် ။ 
  • H1  timeframe အတွက် - ၂-၃ ပတ်ထက် မပိုပါစေနှင့် ။
  • H4 timeframe အတွက် - ၆ လထက် မပိုပါစေနှင့် ။
  • D1 timeframe အတွက် - ၂ နှစ် ထက် မပိုပါစေနှင့် ။
  • W1 timeframe အတွက် - ၆ နှစ်အထိ။
  • MN timeframe အတွက် - ၁၂ နှစ်အထိ။

အဆင့် ၂။ ဂရစ်ကွက် ကို အသုံးပြုပါ။

နည်းဥပဒေ ၁။

  • အထက်သို့ ရွေ့လျားမှုတွင်၊ grid ကို လမ်းကြောင်း ၏ အောက်ခြေမှထိပ်သို့ ဆွဲတင်သည်။ 100% level သည် စမှတ် (အောက်ခြေ) တွင် ရှိမည်။
  • အောက်သို့ ရွေ့လျားမှုတွင်၊ grid ကို လမ်းကြောင်း ၏ ထိပ်မှအောက်ခြေသို့ ဆွဲချသည်။ 100% level သည် စမှတ် (ထိပ်) တွင် ရှိမည်။

နည်းဥပဒေ ၂။

  • အထက်သို့ရွေ့လျားမှုတွင်၊ စမှတ်သည် လမ်းကြောင်း စတင်မှု ၏ ပထမ အနိမ့်ဆုံးအမှတ် ဖြစ်မည်။ အဆုံးမှတ်သည် လမ်းကြောင်းအဆုံး၏ အမြင့်ဆုံးအမှတ် ဖြစ်သည်။

လမ်းကြောင်း ၏ အဆုံးမှ ၎င်း၏ အစ သို့ ဇယားကွက်တစ်ခု တည်ဆောက်ရန်အတွက် ရွေးချယ်မှုများကို ကုန်သည်ဖိုရမ်များတွင်လည်း ရှာဖွေနိုင်သည်။ သို့မဟုတ်  အတက်လမ်းကြောင်း အတွက် ဆိုလျှင် အစမှတ် ၌ ရှိသော အမြင့်ဆုံးမှ အဆုံးမှတ်၌ ရှိသော အနိမ့်ဆုံးသို့ တည်ဆောက်ခြင်း အတွက်လည်း ရှာဖွေနိုင်သည်။ လက်ရှိ ဖြစ်ပေါ်သော trend အခြေအနေအတွက် အကောင်းဆုံး levels များကို ရွေးချယ်ရာတွင် အထက်ပါ ရွေးချယ်မှု အားလုံးကို အသုံးပြုနိုင်ပါသည်။

LiteFinance: Fibonacci retracement ဆွဲနည်း

ဥပမာ။ ဘေးတိုက်ရွေ့လျားမှု ပြီးဆုံးပြီးနောက် လမ်းကြောင်းသစ် တစ်ကြောင်း ဖြစ်ပေါ်သည်ကို တွေ့မြင်နိုင်သည်။။ ဇယားကွက်ကို အမှတ် "1" မှ အမှတ် "2" သို့ ဆွဲဆန့်လိုက်ပါ။ အရောင်ခြယ်ထားသည့် ဧရိယာများရှိ အနီရောင်စတုဂံများဖြင့် မီးမောင်းထိုးပြထားသည့် နေရာများရှိ စျေးနှုန်းပြုမူလှုပ်ရှားမှု ကို အာရုံစိုက်၍ ကြည့်ရှုပါ။ အဆိုပါဇုန်များ၏ နယ်နိမိတ်လိုင်းများသည်  ခုခံမှု (local resistance) နှင့် ပံ့ပိုးမှု (local support) အဖြစ် ဇုန်ထဲတွင် ပြုမူဆောင်ရွက်ကြသည်။

  • အောက်သို့ရွေ့လျားမှုတွင်၊ စမှတ်သည် လမ်းကြောင်း စတင်မှု ၏ ပထမ အမြင့်ဆုံးအမှတ် ဖြစ်မည်။ အဆုံးမှတ်သည် လမ်းကြောင်းအဆုံး၏ အနိမ့်ဆုံးအမှတ် ဖြစ်သည်။

LiteFinance: Fibonacci retracement ဆွဲနည်း

Uptrend သည် downtrend သို့ပြောင်းသွားလျှင်  ဇယားကွက်အား အမြင့်မှတ် ဖြစ်သော အမှတ် "1" မှ အနိမ့်မှတ် ဖြစ်သော အမှတ် "2" သို့ ဆွဲဆန့်လိုက်ပါ။ အောက်ပါအချက်သုံးချက်ကို ဂရုပြုပါ။

  • အဆင်းလမ်းကြောင်းသည် အလွန်အားကောင်းသောကြောင့် လမ်းကြောင်းတစ်လျှောက် တွင်  ထင်ရှားသော correction မရှိသလောက် ဖြစ်သည်။ ခြွင်းချက်တစ်ခုအနေဖြင့် ပံ့ပိုးမှု အဆင့်တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည့်  0.236 level ကို တွေ့မြင်ရသည်။
  • အမှတ် “2” တွင် လမ်းကြောင်းပြောင်းပြန်လှန်ပြီးနောက်၊ အောက်ဘက်သို့ ဦးတည်ရွေ့လျားမှု ပြန်လည်ဖြစ်စေခဲ့သော key correction level - 0.382 ဖြစ်သော အမှတ် “3” နှင့် အမှတ် “4” အား စျေးနှုန်းသည် နှစ်ကြိမ်ဆက် ပြန်လည်ထိတွေ့ခဲ့သည်။ ဤသည်မှာ Fibonacci သီအိုရီ၏ မှန်ကန်သော levels တည်ဆောက်မှုကို ပြသသည့် နမူနာတစ်ခုဖြစ်သည်။

ဖြစ်ရပ်နှစ်ခုစလုံးတွင်၊ H1 ဇယားချပ်၌၊ ဇယားကွက်ကို အချိန် ၃ ပတ်ထက် ပိုမကြာသော အပိုင်းအခြားအတွင်း တည်ဆောက်ထားသည်။

ဒုတိယအဆုံးမှတ်ကို လော့ခ်ချပြီးနောက်၊ ၎င်းကို ညာဘက်သို့ အလျားလိုက် ဆွဲယူနိုင်သည်။ ၎င်းသည် အညွှန်းကိန်း၏ အရောင်ချယ်ထားသည့် ဇုန်များအတွင်း နောက်ဆက်တွဲ စျေးနှုန်း လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာရန် ပိုမိုအဆင်ပြေစေသည်။

LiteFinance: Fibonacci retracement ဆွဲနည်း

ဇယားကွက် ကို line chart တွင်သာမက candlestick chart တွင်လည်း ကောင်းစွာ တည်ဆောက်နိုင်ပါသည်။ Candlestick shadows ၏ လွန်ကဲနေသော အမှတ်များကို အဆုံးစွန်ဆုံးသော အမှတ်အဖြစ် ယူရမည် ဖြစ်သည်။

Fibonacci Retracement Levels များကို ရှာဖွေခြင်း။

Fibonacci levels ကို အသုံးပြုပုံ။ Flat ဆိုသည်မှာ  trend မရှိသည့် အခြေအနေ ဖြစ်သည်။ အထက် သို့မဟုတ် အောက် သို့ ရွေ့လျားမှုတွင် ဈေးနှုန်းခေတ္တရပ်တံ့ခြင်း ဖြစ်ပေါ်ပြီး ထိုသို့ဖြစ်ပေါ်ပြီးနောက်တွင် စျေးနှုန်းသည် ပင်မလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားနိုင်ခြင်း သို့မဟုတ် ခေတ္တရပ်တံ့ခဲ့သည့် ယခင်အဆင့်သို့  နောက်ပြန်လှည့်ခြင်း များ ဖြစ်ပေါ်တက်သည်။ ဤသို့ ပြန်လှည့်မှုများကို retracement သို့မဟုတ် corrections ဟုခေါ်သည်။ Correction ကုန်သွယ်မှု၏ အနှစ်သာရမှာ ၎င်း၏ အဆုံးသတ်သည့် အချိန်အခိုက်အတံ့ကို စောင့်ဆိုင်းပြီး ပင်မလမ်းကြောင်း ဆက်လက်ဖြစ်ပေါ်နေသည့် ဦးတည်ချက်အတိုင်း ကုန်သွယ်မှုကို ဖွင့်ရန် ဖြစ်သည်။

LiteFinance: Fibonacci Retracement Levels များကို ရှာဖွေခြင်း။

ဘေးတိုက်ရွေ့လျားပြီးနောက်၊ ကျွန်ုပ်တို့သည် trend ၏ အနိမ့်ဆုံး စမှတ်မှ အမြင့်သို့ ဇယားကွက်တစ်ခု ဆွဲလိုက်သည်။ ပထမဆုံး ဖြစ်ပေါ်သော correction သည် 38.2%  ရောက်ရှိသည်အထိ ဖောက်ဆင်းခဲ့သော်လည်း 50% အထိ မရောက်ရှိခဲ့ပါ။ ဆိုလိုသည်မှာ ဦးတည်ချက် ပြောင်းလဲနေသည် ဟု မပြောဆိုနိုင်သေးပါ ။ 

စျေးနှုန်းသည် ဆန့်ကျင်ဘက်ဦးတည်ချက်အတိုင်း အထက်သို့ ပြန်လည်ရွေ့လျားသည် နှင့်တပြိုင်နက် 23.86% level ၌ အမြတ်ဈေးတန်းသတ်မှတ်၍ ရေရှည် အဝယ်ပြုလုပ်လိုက်သည်။ အလားတူနည်းလမ်းဖြင့် ဒုတိယအကြိမ် correction ဖြစ်ပေါ်ရာတွင်လည်း အဝယ်ကုန်သွယ်မှု ပြုလုပ်ရမည် ဖြစ်သည်။ 

Corrections ရှာဖွေခြင်း နှင့် ကုန်သွယ်မှုဝင်ရောက်ရန် ဈေးတန်းရှာဖွေခြင်း အတွက် အကြံပြုချက်များ -

  • Correction ဖြစ်ပေါ်မှု အပြီး စျေးနှုန်းအသစ်တဖန် ပြန်လည်လှုပ်ရှားမှုတွင် Fibonacci level ကို ဖြတ်ကျော်သွားသောအခါ အရောင်းအ၀ယ်ဖွင့်လှစ်ပါ။ စျေးကွက်ထဲသို့ဝင်ရန် အချိန်ယူပါ၊ ဈေးနှုန်းပြောင်းပြန်လှန်ပြီးနောက် ချက်ချင်း အလျင်စလို မလုပ်ပါနှင့်။
  • သင် ၏ အမြတ်အစွန်း ရယူမည့်ဈေးတန်းကို နောက်တစ်ဆင့် တွင် သတ်မှတ်ပါ။ လောဘ မ ကြီးပါနှင့် ။
  • တတိယအကြိမ်မြောက် ၃ ကြိမ်ဆက်တိုက် correction ဖြစ်ပေါ်လျှင် သတိထားပါ။ လမ်းကြောင်းသည် ပြောင်းပြန်လှန်ခြင်း (သုည) ရှိရာဘက်သို့ သုံးကြိမ်မြောက် ပြန်မလှည့် နိုင်ပါက ၎င်း၏ ဦးတည်ချက် ပြောင်းလဲသွားနိုင်ပါသည်။

Correction levels များကို အသုံးပြု၍ Fibonacci sequence ကုန်သွယ်မှု အား စိတ်ပညာ သဘောတရား ၏ ရှုထောင့်မှ ရှင်းပြတင်ပြနိုင်ပါသေးသည်။

  1. သင်သည် အတက်လမ်းကြောင်းပေါ်တွင် ကုန်သွယ်မှုတစ်ခုဝင်ရောက်ရန် ကောင်းမွန်သော ဈေးတန်းရှာဖွေနေသည့် ကုန်သည်တစ်ဦးဖြစ်လျှင် ဈေးနှုန်းအားကောင်းနေစဉ်အတွင်း ကုန်သွယ်မှုတစ်ခု ချက်ချင်း ဖွင့်လှစ်ခြင်းသည် အန္တရာယ်တစ်ခုဖြစ်သည်။ ထွက်ခွာနေသည့် ရထား၏ နောက်ဆုံးတွဲပေါ်သို့ သင့် အနေဖြင့် ခုန်ဝင်သင့်ပါသလား ? နောက်ဆုံးမှာ၊ အားကောင်းသော ရွေ့လျားမှုသည်လည်း အချိန်မရွေး အဆုံးသတ်သွားနိုင်သည်။ ထို့ကြောင့်၊ လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၊ သို့မဟုတ် ဦးတည်ချက် ပျောက်နေခြင်း၊ သို့မဟုတ် ဈေးနှုန်း ပြုပြင်ခြင်း အခြေအနေများကို သင့်အနေဖြင့် စောင့်ဆိုင်းနေရမည် ဖြစ်ပါသည်။
  2. Trend လမ်းကြောင်းသည် ရုတ်တရက် ရပ်တံ့ပြီး တိုတောင်းသောကာလအနေဖြင့် အတက်အကျများစွာ ဖြစ်ပေါ်ပြီးနောက်၊ ကျဆင်းသွားခဲ့သည်ဆိုလျှင် မေးစရာ ရှိသည်မှာ အဆိုပါ ပြောင်းပြန်လှန်ခြင်းကား အဘယ်နည်း ? အကယ်၍ correction တစ်ခုဆိုလျှင် စျေးနှုန်းသည် မကြာမီ နောက်တစ်ကြိမ် ပြန်တက်လာမည် ဖြစ်ပါသည်။  အကယ်၍ trend လမ်းကြောင်းပြောင်းခြင်း ဖြစ်နေလျှင် ရေတို အရောင်းအနေအထား  ဖွင့်ရန် စဉ်းစားသင့်သည်။
  3. Fibonacci ဂရစ်ကွက် ကို ဆန့်ထုတ်၍ 38.2% level ကို စျေးနှုန်း ရောက်သည်အထိ စောင့်ပါ။ ဤ level သည် ပင်မရွေ့လျားမှု၏ ဦးတည်ရာလမ်းကြောင်းထဲသို့ ပြန်လည် ဝင်ရောက် တက်သည့် ခိုင်မာသော level ဖြစ်သည်ကို သင်သိထားသည်။ အခြား ကုန်သည်များသည်လည်း ထိုနည်းလည်းကောင်းပင် တွေးတောကြသည်။ စျေးနှုန်းသည် အများစုက ပစ်မှတ်ထားနေသော အမှတ်သို့ ရောက်လာသောအခါ ကုန်သည်များမှာ ချက်ချင်းပင် ဝယ်ယူမှုများ လုပ်ဆောင်လာကြသည်။ ဝယ်လက်များ သိသိသာသာ တိုးများလာခြင်းကြောင့် အဝယ်ကုန်သွယ်မှုပမာဏ အဆမတန် တက်လာပြီး ဈေးနှုန်း မှာလည်း ပြန်လည်ဦးမော့လာသည်။

ဤဥပမာသည် Fibonacci  levels များကို ကုန်သည်များက ကုန်သွယ်မှု အမှာစာ (orders) များ စုစည်းပြုလုပ်ကြသည့်ဇုန်များအဖြစ် အသုံးပြုကြောင်း ပြသနေသည်၊ အထက်ပါ ဖော်ပြချက်အတိုင်း ကုန်သွယ်မှု အမှာစာများ တစ်ပြိုင်နက်တည်း ပြုလုပ်ကြသည့်အခါ စျေးနှုန်းကို လိုချင်သောလမ်းကြောင်းသို့ ရောက်အောင် ပြောင်းပြန်ဖြစ်သွားစေနိုင်သည်။

Fibonacci retracement နည်းဗျူဟာ

Fibonacci level များကိုအခြေခံသော ကုန်သွယ်မှုဗျူဟာအမျိုးအစားများ -

  1. Corrections levels များကို အခြေခံသော အရောင်းအ၀ယ် ။
    • ဈေးနှုန်းနောက်ပြန်လှည့်သည့်အပေါ် အခြေခံကုန်သွယ်သော trend လမ်းကြောင်း-နောက်လိုက် ၍ ကုန်သွယ်ခြင်း။ Fibo levels များသည် correction ၏ အဆုံးသတ်တွင်ရှိသော ဖြစ်နိုင်ခြေ အရှိဆုံး စျေးနှုန်းပြောင်းပြန်လှန်ခြင်း၏ အမှတ်များဖြစ်သည်။
    • Trend လမ်းကြောင်း ပြောင်းပြန်လှန် ကုန်သွယ်မှု။ Key Level 61.8% မှ ဖောက်ထွက်ခြင်းသည် ပင်မ စျေးနှုန်းရွေ့လျားမှု ကို အပြောင်းအလဲ ဖြစ်စေနိုင်သည်။ အဆိုပါ အပြောင်းအလဲ ဖြစ်ပေါ်သည့် လမ်းကြောင်းအတိုင်း ကုန်သွယ်မှုကို ဖွင့်လှစ်သင့်သည်။
  2. Channel ပုံစံဖြင့် ကုန်သွယ်မှု။

  3. Extension ပုံစံဖြင့် ကုန်သွယ်မှု။

ဥပမာများဖြင့် ဗျူဟာတစ်ခုစီကို အနီးကပ်လေ့လာကြည့်ကြပါစို့။

Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

1. နောက်လှည့်မှုအပေါ် ပြန်လိုက်သော trend လမ်းကြောင်း။

ဤ Forex Fibonacci နည်းဗျူဟာတွင် correction ပြင်ဆင်မှုအဆုံးသတ်၌  ကုန်သွယ်မှုဖွင့်လှစ်ခြင်း နည်းလမ်းများ ပါဝင်သည်။ ဇယားချပ်တွင် Fibonacci levels များကို မှန်ကန်စွာ ပုံဖော်နည်း-

  • Trend လမ်းကြောင်းသစ်စတင်ရန် စောင့်ပါ။
  • ပထမဆုံး correction ပြင်ဆင်ချက် စတင်သည် ကိုစောင့်ပါ၊ ထို့နောက် ဂရစ်ကွက်ကို အသုံးပြုပါ။ ဂရစ်ကွက် ၏ စမှတ်သည် အတက်လမ်းကြောင်း uptrend အတွက် အနိမ့်ဆုံး ဖြစ်ပြီး အဆင်းလမ်းကြောင်း downtrend အတွက် အမြင့်ဆုံး ဖြစ်သည်။
  • Correction ပြင်ဆင်ချက် ကို လိုက်နာပါ။ ၎င်းသည် 61.8% level မတိုင်မီ အဆုံးသတ် သင့်သည်။
  • စျေးနှုန်းပြောင်းပြန်လှန်မှုကို စောင့်ဆိုင်း၍ အနီးစပ်ဆုံး Fibonacci level ကို ဖြတ်ကျော် သည့်အခါ သို့မဟုတ် ပင်မလမ်းကြောင်း၏ ဦးတည်ချက်အတွင်းမှ ပြန်လှည့်ထွက် လာသည့်အချိန် အခိုက်အတံ့တွင် ကုန်သွယ်မှုတစ်ခု ဖွင့်လှစ်ပါ။
  • နောက် level တစ်ခု သို့ စျေးနှုန်း ရောက်ရှိသည့်အခါ အရောင်းအဝယ်ကို ပိတ်လိုက်ပါ။ မိမိ ၏ လက်ခံနိုင်သော ဆုံးရှုံးနိုင်မှုအန္တရာယ်အပေါ်မူတည်၍ အခြေအနေကို စိတ်ကြိုက် ရွေးချယ်နိုင်သည်။

ဥပမာ -

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

ဘေးတိုက်ရွေ့လျားပြီးနောက် အားကောင်းသော လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ ပထမဆုံး correction ပြင်ဆင်ချက်စတင်သည်နှင့်တပြိုင်နက်၊ ကျွန်ုပ်တို့သည် ဇယားချပ်ပေါ်တွင် trend လမ်းကြောင်း ၏ အောက်ခြေမှတ်မှ အမြင့်မှတ်သို့ Fibonacci levels များကို အသုံးချပြီး 0% ကို အမြင့်ဆုံးနှင့် ထပ်တူကျစေရန် ဂရစ်ကွက်ကို ညာဘက်သို့ ဆွဲဆန့်ထုတ်လိုက်ပါသည်။ ကုန်သွယ်မှုဖွင့်ရန် အချက်ပြမှုများ မရှိသေးပါ။

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

Trend လမ်းကြောင်းမှာ ဆက်လက်တက်နေသည်။ ဒုတိယ correction ပြင်ဆင်ချက်အတွင်း၊ ကျွန်ုပ်တို့သည် ဂရစ်ကွက်ကို နောက်အမြင့်တစ်ခုသို့ ဆွဲတင်လိုက်သည်။ Correction ပြင်ဆင်ချက်၏ ပထမဆုံး ပြန်လှန်မှုသည် 0.236 level တွင် ဖြစ်ပေါ်ခဲ့သည်။

0 အမှတ်အသား တွင် အမြတ်အစွန်းနေရာ သတ်မှတ်၍ ကုန်သွယ်မှုတစ်ခုကို ကျွန်ုပ်တို့ဖွင့်လှစ်ပြီး အဆိုပါ ကုန်သွယ်မှု ပိတ်သွားပြီးနောက် ဂရစ်ကွက်ကို နောက်အမြင့်တစ်ခုသို့ ဆွဲတင်လိုက်သည်။

ကျွန်ုပ်တို့သည် 0.382 level မှ ပြန်ကန်တက်လာသည့်အချိန်တွင် ဒုတိယကုန်သွယ်မှုကိုဖွင့်လှစ်ပြီး 0.236 ဝန်းကျင်တွင် အမြတ်ယူရန် သတ်မှတ်ထားလိုက်သည်။

Level 0.236 သို့ စျေးနှုန်း ဖြတ်သွားသောအခါတွင် တတိယကုန်သွယ်မှုကို ကျွန်ုပ်တို့ ဖွင့်လှစ်ပါသည်။ စတုတ္ထကုန်သွယ်မှုကိုလည်း 0.236 level မှ ပြန်ကန်လာစဉ်တွင် နောက်တစ်ကြိမ် ဖွင့်လှစ်ပါသည်။ 

အရောင်းအ၀ယ်အားလုံး အမြတ်ဖြင့် ပိတ်ခဲ့သည်၊ တစ်ခုစီ၏အမြတ်အစွန်းမှာ ၁၅ပွိုင့် မှ ၂၀ပွိုင့် အထိ  ဖြစ်သည်။

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

အမြင့် အသီးသီးသို့ ရောက်ရှိပြီးနောက်၊ ကျွန်ုပ်တို့သည် ၎င်းအမြင့်သို့ ဂရစ်ကွက်ကို ဆွဲတင်ပြီး နောက်တစ်ကြိမ် ဖြစ်ပေါ်မည့် correction ပြင်ဆင်ချက် အတွက် အနီးစပ်ဆုံး level သို့ရောက်ရန် စောင့်ရမည် ဖြစ်သည်။  ဇယားကွက်ကို နောက်တစ်ကြိမ် ဆွဲတင်ပြီးနောက်၊ correction ပြင်ဆင်ချက်သည် 50%  level ကို ဖောက်ဆင်းကာ ၎င်း level အပေါ် အနည်းငယ်ကြာသည် အထိ နေ၍ ကျဆင်းသွားခဲ့သည်။ အဆိုပါအခြေအနေသည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၏ ဖြစ်နိုင်ခြေမြင့်မားမှုကို ညွှန်ပြနေသည်။

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

အတက်ဘက် အနီးစပ်ဆုံး ပြန်လည်ပြုလုပ်သည့် correction ပြင်ဆင်ချက်နား အထိ အဆင်း လမ်းကြောင်း downtrend အတွက် ဂရစ်ကွက်ကို ပြန်လည်ရေးဆွဲပါ။ အစမှတ်မှာ အမြင့်မှတ် ဖြစ်ပြီး အဆုံးမှတ်သည် အနီရောင်မြှားဖြင့်ညွှန်ပြသော အနီးဆုံးအနိမ့်ဖြစ်သည်။

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

အမှတ် "1" တွင် ရေတို အရောင်းအနေအထား ဖွင့်လှစ်ပြီး stop loss ကို 0.382 level အထက်တွင် သတ်မှတ်သည်။ အမှတ် "2" တွင် ကျွန်ုပ်တို့သည် stop loss မဖြစ်ပေါ်စေဘဲ ကုန်သွယ်မှုကို အမြတ်အစွန်းဖြင့် ပိတ်ခဲ့သည်။ အမှတ် "3" တွင် စျေးနှုန်းသည် 0.236 မျဉ်း အောက်ကို ဖြတ်ကျော်သွားသောအခါ၊ ဒုတိယအကြိမ် အရောင်း ဖွင့်လှစ်ပြီး အမှတ် "4" တွင် ပိတ်ခဲ့သည်။ 

Stop loss သတ်မှတ်ခြင်းအတွက် စည်းမျဉ်းများ။ အခြေခံစည်းမျဉ်းသည် အနီးစပ်ဆုံး level တွင် stop loss ကို သတ်မှတ်ရန်ဖြစ်သည်။ အကယ်၍ uptrend correction သည် 38.2% တွင် အဆုံးသတ်ပါက stop loss ကို 50% အောက်တွင် သတ်မှတ်ရမည် ဖြစ်သည်။ သို့မှသာ correction ဆက်လက်ဖြစ်ပေါ်ပါက ဆုံးရှုံးမှု နည်းမည် ဖြစ်သည်။ Correction ပြင်ဆင်ချက်သည် 61.8% level ကို ဖြတ်၍ အဆင်းလမ်းကြောင်း downtrend ပုံစံ အဖြစ် ရှင်းရှင်းလင်းလင်း ပြောင်းလဲသွားပါက၊ stop loss ကို 50% အထက်တွင် သတ်မှတ်ရမည် ဖြစ်ပါသည်။

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

ပထမ correction ပြင်ဆင်ချက်သည် 61.8% level ကို ထိလုနီးပါးဖြစ်ခဲ့သည်။ 50% ကိုဖြတ်ကျော်ချိန်တွင် ကျွန်ုပ်သည် 61.8% အောက်၌ stop loss တစ်ခုသတ်မှတ်၍  ရေရှည် အဝယ်အနေအထားကို ဖွင့်လိုက်သည်။ ဒုတိယပြင်ဆင်ချက် အတွင်း၊ စျေးနှုန်းသည် 50% level မှတက်သွား၍ ကျွန်ုပ်သည် 38.2% တွင် အဝယ်အနေအထား ကိုဖွင့်လှစ်ပြီး 50% အောက်တွင် 

stop loss ကိုသတ်မှတ်သည်။

ဤစည်းမျဉ်းကို အတိအကျလိုက်နာရန် မလိုအပ်ပါ။ အချို့သောကုန်သည်များ က 50% သည် အားနည်းသောအဆင့်ဖြစ်သောကြောင့် stop loss ကို အဓိက ကျသော အဆင့်များတွင်သာ ထားရှိသင့်သည် ဟု ယုံကြည်ကြသည်။ ဆုံးရှုံးမှုရပ်တံ့ချက် ဖြစ်သော stop loss အတိုင်းအတာသည် သင်၏ ဆုံးရှုံးနိုင်မှုအန္တရာယ်စီမံခန့်ခွဲမှုစည်းမျဉ်းများနှင့် မကိုက်ညီပါက၊ ဂရစ်ကွက်ပေါ် သတ်မှတ်ခြင်းဖြင့် အားမကိုးပါနှင့်။ သင့်တော်သော နေရာတွင် stop loss ကို နေရာချပါ။ သို့မဟုတ် trailing stop ကို အသုံးပြုပါ။

2. လမ်းကြောင်း ပြောင်းပြန်လှန် ကုန်သွယ်မှု

ယခင်နည်းဗျူဟာ တွင် ပါဝင်သည်မှာ အဆင့်တစ်ခု နှင့် တစ်ခု အတွင်း correction ပြင်ဆင်ချက် ဖြစ်ပေါ်ပြီးနောက် ပင်မစျေးနှုန်းရွေ့လျားမှုအတွင်း အမြတ်ရယူခြင်း အမျိုးအစားဖြစ်သည်။  ဤ အမျိုးအစားသည် သင့်အား trend လမ်းကြောင်းတစ်ခုတည်းတွင် ကုန်သွယ်မှု ၃ခု မှ ၅ခု သို့မဟုတ် ထို့ထက်ပိုသော ကုန်သွယ်မှုများကို ဖွင့်ခွင့်ပြုသော်လည်း ကုန်သွယ်မှုတစ်ခုစီ၏ အမြတ်မှာ ပွိုင့် ၂၀ ထက်မပိုပါ။ လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၌ ကုန်သွယ်ရာတွင် လမ်းကြောင်း ဦးတည်ချက် ပြောင်းလဲပြီးနောက် ကုန်သွယ်မှုတစ်ခုဖွင့်မည် ဖြစ်ပြီး နောက်ထပ်ပြောင်းပြန်လှန်ခြင်း အသစ်တစ်ခု ဖြစ်ပေါ်သည်အထိ ကုန်သွယ်မှုကို စျေးကွက်တွင်ထားရှိခြင်း ဖြစ်သည်။

ဥပမာ -

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

ဇယားချပ်တွင် အဆင်းလမ်းကြောင်း downtrend တစ်ခုရှိပြီး၊ ထို့နောက် အတက်လမ်းကြောင်း uptrend အဖြစ် သို့ ပြောင်းလဲသွားသည်။ ရည်ရွယ်ချက်မှာ uptrend ပြီးဆုံးသည် ကိုစောင့်ဆိုင်းပြီး အောက်ဘက်သို့ ပင်မလမ်းကြောင်း ရွေ့လျားမှု ပြန်လည်ဖြစ်ပေါ်ချိန်မှာ  ရေတို အရောင်းများ ဖွင့်ရန် ဖြစ်သည်။

ကျွန်ုပ်တို့သည် Fibonacci  ဇယားကွက် ကို အတက်လမ်းကြောင်းပေါ်တွင် ပုံဖော်ထားပြီး 0.5 နှင့် 0.618 level များကို ဖြတ်ကျော်စေသည့် နောက်ပြန်ရွေ့လျားမှုကို စောင့်ဆိုင်းနေသည်။ ဇယားချပ်တွင် 0.618 level သည် အဓိကအဆင့်တစ်ခုဖြစ်လာကြောင်းပြသထားသည် - ၎င်း level 0.618 ကို ဖောက်ဆင်းပြီးနောက်၊ စျေးနှုန်းသည် ၎င်းထံသို့ တစ်ဖန်ပြန်သွားခဲ့သည်၊ ယင်းနောက် အောက်သို့ ဆက်လက်ရွေ့လျားခဲ့သည်။ 0.618 level အား ဖောက်ထွက်နိုင်မှုသည် downtrend ကို အတည်ပြုခြင်း ဖြစ်၍ ရေတို အရောင်း ပြုလုပ်လိုက်သည်။

LiteFinance: Fibonacci ဇယားနှင့် ဆက်စပ်ကိရိယာများ

ဇယားကွက်တွင် အဆင်းလမ်းကြောင်း downtrend သည် ရှည်လျားပြီး အားကောင်းကြောင်း ပြသနေသည်။ ကုန်သွယ်မှု ပြုလုပ်ပြီး ထွက်မည် ဆိုလျှင် ရွေးချယ်စရာများစွာရှိနေသည်-

  • "1" level သို့ စျေးနှုန်း ဖြတ်သွားသည်အထိ စောင့်ဆိုင်းပါ၊ Stop loss ကို အမြတ်/အရှုံး မရှိစေသည့် အဝင်မှတ် အနီးသို့ ရွှေ့၍ အနည်းဆုံး ၂၀-၂၅ ပွိုင့် သတ်မှတ်ထားသော trailing stop ဖြင့် အရောင်းအဝယ်ကို လုံခြုံအောင် ထိန်းသိမ်းပါ ။ 
  • အရောင်းအ၀ယ်ကို တနေ့တာကုန်တဲ့အထိ ထိန်းထားခြင်းဖြင့် swap ကို ချွေတာရာလည်း ရောက်သည်။ Candlestick ဇယားချပ်သို့သွား၍ ပြောင်းပြန်လှန်သည့် candle ပုံစံများ ဖွဲ့စည်းခြင်း ရှိ/မရှိ စောင့်ကြည့်ပါ။
  • အဆင်းလမ်းကြောင်း ဇယားချပ်ပေါ်တွင် ဇယားကွက်တစ်ခုတည်ဆောက်ပြီး ဇယားကွက် ၏ ထပ်တိုး level များတွင် အရောင်းအဝယ်များကို ပိတ်သိမ်းပါ။ ဥပမာအားဖြင့်၊ ဇယားချပ်တွင်၊ ပထမဆုံး ထပ်တိုး level မှာ 1.618 သို့မဟုတ် 161.8% ဖြစ်သည်။

3. Channel ပုံစံဖြင့် ကုန်သွယ်ခြင်း

Fibonacci channels များသည် လွန်ကဲဈေးတန်းများပေါ်တွင် တည်ဆောက်ထားသော ခုခံမှု resistance နှင့် ပံ့ပိုးမှု support level များဖြစ်သော်လည်း ရေပြင်ညီ အနေအထားနှင့် ချိတ်ဆက်မှု မရှိပါ ။ Correction ပြင်ဆင်ချက် level များ ၏ ဇယားကွက်အား ဒေါင်လိုက်နှင့် အလျားလိုက် ပြင်ညီများတွင်သာ ဆွဲဆန့်ထားပါက၊ ကုန်သည်သည် ချန်နယ်များ၏ ထောင့်ကို အဆုံးအဖြတ်ပေးသူဖြစ်သည်။ ပင်မ အကွာအဝေးအတွင်းရှိ level များ၏ တန်ဖိုးများသည် correction ပြင်ဆင်ချက် level များ နှင့် တန်ဖိုးတူညီသော်လည်း ချန်နယ် တည်ဆောက်ခြင်း နိယာမသည် ကွဲပြားမှုရှိသည် - ၎င်းသည် အချက်သုံးချက်အပေါ် အခြေခံထားသည်။

ချန်နယ်ကို အသုံးပြု၍ ဇယားချပ်တစ်ခုတွင် Fibonacci နံပါတ်များကို ပုံဖော်ခြင်း၏နိယာမသည် ကုန်သွယ်ရေး ပလက်ဖောင်းတစ်ခုနှင့်တစ်ခု မတူညီပါ။

ဥပမာအားဖြင့်၊ MT4 ၌၊ သင်သည်  pivot အမှတ်များအား ၂ကြိမ်ဆက်တိုက်ဖြစ်ပေါ်သော လွန်ကဲအမှတ်များ၌ သတ်မှတ်ရန် လိုအပ်သည့်အတွက် လိုင်းပေါ်တွင် ကလစ်နှစ်ချက်နှိပ်၍ ဒုတိယ Fibonacci လိုင်းကို သတ်မှတ်ခြင်းအားဖြင့် ပထမ pivot လိုင်းနှင့် ချန်နယ်တစ်ခု ဖြစ်လာစေပါသည်။ ဗျူဟာ၏အနှစ်သာရသည် ဈေးနှုန်း ပြန်ကန်ချိန်တွင် ချန်နယ်ဘောင်များအတွင်း အရောင်းအ၀ယ် ဖွင့်လှစ်ခြင်းအထိ အကျုံးဝင်သည်။

LiteFinance terminal တွင် အနည်းငယ်ကွဲပြားသည်။ ဤနေရာတွင် သင်သည် ချန်နယ်ကို လွန်ကဲအမှတ်များ၌ သတ်မှတ်ရန်နှင့် စျေးနှုန်းရွေ့လျားမှုတစ်လျှောက် Fibonacci  level များကို ဆွဲဆန့်ရန် လိုအပ်သည်။ သင့်တွင်မေးစရာရှိပါက၊ comments တွင် မေးမြန်းပါ - ကျွန်ုပ်အနေဖြင့် ဤ ကိရိယာအကြောင်းကို ပိုမိုပြောပြပေးပါမည်။

Fibonacci extensions

Trend-Based Fibonacci extension သည် Elliott Wave Theory ကို အခြေခံထားသည်။ Elliott က စျေးကွက်သည် စက်ဝိုင်းပုံဖြစ်နေကြောင်း အကြံပြုခဲ့သည်- မည်သည့် တိုးတက်မှု မဆို ကျဆင်းပြီးနောက်တွင် တိုးတက်မှုအဖြစ် ပြောင်းလဲသွားပါသည်။ ၎င်း၏ လှိုင်းပုံစံအရ၊ စျေးကွက်တွင် အောက်ပါလှုပ်ရှားမှုများကို ခွဲခြားနိုင်သည်-

  • လှိုင်း ၅ လှိုင်း (1-5) သည် ပင်မလမ်းကြောင်း၏ ဦးတည်ချက်ဖြစ်ပြီး၊ သုံးလှိုင်းမှာ impulse waves ဖြစ်ပြီး ကျန်နှစ်လှိုင်းမှာ corrections ဖြစ်သည်။
  • လှိုင်း 3 လှိုင်း (A-C) သည် ဆန့်ကျင်ဘက် ဦးတည်ချက်ဖြစ်ပြီး နှစ်လှိုင်းမှာ ပြောင်းပြန် လမ်းကြောင်းဘက်သို့ ဦးတည်ပြီး တစ်လှိုင်းသည် correction ပြင်ဆင်ချက် ဖြစ်သည်။

LiteFinance: Fibonacci extensions

Extensions နှင့် Correction levels များကြား ကွာခြားချက်များ-

  1. Correction levels များသည် လက်ရှိ trend လမ်းကြောင်း၏ လွန်ကဲအမှတ်များဖြစ်သည့် 0% မှ 100% အကွာအဝေးအတွင်း ရှိသော ပြင်ဆင်ချက် ရွေ့လျားမှု၏ ဖြစ်နိုင်ခြေ နှင့် အတိမ်အနက်ကို ပြသသည်။ Extension levels များသည် 0-100% အကွာအဝေးပြင်ပတွင် ရှိသော အနာဂတ်၌ ဖြစ်နိုင်ချေရှိသည့် correction ပြင်ဆင်ချက်များကို ပြသသည်။
  2. Correction level များကို scalping နှင့် swing trading strategies များတွင် အဓိကအားဖြင့် အသုံးပြုပါသည်။ ၎င်းတို့သည် အမြတ်အနည်းငယ်သာရှိသော တနေ့တာအတွင်း ကုန်သွယ်သည့် နည်းဗျူဟာများအတွက် ပိုမိုသင့်လျော်ပါသည်။ Extension levels များကို ရေရှည်ဗျူဟာများတွင် အသုံးပြုကြသည်။ ၎င်းတို့သည် လက်ရှိ trend လမ်းကြောင်း ၏ အမြင့်ဆုံးနှင့် ဆက်စပ်နေသည့် ကာလရှည်လမ်းကြောင်းကို ခန့်မှန်းရန် ဆောင်ရွက်ပေးပြီး တနေ့တာအတွင်း ဖြစ်ပေါ်သည့် correction ပြင်ဆင်ချက်များကို ထည့်သွင်း စဉ်းစားခြင်းမရှိပါ။
  3. Corrective levels များကို trend လမ်းကြောင်း ၏ အစမှ ၎င်း၏ လက်ရှိအမြင့်ဆုံးအထိ အမှတ်နှစ်ခုပေါ်အခြေခံ၍ trend လမ်းကြောင်း ၏ လှိုင်းတစ်ခုပေါ်တွင်သာ ပုံဖော်ထားသည်။ Fibonacci extension levels များကို Elliott waves ၏ စမှတ် နှင့် တိုက်ဆိုင်သော အချက်သုံးချက်ကို အခြေခံ၍ လှိုင်းနှစ်လှိုင်း အပေါ်တွင် ပုံဖော်ထားသည်။

Fibonacci extension တည်ဆောက်မှု စည်းမျဉ်းများ

LiteFinance chart တွင် ကိရိယာ ကိုဖွင့်လိုက်ပါ။

LiteFinance: Fibonacci extensions

  • Trend လမ်းကြောင်း ၏ စတင်မှုကို စောင့်ပါ - oscillator သို့မဟုတ် patterns များဖြင့် အတည်ပြုသင့်သည့် ပြောင်းပြန်လှန် ရွေ့လျားချက် သို့မဟုတ် ဘေးတိုက် ရွေ့လျားခြင်း မှ ထွက်ခွာသွားသည့် အခိုက်အတံ့။ ဤအချက်သည် ပထမဆုံးသော အချက်ဖြစ်သည်။ 
  • ပထမလှိုင်း၏ အဆုံးသတ်နှင့် correction ပြင်ဆင်ချက် ၏ စတင်မှု ကို စောင့်ဆိုင်းပါ။ Correction ပြင်ဆင်ချက်သည် ဒုတိယလှိုင်းဖြစ်ပြီး ၎င်း၏ စတင်မှုမှာ ဒုတိယမြောက် အမှတ်ဖြစ်သည်။
  • Correction ၏ အဆုံးသတ် နှင့် တတိယမြောက် trend လမ်းကြောင်းလှိုင်း ၏ စတင်မှု ကို စောင့်ပါ။ ဒါက တတိယ အမှတ်ဖြစ်သည်။  ထို့နောက် ဇယားကွက်ကို ဆွဲဆန့်လိုက်ပါ။

Extension ကို တည်ဆောက်ခြင်း၏ရလဒ်သည် 100% (level "1") ထက်ပိုသော  - 161.8 နှင့် 261.8 စသည့် ထပ်ပေါင်း level များ ပါဝင်သော ဂရစ်တစ်ခုဖြစ်သည်။

တတိယမြောက် Elliott wave ၏ အလျား ကို ခန့်မှန်းရန် extension ဂရစ်ကွက် ကို အသုံးပြုသည်။ ပထမလှိုင်းနှစ်လှိုင်း၏ လွန်ကဲအမှတ်များကိုအခြေခံ၍ ၎င်းသည် တတိယလှိုင်း၏ ဖြစ်နိုင်ဖွယ် အဆုံးသတ်နှင့် စတုတ္ထလှိုင်း၏ correction အစ ကို ပြသသည်။ တတိယလှိုင်း၏ ပြင်ဆင်ချက်သည် 161.8 ဝန်းကျင်တွင် ဖြစ်ပေါ်တတ်သည်။ သို့သော် နောက်တစ်ကြိမ် ပြင်ဆင်ချက်အပြီးတွင် ပဉ္စမလှိုင်းအဖြစ်သို့ ပြောင်းလဲခြင်းဖြင့် အစောပိုင်းမှာတင် အဆုံးသတ်သွားနိုင်သည်။

Fibonacci extension ကိုအသုံးပြုနည်း - ဥပမာ

LiteFinance: Fibonacci extensions

ပထမ အမှတ် နှင့် ဒုတိယ အမှတ်များကို အတက်လမ်းကြောင်း uptrend ၏ ပထမလှိုင်း အစ နှင့် အဆုံး တွင်ထားရှိသည်။ တတိယအမှတ်ကို correction  ပြုပြင်ချက် ၏ အဆုံးတွင် ထားရှိကာ ဇယားချပ်ကို ညာဘက်သို့ ဆွဲဆန့်ထားသည်။

ဇယားချပ်တွင် လှိုင်းငါးလှိုင်း မဟုတ်ဘဲ လှိုင်းခုနစ် လှိုင်း ရှိကြောင်း ပြသသည်။ စတုတ္ထလှိုင်းသည် အရေးပါသော levels 0.382 နှင့် 0.786 ကြား ဦးတည်ချက်မရှိသည့် flat ပုံစံဖြင့် အမှတ်အသား ပြုထားပြီး Level 1.618 သည် ပဥ္စမမြောက် လှိုင်း အတွက် ခုခံမှုအဆင့် resistance level ဖြစ်လာခဲ့သည်။ Fibonacci extension ကုန်သွယ်မှုသည် တတိယလှိုင်း၏အစတွင် ကုန်သွယ်မှုတစ်ခုဖွင့်လှစ်၍ 1.618 တွင် take profit သတ်မှတ်ခြင်း အပေါ် အခြေခံသည်။

ညွှန်ပြချက်သည် Elliott trend waves များ၏ အဆုံးသတ် level များကို ပြသသည်။ ကိရိယာသည် ပြီးပြည့်စုံခြင်း မရှိသလို သီအိုရီသည် လက်တွေ့နှင့် အလွန် ကွာခြားနိုင်သည်။ သို့သော်၊ ၎င်းသည် ဖြည့်စွက် ကိရိယာတစ်ခုအနေဖြင့် အတော်လေးထိရောက်သည်။

Fibonacci support နှင့် resistance အား တွက်ချက်နည်း

Correction levels များသည်  တနေ့တာအတွင်း ဖြစ်ပေါ်သော trend လမ်းကြောင်းတစ်ခုတွင် ၎င်းတို့ကိုယ်တိုင်  ခုခံမှု နှင့် ပံ့ပိုးမှု အဆင့်များ ဖြစ်သည်။

LiteFinance: Fibonacci support နှင့် resistance အား တွက်ချက်နည်း

အားကောင်းသော အဆင်းလမ်းကြောင်းပေါ်၌၊ တရက်တာအတွင်း ပြင်ဆင်ချက်များသည် Fibo လိုင်းများကို ထပ်ခါတလဲလဲ ထိတွေ့ပြီး ၎င်းတို့မှ ပြန်ကန်ထွက်လာသည်။ တူညီသောအဆင့်ကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခြင်းဖြင့် အချို့အဆင့်များအနီးတွင် သေးငယ်သောစုစည်းနေမှုကို တွေ့ရှိရသည်။ ကုန်သွယ်မှုဗျူဟာရွေးချယ်စရာ နှစ်ခုရှိသည်- အပိုင်းအခြား တစ်ခုအတွင်း ကုန်သွယ်ခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းသွားသည်အထိ လမ်းကြောင်းတစ်ခုလုံး နောက်လိုက် ၍ ရေရှည်ကုန်သွယ်ခြင်း ဖြစ်သည်။ 

သေးငယ်သောစကေးအတိုင်းအတာသုံး၍ လွန်ကဲတန်ဖိုးများဖြင့် ရေးဆွဲထားသော သမရိုးကျလိုင်း များကို အသုံးပြုခြင်းသည်ပင် ဂရစ်ကွက်အား ခိုင်ခံ့စေနိုင်သည်။ ဂရစ်ကွက် နှင့် တွေ့ဆုံချက် သို့မဟုတ် တစ်စိတ်တစ်ပိုင်း တိုက်ဆိုင်မှုသည်ပင် ဖြစ်နိုင်ချေရှိသော ပြောင်းပြန်လှန်ခြင်း၏ အရေးပါသော အမှတ်များကို ပြသမည် ဖြစ်သည်။

Fibonacci စတော့ဈေးကွက် ခန့်မှန်းချက်များ

Fibonacci ညွှန်ပြချက် သည် စတော့ဈေးကွက်များအပါအဝင် မည်သည့်စျေးကွက်များနှင့်မဆို ကိုက်ညီမှုရှိပါသည်။ ကွာခြားချက်မှာ စျေးနှုန်းအပြုအမူ၏ သဘောသဘာဝတွင် ဖြစ်သည်-

  • စတော့ဈေးကွက်သည် လျင်မြန်သော လမ်းကြောင်းပြောင်းရွေ့လျားမှုများနှင့် 38.2% အထိ ရောက်ရှိသော သေးငယ်သည့် correction ပြင်ဆင်ချက်ဖြင့် ကွဲပြားမှုရှိသော ဈေးကွက်ဖြစ်သည်။ ဤနေရာတွင် Fibonacci extension ကို အသုံးပြုခြင်းသည် ပိုကောင်းမွန်သည် - ၎င်းသည် ခိုင်မာသောလမ်းကြောင်းတွင် ပစ်မှတ်ထားရမည့် အမြတ်အစွန်းအဆင့်များကို ဆုံးဖြတ်ရန် ကူညီပေးပါလိမ့်မည်။
  • နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်သည် တိုတောင်းသော လမ်းကြောင်းများနှင့် 50% -61.8% စသည့် level များ သို့ အားကောင်းသော နောက်လှည့်ပြန်မှုများဖြင့် မတူညီသော ဈေးကွက်ဖြစ်သည်။ ဤနေရာတွင် Fibonacci retracement levels များနှင့် swing trading သည် ပိုမိုသင့်လျော်သည် - အားကောင်းသော retracement အဆုံးတွင် အရောင်းအ၀ယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

ဥပမာ -

LiteFinance: Fibonacci စတော့ဈေးကွက် ခန့်မှန်းချက်များ

ဤသည်မှာ နာရီအလိုက် ဖြစ်ပေါ်သော Facebook စတော့ဇယားချပ် ဖြစ်သည်။ ဇယားချပ်တွင် သေးငယ်သော ပြန်လှည့်မှုများနှင့်အတူ မြင့်မားသောစျေးနှုန်း အဆင့် ၃ ဆင့်ကို ပြသထားသည်။ Elliott ၏ သီအိုရီအရ၊ ၎င်းတို့သည် စျေးနှုန်းလှုပ်ရှားမှု လှိုင်း သုံးလှိုင်း ဖြစ်သည်။ ပထမအမြင့်တွင် ပုံဖော်ထားသော Fibonacci levels များသည် correction ပြင်ဆင်ချက်မှ နှစ်ကြိမ်တိတိ တွန်းတင်ထားသည့် support level ဖြစ်ကြောင်း ပြသထားသည်။

LiteFinance: Fibonacci စတော့ဈေးကွက် ခန့်မှန်းချက်များ

ဒုတိယအမြင့်ကို အခြေခံ၍ တည်ဆောက်ထားသော ဂရစ်ကွက်သည် ပိုမိုအားကောင်းသော correction ပြင်ဆင်ချက်ကို ပြသထားသည်။ တစ်ဖန်၊ ခိုင်မာသောအဆင့်သည် 0.236 ဖြစ်ပြီး အဆိုပါ အဆင့်အနီး၌ စျေးနှုန်းသည် ကာလအတန်ကြာအောင် ရှိနေခဲ့သည်၊  နောက်ထပ်အားကောင်းသည့် အဆင့်မှာ 0.382 ဖြစ်သည်။ ၎င်းကိုဖြတ်ကျော်သောအခါ၊ စျေးနှုန်းသည် အဓိကဦးတည်ချက်ထဲသို့ ပြန်ပြောင်းဝင်ရောက်ခဲ့သည်။ အောက်ခြေ မှ အထက်သို့ တက်ရာမှ ဈေးနှုန်းသည် level 0.382 သို့ correction ပြန်လည်ပြုလုပ်မှုရှိသည်နှင့် ကုန်သွယ်မှု ဖွင့်လှစ်ရမည် ဖြစ်သည်။

LiteFinance: Fibonacci စတော့ဈေးကွက် ခန့်မှန်းချက်များ

တတိယအမြင့်ကိုအခြေခံ၍ ဆွဲဆန့်ထားသော ဂရစ်ကွက်သည် Fibonacci levels များကို resistance နှင့် support level များအဖြစ် အသုံးပြုနိုင်ကြောင်း ပြသပြီး အဆိုပါ levels များသည် စျေးနှုန်းချန်နယ်များ၏ နယ်နိမိတ်များကို သတ်မှတ်ပေးသည်။

Fibonacci အရောင်းအဝယ်နမူနာ

Forex တွင် Fibonacci လိုင်းများ မှန်ကန်စွာအသုံးပြုနည်းကို ပြသပါမည်။ မူလဗျူဟာကို Scalping On Gold ဟုခေါ်သည်။ ထည့်သွင်းဒေတာမှာ- XAU/USD၊ အချိန်ဘောင် - M5။ ကျွန်ုပ်သည် အဓိက levels များ၏ local corrections များအဆုံးတွင် အရောင်းအ၀ယ်များကိုဖွင့်ပြီး trend လမ်းကြောင်း ဦးတည်ချက်၏ အနီးဆုံး levels တွင် ၎င်းတို့ကို ပိတ်ပါမည်။

အဆင့် ၁။ ဇယားချပ်ကို ပိုင်းခြားစိတ်ဖြာခြင်း။

LiteFinance: Fibonacci အရောင်းအဝယ်နမူနာ

ပင်မရွေ့လျားမှုလှိုင်း ၃ လှိုင်းကို ပုံ တွင် ပြသထားသည် - အတက်လမ်းကြောင်း၊ အဆင်း လမ်းကြောင်းနှင့် နောက်ထပ်အတက်လမ်းကြောင်းတို့ကို ပြသထားသည်။ နောက်ဆုံး အတက် လမ်းကြောင်း၏အစတွင် နောက်ဆုံးအမြင့်ကိုအခြေခံ၍ Fibonacci grid ကို သတ်မှတ်ခဲ့သည်။ စျေးနှုန်းသည် အပိုင်းအခြားများအတွင်း ရွေ့လျားနေပြီး အဆိုပါ အပိုင်းအခြားများမှ ဦးတည်ချက်တစ်ခု(သို့မဟုတ်)အခြားတစ်ခုသို့ တွန်းထုတ်နေကြောင်း ပုံတွင် ပြသသည်။

လက်ရှိ လမ်းကြောင်းသည် 0.5 level ကို ချိုးဖျက်ထားသည်။ ကျွန်ုပ်သည် အရေးပါသော အဆင့် 0.618 တွင်  ဖြစ်နိုင်သည့် ပြောင်းပြန်လှန်မှု ကို စောင့်ဆိုင်းနေပြီး အဆိုပါ level တွင် အဝယ်အနေအထားကို ဖွင့်လှစ်မည် ဖြစ်သည်။ အကယ်၍စျေးနှုန်းသည် 0.786 level ကျော်သည် အထိ ရွေ့လျားသွားပါက ယင်းအခြေအနေ ၏ ဆိုလိုချက်မှာ လမ်းကြောင်းသည် တဖြည်းဖြည်း အောက်ဘက် ရွေ့လျားမှုအဖြစ်သို့ ပြောင်းလဲနေခြင်း ကို ဆိုလိုနေပြီး ဇယားကွက်ကို အမြင့်မှအနိမ့်သို့ ပြန်လည်တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။

အဆင့် ၂။ ပထမဆုံးကုန်သွယ်မှုကိုဖွင့်လှစ်ခြင်း

LiteFinance: Fibonacci အရောင်းအဝယ်နမူနာ

ကျွန်ုပ်မျှော်လင့်ထားသည့်အတိုင်း correction ပြင်ဆင်ချက် သည် အရေးပါသော အဆင့် 0.618 တွင် အဆုံးသတ်ခဲ့သည်။ စျေးနှုန်းပြန်လည် အတက်မှာ ကုန်သွယ်မှုတစ်ခုဖွင့်ခဲ့သည်။ အမြတ်ပစ်မှတ် အဆင့်သည် 0.5 (သို့မဟုတ်) 0.382 အဆင့်ဖြစ်သည်။ Trend လမ်းကြောင်းပေါ်တွင် အရောင်း အဝယ်အား တတ်နိုင်သမျှ ကြိုးစားပြီး ထိန်းသိမ်းထားမည် ဖြစ်သည်။ 

အဆင့် ၃။ ပထမကုန်သွယ်မှုကို ပိတ်ခြင်း

LiteFinance: Fibonacci အရောင်းအဝယ်နမူနာ

မိနစ်အနည်းငယ်အတွင်း 0.5 အမှတ်အသား ကို အလွယ်တကူ ဖောက်ထွက်သွားသော်လည်း စျေးနှုန်းသည် 0.382 အဆင့်အောက် အကွာအဝေး အနည်းငယ်တွင် ရပ်တန့်သွားသည်။ ဗျူဟာ၏ အဓိကနိယာမမှာ scalping ဖြစ်သောကြောင့် အောက်ဘက်သို့ စျေးနှုန်းပြောင်းပြန်လှန်နေခြင်း၏ ပထမဆုံးအရိက်အမြွက်ပြခြင်းတွင် ကျွန်ုပ်သည် ကုန်သွယ်မှုကို ပိတ်လိုက်သည်။

အဆင့် ၄ ။ ဒုတိယကုန်သွယ်မှုကိုဖွင့်ပါ

LiteFinance: Fibonacci အရောင်းအဝယ်နမူနာ

စျေးနှုန်းသည် "နောက်ဆုံး ခုခံလိုင်း" - 0.786 သို့ ကျဆင်းသွားသည်။ အကယ်၍ ၎င်းကိုဖြတ်ကျော်သွားပါက အဆင်းလမ်းကြောင်း ပေါ်ပေါက်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် ကျဆင်းမှုများသည် အားပျော့၍ စျေးနှုန်းသည် ပင်မ ဦးတည်ချက်ဆီသို့ တစ်ဖန် ပြန်တက်သွားပါသည်။ ကျွန်ုပ်သည် 0.618(သို့မဟုတ်) 0.5 အဆင့်တွင် ပစ်မှတ်ထား၍ အဝယ် ကုန်သွယ်မှု ကို ဖွင့်လိုက်သည်။

အဆင့် ၅။ ဒုတိယကုန်သွယ်မှုကို ပိတ်ပါ။

LiteFinance: Fibonacci အရောင်းအဝယ်နမူနာ

စျေးနှုန်းသည် 0.786 တွင် ကာလအတန်ကြာ ရွေ့လျားခဲ့ပြီးနောက် 0.618 သို့ပြန်တက်သွားခဲ့သည်။ ကျွန်ုပ်သည် 0.618 သို့ ဈေးနှုန်းထိတွေ့ပြီး အောက်ဘက် သို့ ဈေးနှုန်းပြောင်းပြန်လှန်ရန် ပြင်ဆင်နေသည့် အခိုက်အတန့်တွင် အရောင်းအဝယ်ကိုပိတ်လိုက်ပါသည်။ အကယ်၍ စျေးနှုန်းသည် 0.786 ကိုထိပြီး 0.618 အထက်သို့ မြင့်တက်ရန် ပျက်ကွက်ခဲ့ပါက လမ်းကြောင်းဦးတည်ချက်သည် ပြောင်းလဲသွားဖွယ်ရှိသည်။ ဂရစ်ကွက်ပေါ်တွင် အတက်လမ်းကြောင်း ကို သာ အခြေခံ၍  အရောင်းအ၀ယ်ဖွင့်ခြင်းသည် အဓိပ္ပါယ်မရှိပေ။

အဆင့် ၆။ အနှစ်ချုပ်

LiteFinance: Fibonacci အရောင်းအဝယ်နမူနာ

ပထမကုန်သွယ်မှုသည် ၆ မိနစ်အတွင်း $5.50 ရရှိခဲ့သည်။ ဒုတိယကုန်သွယ်မှုမှာ ၂၉ မိနစ်အတွင်း $4.50 ရရှိခဲ့သည်။ အရောင်းအ၀ယ်နှစ်ခုစလုံး ကို အမြတ်အစွန်းဖြင့် ပိတ်သိမ်းခဲ့သည်။

LiteFinance: Fibonacci အရောင်းအဝယ်နမူနာ

ဤအတောအတွင်း စျေးနှုန်းသည် 0.786 အမှတ်အသားကို ကျော်ဖြတ်ကာ correction သည် အဆင်း လမ်းကြောင်းသို့ ပြောင်းသွားသည်ကို အတည်ပြုပေးခဲ့သည်။

နိဂုံး။ ကျွန်ုပ်သည် Fibo levels များ အလုပ်လုပ်သည်ကို ယခုပင် သရုပ်ပြခဲ့သည်။ သင့်အနေဖြင့် ဂရစ်ကွက်ကို မှန်ကန်စွာသတ်မှတ်နည်းနှင့် စျေးကွက်ကို ခံစားသိရှိရန် လေ့လာမှုသာလိုအပ်သည်။ ဤအရည်အချင်းများသည် လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ တိုးတက်နိုင်မည် ဖြစ်သည်။

MT4 အတွက် MA Channels FIBO အညွှန်းကိန်း

MA Channels FIBO သည် Fibonacci levels နှင့် SMA ပေါင်းစပ်ထားသော ညွှန်ပြချက်တစ်ခုဖြစ်သည်။ ၎င်းသည် moving averages ချန်နယ် ၈ ခု - စျေးနှုန်း ၏ တစ်ဖက်စီတွင် MA ၄ လိုင်း ဖြင့် တည်ဆောက်ထားသည်။ ၎င်းတို့ကြားရှိ အကွာအဝေးသည် Fibonacci အချိုးများ ဖြစ်သော 23.5, 38.2, 50.0, 61.8.တို့နှင့် ညီမျှသည်။ ကျွန်ုပ်တို့သည် ချန်နယ်၏ လွန်ကဲသော နယ်နိမိတ်မျဉ်းများမှ ပြန်ထွက်လာသည့်အခါတွင် ကုန်သွယ်မှုကို ဖွင့်သည်။ ကျွန်ုပ်တို့သည် ချန်နယ်၏အတွင်းလိုင်းများဖြစ်သည့် ဖြစ်နိုင်ချေရှိသော ပြောင်းပြန်လှန်အမှတ်များကို ခွဲခြမ်းစိတ်ဖြာ၍ trailing stop အသုံးပြုခြင်း ဖြင့် ကုန်သွယ်မှု ကို ပိတ်ပါသည်။

၎င်းသည် ဘယ်လိုပုံစံလဲ ဆိုလျှင် -

LiteFinance: MT4 အတွက် MA Channels FIBO အညွှန်းကိန်း

ဤပုံတွင် ချန်နယ်များအတွင်း စျေးနှုန်းများ ၏ တုံ့ပြန်လှုပ်ရှားပုံများ နှင့် အချက်ပြမှုများ၏ ကြိမ်နှုန်းတို့ကို ရှင်းလင်းစွာပြသထားသည်။ အခြေအနေများစွာတွင် ဈေးနှုန်းသည် အတွင်းပိုင်းချန်နယ်များ၏ နယ်နိမိတ်များကြားတွင် ရွေ့လျားနေသည်။ ထိုအခြေအနေကို ပုံတွင် အပြာရောင်စတုဂံပုံဖြင့် ပြသထားသည်။ ချန်နယ်၏ နယ်နိမိတ်အစွန်ဆုံးနေရာများကို ကျော်လွန်ပြီးနောက် စျေးနှုန်းသည် ချက်ချင်းနီးပါး ပြန်လှည့်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်ရပါသည်။ ညွှန်ပြချက်၏အားနည်းချက်မှာ နယ်နိမိတ်လိုင်း 61.8 အား ချိုးဖောက်ခြင်း ကို သိပ်မတွေ့ရပေ။ သို့သော် အတွင်းပိုင်းချန်နယ်များ၏ နယ်နိမိတ်များကြား စျေးနှုန်းလှုပ်ရှားမှုအတွက် သီးခြားဗျူဟာတစ်ခုကို  သင်တည်ဆောက်နိုင်ပါသည်။

1. MA Channels FIBO အသုံးပြုခြင်း၏ ကုန်သွယ်မှုအခြေအနေများနှင့် ထူးခြားချက်များ

ကုန်သွယ်မှုအခြေအနေများ

  •  Timeframe - M30 or H1.
  • ငွေကြေးအတွဲ - GBPUSD။ သို့သော်နည်းဗျူဟာသည် အခြားသော ငွေကြေးအတွဲများအတွက်လည်း ကောင်းစွာအလုပ်လုပ်သည်။

MT4 အတွက် MA Channels FIBO ညွှန်ပြချက် နမူနာပုံစံကို ဤနေရာတွင် ရယူနိုင်သည်။ ၎င်းကို MT4 သို့ထည့်ရန် main menu ရှိ  “File / Open Data Folder”  ကိုနှိပ်ပါ။ ပွင့်လာသောဖိုင်တွဲတွင်  “MQL4 / Indicators” ဖိုင်ဖိုဒါ သို့သွားပြီး ထိုနေရာတွင် ညွှန်ပြချက်ကိုကူးယူပါ။ ပလပ်ဖောင်းကို ပြန်လည်စတင်ပါ။ ညွှန်ပြချက်သည် “Insert/Indicators/Custom” စာရင်းတွင် ပေါ်လာပါလိမ့်မည်။ 

Indicator ဆက်တင်များ-

LiteFinance: 1. MA Channels FIBO အသုံးပြုခြင်း၏ ကုန်သွယ်မှုအခြေအနေများနှင့် ထူးခြားချက်များ

အဝယ်အနေအထား ဖွင့်လှစ်ရန်အခြေအနေများ-

  • အောက်ခြေအဆင့် 61.8 (ပြင်ပချန်နယ်၏အောက်ပိုင်းနယ်နိမိတ်)ကို စျေးနှုန်း ထိသောအခါ အဝယ် အနေအထားတစ်ခု ဖွင့်လှစ်ခဲ့သည်။

အနေအထားတစ်ခု ဖွင့်လှစ်ခဲ့သည်။

Stop Loss - 30 ပွိုင့်။ ရည်ရွယ်အမြတ်အစွန်း အဆင့်သည် ပွိုင့် 30 ဖြစ်ပြီး၊ ထို့နောက် 50% အမြတ်အစွန်း ဖြစ်ပေါ်လျှင် အရောင်းအဝယ် ကိုပိတ်နိုင်ပြီး stop loss ကို အရောင်းအဝယ် ဝင်ရောက်ခဲ့သည့်အဆင့် (အရောင်းအဝယ် ဖွင့်ခဲ့သည့် ပွိုင့်) သို့ ရွှေ့၍ အဆိုပါ အဆင့်၌ပင် ပွိုင့် 30 ဖြင့် trailing stop ကို သတ်မှတ်ပါ (order ပေါ်တွင် right-click ကို နှိပ်ပြီး trailing stop ကို ရွေးချယ်ပါ။)

အင်တာနက်ချိတ်ဆက်မှု ပြဿနာများရှိနိုင်သည့် အတွက် trailing stop ဖြင့် stop loss ပြုလုပ်ရန် လိုအပ်နေ သေးသည် - broker သည်  trailing stop ကိုမမြင်ရသော်လည်း အရောင်းအဝယ် သည် stop loss ရှိနေသည့်အတွက် အာမခံချက် ရှိမည် ဖြစ်သည်။

ကုန်သွယ်မှု ကို စဉ်ဆက်မပြတ် ပြုလုပ်နေရန် အခြားရွေးချယ်စရာတစ်ခုမှာ  VPS ဆာဗာကိုငှားရမ်းခြင်း ဖြစ်သည်။  

ဤကိန်းဂဏာန်းများသည် ဂဏန်း ၄ လုံး ကိုးကားချက်အတွက် ဖြစ်သည်ကို သတိပြုပါ။

အရောင်းအနေအထား ဖွင့်လှစ်ရန်အခြေအနေများ-

  • အထက်ပိုင်းအဆင့် 61.8 (ပြင်ပချန်နယ်၏အပေါ်ပိုင်းနယ်နိမိတ်) ကို စျေးနှုန်း ထိသောအခါ အရောင်း အနေအထားတစ်ခု ဖွင့်လှစ်ခဲ့သည်။

အရောင်းအဝယ် အား ဖွင့်သည့်/ပိတ်သည့် အခြေအနေများမှာ တူညီပါသည်။

မှတ်ချက်။ လက်ရှိလမ်းကြောင်း ၏ အဆုံးသတ်၌ ရှိသော Fibonacci indicator levels များကို  ဇယားချပ်တွင် ပြသထားသည်။ သို့သော် အဆင့်တစ်ဆင့်ချင်းစီအတွက် ၎င်းတို့၏ ကိုယ်ပိုင်အရောင်ကို သိရှိရန် ပိုမိုလွယ်ကူသည်။ ဥပမာအားဖြင့် ဤနည်းဗျူဟာတွင် လွန်ကဲအဆင့်ဖြစ်သော Fibonacci levels 61.8 သည် အနီရောင်ဖြစ်သည်။

MA Channels FIBO ဖြင့် ဗျူဟာကို အသုံးပြုခြင်း၏ ထူးခြားချက်များ-

  1. ၁။ Stop loss ကို ရည်ရွယ်ချက်ဖြင့် entry point နှင့် နီးသည့် အဆင့်တွင် သတ်မှတ်သည်။ ၎င်းသည် မကြာခဏ ဆိုသလို ထိတွေ့မှုများ ရှိလိမ့်မည်ဖြစ်သော်လည်း ချန်နယ်၏ လွန်ကဲသောနယ်နိမိတ်များမှ ချန်နယ် ၏ အလယ်ပိုင်း သို့ ဈေးနှုန်း ပြန်လှည့်လာခြင်းသည် ဆုံးရှုံးမှုအတွက် ပြန်ပေးခြင်း ဖြစ်ပါသည်။ 

    ၂၊ အကယ်၍ stop loss ထိခဲ့ပြီး  61.8 level မှထွက်လိုက်သည် ဆိုလျှင် trend လမ်းကြောင်းချန်နယ် အလယ်ပိုင်းသို့ ပြန်လည်ဦးတည်ပြီးနောက် ဖြစ်ပေါ်သော candle တွင် ကုန်သွယ်မှုတစ်ခု ဖွင့်မည် ဖြစ်သည်။

    ၃။ ချန်နယ် ၏ နယ်နိမိတ်ကို ဈေးနှုန်း ထိခြင်း ဆိုသည်မှာ ချန်နယ် ၏ အပြင်ဘက်တွင် ပိတ်သော candle body ကိုသာမက candle ၏ shadow ကိုပါ ဆိုလိုသည်။

လက်တွေ့လုပ်ဆောင်ရန်မှာ ဈေးနှုန်းဖြတ်သန်းခဲ့သည့် သမိုင်းတလျှောက်ရှိ အချက်အလက်များ အပေါ် အခြေခံပြီး  ဗျူဟာကို စမ်းသပ်ခြင်း သည် သာ အကောင်းဆုံး ဖြစ်ပါသည်။ 

2. လက်တွေ့နမူနာများ

ဥပမာ ၁

LiteFinance: 2. လက်တွေ့နမူနာများ

မြှားဖြင့်ညွှန်ပြထားသော candle သည် အချက်ပြ candle ဖြစ်သည်။ ၎င်းသည် 61.8 (အနီရောင် moving average) ၏ နယ်နိမိတ်လိုင်းအောက်တွင် ပိတ်ပါသည်။ ကျွန်ုပ်တို့သည် နောက်ဖြစ်ပေါ်သော candle တွင် ကုန်သွယ်မှု ဝင်လိုက်သည်။ အမှန်တော့ စျေးနှုန်းကျဆင်းသွားသော်ငြားလည်း (အချက်ပြ candle ဖြစ်ပေါ်ပြီး နောက် candle ) stop loss ကိုမဖြစ်ပေါ်စေပါ (Data Window သည် ဤ candle ၏ သတ်မှတ်ချက် parameters များကိုပြသထားသည်- အဖွင့်စျေးနှုန်း နှင့် shadow ၏ အဆုံးသတ် ကြား ကွာခြားချက်မှာ 1.2291 - 1.2266 = 25 ပွိုင့် ဖြစ်သည်)

  • အရေးကြီးသည်! မည်သည့်နည်းဗျူဟာမဆို မတူညီသော နည်းပညာပိုင်းခြားစိတ်ဖြာ ချဉ်းကပ်မှုများ ပေါင်းစပ်ပါဝင်သည်။ ဤနမူနာတွင် အပြာရောင်မြှားဖြင့်ညွှန်ပြထားသော candle သည် classic pin-bar pattern, ဖြစ်ပြီး ဖြစ်နိုင်ချေရှိသော ပြောင်းပြန်လှန်မှုကို  အတည်ပြုသည့် ပြောင်းပြန်လှန် candle ဖွဲ့စည်းပုံ ဖြစ်သည်။ အကယ်၍ ဤ candle ၏ shadow သည် ၃၀ ပွိုင့် ထက် ပိုရှည်သွားပါက (အရောင်းအဝယ် သည် stop loss ဖြင့် ပိတ်သွားမည်) ၊ ကျွန်ုပ်တို့သည် ထူးခြားချက် နံပါတ် ၂ အရ ဤအဆင့်တွင် အခြား အရောင်းအဝယ်တစ်ခုကို ဖွင့်မည်ဖြစ်ပြီး ဆုံးရှုံးမှုအားလုံး အတွက် အပြည့်အဝ ပြန်လည်ရယူရမည် ဖြစ်သည်။ .

မြှားစိမ်းဖြင့် ဖော်ပြထားသော ယခင်အချက်ပြမှု သည်လည်း ထိရောက်မှု ရှိခဲ့သည်။

ဥပမာ ၂

LiteFinance: 2. လက်တွေ့နမူနာများ

ဤသည်မှာ ထူးခြားချက် နံပါတ် ၂ ၏ ဥပမာတစ်ခုဖြစ်သည်။ ရှည်လျားအားကောင်းသော candle တစ်ခုသည် အထက်ပိုင်းအဆင့် 61.8 ကို ဖောက်တက်သွားပါသည်။ မြှားဖြင့်ပြသထားသော နောက်မှဖြစ်ပေါ်သည့် reversal candle ၌ ကျွန်ုပ်တို့သည် နည်းဗျူဟာ၏အခြေအနေများနှင့်အညီ အရောင်းအနေအထားကို ဖွင့်ပါသည်။ ကံမကောင်းစွာဖြင့် ၎င်း candle ၏ shadow (1.2643-1.2612 = 31) သည် stop loss ထိသွားသည်။ သို့သော် အဆင်ပြေပါသည်။ ဤနေရာတွင် ရှည်လျားသော အဆင်းလမ်းကြောင်း စတင်ပြီးနောက် pin bar တစ်ခုဖွဲ့စည်းခြင်းကိုလည်း တွေ့မြင်နိုင်သည်။

LiteFinance: 2. လက်တွေ့နမူနာများ

ဤသည်မှာ မှားယွင်းသောအချက်ပြခြင်း၏ ဥပမာတစ်ခုဖြစ်သည်။ ကျဆင်းနေသောအဖြူရောင်candle မှ စျေးနှုန်းကို ထိခဲ့သည်။ ကျွန်ုပ်တို့သည် အားကောင်းလာသော  နောက် candle တွင် အဝယ်အနေအထားကို ဖွင့်လိုက်သော်လည်း စျေးနှုန်းသည် ပြန်ကန်၍ တဖန် ပြန်လည်ကျဆင်းကာ အရောင်းအဝယ် မှာလည်း stop loss ဖြင့် ပိတ်သွားသည်။ 

မြင့်တက်လာမည့် နောက် candle တွင်သာ  နောက်ထပ် အရောင်းအဝယ်ကို (စျေးနှုန်းပြောင်းပြန်လှန်ပြီး နောက်) ဖွင့်ရမည်ဖြစ်သော်လည်း ၎င်းသည် ယုံကြည်စိတ်ချရလောက်အောင် အားကောင်းနေသည့် လမ်းကြောင်း၏ စတင်မှု မဟုတ်ပါ။ ဤကဲ့သို့သော အခြေအနေများသည် တစ်ခါတစ်ရံတွင် ဖြစ်ပေါ်တတ်သည် - ၎င်းတို့သည်မှန်းဆရန် ခက်ခဲသောကြောင့် မိမိအနေဖြင့် ဆုံးရှုံးနိုင်မှု အန္တရာယ်စီမံခန့်ခွဲမှုများ ထည့်သွင်းပြင်ဆင်ထားရမည် ဖြစ်သည်။

LiteFinance: 2. လက်တွေ့နမူနာများ

MA Channels FIBO ညွန်ပြချက် တို့ဖြင့် Forex Fibonacci ကုန်သွယ်မှုဗျူဟာ သည် စိတ်ဝင်စားစရာကောင်းပြီး ဤနေရာတွင် သင်သည် ချန်နယ် နယ်နိမိတ်များကြား စျေးနှုန်းလှုပ်ရှားမှုအတွက် သီးခြားနည်းဗျူဟာတစ်ခုကို တည်ဆောက်နိုင်သောကြောင့်ဖြစ်သည်။ စျေးနှုန်းသည် အရေးပါသော Fibonacci price level  မှ ပြန်ကန်တက်နိုင်ပြီး ၎င်းမှာ စျေးကွက်ထဲသို့ ဝင်ရောက်ရန် အချက်ပြမှုတစ်ခုဖြစ်သည်။ အခြားတစ်ဖက်တွင်မှု level ကို ချိုးဖျက်လိုက်ခြင်းမှာ စျေးနှုန်းသည် နောက်တစ်ဆင့် သို့ရောက်ရှိလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုသို့ပြန်ကန်တက်မှုများ၏ နမူနာများကို အပြာရောင်စတုဂံများဖြင့် ပုံတွင်ဖော်ပြထားသည်။ အကယ်၍ level ကို ထိတွေ့ခြင်း/ချိုးဖျက်ပြီးနောက် ဆန့်ကျင်ဘက် candle တစ်ခု ပေါ်လာပါက လမ်းကြောင်း၏ ဦးတည်ချက်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။ အကယ်၍ candle မပြောင်းလဲပါက လမ်းကြောင်းသည် နောက်တစ်ဆင့်သို့ ရွေ့သွားမည် ဖြစ်သည်။

ထိုပုံစံသည် အမြဲတမ်းမမြင်နိုင်သောကြောင့် ဤကဲ့သို့သော နည်းဗျူဟာသည် ကြီးစွာသော အန္တရာယ်များကို ဖြစ်စေပါသည်။ သို့သော်သင်သည် auxiliary indicators (သို့မဟုတ်) Price Action အစိတ်အပိုင်းများကို ဗျူဟာတွင် ပေါင်းထည့်ပါက ဆုံးရှုံးနိုင်မည့် အန္တရာယ်ကို လျှော့ချနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သော နည်းဗျူဟာ တည်ဆောက်နိုင်ခြေကို comments တွင် ဆွေးနွေးကြပါစို့။

ကုန်သွယ်မှုတွင် Fibonacci အသုံးပြုခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

၎င်းတို့အား ဇယားတစ်ခုအဖြစ် ပုံဖော်ပြသပါမည်။

အားသာချက်များအားနည်းချက်များ
တိကျမှုကိုဆုံးဖြတ်သည့် Pivot အမှတ်အစမှတ်ကို သတ်မှတ်ရန် ခက်ခဲခြင်း
ဘက်စုံ အသုံးပြုနိုင်ခြင်း  မှားယွင်းသောအချက်ပြမှုများ
စျေးကွက် သဘောထား ၏ တိကျသောပြသမှုEAs များတွင် အသုံးမပြုနိုင်ခြင်း

အားသာချက်များ-

  • တိကျမှုကိုဆုံးဖြတ်သည့် အရေးပါသောအမှတ်(Pivot Point)။ ၎င်းတို့သည် အစောပိုင်း levels များတွင် ဖြစ်ပေါ်သော စျေးနှုန်းပြောင်းပြန်လှန်မှုများ ၏ အခိုက်အတန့်များ (သို့မဟုတ်) နောက်ပိုင်း levels များတွင် ဖြစ်ပေါ်နိုင်သော trend လမ်းကြောင်း ဦးတည်ချက် ပြောင်းလဲမှုများ ကို မှန်ကန်သော သတ်မှတ်ချက် ဖြင့် တိကျစွာဆုံးဖြတ်နိုင်သည်။ 
  • ဘက်စုံ အသုံးပြုနိုင်ခြင်း။ ဤကိရိယာကို မည်သည့်စျေးကွက် မည်သည့် အချိန်ကာလအပိုင်းအခြား နှင့်မဆို အသုံးပြုနိုင်သည်။ သို့သော် သတိပေးချက်တစ်ခု ရှိပါသည်။ အချိန်ကာလ မြင့်မားလေ အချက်ပြမှုများ ပိုမိုတိကျလေဖြစ်သည်။ Fibonacci သည် scalpers များအတွက်  M1 နှင့် M5 တွင်အလုပ်လုပ်သော အကောင်းမွန်ဆုံး ကိရိယာ တစ်ခုဖြစ်သော်လည်း စျေးနှုန်း အလှုပ်အခတ်များခြင်းကြောင့် အမှားအယွင်းများ ကိုဖြစ်ပေါ်စေသည်။
  • စျေးကွက်သဘောထား၏တိကျသောပြသမှု။ နည်းပညာဆိုင်ရာ အညွှန်းကိန်းအများစုသည် ယခင်ကာလများ၏ ပုံစံများကို ထင်ဟပ်စေသည့် ဖော်မြူလာတစ်ခုအပေါ် အခြေခံထားကြသည်။ Fibonacci levels များကို သင်္ချာနည်းကျ အယ်လ်ဂိုရီသမ် (mathematical algorithm)နှင့် အများစု ၏ စိတ်နေသဘောထား - ဤနှစ်ခုလုံးပေါ်တွင် အဓိကအခြေခံ၍ တည်ဆောက်ထားသည်။ Fibonacci ကုန်သွယ်မှုစနစ် ကိုတည်ဆောက် သည့်အခါ ၎င်းအချက်တို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။

အားနည်းချက်များ-

  • စတင်မှတ်ကို သတ်မှတ်ရန်ခက်ခဲခြင်း။ လမ်းကြောင်းတစ်ခုသည် ဘေးတိုက်ရွေ့လျားမှု မရှိဘဲ ပြီးပြည့်စုံမည် မဟုတ်ပါ။ ဘေးတိုက်ရွေ့လျားခြင်းမှ ထွက်သွားသည့်အချိန်၌ပင် အစမှတ်ကိုဆုံးဖြတ်ရန် တစ်ခါတစ်ရံ ခက်ခဲသည်။
  • မှားယွင်းသောအချက်ပြမှုများ။ ဤကိရိယာတွင် မှားယွင်းသောအချက်ပြမှုများ ဖြစ်ပွားတက်သော အချက်အလက် များစွာရှိသည်။ အချက်ပြများမှာ မမှန်သကဲ့သို့ မှားယွင်းနေသည်လည်း မဟုတ်ပါ ။ စျေးနှုန်းသည် သတ်မှတ် level သို့ ရောက်ရှိခြင်း မရှိဘဲ နောက်ပြန်လှည့်ခြင်း သို့မဟုတ် သတ်မှတ် level ကို ဖောက်ပြီးနောက် မှ အလယ်ဇုန် သို့ ပြန်လှည့်သွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
  • EAs များတွင် အသုံးမပြုနိုင်ခြင်း။ EA ကုဒ်အတွင်းသို့ အလိုအလျောက် ဂရစ်ကွက် တည်ဆောက်မှု algorithm တစ်ခုရေးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ကိရိယာကို အယ်လ်ဂိုရီသမ်နည်းဗျူဟာ (algorithmic strategies) များတွင် အသုံးမပြုနိုင်ပါ။

Fibonacci grid သည် ဇယားချပ်အား ဇုန်များစွာအဖြစ် ပိုင်းခြားပေးသည့် ဖြည့်စွက် ကိရိယာတစ်ခုဖြစ်သည်။ ဤဇုန်များသည် ပြောင်းပြန်လှန်နိုင်ခြေ ရှိသည့် correction level (သို့မဟုတ်) ဆက်လက်ဖြစ်ပေါ်နိုင်ခြေရှိသည့် လမ်းကြောင်းသစ်ဦးတည်ချက် တစ်ခုအဖြစ် အနည်းနှင့်အများ ဆိုသလို ထင်ဟပ်စေမည် ဖြစ်သည်။ ဥပမာအားဖြင့် correction ပြောင်းပြန်လှန်ခြင်း၏ အကြီးမားဆုံး ဖြစ်နိုင်ခြေမှာ 23.6% -38.2% ဇုန်တွင်ဖြစ်သည်။ သို့သော် အဆိုပါအချက်သည် သတ်မှတ်ချက် မဟုတ်ပါ။ လမ်းကြောင်းပြညွှန်ကိန်းများ၊ oscillators များနှင့် patterns များကို အသုံးပြုရန်လည်း သတိရပါ။

Fibonacci retracement ၏ အမေးများသော မေးခွန်းများ

ဤ levels များသည် သင်္ချာ ကိန်းစဉ် အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ကြားအကွာအဝေးများ ဖြစ်သည်။ ၎င်း level များသည် ခိုင်မာသော ပံ့ပိုးမှု support နှင့် ခုခံမှု resistance level များအဖြစ် လုပ်ဆောင်သည်။ Correction ပြုလုပ်သည့်အချိန် ၎င်းတို့အား ဖောက်ထွက်မှုသည် ပြင်းထန်သော ပြောင်းပြန်ရွှေ့လျားမှု ရှိနေခြင်းကို ဆိုလိုပါသည်။ ထို့အပြင် correction ပြင်ဆင်ချက်၏ အဆုံးနှင့် ပင်မလမ်းကြောင်း၏ ဦးတည်ချက်တွင် စျေးနှုန်းပြောင်းပြန်လှန်မှုသည် ဤ level များတွင် ဖြစ်ပေါ် နိုင်သည်။

  1. Correction ပြင်ဆင်ချက် အဆုံးတွင် အကောင်းဆုံးစျေးနှုန်းဖြင့် အရောင်းအ၀ယ်များ ပြုလုပ်ရန်အတွက် ၎င်းတို့ကို အသုံးပြုပါ။
  2. အရှုံးသတ်မှတ်ရန်၊ အမြတ်ရယူရန်(သို့မဟုတ်) pending orders များအတွက် လမ်းညွှန်ချက် များအဖြစ် ၎င်းတို့ကို အသုံးပြုပါ။
  3. Correction ပြင်ဆင်ချက် ရွေ့လျားမှု၏ လမ်းကြောင်းအတိမ်အနက် နှင့် လမ်းကြောင်း အသစ်ပြောင်းပြန်လှန်မှုသို့ အကူးအပြောင်းဖြစ်နိုင်ခြေကို အကဲဖြတ်ရန် ၎င်းတို့ကို အသုံးပြုပါ။
  4. ချန်နယ်နယ်နိမိတ်များမှ ခွဲထွက်ခြင်း(သို့မဟုတ်) ပြန်တက်လာခြင်းတို့တွင် အရောင်းအဝယ် ပြုလုပ်ရန် စျေးနှုန်းရွေ့လျားမှု ချန်နယ်များကို တည်ဆောက်ပါ။

တခြားဈေးကွက်များတွင်ကဲ့သို့ အလားတူပင်ဖြစ်သည်။ ဤကိရိယာသည် စတော့ရှယ်ယာ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ခရစ်ပတိုငွေကြေး နှင့် ကုန်စည်စျေးကွက်များတွင်လည်း တူညီစွာ သက်ရောက်မှုရှိသည်။ စျေးနှုန်းလှုပ်ရှားမှု၏ သဘောသဘာဝတွင်သာ ခြားနားချက်များ ရှိပါသည်။ နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်များ တွင် တိုတောင်းသော လမ်းကြောင်းများနှင့် ဈေးနှုန်း အတက်အကျများခြင်း စသည့် သွင်ပြင်လက္ခဏာများရှိပြီး အရောင်း နှင့် အဝယ် ကြား အဆက်မပြတ် လွန်ဆွဲမှုများ ရှိနေပါသည်။ စတော့ဈေးကွက်များတွင် စီးပွားရေး ဆိုင်ရာအခြေခံအချက်များဖြင့် ကျောထောက်နောက်ခံ ပြုထားသည့် သေးငယ်သော correction ပြင်ဆင်ချက်များ နှင့် ကာလရှည်ကြာသော လမ်းကြောင်းများရှိသည်။ နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်များတွင် စျေးနှုန်းပြောင်းပြန်လှန်မှုများ မကြာခဏ ဖြစ်ပေါ်ခြင်းသည် 38.2-61.8% အကွာအဝေး အတွင်းတွင် ရှိပြီး စတော့ရှယ်ယာဈေးကွက်တွင်မူ 23.6-38.2% အကွာအဝေး အတွင်းဖြစ်သည်။

  1. ဇယားချပ်တွင် အတက်လမ်းကြောင်း(သို့မဟုတ်)အဆင်းလမ်းကြောင်း ကို ရှာဖွေပါ။ ညွှန်ပြချက်သည် ဘေးတိုက်ရွေ့လျားခြင်းတွင် အလုပ်မလုပ်ပါ။ H1 ကာလအတွက်ဆိုလျှင် ၂ပတ်-၃ပတ် ထက်မပိုသော ဇယားချပ်ဖြင့် ခွဲခြမ်းစိတ်ဖြာပါ။
  2. Trend လမ်းကြောင်း၏ အစမှတ်ကို ရှာပါ။ အတက်လမ်းကြောင်းတစ်ခုအတွက် သုံးသပ်ကိုးကားထားသည့် candle ၏ အနိမ့်မှ ဇယားကွက်ကိုတည်ဆောက်ရမည် ဖြစ်သည်။ အဆင်းလမ်းကြောင်းအတွက်ဆိုလျှင် - အမြင့်မှဖြစ်သည်။
  3. Trend လမ်းကြောင်း မပြီးဆုံးသေးပါက လက်ရှိလမ်းကြောင်း၏ အဆုံးမှတ် (သို့မဟုတ်)လက်ရှိလွန်ကဲနေသောအမှတ်ထိ ဇယားကွက်ကို ဆွဲဆန့်ပါ။ အထက်သို့ ရွေ့လျားမှုအတွက် နောက်ဆုံး candle ၏ အမြင့် နှင့် အောက်သို့ရွေ့လျားမှုအတွက် နောက်ဆုံး candle ၏ အနိမ့် ကို ရွေးချယ်ပါ။ လက်ရှိသွားနေသောလမ်းကြောင်း အတိုင်း လိုက်လိုလျှင် ဂရစ်ကို ဆွဲဆန့်ပါ။

သင်္ချာဥပဒေများကို လိုက်နာသော အဆုံးမရှိသည့် ကိန်းဂဏာန်းအစီအစဉ်တစ်ခုဖြစ်သည်။ ဤပုံစံများထဲမှတစ်ခုသည် လမ်းကြောင်းပြောင်းပြန်လှန်မှုများ အများဆုံးဖြစ်ပွားလေ့ရှိသည့် ဇယားကွက် levels တစ်ခုကို တည်ဆောက်နိုင်ခွင့်ရှိသည်။ ဤ levels များကို swing trading ၊ အရောင်းအဝယ် ရပ်တံ့အမှတ်သတ်မှတ်ခြင်း နှင့် resistance/support များတွင် ကုန်သွယ်ခြင်းတို့တွင် အသုံးပြုသည်။ ဤ levels များအပေါ်အခြေခံ၍လည်း correction ပြင်ဆင်ချက် နှင့် လမ်းကြောင်း ဆက်ခြင်းတို့အတွက် ဖြစ်နိုင်ဖွယ် ပစ်မှတ်ဈေးတန်းများကို ဆုံးဖြတ်နိုင်ပါသည်။

Fibonacci ဂဏာန်းစီးရီးမှ မည်သည့် ရှေ့ကိန်းဂဏာန်းကို မဆို နောက် ကိန်းဂဏာန်း ဖြင့် စားခြင်းဖြင့် တွက်ချက်နိုင်သည်။ ။ ဥပမာ ကျွန်ုပ် တို့တွင် အောက်ပါ ကိန်းစဉ်အစိတ်အပိုင်း တစ်ခု ရှိနေသည် - 21, 34, 55, 89:

  • 21/34 = 0.618, level 61.8%.
  • 21/55 = 0.382, level 38.2%.
  • 21/89 = 0.236, level 23.6%.

    ဖြည့်စွက် levels:

    • ပျမ်းမျှအဆင့်သည် 50% ဖြစ်သည်။ ပျမ်းမျှအားဖြင့် correction ပြင်ဆင်ချက် ၏ အတိမ်အနက်သည် ပင်မလမ်းကြောင်းအရှည်၏ သုံးပုံတစ်ပုံ မှ နှစ်ပုံတစ်ပုံ အထိ (⅓ to ½ ) ဖြစ်သည်ဟု ယုံကြည်ကြသည်။
    • 76.4% သည် 61.8% ၏ နှစ်ထပ်ကိန်းဖြစ်သည်။ ဤအဆင့်ကို "နောက်ဆုံး နားခိုရာ အရပ်" ဟုခေါ်သည်။ ၎င်းအား ဖောက်ထွက်မှုသည် ပင်မလမ်းကြောင်း ဆက်လက်တည်ရှိနေမည် မဟုတ်ခြင်း ကို ဆိုလိုသည်။

  1. Correction ပြင်ဆင်ချက်၏ ဖြစ်နိုင်ခြေအရှိဆုံး အဆုံးမှတ်ကိုဖော်ထုတ်ပါ။ Correction ပြီးဆုံး၍ ပင်မ ဈေးနှုန်းရွေ့လျားမှု ပြန်လည်စတင်သည့် အားအကောင်းဆုံး အဆင့်မှာ 38.2% ဖြစ်သည်။
  2. Trend လမ်းကြောင်း ဦးတည်ချက် ပြောင်းလဲမှုကို အတည်ပြုပါ။ Correction ရွေ့လျားမှု မှ 50% level ကို ဖောက်ထွက်မှုသည် correction အနေအထားမှ ပြောင်းပြန်လမ်းကြောင်းအဖြစ်သို့ ပြောင်းလဲသွားကြောင်း အချက်ပြသည်။ အချက်ပြအတည်ပြုချက်သည် 61.8% အား ဖောက်ထွက်ခြင်း ဖြစ်သည်။
  3. Scalping နှင့် swing ပုံစံဖြင့် ကုန်သွယ်သော ဗျူဟာများ တွင် ကုန်သွယ်မှု နေရာများကို သတ်မှတ်ထားရှိပါ။ စျေးနှုန်းသည် ပင်မရွေ့လျားမှု သို့ ခုန်တက်သောအခါ၊ ဥပမာ၊ 38.2% နေရာတွင် ကုန်သွယ်မှုဝင်ရောက်လျှင် အမြတ်ကို 23.6% သို့မဟုတ် လမ်းကြောင်းပြောင်းပြန်လှန်မှု ၏ အစ တွင် သတ်မှတ်ပါ။ Stop loss ကို 50% တွင်ထားပါ။

Fibonacci extension ကို Elliott Wave Theory အရ လမ်းကြောင်း ရွေ့လျားမှု၏ ရေရှည် ခန့်မှန်းချက်အတွက် အသုံးပြုသည်။

Trend လမ်းကြောင်းအတိုင်း လိုက်ရန် ဂရစ်ကွက်ကို လိုက်ရွှေ့ပါ

  1. Trend လမ်းကြောင်းသစ်တစ်ခု၏အစကို စောင့်ပါ - ရွေ့လျားမှု လျော့ပါးပျက်ပြယ်လာခြင်း သို့မဟုတ် ဘေးတိုက်ရွေ့လျားခြင်းမှ ထွက်ပြီးနောက်ဖြစ်ပေါ်သော ဦးတည်ချက် ပြောင်းလဲမှု ကို ဆိုလိုသည်။
  2. ပထမ correction ပြင်ဆင်ချက်ပေါ်လာသည့်အခိုက်တွင် trend လမ်းကြောင်း ၏အစမှ ၎င်း၏ လွန်ကဲအမှတ် အထိ ဂရစ်ကွက်တစ်ခုတည်ဆောက်ပါ။
  3. အရေးပါသော correction level များ၌ correction ပြီးဆုံးသည့်အချိန်ကို စောင့်ကြည့်ပြီး အရောင်းအ၀ယ်ဖွင့်ပါ။
  4. Trend လမ်းကြောင်း တလျှောက် လွန်ကဲမှုရှိသော အမှတ်သစ်များပေါ်လာသောအခါ၊ 0% ကို ၎င်းအမှတ်များဆီသို့ ရွှေ့၍ ဇယားကွက်ကို ဆွဲဆန့်ပါ ။
  5. Correction ပြင်ဆင်ချက်သည် 61.8% ကို ဖြတ်သွားသောအခါ ၎င်းကို လမ်းကြောင်းသစ် တစ်ခုဟုမှတ်ယူ၍ Fibonacci ဂရစ်ကွက်ကို အဆိုပါ ဦးတည်ချက်တွင် ပြန်လည် တည်ဆောက်ပါ။

မှန်ပါသည်။ အခြေအနေအများစုတွင် အလုပ်လုပ်ပါသည်။ ၎င်းသည် သင်္ချာယန္တရားပေါ်တွင် သာမက အများစု ၏ စိတ်နေသဘောထား အပေါ်တွင်လည်း အခြေခံထားသည်။ ကုန်သည်များစွာသည် Fibonacci levels များ၊ ချန်နယ်များနှင့် fan များကို အရောင်းအဝယ် ရပ်တံ့ရန်၊ အမြတ်အစွန်းများရယူရန်နှင့် pending orders များပြုလုပ်ရန်အတွက် အသုံးပြုကြသည်။

ထို့ကြောင့် resistance နှင့် support ၏ အရေးပါသော levels များတွင် ကုန်သွယ်မှု အမှာစာ (orders) များ စုစည်းနေသည့် အတွက် သင် သည် အဆိုပါ ဇုန်များကို အားသာချက် တစ်ခု အနေဖြင့် အသုံးချနိုင်သည်။ Fibonacci retracement သည် စီးပွားရေးဆိုင်ရာ သတင်းထုတ်ပြန်ချိန် (သို့မဟုတ်) စျေးကွက်ဖန်တီးသူများ၏ စျေးကွက်အပေါ် လွှမ်းမိုးလာသည့် အခြေအနေများတွင် အချက်ပြရန် "ပျက်ကွက်မှု" ရှိနိုင်သည်။

  1. သေးငယ်သောအချိန်ဘောင် - M15-H1 ကိုသတ်မှတ်ပါ။
  2. အောက်ပါအကြောင်းအရာများ ဖြစ်ပေါ်လာသည့်အထိ စောင့်ဆိုင်းပါ-
    • Trend လမ်းကြောင်းရှိ local correction ။ Correction ပြီးဆုံးပြီးနောက် ပင်မစျေးနှုန်း ရွေ့လျားမှု သည် အနီးဆုံး Fibonacci level ကို ဖြတ်သွားပါက ကုန်သွယ်မှု ဖွင့်လှစ်ပါ။ စျေးနှုန်းရွေ့လျားမှု ၏ နောက်တဆင့်တွင် အမြတ်နေရာ သတ်မှတ်ပါ ။
    • ဘေးတိုက် ရွေ့လျားခြင်း၊ ဘေးတိုက် ရွေ့လျားခြင်း မှ ထွက်ခြင်း ။ Trend လမ်းကြောင်း စတင်ကြောင်း အတည်ပြုချိန်တွင် အရောင်းအဝယ် ကို ဖွင့်ပါ။ Fibonacci levels အလိုက် ရည်ရွယ်ရမည့် အမြတ်အစွန်းနေရာများကို သတ်မှတ်ပါ။
    • လက်ရှိလမ်းကြောင်း နှေးကွေးလာခြင်း၊ ပြောင်းပြန်လှန်ခြင်း။ Oscillator နှင့် patterns များမှ ပြောင်းပြန်လှန်အချက်ပြမှုကို စောင့်ပါ။ ပြောင်းပြန်လှန်ခြင်း ၏ ဦးတည်ချက်တွင် စျေးနှုန်းသည် 50%(သို့မဟုတ်)61.8% ကို ကျော်သွားပြီးနောက် အရောင်းအဝယ် ကိုဖွင့်ပါ။

အခြေအနေအရပ်ရပ်တိုင်းတွင် အရောင်းအဝယ်အား ဈေးကွက်ထဲ၌ နာရီအနည်းငယ်ထက် မပိုပါစေနှင့် ။

Fibonacci trading summary

1. Use the Fibonacci lines as follows:

  • Find a fading trend or a flat. Wait for the beginning of the trend reversal or its exit from the flat.
  • Wait for the first correction, apply the Fibonacci grid. Pull it up as new extremes appear.
  • To enter the market, wait for a rollback to the levels of 23.6%, 38.2%, or 50%. If the price goes to the 61.8% level, wait - perhaps this is the beginning of a new trend.

2. Use the Fibonacci extension to determine your take profit targets. But before that, study Elliott Wave Theory.

3. Apply the grid only to trending strategies and only as an additional confirmation tool.

4. Use the following rules for opening a trade:

  • Aggressive strategy: entering the market at the moment of touching the correction, placing pending orders in different directions on both sides of the key levels 38.2% and 61.8%.
  • Conservative strategy: the preliminary signal is a breakout by the correction of the Fibonacci level. The main signal: the end of the correction, the price reversal in the direction of the main direction, a repeated breakout of the same level in the opposite direction.
  • Conservative strategy for a new trend: opening a position in the new price direction after a breakout of the 61.8% level.

5. Use the following rules for exiting:

  • Aggressive strategy: close 50% of the trade upon reaching the beginning of the correction (0% level), secure 50% of the trade with a trailing stop of length equal to the distance between the 0% and 23.6% level in points.
  • Aggressive strategy: set take profit based on the extension levels.
  • Conservative strategy: close a trade when the price reaches the opposite level. For example, if a trade is opened at 38.2%, it should be closed at 23.6%.

6. Use the following rules for setting stop loss:

  • Set a stop loss at 1-3 points behind the level opposite from the trade opening point (the nearest local extremum).

Don't be afraid to experiment. There are no standard rules for using a particular tool correctly. This review is just a theoretical basis intended to introduce you to the concept of Fibonacci levels and the options for their application. Only by applying it in practice and closing positions in profit you will be able to understand the principles of working with it.

For those who want to get even deeper into using the Fibonacci number series in technical analysis tools and the Elliott Wave Theory, I recommend these best Fibonacci trading books:

  1. Robert Fischer Fibonacci Sequence: Applications and Strategies for Traders.
  2. Carolyn Boroden Fibonacci Trading: How to Master the Time and Price Advantage.

Try your hand in trading Fibonacci levels - open the LiteFinance cabinet here. No registration is required! If you have any questions, ask them in the comments.

Good luck!


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

လက်တွေ့ဈေးကွက်အချိန်ရှိ GBPUSD ၏စျေးနှုန်းဇယား

Fibonacci retracement ဆိုတာ ဘာလဲ? ဤ ညွှန်ပြချက်ကိုအသုံးပြု၍ ကုန်သွယ်မှုကို မည်သို့ ပြုလုပ်မည် နည်း ?

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat