CCI indicator ခေါ် CCI Commodity Channel Index သည် Donald Lambert မှ ၁၉၈၀ ပြည့်နှစ်များတွင် တီထွင်ဖန်တီးခဲ့သော Oscillator indicator တခု၊ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး ကိရိယာတခုဖြစ်ပါသည်။ ၎င်းသည် ကုန်စည်ဈေးကွက်သာမက စတော့ကုန်သွယ်ရေး၊ နိုင်ငံတကာ ငွေကြေးများနှင့် အခြားဘဏ္ဍာရေးအမျိုးအစားများအတွက်လည်း အသုံးဝင်ပါသည်။

အချက်ပြမှုများကို အဓိပ္ပါယ်ကောက်ရာတွင် လွယ်ကူရိုးရှင်းခြင်း၊ တွက်ချက်ရန် လွယ်ကူခြင်းနှင့် မည်သည့်ဈေးကွက်တွင်မဆို အသုံးချနိုင်ခြင်းတို့သည် Commodity Channel Index အား ကုန်သည်များ အကြား အထူးရေပန်းစေသော အချက်များဖြစ်ကြပါသည်။

စတင်လေ့လာသူတဦးပင်လျှင် CCI ဖြင့် အောင်မြင်စွာ ကုန်သွယ်နိုင်ပါသည်။ ဝါရင့်ကုန်သည်များသည် ဤ အဝင်ပွိုင့်များကို ထပ်ဆောင်း ရှာ‌ဖွေရာ၌ ဤ indicator အားအသုံးပြုကြပြီး၊ ဈေးကွက်အတွင်း ဝယ်လိုအား၊ ရောင်း‌လိုအား လွန်ကဲသောဇုန်များကို ခြေရာခံရာတွင် Oscillator တခုအဖြစ်လည်း အသုံးပြုကြသည်။

ဤဆောင်းပါးသည် CCI indicator ဖြင့် ကုန်သွယ်ခြင်းအတွက် ပြည့်စုံသော လမ်းညွှန်ချက်တခု ဖြစ်ပါသည်။ ဆက်လက်ဖတ်ရှုခြင်းအားဖြင့် CCI Commodity Channel Index ၏ သမိုင်းကြောင်း၊ အဓိကတွက်ချက်နည်းဖော်မြူလာများနှင့် CCI ကို အသုံးပြု၍ အကျိုးအမြတ်ရှာဖွေနိုင်သော အခြေခံနည်းဗျူဟာများကို လေ့လာနိုင်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Commodity Channel Index (CCI) ဆိုသည်မှာ အဘယ်နည်း။

Commodity Channel Indicator (CCI) သည် Oscillator တခုဖြစ်ပါသည်။ အချိန်များစွာတွင် indicator ဇယားသည် ကြားနေဇုန်အတွင်း ရှိနေပြီး၊ ထိုအ‌ခြေအနေသည် ဈေးကွက်အတော်အသင့် ငြိမ်သက်နေကြောင်းကို ပြသပါသည်။ Indicator သည် ကြားနေဇုန်အတွင်းမှ ထွက်ခွာသောအခါ၊ ဈေးနှုန်း ရွေ့လျားသောအရှိန်ကို ညွှန်ပြပါသည်။ ထို့အတူ ကုန်သည်တဦးသည် CCI ၏ အကူအညီဖြင့် ဈေးကွက်အတွင်း ဝယ်လိုအား၊ ရောင်းလိုအား လွန်ကဲခြင်းများကိုလည်း ဆုံးဖြတ်နိုင်ပါသည်။ ထို့ကြောင့် လမ်းကြောင်းအဆုံးသတ်ခြင်း၊ ဈေးကွက်အ‌ခြေအနေပြောင်းပြန်ဖြစ်ခြင်းနှင့် ယာယီအပြောင်းအလဲများ ကိုလည်း ခန့်မှန်းနိုင်ပါသည်။

အောက်ပါရုပ်ပုံသည် ကုန်သွယ်ရေးဇယားတခုအတွင်း CCI indicator ကို မြင်ရပုံဖြစ်ပါသည်။

LiteFinance: Commodity Channel Index (CCI) ဆိုသည်မှာ အဘယ်နည်း။

CCI indicator အား ကုန်သွယ်ရေးပစ္စည်းတခု၏ ဈေးနှုန်းဇယားအောက် သီးသန့် window တခုအတွင်း ပြသထားသည်ကို တွေ့မြင်နိုင်ပါသည်။

အညွှန်းကိန်းသည် သုည၏ အထက် သို့မဟုတ် အောက်တွင် တည်ရှိပြီး မျဉ်းကွေးပုံသဏ္ဍန်ရှိပါသည်။ Indicator တွင် +100၊ +200 နှင့် -100၊ -200 ဟူသော အဆင့်များ ရှိပါသည်။ ၎င်းအဆင့်များအား ဈေးနှုန်း၏ အရှိန်နှင့် ဈေးကွက်၏ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲမှုများကို ခွဲခြားနိုင်ရန်အတွက် အသုံးပြုကြပါသည်။ 

CCI ကုန်သွယ်ရေး၏ ယေဘုယျ စည်းမျဉ်းများအရ အချက်ပြမှုအားလုံးကို အုပ်စုနှစ်ခု ခွဲခြားနိုင်ပါသည်။ တခုမှာ လမ်းကြောင်းတခုတွင် ကုန်သွယ်ရန်ဖြစ်ပြီး၊ တခုမှာ ယာယီအပြောင်းအလဲတွင် ကုန်သွယ်ရန် ဖြစ်သည်။

CCI နည်း‌ဗျူဟာကို အသုံးပြု၍ အားကောင်းသော အတက်လမ်းကြောင်းတခုတွင် ကုန်သွယ်လိုပါက၊ ဤ indicator မျဉ်းသည် သုညမျဉ်း‌ကိုဖြတ်၍ အထက်သို့တက်သွားသောအချိန်တွင် အဝယ်ကုန်သွယ်မှုကို ပြုလုပ်ပါ။ အကျလမ်းကြောင်းပေါ်‌တွင် ကုန်သွယ်မည်ဆိုပါက၊ indicator မျဉ်းသည် သုညမျဉ်း‌ကိုဖြတ်၍ အောက်သို့ကျဆင်းသွားသောအချိန်ကိုစောင့်၍ အရောင်းကုန်သွယ်မှုကို ပြုလုပ်ပါ။

ယာယီအပြောင်းအလဲအခြေအနေတွင် ကုန်သွယ်လိုပါက အညွှန်းကိန်းသည် အဆင့် +100 သို့မဟုတ် -100 ကိုကျော်လွန်သွားပြီးနောက် ကြားနေဇုန်သို့ ပြန်လှည့်သောအချိန်ကို စောင့်ဆိုင်းခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ ကြားနေဇုန်သည် +100 မှ -100 ကြားဧရိယာဖြစ်သည်။  လမ်းကြောင်း၏ အရှိန်ကုန်ခမ်းပြီး ယာယီအပြောင်းအလဲတခု စတင်မည့် အဓိပ္ပါယ်ပင် ဖြစ်ပါသည်။

အချို့သော ဖြစ်ရပ်များတွင်၊ ဈေးကွက်သည် အဆင့် +200 သို့မဟုတ် -200 ဖြစ်စေ၊ +300 သို့မဟုတ် -300 အထိပင်ဖြစ်စေ ရောက်ရှိသွားနိုင်သည်။ ဈေးနှုန်းသည် ထိုအဆင့်များကို ဖောက်ထွက်ပြီးမှ နောက်ပြန်လှည့်လာခြင်းသည် ယာယီအပြောင်းအလဲအခြေအနေတွင် ကုန်သွယ်ရန်အတွက် အားကောင်းသော အချက်ပြမှုပင်ဖြစ်သည်။ ဈေးကွက်သည် ပုံမှန်တန်ဖိုးများမှ ပိုမိုဝေးကွာ သွေဖည်လေလေ၊ အဆိုပါကြားနေတန်ဖိုးများထံ ပြန်ကာဦးလှည့်ရန် အခွင့်အရေး ပိုများလေလေ ဖြစ်ပါသည်။

Commodity Channel Index အား သီးခြားကုန်သွယ်ရေးစနစ်တခုအဖြစ် အသုံးပြုနိုင်သကဲ့သို့ ကုန်သွယ်ရေးနည်းဗျူဟာကို အားဖြည့်ပေးသော Oscillator တခုအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အရာအားလုံးသည် သင်၏ရည်မှန်းချက်များနှင့် ကုန်သွယ်စွမ်းရည်အပေါ်တွင်သာ မူတည်ပါသည်။ Indicator settings များ (ဥပမာ-အချိန်ကာလ)အား သင်၏ လိုအပ်ချက်အပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အခြေခံ CCI နည်းဗျူဟာကို လေ့ကျင့်ရန်အတွက်  ဤကိရိယာအား ရက်နှစ်ဆယ်ကာလဖြင့် စမ်းသပ်ကြည့်ရန် အကြုံပြုလိုပါသည်။

Commodity Channel Index ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း။

ယနေ့ခေတ်တွင် ရေပန်းအစားဆုံး ကုန်သွယ်ရေးပစ္စည်းများမှာ နိုငံတကာငွေကြေးများ၊ စတော့များနှင့် ခရစ်ပတိုငွေကြေးများ ဖြစ်ကြသည်။ သို့ရာတွင် အမြဲတမ်း ထိုသို့ဖြစ်ခဲ့ခြင်း မဟုတ်ပါ။ သင့်အတွက် အံ့အားသင့်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ငွေကြေးဈေးကွက်သည် ဆန်၊ ချည်မျှင်၊ ကော်ဖီ၊ ပဲ အစရှိသော ကုန်စည်များနှင့် အစပြုခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ ကုန်စည်များအတွက် ပထမဆုံး futures များ ပေါ်ပေါက်လာခဲ့သည်။ Futures များအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များမှ သီးနှံပျက်စီးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များတွင် ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်(အာမခံရရှိစေရန်)အတွက် အသုံးပြုခဲ့ကြပြီး၊ ဝယ်သူများမှာမူ ရောင်းသူဘက်မှ ကြိုတင်သဘောတူထားသော ဈေးနှုန်းဖြင့် ကုန်ပစ္စည်းကို လက်ခံရယူရန် အဆိုပါ အာမခံစာချုပ်များကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

၎င်းတည်ရှိခဲ့သော သက်တမ်းအတွင်း၊ ကုန်စည်ဈေးကွက်သည် ရေပန်းစားသော သင်္ချာအညွှန်းကိန်းများစွာကို ပေါ်ထွန်းစေခဲ့ပြီး ၎င်းတို့သည် ရှေးရိုးစွဲ နည်းပညာပိုင်းဆိုင်ရာ indicator များဟု ခေါ်ဆိုကြသော အုပ်စုအတွင်း အပါအဝင်ဖြစ်ခဲ့သည်။

Commodity Channel Index အား ၁၉၈၀ ခုနှစ် အောက်တိုဘာထုတ် ကုန်စည်မဂ္ဂဇင်း (ယခုအခါ Futures မဂ္ဂဇင်း)တွင် သင်္ချာပညာရှင် Donald Lambert မှ စတင်မိတ်ဆက်ခဲ့သည်။ commodity channel index indicator ကို commodity futures များအတွက် နေ့စဉ်ဇယားတခုအတွင်းရှိ ဈေးနှုန်းများကို ခွဲခြမ်းစိတ်ဖြာရန် တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ 

Donald Lambert သည် CCI indicator ကို ဖန်တီးရာတွင် ဈေးကွက်၏ သံသရာစက်ဝန်းအတိုင်း လည်ပတ်သော လမ်းကြောင်းများကို အဓိက အတွေးအခေါ်အဖြစ် အသုံးပြုခဲ့သည်။ နိမ့်ပါးသော မတည်ငြိမ်မှုနှင့် မြန်ဆန်သော ဈေးနှုန်းအပြောင်းအလဲများသည် အလှည့်ကျဖြစ်၍နေသည်။ မြင့်မားသော ဈေးနှုန်းများ၏နောက်တွင် နိမ့်ပါးသောဈေးနှုန်းများ လိုက်ပါတတ်စမြဲဖြစ်သည်။ ဈေးကွက်ရွေ့လျားမှုများ သည် တချိန်မှတချိန်ပြောင်းလဲရာတွင် အတိအကျ ထပ်တူမကျသော်လည်း ပုံစံတူရွေ့လျားမှုများ ထပ်တလဲလဲ ဖြစ်ပေါ်လေ့ရှိသည်။

သိရှိထားသင့်သော အချက်တခုမှာ ဈေးကွက်ရွေ့လျားမှု သံသရာနှင့် စပ်လျဉ်းသော အယူအဆသည် သဘောတရားအသစ်တခုမဟုတ်ပါ။ ၎င်းသဘောတရားကို Lambert မတိုင်မှီ အခြား လူသိများသော ကုန်သည်ကြီးများမှ လေ့လာသိရှိခဲ့ကြပြီးဖြစ်သည်။ Wave သီအိုရီကိုဖန်တီးခဲ့သူ Ralph Nelson Elliott၊ VSA ကို တီထွင်ခဲ့သူ Richard Wyckoff၊ Dow Jones ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူ တဦးဖြစ်သော Charles Dow နှင့် အခြားကုန်သည်များသည် မတူညီသော ဈေးကွက်များအတွင်းရှိ ဈေးနှုန်းရွေ့လျားမှု စက်ဝန်း အပေါ် အခြေခံ၍ ခန့်မှန်းချက်များ ပြုလုပ်ခဲ့ကြသည်။

ဈေးကွက်သံသရာကို ကောင်းစွာ သဘောပေါက်သူတဦးသည် CCI indicator ကို အသုံးပြုခြင်းဖြင့် လမ်းကြောင်းတခု အဆုံးသတ်၍ ဆန့်ကျင်ဘက်အသစ်တခုစတင်ဖြစ်ပေါ်သော အချိန်တွင် အားသာမှု အရှိဆုံး အဝင်ပွိုင့်များကို တိကျစွာ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ 

Lambert သည် ၎င်း၏ဆောင်းပါးတွင် ရက် ၂၀ နှင့် ၆၀ ကာလများကို အသုံးပြုထားပါသည်။ ပထမအချိန်အ ပိုင်းအခြားအား အတော်အသင့် တိုတောင်းသောကာလအတွင်း ကုန်သွယ်ရေးအတွက် အသုံးပြုရန်ဖြစ်ပြီး၊ ဒုတိယအချိန်အပိုင်းအခြားကို ကာလအလတ်နှင့် ကာလရှည် ကုန်သွယ်ရေးများအတွက် အသုံးပြုနိုင်ပါသည်။ လတ်တလောတွင် ကုန်သည်များသည် ပို၍တိုတောင်းသော CCI ကာလအ ပိုင်းအခြားများကို ကုန်စည်များနှင့်နှိုင်းစာလျှင် ပိုမို၍ လှုပ်ခတ်မှုများသော ကုန်သွယ်ရေးပစ္စည်းများအတွက် အသုံးချကြသည်။

Lambert သည် Indicator ၏ အဝင်ပွိုင့်များကို ‌ရှာဖွေရန်အတွက် နေ့စဉ်အချိန်ဘောင်တခုကိုလည်း အဓိကထား၍ အသုံးပြုခဲ့ပါသည်။ သို့ရာတွင် CCI အယ်လ်ဂိုရီသမ်သည် ပိုမိုတိုတောင်းသော အချိန်ဘောင်များတွင်လည်း ကောင်းစွာ အလုပ်လုပ်ပါသည်။

အဓိပ္ပါယ်ကောက်ယူခြင်း။ CCI ကို မည်သို့ဖတ်ရှုရမည်နည်း။

CCI indicator ၏ setting များနှင့် ကုန်သွယ်ရေးနိယာမများသည် အခြား oscillator များနှင့် အလားသဏ္ဍန်အားဖြင့် တူညီပါသည်။ အချက်ပြမှုအားလုံးကို အစဉ်အလာအရ အုပ်စုနှစ်ခု ခွဲခြားနိုင်ပါသည်။ လမ်းကြောင်းပေါ်တွင် ကုန်သွယ်ရန် အချက်ပြမှုနှင့် ယာယီအပြောင်းအလဲတွင် ကုန်သွယ်ရန် အချက်ပြမှုတို့ဖြစ်ကြပါသည်။ 

လမ်းကြောင်းကို သတ်မှတ်ရန်အတွက် ပုံမှန်ဈေးနှုန်းဇယားခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ နည်းဥပဒေဿများကို လေ့လာသင်ယူပြီးဖြစ်ရန် လိုအပ်ပါသည်။ သို့မဟုတ် အထောက်အကူကိရိယာများ၏ အကူအညီကို ရယူနိုင်ပါသည်။ oscillator မှပေးပို့သော မှားယွင်းအချက်ပြမှု ထောင်ချောက်များကိုလည်း ရှောင်ကြဉ်နိုင်ရန် လိုအပ်ပါသည်။ ကုန်သည်တဦးသည် လမ်းကြောင်း၏ ဦးစားပေး ဦးတည်ရာကို သဘောပေါက်နားလည်လျှင် CCI indicator ၏ အချက်ပြမှုများကို အကျိုးရှိစွာ အသုံးချနိုင်ပါလိမ့်မည်။

လမ်းကြောင်းဖြင့်ကုန်သွယ်ရန်အတွက် CCI အချက်ပြမှုများ။

CCI indicator မျဉ်းသည် သုညအဆင့်ကို ဖြတ်သန်းသွားသောအခါတွင် လမ်းကြောင်းဖြင့် ကုန်သွယ်ရေး အတွက် CCI အချက်ပြမှုများ ပေါ်ပေါက်လာပါသည်။ လမ်းကြောင်း၏ ဦးတည်ရာအပေါ်အခြေခံ၍ indicator မျဉ်းသည် သုညအဆင့်၏ အထက် သို့မဟုတ် အောက်ဘက်သို့ ဖောက်ထွက်မည်ကို ခန့်မှန်းနိုင်ပါသည်။ 

အောက်ပါဇယားသည် EURUSD အကျလမ်းကြောင်းတွင် ကုန်သွယ်ရန်အတွက် CCI အချက်ပြမှုများကို ပြသပါသည်။

LiteFinance: လမ်းကြောင်းဖြင့်ကုန်သွယ်ရန်အတွက် CCI အချက်ပြမှုများ။

CCI indicator မျဉ်းသည် သုညအဆင့်အား ဖြတ်၍ အောက်သို့ကျဆင်းသွားသည်ကို အပြာရောင် ဒေါင်လိုက်မျဉ်းများဖြင့် အမှတ်အသားပြုပါသည်။ ထို့ကြောင့် ကုန်သွယ်နေ့ပိတ်သိမ်းချိန်တွင် ထိုအချက်ပြမှု ဖြစ်ပေါ်လာပြီးနောက်ပိုင်း အရောင်းကုန်သွယ်မှုကို ဖွင့်လှစ်သင့်ပါသည်။

အောက်ပါဇယားတွင် အနီရောင်ဒေါင်လိုက်မျဉ်းများသည် USDCHF အတက်လမ်းကြောင်း ထွက်ပေါ်ချိန် တွင် အဝယ်ကုန်သွယ်မှုအတွက် အချက်ပြမှုများကို အမှတ်အသားပြုပါသည်။

LiteFinance: လမ်းကြောင်းဖြင့်ကုန်သွယ်ရန်အတွက် CCI အချက်ပြမှုများ။

အညွှန်းကိန်းသည် သုညမျဉ်းအား အောက်မှအထက်သို့ ဖြတ်သန်းသွားသည်နှင့်တပြိုင်နက် ကုန်သွယ်နေ့ သည် အတက်ဈေးဖြင့်ပိတ်သိမ်းပြီး ဈေးကွက်သည် ဆက်လက်တိုးတက်သွားမည်ဖြစ်ပါသည်။

ဤနေရာတွင် ထပ်မံ၍ အလေးအနက်အကြံပြုလိုသော အချက်မှာ ကုန်သည်တဦးသည် အထက်ဖော်ပြပါ အချက်ပြမှုများအပေါ်အခြေခံ၍ ကုန်သွယ်ရန်အတွက် D1၊ W1 အစရှိသော ပိုမိုရှည်လျားသည့် အချိန်ဘောင်များ၌ လမ်းကြောင်းများကို ခွဲခြားသင့်ပါသည်။ လမ်းကြောင်းများကို သရုပ်ခွဲရာတွင် ဇယားအတွင်းရှိ အနိမ့်ဆုံး၊ အမြင့်ဆုံး ဈေးတန်းများကဲ့သို့သော ယေဘုယျ နည်းပညာများ သို့မဟုတ် အခြားနည်းပညာပိုင်းဆိုင်ရာ  ခွဲခြမ်းစိတ်ဖြာရေးကိရိယာများကို အသုံးပြုနိုင်ပါသည်။

Oscillator တခု၏ ရည်ရွယ်ချက်သည် လမ်းကြောင်းများကို သတ်မှတ်ရန် မဟုတ်ပါ။

CCI သည် အဆင့်သုည၏ အထက်သို့ဖြစ်စေ၊ အောက်သို့ဖြစ်စေ ဖြတ်သန်းသွားသော အခြေအနေ တခုချင်းအပေါ် ကုန်သွယ်ပါက ဈေးကွက်ရွေ့လျားမှုများ အကန့်အသတ်ရှိခြင်း သို့မဟုတ် အရှုံးကန့်သတ်ချက် အလုပ်လုပ်ခြင်း စသောအခြေအနေများနှင့် မလွဲမရှောင်သာ ရင်ဆိုင်ရနိုင်ပါသည်။

LiteFinance: လမ်းကြောင်းဖြင့်ကုန်သွယ်ရန်အတွက် CCI အချက်ပြမှုများ။

သင်နှင့်ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော EURUSD ဇယားတွင် လိ‌မ္မော်ရောင်မျဉ်းများသည် လမ်းကြောင်းဦးတည်ချက်အရ အဝင်ပွိုင့်များကို မှားယွင်းစွာ အမှတ်အသားပြုထားပါသည်။ အဝင်ပွိုင့် 1၊ 2 နှင့် 4 တို့သည် အရှုံးကန့်သတ်ချက်ဖြင့် ကုန်သွယ်မှုကို အဆုံးသတ်စေမည်ဖြစ်သည်။ အဝင်ပွိုင့် 3 သည် အမြတ်ရရှိစေမည်ဖြစ်သော်လည်း တိုးတက်မှု အကန့်အသတ်ရှိပြီး၊ ထို့နောက်တွင် ဈေးနှုန်းကျဆင်း လိမ့်မည်ဖြစ်သည်။

ယာယီအပြောင်းအလဲတွင် ကုန်သွယ်ရန်အတွက် CCI အချက်ပြမှုများ။

CCI indicator ကိုအသုံးပြု၍ ဆန့်ကျင်ဘက်လမ်းကြောင်းတွင် ကုန်သွယ်နိုင်ပါသည်။ Indicator မျဉ်းသည် ပုံမှန်ဈေးကွက်အခြေအနေ(+100 အဆင့်၏အထက် သို့မဟုတ် -100အဆင့်၏အောက်)ကို ကျော်လွန်သွားသော အခါမျိုးတွင် ဤကုန်သွယ်မှုကို ဆောင်ရွက်နိုင်ပါသည်။ အကောင်းဆုံး အချက်ပြမှုများကိုမူ + 200 သို့မဟုတ် -200 အဆင့်များကို ထိတွေ့ပြီးနောက်တွင် တွေ့မြင်ရမည် ဖြစ်ပါသည်။

ကျွမ်းကျင်သူများစွာတို့သည် ယာယီဆန့်ကျင်ဘက်လမ်းကြောင်းတွင် ကုန်သွယ်ရာတွင် + 100 နှင့် -100 အဆင့်များအား ကိုးကားရန် အကြုံပြုကြသော်လည်း၊ ကျွန်ုပ်၏သဘောအရ အားကောင်းသော အဆင့်များဖြစ်ကြသော +200 နှင့် -200 အဆင့်များဖြင့် အလုပ်လုပ်ရသည်ကို ပို၍ နှစ်ခြိုက်ပါသည်။ အဆင့် 100 မှစ၍ အချက်ပြမှုများ ပိုမိုထွက်ပေါ်လာပါမည်။ သို့ရာတွင် ၎င်းတို့အကြားတွင် မှားယွင်းအချက်ပြမှုများစွာလည်း ပါဝင်နေနိုင်ပါသည်။ ဈေးကွက်သည်  ရံဖန်ရံခါမှသာ အားကောင်းသော 200 အဆင့်ထိ ရှားရှားပါးပါး ရောက်ရှိလေ့ရှိသည်။ သို့သော် ထိုအဆင့်တွင် အချက်ပြမှုများ ပိုမိုတိကျပြီး အထူးသဖြင့် Forex ဈေးကွက်တွင် အခြားဈေးကွက်များထက် မတည်ငြိမ်မှုမြင့်မားလေ့ ရှိပါသည်။

ယာယီအပြောင်းအလဲတွင် ကုန်သွယ်မှုတခု ဖွင့်ရန်အတွက် ပထမဦးစွာ CCI မျဉ်းသည် အားကောင်းသော အဆင့်များအားကျော်လွန်သွားပြီး အနောက်ပြန်လှည့်၍လာသော အချိန်ကို စောင့်ဆိုင်းရပါမည်။ ဈေးနှုန်းသည် အဆင့် +200 သို့မဟုတ် -200 သို့ပြန်လှည့်လာသောအခါတွင် လက်ရှိလမ်းကြောင်း၏ ဆန့်ကျင်ဘက်ကုန်သွယ်မှုကို ပြုလုပ်နိုင်ပါသည်။

အောက်ပါဇယားတွင် GBPUSD အကျလမ်းကြောင်း ဥပမာတခုကို တွေ့မြင်ရပါမည်။ 

LiteFinance: ယာယီအပြောင်းအလဲတွင် ကုန်သွယ်ရန်အတွက် CCI အချက်ပြမှုများ။

အထက်ဖော်ပြပါ CCI အချက်ပြမှုများအပေါ် အခြေခံ၍ ယာယီအပြောင်းအလဲတွင် ကုန်သွယ်မှုဖွင့်ရာတွင် အဝင်ပွိုင့်များကို ထင်ရှားစေရန် အမည်းရောင်လေးထောင့်ကွက်များဖြင့် ပြသထားပါသည်။ CCI သည် -200၏ အောက်သို့ ရွေ့လျားပြီး နောက်ပြန်လှည့်လာသော အချိန်တွင် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။

အဝင်ပွိုင့် 2၊ 3 နှင့် 4 တို့သည် အကျိုးအမြတ်ရရှိရန် အခွင့်ကောင်းကို ပေးစွမ်းပါသည်။ အဝင်ပွိုင့် 1 သည် ဖွင့်ထားသောကုန်သွယ်မှုအတွက် အရှုံးရလာဒ်ကို ဖြစ်စေပါသည်။

သင်၏စိတ်တွင် စွဲမြဲစွာမှတ်သားရမည့်အချက်မှာ ယာယီအပြောင်းအလဲတွင် ကုန်သွယ်မှုဖွင့်ခြင်းသည် လမ်းကြောင်းတခုတွင် ကုန်သွယ်မှုဖွင့်ခြင်းထက် ပို၍ ခက်ခဲပါသည်။ ထို့အတူ Forex ကဲ့သို့သော ပိုမိုမြန်ဆန်၍ မတည်ငြိမ်မှုမြင့်မားသော ဈေးကွက်များတွင် ပို၍အားကောင်းသော အဆင့်များ(+200 နှင့် -200)ကို ကိုးကားရန် အခွင့်သာပါသည်။ ကုန်စည်များကဲ့သို့သော မတည်ငြိမ်မှုနည်းပါး၍ နှေးကွေးသော‌ ဈေးကွက်များအတွက် ယာယီအပြောင်းအလဲအပေါ် ကုန်သွယ်ရန် အဝင်ပွိုင့်များကို ခွဲခြားရာတွင်  အဆင့် +100 နှင့် -100 တို့အား စဉ်းစားသင့်ပါသည်။

Commodity Channel Index (CCI) အတွက် ဖော်မြူလာ။

အခြားသော oscillator အများစုကဲ့သို့ပင် CCI Indicator အား ဝယ်လိုအားနှင့် ရောင်းလိုအားလွန်ကဲသော အဆင့်များကို ခွဲခြားနိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါသည်။ CCI သည် လက်ရှိဈေးနှုန်းနှင့် ပျမ်းမျှရွေ့လျားမှု (MA) အချိုးကို တိုင်းတာခြင်းအားဖြင့် အဆိုပါဇုန်များအား ရှာဖွေပါသည်။  လက်ရှိဈေးနှုန်းအဆင့်သည် ပျမ်းမျှဈေးနှုန်းမှ မည်မျှကွာခြားမှုရှိသည်ကို ၎င်းအချိုးကိုကြည့်၍ သိနိုင်ပါသည်။

တွက်ချက်မှုလုပ်ငန်းစဉ်တွင် အဆင့်များစွာ ပါဝင်ပါသည်။

1. သမာရိုးကျ ဈေးနှုန်းအား ခွဲခြားထုတ်ဖော်ခြင်း။ ၎င်းသည် အရေးအကြီးဆုံး တန်ဖိုးဖြစ်သည်။ သမာရိုးကျဈေးနှုန်းအား သင်္ချာကိန်းဂဏန်း သုံးခုဖြင့် တွက်ချက်ပါသည်။ ၎င်းတို့မှာ အမြင့်ဆုံးဈေး၊ အနိမ့်ဆုံးဈေး၊ အပိတ်ဈေးတို့ ဖြစ်ကြသည်။

သမာရိုးကျဈေးနှုန်းကို အ‌ခြေပြု၍ ဈေးကွက်လမ်းကြောင်းဆိုင်ရာ အတွေးအခေါ်တခုကို ရရှိနိုင်သည်။ အကယ်၍ လက်ရှိ CCI အတိုင်းအတာများသည် ယခင်အတိုင်းအတာများထက် ပိုမြင့်လျင်၊ ဈေးနှုန်းသည် တိုးတက်နေသည်။ အကယ်၍ လက်ရှိဈေးနှုန်းမှာ ယခင်ထက် ပိုနိမ့်နေပါလျင်၊ ဈေးကွက်ကျဆင်းနေပြီး လမ်းကြောင်းသည်လည်း အောက်သို့ ရွေ့လျားနေပါသည်။

သမာရိုးကျဈေးနှုန်း တွက်ချက်မှုဖော်မြူလာမှာ အောက်ပါအတိုင်းဖြစ်သည်။

LiteFinance: Commodity Channel Index (CCI) အတွက် ဖော်မြူလာ။

ဤဖော်မြူလာတွင် (t)ဟုယူဆသော ကာလအပိုင်းအခြားအတွက် သမာရိုးကျဈေးနှုန်း (t) သို့မဟုတ် p(t)၊ အမြင့်ဆုံးဈေး၊ အနိမ့်ဆုံးဈေး အပိတ်ဈေး (Close (t)) တို့ပါဝင်ပါသည်။

ဥပမာ - ကုန်သွယ်နေ့တနေ့အတွက် အမြင့်ဆုံးဈေးနှုန်းသည် 0.9869၊ အနိမ့်ဆုံးဈေးနှုန်းသည် 0.9704၊ အပိတ်ဈေးသည် 0.9861ဖြစ်သောအခါ သမာရိုးကျဈေးနှုန်းသည် (0.9869 + 0.9704 + 0.9861) / 3 = 0.9811 ဖြစ်ပါသည်။

2. သမာရိုးကျဈေးနှုန်း၏ ပျမ်းမျှရွေ့လျားမှုအား တွက်ချက်ခြင်း။ 

ကျပန်းကွဲလွဲမှုများကို ဖယ်ရှားခြင်းဖြင့်၊ ရှင်းလင်း‌ပြတ်သားသော လမ်းကြောင်းတခုကို ရရှိပါသည်။ သမာရိုးကျဈေးနှုန်းတခု၏ ရိုးရှင်းသော ပျမ်းမျှရွေ့လျားမှုသည် ကာလတခုအပေါ်မူတည်၍ ဖော်မြူလာဖြင့် တွက်ချက်ရသောပျမ်းမျှဈေးနှုန်းကိန်းဂဏန်း တခု ဖြစ်သည်။

LiteFinance: Commodity Channel Index (CCI) အတွက် ဖော်မြူလာ။

3. ပျံ့နှံ့မှုအား တွက်ချက်ပါသည်။ အခြားတနည်းဖြင့် ဆိုရလျှင် ဤသည်မှာ absolute deviation  ဖြစ်သည်။ ဤအဖြေကိုကြည့်၍ ဈေးကွက်၏ ဝယ်လိုအား၊ ရောင်းလိုအား လွန်ကဲသော အခြေအနေများကို ခွဲခြားသိရှိနိုင်ပါသည်။

Absolute deviation သည် သမာရိုးကျဈေးနှုန်းနှင့် ကာလတခုအတွင်းရှိ ၎င်း၏ ပျမ်းမျှရွေ့လျားမှုတို့ကြား ပကတိကွဲလွဲခြင်း၏ ပျမ်းမျှတန်ဖိုးဖြစ်သည်။ ၎င်းကို ဖော်မြူလာဖြင့် တွက်ချက်ပါသည်။

LiteFinance: Commodity Channel Index (CCI) အတွက် ဖော်မြူလာ။

4. ရလာဒ်အား 0.015 ချုံ့ကိန်းကို အသုံးပြု၍ တိုင်းထွာပါသည်။.

ထိုချုံ့ကိန်းကို “Lambert constant” ဟုလည်း ခေါ်ဆိုပါသည်။ ၎င်း၏ တန်ဖိုးသည် ကိန်းသေဖြစ်ပြီး [-100 မှ 100] ကြား ကာလအတွင်းရှိ ပကတိကွဲလွဲမှုတန်ဖိုးများ၏ သုံးပုံနှစ်ပုံနှင့် ကိုက်ညီ‌စေရန် စီစဉ်ရေးဆွဲထားပါသည်။

နောက်ဆုံးတွင် အောက်ပါ CCI ဖော်မြူလာကို ရရှိပါသည်။

LiteFinance: Commodity Channel Index (CCI) အတွက် ဖော်မြူလာ။

CCI တွက်ချက်မှု Excel Sheet

Commodity Channel Index အား Microsoft Excel ဆော့ဖ်ဝဲလ်ဖြင့် တွက်ချက်နိုင်ပါသည်။ ဤတွက်ချက်နည်း အမျိုးအစားသည် ဇယားအတွင်းသို့ CCI indicator အား ဖြည့်သွင်း၍မရသော ပလက်ဖောင်းတခုတွင် ကုန်သွယ်ကြသော ကုန်သည်များအတွက် သင့်လျော်ပါသည်။

ဤတွက်ချက်နည်းအမျိုးအစားသည် ကုန်သွယ်နေ့ ‌တနေ့ချင်းအတွက် ဒစ်ဂျစ်တယ် CCI တန်ဖိုးများကို ရှာဖွေရာတွင် အသုံးဝင်နိုင်ပါသည်။ အဆိုပါ ဒစ်ဂျစ်တယ် အတိုင်းအတာများကို သင်၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဈေးကွက်အခြေအနေကို ထင်ဟပ်စေသော အခြားနည်းပညာပိုင်း ဆိုင်ရာ indicator များနှင့်အတူ အသုံးပြုနိုင်ပါသည်။

Microsoft Excel တွင် CCI တွက်ချက်မှုပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

CCI template အား ဒေါင်းလုပ်ဒ်ပြုလုပ်မည်။

“Data” ဟုခေါ်သော Template ၏ ပထမစာရွက်တွင် ကုန်သည်မှ အနိမ့်ဆုံး၊ အမြင့်‌ဆုံးနှင့် အပိတ်ဈေးနှုန်းများကို အတိအကျ သတ်မှတ်ရပါမည်။ ပိုမို၍ အဆင်ပြေစေရန်အတွက် ‘’ရက်စွဲ” နှင့် ‘’အဖွင့်ဈေး” ကော်လံများတွင်လည်း သက်ဆိုင်ရာ ကုန်သွယ်သောနေ့နှင့် အဖွင့်ဈေးနှုန်းများကို ဖြည့်သွင်းရန် အကြုံပြုလိုပါသည်။

ထို့နောက် ပရိုဂရမ်သည် သမာရိုးကျဈေးနှုန်း၊ သမာရိုးကျဈေးနှုန်း၏ ရိုးရှင်းသော ရက်နှစ်ဆယ်ပျမ်းမျှအရွေ့၊ ရက်နှစ်ဆယ်ပျမ်းမျှသွေဖည်မှုနှင့် CCI Indicator တန်ဖိုးတို့အား အထက်ဖော်ပြပါ ဖော်မြူလာများကို အသုံးပြု၍ တွက်ချက်မည် ဖြစ်ပါသည်။

အကယ်၍ သင်သည် ရက်နှစ်ဆယ်မဟုတ်သော အခြားကာလအပိုင်းအခြားတခုအတွက် CCI ညွှန်ပြချက်များကို တွက်ချက်လိုပါက ကာလအပိုင်းအခြားအရေအတွက်များကို ကိုယ်တိုင် အတိုး၊ အလျှော့ပြုလုပ်ကာ template အား သင့်စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။

Template ၏ ဒုတိယစာရွက် ‘’Parameters” တွင် တွက်ချက်ထားသော CCI အား ဇယားဖြင့် ပြသပါသည်။ ထို့အတူ သတ်မှတ်ကာလ(ရက်)များ၏ အပိတ်ဈေးနှုန်းကို ဇယားပေါ်တွင် ချမှတ်ထားမည် ဖြစ်ပါသည်။

အဆင်ပြေမှုရှိစေရန်အတွက်၊ ‘’Parameters” အကွက်တွင် ခွဲခြမ်းစိတ်ဖြာထားသော ကုန်သွယ်ပစ္စည်း၏ အမည်၊ ခွဲခြမ်းစိတ်ဖြာသောကာလနှင့် CCI တွက်ချက်မှုအချိန်အပိုင်းအခြားများကို ဖြည့်စွက်သင့်ပါသည်။ နောင်တွင် ‘’Parameters” စာရွက်အား ရိုက်နှိပ်ထုတ်ယူနိုင်ပါသည်။

ထို့ကြောင့် သင့်အနေဖြင့် CCI အား Excel တွင် တွက်ချက်ရန် ကုန်သွယ်ရေးတာမီနယ်နှင့် ပူးတွဲထားခြင်း မရှိပဲ၊ သင်၏ ရည်မှန်းချက်များအပေါ်မူတည်၍ အဆင်သင့်အသုံးပြုနိုင်သော အထောက်အကူကိရိယာကို ရရှိနိုင်ပါသည်။

Commodity Channel Index ကိုတွက်ချက်ခြင်း။

၂၀၂၂ အောက်တိုဘာ ၂၁ရက် ကုန်သွယ်နေ့တွင် ပိတ်သိမ်းသော EUR/USD အတွဲအတွက် commodity channel index ကို  ကိုယ်တိုင် တွက်ချက်ကြည့်ကြပါစို့။

ကျွန်ုပ်တို့သည် အောက်တိုဘာ ၂၁ ရက်နေ့ အပါအဝင် လွန်ခဲ့သော ကုန်သွယ်ရက် ၂၀ ရက်အတွင်းရှိ အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် အပိတ်ဈေးများကို သိရှိရန် လိုအပ်ပါသည်။ Forex ဈေးကွက်သည် စနေ၊ တနင်္ဂနွေနေ့များတွင် ပိတ်သောကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ဒေတာများကို လိုအပ်ပါသည်။ ထိုဈေးနှုန်းများကို ရှာဖွေရန် မည်သည့် ကုန်သွယ်ရေးတာမီနယ်ကိုမဆို ဖွင့်၍ သင်စိတ်ဝင်စားသော ရက်စွဲ၏ အပေါ်သို့ mouse ကိုရွှေ့လိုက်ယုံဖြင့် ကုန်သွယ်ရေးပလက်ဖောင်းသည် လိုအပ်သော အချက်အလက်အားလုံးကို ပြသပါလိမ့်မည်။

ထို့နောက် ကျွန်ုတို့သည် တနေ့ချင်းအတွက် သမာရိုးကျဈေးနှုန်းအား သီးခြား တွက်ချက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရန် အဆိုပါနေ့၏ အမြင့်ဆုံးဈေး၊ အနိမ့်‌‌ဆုံးဈေး၊ အပိတ်ဈေးတို့ကို ပေါင်း၍ ရလာဒ်ကို ၃ ဖြင့်စားပါ။

  • ဥပမာ- အောက်တိုဘာ ၃၀ အတွက် သမာရိုးကျဈေးနှုန်းတခုသည် (0.98538 + 0.97344 + 0.98005) / 3 = 0.97962 ဖြစ်ပါသည်။

  • အောက်တိုဘာ ၁၃ အတွက် သမာရိုးကျဈေးနှုန်းသည် (0.98060 + 0.96315 + 0.97763) / 3 = 0.97379 ဖြစ်ပါသည်။

  • အခြားနေ့များအတွက်လည်း အလားတူပင် တွက်ချက်ပါသည်။  (High + Low + Close) / 3

တနေ့ချင်းစီအတွက် သမာရိုးကျဈေးနှုန်းများကို တွက်ချက်ပြီးသောအခါ၊ ရက်နှစ်ဆယ်စာအတွက် ရိုးရှင်းသော ပျမ်းမျှရွေ့လျားမှုအား ဆက်၍ ရှာဖွေကြပါမည်။ ထိုသို့‌လုပ်ဆောင်ရန် စက်တင်ဘာ ၂၆ ရက်နှင့် အောက်တိုဘာ ၃၁ ရက်အပါအဝင် ကြားရက်များအတွင်းရှိ သမာရိုးကျဈေးနှုန်းများ၏ ပျမ်းမျှ ကိန်းဂဏန်း တခုကို တွက်ချက်ရပါမည်။

  • (0.96235 + 0.96109 + 0.96727 + 0.97556 + 0.97962 + 0.98073 + 0.99304 + 0.99034 + 0.98350 + 0.97609 + 0.97109 + 0.97167 + 0.97016 + 0.97379 + 0.97447 + 0.98029 + 0.98471 + 0.98009 + 0.97938 + 0.98101) / 20 = 0.97681.

နောက်တဆင့်သည် absolute deviation ကို ဆုံးဖြတ်ရန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တွက်ချက်ရာတွင် ပါဝင်သော တနေ့ချင်းစီ၏ သမာရိုးကျဈေးနှုန်းများနှင့်  CCI indicator အားတွက်ချက်သောနေ့အတွက် ပျမ်းမျှသမာရိုးကျဈေးနှုန်း၏အကြား ပကတိကွဲလွဲမှုတန်ဖိုးကို ပထမဦးစွာ တွက်ချက်ရန် လိုအပ်ပါသည်။

သင်သိရှိထားပြီးသည့်အတိုင်း absolute deviation အား အောက်ပါဖော်မြူလာဖြင့် တွက်ချက်ပါသည်။

LiteFinance: Commodity Channel Index ကိုတွက်ချက်ခြင်း။

အောက်တိုဘာ ၂၁ ရက်နေ့၏ ပျမ်းမျှသမာရိုးကျဈေးနှုန်းမှာ 0.97681 ဖြစ်ပါသည်။ ထိုတန်ဖိုးမှ အောက်တိုဘာ ၂၁ ရက်၏ သမာရိုးကျဈေးနှုန်းကို နှုတ်သောအခါ ‘0.97681 - 0.98101 = -0.00420’ ကို ရရှိပါသည်။ ပကတိကွဲလွဲမှုကိုတွက်ရန် အထက်ပါနှုတ်လာဒ် 0.00420 ကို ယူရပါမည်။

ထို့နောက် အောက်တိုဘာ ၂၀ ရက်အတွက် သမာရိုးကျဈေးနှုန်းအား အောက်တိုဘာ ၂၁ ရက်၏ ပျမ်းမျှသမာရိုးကျ ဈေးနှုန်းမှ နှုတ်ပါသည်။ 97681 - 0.97938 = -0,00257 ; ရလာဒ်မှာ 0.00257 ဖြစ်ပါသည်။

ထို့နောက် အောက်တိုဘာ ၁၉ ရက်အတွက် သမာရိုးကျဈေးနှုန်းအား အောက်တိုဘာ ၂၁ ရက်၏ ပျမ်းမျှသမာရိုးကျ ဈေးနှုန်းမှ နှုတ်ပါသည်။ 0.97681 - 0.98009 = -0,00328။ ထုံးစံအတိုင်း နှုတ်လာဒ်ဖြစ်သော 0.00328 ကို ယူပါသည်။

အစဦးဆုံးနေ့ဖြစ်သော ၂၀၂၂ စက်တင်ဘာ ၂၆ ရက်အပါအဝင် ကုန်သွယ်နေ့တနေ့စီတိုင်းအတွက် အထက်ပါ တွက်ချက်မှုလုပ်ငန်းစဉ်ကို ပြုလုပ်ပါသည်။

ပျမ်းမျှ သမာရိုးကျ‌ဈေးနှုန်းနှင့် တရက်စီတိုင်းအတွက် သမာရိုးကျဈေးနှုန်းများ၏ ပကတိကွဲလွဲမှုအား တွက်ချက်ပြီးသောအခါတွင် သီးခြားရရှိသော နှုတ်လာဒ်တန်ဖိုးများကို ပေါင်း၍ ၂၀ ဖြင့် စားရပါမည်။ ထိုရလာဒ်သည် mean absolute deviation တန်ဖိုးဖြစ်ပါသည်။  တွက်ချက်မှုတခုလုံးကို မပြတော့ပဲ နောက်ဆုံးတန်ဖိုးကိုသာ ထုတ်ဖော်ရလျှင်  0.00646 ဖြစ်ပါသည်။

ထို့နောက် mean absolute deviation အား   Lambert constant (0.015) ဖြင့်မြှောက်၍ အရွယ်အစားကို ပြင်ဆင်ပါသည်။ 0.00646 * 0.015 = 0.0000969 ဖြစ်ပါသည်။

ထို့နောက် အောက်တိုဘာ ၂၁ ၏ သမာရိုးကျဈေးနှုန်းမှ  အောက်တိုဘာ ၂၁ ရက်အတွက် ပျမ်းမျှသမာရိုးကျဈေးနှုန်းကို နှုတ်ရန် လိုအပ်ပါသည်။ 98101 - 0.97681 = 0.00420

နောက်ဆုံးအဆင့်အနေဖြင့် 0.00420 အား အရွယ်အစားပြင်ဆင်ထားသော mean absolute deviation တန်ဖိုးဖြင့် စားရပါမည်။ ထိုအခါ 0.00420 / 0.0000969 = 43.344 ကိုရရှိပါမည်။

ထို့ကြောင့် ၂၀၂၂ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပိတ်သိမ်းသော EUR/USD အတွဲအတွက် CCI တန်ဖိုးမှာ 43.344 ဖြစ်ပါသည်။ ၎င်းအား စစ်ဆေးရန်အတွက် CCI Indicator အား ကုန်သွယ်ရေးပလက်ဖာင်းအတွင်းရှိ ဇယားပေါ်တွင် နေရာချကာ အောက်တိုဘာ ၂၁ ရက်နေ့အတွက် ၎င်း၏ တန်ဖိုးအား ကြည့်ရှုနိုင်ပါသည်။

အထက်ပါ ဥပမာတွင် မြင်တွေ့ကြသည့်အတိုင်း CCI တွက်ချက်နည်းသည် ရှုပ်ထွေးခြင်း မရှိပါ။ သို့သော် လုပ်ဆောင်ချက်များစွာ ပါဝင်သောကြောင့် လိုအပ်သော အချက်အလက်များကို လျင်မြန်စွာ ရရှိစေရန် ကွန်ပျူတာတလုံး၊ indicators များနှင့် အထူးပြုလုပ်ထားသော ဆော့ဖ်ဝဲလ်များကို အသုံးပြုသင့်ပါသည်။

CCI ကုန်သွယ်ရေး နည်းဗျူဟာများ။

CCI ကုန်သွယ်ရေး နည်းဗျူဟာသည် အခြား oscillator များကို အခြေခံထားသော နည်းဗျူဟာများနှင့် အများအားဖြင့် တူညီပါသည်။ CCI ဖြင့် အလုပ်လုပ်ရာတွင် ကုန်သည်တဦး၏ အဓိကအာရုံစူးစိုက်ရသော အချက်မှာ သက်ဆိုင်ရာ အဆင့်များဖြစ်သော 0၊ -100၊ +100၊ -200 နှင့် +200  တို့တွင်ရှိနေသော indicator ၏ တည်နေရာဖြစ်သည်။

ကုန်သည်များသည် CCI commodity channel index ကို သဘောကျကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အဓိပ္ပာယ်‌ကောက်ယူရန် လွယ်ကူသော ဘက်စုံအသုံးချနိုင်သည့် indicator တခုဖြစ် ခြင်းကြောင့်ပင် ဖြစ်သည်။ လူသစ်များသာမက ဝါရင့်ကုန်သည်များသည်လည်း CCI ကုန်သွယ်ရေး နည်းဗျူဟာကို အကျိုးရှိစွာ အသုံးချနိုင်သည်။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် အောက်ပါ အခြေခံနည်းဗျူဟာများကို အကျွမ်းတဝင်ရှိထားခြင်းသည် မမှားဟု အကြံပြုလိုပါသည်။ ထို့နောက်မှသာ  ဤကုန်သွယ်ရေးပုံစံမျိုးသည် သင်နှင့်ကိုက်ညီခြင်း ရှိမရှိကို သင်ကိုယ်တိုင် ဆုံးဖြတ်သင့်ပါသည်။

အဝယ်နှင့်အရောင်း အလားအလာ အချက်ပြမှုများ။

အကယ်၍ CCI မှပေးပို့သော အခြေခံ အဝယ် သို့မဟုတ် အရောင်း အချက်ပြမှုများအကြောင်းကို စဉ်းစားကြမည်ဆိုလျင်၊ ပထမဦးစွာ ဤ indicator သည် oscillator တခုဖြစ်သည်ဟူသော အချက်ကို သတိပြုရပါမည်။ ထို့ကြောင့် ဤကိရိယာသည် သူ့ချည်းသက်သက်ဆိုပါက ယေဘုယျ လမ်းကြောင်းနှင့် စပ်လျဉ်းသော မည်သည့် သတင်းအချက်အလက်ကိုမှ ပံ့ပိုးပေးခြင်း မရှိပါ။ အချက်ပြမှုတခုချင်းစီအလိုက် ကုန်သွယ်ပါက သင်၏ ကနဦးရင်းနှီးမြှုပ်နှံငွေအား ပြောပရလောက်အောင် တိုးပွားစေမည် မဟုတ်ပါ။

သို့ဖြစ်သောကြောင့် အောက်ပါ အယူအဆ ပေါ်ပေါက်လာပါသည်။ ထိုအယူအဆမှာ အကျိုးမရှိသော အချက်ပြမှု အရေအတွက်ကို လျော့ချနိုင်ရန်အတွက် ဈေးကွက်အတွင်း ယေဘုယျလမ်းကြောင်းကို အဆုံးအဖြတ်ပေးနိုင်သော အပိုဆောင်း ကိရိယာတခု လိုအပ်သည် ဟူ၍ဖြစ်သည်။

လမ်းကြောင်းကို ဆုံးဖြတ်ရန်အတွက် ပျမ်းမျှရွေ့လျားမှု အစရှိသော အခြား indicator များကို အသုံးပြုနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ Dow Theory နှင့်တွဲဖက်၍ အနိမ့်ဆုံး၊ အမြင့်ဆုံး အဆင့်များကို အသုံးပြုကာ လမ်းကြောင်းကို ဆုံးဖြတ်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ကျွန်ုပ်အနေဖြင့် ယုံကြည်ပါသည်။

သင့်တွင် မူလလမ်းလမ်းကြောင်းနှင့် စပ်လျဉ်းသော အတွေးအခေါ်တခု ရှိပြီးဖြစ်လျင်၊ CCI indicator ကိုအသုံးပြု၍ ကုန်သွယ်ခြင်းသည် သင့်အတွက် ခက်ခဲလိမ့်မည် မဟုတ်ပါ။ နောက်ထပ်ပြုလုပ်ရမည့် အဆင့်မှာ ဈေးနှုန်းဇယားအတွင်းရှိ အဓိက အမြင့်၊ အနိမ့် အဆင့်များကို အသုံးပြု၍ ယေဘုယျလမ်းကြောင်းကို ဖော်ထုတ်ပြီးနောက် CCI indicator ၏ အဝယ်/အရောင်း အချက်ပြမှုများကို ရှာဖွေရန် ဖြစ်သည်။ 

အဝယ်အချက်ပြမှုများ။

Indicator မျဉ်းသည် အဆင့်သုညအား အောက်မှ အထက်သို့ဖောက်ထွက် ဖြတ်သန်းသွားသောအခါ ဝယ်ယူရန် အချက်ပြမှုတခုအား ပေးပို့ပါသည်။ တချိန်တည်းတွင် ကုန်သွယ်ရေးပစ္စည်းအတွက် ယေဘုယျ လမ်းကြောင်းသည် အထက်သို့ ဦးတည်နေသင့်သည်။LiteFinance: အဝယ်အချက်ပြမှုများ။

USCrude ရေနံ ဈေးနှုန်းဇယားကို CCI ဇယားသို့ ယခုပင် ပေါင်းထည့်ကြည့်ကြပါစို့။

LiteFinance: အဝယ်အချက်ပြမှုများ။

ကျွမ်းကျင်သော ကုန်သွယ်မှုတခုကို ပြသထားသော အထက်ပါ ဥပမာကို ကြည့်ပါ။ ၂၀၂၀ ဧပရယ်လတွင် စတင်ခဲ့သော ရေနံ၏ ယေဘုယျလမ်းကြောင်းမှာ အထက်သို့ဦးတည်နေပါသည်။ နိုဝင်ဘာ ၉ ရက်တွင် CCI မျဉ်းသည် အဆင့်သုညကို ဖြတ်၍ အထက်သို့တက်သွားသောကြောင့် ဈေးနှုန်းတိုးတက်ခြင်းအတွက် အချက်ပြမှုတခု ပေါ်ပေါက်လာသည်။ ထို့နောက် ဈေးနှုန်းသည် စတင်တိုးတက်လာသည်။ ထိုအခြေအနေ သည် အဝယ်ကုန်သွယ်မှုအတွက် အခွင့်အရေးကောင်းတခု ဖြစ်ပါသည်။

အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ရန်အတွက် အဓိက အခြေအနေများ။

  1. Indicator ကာလသည် ရက် ၂၀ ဖြစ်ရမည်။

  2. Indicator မျဉ်းသည် အဆင့်သုညကို ဖြတ်၍ အထက်သို့ တိုးတက်သွားရမည်။

  3. အချက်ပြမှုပေါ်ပေါက်ပြီး နောက်တရက်တွင် အဝယ်ကုန်သွယ်မှုကို ဖွင့်ပါ။

  4. အကယ်၍ နေ့စဉ် candlestick ၏ အရွယ်သည် ကုန်သွယ်ရေးပစ္စည်း၏ နေ့စဉ်ပျမ်းမျှ ရွေ့လျားသော အကွာအဝေး(ATR)နှင့် ညီမျှလျှင် သို့မဟုတ် ထိုအကွာအဝေးထက် အနည်းငယ်ပို၍ ကြီးမားခဲ့လျှင် အချက်ပြမှုပေါ်ပေါက်လာသောအချိန်တွင် အရှုံးကန့်သတ်ချက်အား candlestick ၏ အောက်ခြေအဆင့်အောက်တွင် သတ်မှတ်ပါ။ အကယ်၍ candle ၏ အရွယ်သည် ATR ထက်ပို၍သေးငယ်လျှင် ယခင်နေ့ကို သုံးသပ်၍ အရှုံးကန့်သတ်ချက်အား အချက်ပြသောနေ့၏ အရှေ့တရက်မှ တနေ့တာအနိမ့်ဆုံးဈေးတန်း၏အောက်တွင် သတ်မှတ်သင့်ပါသည်။ အကယ်၍ candlestick သည် ATR ထက် နှစ်ဆ သို့မဟုတ် အဆများစွာပို၍ကြီးမားပါက၊ အရှုံးကန့်သတ်ချက် အား အချက်ပြ candlestick ၏ အလယ်ခန့်တွင် သတ်မှတ်ပါ။ အမြတ်ကန့်သတ်ချက်အား ထိုနေ့၏ အားကောင်းသော အမြင့်ဆုံးအဆင့် သို့မဟုတ် သတ်မှတ်ကာလအတွင်း အမြင့်‌ဆုံးအဓိကဈေးနှုန်း အဆင့်များတွင် သတ်မှတ်နိုင်ပါသည်။

  5. အမြတ်အား အရှုံးထက် ၃ ဆ သို့မဟုတ် ၄ ဆ ခန့် ပိုဝေးသော အကွာအဝေးတွင် သတ်မှတ်ရန် အကြံပြုထားသည်။ အမြတ်အစွန်းကို တနေ့တာ၏ အမြင့်ဆုံးဈေးတန်း သို့မဟုတ် အရေးပါသော ကာလတိုဈေးတန်းအမြင့်ဆုံးတွင် သတ်မှတ်နိုင်သည်။

နောက်ထပ် ဥပမာတခုအား ထပ်မံလေ့လာကြည့်ကြရအောင်။

LiteFinance: အဝယ်အချက်ပြမှုများ။

ဈေးကွက်သည် USCrude ရေနံကို ဝယ်ယူရန် ကုန်သွယ်ရေးအချက်ပြမှုနှစ်ခုကို ဖော်ထုတ်လိုက်သည်။  ပထမတခုသည် ၂၀၂၁ ဧပရယ်လ ၁၄ရက်နေ့တွင် ပေါ်ပေါက်လာပြီး၊ ဒုတိယတခုသည် ၂၀၂၁ မေလ ၂၇ တွင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပထမအချက်ပြမှုအပေါ်မူတည်၍ ကုန်သွယ်မှုကို ဖွင့်လှစ်လိုက်သောအခါ၊ ဈေးနှုန်းသည် အမြတ် ကန့်သတ်ချက်သို့မရောက်မှီ ဈေးကွက်အတွင်း ယာယီဆန့်ကျင်ဘက်အခြေအနေတခု စတင် ပေါ်ပေါက်လာသည်။ CCI indicator သည် သုညအဆင့်၏ အထက်မှအောက်သို့ ဖြတ်ကျော်သွားသည် (အပြာရောင်မျဉ်းဖြင့်အမှတ်အသားပြုထားပါသည်)။ ဤအခြေအနေတွင် အရှုံးပေါ်နေသည်မှန်သော်ငြား ကုန်သွယ်မှုအား ပိတ်သိမ်းခြင်းသည် ‌သင့်တော်သောလုပ်ရပ် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကုန်သွယ်မှုအား ဆက်လက်ဖွင့်လှစ်ထားရန်အတွက် ညီညွတ်သောအခြေအနေ မရှိသည့်အပြင် indicator သည် ဆန့်ကျင်ဘက် အချက်ပြမှုကို ဖော်ပြနေသည်။ ယေဘုယျလမ်းကြောင်းမှာ အထက်သို့ ဦးတည်နေသောကြောင့် တနေ့တာ၏အဆုံးတွင် ကုန်သွယ်မှုကို မပိတ်သင့်ပါ။

သို့ရာတွင် ရက်အနည်းငယ်ကြာသောအခါ၊ မေလ ၂၇ တွင် Commodity Channel Index သည် နောက်ထပ် အဝယ်အချက်ပြမှုတခုကို ညွှန်ပြခဲ့သည်။ ဤအကြိမ်တွင်မူ အကျိုးအမြတ်ကို ရရှိစေခဲ့ပါသည်။

အရောင်းအချက်ပြမှုများ။

Indicator မျဉ်းသည် သုညမျဉ်းကိုဖြတ်၍ အောက်သို့ဆင်းသက်သွားသောအခါတွင် ရောင်းချရန် အချက်ပြမှုကို ပေးပို့ပါသည်။ တချိန်တည်းတွင် အားကောင်းသော ယေဘုယျလမ်းကြောင်းသည် အကျဘက်သို့ ဦးတည်နေသင့်သည်။

LiteFinance: အရောင်းအချက်ပြမှုများ။

CCI ဂရပ်ဖစ်ဇယားအတွင်း S&P 500 ဈေးနှုန်းဇယားကို ပေါင်းထည့်ကြည့်ကြပါစို့။

LiteFinance: အရောင်းအချက်ပြမှုများ။

အရောင်းအချက်ပြမှု လေးကြိမ်ပေါ်ပေါက်ခဲ့သည်။ ၂၀၂၂ ဇွန်လ ၁၀ရက်၊ ၂၀၂၂ ဂျုလိုင်လ ၁၄ရက်၊ ၂၀၂၂ ဩဂုတ်လ ၂၃ ရက်နှင့် ၂၀၂၂ စက်တင်ဘာလ ၁၃ရက်နေ့များတွင် ဖြစ်သည်။ 

ပထမဆုံး ဖြစ်စဉ်တွင်၊ အောက်သို့ရွေ့လျားမှုသည် အကန့်အသတ်ရှိပြီး၊ စွန့်စားထိုက်သောအချိုး (reward-to-risk ratio) (ကုန်သွယ်မှုတခုအတွက် ၃ ထက်ပိုသောအချိုး) မဖြစ်ခဲ့ပါ။

ဒုတိယဖြစ်ရပ်တွင် အတက်လမ်းကြောင်းပေါ်မှ ယာယီဆန့်ကျင်ဘက်အခြေအနေအတွင်း အရောင်း အချက်ပြမှု ပေါ်ပေါက်လာသည်။ ယာယီဆန့်ကျင်ဘက်အခြေအနေ ပေါ်ပေါက်နေကြောင်း သိနားလည်သူ ဖြစ်ပါက အဆိုပါ အချက်ပြမှုတွင် ကုန်သွယ်ခြင်းကို မပြုသင့်ပေ။ သို့ရာတွင် ထိုအခြေအနေမျိုးတွင် ကုန်သွယ်မှုဖွင့်မိခြင်းဖြင့် ဆိုးဆိုးဝါးဝါး ဆုံးရှုံးခြင်းမျိုး မရှိနိုင်ပါ။ သင်၏ CCI ကုန်သွယ်ရေးစနစ်အတွင်း အရှုံးအနည်းငယ်ပေါ်ပေါက်ယုံမျှသာ ဖြစ်ပါလိမ့်မည်။

တတိယအချက်ပြမှုကို ကြည့်သောအခါ S&P 500 အညွှန်းကိန်း သိသိသာသာ ကျဆင်းလျက်ရှိပြီး သတ်မှတ်အဆင့်သို့ ရောက်ရှိကြောင်းကို တွေ့ရသည်။ ဤနေရာတွင် အချက်ပြ candle ၏ အရွယ်အစားသည် ကုန်သွယ်ရေးပစ္စည်း၏ နေ့စဉ်ပျမ်းမျှဈေးနှုန်းထက် ပို၍‌ကျဉ်းမြောင်းနေသည်။ ထို့ကြောင့် အရှုံးကန့်သတ်ချက်အား အချက်ပြ candlestick ၏ အမြင့်ဆုံးအဆင့်အထက်တွင်မဟုတ်ပဲ၊ ယခင် candle ၏ အမြင့်ဆုံးအဆင့်အထက်တွင် သတ်မှတ်ပါသည်။

စတုထ္ထမြောက်အချက်ပြမှုအပါ် အခြေခံ၍ ဖွင့်လှစ်သော ကုန်သွယ်မှုမှလည်း အကျိုးအမြတ်ကို ရရှိပါသည်။

အရောင်းကုန်သွယ်မှုတခုအတွက် မူလအခြေအနေများ။

  1. Indicator ၏ ကာလသည် ရက် ၂၀ ဖြစ်ရမည်။

  2. CCI လိုင်းသည် အဆင့်သုညအား အထက်မှအောက်သို့ ဖြတ်သန်းသွားရမည်။

  3. အချက်ပြမှုပေါ်ပေါက်ပြီး နောက်တရက်တွင် ကုန်သွယ်မှုကို ဖွင့်ရမည်။

  4. Candle ၏ အရွယ်သည် ကုန်သွယ်ရေးပစ္စည်း၏ နေ့စဉ်ပျမ်းမျှရွေ့လျားမှု(ATR) နှင့် ညီမျှလျှင် သို့မဟုတ် ATRထက် အနည်းငယ်ပိုကြီးလျှင်၊ အရှုံးကန့်သတ်ချက်အား အချက်ပြမှုပေါ်ပေါက်သော နေ့စဉ် candle ၏အမြင့်ဆုံးအဆင့်မှ အထက်တွင် ‌သတ်မှတ်ပါ။ အကယ်၍ candle ၏ အရွယ်သည် ATR ထက်ပို၍ ကျဉ်းမြောင်းနေလျှင်၊ ယခင်နေ့ကိုပါ ထည့်သွင်းစဉ်းစား၍ တွက်ချက်ရပါမည်။ ထိုသို့ဖြစ်ပါက အချက်ပြမှု၏ ရှေ့တရက်မှ အမြင့်ဆုံးဈေးတန်းတွင် အရှုံးကန့်သတ်ချက်ကို သတ်မှတ်ပါ။ တတိယအနေဖြင့် အကယ်၍ candle ၏ အရွယ်သည် ATR ထက် နှစ်ဆ သို့မဟုတ် နှစ်ဆအထက် ပိုကြီးခဲ့လျှင်၊ အရှုံးကန့်သတ်ချက်အား အချက်ပြ candle ၏ အလယ်တွင် သတ်မှတ်သင့်ပါသည်။

  5. အမြတ်ကန့်သတ်ချက်အား အရှုံးကန့်သတ်ထက် သုံး၊ လေးဆ ပိုရှည်သော အကွာအဝေးတွင် နေရာချပါ။ နေ့စဉ်အနိမ့်ဆုံးဈေးတန်း သို့်မဟုတ် သတ်မှတ်ကာလအတွင်း ထင်ရှားသော အနိမ့်ဈေးတန်းတွင်လည်း အမြတ်ကန့်သတ်ချက်ကို ချမှတ်နိုင်ပါသည်။

ဝယ်လိုအားနှင့် ရောင်းလိုအား မတန်တဆလွန်ကဲသော အဆင့်များ။

ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အဆင့်များအပေါ် အခြေခံ၍ ကုန်သွယ်ခြင်းဆိုသည်မှာ ဈေးကွက်နယ်နိမိတ်ဟုခေါ်ဆိုလေ့ရှိသော အဆင့်များကို ဆုံးဖြတ်ခြင်းကို ဆိုလိုပါသည်။ ဈေးကွက်၏ အထက် သို့မဟုတ် အောက်ဘက်သို့ ရွေ့လျားမှုကန့်သတ်ချက်အား oscillator များဖြင့် အလွယ်တကူ ဆုံးဖြတ်နိုင်ပါသည်။ CCI Indicator ဖြင့် ကုန်သွယ်ရာတွင် ဝယ်လိုအား၊ ရောင်းလိုအား လွန်ကဲသော အဆင့်များမှာ +100 နှင့် -100 အဆင့်များနှင့် +200 နှင့် -200 အဆင့်များ ဖြစ်ကြပါသည်။

+200 နှင့် -200 အဆင့်များကို ပို၍ အားကောင်းသောအဆင့်များဟု ယူဆ၍ရပါသည်။  စတင်လေ့လာသူ များအတွက် အခြားနည်းလမ်းများကို စဉ်းစားခြင်းထက် ၎င်းအဆင့်များကို အသုံးပြု၍ ကျွမ်းကျင်သော ကုန်သွယ်ရေးကို ဆောင်ရွက်သင့်သည်ဟု ကျွန်ုပ်အနေဖြင့် အကြုံပြုလိုပါသည်။ 

အချို့သော ကုန်သည်များသည် +300 နှင့် -300 အဆင့်များကိုလည်း အသုံးချကြလေ့ရှိသည်။ သို့ရာတွင် အလွန်တိုတောင်းသောကာလမျိုး သို့မဟုတ် ဈေးကွက်မတည်ငြိမ်မှုမြင့်မားလွန်းသော အခြေအနေမျိုး၌သာ ဈေးနှုန်းသည် အဆိုပါ အဆင့်များသို့ ရောက်ရှိနိုင်ခြေရှိပါသည်။

CCI သည် ဝယ်လိုအားလွန်ကဲသော ဧရိယာသို့ မြင့်တက်ရွေ့လျားသွားသောအခါ အတက်လမ်းကြောင်း သည် အားလျော့လာမည်ဖြစ်ပြီး ယာယီဆန့်ကျင်ဘက်အခြေအနေတခု ပေါ်ပေါက်လာနိုင်ပါသည်။ သို့မဟုတ် လမ်းကြောင်း နောက်ပြန်လှည့်ပြီး အကျလမ်းကြောင်းတခု ဖြစ်ပေါ်နိုင်ပါသည်။ 

ရောင်းလိုအားလွန်ကဲသော အနိမ့်ဆုံးကန့်သတ်ချက်များသို့ ရောက်ရှိခြင်းသည် အကျလမ်းကြောင်း အားအင်ကုန်ခမ်းမှု၏အစပင်ဖြစ်သည်။ မကြာမှီအချိန်အတွင်း အတက်သို့ ဦးတည်သော ယာယီ အပြောင်းအလဲတခု ပေါ်ပေါက်တော့မည်ဖြစ်သည်။ သို့မဟုတ် အတက်လမ်းကြောင်းတခု စတင်တော့မည် ဖြစ်သည်။

CCI သည်    ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အားကောင်းသည့် + 200 နှင့် -200 အဆင့်များသို့ ရောက်ရှိပြီးသည့်နောက်တွင် ဈေးနှုန်းဇယား မည်သို့ဆက်လက်ရွေ့လျားမည်ကို  USDJPY ဇယားအား ဥပမာပြု၍ စူးစမ်းလေ့လာကြပါမည်။

LiteFinance: ဝယ်လိုအားနှင့် ရောင်းလိုအား မတန်တဆလွန်ကဲသော အဆင့်များ။

CCI indicator သည် ဝယ်လိုအား/ ရောင်းလိုအား လွန်ကဲသော အဓိကအဆင့်များသို့ ရောက်ရှိပြီး မကြာခင်အချိန်အတွင်းမှာပင် ဆန့်ကျင်ဘက်လမ်းကြောင်းသို့ ဈေးနှုန်းစတင်ရွေ့လျားသည်ကို အထက်ပါ ဇယားတွင် မြင်တွေ့နိုင်ပါသည်။

ဇယားအတွင်းရှိ မျှားများသည်  အမြတ်/အရှုံး အချိုးအရ အလားအလာကောင်းမွန်သည့် အဝင်ပွိုင့်များအား ညွှန်ပြပေးသော Price Action ပုံစံကို ဖော်ပြနေပါသည်။

မဖြစ်မနေ သတိပြုရမည့်အချက်မှာ CCI သည် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အဆင့်များကို ရွေ့လျားသွားသောအခါ၊ ၎င်းတခုတည်းဖြင့် အချက်ပြမှု မပြည့်စုံပါ။ ဖြည့်စွက် အထောက်အကူကိရိယာများ ( ဥပမာ-Price Action ပုံစံများ)ကို အသုံးပြု၍ အဝင်ပွိုင့်များကို ခွဲခြားထုတ်ဖော်ရပါမည်။

CCI indicator သည် ဝယ်လိုအား၊ ရောင်းလိုအား လွန်ကဲသော အဆင့်များသို့ ရောက်ရှိခြင်းသည် မကြာမှီအချိန်အတွင်း ဈေးကွက်သည် ဆန့်ကျင်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း   ကုန်သည်အတွက် ကြိုတင်အကြံပြုခြင်း ဖြစ်သည်ကို မမေ့လျော့ရန် အရေးကြီးပါသည်။ ထိုဆန့်ကျင်ဘက်ရွေ့လျားမှုသည် ယာယီအပြောင်းအလဲတခုဖြစ်နိုင်သကဲ့သို့၊ လမ်းကြောင်းအသစ်တခု အစပြုခြင်းလည်း ဖြစ်လာနိုင်ပါသည်။ ဤသတင်းအချက်အလက်များသည် သင့်အတွက်  အကျိုးအမြတ်များထပ်ဆောင်းရရှိစေရန် အကူအညီ ပေးနိုင်ပါသည်။

ယေဘုယျ စည်းမျဉ်းများ။

  1. Indicator ကာလသည် ရက် ၂၀ ဖြစ်ရပါမည်။

  2. +200 နှင့် -200 အဆင့်များကို အမှတ်အသားပြုရပါမည်။

  3. သင်အမှတ်အသားပြုထားသော အဆင့်များသို့ ဈေးနှုန်းရောက်ရှိချိန်ကို စောင့်ဆိုင်းရပါမည်။

  4. Price Action ပုံစံ သို့မဟုတ် အခြားပုံစံတခု ထွက်ပေါ်လာချိန်ကို စောင့်ဆိုင်းရပါမည်။

  5. ပေါ်ထွက်လာသော ပုံစံအပေါ်မူတည်၍ ကုန်သွယ်မှုကို ဖွင့်ရပါမည်။

  6. အမြတ်ကန့်သတ်ချက်သည် အရှုံးကန့်သတ်ချက်ထက် သုံးဆပိုကြီးသင့်ပါသည်။ အမြတ် ကန့်သတ်ချက်ကို အရောင်း/ အဝယ် ကုန်သွယ်မှုများအလိုက် အားကောင်းသော အနိမ့်ဆုံး/အမြင့်ဆုံး အဆင့်များတွင် သတ်မှတ်နိုင်ပါသည်။

အောက်ပါဥပမာတွင် USDCAD အတွဲကို ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသောအဆင့်များအပေါ် အခြေခံ၍ ကုန်သွယ်ထားကြောင်း တွေ့ရှိရပါမည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း   +200 အဆင့် သို့မဟုတ် အနှုတ်ဧရိယာအတွင်းမှ -200 အဆင့်များသို့ အညွှန်းကိန်း ရောက်ရှိသည့် အချိန်ထက် အနည်းငယ် နောက်ကျပြီးမှသာ Price Action အဝယ်နှင့် အရောင်း အချက်ပြမှုများ ပေါ်ထွက်လာတတ် ပါသည်။

LiteFinance: ဝယ်လိုအားနှင့် ရောင်းလိုအား မတန်တဆလွန်ကဲသော အဆင့်များ။

၂၀၂၁ စက်တင်ဘာ မှ ၂၀၂၂ ဇန်နဝါရီအတွင်း အချက်ပြမှုလေးခုကို တွေ့မြင်ရပါသည်။ သုံးကြိမ်မြောက် အချက်ပြမှုသည် ဆုံးရှုံးမှုကို ဖြစ်စေပြီး၊ ကျန်အချက်ပြမှုများသည် အကျိုးအမြတ်ကို ရရှိစေပါသည်။

CCI Bullish/Bearish Divergences

CCI အတက်/အကျ ကွဲလွဲမှုများ သည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် မကြာမှီရောက်ရှိလာမည့် ယာယီအပြောင်းအလဲ သို့မဟုတ် ဈေးနှုန်းနောက်ပြန်လှည့်ခြင်းများအတွက် အားကောင်းသော ဆန့်ကျင်ဘက် အချက်ပြမှုများ ဖြစ်ကြပါသည်။

ကွဲလွဲသော အချက်ပြမှုများသည် ပေါ်ပေါက်ခဲသော အခြေအနေများ ဖြစ်ကြပါသည်။ ယေဘုယျအားဖြင့် ကာလရှည် လမ်းကြောင်းတခု၏ အဆုံးတွင် ကွဲလွဲမှု ပေါ်ပေါက်လေ့ရှိသည်။ ဇယားအတွင်းရှိ ကွဲလွဲမှုအား ရှာဖွေနိုင်ပါက အတော်အသင့်ကောင်းမွန်သော အမြတ်အစွန်းကို ရရှိနိုင်ပါသည်။

Divergence ဆိုသည်မှာ indicator ၏ ညွှန်ပြမှုနှင့် ဇယားပေါ်မှ ရွေ့လျားမှုတို့သည် ဦးတည်ရာ လမ်းကြောင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေသော အခြေအနေကို ဆိုလိုပါသည်။

Bearish divergence

ဈေးနှုန်းဇယားသည် ပို၍မြင့်သော အမြင့်ဆုံးအဆင့်သို့ ရောက်ရှိချိန်တွင်  CCI indicator မျဉ်းသည် အောက်သို့ဆင်းကာ ပို၍နိမ့်သောအမြင့်တခုကို ပြသပါက  သို့မဟုတ် ယခင်အဆင့်ကိုသာ ထပ်မံ ညွှန်ပြခဲ့ပါက ဈေးနှုန်းကျဆင်းခြင်းကို အစပြုသော ကွဲလွဲမှုအခြေအနေ ဖြစ်ပေါ်ပါသည်။

LiteFinance: Bearish divergence

အထက်ပါ AUDUSD ဇယားကို ကြည့်ပါ။ ဈေးနှုန်းဇယားသည် ယခင်ထက်မြင့်သော အမြင့်အသစ်တခုကို ပြုလုပ်လိုက်သည်။ ထိုအချိန်တွင် CCI သည် ပို၍နိမ့်သော အမြင့်ကို ပြုလုပ်ပါသည်။ Indicator ၏ အကျဘက်သို့ ကွဲလွဲမှုသည် ရောင်းချရန်အတွက် အားကောင်းသော အချက်ပြမှုတခု ဖြစ်ပါသည်။

ဤနေရာရှိ အဝင်အချက်ပြမှုသည် ဒုတိယ အမြင့်ဆုံးအဆင့်၏ အနောက်မှ ဖြစ်ပေါ်လာသော Pinbar price action ပုံစံ ဖြစ်ပါသည်။ ထို့နောက်တွင် ဈေးနှုန်းတန်ဖိုး ကျဆင်းခြင်းကို တွေ့မြင်ရမည်ဖြစ်ပြီး ရက်အနည်းငယ်ထိ ဆက်လက်ကျဆင်းမည် ဖြစ်ပါသည်။

Bullish divergence 

အရင်းခံကုန်သွယ်ရေးပစ္စည်း၏ ဇယားသည် ပို၍နိမ့်သော အနိမ့်ဆုံးအဆင့်ကို ပြုလုပ်သော်လည်း CCI တွင် အကျဘက်သို့ ရွေ့လျားမှုအားနည်းပြီး၊ ယခင်ထက်ပို၍မြင့်သော အနိမ့်ဆုံးအဆင့်တခု ဖြစ်ပေါ်ပါက ဈေးနှုန်းတိုးတက်ရန် အချက်ပြသော ကွဲလွဲမှု ဖြစ်ပေါ်ပါသည်။

LiteFinance: Bullish divergence 

AUDUSD ဈေးကွက်တွင် ကျဆင်းလျက်ရှိသော လမ်းကြောင်းကို မြင်တွေ့ရပါမည်။ ဈေးနှုန်းသည် သတ်မှတ်ကာလအတွင်း အနိမ့်ဆုံးအဆင့် (1) ကို ပြုလုပ်သည်။ ထို့နောက် ပို၍နိမ့်သော အနိမ့်ဆုံးအဆင့် (2) ကိုပြုလုပ်သည်။ သို့ရာတွင် indicator သည် အနိမ့်ဆုံးအဆင့် (1) ကို ပြုလုပ်ပြီး နောက်ထပ်အနိမ့်ဆုံးဈေးမှာ ယခင်အနိမ့်ဆုံးဈေးထက် ပိုမြင့်သော အဆင့်တွင် ရှိနေရာ ဈေးနှုန်းဇယားနှင့် indicator ကြားတွင် ကွဲလွဲမှုတခု ပေါ်ပေါက်လာပါသည်။ ထို့ကြောင့် ဈေးကွက်သည် အထက်သို့ တိုးတက်တော့မည့် လက္ခဏာဖြစ်ပါသည်။

Indicator မှ ပြသသော bullish divergence သည် အဝယ်ကုန်သွယ်မှုကို ဆောင်ရွက်ရန် အားကောင်းသော အချက်ပြမှုတခု ဖြစ်ပါသည်။ ဇယားအတွင်း ဒုတိယမြောက် အနိမ့်ဆုံးအဆင့်၏ နောက်တွင် Pinbar Price Action ပုံစံပေါ်ပေါက်လာပြီးနောက် ကုန်သွယ်မှုကို ဖွင့်ပါသည်။

ထိုဇယားအတွင်းမှာပင် အခြားကွဲလွဲမှု ဥပမာတခုကို ထပ်မံမြင်တွေ့နိုင်ပါသည်။ ဈေးနှုန်းဇယားသည် အနိမ့်ဆုံးဈေးတန်း (4) ကို ပြုလုပ်လိုက်သည်။ ထိုအဆင့်သည် ယခင်အနိမ့်ဆုံးဈေးတန်း (3)ထက် ပို၍ နိမ့်သောအဆင့်တွင်ရှိသည်။ ထိုအချိန်တွင် CCI သည် ယခင်အနိမ့်ဆုံးဈေးတန်း (3)ထက် ပို၍မြင့်သော နောက်ထပ်အနိမ့်ဆုံးဈေးတန်း (4)ကို ဖြစ်ပေါ်စေသည်။ ထိုအခါ ဈေးနှုန်းတိုးတက်မည့် အရိပ်ယောင်ရှိသော ကွဲလွဲမှုတခု စတင်ပေါ်ပေါက်လာပါသည်။ ထိုကွဲလွဲမှုသည် အဝယ်ကုန်သွယ်မှုကို ဆောင်ရွက်ရန် အားကောင်းသော အချက်ပြမှုပင် ဖြစ်ပါသည်။

ကွဲလွဲခြင်း အချက်ပြမှုများ အပေါ်မူတည်၍ ကုန်သွယ်မှုဆောင်ရွက်ရန် ယေဘုယျ လိုအပ်ချက်များ။

ဈေးနှုန်းဇယားများနှင့် CCi ဇယားများတွင် အစွန်းနှစ်ဖက် ‌အဆင့်များကို ‌အလေးထား စောင့်ကြည့်သင့်ပါသည်။ အကယ်၍ indicator ဇယားနှင့် ဈေးနှုန်းဇယားသည် ဆန့်ကျင်ဘက်ဖြစ်နေပါက အတက် သို့မဟုတ် အကျဘက်သို့ ကွဲလွဲမှုတခု ပေါ်ပေါက်နေပြီ ဖြစ်ပါသည်။ ထိုအခိုက်အတန့်တွင် ကုန်သွယ်မှုပြုလုပ်ရန်အတွက် အချက်ပြပုံစံကို ရှာဖွေရပါမည်။ ဥပမာ - Price Action ပုံစံအချက်ပြခြင်း။

ကုန်သွယ်မှုဖွင့်ရန် လမ်းညွှန်ပေးသော အချက်ပြပုံစံ၏ စည်းမျဉ်းများအပေါ် အခြေခံ၍ အရှုံးကန့်သတ်ချက် တခုကို သတ်မှတ်ပါသည်။ အမြတ်ကန့်သတ်ချက်အား အရှုံးကန့်သတ်ချက်ထက် သုံးဆပို၍ ရှည်လျားသော အကွာအဝေး သို့မဟုတ် အဝယ်/အရောင်း ကုန်သွယ်မှုအပေါ်မူတည်၍ အားကောင်းသော အနိမ့်/အမြင့် အဆင့်များတွင် သတ်မှတ်ရပါမည်။

အကယ်၍ သင်သည် CCI မှ ပြသသော အတက်နှင့်အကျ ကွဲလွဲမှုများကို အခြေခံ၍ ကုန်သွယ်ခြင်း နည်းလမ်းအား ကောင်းစွာ ကျေညက်ပြီးလျှင်၊ ကုန်သွယ်မှုဖွင့်သော အကြိမ်ရေကို တိုး၍ ဆောင်ရွက်နိုင်ပြီး သင်၏ကုန်သွယ်ရေးအကောင့်တွင် အကျိုးအမြတ် အလားအလာကို မြှင့်တင်နိုင်မည် ဖြစ်ပါသည်။ Divergence signals များသည် CCI မှ ပြသသော အချက်ပြမှုများအနက် အားအကောင်းဆုံး အချက်ပြမှုများ ဖြစ်ကြပါသည်။

တနေ့တာအတွင်းကုန်သွယ်ရာတွင် CCI Indicator အား မည်သို့ အသုံးပြုရ မည်နည်း။

Commodity Channel Index indicator သည် အခြားသော နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာရေး ကိရိယာများနည်းတူ တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက်လည်း သင့်တော်ပါသည်။ ကုန်သည်အနေဖြင့် M5 သို့မဟုတ် M15 အချိန်ဘောင်များသို့ ပြောင်းလဲသင့်ပါသည်။ အချိန်ဘောင် ပို၍တိုတောင်းလေလေ အချက်ပြမှုများပြားလေလေ ဖြစ်သည်။ အချိန်အပိုင်းအခြားရှည်လျားသည်နှင့်အမျှ ပိုမိုမှန်ကန်စိတ်ချရသော အချက်ပြမှု အနည်းငယ်သာ ပေါ်ပေါက်လေ့ ရှိပါသည်။

Indicator ၏ ရှိရင်းစွဲ ကာလဖြစ်သော ရက် ၂၀ ကို အသုံးပြုနိုင်သလို မိမိစိတ်ကြိုက် တန်ဖိုးတခုကိုလည်း ရွေးချယ်နိုင်ပါသည်။ လက်တွေ့စမ်းသပ်ရန် မကြောက်ရွံ့ပါနှင့်။ မတည်ငြိမ်မှုမြင့်မားသော ကုန်သွယ်ရေး ပစ္စည်းများအတွက် ပိုမိုမြင့်မားသော  ကာလတန်ဖိုးတခုကို ရွေးချယ်သင့်ပါသည်။ မတည်ငြိမ်မှု နည်းပါးသော ပစ္စည်းမျိုးအတွက်မူ၊ တိုတောင်းသောကာလမျိုးကို ရွေးချယ်ခြင်းက မှန်ကန်ပါသည်။

အထက်ဖော်ပြပါ စည်းမျဉ်းနှင့် နည်းဗျူဟာများအားလုံးသည် တနေ့တာအတွင်း ကုန်သွယ်ခြင်းတွင် ကောင်းစွာ အလုပ်လုပ်ပါသည်။ အဆင့်သုည၊ ဝယ်လို‌အား/ရောင်းလိုအား လွန်ကဲသော အဆင့်များဖြစ်သော +200၊ -200 စသဖြင့် သက်ဆိုင်ရာ CCI တည်နေရာကို ကြည့်ရှုပါ။ အဓိက ကွာခြားမှုတခုမှာ ကုန်သွယ်မှုဖွင့်လှစ်ထိန်းသိမ်းထားသောအချိန်ဖြစ်ပြီး ကုန်သွယ်မှုအား ရက်များစွာဖွင့်လှစ်ခြင်းနှင့် နာရီများစွာဖွင့်လှစ်ခြင်းသာ ကွာခြားပါသည်။ သို့ရာတွင် တနေ့အတွင်း ကုန်သွယ်ရေးတွင် မှားယွင်း အချက်ပြမှုများ ပို၍များပါသည်။ M1 မှ M15 အထိ တိုတောင်းသော အချိန်ဘောင်များတွင် ဆူညံသံဟုခေါ်‌လေ့ရှိသော ဈေးကွက်ရှုပ်ထွေးမှုများ ပိုမို များပြားလေ့ရှိသည်။ ထိုကြောင့် ကုန်သွယ်ရေး ပစ္စည်း၏ ယေဘုယျလမ်းကြောင်းကို ဆုံးဖြတ်ရာတွင် အမြဲတစေ အဆင်ပြေမှုမရှိနိုင်ပါ။

တနေ့တာအတွင်း CCI ကုန်သွယ်ရေး၏ ဥပမာ အချို့ကို ကြည့်ရှုကြပါစို့။

LiteFinance: တနေ့တာအတွင်းကုန်သွယ်ရာတွင် CCI Indicator အား မည်သို့ အသုံးပြုရ မည်နည်း။

EURUSD ဈေးကွက်ကို ကြည့်ပါ။ အချိန်ဘောင်သည် M5 ဖြစ်သည်။ ဂဏန်းများသည် အားကောင်းသော +200 နှင့် -200 အဆင့်များကို အမှတ်အသားပြုသည်။ Price Action ပုံစံ တခုသည်သာ  အဝင်အချက်ပြမှု ဖြစ်ပါသည်။

ပထမဖြစ်စဉ်တွင် CCI indicator သည် +200 အဆင့်ကို ရောက်ရှိခဲ့သည်။ ထို့ကြောင့် ဈေးနှုန်းဇယား အတွင်း Pinbar တခုရှိနေသည်။ အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။

ဒုတိယဖြစ်စဉ်တွင် CCI indicator သည် -200 အဆင့်ကို ရောက်ရှိသွားပြီး ဇယားအတွင်း Bullish Engulfing ပုံစံ‌ ပေါ်ပေါက်လာသည်။ အဝယ်ကုန်သွယ်မှုကို ဖွင့်လှစ်ပါသည်။

တတိယဖြစ်စဉ်တွင် CCI သည် အဝယ်လွန်ကဲသော +200 အဆင့်များသို့ ရောက်ရှိသွားပြီး ဇယားအတွင်း Pinbar တခု ပေါ်ပေါက်လာသည်။ အရောင်းကုန်သွယ်မှုကို ဖွင့်ပါသည်။

စတုထ္ထဖြစ်စဉ်တွင် CCI သည် အဝယ်လွန်ကဲသော +200 အဆင့်များသို့ ရောက်ရှိသွားပြီး ဈေးနှုန်းဇယားအတွင်း bearish engulfing ပုံစံတခု ပေါ်ပေါက်လာသည်။ အရောင်းကုန်သွယ်မှုတခုကို ထပ်မံ ဖွင့်လှစ်ပါသည်။

အရှုံးကန့်သတ်ချက်တခုအား Price Action ပုံစံ၏စည်းမျဉ်းများနှင့်အညီသာ သတ်မှတ်ပါသည်။ အမြတ်ကန့်သတ်ချက်တခုကို အရှုံးကန့်သတ်ချက်ထက် သုံးဆပိုမိုရှည်လျားသော အကွာအဝေးတွင် သတ်မှတ်ပါသည်။ သို့မဟုတ်ပါက အမြတ်ကန့်သတ်ချက်ကို သတ်မှတ်ရာတွင် အဝယ်ကုန်သွယ်မှုအတွက် အမြင့်ဆုံးဈေးတန်း၌လည်းကောင်း အရောင်းကုန်သွယ်မှုအတွက် အနိမ့်ဆုံးဈေးတန်း၌လည်းကောင်း သတ်မှတ်နိုင်ပါသည်။ ကုန်သွယ်မှုတခုကို ပိတ်သိမ်းရန်အတွက် အခြားနည်းလမ်းတခုမှာ ကုန်သွယ်မှု ဦးတည်ချက် (အဝယ်နှင့် အရောင်း) အပေါ် မူတည်၍ CCI indicator သည် +100 သို့မဟုတ် -100 အဆင့်များသို့ ရောက်ရှိချိန်တွင် ပိတ်သိမ်းရန် ဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါ ဥပမာအရ CCI indicator မှ အချက်ပြသော ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသည့် ဧရိယာများအပေါ် အခြေခံကာ အကျိုးအမြတ်ရှ်ိသော ကုန်သွယ်မှုလေးခုအား ပြုလုပ်နိုင်ပါသည်။

LiteFinance: တနေ့တာအတွင်းကုန်သွယ်ရာတွင် CCI Indicator အား မည်သို့ အသုံးပြုရ မည်နည်း။

နောက်ထပ် ဥပမာတခုကို GBPUSD ဇယားဖြင့် ပြသပေးပါမည်။ အချိန်ဘောင်မှာ M5 ဖြစ်သည်။ လက်တွေ့ကုန်သွယ်ရေးတွင် အတက်၊ အကျ ကွဲလွဲမှုများ မည်သို့ အလုပ်လုပ်သည်ကို ဆက်လက် ကြည့်ရှုကြပါစို့။

ပထမဖြစ်စဉ်နှစ်ခုတွင် အတက်လမ်းကြောင်းဖြစ်ပေါ်ရန် ကွဲလွဲခြင်းဟု အတည်ပြုပါသည်။ ဈေးနှုန်းဇယား သည် ယခင်အနိမ့်ဆုံးအဆင့်ထက် ပိုနိမ့်သော အနိမ့်ဈေးတခုကို ပြုလုပ်လိုက်သည်။ ထိုအချိန်တွင် CCI ဇယားသည် ယခင်အနိမ့်ဈေး(1)ထက် ပိုမြင့်သော အနိမ့်ဆုံးဈေးတန်းအသစ် (2)ကို ပြုလုပ်ပါသည်။ ထို့ကြောင့် အတက်လမ်းကြောင်းအစပြုရန် ကွဲလွဲမှု စတင်ဖြစ်ပေါ်လာသည်။ အဝယ်ကုန်သွယ်မှုပြုလုပ်ရန် အားကောင်းသော အချက်ပြမှုပင် ဖြစ်သည်။ PPR ပုံစံ ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ကုန်သွယ်မှုကို စတင်ဖွင့်လှစ်ပါသည်။ 

တတိယနှင့် စတုထ္ထ ဖြစ်စဉ်များတွင် အကျလမ်းကြောင်းစတင်မည့် ကွဲလွဲမှုတခုကို တွေ့ရသည်။ ဈေးနှုန်းဇယားသည် ယခင်အမြင့်ထက် ပို၍မြင့်သော အမြင့်ဆုံးအဆင့်တခုကို ရောက်ရှိသွားသည်။ ထိုအချိန်တွင် CCI သည် ယခင်အမြင့်ဆုံးအဆင့် (3) ထက် ပို၍နိမ့်သော အမြင့်ဆုံးအဆင့်အသစ် (4) ကိုပြုလုပ်ပါသည်။ အကျလမ်းကြောင်းကိုဖြစ်စေသော အဆိုပါ ကွဲလွဲမှုသည် အရောင်းကုန်သွယ်မှု ကို ဆောင်ရွက်ရန် အားကောင်းသော အချက်ပြမှုတခု ဖြစ်သည်။ Railway Track candlestick ပုံစံ အပေါ် အခြေခံ၍ ကုန်သွယ်မှုကို ဖွင့်ပါသည်။

ထို့ကြောင့် ကုန်သွယ်နေ့တနေ့အတွင်း ကွဲလွဲမှုနှစ်ခုအပေါ်မူတည်၍ အကျိုးအမြတ် နှစ်ကြိမ် ရယူနိုင်ပါသည်။ အဓိကကျသော အချက်မှာ CCI indicator မှပေးပို့သော အချက်ပြမှုများကို သေချာစွာ စောင့်ကြည့်၍ ဈေးနှုန်းဇယားနှင့် indicator ဇယားကြား ကွဲပြားခြားနားချက်များကို ရှာဖွေရန် ဖြစ်ပါသည်။ တနေ့အတွင်း ကုန်သွယ်ရေးတွင် ဈေးကွက်သည် သင်၏ အဝင်ပွိုင့်မှ နောက်ထပ် ငါးမိနစ်အတွင်းမှာပင် အတန်ငယ် ကွာဝေးသော အတိုင်းအတာတခုထိ ရွေ့လျားနိုင်သောကြောင့် Price Action ပုံစံ အဝင်အချက်ပြမှုများကို မျက်ခြေမပြတ်ရန်လည်း အရေးကြီးပါသည်။

LiteFinance: တနေ့တာအတွင်းကုန်သွယ်ရာတွင် CCI Indicator အား မည်သို့ အသုံးပြုရ မည်နည်း။

နောက်ဆုံးအနေဖြင့် ရွှေကိုအရင်းခံသော future စာချုပ်များ၏ဇယားဖြစ်သော GC ဇယားအား  လေ့လာကြည့်ကြရအောင်။ အချိန်ဘောင်မှာ M5 ဖြစ်ပါသည်။ ကာလတလျှောက် ယေဘုယျလမ်းကြောင်း ကို ဆုံးဖြတ်ရန်အတွက် ရိုးရှင်းသော အချိန်ကာလ ၂၀၀ ပျဉ်းမျှရွေ့လျားမှုတခုကို အသုံးပြုနိုင်ပါသည်။ ဤပျမ်းမျှရွေ့လျားမှု ၏ အောက်/အထက်တွင် ကုန်သွယ်နေ့တနေ့ အဆုံးသတ်ခြင်းသည် လမ်းကြောင်းပြောင်းလဲမှုတခု၏ လက္ခဏာပင်ဖြစ်သည်။ CCI indicator ၏ သုညအဆင့် ဖြင့် အလုပ်လုပ်သောအခါ လမ်းကြောင်းကို တိကျစွာခွဲခြားရန် အရေးကြီးပါသည်။ သို့မဟုတ်လျှင် ကုန်သွယ်မှုမှ အမြတ်ရရှိမည်မဟုတ်ပါ။

အထက်ပါဥပမာကို ကြည့်ပါ။ ယခင်ကုန်သွယ်နေ့သည် MA 200 ၏ အောက်တွင် ပိတ်သိမ်းသည်ကို တွေ့ရှိရပါမည်။ ထိုအခိုက်အတန့်တွင် လမ်းကြောင်းကျဆင်းနေသည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။ ထို့ကြောင့် အရောင်းကုန်သွယ်မှုများကို စဉ်းစားသင့်ပါသည်။ CCI သည် သုညအဆင့်မှ အောက်ဘက်သို့ ဖြတ်သန်းသွားသောအခါတွင် အဝင်အချက်ပြမှုတခုကို ပေးပို့ပါသည်။

နေ့တဝက်တာကာလအတွင်း၊ အချက်ပြမှုလေးကြိမ် ဖြစ်ပေါ်ပါသည်။  ၂၀၀ ပျမ်းမျှရွေ့လျားမှု၏ အောက်သို့ ဈေးနှုန်းနိမ့်‌ဆင်းဝင်ရောက်ချိန်တွင် အားကောင်းသော  အချက်ပြမှု 1 နှင့် 3 တို့ ပေါ်ပေါက်လာပါသည်။

အချက်ပြမှု 2 နှင့် 4 သည် MA 200 ၏အောက်တွင် ပေါ်ပေါက်လာပါသည်။ အချက်ပြမှုများသည် ပုံမှန်အင်အားရှိသော အနေအထားမျိုး ဖြစ်ပါသည်။ အချက်ပြမှု 2 သည် အလုပ်မလုပ်ပါ။ ဈေးနှုန်းသည် လိုလားသော ဦးတည်ရာသို့ ရွေ့လျားခြင်း မရှိပါ။ ထို့ကြောင့် ကုန်သွယ်မှုအား အရှုံးဖြင့် ပိတ်သိမ်းရပါသည်။

အရှုံးကန့်သတ်ချက်တခုအား အောက်ပါစည်းမျဉ်းများနှင့်အညီ သတ်မှတ်ပါသည်။

  1. Candlestick အရွယ်အစား ဧရိယာသည် ကုန်သွယ်ရေးပစ္စည်း၏ ပျမ်းမျှနေ့စဉ် ရွေ့လျားမှုဧရိယာထက် ကျယ်ပြန့်လျှင် သို့မဟုတ် ထိုနှစ်ခု တန်ဖိုးတူညီလျင်  အရှုံးကန့်သတ်ချက် အား အချက်ပြမှုပေါ်ပေါက်သော candlestick မှ အနိမ့်ဆုံးအဆင့်၏ အထက် သို့မဟုတ် အောက်တွင် သတ်မှတ်ပါသည်။ အကယ်၍ candlestick သည် အလတ်စားအရွယ်ခန့်ရှိပါက အရှုံးကန့်သတ်ချက်အား ၎င်း၏အမြင့်ဆုံးအဆင့်အထက် သို့မဟုတ် အနိမ့်ဆုံးအဆင့်အောက်တွင် သတ်မှတ်ပါသည်။

  2. အချက်ပြ candlestick သည် အရွယ်အစား ကျဉ်းမြောင်းပါက အရှုံးကန့်သတ်ချက် တခုသတ်မှတ်ရန် အသုံးပြုသော အနိမ့်/အမြင့် အဆင့်များအတွက် ယခင် candlestick ကို ကိုးကား၍ စဉ်းစားဆုံးဖြတ်သင့်ပါသည်။

  3. အချက်ပြ candlestick သည် ပျမ်းမျှနေ့စဉ်ရွေ့လျားမှုဧရိယာထက် နှစ်ဆနှင့်အထက် ပို၍ကြီးမားလျှင် အရှုံးကန့်သက်ချက်အား candlestick ၏ အလယ်တွင် သတ်မှတ်ပါသည်။

အမြတ်ကန့်သတ်ချက်အား အရှုံးကန့်သတ်ချက်ထက် သုံးဆရှည်လျားသော အကွာအဝေးတွင် သတ်မှတ်သင့်သည်ဟူသော စည်းမျဉ်းအပေါ် အခြေခံ၍ ဆောင်ရွက်ခြင်းဖြင့် အချက်ပြမှု 1၊ 2၊ 3 များသည် ကောင်းစွာအလုပ်လုပ်ပြီး အကျိုးအမြတ်ဖြစ်ထွန်းစေပါသည်။

နိဂုံးချုပ်ရသော် တနေ့တာအတွင်းကုန်သွယ်ခြင်းသည် ကုန်သည်၏ အမြင့်ဆုံး အာရုံစူးစိုက်မှုနှင့် အမြဲတစေ သက်ဆိုင်သည်ဟု ကျွန်ုပ်အနေဖြင့် ကောက်ချက်ချနိုင်ပါသည်။ ကုန်သွယ်မှု အခွင့်အရေးများကို လတ်မလွတ်စေရန် ကုန်သွယ်ရေးဇယားများကို အချိန်များစွာပေး၍ စောင့်ကြည့် အကဲဖြတ်သင့်ပါသည်။

အချက်ပြမှု အကြိမ်ရေများစွာ ပေါ်ပေါက်လေ့ရှိပါသည်။ ထိုကြိမ်နှုန်းသည် ကုန်သည်တဦးအား လွန်ကဲသော ကုန်သွယ်မှုများကို ပြုလုပ်မိစေပါသည်။ အရေးကြီးသော ဘဏ္ဍာရေးသတင်းများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ ၎င်းသတင်းများသည် ဈေးကွက်၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ရုပ်ပုံပေါ်တွင်  သိသာထင်ရှားသော ဈေးနှုန်းအတက်၊ အကျများနှင့် အပြောင်းအလဲများကို ဖြစ်ပေါ်စေပါ သည်။ ထို့ကြောင့် CCI indicator အား အသေးစိတ်မှစ၍ သေချာစွာလေ့လာပြီး၊ ပိုမိရှည်လျားသော အချိန်ဘောင်များတွင် အတွေ့အကြုံများ ရယူပြီးမှသာ တနေ့တာအတွင်း ကုန်သွယ်ခြင်းကို စတင်ရန် အကြုံပြုလိုပါသည်။

CCI indicator ဖြင့်ကုန်သွယ်ခြင်း။ အကျဉ်းချုပ်။

Commodity Channel Index သည် ကုန်သည်တဦးအတွက် ကောင်းမွန်သော ကိရိယာတခု ဖြစ်ပါသည်။ ၎င်း၏ လုပ်ဆောင်မှုစည်းမျဉ်းများသည် အခြား oscillator များစွာတို့နှင့် အများအားဖြင့် တူညီပါသည်။ သို့ရာတွင် ၎င်းသည် သီးခြားအင်္ဂါရပ်များကိုလည်း ပိုင်ဆိုင်ထားပါသည်။

ဤ indicator သည် +100၊ -100 နှင့် +200၊ -200 အဆင့်များ စသဖြင့် ဈေးကွက်၏ ကွဲပြားသောအင်အားများကို ခွဲခြားကာ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အဆင့်များကို ရှာဖွေရာ တွင် ကူညီပေးပါသည်။ ဤ indicatorကို အသုံးပြုခြင်းအားဖြင့် ယေဘုယျလမ်းကြောင်း တခုအတွင်း ကုန်သွယ်ရန်အတွက် အကောင်း‌ဆုံး အဝင်ပွိုင့်များကို ရှာဖွေနိုင်ပါသည်။ ယာယီအပြောင်းအလဲ အခြေအနေတွင်လည်း ကုန်သွယ်နိုင်ပါသည်။

ဈေးနှုန်းဇယားများနှင့် Indicator အချက်ပြမျဉ်းအကြား ကွဲလွဲမှုများ ဖြစ်ပေါ်သော အချိန်တွင် အားအကောင်းဆုံး အချက်ပြမှုများ ပေါ်ပေါက်ပါသည်။

CCI indicator အား မည်သည့် ရေပန်းစားသော ပလက်ဖောင်းတွင်မဆို ရရှိနိုင်ပါသည်။ အကယ်၍ indicator တန်ဖိုးများကို လူကိုယ်တိုင်တွက်ချက်ရန် လိုအပ်ပါက Excel spreadsheet တခုကို အသုံးပြုနိုင်ပါသည်။

Commodity Channel Index CCI indicator ဖြင့် ကုန်သွယ်ရန် အကောင်းဆုံး အချိန်ဘောင်မှာ D1 ဖြစ်ပါသည်။ သို့သော် ပို၍တိုတောင်းသော အချိန်ဘောင်များတွင်လည်း ကုန်သွယ်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်လိုပါက မှားယွင်းအချက်ပြမှုအရေအတွက်ကို လျှော့ချရန် လမ်းကြောင်း indicator အချို့အား ကုန်သွယ်ရေးစနစ်တွင် ပေါင်းထည့်ရန် လိုအပ်ပါသည်။

CCI indicator သည် အချိန်ပေး၍ လေ့လာထိုက်သော အကျိုးရှိသည့် ကိရိယာတခု ဖြစ်ပါသည်။ ဤဆောင်းပါးသည် သင့်အတွက် အသုံးဝင်လိမ့်မည်ဟု ကျွန်ုပ်အနေဖြင့် မျှော်လင့်ပါသည်။ သီအိုရီပိုင်းကို လေ့လာသင်ယူပြီးသည့်နောက် လက်တွေ့လေ့ကျင့်ရေးပိုင်းကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။ CCI ဖြင့် ကုန်သွယ်ရေးကို ဤနေရာတွင် စတင်ပါ။


Commodity Channel Index ဆိုင်ရာ အမေး၊အဖြေများ။

Commodity Channel Index CCI အား အသုံးပြုကြသော မူလရည်ရွယ်ချက်မှာ oscillator တခုအဖြစ် ဈေးကွက်အတွင်း ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော ဧရိယာများကို ရှာဖွေရန် ဖြစ်သည်။ ထို့အတူ indicator ကိုအသုံးပြု၍ လမ်းကြောင်းပေါ်တွင်ဖြစ်စေ၊ ယာယီအပြောင်းအလဲ တွင်ဖြစ်စေ ကုန်သွယ်နိုင်ပါသည်။

ဤ Indicator သည် အသေအချာ လေ့လာထားသင့်သော ကိရိယာတခု ဖြစ်ပါသည်။ မှန်ကန်စွာ အသုံးပြုနိုင်ပါက အကောင်းဆုံးအဝင်ပွိုင့်များကို သေးငယ်သော အရှုံးကန့်သတ်ချက်၊ ကြီးမားသော အမြတ်ကန့်သတ်ချက်များနှင့်တကွ ရှာဖွေတွေ့ရှိနိုင်ပါသည်။ CCI indicator အပေါ်အခြေခံ၍ ပြည့်စုံသော ကုန်သွယ်ရေးစနစ်တခုကို တည်ဆောက်နိုင်ပါသည်။

Woodies CCI indicator ဆိုသည်မှာ အချိန်ကာလ မတူညီသည့် မူရင်း CCI indicator နှစ်ခုအပေါ် အခြေခံထားသော ကုန်သွယ်ရေးစနစ်တခု ဖြစ်ပါသည်။ ပထမ CCI ၏ ကာလမှာ 14 ဖြစ်ပါသည်။ ဒုတိယ CCI ၏ ကာလမှာ 6 ဖြစ်ပါသည်။ စနစ်အတွင်းမှ ဒုတိယ indicator အား Turbo CCI သို့မဟုတ် TCCI ဟု ခေါ်ဆိုပါသည်။

ပထမဦးစွာ ဈေးကွက်အတွင်းရှိ လမ်းကြောင်းကို ဆုံးဖြတ်ရပါမည်။ ထိုအတွက် “6+ bars” စည်းမျဉ်းကို အသုံးပြု၍ ဆောင်ရွက်နိုင်ပါသည်။ လမ်းကြောင်းကို ဆုံးဖြတ်ပြီးသောအခါ၊ ကုန်သွယ်မှုဖွင့်ရန် အချက်ပြသော ပုံစံများကို ရှာဖွေရပါမည်။ သုညမျဉ်းမှ နောက်ပြန်လှည့်ခြင်း၊ ပြောင်းပြန်ကွဲလွဲမှု၊ လမ်းကြောင်းအတိုင်းလိုက်ပါ၍ လမ်းကြောင်းမျဉ်းအား ဖောက်ထွက်ခြင်း၊ လမ်းကြောင်းအတိုင်းလိုက်ပါ၍ ရေပြင်ညီမျဉ်းအား ဖောက်ထွက်ခြင်း စသဖြင့် အဝင်အချက်ပြပုံစံ များစွာ ရှိပါသည်။ အရှုံးကန့်သတ်ချက်အား နေ့စဉ် ATR ၏ တဝက် သို့မဟုတ် လေးပုံတပုံတွင် သတ်မှတ်ပါ။

Trend indicator များသည် commodity channel index CCI နှင့်တွဲဖက်၍ ကောင်းစွာ အလုပ်လုပ်ပါသည်။ ဥပမာ - simple Moving Average၊ Price Action ကဲ့သို့သော အဝင်ပွိုင့် indicator များ ဖြစ်ပါသည်။ Price Action အား CCI ဖြင့်တွဲဖက်အသုံးပြုခြင်းဖြင့် သင်သည် အကောင်းဆုံး အမြတ်/အရှုံး အလားအလာအချိုးဖြင့် ကုန်သွယ်မှုဖွင့်နိုင်မည်ဖြစ်ပြီး၊ အကျိုးအမြတ် အလားအလာများလည်း တိုးပွားလာမည် ဖြစ်ပါသည်။

RSI နှင့် commodity channel index CCI အကြားကွဲပြားခြားနားချက်မှာ RSI သည် အရှိန်ပြ oscillator တခုဖြစ်၍ ရာခိုင်နှုန်းအဖြစ် ဖော်ပြလေ့ရှိကာ၊ CCI ကိုမူ အရေအတွက်ဖြင့်သာ ဖော်ပြလေ့ရှိပါသည်။ RSI အား ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော ဧရိယာများနှင့် ကွဲလွဲမှုများကို ရှာဖွေရာတွင် အဓိက အသုံးပြုကြပြီး၊ CCI ကိုမူ လမ်းကြောင်းအတိုင်းလိုက်ပါ၍ ကုန်သွယ်မှုများ ဖွင့်လှစ်ရန်အတွက်လည်း အသုံးပြုကြသည်။ CCI တွင် အားကောင်းသော ဝယ်လိုအား/ရောင်းလိုအား လွန်ကဲမှုအဆင့်များနှင့် အားပျော့သော ဝယ်လိုအား/ရောင်းလိုအား လွန်ကဲမှုအဆင့်များ ရှိပြီး၊ RSI တွင် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသည်ဟု သတ်မှတ်ထားသော ဈေးကွက်ဧရိယာများသာ ရှိပါသည်။ ထို့အပြင် CCI သည် ကြိုတင်လမ်းညွှန် ပေးသော indicator တခု ဖြစ်ပါသည်။

MACD သို့မဟုတ် commodity channel index CCI မည်သည်က ပိုကောင်းပါသည်ဟု အတိအကျ ဖြေဆိုရန် မဖြစ်နိုင်ပါ။ အဆိုပါ indicator နှစ်ခုစလုံးသည် oscillator အမျိုးအစားများသာဖြစ်ကြသော်လည်း မတူညီသော အချက်ပြမှုများကို ထုတ်လွှတ်ကြသည်။ Indicator တခုစီတွင် ၎င်း၏ ကိုယ်ပိုင် ဝိသေသလက္ခဏာများ ရှိပါသည်။ ထို့ကြောင့် ဈေးကွက်အမျိုးအစား၊ ကုန်သွယ်ရေးပစ္စည်းနှင့် မတည်ငြိမ်မှုရာခိုင်နှုန်း အပေါ်မူတည်၍သာ မည်သည့်တခုကို အသုံးပြုသင့်သည်ကို ဆုံးဖြတ်ရပါမည်။

Commodity Channel Index CCI တွင် အဝယ်အချက်ပြမှုဆိုသည်မှာ သုညမျဉ်းအား အောက်မှ အထက်သို့ ဖောက်ထွက်သွားခြင်း ဖြစ်ပါသည်။ ထို့အတူ CCI အချက်ပြမျဉ်းသည် အဆင့် +200 သို့ ရောက်ရှိသွားခြင်း၊ ဈေးနှုန်းဇယားနှင့် indicator ဇယားအကြား အတက်လမ်းကြောင်း အစပြုမည့် ကွဲလွဲမှုဖြစ်ပေါ်ခြင်းများသည်လည်း အဝယ်အချက်ပြမှုများပင် ဖြစ်ပါသည်။

Commodity Channel Index (CCI) Indicator - ပြီးပြည့်စုံသော လမ်းညွှန်ချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat