ADR indicator သည် တိကျသော ရွေ့လျားမှုအချက်အလက် များအပေါ်တွင် အခြေခံပါသည်။ ကုန်သည်တဦးသည် ၎င်းတို့ကို အသုံးပြုခြင်းအားဖြင့် ဝင်ငွေအလားအလာကို တိုးမြှင့်နိုင်သည်။ ဤညွှန်ပြကိရိယာသည် ဇယားအတွင်း ယခင်ကုန်သွယ်မှုကို အမြတ်ဖြင့်ပိတ်သိမ်းကာ၊ ကုန်သွယ်မှု အသစ်များဖွင့်လှစ်သင့်သော levels များကို ပြသပါသည်။

ဤဆောင်းပါးတွင် EURUSD အတွဲအတွက် ညွှန်ပြမှုဖော်မြူလာနှင့် ADR တန်ဖိုးတွက်ချက်ခြင်းအပါအဝင် ရေပန်းအစားဆုံးနည်းဗျူဟာများကို ဖော်ပြပေးထားပါသည်။ ထို့အပြင် ATR နှင့် IR indicators များကြားမှ ကွဲပြားမှုများကိုလည်း ခွဲခြားပြသထားပြီး၊ အသုံးပြုရန် အကြံပြုချက်များလည်း ပါဝင်ပါသည်။ ဤဆောင်းပါးကိုဖတ်ရှုခြင်းအားဖြင့် Average Daily Range ဆိုသည်မှာ အဘယ်နည်း၊ Forex ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုတွင် ၎င်းကို မည်သို့အသုံးချရမည်နည်း အစရှိသော မေးခွန်းများအတွက် အဖြေကို ရရှိနိုင်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက ကောက်နုတ်ချက်များ

  • ADR (Average Daily Range) ညွှန်ပြချက်သည် ကုန်သွယ်သည့် တနေ့တာတွင် ပျမ်းမျှစျေးနှုန်းရွေ့လျားမှုကို ပြသသည်။
  • ADR ကို မတည်ငြိမ်မှု ခန့်မှန်းရန်နှင့် ရည်ရွယ်ချက်ဈေးတန်းများကို ဆုံးဖြတ်ရန် အသုံးပြုသည်။
  • ၎င်းသည် Take-Profit နှင့် Stop-Loss အော်ဒါများကို သတ်မှတ်ရန် ကူညီပေးသည်။
  • ၎င်းသည် နိမ့်ပါးသော အချိန်ကာလသတ်မှတ်ချက်များရှိ တနေ့တာကုန်သွယ်မှုအတွက် သင့်လျော်သည်။
  • ညွှန်ပြချက်ကို MetaTrader 4 နှင့် MetaTrader 5 ပလပ်ဖောင်းများတွင် ရနိုင်ပါသည်။
  • ကွာဟချက်မရှိဘဲ နေ့စဉ်အကွာအဝေးကိုသာ ထည့်သွင်းစဉ်းစားသည့်အတွက် ATR နှင့် ကွာခြားသည်။
  • ၎င်းကို အခြားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုညွှန်ပြချက်များနှင့် ပေါင်းစပ်ပြီး အသုံးပြုပါက ထိရောက်မှုရှိပါသည်။

Average Daily Range (ADR) ဆိုသည်မှာ အဘယ်နည်း။

ADR (Average Daily Range) indicator သည် ATR (Average True Range) indicators အမျိုးအစားများစာရင်းတွင်ပါဝင်ပြီး၊ အမည်၏ ဆိုလိုရင်းအတိုင်း ဘဏ္ဍာရေးဈေးကွက်အတွင်းမှ ပိုင်ဆိုင်မှုတခု၏ နေ့စဉ်ပျှမ်းမျှမတည်ငြိမ်မှုကို ပြသပါသည်။ အခြားသော နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြကိရိယာများ အားလုံးနည်းတူ၊ ကုန်သည်၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် ADR သည် ၎င်း၏တွက်ချက်မှုများတွင် ပျမ်းမျှခြင်းဖော်မြူလာကို အသုံးပြုပါသည်။

ဝယ်ယူရန် သို့မဟုတ် ရောင်းချရန်အတွက် အမျှော်အမြင်ရှိသော ဆုံးဖြတ်ချက်တခု ပြုလုပ်သောအခါ ကုန်သွယ်ရေးပစ္စည်းတွင် သိုလှောင်ထားသောအားအင် မည်မျှကျန်ရှိသည်ကို သိရှိထားရန် လိုအပ်ပါသည်။ ၎င်းအဆိုသည် အထူးသဖြင့် တနေ့အတွင်းကုန်သွယ်သူ (day traders) များအတွက် ပို၍မှန်ကန်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ကုန်သွယ်မှုအနေအထားတခုကိုမဖွင့်မီ ကုန်သွယ်မည့်ပိုင်ဆိုင်မှု၏ ဈေးနှုန်းသည် ပွိုင့်မည်မျှ မြင့်တက်၊ ကျဆင်းနိုင်သည်ကို သိနားလည်ထားရန် လိုအပ်သောကြောင့်ဖြစ်သည်။

ဤသတင်းအချက်အလက်အား Average Daily Range indicator ကို အသုံးပြုခြင်းအားဖြင့် လေ့လာသိရှိနိုင်ပါသည်။ ၎င်းသည် လိုအပ်သော တွက်ချက်မှုများကို ဆောင်ရွက်ကာ၊ ထိုကုန်သွယ်ရက် အတွက် ကျန်ရှိသောအကွာအဝေးကို အဆင်ပြေသော ဇယားကွက် သို့မဟုတ် ဂရပ်ဖစ်ပုံစံ ဖြင့် ပြသပေးပါသည်။ Indicator ၏ အချို့သောဗားရှင်းများသည် တူညီသောနည်းလမ်းဖြင့် တွက်ချက်ထား သည့် တပတ်တာနှင့် တလတာ support နှင့် resistance levels များကိုလည်း အပိုဆောင်းပြသပေးပါသည်။ ဤ indicator အား မည်သည့် ဘဏ္ဍာရေးကိရိယာ အတွက်မဆို အသုံးပြုနိုင်ပါသည်။

Average Daily Range အား မည်သည့် timeframes တွင်မဆို ပြသပါသည်။ သို့သော် indicator နှင့်တွဲဖက်အသုံးပြုရန် အကောင်းဆုံး timeframes များမှာ M15၊ M30 နှင့် H1 တို့ ဖြစ်ကြပါသည်။ ပိုမိုတိုတောင်းသော အချိန်အပိုင်းအခြားများတွင် တရက်တာအတွက် ဈေးကွက်၏ ယေဘုယျရုပ်ပုံ ပျောက်ဆုံးနေနိုင်ပါသည်။ ပိုမိုရှည်လျားသော အချိန်အပိုင်းအခြားများတွင် ပျမ်းမျှနေ့စဉ်ရွေ့လျားမှုကို မြင်တွေ့ရန် ခဲယဉ်းနိုင်ပါသည်။

ADR indicator ကို အသုံးပြုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လက်ရှိဈေးကွက်အခြေအနေကို အကဲဖြတ်ရန်ဖြစ်သည်။ အခြားတနည်းဖြင့်ဆိုရသော် အကယ်၍ ပိုင်ဆိုင်မှု‌၏ဈေးနှုန်းသည် သတ်မှတ်ထားသော ပွိုင့်အရေအတွက်ကို ကျော်ဖြတ်သွားသောအခါ၊ ဤ indicator သည် ကုန်သွယ်မှုတခု စတင်ဖွင့်လှစ်ရန် သင့်မသင့်ကို ကူညီဆုံးဖြတ်ပေးပါသည်။ ၎င်းကို အမြတ်ပစ်မှတ်များသတ်မှတ်ရန် အတွက်လည်း အသုံးပြုနိုင်ပါသည်။

ခန့်မှန်း‌ခြေအားဖြင့် အချိန်စုစုပေါင်း၏ ၈၀% ခန့်တွင် ‌ပိုင်ဆိုင်မှုများ၏ဈေးနှုန်းများသည် ၎င်းတို့၏ average daily range အတွင်း၌သာ ရွေ့လျားပါသည်။ ကျန် ၂၀% ခန့်တွင် ပိုင်ဆိုင်မှုသည် ADR ကိုကျော်လွန်၍ ရွေ့လျားလေ့ရှိသည်။ ထို့ကြောင့် ကုန်သည်တဦးအတွက် နေ့စဉ်အမြတ်ပစ်မှတ်များကို ပိုင်ဆိုင်မှု၏ နေ့စဉ်ပျမ်းမျှရွေ့လျားမှုအတွင်းသတ်မှတ်ခြင်းဖြင့် အကျိုးရှိနိုင်ပါသည်။ ဤဖြစ်စဉ်မျိုးတွင် ကုန်သွယ်မှုအား take profit ဖြင့်ပိတ်သိမ်းရနိုင်ခြေ ပို၍များပါသည်။ ကုန်သည်များစွာသည် ADR indicator levels များအနီး အမြတ်ပစ်မှတ်များကို သတ်မှတ်ကြပြီး၊ ဈေးနှုန်းသည် ADR ၏ ကျန်ရှိသော ၂၀% အနီးသို့ ချဉ်းကပ်ချိန်မျိုးတွင် ကုန်သွယ်မှုမပြုရန် ရွေးချယ်ကြသည်။

အမှန်စင်စစ်၊ ADR indicator သည် ယခင်စွမ်းဆောင်ရည်ကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့်၊ ပိုင်ဆိုင်မှုတခု၏ဈေးနှုန်းတွင် ပျမ်းမျှအားဖြင့် တရက်အတွင်း ပွိုင့်မည်မျှ အပြောင်းအလဲဖြစ်နိုင်သည်ကို ပြသပါသည်။‌ ပုံမှန်အားဖြင့် indicator သည် လွန်ခဲ့သော ရက် ၂၀ အတွင်းမှ အချက်အလက်များကို ထည့်သွင်းစဉ်းစားပါသည်။

ဤညွှန်ပြကိရိယာသည် အောက်ပါတာဝန်များကို လုပ်ဆောင်ပေးပါသည်။

  • ကုန်သွယ်ရက်တရက်အတွက် ဈေးနှုန်းရွေ့လျားမှု အကန့်အသတ်ကို တွက်ချက်ပေးပါသည်။

  • အလားအလာရှိသော support/resistance levels များ (ဈေးကွက်ရောင်းလိုအား/ဝယ်လိုအား) ကို သတ်မှတ်ပေးပါသည်။

  • ပြောင်းလဲနေသော အမြင့်၊ အနိမ့် တန်ဖိုးများကို ဆုံးဖြတ်ပေးပါသည်။

  • ကုန်သည်၏ တောင်းဆိုချက်အရ ပိုမိုရှည်လျားသော timeframes များအပေါ်အခြေခံ၍ အပိုဆောင်း support/resistance levels များကို ရေးဆွဲပေးပါသည် (indicator ဗားရှင်းအားလုံးတွင် မရရှိနိုင်ပါ)။

  • ဖြစ်နိုင်‌ခြေရှိသော take profit levels များကို ရှာဖွေဖော်ထုတ်ပေးပါသည်။

MetaTrader4 ကုန်သွယ်ရေးဇယားအတွင်းရှိ ADR indicator -

LiteFinance: Average Daily Range (ADR) ဆိုသည်မှာ အဘယ်နည်း။

ADR ကို မည်သို့တွက်ချက်ရမည်နည်း။

ADR ကို မတွက်ချက်မီ၊ သတ်မှတ်ချက်အချို့ကို အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်ပါသည်။

  • Price range (Daily Range, DR) သည် ကုန်သွယ်ရက်တရက်အတွင်း အနည်းဆုံးဈေးနှုန်းမှ အများဆုံးဈေးနှုန်းအထိ ကျော်လွန်သွားသည့် ‌တန်ဖိုးတခုဖြစ်သည်။ ဤတန်ဖိုးသည် ကုန်သွယ်ရက်၏ အဖွင့်နှင့်အပိတ်ဈေးနှုန်းများကြားမှာ အကွာအဝေးနှင့် မတူညီသည်ကို သတိပြုပါ။

  • Average Daily Range (ADR) သည် ယခင်ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ခဲ့သော ရက်အရေအတွက်များ အတွက် စျေးနှုန်းရွေ့လျားမှုအကွာအဝေး၏ ပျမ်းမျှတန်ဖိုး ဖြစ်သည်။ အခြားတနည်းဖြင့်ဆိုရသော် ADR သည် ကုန်သည်မှ indicator ဆက်တင်တွင် တွက်ချက်ရန်ရွေးချယ်ထားသည့် ကာလတခုအတွက် ပျမ်းမျှ DR ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ အများအားဖြင့် Indicator တွက်ချက်မှုအတွက် ရက် ၂၀ ကာလကို သတ်မှတ်လေ့ရှိသည်။ သို့သော် Forex ဈေးကွက် အတွင်း ကာလတိုလမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာသော အချို့ဗျူဟာများတွင် မတူညီသောတန်ဖိုးကိုလည်း သတ်မှတ်နိုင်ပါသည် (ဥပမာ ၅ ရက်)။

တပတ် (ရုံးဖွင့်ရက် ၅ရက်) အတွက် ADR technical indicator ကို တွက်ချက်ကြည့်ကြရအောင်။ ထိုသို့လုပ်ဆောင်ရန် တရက်တာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများကို ရှာဖွေရန်လိုအပ်ပါသည်။ EURUSD ၏ ဧပြီ ၂၆၊ အထိ ADR ကို တွက်ချက်ကြည့်ကြပါစို့။

ရက်စွဲ

အမြင့်ဆုံးတန်ဖိုး

အနိမ့်ဆုံးတန်ဖိုး

25.04

1.10670

1.09641

24.04

1.10501

1.09657

21.04

1.09937

1.09377

20.04

1.09895

1.09332

19.04

1.09840

1.09172

တွက်ချက်မှုဖော်မြူလာတွင် အချက်အလက်ကို ထည့်သွင်းပါမည်။

ADR = ((DR1 + DR2 + … + DRn) / n)၊ ဤနေရာတွင် DR = |high-low| ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ဥပမာတွင် ဖော်မြူလာသည် အောက်ပါကဲ့သို့ ဖြစ်ပါမည်။

  1. ADR = (|1.10670-1.09641| + |1.10501-1.09657| + |1.09937-1.09377| + |1.09895-1.09332| + |1.09840-1.09172|) / 5

  2. တွက်ထုတ်ကြည်မည်ဆိုလျှင် (1029 + 844 + 560 + 563 + 668) / 5

  3. ADR = 732 pips.

မည်သည့် တိကျသောကာလတခုအတွက်မဆို တူညီသော တွက်ချက်မှုနည်းလမ်းကို အသုံးပြုနိုင်ပါသည်။

ADR indicator သည် ရလာသော အကွာအဝေးကို ထက်ဝက်ခွဲကာ၊ လက်ရှိနေ့ အဖွင့်စျေးနှုန်း၏ အထက်နှင့်အောက်ကို တဝက်စီသတ်မှတ်ပါသည်။ ထို့ကြောင့် ADR high နှင့် ADR low တို့အား ရရှိပါသည်။ ၎င်းတို့သည် တနေ့အတွင်း support and resistance levels များအဖြစ် ပြုမူဆောင်ရွက်ပါသည်။

LiteFinance: ADR ကို မည်သို့တွက်ချက်ရမည်နည်း။

ရိုးရှင်းသော ADR တွက်ချက်မှုအပြင် indicator ၏ အချို့သောဗားရှင်းများသည် intraday trading (တနေ့အတွင်းကုန်သွယ်ခြင်း) နှင့် position trading (အထိုင်ချကုန်သွယ်ခြင်း) နှစ်မျိုးစလုံးအတွက် အသုံးဝင်သော တပတ်တာ support နှင့် resistance levels များ ကိုလည်းတွက်ချက်ပေးနိုင်ပါသည်။ အောက်ပါ screenshot ရုပ်ပုံတွင် ၎င်းတို့အား Extra Levels (ဖြည့်စွက် levels များ)အဖြစ် အမှတ်အသားပြုထားပါသည်။

LiteFinance: ADR ကို မည်သို့တွက်ချက်ရမည်နည်း။

ADR သည် အဘယ်ကြောင့် အသုံးဝင်ပါသနည်း။

ကျွမ်းကျင်သူများမှ Average Daily Range indicator ၏ အဓိကအားသာချက်များစွာကို ခွဲခြားထုတ်ဖော်ပေးထားပါသည်။

  • ၎င်းသည် သတ်မှတ်ရက်တရက်စီအတွက် ဈေးနှုန်းရွေ့လျားမှုအလားအလာကို အလိုအလျောက် တွက်ချက်ပေးပါသည်။

  • တွက်ချက်မှုအားလုံးကို စခရင်၏ထောင့်၌ရှိသော ဇယားကွက်အတွင်း အကျဉ်းချုပ်ဖော်ပြပါသည်။ ထို့အပြင် Forex ပိုင်ဆိုင်မှုဈေးနှုန်းများ၏ ပျမ်းမျှနေ့စဉ်ရွေ့လျားမှု levels များကို ဈေးနှုန်းဇယားအတွင်း အလိုအလျောက် နေရာချထားပြီး၊ မတူညီသောအရောင်များဖြင့် ပြသပေးပါသည်။

  • ပျမ်းမျှနေ့စဉ်ရွေ့လျားမှု၏ ပုံမှန်တွက်ချက်‌မှုအပြင်၊ အချို့သော indicator ဗားရှင်းများသည် တပတ်တာပျမ်းမျှရွေ့လျားမှုနှင့် တလတာပျမ်းမျှရွေ့လျားမှုများကိုပါ တွက်ချက်ပေးနိုင်ပါသည်။ ၎င်းတို့အား support နှင့် resistance levels များအဖြစ်သာမက၊ ကာလအလတ် ကုန်သွယ်မှုများအတွက် take-profit သတ်မှတ်ရန်နေရာတခုအဖြစ်လည်း အသုံးပြုနိုင်ပါသည်။

  • ယခုမှ ကုန်သွယ်ရေးတာမီနယ်ကို စတင်ဖွင့်လှစ်သော ကုန်သည်အသစ်တဦးပင်လျှင် indicator ကို အင်စတောပြုလုပ်ကာ စိတ်ကြိုက်ချိန်ညှိနိုင်ပါသည်။

  • ADR indicator ကိုအခြေခံ၍ အခြားအထောက်အကူကိရိယာများဖြင့် ပေါင်းစပ်ခြင်းအားဖြင့်၊ သင်သည် ယခင်စွမ်းဆောင်ရည်အပေါ်အခြေခံသော ပြီးပြည့်စုံသည့် ကုန်သွယ်ရေးစနစ်တခုကို ဖန်တီးနိုင်ပါသည်။

ADR indicator တွင် အားနည်းချက်များလည်း အမှန်ပင်ရှိပါသည်။ အထင်ရှားဆုံးတခုမှာ ဤကိရိယာ၏ အချို့သောဗားရှင်းများတွင် တရက်တာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး တန်ဖိုးများအပေါ်မူတည်၍ ပျမ်းမျှရွေ့လျားမှု levels များကို တည်ဆောက်ရန် နည်းလမ်းမရှိပါ။ ထိုအခါ indicator သည် ထိုရက်၏ အဖွင့်ဈေးအပေါ်အခြေခံ၍ အဆိုပါ levels များကို တည်ဆောက်ပါသည်။ ထို့အတူ အချို့သောဗားရှင်းများတွင် တပတ်တာ levels များကို နေ့စဉ်အသစ်ရေးဆွဲသောကြောင့် ကုန်သွယ်ရေးကို ပို၍ခက်ခဲစေပါသည်။

ADR indicator တခုတည်းဖြင့် ကုန်သွယ်ရေးစနစ်တခု မပြည့်စုံပါ။ ၎င်းသည် ဈေးနှုန်းရွေ့လျားမှုမှတ်တမ်းအပေါ်အခြေခံ၍ တွက်ချက်ထားသော သတင်းအချက်အလက်ကိုသာ ပြသပါသည်။ ADR သည် ကုန်သွယ်မှုများဖွင့်ရန် လမ်းညွှန်ချက်တခုထက် အကူအညီတခုဟုဆိုလျှင် ပို၍မှန်ကန်ပါသည်။ ဤ indicator ကို အသုံးပြု၍ ကုန်သွယ်မှုဖွင့်ရန်အတွက် Price Action စသဖြင့် အခြားသော နည်းပညာပိုင်းဆိုင်ရာအထောက်အကူများကိုပါ ထပ်ဆောင်း အသုံးပြုရနိုင်ပါသည်။

ADR ဆက်တင်များနှင့် ဖွဲ့စည်းပုံ

Average Daily Range indicator တွင် လက်ရှိအချိန်ကာလ၊ ဇယားပေါ်တွင် ၎င်း၏တင်ပြပုံ၊ အသွင်အပြင်များနှင့်စပ်လျဉ်း၍ ချိန်ညှိနိုင်သော ဆက်တင်များ အရေအတွက်အနည်းငယ်ပါဝင်ပါသည်။ ဆက်တင်တခုချင်းကို သီးခြားစီ ကြည့်ရှုကြပါစို့။

အတိုင်းအတာသတ်မှတ်ချက်

အသေးစိတ်‌ဖော်ပြချက်

Day_x

Indicator ကာလ။ ပိုင်ဆိုင်မှု၏ နေ့စဉ်ပျမ်းမျှရွေ့လျားမှုကို တွက်ချက်ရန်အတွက် အသုံးပြုသော နေ့ရက်အရေအတွက် ဖြစ်ပါသည်။ ကာလတိုကုန်သွယ်ရေးအတွက် မူရင်း period 5 သည် သင့်တော်ပါသည်။ ကာလအလတ်လမ်းကြောင်းများကို ခွဲခြမ်း စိတ်ဖြာရန် အတွက် လွန်ခဲ့သည့် ရက် ၂၀ အတွင်း ပိုင်ဆိုင်မှု၏ ပျမ်းမျှနေ့စဉ်ရွေ့လျားမှုကိုပြသပေးသော period 20 ကို အသုံးပြုသင့်ပါသည်။

Corner

ဇယားပေါ်တွင် အချက်အလက်ကော်လံကို ပြသသော နေရာတခု ဖြစ်ပါသည်။ အောက်ပါချိန်ညှိမှုများကို ရွေးချယ်နိုင်ပါသည် - 0 - ဘယ်ဘက်အပေါ်ထောင့်၊ 1 - ညာဘက်အပေါ်ထောင့်၊ 2 - ဘယ်ဘက်အောက်ထောင့် (မူရင်း)၊ 3 - ညာဘက်အောက်ထောင့်။

ADR_Color

ကော်လံဇယားအတွင်းရှိ စာလုံးများ၏အရောင်။

Daily_High_Color

level High ADR ၏ အရောင်

Daily_Low_Color

level Low ADR ၏ အရောင်

Show_Daily_High_Low_Lines

ပျမ်းမျှနေ့စဉ်ရွေ့လျားမှုအကွာအဝေး၏ နယ်နိမိတ်မျဉ်းများကို ပြသရန်/မပြသရန် ရွေးချယ်မှု။ မူရင်းသတ်မှတ်ချက် "‎Yes" သည် levels များကို ပြသပေးပါမည်။ "‎No” သည် levels များကို ကွယ်ဖျောက်ပေးပါသည်။

Show_Weekly_Lines

တပတ်တာ levels များပြသမှု။ မူရင်းသတ်မှတ်ချက် "‎Yes" သည် levels များကို ပြသပေးပါမည်။ "‎No” သည် levels များကို ကွယ်ဖျောက်ပေးပါသည်။

Show_Mini_ADR

သတင်းအချက်အလက်ဝင်းဒိုးအား ပျမ်းမျှရွေ့လျားမှု၊ တွက်ချက်မည့်ရက်အရေအတွက်နှင့် အမြင့်ဆုံး/အနိမ့်ဆုံး ADR levels များကိုသာ ပြသသော မျဉ်းနှစ်ကြောင်းအဖြစ် လျှော့ချပေးခြင်း။ မူရင်းသတ်မှတ်ချက်မှာ "‎No" ဖြစ်ပါသည်။

Font_Size

လေဘယ်လ်များအတွက် စာလုံးအရွယ်အစား။ မူရင်းအရွယ်အစား မှာ 8 ဖြစ်ပါသည်။

Vertical_Spacing_Adjustment

ဒေါင်လိုက်မျဉ်းအကွာအဝေး။ မူရင်းအတိုင်းအတာမှာ 0 ဖြစ်သည်။ သို့သော် အကယ်‌၍ မျဉ်းများသည် တခုနှင့်တခု ထပ်၍နေပါက၊ သတ်မှတ်အတိုင်းအတာကို တိုးမြှင့်နိုင်ပါသည်။

MetaTrader4 တာမီနယ်တွင် ADR indicator အား မူရင်းဆက်တင်များဖြင့် မြင်တွေ့ရပုံ။

LiteFinance: ADR ဆက်တင်များနှင့် ဖွဲ့စည်းပုံ

  • «‎Information» — အချက်အလက်များပါဝင်သော သတင်းအချက်အလက်ဝင်းဒိုး။

  •  «‎Weekly Levels» — support နှင့် resistance levels များအဖြစ် အသုံးပြုသော တပတ်တာဈေးနှုန်းအဆင့်များ။

  •  «‎ADR Levels» — လက်ရှိနေ့အတွက် တွက်ချက်ထားသော အမြင့်ဆုံးနှင့် အနိမ့်ဆုံး ADR တန်ဖိုးများ။

ADR indicator ၏ ကုန်သွယ်ရေးအချက်ပြမှုများ

ကနဦးတွင် ADR indicator ၏ တာဝန်မှာ ကုန်သွယ်ရေးအချက်ပြမှုများ ထုတ်ပေးရန်ထက်၊ take profit နှင့် stop loss ကိုသတ်မှတ်ရန် levels များကို ရှာဖွေပေးခြင်းဖြစ်သည်ဟု ယူဆထားကြပါသည်။ သို့သော် ADR အကွာအဝေးဘောင်အတွင်းမှ levels များ၌ ဈေးနှုန်း၏ပြုမူလှုပ်ရှားပုံကို ကာလကြာမြင့်စွာ စူးစမ်းခဲ့ပြီးနောက်၊ ကုန်သည်များသည် ဤကိရိယာကိုအသုံးပြုခြင်းအားဖြင့် ရိုးရှင်းသည့် ယုတ္တိဗေဒ အပေါ်အခြေခံသော ကုန်သွယ်ရေးအချက်ပြမှုများကို ရရှိနိုင်ကြောင်း လေ့လာသိရှိခဲ့ကြသည်။ ဈေးနှုန်းသည် အချိန်အများစု၌ ၎င်း၏ ပျမ်းမျှနေ့စဉ်ရွေ့လျားမှုအကွာအဝေးအတွင်းသာ ကူးသန်းသွားလာပါသည်။ အကယ်၍ ၎င်းသည် ထိုအကွာအဝေးဘောင်အတွင်းမှ ကျော်လွန်သွားပါက၊ ရွေ့လျားမှု၏ နောက်ထပ်ပစ်မှတ်သည် တပတ်တာအတွက် သတ်မှတ်ထားသော ဈေးနှုန်းအဆင့်တခု ဖြစ်ပါလိမ့်သည်။ တပတ်တာနယ်နိမိတ် ကျိုးပေါက်သွားပါက နောက်ထပ် level တခုသည် ပစ်မှတ်အသစ်တခု ဖြစ်၍လာပါလိမ့်မည်။

ADR အမြင့်ဆုံးနှင့် အနိမ့်ဆုံး levels များ

အမြင့်ဆုံးနှင့် အနိမ့်ဆုံး ADR levels များသည် take profit ပွိုင့်ကိုသတ်မှတ်ရန် အကောင်း‌ဆုံးဖြစ်ပြီး၊ ဦးတည်ရာအလှည့်အပြောင်းရှိသောဈေးတန်းများလည်း ဖြစ်နိုင်ပါသည်။ အထက်တွင် ရေးသားဖော်ပြ ခဲ့ပြီးသည့် အတိုင်း အချိန်အများစုတွင် ADR နယ်နိမိတ်ဘောင်အတွင်း‌၌သာ အရောင်း၊ အဝယ်များ ဖြစ်ပေါ်လေ့ရှိပြီး၊ ဈေးနှုန်းသည် ယင်းအကွာအဝေးဘောင်အတွင်းသာ ရွေ့လျားပါသည်။ ထို့ကြောင့် တနေ့တာ ရွေ့လျားမှု၏ အမြင့်ဆုံး သို့မဟုတ် အနိမ့်ဆုံးတန်ဖိုးများသို့ ရောက်ရှိပြီးသောအခါ၊ အရောင်းအဝယ်များ ကို ဆန့်ကျင်ဘက်ဦးတည်ရာတွင် စဉ်းစားနိုင်ပါသည်။ ပစ်မှတ်သည် အနီးဆုံး တပတ်တာအမြင့်ဆုံး၊ အနိမ့်ဆုံး levels များ သို့မဟုတ် ဆန့်ကျင်ဘက် ADR level (အဝယ် ကုန်သွယ်မှုအတွက် - High ADR၊ အရောင်းကုန်သွယ်မှုအတွက် - Low ADR)တွင် ရှိသင့်ပါသည်။

LiteFinance: ADR အမြင့်ဆုံးနှင့် အနိမ့်ဆုံး levels များ

ကုန်သည်အနေဖြင့် သတိပြုရမည့်အချက်မှာ အဆိုပါ level များကို နေ့စဉ်အသစ်ရေးဆွဲပါသည်။ ထို့ကြောင့် ကုန်သွယ်ရက်၏အဆုံးတွင် ADR level တွင် စတင်ဖွင့်လှစ်ထားသော ကုန်သွယ်မှုများသည် အလိုအလျောက်ပိတ်သိမ်းခြင်းမရှိပါက၊ ၎င်းတို့အား လူကိုယ်တိုင်ပိတ်သိမ်းရပါမည်။ နောက်တရက်တွင် ကုန်သည်မှ ကုန်သွယ်ရေးအချက်ပြမှုအသစ်ကို ရှာဖွေ‌ရပါမည်။

တပတ်တာ အနိမ့်ဆုံးနှင့် အမြင့်ဆုံး Levels များ

တူညီသော indicator ဗားရှင်းဖြင့်ပြသသော တပတ်တာ အမြင့်ဆုံး၊ အနိမ့်ဆုံး levels များတွင်လည်း ကာလတိုကုန်သွယ်မှုများအတွက် take profits ပစ်မှတ်ကို ချမှတ်ရန် အထူးကောင်းမွန်သင့်တော်ပါသည်။ အဆိုပါ levels များသည် ပြောင်းလဲနေသော support နှင့် resistance levels များအဖြစ် ဆောင်ရွက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အား တပတ်တာရွေ့လျားမှုအပေါ် အခြေခံ၍ တွက်ချက်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် တရက်တာ ADR levels များထက် ပိုမိုခိုင်မာပါသည်။

ပုံမှန် support levels များ၌သာမက၊ တပတ်တာ၏ အနိမ့်ဆုံး levels များတွင်လည်း အဝယ်ကုန်သွယ်မှုများကို ဖွင့်နိုင်ပါသည်။ ထို levels များတွင် ကုန်သွယ်မှုဖွင့်ပါက၊ အမြတ်ပစ်မှတ်သည် အနီးဆုံး ဆန့်ကျင်ဘက် level တွင် ရှိသင့်ပါသည်။ အကယ်၍ High ADR level သည် တပတ်တာ level တခု၏ လက်ရှိဈေးနှုန်းနှင့် ပို၍နီးကပ်ပါက၊ ထိုနေရာတွင် take profit ကို သတ်မှတ်သင့်ပါသည်။

ပုံမှန် resistance levels များ၌သာမက၊ တပတ်တာ၏ အမြင့်ဆုံး levels များတွင်လည်း အဝယ်ကုန်သွယ်မှုများကို ဖွင့်နိုင်ပါသည်။ အမြတ်ပစ်မှတ်သည် အနီးဆုံး ဆန့်ကျင်ဘက် level တွင်ဖြစ်ပါလိမ့်မည်။ အကယ်၍ Low ADR level သည် တပတ်တာ level တခု၏ လက်ရှိဈေးနှုန်းနှင့် ပို၍နီးကပ်ပါက၊ ထိုနေရာတွင် take profit ကို သတ်မှတ်သင့်ပါသည်။

EURUSD အတွဲကို ကုန်သွယ်ရာတွင် တပတ်တာ ADR levels များ၏ အလုပ်လုပ်ခဲ့ပုံကို အတိအကျ မှတ်သားပါ။

LiteFinance: တပတ်တာ အနိမ့်ဆုံးနှင့် အမြင့်ဆုံး Levels များ

မေလ ၉ ရက်၊ ခုနှစ်တွင် Week Mid Low level ကျိုးပေါက်ခဲ့ပြီး၊ ဈေးနှုန်းသည် အဆိုပါ level ၏ အောက်မှအထက်သို့ ဖောက်ထွက်ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့သောကြောင့် အရောင်း အချက်ပြမှုတခုကို ဖြစ်ပေါ်စေပါသည်။ မေလ ၉ ရက်တွင် အနိမ့်ဆုံးတန်ဖိုးအသစ်တခု ပေါ်ပေါက်ခဲ့ပြီးနောက် ဤအရောင်းကုန်သွယ်မှုအား မေလ ၁၀ ရက်နေ့တွင် ပိတ်သိမ်းပါသည်။ ထို့နောက် ဈေးနှုန်းသည် Week Mid Low level ၏ အထက်သို့ ဖောက်ထွက်သွားသော်လည်း Week Mid High level သို့ အဝယ်အချက်ပြမှုတခုကို မပေးခဲ့ပေ။

မေလ ၁၁ ရက်နှင့် နောက်ပိုင်းတွင် ဈေးနှုန်းသည် လျင်မြန်စွာ ရုတ်တရက်ကျဆင်းသွားပြီး၊ Week Low level ၏အောက်သို့ ရောက်ရှိသွားပါသည်။ မေလ ၁၂ ရက်တွင် ဈေးနှုန်းသည် Week Low အား အောက်မှ အထက်သို့ ဖောက်ထွက်ရန် ကြိုးပမ်းခဲ့ပြန်သည်။ ထို့နောက် May 11 အနိမ့်ဆုံးဈေးတန်း ပစ်မှတ်နှင့်အတူ အရောင်းအချက်ပြမှုတခု ထပ်မံဖြစ်ပေါ်လာသည်။ မေလ ၁၂ ရက်တွင် ဈေးနှုန်းသည် Week Extra Low 1 level ကို ဖောက်ထွက်သွားပြီး အရောင်းအချက်ပြမှုတခုကို ပေါ်ပေါက်စေခဲ့ကာ အကယ်၍ ကုန်သွယ်မှုဖွင့်ခဲ့ပါက Week Extra Low 2 level တွင် ပိတ်သိမ်းရပါမည်။

GBPUSD အတွဲအတွက် levels များ၏ အလုပ်လုပ်ပုံကို အောက်တွင်ကြည့်ပါ။

LiteFinance: တပတ်တာ အနိမ့်ဆုံးနှင့် အမြင့်ဆုံး Levels များ

အခြားတနည်းဖြင့်ဆိုရသော် ပုံမှန် support နှင့် resistance levels များနည်းတူ ADR indicator ကို အသုံးချ၍ ကုန်သွယ်မှုဆောင်ရွက်နိုင်ပါသည်။ level တခုကို‌ဖောက်ထွက်ကာ၊ ယင်း level ဆီသို့ ပြန်လှည့်လာခြင်းသည် ဖောက်ထွက်သည့် ဦးတည်ရာအပေါ် မူတည်၍ ကုန်သွယ်မှုဖွင့်ရမည့် အဝင်ပွိုင့်ကို ပြသပါသည်။ ကုန်သွယ်မှုအတွက် အမြတ်ပစ်မှတ်များသည် နောက်ထပ်အနီးဆုံး levels များ ဖြစ်ပါသည်။ အချက်ပြမှုများကို စစ်ထုတ်သည့်အနေဖြင့် ADR indicator နှင့် ကောင်းစွာတွဲဖက်အလုပ်လုပ်သော ရိုးရှင်းသည့် Price Action ပုံစံများကို အသုံးပြုပါသည်။

MT4 နှင့် MT5 အတွက် ADR indicator

ဝမ်းနည်းစရာမှာ၊ MetaTrader4 နှင့် MetaTrader5 ပလပ်ဖောင်းများတွင် Average Daily Range indicator ကိုထည့်သွင်းပေးထားခြင်း မရှိပေ။ အင်တာနက်ပေါ်တွင် ဗားရှင်းမျိုးစုံကို တွေ့ရှိနိုင်ပါသည်။

မည်သည့် MetaTrader ဗားရှင်းအတွက်မဆို အင်စတောပြုလုပ်ခြင်းလုပ်ငန်းစဉ်မှာ တူညီပါသည်။

  1. Indicator ကို အင်စတောပြုလုပ်‌၍ သိမ်းဆည်း‌ပြီးသောအခါ MetaTrader ကိုဖွင့်ပါ။

  2. တာမီနယ်ပွင့်လာသောအခါ “‎File” ပေါ်တွင်ကလစ်နှိပ်ပါ → “Open Data Folder ” ကိုရွေးချယ်ပါ။

  3. ပွင့်လာသော ဝင်းဒိုးတွင် “‎MQL4” folder (MT5 အတွက် — “‎MQL5”) ကို ရှာဖွေပါ။ ထို့နောက် “‎Indicators” folder သို့သွားပါ (MT5 တွင် “‎Indicators” → “‎Examples” သို့ဆက်သွားရပါမည်)။ ထိုဖိုင်တွဲအတွင်း ဒေါင်းလုပ်ဒ်ပြုလုပ်ထားသော indicator ကို ကူးထည့်ပါ။

  4. တာမီနယ်ကို အစမှပြန်ဖွင့်ပါ။

  5. CTRL+N ကိုနှိပ်၍ "‎Indicators" (MT5 အတွက် ‎Indicators" → "‎Examples") တွင် Average Daily Range indicator ကို ရှာဖွေပါ။

  6. Indicator အား Forex ကုန်သွယ်ရေးပစ္စည်း၏‌ ဈေးနှုန်းဇယားသို့ ဘယ်ဘက်မောက်စ်ခလုပ်ဖြင့် ဆွဲယူပါ။

ကုန်သွယ်ရေးတွင် ADR ကို မည်သို့အသုံးပြုသနည်း။

မည်သည့် timeframe သို့မဟုတ် ကုန်သွယ်ရေးပစ္စည်းအမျိုးအစားတွင်ဖြစ်စေ ADR indicators များကို တူညီသောနည်းလမ်းဖြင့်သာ အသုံးပြုကြပါသည်။

  • ဈေးနှုန်းသည် ADR level ကို ထိတွေ့သည်နှင့်တပြိုင်နက်၊ ကုန်သွယ်မှုကို ပိတ်သိမ်း၍ ဈေးကွက်ကို စောင့်ကြည့်ပါ။ Level ကျိုးပေါက်သွားကာ ဈေးနှုန်းဆက်လက်ရွေ့လျားသွားနိုင်သည်။ သို့မဟုတ်ပါက ဆန့်ကျင်ဘက်အချက်ပြမှု ပေါ်ပေါက်လာကာ ယာယီအပြောင်းအလဲအခြေအနေတွင် ကုန်သွယ်မှုဆောင်ရွက်ရနိုင်ပါသည်။

  • ကာလအလယ်အလတ် အရောင်းအဝယ်များကို ယခင်တပတ်တာ အမြင့်/အနိမ့် ဈေးတန်းများ (Indicators အားလုံးတွင် မပြသပါ)တွင် ပိတ်သိမ်းပါသည်။ အကယ်‌၍ ဈေးနှုန်းသည် “‎Wk Mid Lo” level အား ဖောက်ထွက်သွားပါက၊ နောက်ထပ်ပစ်မှတ်သည် “‎Wk Lo” level ဖြစ်ပါသည်။ အကယ်၍ ဈေးနှုန်းသည် “‎Wk Mid Hi” level အား ဖောက်ထွက်သွားပါက၊ နောက်ထပ်ပစ်မှတ်သည် “‎Wk Hi” level ဖြစ်ပါသည်။ အခြားသော အပတ်စဉ် level များသည်လည်း ထိုနည်းတူ အလုပ်လုပ်ပါသည်။

  • အကယ်၍ မတည်ငြိမ်မှု တိုးတက်လာပါက၊ ADR တန်ဖိုးလည်း တိုးမြင့်လာပါသည်။

  • အကယ်၍ မတည်ငြိမ်မှု ကျဆင်းလာပါက၊ ADR တန်ဖိုးလည်း လျော့နည်းလာပါသည်။

  • မတည်ငြိမ်မှု တိုးတက်လာခြင်းသည် ဘေးတိုက်လမ်းကြောင်းအတွင်းမှ ဈေးနှုန်းထွက်ခွာရန် ညွှန်ပြချက်တခု ဖြစ်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် အချက်ပြမှုများ လျော့နည်းလာခြင်းကိုကြည့်၍ မကြာမီတွင် ဈေးနှုန်းသည် ဘေးတိုက်ဘောင်တခုအတွင်း ရောက်ရှိရွေ့လျားလိမ့်မည်ဟု ခန့်မှန်းနိုင်ပါသည်။

  • ဈေးနှုန်းသည် ADR level နှင့် ပို၍နီးကပ်လာလေလေ၊ ကျွန်ုပ်တို့ ရရှိနိုင်သော အမြတ်အလားအလာ လျော့နည်း‌လာလေလေ ဖြစ်ပါသည်။ ထို့ကြောင့် indicator levels များအနီး ကုန်သွယ်မှုများ စတင်ဖွင့်လှစ်ခြင်းကို မပြုလုပ်သင့်ပါ။

သတိပြုရမည့်အချက်မှာ အရေးကြီးသတင်းများ မထုတ်ပြန်မီ တနာရီအလိုနှင့် ထုတ်ပြန်ပြီး တနာရီအတွင်း အချိန်များ၌ ကုန်သွယ်မှုများကို မဖွင့်သင့်ပါ။ ထိုအချိန်များတွင် မတည်ငြိမ်မှုများ အထူးမြင့်မားလေ့ရှိပြီး၊ ADR levels များ တိကျမှုမရှိသောကြောင့် ဖြစ်ပါသည်။ အကယ်၍ သင်သည် သတင်းများအပေါ် အခြေခံကာ ကုန်သွယ်မှုပြုလုပ်လိုပါက၊ အခြားဗျူဟာများကို အသုံးပြုသင့်ပါသည်။

ကုန်သွယ်ရေးဗျူဟာများတွင် ADR indicator ကို အသုံးပြုခြင်း

လက်ရှိအချိန်တွင် ကုန်သည်များသည် ၎င်းတို့၏ ကုန်သွယ်ရေးဗျူဟာများတွင် ADR indicator အား တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုကြခြင်း မရှိပေ။ သို့သော် ဤ indicator သည် ၎င်း၏ ထိရောက်မှုအား အခိုင်အမာ သက်သေပြခဲ့ပြီးဖြစ်ပါသည်။ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှု နိယာမများသည် မည်သည့် ဈေးကွက် သို့မဟုတ် ကုန်သွယ်ရေးအမျိုးအစားဖြစ်စေ မခွဲခြားပဲ အလုပ်လုပ်ပါသည်။

Average daily range ADR သည် တနေ့အတွင်းကုန်သွယ်ရေးအတွက် အထူးပင်သင့်တော်မှုရှိပါသည်။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ တနေ့တာဈေးနှုန်းရွေ့လျားမှု၏ အမြင့်ဆုံး သို့မဟုတ် အနိမ့်ဆုံးဖြစ်သော indicator level တခုတွင် ကုန်သွယ်မှုအနေအထားတခုကို နေရာချရန်ဖြစ်သည်။

LiteFinance: ကုန်သွယ်ရေးဗျူဟာများတွင် ADR indicator ကို အသုံးပြုခြင်း

နည်းဗျူဟာများ၏ ရည်ရွယ်ချက်မှာ indicator အပေါ်အခြေခံ၍ ကုန်သွယ်မှုများဖွင့်ရန်ဖြစ်သောကြောင့် တပတ်တာ အမြင့်ဆုံး/အနိမ့်ဆုံး levels များအား support and resistance levels များအဖြစ် အသုံးပြုနိုင်ပါသည်။ weekly level အချို့အား ဈေးနှုန်းဖောက်ထွက်ရန် ကြိုးပမ်းချိန်ကို စောင့်ဆိုင်းပါ။ ထို့နောက် ဈေးနှုန်းအား ခေတ္တစောင့်ကြည့်ပါ။ အကယ်၍ Price Action မှ ဤ level တွင် ကုန်သွယ်မှုပြုလုပ်ရန် အချက်ပြသောအခါ level အပေါ်မူတည်၍ အဝယ် သို့မဟုတ် အရောင်းကုန်သွယ်မှုကို ဖွင့်သင့်ပါသည်။ အနီးဆုံး ဆန့်ကျင်ဘက် level တွင် take profit ကို သတ်မှတ်ပါ။

LiteFinance: ကုန်သွယ်ရေးဗျူဟာများတွင် ADR indicator ကို အသုံးပြုခြင်း

ဤ indicator အား သင်၏ကုန်သွယ်ရေးဗျူဟာများတွင် အသုံးပြုရန် အခြားသောနည်းလမ်းမှာ ယခင်ရက်၏ အနိမ့်ဈေး သို့မဟုတ် အမြင့်ဈေးတန်း ကျိုးပေါက်ချိန်တွင် ကုန်သွယ်မှုစတင်ရန်ဖြစ်သည်။ ဤဖြစ်စဉ်တွင် အမြတ်ပစ်မှတ်အား ADR တန်ဖိုးအပေါ် အခြေခံ၍ သတ်မှတ်ပါသည်။ ဤနည်းလမ်းဖြင့် အောင်မြင်သောကုန်သွယ်ရေးကို ဆောင်ရွက်ရန် ယေဘုယျလမ်းကြောင်းကို ဆုံးဖြတ်၍ လမ်းကြောင်း ဦးတည်ရာအတိုင်း ကုန်သွယ်မှုများကို ဖွင့်လှစ်ရန်လိုအပ်ပါသည်။

LiteFinance: ကုန်သွယ်ရေးဗျူဟာများတွင် ADR indicator ကို အသုံးပြုခြင်း

အထက်ပါ ဥပမာတွင် ပထမဆုံးကုန်သွယ်မှုအား ဖောက်ထွက်သည့်ပွိုင့်တွင်ဖွင့်၍ ADR level တွင် ပိတ်သိမ်းရပါမည်။ ဒုတိယကုန်သွယ်မှုတွင် ဈေးနှုန်းသည် ကုန်သွယ်ရက်ပြီးဆုံးသည်အထိ ADR တန်ဖိုးသို့ မရောက်ရှိခဲ့ပေ။ ဘောင်ခတ်ထားသော ADR အကွာအဝေးအတွင်း ကုန်သွယ်ခြင်းသည် ကုန်သွယ်ရက်တရက်အတွင်း ကုန်သွယ်မှုများကို ဖွင့်လှစ်ပိတ်သိမ်းသည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့် ဒုတိယကုန်သွယ်မှုအား လူကိုယ်တိုင်ပိတ်သိမ်း၍ အမြတ်ရယူသင့်ပါသည်။

နိမ့်ပါးသောမတည်ငြိမ်မှုကြောင့် သတ်မှတ်ထားသည့် ကုန်သွယ်မှုများ ပွင့်လာခြင်းမရှိသည့်အခါ၊ တရက်တာအဆုံးတွင် အော်ဒါများကို ပယ်ဖျယ်၍ နောက်တရက်တွင် အသစ်ပြင်ဆင်သော levels များ၌ ကုန်သွယ်မှုကို ပြန်လည်နေရာချပါသည်။

ထို့ကြောင့် သင့်အနေဖြင့် ကုန်သွယ်မှုဖွင့်ရန် levels များကို ဆုံးဖြတ်ကာ နေ့စဉ်ပျမ်းမျှရွေ့လျားမှုကိုအသုံးပြု၍ အမြတ်ပစ်မှတ်သတ်မှတ်နိုင်ပါသည်။ ဆက်တိုက်စူးစမ်းရှာဖွေမှုများ ပြုလုပ်ကာ ဇယားပုံစံအချို့ကို တွေ့ရှိရပြီး‌နောက်၊ ကုန်သည်တဦးသည် ဈေးနှုန်းရွေ့လျားမှု အချက်အလက်များနှင့် အမြတ်ရနှုန်းနိယာမ အပေါ်အခြေခံသော ထိရောက်သည့် ကုန်သွယ်ရေးစနစ်ကို ဖန်တီးရန်အတွက် Average Daily Range ကို အသုံးချနိုင်ပါသည်။

ADR နှင့် RenkoSwing ကုန်သွယ်ရေးဗျူဟာ

RenkoSwing ဗျူဟာသည် MetaTrader တာမီနယ်၏ စံပြု indicators အမျိုးအစားများစွာ အပေါ်အခြေခံထားသော scalping နည်းဗျူဟာတခု ဖြစ်ပါသည်။ ‌၎င်းတွင် ADR Range ၏ အမျိုးအစားခွဲတခုဖြစ်သော ATR indicator ပါဝင်သော်လည်း အနည်းငယ်ကွဲပြားသော ပုံစံဖြင့် ပြသပါသည်။

ဤနည်းဗျူဟာသည် ရိုးရှင်း၍ မွမ်းမံထားခြင်းမရှိသော indicators များအပေါ် အခြေခံသည် ဟူသောအချက်တွင် အမှားတစုံတရာမရှိပါ။ ခေတ်မီရှုပ်ထွေးသည့် indicators များအားလုံးသည် Moving averages၊ MACD၊ Stochastic အစရှိသော လက်ဟောင်းညွှန်ပြမှုကိရိယာများအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်ကြပါသည်။

ဤနည်းဗျူဟာ၏ အားသာချက်မှာ မူလလက်ဟောင်းပုံစံမဟုတ်သည့် Renko charts များကို အသုံးပြုခြင်းဖြစ်သည်။ Renko Chart သည် ဈေးကွက်၏ယာယီအတက်၊ အကျများကို ထည့်သွင်းစဉ်းစားမှုမပြုပေ - ၎င်းသည် ပိုမိုနားလည်လွယ်သော နည်းလမ်းဖြင့် ဈေးနှုန်း၏ ရွေ့လျားမှုများကိုသာ ကိုယ်စားပြုပါသည်။

နည်းဗျူဟာသည် အောက်ပါ စစ်ထုတ်မှုများကို အသုံးပြုပါသည်။

  • Period 50 ပါဝင်သော SMA indicator။ ၎င်းသည် ယေဘုယျလမ်းကြောင်းကို ဆုံးဖြတ်ပေးပြီး၊ အဝယ် သို့မဟုတ် အရောင်းအလားအလာများကို အကြံပြုပါသည်။

  • Period 5 ပါဝင်သော EMA indicator နှင့် Period 8 ပါဝင်သော EMA indicator။ အဆိုပါ indicators နှစ်ခု အချင်းချင်းဖြတ်ကျော်ကြသောအခါ ကုန်သွယ်မှုဖွင့်ရန်နှင့် ပိတ်ရန် အချက်ပြမှုများ ပေါ်ပေါက်လာပါသည်။

  • အချက်ပြမှုအမှားများကို စစ်ထုတ်ရန် 14,3,3 (or 15,4,4 / 15,5,5) ဆက်တင်များပါဝင်သော Stochastic indicator ကို အသုံးပြုပါသည်။

  • Period 60 ပါဝင်သော ATR indicator သည် မတည်ငြိမ်မှုကို စစ်ထုတ်ပေးပြီး၊ ထိရောက်မှုရှိသောဈေးကွက်အတွင်း ကုန်သွယ်မှုအခွင့်အလမ်းများကို ကူညီရှာဖွေပေးပါသည်။

ည်းဗျူဟာအင်္ဂါရပ်များ

ငွေကြေးအတွဲများ

နှစ်သက်ရာ

ခွဲခြမ်းစိတ်ဖြာမှုကာလအပိုင်းအခြား

ပုံမှန်အားဖြင့် Renko charts များသည် ၎င်းတို့၏ ကိုယ်ပိုင် timeframe (M2) ကို အသုံးပြုပါသည်။

ကုန်သွယ်ချိန်

နှစ်သက်ရာ

ကုန်သွယ်မှုတခုအတွက် စွန့်စားမှုရာခိုင်နှုန်း

၂ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း

အမြတ်ပစ်မှတ်

အနီးစပ်ဆုံး အမြင့်ဈေး/အနိမ့်ဈေး။ ဆန့်ကျင်ဘက် အချက်ပြမှုတစ်ခု ပေါ်ပေါက်လာသောအခါ ကုန်သွယ်မှုကို ကိုယ်တိုင် ပိတ်နိုင်သည်။

MT4 တာမီနယ်တွင် Renko Swing ကုန်သွယ်ရေးဗျူဟာာအတွက် Expert Advisor နှင့် Template ကို အင်စတောပြုလုပ်ပါ။

  • နည်းဗျူဟာအတွက် လိုအပ်သောဖိုင်များပါဝင်သည့် ဖိုင်အစုကို ဒေါင်းလုပ်ဒ်ပြုလုပ်ပါ၊ ဖိုင်တခုစီအဖြစ် ပြန်လည်ရွေးထုတ်ပါ။

  • ‎”MQL4" နှင့် "‎Templates” ဖိုင်တွဲများကို ကုန်သွယ်ရေးတာမီနယ်ဖိုင်များပါဝင်သော ဖိုင်တွဲသို့ ကူးထည့်ပါ။

  • တာမီနယ်ကို အစမှ ပြန်ဖွင့်ပါ။

  • သင်ကုန်သွယ်လိုသော ပိုင်ဆိုင်မှု၏ အခြေခံဈေးနှုန်းဇယားတခုကိုဖွင့်ပါ။

  • M1 timeframe သို့ ကူးပြောင်းပါ။

  • "‎RenkoLiveCharts” Expert Advisor ကို ဇယားပေါ်သို့ ပေါင်းထည့်ပါ။

  • တာမီနယ်တွင်၊ “File” မီနူးကိုနှိပ်၍ → "‎Open Offline” ကို ရွေးချယ်ပါ။

  • Offline ဈေးနှုန်းများစာရင်းတွင် M2 timeframes ဖြင့် သင်္ကေတခု ပေါ်ပေါက်လာသင့်ပါသည်။ ဥပမာအားဖြင့် အကယ်၍သင်သည် EURUSD ဇယားကို ဖွင့်၍ အကြံပေးစနစ်တခုကို ပေါင်းထည့်ခဲ့ပါက၊ offline ဈေးနှုန်းများစာရင်းတွင် "‎EURUSD, M2" ဟူသော မျဉ်းတကြောင်း တိုးလာပါလိမ့်မည်။

  • M2 timeframe ၏ offline chart ကိုဖွင့်ပါ။

  • ဇယားပေါ်တွင် right-click နှိပ်ပါ၊ "‎Template" → "‎RenkoSwing” ကိုရွေးချယ်ပါ။

နည်းဗျူဟာအရ၊ အဝယ်အချက်ပြမှု

  • ဈေးနှုန်းသည် MA (50) အနီရောင်မျဉ်း၏အထက်တွင် ကူးသန်းသွားလာနေသည်။

  • ခရမ်းရောင်မျဉ်း MA (5) သည် အစိမ်းရောင်မျဉ်း MA(8) အား အောက်မှအထက်သို့ ဖြတ်သန်းသွားသည်။

  • ATR indicator သည် လက်ရှိခွဲခြမ်းစိတ်ဖြာသောကာလ၏ အနိမ့်၊ အမြင့် levels များအနီးတွင်မရှိပဲ၊ ၎င်းတို့နှစ်ခုကြားမှ အလယ်မျဉ်းနှင့်ပို၍ နီးကပ်စွာရှိနေသည်။

  • Stochastic မျဉ်းနှစ်ကြောင်းစလုံးသည် ရောင်းလိုအားလွန်ကဲဇုန်မှ ထွက်ခွာသွားသည်။

LiteFinance: ည်းဗျူဟာအင်္ဂါရပ်များ

နည်းဗျူဟာအရ၊ အရောင်းအချက်ပြမှု

  • ဈေးနှုန်းသည် MA (50) အနီရောင်မျဉ်း၏ အောက်တွင် ကူးသန်းသွားလာနေသည်။

  • ခရမ်းရောင်မျဉ်း MA (5) သည် အစိမ်းရောင်မျဉ်း MA(8) အား အထက်မှအောက်သို့ ဖြတ်သန်းသွားသည်။

  • ATR indicator သည် လက်ရှိခွဲခြမ်းစိတ်ဖြာသောကာလ၏ အနိမ့်၊ အမြင့် levels များအနီးတွင်မရှိပဲ၊ ၎င်းတို့နှစ်ခုကြားမှ အလယ်မျဉ်းနှင့်ပို၍ နီးကပ်စွာရှိနေသည်။

  • Stochastic မျဉ်းနှစ်ကြောင်းစလုံးသည် ဝယ်လိုအားလွန်ကဲဇုန်မှ ထွက်ခွာသွားသည်။

LiteFinance: ည်းဗျူဟာအင်္ဂါရပ်များ

ကုန်သွယ်မှုဦးတည်ရာအပေါ်မူတည်၍ Take Profit အား လက်ရှိခွဲခြမ်းစိတ်ဖြာသောကာလ၏ အမြင်းဆုံး သို့မဟုတ် အနိမ့်ဆုံးတန်ဖိုး အနီးတွင် သတ်မှတ်ပါသည်။ Stop loss သည် take profit ထက် နှစ်ဆပို၍သေးငယ်သင့်ပါသည်။

ဤနည်းဗျူဟာတွင် ATR indicator အား အဘယ်ကြောင့် အသုံးပြုသနည်း။

ATR တန်ဖိုး ပို၍မြင့်မားလေလေ၊ မတည်ငြိမ်မှုနှုန်းထား ကျဆင်းရန် အလားအလာပိုများလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စက်ဝိုင်းပုံလည်ပတ်နေသောကြောင့်ဖြစ်သည်။ မတည်ငြိမ်မှု မြင့်မားသော ကာလများ၏နောက်တွင် ဈေးကွက်ပြန်လည်ငြိမ်သက်လေ့ရှိပြီး၊ ဈေးကွက်ငြိမ်သက်မှုများ၏ နောက်တွင် မတည်ငြိမ်မှုမြင့်မားမြဲဖြစ်သည်။ ထို့ကြောင့် ATR တန်ဖိုး ပို၍နိမ့်ပါးလေလေ၊ နီးစပ်‌သော အနာဂါတ်တွင် မတည်ငြိမ်မှုနှုန်းထား တိုးတက်ရန် အလားအလာပိုများလေလေဖြစ်ပါသည်။

ထိုသို့ ဈေးကွက်အတွင်း မတည်ငြိမ်မှုနှုန်း အမြင့်မှအနိမ့် သို့မဟုတ် အနိမ့်မှအမြင့်သို့ ပြောင်းလဲချိန်များတွင် ကုန်သွယ်ခြင်းသည် အကြောင်းရင်းနှစ်ခုကြောင့် အန္တရာယ်များပါသည်။ ပထမဦးစွာ ဘေးတိုက် လမ်းကြောင်းတခု စတင်နိုင်ပြီး၊ ဦးတည်ရာအချက်ပြမှုများသည် ကျိုးကြောင်းဆက်စပ်မှုကင်းမဲ့စွာ မှားယွင်းနိုင်ပါသည်။ ဒုတိယအချက်မှာ မတည်ငြိမ်မှု ရုတ်တရက်မြင့်တက်နိုင်သော အလားအလာဖြစ်ပါသည်။ ဥပမာအားဖြင့် အရေးကြီးသတင်းများ ထုတ်ပြန်ချိန်မျိုးတွင် ဖြစ်ပါသည်။ ဤသို့သော ဖြစ်ရပ်မျိုး၌ ကုန်သွယ်မှုအား StopLoss တွင်ပိတ်သိမ်းရနိုင်ပါသည်။ အဘယ်ကြောင့် မလိုအပ်ပဲ စွန့်စားမည်နည်း။

Renko Swing နည်းဗျူဟာသည် scalping အမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် သက်ရောက်မှုပြင်းထန်သော ကွဲလွဲမှုများကို ရှောင်ရှားရန်အလို့ငှာ ဈေးကွက်သည် “ပုံမှန်” အခြေအနေ၌ ရှိနေရန် လွန်စွာအရေးကြီးပါသည်။ နည်းဗျူဟာနှင့်အညီ ကုန်သွယ်မှုတခုဖွင့်ရန် အကောင်းဆုံး အကြံပြုချက်မှာ ATR indicator သည် ၎င်း၏ဇယားအလယ်တည့်တည့်သို့ အတိအကျရောက်ရှိသော အချိန်အထိ စောင့်ဆိုင်းရန်ဖြစ်သည်။ ၎င်းသည် အခြေအနေများပုံမှန်ဖြစ်နေပြီး၊ ကုန်သွယ်မှု ကောင်းစွာအလုပ်လုပ်နိုင်သည်ဟု အဓိပ္ပါယ်ရပါသည်။

နည်းဗျူဟာ၏ အားနည်းချက်များမှာ ATR indicator သည် အမြင့်ဆုံး၊ အနိမ့်ဆုံးတန်ဖိုးများကို ပုံသေကန့်သတ်မထားပါ။ ထိုအချက်နှင့်စပ်လျဉ်း၍ အတွေ့အကြုံနုနယ်သော ကုန်သည်များအနေဖြင့် “golden meann” ခေါ် ကုန်သွယ်မှုဖွင့်ရန် အကောင်း‌ဆုံးအလယ်ပွိုင့်ကို ဆုံးဖြတ်ရာတွင် ခဲယဥ်းနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ရက်သတ္တပတ်အနည်းငယ်ကြာလေ့ကျင့်ပြီးသည့်နောက် သဘောပေါက်နားလည်မှုကို အလိုလိုရရှိလာပါလိမ့်မည်။

ကုန်သည်များစွာမှ Renko + ADR ဗျူဟာကို နှစ်သက်ရခြင်း အကြောင်းရင်းမှာ၊ ၎င်းဗျူဟာအား သင်၏လိုအပ်များနှင့်အညီ မွမ်းမံပြင်ဆင်နိုင်ပြီး၊ ကုန်သွယ်ရေးအမျိုးအစားတခုစီအလိုက် ချိန်ညှိ နိုင်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ကုန်သည်များသည် ၎င်းတို့အလိုရှိသော မည်သည့် indicator ကိုမဆို အပိုစစ်ထုတ်မှုအဖြစ် ပေါင်းထည့်နိုင်သည်။ Forex အတွဲတခုစီအတွက် ပိုမိုတိကျသော ATR တန်ဖိုးများကိုလည်း ရွေးချယ်နိုင်သည်။ ထို့အပြင် Stochastic နှင့် Moving Average ဆက်တင်များကိုလည်း အပြောင်းအလဲပြုလုပ်နိုင်သည်။ သို့သော် ပထမဆုံးအနေဖြင့် ရေပန်းစားသော ငွေကြေးအတွဲများအပေါ်တွင် အကြံပြုထားသော အတိုင်းအတာများဖြင့်သာ Renko Swing ဗျူဟာဖြင့် ကုန်သွယ်ခြင်းကို စမ်းသပ်ကြည့်သင့်ပါသည်။

ADR indicator နှင့် Price Action ဗျူဟာ

ဤသည်မှာ ရိုးရှင်းသော်လည်း ထိရောက်မှုရှိသော အခြားဗျူဟာတခုဖြစ်ပါသည်။ ဤဗျူဟာသည် Price Action ပုံစံပေါ်လာချိန်တွင် ADR indicator ၏ တပတ်တာ အနိမ့်၊ အမြင့် levels များ၌ ကုန်သွယ်ခြင်းအပေါ် အခြေခံပါသည်။

အဓိက Indicator မှာ Average Daily Range ဖြစ်ပါသည်။ ၎င်းသည် (MT4 ပလပ်ဖောင်းပေါ်တွင်) တပတ်တာ အမြင့်၊ အနိမ့် levels များကို ရေးဆွဲပါသည်။ ကုန်သွယ်မှုဖွင့်ရန် အချက်ပြမှုကို ဆုံးဖြတ်ရန်အတွက် Pinbar၊ Railway Track၊ PPR၊ Bullish Outside Vertical Bar နှင့် Bearish Outside Vertical Bar၊ Bullish Engulfing Pattern နှင့် Bearish Engulfing Pattern အစရှိသဖြင့် ရိုးရှင်းသော Price Action ပုံစံများကို အသုံးပြုပါသည်။

နည်းဗျူဟာ၏ အင်္ဂါရပ်များ

ငွေကြေးအတွဲများ

နှစ်သက်ရာ

Timeframe

H1

ကုန်သွယ်ချိန်

နှစ်သက်ရာ

ကုန်သွယ်မှုတခုအတွက် စွန့်စားမှုရာခိုင်နှုန်း

၂ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း

အမြတ်ပစ်မှတ်

Indicator ၏ အနီးဆုံးဆန့်ကျင်ဘက် တပတ်တာ level ။ အကယ်၍ take profit သို့ ဈေးနှုန်းမရောက်ခဲ့ပါက တရက်တာ ကုန်သွယ်ချိန်အဆုံးတွင် ကုန်သွယ်မှုကို ပိတ်သိမ်းနိုင်သည်။

အဝယ်အချက်ပြမှု -

  • ဈေးနှုန်းသည် level အား အောက်မှ အထက်သို့ဖောက်ထွက်ရန် ကြိုးပမ်းပါသည်။

  • Level သည် ကျိုးပေါက်သွားခြင်းမရှိပါ။

  • Price Action ပုံစံပေါ်ပေါက်လာပါသည်။

LiteFinance: နည်းဗျူဟာ၏ အင်္ဂါရပ်များ

အခြားဥပမာ -

LiteFinance: နည်းဗျူဟာ၏ အင်္ဂါရပ်များ

ဒုတိယ ပုံ သည် စိတ်ဝင်စားဖွယ်ရာ အခြေအနေကိုပြသပါသည်။ အဝယ်ကုန်သွယ်မှုဖွင့်ရန် ပထမအချက်ပြမှု အနေဖြင့် PPR ပုံစံပေါ်ပေါက်လာပါသည်။ မည်သို့ပင်ဖြစ်စေ အချိန်အနည်းငယ်ကြာပြီးနောက်‌ ဈေးနှုန်းသည် level ကို မှားယွင်းဖောက်ထွက်သွားကာ ကုန်သွယ်မှုများအား stop loss ဖြင့် ပိတ်သိမ်းလိုက်ပါသည်။ ထို့နောက်တွင် အခြားသော Price Action ပုံစံတခုဖြစ်သည့် Pinbar ပေါ်ပေါက်လာပါသည်။ ဘား၏အပိတ်ဈေးမှာ အတော်အတန်မြင့်မားကာ take profit ပွိုင့်နှင့်နီးကပ်နေသောကြောင့် ဈေးနှုန်းသည် pin ဘား၏ အနိမ့် level မှ အမြင့် level သို့ ၅၀% ခန့် ပြန်လှည့်လာပြီးမှသာ အဝယ်ကုန်သွယ်မှုတခုကို ဖွင့်လှစ်သင့်ပါသည်။ ကျွန်ုပ်တို့တွေ့မြင်ရသည့်အတိုင်း လမ်းကြောင်းသည် ရှေ့သို့ဆက်သွားကာ ကုန်သွယ်မှုအား take profit ဖြင့်ပိတ်သိမ်းပါသည်။

အရောင်းအချက်ပြမှု -

  • ဈေးနှုန်းသည် level အား အောက်မှအထက်သို့ ဖောက်ထွက်ရန် ကြိုးပမ်းနေသည်။

  • Level ကျိုးပေါက်သွားခြင်းမရှိပါ။

  • Price Action ပုံစံပေါ်ပေါက်လာပါသည်။

LiteFinance: နည်းဗျူဟာ၏ အင်္ဂါရပ်များ

နောက်ထပ်ဥပမာတခု -

LiteFinance: နည်းဗျူဟာ၏ အင်္ဂါရပ်များ

ကုန်သွယ်မှုဦးတည်ရာအပေါ်မူတည်၍ Stop loss အား Price Action ပုံစံ၏ အမြင့်ဆုံး သို့မဟုတ် အနိမ့်ဆုံး level နောက်တွင် သတ်မှတ်ပါ။ Take Profit အား ADR တပတ်တာ level တွင် သတ်မှတ်ပါ။

အကယ်၍ ဈေးနှုန်းသည် ကုန်သွယ်ရက်၏အဆုံး၌ take profit ပစ်မှတ်တန်ဖိုးအထိ မရောက်ရှိပါက၊ ကုန်သွယ်မှုအား လူကိုယ်တိုင်ပိတ်သိမ်းရပါမည်။ နောက်ထပ်ကုန်သွယ်ရက်မှစတင်၍ indicator ၏ တပတ်တာ အမြင့်၊ အနိမ့် level ညွှန်ပြချက်များအပေါ်မူတည်၍ အချက်ပြမှုအသစ်များကို ရှာဖွေသင့်ပါသည်။

ADR indicator ၏ တပတ်တာ levels များနှင့် Price Action အချက်ပြမှုများအပေါ်မူတည်သော ကုန်သွယ်ရေးဗျူဟာတခုသည် ရိုးရှင်း၍ထိရောက်မှုရှိပါသည်။ ဤနည်းဗျူဟာဖြင့် ကုန်သွယ်သောအခါ၊ လမ်းကြောင်း indicator များမှ ညွှန်ပြသော ဈေးနှုန်းဦးတည်ရာသို့လိုက်ပါရန် အကြံပြုလိုပါသည်။ ဈေးနှုန်းရွေ့လျားမှုဦးတည်ရာတွင် ယာယီအလှည့်အပြောင်းဖြစ်ပေါ်ချိန်အတွင်း ကုန်သွယ်ရန်အတွက်လည်း ဤနည်းဗျူဟာကို အသုံးပြုနိုင်ပါသည်။ ဤဖြစ်စဉ်တွင် အရေးအကြီးဆုံးအချက်မှာ lot အရွယ်အစားကို လျှော့ချရန်ဖြစ်သည်။ ထိုအခါ ကုန်သွယ်မှုဆိုင်ရာ ဆုံးရှုံးနိုင်‌ခြေများ၊ မြင့်မားသောစွန့်စားမှု သတိပေးချက်များကို ရှောင်ရှားနိုင်ပါလိမ့်မည်။

ADR indicator အပေါ်အခြေခံသော ကုန်သွယ်ရေးဗျူဟာများသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြုချက် မဟုတ်ပါ။ ၎င်း၏ နည်းစနစ်ကို သေချာစွာ နားလည်သဘောပေါက်ပြီးမှသာလျှင်၊ ADR indicator ကို စတင်အသုံးပြုပါ။ ယခင်စွမ်းဆောင်ရည်ည် အနာဂါတ်အမြတ်ရလာဒ်အတွက် အာမခံချက်မဟုတ်သည်ကို အစဉ်အမြဲသတိရပါ။

ATR၊ ADR နှင့် IR (AIR) တို့ကို နှိုင်းယှဉ်ခြင်း

Average True Range (ATR)၊ Average Daily Range (ADR) နှင့် Intraday Range (IR) တို့သည် ကုန်သွယ်ရေးပိုင်ဆိုင်မှုတခု၏ ပျမ်းမျှဈေးနှုန်းမတည်ငြိမ်နှုန်းကို ပြသသော indicators အုပ်စုများဖြစ်ကြပါသည်။ ၎င်းတို့အား ပျမ်းမျှတန်ဖိုးကို ဆုံးဖြတ်ရန် စီစဉ်ရေးဆွဲထားခြင်းဖြစ်သော်လည်း၊ ၎င်းတို့သည် မတူညီသော ဖော်မြူလာများကို အသုံးပြုကြပါသည်။ သတ်မှတ်ထားသော တာဝန်တခုစီကို ဆောင်ရွက်ရန်အတွက် ဖော်မြူလာတခုစီ လိုအပ်ပါသည်။

ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းတွင် မတည်ငြိမ်မှု တိုးတက်သည်ဖြစ်စေ၊ ကျဆင်းသည်ဖြစ်စေ သတ်မှတ်ကာလ အတွင်း၊ ၎င်း၏ ရွေ့လျားပုံကို ပြသရန်အလို့ငှာ ပျမ်းမျှမတည်ငြိမ်မှုရာခိုင်နှုန်းကို ရှာဖွေရာတွင် ATR indicator အား အသုံးပြုကြပါသည်။ ထို့အပြင် မတည်ငြိမ်မှုသည် မည်သည့် ခွဲခြမ်းစိတ်ဖြာမှုကာလအပိုင်းအခြားတွင်မဆို ဖြစ်ပေါ်နိုင်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤ indicator အား တပတ်တာခွဲခြမ်းစိတ်ဖြာမှုဇယားတွင် အသုံးချပါက ပိုင်ဆိုင်မှုတခု၏ မတည်ငြိမ်နှုန်းသည် တပတ်နှင့်တပတ် မည်သို့ပြောင်းလဲသည်ကို တွေ့ရှိရပါမည်။ နာရီပိုင်းခွဲခြမ်းစိတ်ဖြာမှုဇယားတွင် အသုံးချပါက၊ နာရီပိုင်းအရှည်ရှိသည့် candlesticks များကို ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရမည်ဖြစ်သည်။ Indicator ကို အသုံးပြုခြင်းအားဖြင့် ဈေးနှုန်းရွေ့လျားမှု၏ အရှိန်တိုးတက်သောအခိုက်အတန့်များနှင့် ကျဆင်းသော အခိုက်အတန့်များကို ကြိုတင်ခန့်မှန်းနိုင်ပါသည်။

ကုန်သည်များသည် နေ့စဉ်ပျမ်းမျှရွေ့လျားမှုကို ဆုံးဖြတ်ရန် လိုအပ်သောအခါတွင် ADR indicator ကို အသုံးပြုကြသည်။ ဤ indicator သည် ကုန်သွယ်မှုပိတ်သိမ်းမည့်ပွိုင့်များကို ‌ဆုံးဖြတ်ရန် သင့်တော်ယုံ သာမက ကုန်သွယ်မှုအလားအလာနှင့် ဈေးကွက်အရှိန်နှေးကွေးမလာမီ ဈေးနှုန်းသည် နောက်ထပ်မည်မျှအထိ အများဆုံးရွေ့လျားနိုင်မည်ကို ဆုံးဖြတ်ရန်အတွက်လည်း သင့်တော်ပါသည်။ ADR တန်ဖိုးကို အများဆုံးအသုံးပြုကြသူများမှာ တနေ့အတွင်းကုန်သွယ်မှုပြုလုပ်ကြသော ကုန်သည်များ ဖြစ်ကြသည်။ Indicator သည် ဈေးနှုန်းဇယားပေါ်တွင် တွက်ချက်မှုအပေါ်အခြေခံ၍ ဆုံးဖြတ်ထားသော (အမြင့်‌ဆုံးနှင့် အနိမ့်ဆုံး) levels များကို ပြသပါသည်။ ပိုင်ဆိုင်မှုသည် ယင်း levels များကြားတွင်သာ ၈၀% ခန့် အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု ၎င်းတို့မှ ညွှန်ပြနေပါသည်။

ADR indicator (ADR)သည် အတွဲတခုစီ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးကြားမှ ခြားနားချက်ကို တိုင်းတာပါသည်။ ပုံမှန်အားဖြင့် ၎င်းကို အဖွင့်ဈေး၏ ရာခိုင်နှုန်းတခုအဖြစ် ဖော်ပြလေ့ရှိသည်။ ထို့ကြောင့် indicator ရလာဒ်များကို ကြည့်ရှုခြင်းအားဖြင့် ကုန်သည်တဦးသည် “ပုံမှန်” ရွေ့လျားမှုထက် ကျော်လွန်သွားသော ဈေးနှုန်းဘား(price bar)များကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ဤညွှန်ပြချက်သည် ပုံမှန်မဟုတ်သော အခြေအနေများနှင့် ပုံမှန်သတ်မှတ်ချက်များမှ သွေဖယ်မှုများကို ရှာဖွေကြသူများအတွက် အလွန် အသုံးဝင်ပါသည်။ ထို့အတူ ဤ indicator ကို အသုံးပြုခြင်းအားဖြင့် ယနေ့အတွက် မတည်ငြိမ်မှုမြင့်မားရန် အလားအလာများသော ကုန်သွယ်ရေးပစ္စည်းများ၊ မတည်ငြိမ်မှုနိမ့်ပါးသော ပိုင်ဆိုင်မှုများကို ခွဲခြားသိရှိနိုင်ပြီး၊ သင်၏နည်းဗျူဟာအတွက် အသင့်တော်ဆုံး ကုန်သွယ်ရေးပိုင်ဆိုင်မှု အမျိုးအစားများကို ရွေးချယ်နိုင်ပါသည်။

Indicator

% သို့မဟုတ် $ ဖြင့် ဖော်ပြခြင်း

Gap ကို ထည့်သွင်းစဉ်းစားခြင်း

ပျမ်းမျှတန်ဖိုး

ဘားတခုစီအပေါ် တုံ့ပြန်မှု

ATR

များသောအားဖြင့် $ ဖြင့်

စဉ်းစားသည်

စဉ်းစားသည်

မပြုလုပ်ပါ၊ ပျမ်းမျှတန်ဖိုးကိုသာ ညွှန်ပြပါသည်။

ADR

များသောအားဖြင့် $ ဖြင့် (အချို့သော ‌ဗားရှင်းများတွင် % ဖြင့်)

မစဉ်းစားပါ

စဉ်းစားသည်

မပြုလုပ်ပါ၊ ပျမ်းမျှတန်ဖိုးကိုသာ ညွှန်ပြပါသည်။

IR

% သို့မဟုတ် $

မစဉ်းစားပါ

စဉ်းစားသည် (ဆက်တင်များတွင် ဤလုပ်ဆောင်ချက် အား ဖွင့်ထားနိုင်သည်)

ပြုလုပ်ပါသည်။

ဤ indicator သည် ကုန်သွယ်မှုတခုကို ရက်များစွာကြာသည်အထိ ထိန်းသိမ်းထားလေ့ရှိသော swing traders များအတွက် ပို၍သင့်တော်သည်ဟု ကောက်ချက်ချနိုင်ပါသည်။

တနေ့ချင်းကုန်သွယ်မှုပြုလုပ်ကြသူများအတွက် တရက်နှင့်တရက်ကူးပြောင်းချိန်၏ ဈေးနှုန်းကွာဟမှုကို ထည့်သွင်းတွက်ချက်ရန် မလိုအပ်ပါ။ ၎င်းတို့အတွက် ADR နှင့် IR indicators များက ပို၍သင့်တော်ပါသည်။ ADR indicator နှင့်မတူသည်မှာ၊ IR indicator သည် ဘားတခုစီ၏ အသေးစိတ်ဖော်ပြချက်ကို ပြသပေးပြီး၊ ခွဲခြမ်းစိတ်ဖြာမှုအတွက် အပိုသတင်းအချက်အလက်ကို ထောက်ပံ့ပေးပါသည်။

ဖော်ပြခဲ့သော indicator တခုစီအား ကုန်သွယ်မှုစနစ်တခုအတွက် တိကျ‌သော ပြဿနာတခုစီကို ဖြေရှင်းရန် ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ မတူညီမှုအချို့ရှိသော်လည်း indicator အားလုံး၏ ရည်ရွယ်ချက်မှာ တူညီကြပါသည် - ပိုင်ဆိုင်မှု၏ ဈေးနှုန်းမတည်ငြိမ်မှုကို ဆုံးဖြတ်ရန်နှင့် လိုအပ်ပါက ပေးထားသောကာလအတွင်း ပျမ်းမျှတန်ဖိုးကို ပြသရန်ဖြစ်ပါသည်။

အကျဉ်းချုပ်

ADR indicator သည် တနေ့ချင်းကုန်သွယ်ရေးနှင့် ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုအတွက် အသုံးဝင်ပါသည်။ Indicator သည် ‌ယနေ့တရက်အတွင်း ဈေးကွက်လမ်းကြောင်းမရပ်တန့်မီ သို့မဟုတ် ဦးတည်ရာ အလှည့်အပြောင်းမဖြစ်ပေါ်မီ နောက်ထပ် pips မည်မျှအထိ ဈေးနှုန်းရွေ့လျားနိုင်လိမ့်မည်ကို ပြသပါသည်။ တွက်ချက်မှုများကို ယခင်စွမ်းဆောင်ရည်အပေါ် အခြေခံ၍ ပြုလုပ်ပါသည်။

ဥပမာအားဖြင့် အကယ်၍ ကုန်သည်တဦးသည် ကုန်သွယ်မှုတခုကို ရက်ကြာကြာဖွင့်လှစ်ထားပြီး၊ ဇယားပေါ်မှရွေ့လျားမှုသည် ADR level အနီးသို့ချဉ်းကပ်လာပါက၊ ကုန်သွယ်မှုအား အဆိုပါ level အနီး၌ ပိတ်သိမ်းသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၈၀% ခန့်သောအချိန်များတွင် ဈေးနှုန်းသည် ADR levels များအတွင်း၌သာ ရွေ့လျားသောကြောင့်ဖြစ်သည်။ ADR ညွှန်ပြချက်များကို လျစ်လျူရှုသော ကုန်သည်တဦးသည် မကြာခဏဆိုသလို အမြတ်များကို ဆုံးရှုံးရလေ့ရှိပြီး၊ ဈေးကွက်သည် ထိုရက်အတွက် ပျမ်းမျှရွေ့လျားမှုကို ဖြတ်ကျော်၍ ဆန့်ကျင်ဘက်ဦးတည်ရာသို့ စတင်ရွေ့လျားပြီးမှသာ ကုန်သွယ်မှုအား မဖြစ်‌မနေပိတ်သိမ်းရသော အခြေအနေဖြင့် ရင်ဆိုင်ရနိုင်ပါသည်။

ဈေးနှုန်းသည် ပျမ်းမျှရွေ့လျားမှုအတွင်းမှ အကွာအဝေးများစွာ ကျော်လွန်၍ ရွေ့လျားသော အခြေအနေများလည်း ရှိနိုင်ပါသည်။ သို့သော် ဈေးကွက်အတွင်း ၂၀% ခန့်သော အချိန်များတွင်သာ ထိုအခြေအနေမျိုးကို ရှားရှားပါးပါးတွေ့ရနိုင်ပါသည်။ သင့်အနေဖြင့် ADR levels များ၌ပင် အမြတ်ရ‌နေပြီဖြစ်ပါလျှက် အဘယ်ကြောင့် ကံကိုယုံကာ မရေရာသော စွန့်စားမှုကို ပြုလုပ်မည်နည်း။

မည်သို့ပင်ဖြစ်စေ၊ ADR indicator အပေါ်အခြေခံသော ကုန်သွယ်ရေးဗျူဟာများသည် အမျိုးမျိုး ကွဲပြားကြပေရာ၊ ဈေးနှုန်းရွေ့လျားမှုသည် ADR ကို ကျော်လွန်၍ အလွန်အားကောင်းသော အရှိန်တခုကိုဖြစ်ထွန်းစေသော အခြေအနေများကိုသာ အတိအကျ အလေးထားသော နည်းစနစ်များလည်း အမှန်ပင် ရှိကြပါသည်။ အဆိုပါနည်းဗျူဟာများသည် အထက်တွင်ဖော်ပြခဲ့သော ၂၀% ခန့် ဖြစ်နိုင်ခြေကို ရှာဖွေခြင်းအပေါ် အခြေခံပါသည်။

ATR indicators များကို အစဉ်လိုက်ဖော်ထုတ်ခြင်းသည် တပတ်တာ levels များကို ပြသပေးနိုင်သော နောက်ထပ်ညွှန်ပြချက်တခုကို ပေါ်ပေါက်စေပါသည်။ အဆိုပါ levels များသည် ကုန်သွယ်မှု ပြုလုပ်ရန် အတွက် ခိုင်မာသော support နှင့် resistance levels များကို ကိုယ်စားပြုပါသည်။

ATR၊ ADR နှင့် IR ကဲ့သို့သော indicators များသည် ကာလအလယ်အလတ်နှင့် swing trading ကုန်သွယ်ရေးပုံစံများတွင် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာအချက်အလက်များကို အသုံးချနိုင်စေရန် ခွင့်ပြုပေးပါသည်။ ၎င်းတို့တခုစီသည် တိကျသော ရည်ရွယ်ချက်တခုစီကို ပြည့်မြောက်စေသည်ဖြစ်ရာ၊ ကုန်သည်အနေဖြင့် မိမိ၏ကုန်သွယ်ရေးနည်းစနစ်နှင့် ကိုက်ညီမှုရှိသော တခုကို ရွေးချယ်ရပါမည်။

Average daily range ADR indicator နှင့် ၎င်း၏ဆင့်ကဲဗားရှင်းများမှ ပေးပို့သော ကုန်သွယ်ရေးအချက်ပြမှုများကို နားလည်သဘောပေါက်စေရန် လေ့လာခြင်းအားဖြင့် ကုန်သည်တဦးသည် ၎င်း၏ အမြတ်အစွန်းကို အတိုင်းအတာတခုအထိ တိုးမြှင့်နိုင်ပြီး၊ ဈေးနှုန်းရွေ့လျားမှု ဦးတည်ရာ အဆုံးသတ်လုဆဲဆဲတွင် ဈေးကွက်သို့ ဝင်ရောက်မိခြင်းကို ရှောင်ရှားနိုင်ပါလိမ့်မည်။

ADR indicator အား သင်၏ မူလကုန်သွယ်ရေးစနစ်ဖြင့် ပေါင်းစပ်အသုံးပြုပါ။ ဆုံးရှုးနိုင်ခြေစီမံခန့်ခွဲခြင်းစည်းမျဉ်းများကို လိုက်နာပါ။ ဈေးနှုန်းလှုပ်ရှားမှုပုံစံများကို ရှာဖွေပါ။ အောင်မြင်မှုလမ်းကြောင်းသည် သင့်အတွက် ဖြစ်ပါသည်။

Average Daily Range နှင့်စပ်လျဉ်းသော အမေး၊ အဖြေများ

Average Daily Range ADR indicator သည် ဈေးနှုန်းဇယားပေါ်မှ ကုန်သွယ်မှုပစ္စည်း၏ တနေ့တာအတွင်း အနိမ့်ဆုံးနှင့်အမြင့်ဆုံး ပျမ်းမျှရွေ့လျားမှု levels များကို ပြသပါသည်။ ဈေးနှုန်းသည် အဆိုပါ levels များကို ကျော်လွန်သွားရန် အလားအလာနည်းပါးပြီး၊ levels များအတွင်း၌သာ ရွေ့လျားရန် အလားအလာများ‌သောကြောင့် အဆိုပါ levels များ၏နယ်နိမိတ်အတွင်း ကုန်သွယ်မှုကို ပိတ်သိမ်းခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်ပါသည်။

ADR indicator သည် ကာလတခုအတွင်း ကုန်သွယ်ရက်တရက်စီ၏ အနည်းဆုံးနှင့် အများဆုံးတန်ဖိုးများကို တွက်ချက်ကာ၊ ခြားနားချက်ကိုရှာဖွေ၍၊ ဆက်တင်တွင် သတ်မှတ်ထားသော ကာလများအတွက် အဆိုပါခြားနားချက်များကို ပေါင်းစည်းပေးပါသည်။ ထို့နောက် ရရှိလာသော ပမာဏကို n-ကာလများအဖြစ် ပိုင်းဖြတ်ကာ ပျမ်းမျှတန်ဖိုးကို ဆုံးဖြတ်ပါသည်။ ထို့နောက် ADR အနိမ့် level ကို ဆုံးဖြတ်ရန်အတွက် ပျမ်းမျှတန်ဖိုး၏ တဝက်ကို လက်ရှိနေ့၏ အဖွင့်ဈေးမှ နှုတ်ယူပါသည်။ ADR အမြင့် level ကို ဆုံးဖြတ်ရန်အတွက် ပျမ်းမျှတန်ဖိုး၏ တဝက်ကို လက်ရှိနေ့၏ အဖွင့်ဈေးသို့ ပေါင်းထည့်ပါသည်။

ADR indicator သည် ၎င်း၏တွက်ချက်မှုတွင် ဈေးနှုန်းရွေ့လျားမှုအချက်အလက်များကို အသုံးပြုပါသည်။ လက်တွေ့ကိုအခြေခံသော စူးစမ်းလေ့လာမှုများတွင် ဈေးနှုန်းသည် ကုန်သွယ်ရက်တရက်စီအတွင်းရှိ High ADR နှင့် Low ADR levels များကြားတွင်သာ ကူးသန်းသွားလာရန် ၈၀% အလားအလာရှိကြောင်း တွေ့ရှိရသည်။ ထို levels များကို ကျော်လွန်သွားနိုင်ခြေမှာ ၂၀% ခန့်သာရှိပါသည်။ ထုံးစံအားဖြင့် အရေးကြီးသတင်းများထုတ်ပြန်စဉ် သို့မဟုတ် ကမ္ဘာပေါ်တွင် မမျှော်လင့်သော ဖြစ်ရပ်များပေါ်ပေါက်စဉ် ကာလများတွင် ထို ၂၀% ဖြစ်နိုင်ခြေကို တွေ့ရလေ့ရှိသည်။

ADR indicator တွင်၊ ကုန်သွယ်လတလအတွက် နေ့စဉ်ပျမ်းမျှရွေ့လျားမှုအကွာအဝေးကို ဆုံးဖြတ်ရန် period 20 ကို ရွေးချယ်သင့်ပါသည်။ အကယ်၍ ယခင်တပတ်တာ၏ နေ့စဉ်ပျမ်းမျှရွေ့လျားမှုအကွာအဝေးကို ဆုံးဖြတ်လိုပါက၊ period 5 ကို ရွေးချယ်ပါ။ သင်၏ ကုန်သွယ်ရေးပုံစံအပေါ်မူတည်၍ တန်ဖိုးများကို တခုမဟုတ်တခု ပြောင်းလဲသတ်မှတ် နိုင်ပါသည်။ ခရစ်ပတိုငွေကြေးပိုင်ဆိုင်မှုများအတွက် period 30 သို့မဟုတ် 7 တို့ကို ရွေးချယ်ခြင်းက ပို၍ကောင်းမွန်နိုင်ပါသည်။

ADR သည် ဈေးကွက်လားရာကို အဆုံးအဖြတ်မပေးသောကြောင့် ကြိုတင်ညွှန်ပြသော indicator တခုမဟုတ်သလို၊ နောက်ကျသော indicator တခုလည်းမဟုတ်ပါ။ ဤ indicator အား ဖွင့်ထားသောကုန်သွယ်မှုတခုကို ပိတ်သိမ်းရန်အတွက် အမြတ်ရနိုင်သောပွိုင့်များကို ပြသပေးရန် ရည်ရွယ်ကာ ဖန်တီးရေးဆွဲထားခြင်းဖြစ်ပါသည်။ ဤ indicator သည် ရွေ့လျားမှု အချက်အလက်များအပေါ်အခြေခံ၍ နေ့စဉ်ပျမ်းမျှရွေ့လျားမှုအကွာအဝေးကို ဖြစ်နိုင်သမျှ အတိကျဆုံး ဆုံးဖြတ်ပေးပါသည်။

စတော့၊ ငွေကြေး၊ ကုန်စည် သို့မဟုတ် အခြား စသဖြင့် အရင်းခံပိုင်ဆိုင်မှုအမျိုးအစား အပေါ်မူတည်၍ ကုန်သွယ်ရေးပစ္စည်းတခုစီအတွက် ပျမ်းမျှ ADR သည် မတူညီနိုင်ပါ။ ၎င်းသည် ဈေးနှုန်းခန့်မှန်းရသောကုန်သွယ်မှုအမျိုးအစား လုံခြုံဘေးကင်းသောအမျိုးအစား သို့မဟုတ် စွန့်စားမှုမြင့်မားသောအမျိူအစား စသဖြင့် မည်သည့် အမျိုးအစားဖြစ်သနည်း၊ ၎င်းသည် ကုန်သည်အများစု စိတ်ဝင်စားသော ပိုင်ဆိုင်မှုတခုဟုတ်မဟုတ်၊ ဈေးကွက်အတွင်း လုံလောက်သော liquidity ရှိမရှိ အစရှိသော အကြောင်းအရာများစွာအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အကယ်၍ liquidity မြင့်မားပါက၊ADR တန်ဖိုးနိမ့်ပါးပါသည်။ ဈေးကွက်အတွင်း liquidity နည်းပါးပါက ADR တန်ဖိုးမြင့်မားပါသည်။ liquidity နိမ့်ပါးသော ဈေးကွက်ကို ကျဉ်းမြောင်းသောဈေးကွက်ဟု ခေါ်ဆိုကြလေ့ရှိပြီး၊ အဆိုပါဈေးကွက်မျိုးတွင် ပမာဏကြီးမားသော ကုန်သွယ်မှုတခုသည် ဈေးနှုန်းဦးတည်ရာကို သိသာထင်ရှားစွာ ပြောင်းလဲစေနိုင်ပါသည်။

Forex ကုန်သွယ်ရေးအတွက် Average Daily Range (ADR) Indicator

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat