Stochastic oscillator သည် ဈေးကွက်အဝင်ပွိုင့်များကို ဆုံးဖြတ်ရာတွင် အရေးပါသော အထောက်အကူကိရိယာများမှ တခုဖြစ်ပါသည်။ ရွေ့လျားမှုအားကို ညွှန်ပြသော ဤ ညွှန်ပြကိရိယာသည် ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းရာဇဝင်အပေါ် အခြေခံ၍ ဈေးကွက်ရွေ့လျားမှုကို တိုင်းတာပြီး၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား လွန်ကဲနေသော ဈေးကွက် အခြေအနေကို အကဲဖြတ်ပါသည်။

Stochastic oscillator ပါဝင်သော ကုန်သွယ်ရေးဗျူဟာများသည် နားလည်သဘောပေါက်ရန် လွယ်ကူသောကြောင့်၊ အတွေ့အကြုံနည်းပါးသော ကုန်သည်အသစ်များအတွက် သင့်လျော်မှုရှိပါသည်။ ၎င်း၏လိုက်လျောညီထွေရှိမှု၊ အခြားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများနှင့် တွဲဖက် အသုံးပြုနိုင်မှုနှင့် အတော်အတန်မြင့်မားသော တိကျမှုတို့ကြောင့် အမြှော်အမြင်ရှိသော ကုန်သည်များသည် အခြားသော indicators များအစား  stochastic oscillator ကိုသာ အသုံးပြုရန် ပိုမိုနှစ်သက်ကြသည်။ 

ဤဆောင်းပါးတွင် stochastic oscillator ကိုအသုံးပြုရန် အကောင်းဆုံး ဆက်တင်များ၊ ၎င်းမှ ထုတ်လွှတ်သော အဝယ်/အရောင်း အချက်ပြမှုများ၏ ဝိသေဿလက္ခဏာများနှင့်တကွ stochastic oscillator ၏ အလုပ်လုပ်ပုံကို အသေးစိတ် ဖော်ပြထားပါသည်။ ကုန်သွယ်ရေးတွင် stochastic oscillator အား မည်သို့အသုံးပြုရမည်ကို ဤဆောင်းပါးတွင် စူးစမ်းလေ့လာနိုင်ပါသည်။ ဤဆောင်းပါးတွင် ကုန်သွယ်ရေးဗျူဟာများ၏ ဥပမာများ၊ ကုန်သွယ်ရေးပုံစံကွဲများနှင့် အရှိန်ကိုညွှန်ပြသော ဤ indicator ၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမည့် အချိန်အကန့်အသတ်များကိုလည်း ဖော်ပြပေးထားပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက မှတ်သားဖွယ်ရာများ

အဓိက သတ်မှတ်ချက်များနှင့် အယူအဆများ

ကောက်နှုတ်သုံးသပ်ချက်များနှင့် အရေးပါသောပွိုင့်များ

Stochastic oscillator ဆိုသည်မှာ အဘယ်နည်း

၎င်းသည် ကုန်သွယ်မှုပစ္စည်း ၏ ပုံမှန်အပိတ်ဈေးနှင့် သတ်မှတ်ထားသော ကာလတလျှောက်ရှိ ဈေးနှုန်းရွေ့လျားမှု အကွာအဝေးကြားမှ ဆက်နွယ်မှုကို ပြသပေးသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး ညွှန်ပြကိရိယာတခု ဖြစ်ပါသည်။

Stochastic oscillator ကို မည်သည့်အတွက်ကြောင့် အသုံးပြု ပါသနည်း

၎င်းသည် ကုန်သွယ်ရေးပုံစံများ - အနိမ့်ဆုံး/အမြင့်ဆုံးတန်ဖိုးများ၊ လမ်းကြောင်းရွေ့လျားမှု၊ ဈေးကွက်အလှည့်အပြောင်း စသည်တို့ကို အဆုံးအဖြတ်ပေး၍ အဝယ်/အရောင်းပမာဏများ လွန်ကဲခြင်းအတွက် ကုန်သွယ်ရေးအချက်ပြမှုများကို ပေးပါသည်။

အချက်ပြမှုများ

များသောအားဖြင့်၊ ၎င်းသည် ဆန့်ကျင်ဘက်သို့ဦးလှည့်ခြင်းအတွက် အချက်ပြမှုများကို ပေးပါသည်။ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်ကဲသော ဈေးကွက်သည် ယာယီဆန့်ကျင်ဘက်ရွေ့လျားမှုကို ပေါ်ပေါက်စေပါသည်။ ဈေးကွက်အလှည့်အပြောင်း မဖြစ်ပေါ်မီတွင် ခွဲထွက်ခြင်း (Divergence) နှင့် ပေါင်းဆုံခြင်း (Convergence) များ ပေါ်ပေါက်ပါသည်။

ဆက်တင်များ

မူရင်း ဆက်တင်များမှာ 5.3.3 ဖြစ်ပါသည်။ မတည်ငြိမ်သော ဈေးကွက် အခြေအနေများတွင် ကုန်သည်များသည် 8.3.3 သို့မဟုတ် 14.3.3 ဆက်တင်များကိုပင် အသုံးပြုကြသည်။

Stochastic oscillator သည် မည်သည်ကို တိုင်းတာပါသနည်း

Indicator သည် လတ်တလောဈေးနှုန်းများအား ယခင်ပျမ်းမျှဈေးနှုန်းများနှင့် နှိုင်းယှဉ်ကာ 0 မှ 100 စကေးတခုပေါ်တွင် ဤအတိုင်းအတာကို ပြသပါသည်။ 20 အောက်မှ တန်ဖိုးများသည် ဈေးကွက်၏ ရောင်းလိုအားလွန်ကဲသော အခြေအနေ ကို ညွှန်ပြပါသည်။ 80 point အထက်မှ တန်ဖိုးများသည် ဈေးကွက်၏ ဝယ်လိုအားလွန်ကဲသော အခြေအနေကို ညွှန်ပြပါသည်။

ကုန်သွယ်ရေးဗျူဟာများ

ဝယ်လိုအား/ရောင်းလိုအားလွန်ကဲမှု ကန့်သတ်ခြင်းနည်းဗျူဟာ၊ Level 50 အား ဖြတ်ကျော်ခြင်းဗျူဟာ၊ scalping၊ တနေ့အတွင်းကုန်သွယ်ရေးဗျူဟာ၊  swing trading နှင့် အခြား‌သော ကုန်သွယ်ရေးဗျူဟာများ။

ခွဲခြမ်းစိတ်ဖြာမှု အချိန်အပိုင်းအခြားများ

မည်သည့် အချိန်အပိုင်းအခြားတွင်မဆို အသုံးချနိုင်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အားသာချက်များ - 

  • Stochastic သည် အချက်ပြများစွာကို ထုတ်ပေးသည်၊ ၎င်းကို မူရင်းအတိုင်း ကုန်သွယ်မှုနှင့် ခွဲခြမ်းစိတ်ဖြာသည့် ပလပ်ဖောင်းအားလုံးနီးပါးတွင် ရနိုင်သည်။ ၎င်းကို မည်သည့်ကုန်သွယ်မှုဗျူဟာတွင်မဆို ထည့်သွင်းနိုင်သည်။

အားနည်းချက်များ-

  • အခြားအညွှန်းကိန်းများနှင့် ပေါင်းစပ်သင့်သည်။ ၎င်း၏ ဆက်တင်များသည် ၎င်း၏ စွမ်းဆောင်ရည်ကို သိသိသာသာ လွှမ်းမိုးပါသည်။ အခြေခံကျသော ခွဲခြမ်းစိတ်ဖြာမှုတွင် ထည့်သွင်းစဉ်းစားခြင်း မရှိပါ။ Stochastic သည် မှားယွင်းသော အချက်ပြမှုများ ပေးနိုင်သည်။ ထို့အပြင် ညွှန်ပြချက်သည် စျေးနှုန်းကို လိုက်နာသောကြောင့် အချက်ပြမှုများ နှောင့်နှေးနိုင်ပါသည်။

Stochastic Oscillator ဆိုသည်မှာ အဘယ်နည်း။

Stochastic Oscillator တခု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်ရှုကြရအောင်။

Stochastic Oscillator တခုသည် ကုန်ပစ္စည်းတခု၏ လက်ရှိဈေးနှုန်းများအား သတ်မှတ်ထားသော ကာလတခုအတွင်းမှ ဈေးနှုန်းများနှင့် နှိုင်းယှဉ်‌၍ ဈေးနှုန်းရွေ့လျားမှု အားကို တိုင်းတာညွှန်ပြသော နည်းပညာပိုင်းဆိုင်ရာ ကိရိယာတခုဖြစ်ပါသည်။

ဤကိရိယာသည် ကုန်သွယ်ရေးပုံစံများကို ဆုံးဖြတ်ပါသည်။

  • swing ၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများ၊

  • ဈေးနှုန်းရွေ့လျားမှုဦးတည်ရာတခု၏ အစနှင့် အဆုံး၊

  • divergence နှင့် convergence;

  • ဝယ်လိုအား/ရောင်းလိုအား လွန်ကဲ‌နေသော ဈေးကွက်အခြေအနေ။

Stochastic oscillator သည် ၎င်း၏တွက်ချက်မှုတွင် အဆိုပါ သတ်မှတ်ချက်များကို ထည့်သွင်းအသုံးချပါသည်။ အထက်သို့ဦးတည်သော လမ်းကြောင်းများတွင် ‌လက်ရှိအပိတ်ဈေးနှုန်းသည် ယခင်ကာလတ‌လျှောက်မှ အမြင့်ဆုံးတန်ဖိုးများအနီးတွင် အချိန်အတန်ကြာ ရစ်ဝဲနေလေ့ရှိသည်။ အခြားတဖက်တွင် စျေးနှုန်းသည် အောက်သို့ဦးတည်သောလမ်းကြောင်းများအတွင်း ယခင်ကာလ တလျှောက်မှ အနိမ့်ဆုံးတန်ဖိုးများအနီး၌ အချိန်တခုထိ ရှိ၍နေပါသည်။

သင့်တော်သော အချိန်အပိုင်းအခြားနှင့် ဆက်တင်များကို အသုံးပြုမည်ဆိုပါက ဤညွှန်ပြမှုကိရိယာအား မည်သည့်ဈေးကွက်တွင်မဆို အသုံးချနိုင်ပါသည်။ 

Stochastic Oscillator သည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။

မူရင်းအားဖြင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာတခုဖြစ်သော Stochastic oscillator အား level နှစ်ခုကြား ရွေ့လျားနေသော မျဉ်းကွေးနှစ်ခုဖြင့် ကိုယ်စားပြုပါသည်။ ပုံမှန်အားဖြင့် ၎င်းတို့မှာ 80% နှင့် 20% ဖြစ်ကြပါသည်။

LiteFinance: Stochastic Oscillator သည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။

အထက်ပါပုံအတွင်းမှ လိမ္မော်ရောင်မျဉ်းကို %K ဟု ခေါ်ပါသည်။ အပြာရောင်မျဉ်းသည် %K မျဉ်းကွေး၏ 3-period ပျမ်းမျှရွေ့လျားမှုဖြစ်ပါသည်။

LiteFinance: Stochastic Oscillator သည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။

မျဉ်းနှစ်ကြောင်းသည် 80% ၏ အထက် (ထိပ်ဆုံးတွင်အပြာရောင်ဖြင့်အမှတ်အသားပြုထားသောဇုန်)တွင် ရှိနေသောအခါ၊ ကုန်သွယ်ရေးပစ္စည်းသည် ဝယ်လိုအား လွန်ကဲနေပါသည်။ ၎င်းမျဉ်းနှစ်ကြောင်းသည် 20% ရေပြင်ညီမျဉ်း၏အောက် (အောင်ခြေတွင်အနီရောင်ဖြင့် အမှတ်အသားပြုထားသောဇုန်)တွင် ရှိနေသောအခါ၊ ရောင်းလိုအားလွန်ကဲသော အခြေအနေဖြစ်ပါသည်။ ဤသည်မှာ အသုံးပြုသူများအနေဖြင့် ‌ဝယ်လိုအား/ ရောင်းလိုအား လွန်ကဲသောဇုန်များကို လွယ်ကူစွာခွဲခြားနိုင်သော နည်းလမ်းတခု ဖြစ်ပါသည်။

ဖြတ်မျဉ်းများတွင် ထူးခြားသော အဓိပ္ပါယ်တခု ရှိပါသည်။ အကယ်၍ ဝယ်လွန်အားလွန်ကဲသောဇုန်အတွင်း ပေါ်ပေါက်ပါက၊ ၎င်းသည် အရောင်းကုန်သွယ်မှုအတွက် အချက်ပြမှုဖြစ်ပါသည်။ အကယ်၍ ၎င်းသည် ရောင်းလိုအားလွန်ကဲသော ဧရိယာအတွင်းတည်ရှိပါက၊ အဝယ်ကုန်သွယ်မှုကို ဖွင့်ခြင်းအားဖြင့် သင်၏ ငွေကြေးများလျင်မြန်စွာ ဆုံးရှုံးရခြင်းမှ ရှောင်ရှားနိုင်ပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ ရွေ့လျားမှုညွှန်ပြကိရိယာအဖြစ် Stochastic oscillator တခုတည်းကိုသာအသုံးပြုရန် အကြံမပြုလိုပါ။ အရိုးရှင်းဆုံး Stochastic oscillator ဗျူဟာတွင်၊ လမ်းကြောင်းဦးတည်ရာကိုကြည့်၍ အချက်ပြမှုများကို စစ်ထုတ်ပါသည်။ ဥပမာအားဖြင့် အကယ်၍ အောက်သို့ကျဆင်းမှု အလေးသာပါက၊ အရောင်းကုန်သွယ်မှုများကိုသာဖွင့်ပါ။ အကယ်၍ အထက်သို့ ရွေ့လျားသော လမ်းကြောင်းရှိနေပါက၊ အဝယ်ကုန်သွယ်မှုများကို နေရာချပါ။ Stochastic indicator အား အခြားကုန်သွယ်ရေးကိရိယာများဖြင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် အသုံးပြုသူများသည် အဝယ်/အရောင်းပမာဏများ လွန်ကဲလျှက်ရှိသည့် အခြေအနေများကို အလွယ်တကူ ရှာဖွေသိရှိနိုင်မည်ဖြစ်ပါသည်။

LiteFinance: Stochastic Oscillator သည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။

ထို့ကြောင့်  ကျွန်ုပ်တို့သည် EURUSD ဇယား၏ ဝယ်လိုအား/ရောင်းလိုအားလွန်ကဲသော level များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက၊ ကျဆင်းသောလမ်းကြောင်းတခုကို ရှာဖွေတွေ့ရှိမည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် ဝယ်လိုအားလွန်ကဲသောဇုန်များတွင် အဝယ်ကုန်သွယ်မှုဖွင့်ရန်အတွက် ပွိုင့်များကို ရှာဖွေ့ကြပါသည်။ Stochastic oscillator သည် အနီရောင်ဘဲဥပုံရှိရာ အဝင်ပွိုင့်ကို ပြသပါသည်။ 80% ၏ အထက်တွင် indicator မျဉ်းများ၏ ဖြတ်ကျော်မှုတခု ရှိနေသောကြောင့်၊ ယာယီဆန့်ဘက်ဘက်အခြေအနေ အဆုံးသတ်တော့မည်ဖြစ်ပြီး၊ ကျဆင်းသောလမ်းကြောင်း ဆက်လက်ဖြစ်ထွန်းကာ ဝယ်လိုအားလွန်ကဲသော levels များကို ပိုမိုနိမ့်ကျစေမည် ဖြစ်ပါသည်။

Stochastic Momentum Index (SMI) ရှင်းလင်းချက်

မူရင်း stochastic indicator အပြင်၊ Stochastic Momentum Index indicator သို့မဟုတ် SMI ဟုခေါ်ဆိုကြသည့် မွမ်းမံထားသော ဗားရှင်းတခုကိုလည်း တွင်ကျယ်စွာ အသုံးပြုကြပါသည်။ အထက်ဖော်ပြပါ ကိရိယာကို Momentum ဖြင့် ပေါင်းစပ်ထားသည့် အလွန်ထိရောက်သော နည်းပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ကိရိယာတစ်ခုအဖြစ် ယူဆထားပြီး၊ ၎င်းသည် ပိုမိုချောမွေ့သော အချက်ပြမှုများကို ပံ့ပိုးပေးကာ ဈေးကွက်အတက်၊အကျများအပေါ် မှီခိုမှုနည်းပါးပါသည်။

SMI တွင် မျဉ်းကွေးများကို သုညမျဉ်းအနီးတွင် တည်ဆောက်ပါသည်။ ၎င်းတို့သည် အပေါင်း သို့မဟုတ် အနှုတ်သို့ ဦး‌တည်ကာ ရွေ့လျားပါသည်။ မျဉ်းကွေးများမှ တခုကို ချောမွေ့သောကာလ(slow) သို့မဟုတ် မြန်ဆန်သောကာလ(fast)ဟု ခေါ်ပါသည်။ အခြားတခုမှာ ကာလတိုဖြစ်ပါသည်။ သင်ခန့်မှန်းသကဲ့သို့ပင် အဆိုပါမျဉ်းများသည် ကာလအားဖြင့် ကွဲပြားပါသည်။ 

Stochastic momentum indicator ၏ အားသာချက်များမှာ ဘေးတိုက်ရွေ့လျားသော ဈေးကွက်အတွင်း ယုံကြည်စိတ်ချ၍ရသော အဝင်၊ အထွက်အချက်ပြမှုများကို ထုတ်ပေးခြင်းပင်ဖြစ်သည်။ သို့သော် အဆိုပါအခြေအနေမျိုးတွင် SMI အား အခြားသော နည်းပညာပိုင်းဆိုင်ရာ အထောက်အကူကိရိယာများနှင့် တွဲဖက်အသုံးပြုခြင်းဖြင့် ပို၍ အကျိုးရှိနိုင်ပါသည်။ အထက်၊ အောက် ဦးတည်ရာရှိသော ဈေးကွက်မျိုးတွင် SMI သည် နောက်ဆုံးအပိတ်ဈေးနှုန်းကို အသုံးပြု၍ အချက်ပြမှုအမှားပေါင်းများစွာကို ထုတ်ပေးပါသည်။

Stochastic Momentum Index အား ဤနေရာတွင် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။

ပုံမှန် ထည့်သွင်းခြင်းပြုလုပ်မှုလုပ်ငန်းစဉ်မှာ MetaTrader 4 မှ တဆင့်ဖြစ်ပါသည်။ ယခုမှစတင်ကြသော ကုန်သည်အသစ်များအတွက် Bollinger Bands indicator ၏ ဥပမာကို အသုံးပြု၍ အဆင့်အလိုက် ရှင်းပြချက်များကို ဤနေရာတွင် လေ့လာဖတ်ရှုနိုင်ပါသည်။

LiteFinance: Stochastic Momentum Index (SMI) ရှင်းလင်းချက်

Stochastic indicator ကို ထည့်သွင်း၍ လည်ပတ်ပါ။ "Input parameters” ခလုပ်တွင် အောက်ပါအတိုင်းအထွာများကို ပြောင်းလဲသတ်မှတ်နိုင်ပါသည်။

  • «Period_Q» – အယ်လ်ဂိုရီသမ် မူလမျဉ်းကွေး၏ ကာလတခု၊

  • «Period_R» – အဓိကမျဉ်း၏ ပထမဦးစားပေး ချောမွေ့သောကာလ၊

  • «Period_S» – အဓိကမျဉ်း၏ ဒုတိယဦးစားပေး ချောမွေ့သောကာလ၊

  • «Signal» – ဒုတိယအချက်ပြမျဉ်းကွေး၏ ချောမွေ့သောကာလအတွက် တာဝန်ယူပေးသော တိုင်းတာသတ်မှတ်ချက်။

LiteFinance: Stochastic Momentum Index (SMI) ရှင်းလင်းချက်

အကယ်၍ အဓိက နှင့် အချက်ပြမျဉ်းကွေးနှစ်ခုစလုံး (အထက်ပါဇယားမှ အစိမ်းရောင်နှင့် အနီရောင်မျဉ်းများ) သည် သုညမျဉ်း(အပြာရောင်) ၏ အထက်တွင်ရှိပါက၊ ဈေးကွက်အတွင်း အဝယ်ပမာဏ များ လွန်ကဲနေပါသည်။ အကယ်၍ အောက်တွင်ရှိနေပါက၊ ဈေးကွက်အတွင်း အရောင်းပမာဏများ လွန်ကဲနေပါသည်။ ဤနည်းအားဖြင့် အသုံးပြုသူများသည် ဈေးကွက်၏ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အခြေအနေများကို ပိုမိုကောင်းမွန်စွာ သဘောပေါက်နားလည်နိုင်မည် ဖြစ်ပါသည်။

အဓိက အရှိန်ညွှန်ပြမျဉ်းသည် အချက်ပြမျဉ်းအား အထက်မှအောက်သို့ ဖြတ်ကျော်သွားသောအခါ၊ အရောင်းအချက်ပြမှု ပေါ်ပေါက်ပါသည်။ 

အထက်ပါဇယားတွင် အနီရောင်မြှားသည် ဤအခိုက်အတန့်ကို အမှတ်အသားပြုပါသည်။ အကယ်၍ stochastic indicator သည် အချက်ပြမျဉ်းအား အောက်မှအထက်သို့(အစိမ်းရောင်မြှား) ဖြတ်သန်းသွားပါက၊ အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါ။ အဝင်ပွိုင့်မှ candles များစွာ အကွာအဝေးအတွင်း လက်ရှိအနိမ့်ဆုံးတန်ဖိုးများထက် အနည်းငယ်ပိုနိမ့်သောပွိုင့်တွင် stop-loss တခုကို နေရာချထားနိုင်ပါသည်။ Take Profit အား stop-loss ထက် ၂ဆ/၃ဆ ပိုကြီးသောတန်ဖိုးတခုတွင် နေရာချကာ၊ ထိုနေရာတွင်ဖြစ်စေ ကုန်သွယ်မှုကို ပိတ်သိမ်းနိုင်ပါသည်။ သို့မဟုတ် ငွေကြေးများလျင်မြန်စွာ ဆုံးရှုံးခြင်းကို ရှောင်ရှားရန် ဆန့်ကျင်ဘက်အချက်ပြမှုပေါ်ပေါက်ချိန်တွင် ကုန်သွယ်မှုအား ပိတ်သိမ်းသင့်ပါသည်။ 

Stochastic Oscillator အတွက် အကောင်းဆုံး ဆက်တင်များ

ဤ indicator အတွက် အကောင်းဆုံးဆက်တင်များကို ရရှိရန်အတွက်၊ ၎င်း၏ အလုပ်လုပ်ပုံကို ပိုမိုနက်ရှိုင်းစွာ ဆန်းစစ်ကြည့်ကြရအောင်။ ကုန်သည်များသည် အောက်ပါ stochastic အမျိုးအစားများကို အသုံးပြုကြပါသည်။

  • လျင်မြန်သော fast stochastic oscillator တွင် မျဉ်းနှစ်ကြောင်း ပါဝင်ပါသည် - အဓိကမျဉ်းကြောင်းဖြစ်သော %K နှင့်၊ အစက်အပြောက်ဖြင့်ရေးဆွဲထားသော အချက်ပြမျဉ်း %D တို့ ဖြစ်ကြပါသည်။

  • နှေးကွေးသော slow stochastic oscillator သည် ယာယီဈေးကွက်အတက်၊ အကျများကို ပြသမှုပိုနည်းကာ၊ မတည်ငြိမ်မှု ပို၍နိမ့်ပါးပါသည်။ ၎င်းသည် %K မျဉ်း၏နေရာတွင် D% မျဉ်းကို အစားထိုး၍၊ D% မျဉ်းအား D%နှင့်ညီမျှသော သုံးရက်တာပျမ်းမျှရွေ့လျားမှုမျဉ်းဖြင့် အစားထိုးပါသည်။ အကယ်၍ သင်သည် ချောမွေ့သောကာလကို 1 ဟု သတ်မှတ်ထားပါက၊ သင်သည် မြန်ဆန်သော fast stochastic oscillator ကို စီစဉ်သတ်မှတ်ရမည်ဖြစ်သည်။

Stochastic oscillator တွင် အတိုင်းအတာ ၃ ခု ပါဝင်ပါသည်။

  • %K period

  • %D period

  • smoothing period.

MetaTrader နှင့် အခြားကုန်သွယ်ရေးပလက်ဖောင်းအများစုတွင် မူရင်း ဆက်တင်များမှာ 5.3.3 ဖြစ်သည်။ ၎င်းတို့သည် တနေ့အတွင်းကုန်သွယ်ရေးအတွက် သင့်တော်သော တုံ့ပြန်မှုနှင့် ယာယီရွေ့လျားမှုများကို ပြသပေးသော အကောင်းဆုံး indicator ဆက်တင်များ ဖြစ်ကြပါသည်။

LiteFinance: Stochastic Oscillator အတွက် အကောင်းဆုံး ဆက်တင်များ

အထက်ပါဇယားသည် မူရင်းဆက်တင် 5.3.3 ရှိသော indicator ကို ပြသပါသည်။ ဇယားပေါ်တွင် မြင်တွေ့ရသည့်အတိုင်း၊ အဆိုပါ အတိုင်းအတာရှိသော indicator သည် ဝယ်လိုအား/ရောင်းလွန်အားလွန်ကဲခြင်းအတွက် အချက်ပြမှုပေါင်းများစွာကို ထုတ်ပေးပါသည်။ ထိုမျဉ်းများ လုံလောက်စွာချောမွေ့မှု မရှိခြင်းသည်  မတည်ငြိမ်မှု လွန်ကဲခြင်းကို ညွှန်ပြနေပါသည်။ 

မတည်ငြိမ်သောဇယားများကို ခွဲခြမ်းစိတ်ဖြာရန်၊ ကုန်သည်များသည် မှားယွင်းအချက်ပြမှုပိုနည်းသော 8.3.3 သို့မဟုတ် 14.3.3 ဆက်တင်ဖြင့် stochastic oscillator များကို အသုံးပြုရန် ပို၍သဘောကျကြသည်။ 

LiteFinance: Stochastic Oscillator အတွက် အကောင်းဆုံး ဆက်တင်များ

14.3.3 ဆက်တင်ပါဝင်သော stochastic oscillator ကို EURUSD ဇယားပေါ်သို့ ပေါင်းထည့်ပါမည်။ ယခင်ဥပမာနှင့်မတူသောအချက်မှာ Indicator ၏ မျဉ်းများသည် ပိုမိုချောမွေ့ပါသည်။ အယ်လ်ဂိုရီသမ်သည် အချိန်ကာလတလျှောက် ပိုမိုကျယ်ပြန့်သော ဈေးနှုန်းရွေ့လျားမှုအကွာအဝေးကို ထည့်သွင်းစဉ်းစားပါသည်။ ဆိုလိုသည်မှာ ဆန့်ကျင်ဘက်အချက်ပြမှု ပေါ်ပေါက်သော အကြိမ်အရေအတွက် ပို၍နည်းပါးပြီး၊ အချက်ပြမှုအမှားများကို ထုတ်ပေးသော အရေအတွက်လည်း ပို၍နည်းပါးပါသည်။

Indicator ၏ အထွေထွေဆက်တင်များကို ထည့်သွင်းစဉ်းစားသောအခါ၊ ကျွန်ုပ်တို့အနေဖြင့် ရိုးရှင်းသော ကောက်ချက်တခုကို ပြုလုပ်နိုင်ပါသည် - ပို၍မြင့်မားသောတန်ဖိုးများသည် Stochastic oscillator အား ဈေးကွက်အတက်၊အကျလှုပ်ခတ်မှုများအပေါ် ခံနိုင်ရည်နည်းပါးစေပြီး၊ နိမ့်ပါးသောတန်ဖိုးများသည် ၎င်းအား အလွန်အကျွံတုံ့ပြန်မှုကို ဖြစ်စေပါသည်။ ဤတန်ဖိုးများနှင့်စပ်လျဉ်း၍ အချက်ပြမှုကြိမ်နှုန်း ပြောင်းလဲပါသွားသည်။

LiteFinance: Stochastic Oscillator အတွက် အကောင်းဆုံး ဆက်တင်များ

အထက်ပါ ပုံသည် stochastic oscillator အား smoothing periods မပါဝင်ပဲ၊ 3.3.1 ကာလဖြင့် အသုံးပြုထားသောပုံစံ ဖြစ်ပါသည်။ ထိုသို့သော ဆက်တင်များကို အသုံးပြုသောအခါ indicator မျဉ်းသည် ဈေးနှုန်းနှင့်အတူလိုက်ပါ၍ ဦးတည်ရာပြောင်းလဲပါသည်။ ဆိုလိုသည်မှာ ၎င်းသည် အသေးငယ်ဆုံးသော ရွေ့လျားမှုများကိုပင် တုံ့ပြန်ပါသည်။ 

ကုန်သည်များသည် ၎င်းတို့ကုန်သွယ်သော ဈေးကွက်များအတွက် အချိန်အပိုင်းအခြားများနှင့် မိမိနှစ်သက်သော ကုန်သွယ်ရေးဟန်ပန်များကို ထည့်သွင်းစဉ်းစားကာ ၎င်းတို့၏ stochastic oscillator ကို ညှိနှိုင်းအသုံးပြုသင့်သည်။ ပုံမှန်အားဖြင့် အသင့်ချမှတ်ထားသော stochastic oscillators  ကုန်သွယ်ရေးဗျူဟာများတွင် indicator ဆက်တင်အတွက် အကြံပြုထားသော အတိုင်းအတာများ ပါဝင်လေ့ရှိပါသည်။ 

ဤကိရိယာအား အခြားသော နည်းပညာဆိုင်ရာ အညွှန်းကိရိယာများ  ဖြစ်ကြသည့် MACD RSI သို့မဟုတ် ADR တို့ဖြင့် တွဲဖက်အသုံးပြုနိုင်ပါသည်။ အသုံးပြုသော indicator ၏ ဆက်တင်များကို ကုန်သည်၏ ပန်းတိုင်များ၊ ရွေးချယ်ထားသော stochastic oscillator ဆက်တင်များနှင့် ကုန်သွယ်ရေးဗျူဟာနှင့်အညီ ချိန်ညှိနိုင်ပါသည်။

Stochastic Indicator တွက်ချက်မှုနှင့် ဖော်မြူလာ

Stochastic oscillator ၏ ဖော်မြူလာကို စဉ်းစားကြည့်ကြပါစို့။

%K ကို အောက်ပါအတိုင်းတွက်ချက်ပါသည်။

LiteFinance: Stochastic Indicator တွက်ချက်မှုနှင့် ဖော်မြူလာ

ဤနေရာတွင် -

  • max (Hn) – n ကာလအတွင်းမှ ထိပ်ဆုံးတန်ဖိုးတခု။

  • min (Ln) – n ကာလအတွင်းမှ အနိမ့်ဆုံးတန်ဖိုးတခု။

  • C0 – လက်ရှိ candlestick ၏ အပိတ်ဈေးတခု။

အောက်ပါပုံသည် Stochastic ဖော်မြူလာ၏ ကာလသုံးခုကို အသုံးပြုထားသော ဥပမာတခု ဖြစ်ပါသည်။

LiteFinance: Stochastic Indicator တွက်ချက်မှုနှင့် ဖော်မြူလာ

ဇယားပေါ်တွင် အစိမ်းရောင်ဖြင့် ပြသထားသော ဘားတခုကို အသုံးပြု၍ stochastic indicator ကို တွက်ချက်ပါသည်။ အပိတ်ဈေးနှုန်းမှာ 1,17972 ဖြစ်ပါသည်။ အစိမ်းရောင်မျဉ်းသည် နောက်ဆုံး candles သုံးခုအတွက် အမြင့်ဆုံးဈေးနှုန်း -  1,17994 ကို ပြသပါသည်။ အနီရောင်မျဉ်းသည် နောက်ဆုံး candles သုံးခု၏ အနိမ့်ဆုံးဈေးနှုန်း - 1,17948 ကို အမှတ်အသားပြုပါသည်။ 

Stochastic indicator ၏ ဖော်မြူလာအရ - 

%K = 100 * ((1,17972 – 1,17948)/1,17994 – 1,17948) = 100 * (0,00024/0,00046) = 52,17%

ဤသည်မှာ ကုန်သည်များ၏ stochastic ညွှန်ပြချက်များကို တွက်ချက်နည်းဖြစ်ပြီး၊ ၎င်းကို အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးနှုန်းများကို သတ်မှတ်ရန်အတွက် အသုံးပြုပါသည်။ ယနေ့ခေတ်သို့ ရောက်ရှိလာသောအခါ ၎င်းသည် အဆင်ပြေသင့်တော်မှု အထူးနည်းပါးလှသည်ကို တွေ့မြင်ရပါသည်။

အခြားတနည်းအားဖြင့် LiteFinance အွန်လိုင်းပလပ်ဖောင်း နှင့် MetaTrader 4 တွင် ပေါင်းစပ်ထည့်သွင်းထားသည့် အလိုအလျောက်တွက်ချက်သော stochastic indicator ကို အသုံးပြုနိုင်ပါသည်။ သို့မဟုတ် stochastic oscillator အား Excel ဂဏန်းတွက်စက် တခုအဖြစ် ဤနေရာတွင် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။ ဤဂဏန်းတွက်စက်၏ အလုပ်လုပ်ပုံနည်းစနစ်မှာ တသမတ်တည်းဖြစ်ပါသည်။ ၎င်းသည်  Excel Bollinger Bands Table နှင့် အလားတူပင်ဖြစ်ပါသည် (ရှင်းလင်းညွှန်ပြချက်များအတွက် ဤလင့်ခ်ကို နှိပ်၍ဖတ်ရှုနိုင်ပါသည်။ 

Stochastic Indicator အဓိပ္ပါယ်ကောက်ယူခြင်း - ဇယားများ ကို ဖတ်ရှုခြင်း

Forex ကုန်သွယ်ရေးတွင် stochastic indicator ကို အသုံးပြုသောအခါ၊ ဈေးကွက်၏ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အခြေအနေများအပါအဝင် အချက်ပြမှုပေါင်း များစွာရှိပါသည်။ ထို့ကြောင့်ပင် ပို၍တိကျသောအချက်ပြမှုများအတွက် momentum indicator အား အခြားသော indicators များနှင့် တွဲဖက်အသုံးပြုရခြင်း ဖြစ်ပါသည်။ အောက်ဖော်ပြပါ ခေါင်းစဉ်များတွင် stochastic oscillator အချက်ပြမှုအမျိုးအစားများ၊ အဓိပ္ပါယ်ကောက်ယူမှုနည်းလမ်းနှင့် စူးစမ်းထောက်လှမ်းခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရှင်းလင်းသွားပါမည်။

Fast, Slow & Full Indicators

Stochastic indicator ကို မည်ကဲ့သို့ ဆက်တင်ချမှတ်မည်နည်း။ ပုံမှန်အားဖြင့် အတိုင်းအတာများကို အဓိပ္ပါယ် သုံးမျိုးဖြင့် သတ်မှတ်ပါသည်။ တခုစီသည် % K၊ % D နှင့် ချောမွေ့မှု ဆပွားကိန်းတို့အတွက် ဖြစ်သည်။  5, 3, 3 သည် စံပြပေါင်းစပ်မှုများမှ တခုဖြစ်ပါသည်။

LiteFinance: Fast, Slow & Full Indicators

ဤနေရာတွင် -

  • 5 သည် %K ၏ ကာလတခု - ရှေ့ဆုံးမှ stochastic မျဉ်းကွေးဖြစ်သည်။ ဤအတိုင်းအထွာကို မည်သို့တွက်ချက်ရမည်ကို သင်ဖတ်ရှုခဲ့သည့်အတိုင်း အထက်တွင် ရှင်းပြခဲ့ပြီးဖြစ်ပါသည်။ Stochastic ဖော်မြူလာမှာ ဤသို့ဖြစ်သည်။

LiteFinance: Fast, Slow & Full Indicators

တန်ဖိုး 5 သည် အများဆုံးနှင့် အနည်းဆုံးဈေးနှုန်းများကို နောက်ဆုံး candles ငါးခုအတွက် တွက်ချက်မည်ဟု အဓိပ္ပါယ်ရပါသည်။ Stochastic indicator ၏ ဖော်မြူလာတွင် ဤ အတိုင်းအထွာကို n ဖြင့် ဖော်ပြပါသည်။

  • 3 သည် အချက်ပြမျဉ်းဟုခေါ်ကြသော %D ကာလအတွက် ဖြစ်ပါသည်။ ၎င်းသည် %K ၏ အပြီးသတ်အတိုင်းအတာများအပေါ်တွင် တည်ဆောက်ထားသည့် ရိုးရှင်းသော ပျမ်းမျှရွေ့လျားမှုတခု ဖြစ်ပါသည်။

LiteFinance: Fast, Slow & Full Indicators

  • 3 သည် slow stochastic oscillator ၏ နောက်ဆုံးအတိုင်းအတာဖြစ်ပါသည်။ ၎င်းသည် ယာယီဈေးကွက်အတက်၊အကျများ မပါဝင်ပဲ မြန်ဆန်ချောမွေ့စွာ စီးဆင်းစေရန် လုပ်ဆောင်ပေးသော အတိုင်းအတာတခု ဖြစ်ပြီး၊ ၎င်းအား %K မျဉ်းကွေးကို ချောမွေ့စေရန်အတွက် အသုံးပြုပါသည်။ အခြားတနည်းဖြင့် ရှင်းပြရသော် ကနဦး %K အား ပျမ်းမျှဆပွားကိန်းတခုဖြင့် တွက်ချက်ခြင်း ဖြစ်ပါသည်။

အဆိုပါ ဖြစ်စဉ်မျိုးတွင် %K အတွက် ဖော်မြူလာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

LiteFinance: Fast, Slow & Full Indicators

%D မျဉ်းကွေးကိုလည်း %K ၏ ပျမ်းမျှတန်ဖိုးအပေါ်တွင်သာ အခြေခံ၍ တည်ဆောက်ရမည်ဖြစ်သည်။ အမှန်စင်စစ် ၎င်းသည် နှစ်ဆချောမွေ့သွားပါလိမ့်မည်။ အဆိုပါ အာနိသင်မျိုးသည် ဈေးကွက်၏ ဆူပူလှုပ်ခတ်မှုများကို စစ်ထုတ်ပေးပြီး မှားယွင်းသော အချက်ပြမှုအရေအတွက်ကို လျော့နည်းစေပါသည်။ သို့သော် ၎င်းသည် stochastic oscillator အား ပို၍နှောင့်နှေးကြန့်ကြာစေပါသည်။ ထို့ကြောင့်ပင် ၎င်းကို slow ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။

အကယ်၍ ချောမွေ့သောချိန်ညှိမှုကို အသုံးမပြုလိုပါက၊ နောက်ဆုံးအတိုင်းအတာနေရာတွင် 1 ကို အသုံးပြုပါ။ အဆိုပါ stochastic indicator အမျိုးအစားများကို fast ဟု ခေါ်ဆိုပါသည်။

Stochastic oscillator ၏ ဗားရှင်းအပြည့်အစုံတွင် အတိုင်းအတာ သုံးခုစလုံးကို အပြောင်းအလဲပြုလုပ်နိုင်ပါသည်။ %D stochastic ၏ ချောမွေ့မှုအတိုင်းအတာကိုပင် ပြောင်းလဲသတ်မှတ်နိုင်ပါသည်။ 

LiteFinance: Fast, Slow & Full Indicators

LiteFinance သည် သင့်အတွက် အခမဲ့ဒီမိုအကောင့်တခုဖြင့် အတွေ့အကြုံရယူနိုင်သော အခွင့်အရေးအပြင် indicator ဗားရှင်းအပြည့်အစုံကိုပါ ပံ့ပိုးပေးထားပါသည်။ ထိုကဲ့သို့ ပြည့်စုံသော ဆက်တင်များကို ပံ့ပိုးပေးထားသော အဆိုပါ ပလပ်ဖောင်းကို Super Full Platform ဟုပင် ကျွန်ုပ်အနေဖြင့် တင်စား ခေါ်ဆိုလိုပါသည်။

LiteFinance သည် stochastic oscillator အတွက် ချောမွေ့စေချိန်ညှိပေးသည့် smoothing အမျိုးအစားလေးမျိုးကို ထောက်ပံ့ပေးပါသည်။

  • Simple သည် မူရင်းနည်းလမ်းဖြစ်ပြီး၊ simple moving average (SMA) ကို အသုံးပြုပါသည်။ 

  • Exponential smooths သည် exponential moving average (EMA) ကို အသုံးပြုပါသည်။ 

  • Linear Weighted smooths သည် Linear Weighted Moving Average (LWMA) ကို အသုံးပြုပါသည်။ 

  • Smoothed သည် Smoothed MA (Smoothed MA) ၏ အင်္ဂါရပ်ကြောင့် နှစ်ဆချောမွေ့စေသော အာနိသင်ရှိပါသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် CFDs နှင့် ငွေကြေးအတွဲများ ကုန်သွယ်ရေးတွင် ဈေးကွက်၏ အမြင့်ဆုံး/အနိမ့်ဆုံးဈေးနှုန်းများကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်စေပြီး၊ အသုံးပြုသူများအတွက် stochastic oscillator ဖော်မြူလာအား မည်သည့်ကုန်သွယ်ရေးကိရိယာနှင့် ဈေးကွက်တွင်မဆို အသုံးချနိုင်ရန် ခွင့်ပြုပေးပါသည်။ ဤ momentum indicator အား smooth ဆက်တင်နှင့်အတူ တွဲဖက်အသုံးပြုရမည်ဟု တင်းကြပ်သောစည်းမျဉ်းများမရှိပါ။ သို့ရာတွင် အောင်မြင်သော လက်တွေ့ကုန်သွယ်ရေးကို ဆောင်ရွက်နိုင်ရာတွင် ၎င်းတို့၏ ကွဲပြားချက်များကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးပါသည်။

၎င်းတို့အချင်းချင်း မည်သို့ကွဲပြားကြသည်ကို ကြည့်ရှုခွဲခြားကြပါစို့။

LiteFinance: Fast, Slow & Full Indicators

Forex ကုန်သွယ်ရေးကို ဆောင်ရွက်သောအခါ၊ အထက်ပါဇယားတွင် မြင်တွေ့ရသည့်အတိုင်း နံပါတ်များသည် stochastic oscillator ၏ အချက်ပြမှု ငါးခုနှင့် ကိုက်ညီမှုရှိပါသည်။

ဒုတိယနှင့် စတုထ္ထ အချက်ပြမှုများမှာ မှားယွင်းကြောင်း ထင်ရှားပါသည်။ ပထမနှင့် ပဉ္စမအချက်ပြမှုများသည် လက်ရှိကာလ၏ ယာယီရွေ့လျားမှုအခြေအအနေကို ပြသပါသည်။ တတိယမြောက်အချက်ပြမှုသည်  ‌တန်ဖိုးအရှိဆုံးဖြစ်ပြီး ဦးတည်ရာအလှည့်အပြောင်းကို ညွှန်ပြပါသည်။ ၎င်းသည် ကုန်သည်၏ ငွေကြေးများ မဆုံးရှုံးရစေရန် တထောင့်တနေရာမှ ကူညီကာကွယ်ပေးပါသည်။ 

သတိပြုရန်! ဤနေရာတွင် အချက်ပြမှုများသည် 80% အထက် သို့မဟုတ် 20% အောက်တွင် %K နှင့် %D မျဉ်းများ၏ ဖြတ်ကျော်မှုဖြစ်ပါသည်။ နောက်ပိုင်းတွင် momentum indicator ၏ အချက်ပြမှုများကို အသေးစိတ်ဆက်လက်၍ ရှင်းလင်းသွားပါမည်။ ယခုအခြေအနေအား လက်တွေ့ကုန်သွယ်ရေး အခြေအနေတခုအဖြစ် မှတ်သားထားပါ။

အထက်ပါဇယားတွင် stochastic oscillator သည် ဤကဲ့သို့ ပုံစံအမျိုးမျိုးကို ပြသပါသည်။

  1. Fast 

  2. SMA ကိုအသုံးပြုထားသော Slow

  3. EMA ကိုအသုံးပြုထားသော Slow

  4. LWMA ကိုအသုံးပြုထားသော Slow

  5. Smoothed MA ကိုအသုံးပြုထားသော Slow

Stochastics များအားလုံးအတွက် ကာလများမှာ ဆင်တူပါသည် - %K - 5၊ %D - 3။ Fast stochastic မှအပ အခြားအမျိုးအစားအားလုံးအတွက် ချောမွေ့စေရန်ချိန်ညှိထားသည့် ကာလမှာ 3 ဖြစ်ပါသည်။

ကောက်နှုတ်ချက်များ -

  1. Fast stochastic oscillator တခုသည် ဈေးကွက်ရွေ့လျားမှုများကို အခြားအမျိုးအစားများထက် ပို၍မြန်ဆန်စွာ တုံ့ပြန်သော momentum indicator တခု ဖြစ်ပါသည်။ ၎င်းသည် နှောင့်နှေးကြန့်ကြာမှု မရှိသလောက်ဖြင့် လည်ပတ်ပါသည်။ သို့သော် မှားယွင်းအချက်ပြမှုအရေအတွက် များပြားပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများကို လျင်မြန်စွာဆုံးရှုံးရစေနိုင်ပါသည်။ 

  2. SMA နှင့် LWMA များဖြင့် slow stochastic oscillator တခုကို အသုံးပြုခြင်းတွင် နှောင့်နှေးကြန့်ကြာမှုနှင့် မှားယွင်းအချက်ပြမှုအရေအတွက်များ ထပ်တူနီးပါးရှိသည်ဟု ဆိုနိုင်ပါသည်။

  3. Slow stochastic indicator အား Smoothed MA ဖြင့် စစ်ထုတ်ခြင်းသည် လွန်စွာအားကောင်း၍ အချက်ပြမှုအားလုံးနီးပါးကို ကာကွယ်ဟန့်တားပါသည်။ ၎င်းသည် အချက်ပြမှုငါးခုအနက် နောက်ဆုံးအချက်ပြမှုတခုကိုသာ ပံ့ပိုးပေးခဲ့ပါသည်။

  4. ထိရောက်မှုအရှိဆုံး slow stochastic မှာ smoothing EMA ပါဝင်သော stochastic ဖြစ်ပါသည်။ ဤ indicator သည် အချက်ပြမှုအမှားများကို အောင်မြင်စွာ စစ်ထုတ်ပေးပြီး၊ အခြားအမျိုးအစားတူ stochastic များထက် အနည်းငယ်ပို၍ မြန်ဆန်ပါသည်။

ကျွန်ုပ်တို့သည် EURUSD အတွဲ၏ M30 ဇယားပေါ်တွင် အချက်ပြမှုများကို စမ်းသပ်ခဲ့ပါသည်။ သို့သော် ရလာဒ်များသည် အခြားသော timeframes နှင့် အခြားသော ကုန်သွယ်ရေးကိရိယာများတွင် မတူညီပဲ ကွဲပြားနိုင်ပါသည်။ စာရင်းသွင်းစရာမလိုအပ်ပဲ ကလစ်များစွာနှိပ်ယုံဖြင့် LiteFinance တွင် အခမဲ့ ဒီမိုအကောင့်ကို အသုံးပြု၍ မည်သည့် stochastic indicator အမျိုးအစားကိုမဆို နှိုင်းယှဉ်နိုင်ပါသည်။

Timeframes များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ M5၊ M15၊ M30၊ နှင့်၊ တစ်ခါတစ်ရံ H1 အတွက် အကောင်းဆုံး stochastic oscillator ဆက်တင်များသည် (10,7,3), (7, 3, 3) သို့မဟုတ် (5, 3, 3) တို့ဖြစ်ကြသည်။ ရှည်လျားသောအချိန်အပိုင်းအခြားများတွင် အဆိုပါ ဆက်တင်အတိုင်းအတာများသည် အချက်ပြမှုအမှားများကို ထုတ်ပေးနိုင်ပါသည်။ ထို့ကြောင့် H4၊ D1၊ နှင့် တစ်ခါတစ်ရံတွင် H1 ဇယားများအတွက် အကောင်းဆုံး stochastic oscillator ဆက်တင်များသည် (9, 3, 3)၊ (14, 3, 3) သို့မဟုတ် (21, 3, 3) တို့ ဖြစ်ကြသည်။

တပတ်တာနှင့် တရက်တာ ဇယားများအတွက်  (21, 7, 7) သို့မဟုတ် (21, 14, 14) ဆက်တင်များဖြင့် ပိုမိုနှေးကွေးသော မျဉ်းကွေးများကို အသုံးပြုနိုင်ပါသည်။ ဖော်ပြထားသော ဆက်တင်အတွဲအစပ်များမှာ မကြာခဏ အသုံးပြုလေ့ရှိသော အတိုင်းအတာများ ဖြစ်ကြပါသည်။ သင်ကိုယ်တိုင်လက်တွေ့လေ့ကျင့်ကာ သင်၏ကိုယ်ပိုင် အတိုင်းအတာများကို ရွေးချယ်သတ်မှတ်နိုင်ပါသည်။ သင်၏  stochastic ‌ဗျူဟာအတွက် ပြီးပြည့်စုံသော ဆက်တင်များကို အောင်မြင်စွာ ရှာဖွေတွေ့ရှိကောင်း တွေ့ရှိနိုင်ပါသည်။

LiteFinance: Fast, Slow & Full Indicators

Crossovers

%K နှင့် %D မျဉ်းကွေးများကြား ဖြတ်ကျော်မှုသည် stochastic oscillator ကိရိယာ၏ ရှေ့ပြေးအချက်ပြမှု ဖြစ်ပါသည်။ ၎င်းကို ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသောဇုန်များတွင်သာ လက်ရှိအပိတ်ဈေးနှုန်းကို ခွဲခြမ်းစိတ်ဖြာရန်အတွက်လည်း အသုံးပြုပါသည်။  အခြားသော အခြေအနေများတွင်၊ အဆိုပါ အချက်ပြမှုများသည် အသုံးမဝင်ပါ။

Crossovers အမျိုးအစား နှစ်ခုရှိပါသည်။

  • %K မျဉ်းကွေးသည် %D မျဉ်း၏ အထက်သို့ ဖြတ်ကျော်သွားသောအခါ၊ လမ်းကြောင်းသည် အထက်သို့ ဦးတည်ပါသည်။ ဤအခြေအနေတွင် ဖြတ်ကျော်သောပွိုင့်ထက် အနည်းငယ်ပိုမြင့်သောအမှတ်တွင် pending order တခုကို ချမှတ်သင့်ပါသည်။

  • %K မျဉ်းကွေးသည် %D မျဉ်း၏ အောက်သို့ ဖြတ်ကျော်သွားသောအခါ၊ လမ်းကြောင်းသည် အောက်သို့ကျဆင်းမှုစတင်မည်ဟု အဓိပ္ပါယ်ရပြီး၊ အားကောင်းသော အရောင်းအချက်ပြမှုများကို စောင့်ကြည့်ရပါမည်။ ဖြတ်ထွက်သောပွိုင့်၏ အနည်းငယ်ပိုနိမ့်သောပွိုင့်တွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။

အောက်ပါ EURUSD ဇယားတွင် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အခြေအနေများကို ရှာဖွေထုတ်ဖော်၍  stochastic oscillator အား မည်ကဲ့သို့အသုံးပြုရမည်ကို ရှင်းပြသွားပါမည်။

LiteFinance: Crossovers

အစိမ်းရောင်ဘဲဥပုံ၏ အထက်တွင် %K နှင့် %D မျဉ်းများ အထက်သို့ဖြတ်ကျော်မှုကို တွေ့မြင်နိုင်ပါသည်။ အချက်ပြမှုသည် 20% အောက်တွင် ပေါ်ပေါက်သောကြောင့်၊ မှားယွင်းသော အချက်ပြမှုဖြစ်ရန် အလားအလာနိမ့်ပါးပါသည်။ ဤနေရာတွင် ဖြတ်ကျော်သော candlestick ၏ အမြင့်ဆုံးပွိုင့်အနီးတွင် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။ အနိမ့်ဆုံးပွိုင့်များရှိကြသော အထက်ပါဇယားတွင်၊ ကျွန်ုပ်သည် ကုန်သွယ်မှုဖွင့်ရမည့် level ကို အစိမ်းရောင်မျဉ်းဖြင့် အမှတ်အသားပြုပါသည်။

LiteFinance: Crossovers

ဤနေရာ၌ ဆန့်ကျင်ဘက်အခြေအနေတခုကို စူးစမ်းတွေ့ရှိရပါသည်။ ဈေးနှုန်းရွေ့လျားမှု အကွာအဝေးတခုတွင် 80% ထက် မဆိုစလောက်ပိုသောအမြင့်၌ %K မျဉ်းကွေးတခုသည် %D မျဉ်းကွေးအား အထက်မှ အောက်သို့ ဖြတ်ကျော်သွားပါသည်။ ထို့ကြောင့်  stochastic မျဉ်းများ၏ သဘောသဘာဝကို ခွဲခြမ်းစိတ်ဖြာသောအခါ၊ ကျွန်ုပ်တို့သည် ဖြတ်ကျော်မှုပေါ်ပေါက်သော candlestick ၏ အပိတ်ဈေးနှုန်းအနီးတွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်သင့်သည်ဟူသော အဖြေကို ရရှိပါသည်။

တချိန်တည်းမှာပင် ယာယီကျဆင်းပြောင်းလဲမှုတခုကို လက်ခံရနိုင်ပါသည်။ အထက်ပါဇယားတွင် ယင်းအခြေအနေအား အနီရောင် ဘဲဥပုံဖြင့် အမှတ်အသားပြုထားပါသည်။

ဝယ်လိုအားနှင့် ရောင်းလိုအား လွန်ကဲခြင်း

Stochastic oscillator သည် အသုံးပြုသူများအား ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအား လွန်ကဲသော အခြေအနေများကို ပို၍ကောင်းစွာ သဘောပေါက်နားလည်စေရန် ကူညီပေးနိုင်ပါသည်။  အဓိကမျဉ်းသည် 80% level အား အထက်သို့ဦးတည်၍ ဖြတ်သန်းသွားလျှင်၊ ဝယ်လိုအားလွန်ကဲသောအခြေအနေပေါ်ပေါက်ပါသည်။ ၎င်းသည် တိုးတက်မှုနှေးကွေးသွားမည့် လက္ခဏာတခု ဖြစ်ပါသည်။ ထို့နောက် လမ်းကြောင်းသည် အောက်သို့ပြန်လည်ကျဆင်းနိုင်ပါသည်။ ယေဘုယျအားဖြင့် indicator မျဉ်းသည် 80% level အား ထိပ်ဆုံးမှအောက်သို့ ပြန်လည်ဖြတ်ကျော်သွားသောအချိန်တွင် နောက်ဆုံးအပိတ်ဈေးနှုန်း၌ အရောင်းကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။ ထို့နောက် အောက်သို့ကျဆင်းသော ဦးတည်ရာအတိုင်း လိုက်ပါသင့်ပါသည်။

ကျဆင်းသောလမ်းကြောင်းတွင် indicator မျဉ်းသည် 20% level ၏ အောက်သို့ ကျဆင်းသောအခါ ရောင်းလိုအားလွန်ကဲသော အခြေအနေ ဖြစ်ပေါ်ပါသည်။ အလားတူပုံစံတွင်၊ ၎င်းသည် ဈေးနှုန်းကျဆင်းမှုနှေးကွေးခြင်းကို အချက်ပြပြီး ဦးတည်ရာအလှည့်အပြောင်းဖြစ်နိုင်ခြေကို ညွှန်ပြပါသည်။ မျဉ်းကွေးသည် 20% မျဉ်းအား အောက်မှအထက်သို့ ဖြတ်သန်း၍ ရောင်းလိုအားလွန်ကဲသော ဧရိယာမှထွက်ခွာသွားချိန်တွင် အဝယ်ကုန်သွယ်မှုကို ပြုလုပ်ရန် အကြံပြုလိုပါသည်။

ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်‌ကဲသော ဇုန်များတွင် indicator ၏ အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ရှုသောအခါ၊ အဝယ် သို့မဟုတ် အရောင်းအလားအလာအချက်ပြမှုတခုကို ရှာဖွေရန်အတွက် ဆန့်ကျင်ဘက်အခြေအနေ ဖွဲ့စည်းမှုကို ထည့်သွင်းစဉ်းစားရန် သင့်လျော်ပါသည်။ အကယ်၍ မူလမျဉ်းကွေးသည် တိကျသောထောင့်ကို ဖွဲ့စည်းပါက၊ အနောက်မှ ဈေးနှုန်းရွေ့လျားမှုသည် အားကောင်းပါမည်။ အကယ်၍ ဘေးတိုက်ရွေ့လျားမှုအပြီး ထပ်တလဲလဲ ဖြတ်ကျော်မှုများ ပေါ်ပေါက်ပါက၊ ရွေ့လျားမှုသည် အားနည်းသော်လည်း ပိုမိုတည်ငြိမ်ပါသည်။ 

LiteFinance: ဝယ်လိုအားနှင့် ရောင်းလိုအား လွန်ကဲခြင်း

ဇယားပေါ်တွင် stochastic oscillator ကို အသုံးပြုသောအခါ၊ အပြာရောင်လေးထောင့်များသည် ဝယ်လိုအားလွန်ကဲသော ဧရိယာများကို ညွှန်ပြပါသည်။ အနီရောင်များသည် ရောင်းလိုအားလွန်ကဲသော ဧရိယာများကို ညွှန်ပြပါသည်။ ဖြစ်စဉ်သုံးခုစလုံး၌‌ နောက်ဆုံးတွင် ဈေးနှုန်းသည် ဆန့်ကျင်ဘက်ဦးတည်ရာသို့ ပြန်၍ဦးလှည့်ပါသည်။ ညာဘက်မှ အပြာရောင်လေးထောင့်ကွက်သည် မြန်ဆန်သော ဦးလှည့်မှုတခုကို ပြသပါသည်။ ဦးတည်ရာပြောင်းလဲပြီးနောက် အရောင်းအလားအလာ အချက်ပြမှုကို ပြသလျှက် အားကောင်းသည့် ကျဆင်းမှုတခု ရှိနေပါသည်။ ၎င်းသည် ကုန်သည်များကြား ဝယ်ဈေး၊ ရောင်းဈေးကွာဟမှု အပြောင်းအလဲကို ပို၍သဘောပေါက်နားလည်စေပါသည်။ 

Bull နှင့် Bear Divergences

Stochastic oscillator ကို ဇယားပေါ်တွင် အသုံးချသောအခါ၊ divergence ပေါ်ပေါက်ခြင်း နည်းပါးပါသည်။ သို့သော် ၎င်း၏ အချက်ပြမှုများသည် တိကျမှုလွန်စွာ မြင့်မားပါသည်။

LiteFinance: Bull နှင့် Bear Divergences

ဥပမာအားဖြင့် -

  • Bearish divergence - ဈေးနှုန်းရွေ့လျားမှုတခုသည် ၎င်း၏ အမြင့်ဆုံးတန်ဖိုးများသို့ ရောက်ရှိသွားသော်လည်း stochastic ၏  %K နှင့် %D မျဉ်းများသည် ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်ကဲသော ကာလတခုမှ ယခင်အမြင့်ဆုံးဈေးနှုန်းများ(အပြာရောင်မျဉ်းဖြင့် အမှတ်အသားပြုထားသည်)ကို မကျော်လွန်နိုင်သောအခါ၊ အောက်ဘက်သို့ ဦးတည်သော အလှည့်အပြောင်းတခု ဖြစ်ပေါ်လာရန် အလားအလာရှိသည်ဟု အဓိပ္ပါယ်ရကာ၊ ရောင်းချရန် အချက်ပြမှု တခုအဖြစ် ဆောင်ရွက်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် indicator ၏ ပျမ်းမျှရွေ့လျားမှုမျဉ်းများ ဖြတ်ကျော်မှုအပြီး အချက်ပြ candlestick ပိတ်သိမ်းသောပွိုင့်တွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ အဆိုပါအခြေအနေမျိုးတွင် berish divergence တခု ပေါ်ပေါက်ပါသည်။

  • ဈေးကွက်နှုန်းထား ကျဆင်း‌သော်လည်း %K နှင့် %D မျဉ်းကွေးများသည် ယခင်အနိမ့်ဆုံးဈေးနှုန်းများ(အနီရောင်မျဉ်းဖြင့် အမှတ်အသားပြုထားသည်)သို့ မရောက်ရှိသောအခါ၊ ၎င်းသည် အထက်သို့ ဦးတည်သော အလှည့်အပြောင်းတခု၏ လက္ခဏာဖြစ်ပါသည်။ ဖြတ်ကျော်မှုအပြီး အချက်ပြ candlestick ပိတ်သိမ်းသောပွိုင့်တွင် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ အဆိုပါ ဖြစ်စဉ်မျိုးကို bullish divergence ပေါ်ပေါက်သည်ဟု ခေါ်ဆိုကြပါသည်။

ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်ကဲသော levels များတွင် ကြမ်းတမ်းသော ပြောင်းလဲမှုတခု ပေါ်ပေါက်ခြင်းကို stochastic divergence ဟု သိရှိထားကြပါသည်။ အဝင်အချက်ပြမှုများကို အမည်းရောင် စက်ဝိုင်းများဖြင့် အမှတ်အသားပြုပါသည်။

အထက်ပါ စာသားအပေါ်အခြေခံ၍ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်ကဲသော ဧရိယာတခုတွင် တိုးတက်သောခွဲထွက်မှုမှ ကျဆင်းသောခွဲထွက်မှုကို ခွဲခြားသိရှိနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် သေချာမှု မရှိသေးပါက၊ ထိုအချက်ကို အသေးစိတ်ရှင်းပြထားသော “Forex တွင် Divergence ဆိုသည်မှာ အဘယ်နည်း’ ဆောင်းပါးကို ဖတ်ရှုသင့်ပါသည်။ 

ဆောင်းပါးတွင် မတူညီသော indicator တခုပါဝင်သည်ကို လျစ်လျူရှုပါ။ Stochastic oscillator သည် bullish နှင့် bearish divergence/convergence အတွက် နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုစည်းမျဉ်းများကို လိုက်နာပါသည်။  ဤဆောင်းပါးတွင် သင်ဖတ်ရှုသမျှသည် ပိုင်ဆိုင်မှု၏ ဈေးနှုန်းရွေ့လျားမှုများကို ထိရောက်စွာ စောင့်ကြည့်ရန်နှင့် မည်သည့်အချိန်တွင် bullish သို့မဟုတ် bearish divergence ပေါ်ပေါက်မည်ကို ပိုမိုကောင်းမွန်စွာ သဘောပေါက်နားလည်စေရန် ကူညီပေးခြင်းအားဖြင့် stochastic အတွက် အလုပ်လုပ်ပါလိမ့်မည်။

Bull နှင့် Bear Set-ups

Bullish နှင့် bearish ပုံစံများသည် အထက်တွင် ဖော်ပြခဲ့သော stochastic divergence နှင့် အလားတူပင် ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏ အချက်ပြမှုများမှာ ကွဲပြားပါသည်။

အမြင့်ဆုံးဈေးနှုန်းအသစ်သည် ယခင်အမြင့်ဆုံးဈေးနှုန်းထက် ပို၍နိမ့်သောပွိုင့်တွင် ဖြစ်ပေါ်သောအခါ bullish pattern တခုကို ပြန်လည်ပြင်ဆင်ပါသည်။ သို့သော် stochastic တွင် ယခင်အပိတ်ဈေးထက် ပို၍မြင့်သော အမြင့်ဆုံး‌ဈေးနှုန်းတခု ရှိနေသည်။ ၎င်းသည် ကာလတိုကျဆင်းမှုတခုနှင့် ဦးတည်ရာအပြောင်းအလဲတခုကို ပေါ်ပေါက်စေနိုင်ပါသည်။ ထို့ကြောင့် ဤ pattern အား လာမည့်ဈေးနှုန်းတိုးတက်မှု၏ အရှေ့မှကြိုတင်ကာ အဝယ်ကုန်သွယ်မှုတခုအတွက် အဝင်ပွိုင့်အဖြစ် အသုံးပြုနိုင်ပါသည်။

အနိမ့်ဆုံးဈေးနှုန်းအသစ်သည် ယခင်အနိမ့်ဆုံးဈေးထက် ပို၍မြင့်စဉ်တွင်၊ oscillator သည် ပိုနိမ့်သောအနိမ့်ကို ဖွဲ့စည်းပါက၊ အားကောင်းသော အရောင်းအချက်ပြမှုကို ညွှန်ပြပါသည်။ အဆိုပါ ဈေးနှုန်းရွေ့လျားမှု အမျိုးအစားများကို မှားယွင်းသော အချက်ပြမှုဟု သတ်မှတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်ပြမှု၏နောက်တွင် ဈေးနှုန်းသည် ကျဆင်းရာမှ ပြန်လည်ခုန်တက်၍၊ ဦးတည်ရာအပြောင်းအလဲ ပေါ်ပေါက်လိမ့်မည်ဖြစ်သည်။

LiteFinance: Bull နှင့် Bear Set-ups

စက်ဝိုင်းများနှင့် ခရမ်းရောင်မျဉ်းများသည် ဈေးနှုန်းဇယားနှင့် stochastic indicator ၏ လက်တလော အနိမ့်ဆုံးတန်ဖိုးများကို အမှတ်အသားပြုပါသည်။ ၎င်းသည် ဆန့်ကျင်ဘက်အချက်ပြမှုကို ထုတ်ပေးသည့် bullish pattern တခုဖြစ်ပေါ်ခြင်းကို ညွှန်ပြပါသည်။ ကာလတိုကျဆင်းမှု(အနီရောင်ဧရိယာ)တခု ရှိနေပါသည်။ ထိုဧရိယာတွင် ကုန်သည်များအနေဖြင့် အဝယ်/အရောင်းဈေးကွာဟမှု ကျယ်ပြန့်/ ကျဉ်းမြောင်းခြင်း၊ ဈေးနှုန်းအလှည့်အပြောင်းနှင့် bullish trend (အစိမ်းရောင်ဧရိယာ) တို့ကို အကဲဖြတ် စောင့်ကြည့်နိုင်ပါသည်။

Stochastic Oscillator - အကောင်းဆုံး ကုန်သွယ်ရေး ဗျူဟာများနှင့် လက်တွေ့ဥပမာများ

Forex တွင် အမြတ်အစွန်းရရှိရန်အတွက် ကုန်သွယ်ရေးဗျူဟာတခုကို အသုံးချခြင်းသည် အရေးပါပါသည်။ Stochastic oscillator ၏ အကူအညီဖြင့် ဈေးနှုန်းဇယားကို အပြည့်အဝ နားလည်သဘောပေါက်သော်လည်း အဝင်ပွိုင့်အား မှားယွင်းစွာ ရွေးချယ်မိခြင်း သို့မဟုတ် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အားနည်းခြင်းနှင့် မှန်ကန်မှုမရှိသော ကုန်သွယ်မှုပမာဏများ ကြောင့် Forex ကုန်သွယ်ရေးတွင် ဆုံးရှုံးမှုများ ကြုံတွေ့နိုင်ပါသည်။ Stochastic oscillator ကို အသုံးပြုရသော အောက်‌ဖော်ပြပါဗျူဟာများတွင် လက်တွေ့ကုန်သွယ်ရေး၌ ကုန်သည်များ ရင်ဆိုင်ရလေ့ရှိသော ရှုပ်ထွေးသည့်အခြေအနေများအားလုံးကို ထည့်သွင်းစဉ်းစားထားပါသည်။ 

Stochastic indicator သည် သင့်အတွက် ကွဲပြား‌သော အချက်ပြမှုများစွာကို ထုတ်ပေးနိုင်ပါသည်။ ၎င်းအား scalping၊ day trading၊ swing trading အစရှိသော ကုန်သွယ်ရေးအမျိုးအစား အမျိုးမျိုးတွင် အသုံးပြုနိုင်ပါသည်။ Stochastic oscillator အား မတူညီသောအချိန်အကန့်အသတ်များ တွင် အသုံးပြုခြင်း၏ ထူးခြားကွဲပြားမှုများကို ဤဆောင်းပါးတွင် ဆက်လက်၍ ရှာဖွေလေ့လာနိုင်ပါသည်။

Scalping

Scalping သည် ကြိမ်နှုန်းမြင့် ကုန်သွယ်ရေးအမျိုးအစားတခု ဖြစ်ပါသည်။ ၎င်းသည် ကုန်သွယ်ရေး ရိုဘော့များကို အသုံးပြုသော အလိုအလျောက်စနစ်သုံး ကုန်သည်များကြား ရေပန်းစားပါသည်။

ဤနည်းဗျူဟာအား M5 မှစ၍ tick charts (ကုန်သွယ်မှုတခုစာပြသသော ဇယား) များအထိ ပိုမိုတိုတောင်းသော အချိန်အပိုင်းအခြားများတွင် အသုံးပြုနိုင်ပါသည်။

Scalping သည် stochastic ဖြတ်ကျော်မှုဖော်မြူလာနှင့် သဏ္ဍန်တူပါသည်။ တခုတည်းသော ခြားနားချက်မှာ အချိန်ဘောင်နှင့် indicator အား တုံ့ပြန်မှုပိုမိုအားကောင်းမြန်ဆန်စေသော အတိုင်းအတာများချိန်ညှိမှု  ဖြစ်ပါသည်။

Scalping ဗျူဟာကို အကောင်အထည်ဖော်ရန် အောက်ပါ stochastic အတိုင်းအထွာများနှင့် M5 အချိန်ပိုင်းကို အသုံးပြုကြပါသည်။  

  • %K period 10

  • %D period 7

  • smoothing period 3.

ဤနည်းဗျူဟာကို အသုံးချရန် အဓိက levels များမှာ 30 နှင့် 70 တို့ ဖြစ်ကြပါသည်။

အကယ်၍ အောက်ပါအခြေအနေများ ညီညွတ်ပါက၊ ကျွန်ုပ်တို့သည် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။

  • မျဉ်းများသည် အနိမ့်ဆုံး 30% နှင့်အောက်တွင် တည်ရှိကြသည်။

  • %K သည် %D အား အောက်မှ ဖြတ်ကျော်သွားသည်။

အရောင်းကုန်သွယ်မှုတခုဖွင့်ရန်အတွက် အခြေအနေများ -

  • မျဉ်းများသည် 70% နယ်နိမိတ် သို့မဟုတ် ပိုမြင့်သောအမြင့်တွင် တည်ရှိပါသည်။ 

  • %K သည် %D အား အထက်မှ ဖြတ်ကျော်သွားသည်။

Stop Loss အား ယခင် candle ၏ အနိမ့်ဆုံးဈေးနှုန်း 3 ခုမှ 5ခုအတွင်း နေရာချမှတ်ပါသည်။ Take Profit အား သင်၏အဝင်ပွိုင့်နှင့် Stop Loss ကြားမှ အကွာအဝေးအတိုင်း တူညီသောပွိုင့် သို့မဟုတ် ထိုအကွာအဝေးထက် 5 မှ 10 ပွိုင့် ကျော်လွန်သောပွိုင့်တွင် သတ်မှတ်နိုင်ပါသည်။ သေးငယ်သော ပုံသေ lots များဖြင့် ကုန်သွယ်ရန် အကြံပြုပါသည်။

အဝယ်/‌အရောင်း ကုန်သွယ်မှုများ၏ ဥပမာများ

LiteFinance: အဝယ်/‌အရောင်း ကုန်သွယ်မှုများ၏ ဥပမာများ

Indicator သည် ဝယ်လိုအားလွန်ကဲသောဇုန်အတွင်းရှိနေပြီး၊ အဓိကမျဉ်းသည် အချက်ပြမျဉ်းအား အထက်မှ ဖြတ်သန်းသွားသော အချိန်မျိုးတွင် အရောင်းကုန်သွယ်မှုများ ဖွင့်နိုင်ပါသည်။ မှန်ကန်သောအချက်ပြမှုအား ဇယားပေါ်တွင် အပြာရောင်စက်ဝိုင်းဖြင့်အမှတ်အသားပြုထားပါသည်။ အနီရောင် candles ပိတ်သိမ်းပြီး သောအခါ (အပြာရောင်ရေပြင်ညီမျဉ်း) တွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်ပါ။ နောက်ထပ် ကူးပြောင်းမည့်အမြင့်၏အထက် (အနီရောင်ရေပြင်ညီမျဉ်း)တွင် Stop Loss ကို နေရာချပါ။ ရောင်းလိုအား လွန်ကဲသောဇုန်(အစိမ်းရောင်စက်ဝိုင်း)အတွင်း အပြာရောင် အဓိကမျဉ်း - %K သည် အနီရောင်အချက်ပြမျဉ်း - %D ကို အောက်မှ ဖြတ်ကျော်သွားသောအခါ၊ take profits ကို အကောင်အထည်ဖော်နိုင်ပါသည်။

LiteFinance: အဝယ်/‌အရောင်း ကုန်သွယ်မှုများ၏ ဥပမာများ

30 ၏ အောက်ဘက်ရှိ ဇုန်အတွင်း Indicator ၏ အဓိကမျဉ်းသည် အချက်ပြမျဉ်းအား ဖြတ်ကျော်သွားသောအခါ၊ အ‌ဝယ်ကုန်သွယ်မှုများကို စတင်ဖွင့်လှစ်နိုင်ပါသည်။ Indicator ဇယားပေါ်တွင် အဝယ်အချက်ပြမှုအား  အပြာရောင်စက်ဝိုင်းများဖြင့် အမှတ်အသားပြုထားပါသည်။ ဈေးကွက်အဝင်ပွိုင့်အား အပြာရောင်ရေပြင်ညီမျဉ်းဖြင့် အမှတ်အသားပြုထားပါသည်။ ယခင်အနိမ့်ဆုံးဈေးနှုန်း ၏ အနီး (အနီရောင်ရေပြင်ညီမျဉ်း) တွင် Stop Loss အား သတ်မှတ်သင့်ပါသည်။ Stochastic oscillator သည် ဆန့်ကျင်ဘက် အချက်ပြမှုကို ထုတ်ပေးသောအခါ (အစိမ်းရောင်စက်ဝိုင်း) တွင် ကုန်သွယ်မှုကို ပိတ်သိမ်းနိုင်ပါသည်။

Day trading strategy

Day trading သည် ကုန်သွယ်မှုဖွင့်ခြင်းနှင့် ပိတ်ခြင်းများကို တနေ့အတွင်းပြုလုပ်မည်ဟု ယူဆထားသော အမျိုးအစားဖြစ်ပါသည်။ ဥပမာအားဖြင့် - M30 အချိန်ပိုင်းကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ ထိုအချိန်အပိုင်းအခြားမျိုးအတွက် 5.3.3 ဆက်တင်ဖြင့် တုံ့ပြန်မှုအားကောင်းသည့် stochastic indicator နှင့် ယေဘုယျလမ်းကြောင်းကို ဆုံးဖြတ်ရန် 21.7.7 ဆက်တင်တို့ကို အသုံးပြုပါ။

ယေဘုယျလမ်းကြောင်းကို ခွဲခြားရန်  slow stochastic oscillator တခုကို ပထမဦးစွာ အသုံးပြုပါ။ အကယ်၍ အဓိကမျဉ်း - %K သည် အထက်ဧရိယာမှ အောက်သို့ရွေ့လျားလာပါက၊ ကျဆင်းသောလမ်းကြောင်းဖြစ်ပါသည်။ ပြောင်းပြန်အားဖြင့် အကယ်၍ ၎င်းသည် အောက်မှအထက်သို့ ရွေ့လျားသွားပါက၊ တိုးတက်သောလမ်းကြောင်း ဖြစ်ပါသည်။ မည်သည့်ဇုန်အတွင်း အဓိကမျဉ်း ရွေ့လျားနေသည်ဆိုသော အချက်အပေါ် မူတည်၍၊ လမ်းကြောင်း၏ သက်တမ်းကာလကို နားလည်သဘောပေါက်နိုင်ပါသည်။ ဥပမာအားဖြင့် အကယ်၍ မျဉ်းသည် indicator ဇယား၏ အထက်ဧရိယာမှ စတင်ကျဆင်းလာသောအခါ၊ အကျလမ်းကြောင်းစတင်ပေါ်ပေါက်လာပြီဟု အဓိပ္ပါယ်ရပါသည်။

ဈေးကွက်သို့ဝင်ရောက်ခြင်းစည်းမျဉ်းများ - 

  • Slow indicator မှ ခွဲခြားသတ်မှတ်သော လမ်းကြောင်း၏ ဦးတည်ရာအပေါ်မူတည်၍ ကုန်သွယ်မှုကိုဖွင့်ပါ။

  • Fast stochastic သည် ဝယ်လိုအားလွန်ကဲသောဇုန်အတွင်း တည်ရှိနေပြီး၊ အဓိကမျဉ်း %K သည် အချက်ပြမျဉ်း %D အား အထက်မှ ‌ဖြတ်ကျော်သွားသောအခါ၊ အရောင်းကုန်သွယ်မှုများကိုဖွင့်ပါ။ Fast indicator အား ရောင်းလိုအားလွန်ကဲသောဇုန်အတွင်း တွေ့ရှိရပြီး၊ အဓိကမျဉ်း %K သည် အချက်ပြမျဉ်း %D အား အောက်မှ ‌ဖြတ်ကျော်သွားသောအခါတွင် အဝယ်ကုန်သွယ်မှုများကိုဖွင့်ပါ။

ဈေးကွက်မှထွက်ခွာခြင်းစည်းမျဉ်းများ

  • ယခင် candles ၃ ခုမှ ၄ခုကို ထည့်သွင်းစဉ်းစား၍ အဝယ်ကုန်သွယ်မှုအတွက် Stop Loss အား ဈေးနှုန်းအထက်သို့ပြန်မတက်မီ အနိမ့်ဆုံးရောက်ရှိသောပွိုင့် (swing low) ၏ အောက်တွင် သတ်မှတ်ပါ။ အရောင်းကုန်သွယ်မှုအတွက် ယင်းပွိုင့် (swing low) ၏ အထက်တွင် သတ်မှတ်ပါ။ 

  • ဈေးနှုန်းသည် မိမိလိုလားသော ဦးတည်ရာသို့ လိုက်ပါရွေ့လျားသောအခါ သင်၏ Stop Loss အား မျှခြေဈေးတန်းသို့ ရွှေ့ပါ။

  • ဈေးကွက်အတွင်း ကျွန်ုပ်တို့ဖွင့်လှစ်ထားသော ကုန်သွယ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သော အချက်ပြမှုပေါ်ပေါက်လာချိန်တွင် အမြတ်များကို သိမ်းဆည်းရယူပါ။ ဥပမာအားဖြင့် - အကယ်၍ ရောင်းလိုအားလွန်ကဲသောဇုန်အတွင်း indicator မျဉ်းများ အချင်းချင်းဖြတ်ကျော်ကြခြင်းသည် ကုန်သွယ်မှုပိတ်သိမ်းရန် အချက်ပြမှု ဖြစ်ပါသည်။

အဝယ်/အရောင်း ကုန်သွယ်မှုများ၏ ဥပမာများ

ဇယားပေါ်တွင် slow stochastic oscillator ကို အသုံးပြု၍ ယေဘုယျဦးတည်ရာကို ဆုံးဖြတ်ကြပါစို့။ Indicator သည် ဝယ်လိုအားလွန်ကဲသောဇုန်အတွင်း အထက်သို့ဦးတည်ကာ ရွေ့လျားနေသည်။ ထို့ကြောင့် လမ်းကြောင်းသည် အဝယ်များအားကောင်းသော အတက်လမ်းကြောင်းဖြစ်ပါသည်။

LiteFinance: အဝယ်/အရောင်း ကုန်သွယ်မှုများ၏ ဥပမာများ

ရောင်းလိုအားလွန်ကဲသောဇုန်အတွင်း indicator သည် golden cross ပုံစံ (indicator မျဉ်းများအချင်းချင်းဖြတ်ကျော်ခြင်း) ဖြစ်ပေါ်သောအခါ၊ ၎င်းအခြေအနေသည် အဝယ်ကုန်သွယ်မှု တခုကိုဖွင့်ရန် အကောင်းဆုံးအချိန် ဖြစ်ပါသည် (အပြာရောင်စက်ဝိုင်း)။ အပြာရောင်ရေပြင်မျဉ်း၏ ဧရိယာတွင် ဈေးကွက်အတွင်း ဝင်ရောက်၍၊ အနိမ့်ဆုံးဈေးနှုန်း၏အောက်တွင် Stop Loss ကို သတ်မှတ်ပါ။ ဆန့်ကျင်ဘက် အချက်ပြမှု (အစိမ်းရောင်စက်ဝိုင်း) ကို ရရှိသောအခါတွင် သင်၏ကုန်သွယ်မှုကို ပိတ်သိမ်းပါ။

အရောင်းကုန်သွယ်မှုများနှင့် စပ်လျဉ်း၍ မည်သို့ ဖြစ်မည်ကို ကြည့်လိုက်ကြရအောင်။

LiteFinance: အဝယ်/အရောင်း ကုန်သွယ်မှုများ၏ ဥပမာများ

ဇယားသည် ကျဆင်းနေသော လမ်းကြောင်းတခုကို ပြသနေပါသည်။ ထိုလမ်းကြောင်းကို အလယ်အလတ်တန်း 21.7.7 ဆက်တင်ချိန်ညှိမှုပါဝင်သော stochastic oscillator မှ အတည်ပြုပါသည်။

LiteFinance: အဝယ်/အရောင်း ကုန်သွယ်မှုများ၏ ဥပမာများ

ဤလမ်းကြောင်းအတွင်း၊ indicator မျဉ်းများသည် ဝယ်လိုအားလွန်ကဲသောဇုန်အတွင်း အချင်းချင်းဖြတ်ကျော်ကြသောအခါ၊ Stop Loss အား ယခင်အမြင့်ဈေး၏ အထက်တွင်ထား၍ အရောင်းကုန်သွယ်မှုတခုကို ဖွင့်ပါ။ မှားယွင်းသော ဖြတ်ကျော်မှုတခုလည်း ရှိနေပါသည်။ မျဉ်းများသည် ရောင်းလိုအားလွန်ကဲသော ဇုန်အတွင်း၌မဟုတ်ပဲ၊ ယင်းဇုန်၏နယ်နိမိတ်ပေါ်တွင် အချင်းချင်း ဖြတ်သန်းကြသောကြောင့် ကျွန်ုပ်တို့သည် အဆိုပါ မှားယွင်းဖြတ်ကျော်မှုကို ဥပက္ခာပြုနိုင်ပါသည်။ အစိမ်းရောင်စက်ဝိုင်းဧရိယာတွင် ပိတ်သိမ်းရန် အချက်ပြမှု ပေါ်ပေါက်လာသည်။ သက်ဆိုင်ရာ candle ၏ အပိတ်ဈေးတန်းတွင် အမြတ်ကို သိမ်းဆည်း၍ ကုန်သွယ်မှုကို ပိတ်သိမ်းပါ။

50-level crossing strategy

ဤနည်းဗျူဟာအရ ကုန်သည်တဦးသည် 20 နှင့် 80 level များကို ဥပက္ခာပြု၍ level 50 တခုတည်းကိုသာလျှင် အာရုံစိုက်ရန် လိုအပ်ပါသည်။ ဤနည်းဗျူဟာကို လက်တွေ့အသုံးချရာတွင်  ပိုမိုရှင်းလင်းစွာမြင်သာစေရန် Stochastic oscillator အား ပြန်လည်ချိန်ညှိပါ။

ဤနည်းဗျူဟာသည် မျဉ်းတကြောင်း လိုအပ်ပါသည်။ ထို့ကြောင့် အကယ်၍ ပျမ်းမျှရွှေ့လျားမှု %D အား ပိတ်သိမ်းရန် အခွင့်အရေးရှိပါက၊ ရုပ်ပုံတခုလုံးအတွက် အနှောက်အယှက်မဖြစ်စေရန် ထိုသို့ လုပ်ဆောင်သင့်ပါသည်။ ထို့အပြင် level 20 နှင့် level 80 အစား level 50 ကို အမှတ်အသားပြုပါသည်။

LiteFinance: 50-level crossing strategy

အထက်ပါရုပ်ပုံသည် ပြန်လည်ပြင်ဆင်ထားသော stochastic oscillator ဖြစ်ပါသည်။

ဤနည်းဗျူဟာကိုအသုံးပြု၍ မည်သို့ ကုန်သွယ်ရမည်နည်း။

  • အဝယ်/အရောင်း ဖိအားသည် indicator အား level 50 ကို ချိုးဖောက်စေသောအခါတွင် ဈေးကွက်သို့ ဝင်ရောက်ပါ။ Stochastic oscillator မျဉ်းသည် level 50 အား အောက်မှ ဖြတ်ကျော်သွားသောအခါ အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါ။ level 50 အား ‌အထက်မှ ဖြတ်‌သန်းသွားခြင်းသည်  အဝယ်ကုန်သွယ်မှုများဖွင့်ရန် အချက်ပြမှု ဖြစ်ပါသည်။

  • စံသတ်မှတ်ထားသော စည်းမျဉ်းအရ အနီးဆုံး swing low ၏အောက် သို့မဟုတ် အနီးဆုံး swing low ၏အထက်တွင် Stop Loss အော်ဒါများကို သတ်မှတ်ပါ။

  • ‌ဈေးကွက်၏ ကြံ့ခိုင်မှု အားနည်းလာပြီး indicator ဇယားတွင် အလှည့်အပြောင်းဖြစ်ကာ 50-level အား ဖြတ်ကျော်သွားချိန်တွင် ဈေးကွက်မှ ထွက်ခွာပါ။

  • ဤကုန်သွယ်ရေးဗျူသာသည် ဘက်စုံအသုံးဝင်၍ မည်သည့်အချိန်ဘောင်၊ မည်သည့်ကုန်သွယ်ရေးပုံစံနှင့်မဆို တွဲဖက်အသုံးပြုနိုင်ပါသည်။

LiteFinance: ဤနည်းဗျူဟာကိုအသုံးပြု၍ မည်သို့ ကုန်သွယ်ရမည်နည်း။

GPBUSD ဇယားပေါ်တွင်၊ စတင်ပေါ်ထွက်လာသော အတက်လမ်းကြောင်းတခုသည် indicator အား 50 level ကို အောက်မှအထက်သို့ ဖောက်ထွက်စေရန် တွန်းအားပေးပါသည်(အပြာရောင်စက်ဝိုင်း)။ ၎င်းမှ အချက်ပြသည်နှင့် တပြိုင်နက် အပြာရောင်မျဉ်း၏ level တွင် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါ။ Stop Loss အား အနီရောင်မျဉ်းဖြင့် မှတ်သားထားပါသည်။ နောက်ဆက်တွဲအနေဖြင့် ကာလတို အလှည့်အပြောင်းတခုသည် indicator အား level 50 ဆီသို့ ပြန်လည်ရွေ့လျားစေသည်။ မည်သို့ပင်ဖြစ်စေ ပြောင်းပြန်ဖြတ်ကျော်မှုမျိုး မရှိသည့်အတွက် ကျွန်ုပ်တို့သည် ကုန်သွယ်မှုအား ဆက်လက်ဖွင့်ထားနိုင်ပါသည်။

အချိန်အနည်းငယ်ကြာပြီးနောက် indicator မျဉ်းသည် level 50 အား ဖောက်ထွက်သွားပါသည်(အစိမ်းရောင်စက်ဝိုင်း)။ ထိုပွိုင့်တွင် ဈေးနှုန်းသည် သိသိသာသာ မြင့်တက်လာခဲ့ပြီး ဖြစ်၍ ကျွန်ုပ်တို့အနေဖြင့် အစိမ်းရောင်မျဉ်း၏ level တွင် အမြတ်များကိုသိမ်းဆည်းကာ ကုန်သွယ်မှုပိတ်သိမ်းနိုင်ပါသည်။ 

Swing Trading

ဤနည်းဗျူဟာ၏အမည်သည် swing trading ၏ နိယာမကို အကောင်းဆုံး ပုံဖော်ပါသည်။ ဤနည်းဗျူဟာအရ ကုန်သည်များသည် ကာလရှည်လမ်းကြောင်းကို ဦးစွာ ဆုံးဖြတ်ရပါမည်။ Swing trading ဆောင်ရွက်သော ကုန်သည်များသည် အဓိကလမ်းကြောင်းနောက်သို့ အစဉ်အမြဲလိုက်ပါကြသော်လည်း လမ်းကြောင်းပေါ်တွင် လှိုင်းသဏ္ဍန်ရွေ့လျားမှု ပေါ်ပေါက်လာမှသာ ကုန်သွယ်မှုဆောင်ရွက်ကြသည်။ 

Stochastic swing ဗျူဟာကို နားလည်သဘောပေါက်ရန်အတွက် star pattern ကို လေ့လာသင့်ပါသည်။ Star pattern အမျိုးအစားနှစ်မျိုးရှိပါသည်။ 

LiteFinance: Swing Trading

Morning star pattern တွင် ဆက်တိုက်ဖြစ်သော ဘားသုံးခု ပါဝင်ပါသည်။

  • ပထမတခုသည် အောက်သို့ကျဆင်းပြီး ရှည်လျားသောကိုယ်ထည် ရှိပါသည်။ 

  • ဒုတိယတခုသည် (များသောအားဖြင့်) လစ်ဟမှုတခုနှင့်အတူ ဖြစ်ပေါ်လေ့ရှိပြီး၊ အောက်ခြေတွင် shadow တခုပါဝင်ကာ တိုတောင်းသောကိုယ်ထည်ရှိပါသည်။ 

  • တတိယတခုသည် အထက်သို့ တိုးတက်ပြီး၊ ရှည်လျားသော အစိမ်းရောင်ကိုယ်ထည်ရှိကာ၊ ပထမ candle body ၏ အထင်ရှားဆုံးအစိတ်အပိုင်းများကို ဖုံးလွှမ်းပါသည်။

ဆန့်ကျင်ဘက်တခုမှာ evening star ဖြစ်ပါသည်။ ၎င်းတွင် ဘားသုံးခု ပါဝင်ပါသည်။

  • ပထမတခုသည် ရှည်လျားသော အစိမ်းရောင်ကိုယ်ထည်နှင့် အထက်သို့ဦးတည်ပါသည်။

  • ဒုတိယတခုသည် တိုတောင်းသောကိုယ်ထည်နှင့် အထက်သို့မတိုးတက်မီ လစ်ဟမှုတခု (ဦးစားပေးအနေဖြင့်) ရှိပါသည်။

  • တတိယတခုသည် အောက်သို့ကျဆင်းနေသော ရှည်လျားသည့် အနီရောင်ကိုယ်ထည်ရှိကာ၊ ပထမ candle body ၏ အထင်ရှားဆုံးအစိတ်အပိုင်းများကို ဖုံးလွှမ်းပါသည်။

အဝယ်ကုန်သွယ်မှုတခုကိုဖွင့်ရန် အခြေအနေများ -

  • Stochastic သည် level 20 ၏ အောက်တွင် ရှိပါသည်။

  • ဆန့်ကျင်ဘက်ဦးတည်ရာ၌ morning star pattern တခု ရှိပါသည်။

  • ဈေးကွက်သည် အထက်သို့ ဦးတည်၍ ရွေ့လျားပါသည်။

Swing traders တဦး၏ အရောင်းကုန်သွယ်မှုဖွင့်ရန် အခြေအနေများ -

  • Stochastic သည် level 80 ၏ အထက်တွင် ရှိပါသည်။

  • ဆန့်ကျင်ဘက်ဦးတည်ရာ၌ evening star pattern တခု ရှိပါသည်။

  • ဈေးကွက်သည် အောက်သို့ ဦးတည်၍ ရွေ့လျားပါသည်။

ယင်း pattern သည် လမ်းကြောင်း၏ ဦးတည်ရာတွင် ၎င်း၏ အမြင့်ဆုံး/အနိမ့်ဆုံးတန်ဖိုးကို ဖြတ်ကျော်ပြီးသည်နှင့် ပေါ်ပေါက်လာသောဘားတွင် ကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။ Stop-loss အား star ၏ အမြင့်ဆုံးပွိုင့်တွင် သတ်မှတ်ပါသည်။ 80 % ၏အထက် သို့မဟုတ် ၂၀%၏အောက်တွင် stochastic မျဉ်းများဖြတ်ကျော်သွားသောအခါ ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။

အချက်ပြမှုများ၏ တိကျမှုကို တိုးတက်စေရန်၊ အပိုဆောင်း indicators များကိုလည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် RSI သည် stochastic oscillator ကဲ့သို့ မြန်ဆန်ခြင်းမရှိသော်လည်း၊ မှားယွင်းအချက်ပြမှုအရေအတွက် ပို၍နည်းပါးပါသည်။

အဝယ်/အရောင်း ကုန်သွယ်မှု ဥပမာများ

Swing trading လက်တွေ့ဥပမာတခုကို အသုံးပြု၍ ဈေးကွက်အတွင်း အဝယ်နှင့် အရောင်း ဆောင်ရွက်မှုကို စဉ်းစားကြည့်ကြပါစို့။

LiteFinance: အဝယ်/အရောင်း ကုန်သွယ်မှု ဥပမာများ

ဇယားသည် fast stochastic 5.3.3 အတွက် ဝယ်လိုအားလွန်ကဲသောဇုန်(အပြာရောင်စက်ဝိုင်း)အတွင်း indicator မျဉ်းများ၏ တပြိုင်နက်တည်း ဖြတ်ကျော်မှုနှင့်အတူ even star pattern တခုပေါ်ပေါက်လာပုံကို ရေးဆွဲပြသထားသည်။ ၎င်းတို့သည် အရောင်းကုန်သွယ်မှုဆောင်ရွက်ရန် ‌ကောင်းမွန်သော အခြေအနေများ ဖြစ်ကြပါသည်။

LiteFinance: အဝယ်/အရောင်း ကုန်သွယ်မှု ဥပမာများ

ဘားသည် pattern ၏ အနိမ့်ဆုံးအမှတ် (အပြာမျဉ်း) ကို ကျော်သွားသောအခါ ကျွန်ုပ်တို့သည် 1.37637 တွင် ကုန်သွယ်မှုကို ဖွင့်ခဲ့သည်။ စျေးကွက်မှထွက်ရန်အချက်ပြချက်မှာ အနီရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားသော မျဉ်းကွေးတစ်ခုဖြစ်သည်။ Candle ၏အပိတ်ဖြစ်သော 1.34695 တွင် အမြတ်ငွေကို ကျွန်ုပ်တို့သတ်မှတ်ထားသည်။ နောက်ဆုံးအမြတ်မှာ 2942 ပွိုင့် (1.37637 – 1.34695 = .02942) ဖြစ်သည်။

LiteFinance: အဝယ်/အရောင်း ကုန်သွယ်မှု ဥပမာများ

ချိန်ညှိချက် 21.3.3 ဖြင့် stochastic ကိုအသုံးပြု၍ EURUSD daily timeframe တွင် ကာလရှည် ကုန်သွယ်မှု၏နမူနာကိုအသုံးပြု၍ အဝယ် ကုန်သွယ်မှု တစ်ခုကို စဉ်းစားကြည့်ကြပါစို့။ အထက်ဖော်ပြပါဇယားတွင် morning star pattern ဖြင့် အတည်ပြုထားသည့် indicator  ၏ အရောင်းလွန်ဇုန်အတွင်း golden cross ကို ပြသထားသည်။ ၎င်း၏ဖွဲ့စည်းမှုအဆင့်တွင်၊ swing low အောက် ၌ stop loss ထားရှိခြင်းဖြင့် အဝယ် ပြုလုပ်ပါ။ အဝယ်လွန်သောဇုန်တွင် death cross ပုံစံဖြစ်လာသောအခါ အကျိုးအမြတ်ရယူပါ။

S&P 500 နှင့် U.S. ဒေါ်လာ ကုန်သွယ်ရေးတွင် Stochastic Oscillator တခုအား အသုံးပြုခြင်း

LiteFinance: S&P 500 နှင့် U.S. ဒေါ်လာ ကုန်သွယ်ရေးတွင် Stochastic Oscillator တခုအား အသုံးပြုခြင်း

ကုန်သွယ်ရေးအမျိုးအစားတခုစီတွင် ၎င်းတို့၏ ကိုယ်ပိုင် ဝိသေဿလက္ခဏာများ ရှိကြပါသည်။ S&P 500 futures၊ ရွှေ နှင့် U.S. ဒေါ်လာတို့၏ stochastic ကုန်သွယ်ရေးအင်္ဂါရပ်များကို အောက်တွင် သုံးသပ်ဖော်ပြထားပါသည်။

S&P 500 ကုန်သွယ်မှု

ဤကုန်သွယ်ရေးကိရိယာ၏ ဈေးနှုန်းရွေ့လျားမှုရာဇဝင်ကို ကြည့်ရှုသောအခါ၊ ဝယ်လိုအားလွန်ကဲသော ဧရိယာသို့ stochastic ရွေ့လျားသောအကြိမ်တိုင်း၏ နောက်တွင် ဈေးနှုန်းကျဆင်းမှု လိုက်ပါလေ့မရှိကြောင်း တွေ့ရပါသည်။ အပြန်အလှန်အားဖြင့် indicator သည် ရောင်းလိုအားလွန်ကဲသော ဧရိယာအတွင်း ရှိနေသောအခါ၊ ဈေးနှုန်းသည် ဦးတည်ရာပြောင်းလဲ၍ အထက်သို့တိုးတက်သောလမ်းကြောင်းစတင်ရန် အလားအလာပိုများပါသည်။ 

အတက်လမ်းကြောင်းအတွင်း ဈေးကွက်သည် ရောင်းလိုအား ယာယီလွန်ကဲနေသောအခါ၊ အထက်သို့ ဦးတည်ရာပြောင်းလဲရန်အတွက် အချက်ပြမှုများ ‌ကောင်းစွာ အလုပ်လုပ်ပါသည်။ အကယ်၍ ကျဆင်းသောလမ်းကြောင်းအတွင်း ဈေးကွက်သည် ဝယ်လိုအားလွန်ကဲသောဇုန်သို့ ဝင်ရောက်သွားသောအခါ၊ ယာယီဈေးနှုန်းတိုးတက်ခြင်းလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်။

ရွှေကုန်သွယ်မှု

ရွှေကုန်သွယ်ရေးဆောင်ရွက်သောအခါ၊ အညွှန်းလိုင်းဖြတ်ကျော်ခြင်းတခု ရှိနေလျှင်ပင်၊ ဝယ်လိုအား/ရောင်းလိုအားလွန်ကဲခြင်းဆိုင်ရာ အချက်ပြမှုများကို အသုံးမပြုသင့်ပါ။

အတက်လမ်းကြောင်းအတွင်း ဈေးကွက်သည် ယာယီရောင်းလိုအားလွန်ကဲနေသောအခါ အထက်သို့ ဦးတည်ရာပြောင်းလဲရန် အချက်ပြမှုများသည် များသောအားဖြင့် အလုပ်မဖြစ်ပါ။ သို့ဖြစ်သော်လည်း အကျလမ်းကြောင်းအတွင်း ယာယီဝယ်လိုအားလွန်ကဲသော အခိုက်အတန့်တွင် အောက်သို့ ပြန်လည် ကျဆင်းရန် အလားအလာများသည် မှန်ကန်လေ့ရှိပါသည်။

U.S.ဒေါ်လာကုန်သွယ်မှု

မျဉ်းကွေးသည် ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား လွန်ကဲသောဇုန်များကို ဝင်ရောက်သွားအခါ၊ US ဒေါ်လာဈေးနှုန်းသည် ထိုရွေ့အား၏နောက်သို့ လိုက်ပါကာ ဆက်လက်ရွေ့လျားလေ့ရှိသည်။  ထို့ကြောင့် ဈေးနှုန်းဦးတည်ရာ အလှည့်အပြောင်း ဖြစ်ပေါ်ချိန်မျိုးတွင် ဈေးကွက်အတွင်း ဝင်ရောက်သင့်ပါသည်။ အကယ်၍ stochastic Forex ဗျူဟာသည် အတက်လမ်းကြောင်းတွင် အဝယ်လွန်ကဲသော အခြေအနေများနှင့် အကျလမ်းကြောင်းတွင် အရောင်းလွန်ကဲသောအခြေအနေများအပေါ် အခြေခံပါက၊ ယင်းဗျူဟာသည် USD အတွက် အသုံးဝင်မည်မဟုတ်ပါ။

ခရစ်ပတို စျေးကွက်များရှိ Stochastic Oscillator

Stochastic oscillator သည် ခရစ်ပတိုငွေကြေး စျေးကွက်၏ မြင့်မားသောမတည်ငြိမ်မှုများကြောင့် ခရစ်ပတို ကုန်သွယ်မှုတွင် အသုံးများသောကိရိယာတစ်ခုဖြစ်သည်။ Stochastic oscillator သည် ကုန်သည်များအတွက် မရှိမဖြစ် လိုအပ်သောကိရိယာတစ်ခုအဖြစ် ဆောင်ရွက်ပေးပြီး ၎င်းတို့သည် အဝယ်လွန်ခြင်းနှင့် အရောင်းလွန်နေသော စျေးကွက်အခြေအနေများကို လျင်မြန်စွာ ဖော်ထုတ်နိုင်စေပါသည်။ သိသာထင်ရှားသောစျေးနှုန်း ၏ ယာယီအလှည့်အပြောင်းများနှင့် မကြာခဏ ဖြစ်ပေါ်သော လမ်းကြောင်းပြောင်းပြန်လှန်မှုများ ကြုံတွေ့နေရသည့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးပစ္စည်းများနှင့် ရောင်းဝယ်ရာတွင် ၎င်းသည် အထူးအရေးကြီးပါသည်။

Stochastic oscillator ကို အသုံးပြုသောအခါ ကုန်သွယ်ရေးပစ္စည်း ၏ ဝိသေသလက္ခဏာများ နှင့် ၎င်းကို ခွဲခြမ်းစိတ်ဖြာသည့် အချိန်သတ်မှတ်ချက် ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။ Ethereum သို့မဟုတ် Ripple ကဲ့သို့သော စျေးကွက်မတည်ငြိမ်မှု ပိုများသည့် ခရစ်ပတိုငွေကြေးများ အတွက်၊ ထုတ်လုပ်လိုက်သော အချက်ပြမှုများ၏ တိကျမှုကို မြှင့်တင်ရန် %K နှင့် %D ကာလများအပါအဝင် ကိရိယာ ၏ဆက်တင်များကို ချိန်ညှိရန် လိုအပ်နိုင်ပါသည်။

ထို့အပြင်၊ stochastic oscillator သည် ဝယ်လိုအား နှင့် ရောင်းလိုအားများသော ဈေးတန်း၊ ဦးတည်ချက် လမ်းကြောင်း လိုင်းများ သို့မဟုတ် ပမာဏပြ ကိရိယာ များကဲ့သို့သော အခြားနည်းပညာဆိုင်ရာ အညွှန်းကိရိယာများနှင့် ပေါင်းစပ်ရန် မရှိမဖြစ်လိုအပ်ပါသည်။ ဤ ကိရိယာများသည် မှားယွင်းသောအချက်ပြမှုများကို စစ်ထုတ်ရာတွင် ကူညီပေးပါမည်။ ဥပမာအားဖြင့်၊ oscillator သည် ဝယ်လိုအား များသော ဈေးတန်း အနီးတွင် ရောင်းအားလွန်နေသည့်အခြေအနေတစ်ခုကို အတည်ပြုပါက၊ ၎င်းသည် အကောင်းမွန်ဆုံး အဝင်ပွိုင့် ကို ညွှန်ပြတတ်သည်။

Stochastic Oscillator ဖြင့် Bitcoin ကို အရောင်းအ၀ယ်ပြုလုပ်နည်း

Stochastic oscillator ကို အသုံးပြု၍ Bitcoin ကို အရောင်းအဝယ်လုပ်သောအခါ၊ ကုန်သည်များသည် ပုံမှန်အားဖြင့် အဝယ်လွန်ခြင်း နှင့် အရောင်းလွန်ခြင်း အချက်ပြ များကို ဖော်ထုတ်ရန် အာရုံစိုက်ကြသည်။ Oscillator သည် တန်ဖိုး 80 နှင့် အထက်ဖော်ပြပြီး %K လိုင်းသည် အထက်မှ %D မျဉ်းကို ဖြတ်သွားပါက၊ ၎င်းသည် ဈေးနှုန်း ကျဆင်းလာမည်ဟု အချက်ပြပြီး အရောင်း ပြုလုပ်မှုများကို ထည့်သွင်းစဉ်းစားနိုင်သည်။ အပြန်အလှန်အားဖြင့်၊ 20 အောက်တန်ဖိုး၊ %K မျဉ်းသည် အောက်မှ %D လိုင်းကိုဖြတ်လျှင် ဝယ်သည့်အချက်ပြ ဖြစ်သည်။

ထို့အပြင်၊ ကုန်သည်များသည် Bitcoin ၏ စျေးနှုန်း နှင့် အညွှန်းကိရိယာ ၏ ဖတ်ရှုမှု အကြား ကွဲပြားမှုများ ကို ဂရုပြုသင့်သည်။ ဥပမာအားဖြင့်၊ အညွှန်းကိရိယာ ၏ ဖတ်ရှုမှု တန်ဖိုးများကျဆင်းနေချိန်တွင် စျေးနှုန်း ဆက်လက်မြင့်တက်နေပါက၊ ဖြစ်နိုင်ချေရှိသော လမ်းကြောင်းပြောင်းပြန်လှန်မှုတစ်ခု ပေါ်လာနိုင်သည်။ ဤအခြေအနေတွင်၊ ဆုံးရှုံးမှု ကို ကာကွယ်နိုင်သောကြောင့် အရောင်းအ၀ယ်များကို အချိန်မီပိတ်ရန် စျေးကွက်အခြေအနေများကို အနီးကပ်စောင့်ကြည့်ရန် အရေးကြီးပါသည်။

Stochastic Oscillator အား အခြား indicator များနှင့် ပေါင်းစပ်ခြင်း

LiteFinance: Stochastic Oscillator အား အခြား indicator များနှင့် ပေါင်းစပ်ခြင်း

Stochastic oscillator သည် အထူးသဖြင့် အားကောင်းသော အထက်အောက်ရွေ့လျားမှုများတွင် အချက်ပြမှုအမှားများကို ထုတ်ပေးနိုင်သော ကြိမ်နှုန်းမြင့် indicator တခု ဖြစ်ပါသည်။ Oscillator အား အခြားသော indicators များနှင့် တွဲဖက်အသုံးပြုရန် သင့်လျော်ပါသည်။ မည်သည့် stochastic oscillator အမျိုးအစားကိုဖြစ်စေ အသုံးပြု၍ stochastic RSI အစရှိသည့် အခြားသော ကိရိယာများနှင့် ရေပန်းအစားဆုံး ပေါင်းစပ်မှုများကို စဉ်းစားကြည့်ကြရအောင်။

Moving Averages

ဤသည်မှာ ကုန်သည်များအတွက် ရလာဒ်ကောင်းများ ရရှိစေသော အရိုးရှင်းဆုံး ဈေးနှုန်းဦးတည်ချက်ဗျူဟာများမှ တခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကာလရှည်လမ်းကြောင်းတခု ကိုဆုံးဖြတ်ရန် တနေ့တာအချိန်အကန့်အသတ်ကို အသုံးပြုပါမည်။ အဝင်နှင့် အထွက်ပွိုင့်များကိုမူ နာရီပိုင်းဇယားတွင် ဆုံးဖြတ်ပါမည်။

ပထမဦးစွာ ကျွန်ုပ်တို့သည် 50-၊ 100- နှင့် 200-bars ကာလသုံးခုဖြင့် လတ်တလောပျမ်းမျှရွေ့လျားမှုသုံးခုကို ပေါင်းထည့်ပါမည်။

အဝင် ဈေးတန်း များကို ရှာဖွေရန်အတွက် stochastic oscillator တခုကို အသုံးပြုပါသည်။ အကြံပြုတိုက်တွန်းသော ဆက်တင်များမှာ - 

  • Periods: 14, 3 နှင့် 3;

  • Levels: 90% နှင့် 10%.

အဝယ်ကုန်သွယ်မှုတခုအတွက် အခြေအနေများ -

  • တနေ့တာဇယားပေါ်တွင်  တိုးတက်သော ကာလရှည်လမ်းကြောင်းတခု ရှိပါသည် - ဈေးနှုန်းသည် အထက်သို့ ရွေ့လျားပြီး EMA (50) ၏ အထက်တွင် ရှိပါသည်။ EMA (50) သည် EMA (100) ၏ အထက်တွင် ရှိပါသည်။ တဖန် EMA (100) သည် EMA (200)၏ အထက်တွင် ရှိပါသည်။

  • တနာရီဇယားတွင် oscillator သည် 10% ကို ဖြတ်ကျော်သွားပါသည်။

အရောင်းကုန်သွယ်မှုတခုအတွက် အခြေအနေများ -

  • တနေ့တာဇယားပေါ်တွင်  ကျဆင်း‌သော ကာလရှည်လမ်းကြောင်းတခု ရှိပါသည် - ဈေးနှုန်းသည် အောက်သို့ ရွေ့လျားပြီး EMA (50)၏ အောက်တွင် ရှိပါသည်။ EMA (50) သည် EMA (100) ၏ အောက်တွင် ရှိပါသည်။ တဖန် EMA (100) သည် EMA (200) ၏ အောက်တွင် ရှိပါသည်။

  • တနာရီဇယားတွင် oscillator သည် 90% ကို ဖြတ်ကျော်သွားပါသည်။

လက်ရှိ အနိမ့်ဆုံး/အမြင့်ဆုံးတန်ဖိုး၏ အောက်တွင် အနည်းငယ်ပိုနိမ့်သောပွိုင့်တွင် stop-loss ကို နေရာချပါ။ Stop-loss ထက် နှစ်ဆပိုကြီးသောပွိုင့် သို့မဟုတ် EMA (50) ၏ trailing stop တွင် take profit ကိုထားရှိ၍ အမြင့်ဆုံးအမြတ်ကို ပုံသေသတ်မှတ်ပါ။ အကယ်၍ နောက်ဆုံးအပိတ်ဈေးသည် ၎င်း၏အောက်တွင်ရှိလျှင် ရထားသောအမြတ်ဖြင့် ကုန်သွယ်မှုကို ပိတ်သိမ်းသင့်ပါသည်။ 

Forex stochastic ဗျူဟာ၏ အခြားသောဗားရှင်းတွင် အမြတ်များကိုအတည်ပြုရန်အတွက် ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားလွန်ကဲသောဇုန်အတွင်း stochastic ဝင်ရောက်ချိန်ကို စောင့်စားသင့်ပါသည်။ ထိုအချက်ကို ရှင်းလင်းစေရန် အောက်ပါဥပမာကိုကြည့်ပါ။

LiteFinance: Moving Averages

နေ့စဉ်ဇယားပေါ်တွင် ကာလရှည်အတက်လမ်းကြောင်းတခုကို စူးစမ်းရှာဖွေရပါမည်။ ထို့ကြောင့် လတ်တလောအပိတ်ဈေးနှုန်းကို စောင့်ကြည့်အကဲဖြတ်၍သာ အဝယ်ကုန်သွယ်မှုများကို ဖွင့်ရမည်ဖြစ်သည်။

LiteFinance: Moving Averages

တနာရီ timeframe တွင် မျဉ်းကွေးသည် 10%(အပြာရောင်စက်ဝိုင်း)သို့ ရောက်ရှိချိန်အထိ စောင့်ဆိုင်းပါမည်။

LiteFinance: Moving Averages

ကျွန်ုပ်တို့သည် ဖောက်ထွက်သည့် ဘားပိတ်သိမ်းသော အနိမ့်ဆုံးဈေးနှုန်းတည်ရှိရာ (အပြာရောင်မျဉ်း) ၌ ဈေးကွက်အတွင်း စတင်ဝင်ရောက်ပါသည်။ Stop-loss အား အနိမ့်ဆုံးဈေးနှုန်း (အနီရောင်မျဉ်း) ၏အောက် အနည်းငယ်ပိုနိမ့်သောပွိုင့်တွင် နေရာချထားပါသည်။

LiteFinance: Moving Averages

ဈေးနှုန်းရွေ့လျားမှုဖြစ်ပေါ်နေစဉ်၊ stop-loss သည် ပထမဦးစွာ မျှခြေသို့ ရွေ့လျားသွားပြီး၊ ထိုမှနောက်တွင် အမြတ်ဇုန်အတွင်း ဝင်ရောက်သွားပါသည်။ stochastic indicator သည် 90% မျဉ်းအနီး - လက်တလောအပိတ်ဈေး(အစိမ်းရောင်မျဉ်း)ဖြင့် နှိုင်းယှဉ်မှုပြုလုပ်‌သောပွိုင့်သို့ နီးကပ်လာချိန်၌ ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။

Trendlines

ဈေးနှုန်းဦးတည်ရာအပေါ် အခြေခံသော နည်းဗျူဟာများ အားလုံးကို လက်ရှိလမ်းကြောင်းအတွင်း ကုန်သွယ်မှုများဖွင့်ရန် သို့မဟုတ် လမ်းကြောင်းပြောင်းလဲချိန်တွင် အမြတ်များကို သိမ်းဆည်းရန်အတွက် အသုံးပြုပါသည်။ သို့သော် အဝင်ပွိုင့်တခုအား အားနည်းသောပွိုင့်အဖြစ်သာ စဉ်းစားပါသည်။ Stochastic oscillator တခုသည် ဤပြဿနာကို ဖြေရှင်းပေးနိုင်ပါသည်။ Stochastic oscillator အား မည်သည့် trend indicator နှင့်မဆို ပေါင်းစပ်ခြင်းအားဖြင့် ရလာဒ်ကောင်းများကို ရရှိစေပြီး၊ မှားယွင်းအချက်ပြမှုများကို ရှောင်ရှားနိုင်စေပါသည်။

ဤသဘောတရားတွင် စည်းမျဉ်းများစွာကို လိုက်နာရန် အရေးကြီးပါသည်။

  1. ရှည်လျားသော အချိန်အပိုင်းအခြားဇယားများတွင် အထက်၊အောက်ဦးတည်ရာကို ဆုံးဖြတ်ပါ။ 

  2. ဈေးနှုန်းလားရာနှင့်ဆန့်ကျင်၍ ကုန်သွယ်မှုဖွင့်ခြင်း မပြုပါနှင့်။

  3. ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော ဧရိယာများတွင် အဝင်ပွိုင့်ကို ဆုံးဖြတ်ရန် %K နှင့် %D မျဉ်းများကို အသုံးပြုပါ။

Stochastic oscillator အား သင်နှစ်သက်သော trend indicator နှင့်တွဲဖက်၍ စမ်းသပ်အသုံးပြုကြည့်ပါ။ ဤရိုးရှင်းသော စည်းမျဉ်းသုံးခုကို လိုက်နာပါ။ အံ့ဩစရာကောင်းသော ရလာဒ်ကို တွေ့မြင်ရပါလိမ့်မည်။

Bollinger Bands

Stochastic oscillator အား အချက်ပြမှု စစ်ထုတ်ခြင်းအတွက် သုံးစွဲသကဲ့သို့ Bollinger Bands indicator သည် ဤနည်းဗျူဟာအတွက် ရှေ့ပြေးအထောက်အကူတခု ဖြစ်ပါသည်။ ကျွန်ုပ်ရေးသားထားသည့် အခြားဆောင်းပါးတပုဒ်ဖြစ်သော Bollinger Bands Indicator in Forex တွင် ထိုအကြောင်းကို အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

သတိပြုရန် – ဤနည်းဗျူဟာသည် ချန်နယ်လ်တခုအတွင်း အသုံးချရသော နည်းဗျူဟာအမျိုးအစားဖြစ်ပါသည်။ ကုန်သွယ်မှုသည် Bollinger Bands အတွင်း၌သာ ဖြစ်ပေါ်ပါသည်။ Indicator ဆက်တင်များမှာ စံသတ်မှတ်ချက်အတိုင်းဖြစ်ပါသည် - ပျမ်းမျှရွေ့လျားမှုကာလ 20 candles နှင့် standard deviation မြှောက်ကိန်းမှာ 2 ဖြစ်ပါသည်။

5, 3 နှင့် 3 အတိုင်းအထွာများဖြင့် stochastic oscillator တခုကို ပေါင်းထည့်သင့်ပါသည်။

အဝယ်ကုန်သွယ်မှုအတွက် အခြေအနေများ - 

  • Bar တခုသည် Bollinger Bands ၏ အောက်ခြေမျဉ်းကို ဖြတ်သန်းသွားပါသည် (အနည်းဆုံးအနေဖြင့် ထိုမျဉ်းကို ထိတွေ့ပါသည်)။

  • 20% အောက်တွင် %K မျဉ်းသည် %D မျဉ်းအား အောက်မှအထက် ဖြတ်သန်းသွားပါသည်။ 

အချက်ပြ candlestick အပြီး နောက်ထပ် candles အဖွင့်တွင် ဈေးကွက်သို့ ဝင်ရောက်နိုင်ပါသည်။

အရောင်းကုန်သွယ်မှုအတွက် အခြေအနေများ - 

  • Bar သည် Bollinger Bands အား ဖြတ်သန်းသွားသည် သို့မဟုတ် အနည်းဆုံးအနေဖြင့် ထိတွေ့ခဲ့သည်။

  • 80% အထက်တွင် %K မျဉ်းသည် %D မျဉ်းအား အထက်မှ အောက်သို့ ဖြတ်သန်းသွားပါသည်။

အချက်ပြမျဉ်း၏အနောက်မှ ပေါ်ပေါက်လာသော candle ၏နောက်တွင် ဈေးကွက်သို့ ဝင်ရောက်ပါ။

ဖောက်ထွက်သောဘား၏ အစွန်ဆုံးပွိုင့်မှ အနည်းငယ်အကွာ၌ Stop-loss အား သတ်မှတ်ပါသည်။ Bollinger indicator ၏ ဆန့်ကျင်ဘက် မျဉ်းကွေးသည် ပထမဦးစားပေး take profit level ဖြစ်ပါသည်။ အဝယ်ကုန်သွယ်မှုဖြင့် အလုပ်လုပ်သောအခါ၊ ၎င်းကို အထက်နယ်နိမိတ်တွင် နေရာချထားပါသည်။ အရောင်းကုန်သွယ်မှုတွင် မျဉ်းကွေး၏အောက်ခြေ၌ နေရာချထားပါသည်။

Bollinger bands နှင့် stochastic oscillators များကို ဥပမာတခုဖြင့် ကြည့်လိုက်ကြရအောင်။

LiteFinance: Bollinger Bands

အပြာရောင်စက်ဝိုင်းသည် ဘားမှ အောက်ခြေမျဉ်းကို ထိတွေ့သော အခိုက်အတန့်ကို ညွှန်ပြပါသည်။ တူညီသော ဧရိယာတွင် %K သည် %D အား အောက်မှဖောက်ထွက်သွားပါသည်။ ထို့ကြောင့် ပထမအချက်ပြမှုကို အတည်ပြုပါသည်။

LiteFinance: Bollinger Bands

ကျွန်ုပ်တို့သည် နောက်ထပ် candle ၏ အဖွင့်(အပြာရောင်မျဉ်း) - 1.17444 တွင် ဈေးကွက်သို့ ဝင်ရောက်ပါသည်။ ထိတွေ့သော candle ၏ အနိမ့်ဆုံး level အောက်တွင် stop-loss ကို သတ်မှတ်ပါသည်။ အထက်နယ်နိမိတ် - 1.17808 တွင်  take profit ကို သတ်မှတ်ပါသည်။

ထိုအချိန်တွင် ဈေးနှုန်းကျဆင်းသွားပြီး  stop-loss level သို့ထိစပ်လုနီးပါး ဖြစ်သွားပါသည်။ သို့သော် ဈေးနှုန်းသည် အထက်သို့ ပြန်ကာဦးလှည့်၍ တိုးတက်သွားပါသည်။ ကုန်သွယ်မှုအား take profit level (အနီရောင်စက်ဝိုင်း)တွင် ပိတ်သိမ်းပါသည်။ အပြီးသတ်အမြတ်အစွန်းမှာ 364 ပွိုင့်  (1.17808 - 1.17444 = .00364) ဖြစ်ပါသည်။

Stochastic Indicator ၏ အားသာချက်နှင့် အားနည်းချက်များ

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုမှ အခြားသော ကိရိယာများနည်းတူ stochastic oscillator တွင် အားသာချက်များနှင့် အားနည်းချက်များ ရှိပါသည်။

အကျိုးကျေးဇူးများ

ကန့်သတ်ချက်များ

အချက်ပြမှုများစွာ - ဝယ်လိုအား/ ရောင်းလိုအား လွန်ကဲခြင်း၊ ဦးတည်ရာခွဲထွက်ခြင်း၊ ပျမ်းမျှရွေ့လျားမှု မျဉ်းအချင်းအချင်း ဖြတ်ကျော်ခြင်း၊ level 50 အား ဖြတ်ကျော်ခြင်း။

တိကျမှုမြင့်မားခြင်းကို အခြားသောနည်းပညာပိုင်းဆိုင်ရာကိရိယာများနှင့် ပေါင်းစပ်မှသာ ရရှိနိုင်ခြင်း။

မည်သည့် အချိန်ပိုင်းဇယားနှင့် ဈေးကွက်တွင်မဆို အသုံးဝင်ခြင်း

Indicator ၏ ထိရောက်မှုသည် ၎င်း၏မှန်ကန်သောဆက်တင်များအပေါ် များစွာမူတည်ခြင်း။

အားလုံးသော ကုန်သွယ်ရေးနှင့် ခွဲခြမ်းစိတ်ဖြာမှု ပလပ်ဖောင်းများတွင်မဆို တပါတည်းပါဝင်ခြင်း။

အကယ်၍ ဆက်တင်များသည် timeframe သို့မဟုတ် ဈေးကွက်နှင့် ကိုက်ညီမှုမရှိပါက အချက်ပြမှုအမှားများ ပေါ်ပေါက်ခြင်း။

Stochastic oscillator indicator အား အခြားသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အထောက်အကူ များဖြင့် အလွယ်တကူပေါင်းစပ်နိုင်ပြီး၊ မည်သည့် ကုန်သွယ်ရေးဗျူဟာတွင်မဆို အသုံးပြုနိုင်ပါသည်။

Indicator သည် ဈေးနှုန်း၏နောက်မှ လိုက်ပါခြင်း ဖြစ်သည့်အလျောက် နှောင့်နှေး ကြန့်ကြာမှုရှိနိုင်ခြင်း။ ဈေးနှုန်းရွေ့လျားမှု စတင်ပြီးနောက်မှသာ အချက်ပြမှုများ ပေါ်ပေါက်ပါသည်။

 

Stochastic သည် စီးပွားရေး အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ၎င်း၏ အတိုင်းအတာများအပေါ် ထည့်သွင်း စဉ်းစားခြင်း မရှိပါ။

Stochastic Oscillator နှင့် RSI

Stochastic oscillator နှင့် relative strength index (RSI) တို့အား မကြာခဏ နှိုင်းယှဉ်လေ့ရှိကြပါသည်။ အကြောင်းရင်းများမှ တခုမှာ ၎င်းတို့နှစ်ခုစလုံးသည် ရေပန်းအစားဆုံး နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများတွင် အပါအဝင် ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ ကျွမ်းကျင်သော ကုန်သည်များသည် အဆိုပါ indicator နှစ်မျိုးစလုံးကို တွင်ကျယ်စွာ အသုံးပြုကြပါသည်။ ၎င်းတို့တွင် ရေပန်းစားမှုအပြင်၊ အခြားတူညီမှုများလည်း ရှိကြပါသည်။

  1. ၎င်းတို့သည် oscillator များဖြစ်ကြသည်။

  2. ၎င်းတို့သည် ဈေးနှုန်းပြောင်းလဲမှုအမြန်နှုန်းကို ထင်ဟပ်ပြသကြသည်။

  3. ၎င်းတို့သည် တူညီသောအချက်ပြမှုများကို ပံ့ပိုးပေးသည်။

  4. ၎င်းတို့သည် လိုက်လျောညီထွေရှိသည် - မည်သည့်အချိန်ဘောင်/ဈေးကွက်အတွက်မဆို သင့်တော်ပါသည်။

တပြိုင်တည်းမှာပင်၊ ၎င်းတို့တွင် မတူကွဲပြားသော အချက်များလည်း ရှိကြပါသည်။

  1. ဆက်တင်များ - RSI တွင် ဆက်တင်တခုသာ ပါရှိပါသည်။ ၎င်းသည် ပျမ်းမျှရွေ့လျားမှု၏ကာလဖြစ်သည်။ Stochastic တွင် တိုင်းတာသတ်မှတ်ချက် လေးခု ပါရှ်ိပါသည်။

  2. မူပိုင်အချက်ပြမှုများ ရှိကြပါသည်။ ကုန်သည်များသည် stochastic oscillator ၏ %K နှင့် %D မျဉ်းကွေးများ အချင်းချင်းဖြတ်ကျော်မှုကို အချက်ပြမှုအဖြစ် တွယ်ကျယ်စွာ အသုံးပြုကြသည်။ RSI တွင် ချောမွေ့သော ပျမ်းမျှရွေ့လျားမှုမရှိပဲ၊ support နှင့် resistance levels များကို သတ်မှတ်ရန် relative strength index ကို အသုံးပြုပါသည်။ ဤ indicator အတွက် ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုနိူင်ပါသည်။

  3. Stochastic အတွက် စံသတ်မှတ်ထားသော အဝယ်/ရောင်းလွန်ကဲမှု level များမှာ  80/20 ဖြစ်ပါသည်။  RSI အတွက် 70/30 ဖြစ်ပါသည်။

ယခုမှ စတင်ကြသော ကုန်သည်အသစ်များအတွက်မူ RSI နှင့် stochastic oscillator တို့အား ပေါင်းစပ်အသုံးချရန် အကြံမပြုလိုပါ။ ကိရိယာနှစ်ခုစလုံးသည် ဈေးနှုန်းရွေ့လျားမှုအပြောင်းအလဲများအပေါ် အခြေခံပါသည်။ ထို့ကြောင့် အချက်ပြမှုများသည် များစွာမကွဲပြားပါ။ အကယ်၍ ၎င်းတို့အား အတူတကွ အသုံးပြုပါက၊ များပြားလှသော အချက်ပြမှု အရေအတွက်များနှင့် မှားယွင်း‌သော အချက်ပြမှုများသည် သင်၏စိတ်ကို ရှုပ်ထွေးစေပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် stochastic နှင့် RSI ကို နှိုင်းယှဉ်၍ မရပါ။ ၎င်းတို့တခုချင်းသည် မူပိုင်အင်္ဂါရပ်များရှိကြပြီး၊ ကုန်သည်များအတွက် တန်ဖိုးရှိပါသည်။

အကယ်၍ သင်သည် relative strength index (RSI) နှင့် ဆက်စပ်သော ကုန်သွယ်ရေး အကြောင်းကို ပို၍ဖတ်ရှုလိုပါက၊ ဤဆောင်းပါး ကို ဖတ်ရှုရန် တိုက်တွန်းလိုပါသည်။

အနှစ်ချုပ်

Stochastic Oscillators များသည် ကုန်သည်များအတွက်ရော scalpers များအတွက်ပါ အသုံးပြုနိုင်သည့် ယုံကြည်စိတ်ချရသော ညွှန်ပြမှုအထောက်အကူတခု ဖြစ်ပါသည်။ ၎င်းသည် အချက်ပြမှု အရေအတွက် များစွာကို ထုတ်ပေးပြီး၊ RSI ထက် ပိုမိုမြန်ဆန်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ stochastic သည် များပြားလှသော အချက်ပြမှုများကို ထုတ်ပေးပြီး၊ RSI ထက်ပို၍ မြန်ဆန်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ stochastic အား များပြားလှသော အချက်ပြမှုအရေအတွက်ကို ထုတ်ပေးလေ့ရှိပါသည်။ 

Timeframes၊ ဈေးကွက်နှင့် ကုန်သွယ်ရေးဟန်ပန် တခုချင်းစီအတွက် သီးသန့်အတိုင်းအထွာများ ချမှတ်ခြင်းအားဖြင့် ဤပြဿနာကို တစိတ်တပိုင်းဖြေရှင်းနိုင်ပါသည်။ သို့ရာတွင် ‌ဤသို့လုပ်ဆောင်နိုင်ရန် လေ့ကျင့်မှုလိုအပ်ပါသည်။ ဒီမိုအကောင့်တခုသည် သင့်အား stochastic oscillator ကို ကျွမ်းကျင်ပိုင်နိုင်စေရန် ကူညီပေးနိုင်ပါသည်။ ထိုအကောင့်တွင် ဆုံးရှုံးမှုအတွက် ကြောက်ရွံ့စိုးရိမ်စရာမလိုပဲ ကုန်သွယ်နိုင်ပါသည်။ လိုအပ်သော အတွေ့အကြုံရရှိပြီးသောအခါ၊ လက်တွေ့ကုန်သွယ်ရေးကို စတင်နိုင်ပြီ ဖြစ်ပါသည်။

Stochastic Oscillator အမေး၊ အဖြေများ

ဤသည်မှာ နောက်ဆုံးဘား၏ အပိတ်ဈေးနှင့် ယခင် အမြင့်၊ အနိမ့်တန်ဖိုးများကြား ပတ်သတ်ဆက်နွယ်မှု အပြောင်းအလဲများကို ပြသသော နည်းပညာပိုင်းဆ်ုင်ရာ indicator တခုဖြစ်ပါသည်။ ၎င်း၏အကူအညီဖြင့် ကုန်သည်များသည် လမ်းကြောင်းရွေ့လျားမှုအားများ၊ အလှည့်အပြောင်းပွိုင့်များကို ခွဲခြားသိရှိနိုင်ပြီး၊ မည်သည့်အချိန်အပိုင်းအခြားတွင်မဆို ဈေးကွက်၏ ဝယ်လိုအား/ရောင်းလိုအားလွန်ကဲသော အခြေအနေများကို ဆုံးဖြတ်နိုင်ပါသည်။

Indicator တွင် မျဉ်းကွေးနှစ်ခုပါဝင်ပါသည် - %K နှင့် %D indicator များဖြစ်ကြပါသည်။ ပထမတခုသည် ရှေ့ပြေးမျဉ်း သို့မဟုတ် fast stochastic မျဉ်းဖြစ်ပါသည်။ ၎င်းသည် ရွေးချယ်ထားသောကာလအတွက် ဈေးနှုန်းရွေ့လျားမှုအကွာအဝေးအပေါ်မူတည်၍ ဈေးနှုန်း ၏ တည်နေရာကို ကိုယ်စားပြုပါသည်။ %D မျဉ်း (slow stochastic) သည် %K မျ‌ဉ်း၏ ပျမ်းမျှဗားရှင်းဖြစ်ပါသည်။

ဈေးကွက်ကိုခွဲခြမ်းစိတ်ဖြာသောအခါ၊ ကုန်သည်များသည် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးနှုန်းကို ရှာဖွေရန်အလို့ငှာ အဆိုပါမျဉ်းများ အချင်းချင်းဖြတ်ကျော်မှုနှင့် ဝယ်လိုအား/ ရောင်းလိုအားလွန်ကဲသော ဇုန်များအတွင်းရွေ့လျားမှုများကို ထည့်သွင်းစဉ်းစားကြပါသည်။

မူရင်း stochastic oscillator သည် မျဉ်းကွေးနှစ်ခု ဖြစ်သေ fast (main) နှင့် signal (main curve ၏ smoothed version) ကို ပြသပါသည်။ မျဉ်းကွေးများသည် ဝယ်လိုအားနှင့် ရောင်းလိုအား levels များကြား (level 80 နှင့် 20 အတွင်း) အသီးသီး ရွေ့လျားပါသည်။ အချို့သောဗျူဟာများတွင် 50 သည် အဓိက level ဖြစ်ပါသည်။ Key level အားလုံးနှင့်တကွ indicator မျဉ်းများအချင်းချင်း ဖြတ်ကျော်ပြီး‌သောအခါ၊ indicator အတွက် အချက်ပြမှုများအဖြစ် ဆောင်ရွက်ပါသည်။

အဓိကအတိုင်းအထွာသုံးခုဖြင့် oscillator ကို ချိန်ညှိပါသည်။ %K မျဉ်း၏ ကာလသည် indicator မှ လက်ရှိဈေးနှုန်း၏ ကာလကို နှိုင်းယှဉ်ရန် အသုံးပြုရသော ဈေးနှုန်းအကွာအဝေးကို သတ်မှတ်ပါသည်။ %D မျဉ်း၏ကာလသည် slow stochastic ကို ရရှိရန်အတွက် %K မျဉ်းကွေး၏ ချောမွေ့သောအတိုင်းအတာကို ဆုံးဖြတ်ပါသည်။

အရှိန်ကိုလျော့ချလိုက်ခြင်းအားဖြင့် %K မျဉ်း၏ အဓိကကာလကို ချောမွေ့စေပါသည်။ ထို့ကြောင့် ထိုကာလအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ (H1 အပါအဝင်) တိုတောင်းသော timeframes များအတွက် စံသတ်မှတ်ထားသော ဆက်တင်များမှာ (5, 3, 3) သို့မဟုတ် (7, 3, 3) ဖြစ်သည်။ (9, 3, 3)၊ (14, 3, 3) နှင့် (21, 3, 3) ဆက်တင်များသည် H4၊ တနေ့တာနှင့် ပိုမိုရှည်လျားသော timeframes များအတွက် အသုံးဝင်ပါသည်။

စတင်ရန်အတွက် မူရင်းဆက်တင်များကိုသာ အမြဲတစေ အသုံးပြုပါ။ ၎င်းတို့သည် ဈေးကွက်နှင့် timeframe တခုစီအတွက် ကွဲပြားနိုင်ပါသည်။ ကုန်သည်များသည် အမြန်နှင့် အနှေး stochastic များကို မကြာခဏပေါင်းစပ်အသုံးပြုကြလေ့ရှိသည်။ 5.3.3 သည် fast stochastic အတွက် သင့်တော်သော ဆက်တင်ဖြစ်သည်။ မြင့်မားသော timeframe တခုတွင် 14.3.3 သို့မဟုတ် 21.3.3 ဆက်တင်များသည် slow stochastic အတွက် သင့်တော်ပါသည်။

Stochastic oscillator တခုသည် အဝင်နှင့် အထွက် အချက်ပြမှုများစွာကို ပံ့ပိုးပေးပြီး၊ အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးနှုန်း တည်ရှိရာကို ညွှန်ပြပါသည်။ ၎င်းတို့ကြားမှ ရှေ့ဆုံးတခုသည် 80% အထက်တွင် %K နှင့် %D မျဉ်းများ အောက်မှအထက်သို့ဖြတ်ကျော်၍၊ 20%အောက်တွင် အထက်မှ အောက်ဖြတ်ကျော်ကြခြင်းပင်ဖြစ်သည်။ လတ်‌တလော အပိတ်ဈေးနှုန်းနှင့် မျဉ်းကွေး၏ ဦးတည်ရာကြားမှ ကွဲလွဲမှုသည်လည်း ဆန့်ကျင်ဘက်အချက်ပြမှုပင် ဖြစ်ပါသည်။ Bullish နှင့် bearish pattern များမှာမူ ပေါ်ပေါက်ခဲပါသည်။ သို့ရာတွင် ၎င်းတို့သည် တိကျမှုအထူးမြင့်မားသော အချက်ပြမှုများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ကာလတိုဈေးနှုန်းကျဆင်းမှုကို ဖြစ်စေပြီး၊ ၎င်း၏ နောက်တွင် ဦးတည်ရာအလှည့်အပြောင်း ဖြစ်ပေါ်လေ့ရှိပါသည်။

%K နှင့် ချောမွေ့သောမျဉ်းများ၏ အနည်းဆုံးကာလမှာ ၅ မိနစ်ဇယားအတွက် အကောင်းဆုံး ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကုန်သည်များသည် (5, 3, 3) ဆက်တင်များကို အသုံးပြုကြသည်။ ၎င်းတို့သည် လုံလောက်သော အချက်ပြမှုအရေအတွက်ကို ရရှိစေရန် ကူညီပေးပြီး၊ အချက်ပြမှုအများစုမှာ အသုံးဝင်ကြပါသည်။ (7, 3, 3) ဆက်တင်ကို အသုံးပြုမှု နည်းပါးပါသည်။

%K နှင့် ချောမွေ့သောမျဉ်းများအတွက် ပိုမိုကြီးမားသောကာလများကို သတ်မှတ်ပါ။ ဤနည်းအားဖြင့် အချက်ပြမှုအတုအယောင်များစွာကို ကာကွာ်ဟန့်တားနိုင်ပါသည်။ အကယ်၍ သင်၏ stochastic oscillator ကုန်သွယ်ရေးနည်းဗျူဟာသည် မကြာခဏ အချက်ပြမှုများအပေါ် မှီခိုပါက (9, 3, 3) ဆက်တင်ကို အသုံးပြုပါ။ အကယ်၍ အချက်ပြမှု၏ ယုံကြည်စိတ်ချရမှုကို ဦးစားပေးပါက၊ (14, 3, 3) နှင့် (21, 3, 3) အတိုင်းအထွာများသည် အကောင်းဆုံးဖြစ်ပါသည်။

Smoothing moving average အမျိုးအစားကို သတိရပါ။ စမ်းသပ်မှုတွင် ထိရောက်မှုအရှိဆုံးမှာ EMA ဖြစ်ပါသည်။

ရှေ့မှဦးဆောင်သော %K မျဉ်းသည် ပေးထားသောကာလအတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေးမှ လက်ရှိဈေးနှုန်းကြား ကွဲပြားမှုကို ဆုံးဖြတ်ပါသည်။ ၎င်းသည် ဈေးကွက်အတက်၊ အကျများအပေါ် တုံ့ပြန်မှုလွယ်ကူပါသည်။ ထို့ကြောင့်ပင် ၎င်းသည် အသေးဆုံးသော ဈေးနှုန်း အပြောင်းအလဲများကိုပင် တုံ့ပြန်လေ့ရှိပါသည်။

%D မျဉ်းကွေးသည် ပိုမိုချောမွေ့ပြီး၊ ၎င်းသည် %K မျဉ်း၏ ပျမ်းမျှရွေ့လျားမှု ဖြစ်ပါသည်။ %D ၏ ချောမွေ့မှုဒီဂရီအား indicator အတိုင်းအထွာများတွင် သတ်မှတ်ထားပါသည်။

ပုံမှန်အားဖြင့် stochastic oscillator ၏ period သည် %K မျဉ်းကွေး၏ကာလကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ၎င်းသည် လက်ရှိဈေးနှုန်းဖြင့် နှိုင်းယှဉ်ရသော အကွာအဝေး ဖြစ်ပါသည်။ ဆိုလိုသည်မှာ ၎င်းသည် ပင်မမျဉ်း၏ တုံ့ပြန်မှုအတိုင်းအတာအပေါ် အကျိုးသက်ရောက်ပါသည်။ stochastic oscillator ၏ ဆက်တင်များသည် %K နှင့် %D မျဉ်းများ၏ ချောမွေ့သောကာလများကိုလည်း ညွှန်ပြပါသည်။ ၎င်းသည် %K ၏ ပျမ်းမျှရွေ့လျားမှုတခု ဖြစ်ပါသည်။

Stochastic oscillator သည် ရှေးကျသော indicator တခုဖြစ်ပါသည်။ ၁၉၅၀ ပြည့်နှစ်များကပင် စတင်တီထွင်ခဲ့သော်လည်း ကုန်သည်များမှ ယနေ့ထက်တိုင် တွင်ကျယ်စွာ အသုံးပြုနေကြဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကုန်သည်အများစုသည် stochastic oscillator တခုတည်းအပေါ် မှီခိုအားထားခြင်း မပြုကြပါ။ အောင်မြင်သော ကုန်သွယ်ရေးဗျူဟာအများစုသည် stochastic အား အခြားသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။

၎င်းသည် ရွေးချယ်ထားသော ကုန်သွယ်ရေးဗျူဟာအပေါ် မူတည်ပါသည်။

Indicator နှစ်မျိုးစလုံးသည် ကုန်ပစ္စည်း ၏ ဝယ်လိုအားနှင့် ရောင်းလိုအားလွန်ကဲသော ကာလများနှင့်တကွ ၎င်း၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးနှုန်းတည်ရှိရာကို ဆုံးဖြတ်ပေးပါသည်။ ထို့အတူ ၎င်းတို့သည် အကောင်းဆုံးဆက်တင်များပင် ချမှတ်ထားပါစေ၊ အချက်ပြမှုအမှားများကို ထုတ်ပေးနိုင်ပါသည်။

အမျိုးအစားနှစ်ခုစလုံးသည် အခြားအထောက်အကူကိရိယာများနှင့် တွဲဖက်၍ အလုပ်လုပ်ပါသည်။ ၎င်းတို့သည် ရှေးကျသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင်ပါဝင်ပြီး၊ ယနေ့အချိန်ထိ ကုန်သည်အများအပြားကြား ရေပန်းစားဆဲ ဖြစ်ပါသည်။

Stochastic oscillators နှင့် RSI တို့တွင် အကျိုးကျေးဇူးနှင့် ကန့်သတ်ချက်များ ကိုယ်စီရှိကြပါသည်။ သင်၏ကုန်သွယ်ရေးဗျူဟာအပေါ်မူတည်၍ သင့်တော်သော indicator ကို ရွေးချယ်ပါ။

14.3.3 ဆက်တင်ဆိုသည်မှာ အ‌ဓိကမျဉ်း %K သည် candles 14 ခု ဖြစ်ပြီး၊ အချက်ပြမျဉ်း %D သည် candles 3 ခု ဖြစ်ပါသည်။ ချောမွေ့သောကာလမှာ candles 3 ခု ဖြစ်ပါသည်။ အဆိုပါ ဆက်တင်ရှိသော indicator ကို slow ဟုသတ်မှတ်ပါသည်။ ၎င်းသည် ပိုမိုနည်းပါးသော အချက်ပြမှုအရေအတွက်ကို ထုတ်ပေးသော်လည်း မတည်ငြိမ်သောဈေးကွက်အတွင်း ဖြစ်ပေါ်တတ် သည့် ယာယီအတက်၊အကျများပါဝင်မှု နည်းပါးပါသည်။

5.3.3 ဆက်တင်ဖြင့် %K ကာလသည် candles 5ခု ဖြစ်ပါသည်။ အချက်ပြမျဉ်း %D သည် candles 3ခု ဖြစ်ပါသည်။ အဆိုပါ stochastic oscillator အား fast stochastic ဟု ယူဆပါသည်။ ၎င်းသည် အချက်ပြမှုများစွာကို ထုတ်ပေးပါသည်။ သို့သော် ၎င်းတို့အနက်မှ အချို့မှာ မှားယွင်းနိုင်ပါသည်။

StochRSI indicator သည် Stochastic Oscillator နှင့် Relative Strength Index (RSI) တို့၏ သဘောတရားများကို ပေါင်းစပ်ထားသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာတခု ဖြစ်ပါသည်။ ပုံမှန်အားဖြင့် StochRSI တွင် ၎င်း၏ တွက်ချက်မှုအတွက် ရေတွက်သော ကာလမှာ 14 candles ဖြစ်ပါသည်။

အချို့သောကုန်သည်များသည် ၁ မိနစ် scalping အတွက် fast stochastic စံပြအတိုင်းအတာဖြစ်သာ 5.3.3 ဆက်တင်ကို အသုံးပြုကြသည်။ အကယ်၍ သင်၏စိတ်တွင် indicator သည် အဆိုပါဆက်တင်များဖြင့် အချက်ပြမှုအနည်းငယ်ကိုသာထုတ်ပေးသည်ဟု ခံစားရပါက၊ ချောမွေ့စေသောကာလကို ပိတ်ပါ။ %K ကာလကို candles ၃ ခုသို့ လျော့ချခြင်းကိုလည်း လုပ်ဆောင်နိုင်ပါသည်။

Indicator ၏ အဓိကမျဉ်း အထိုင်ချခြင်းသည် ဝယ်လိုအားလွန်ကဲသောဇုန်အတွင်း (80 ၏အထက်) တွင်ဖြစ်ပေါ်ပါက အရောင်းကုန်သွယ်မှုအတွက် အချက်ပြတခုအဖြစ်‌ ဆောင်ရွက်ပြီး၊ ရောင်းလိုအားလွန်ကဲသောဇုန်အတွင်း(20% ၏အောက်တွင် ဖြစ်ပေါ်ပါက) အဝယ်အချက်ပြမှုတခု ဖြစ်ပါသည်။ ဈေးကွက်သို့ဝင်ရောက်ရန်အလို့ငှာ ပိုမိုတိကျသောအချက်ပြမှုများကို ရရှိရန်အတွက်၊ ကုန်သည်များသည် stochastic oscillator ၏ အဓိကမျဉ်းနှင့် အချက်ပြမျဉ်းများ အပြန်အလှန်ဖြတ်ကျော်မှုကိုလည်း အသုံးပြုကြပါသည်။ ဝယ်လိုအားလွန်ကဲသောဇုန်အတွင်း အောက်မှအထက် ဖြတ်ကျော်မှုသည် ဝယ်ယူရန်အချက်ပြမှုဖြစ်ပြီး၊ ရောင်းလိုအား လွန်ကဲသောဇုန်အတွင်း အထက်မှအောက် ဖြတ်ကျော်မှုသည် ရောင်းချရန်ညွှန်ပြပါသည်။

Stochastic oscillator သည် အချိန်ဘောင်အားလုံးအတွက် သင့်တော်ပါသည်။ ထို့ကြောင့် ၎င်းကို day trading၊ swing trading နှင့် ကာလရှည်အထိုင်ချထားသောကုန်သွယ်ရေးများ တွင် အသုံးပြုနိုင်ပါသည်။ သင့်အနေဖြင့် လိုအပ်သော indicator ဆက်တင်များကို သတ်မှတ်ရန် သာလိုအပ်ပါသည်။ Swing trading အတွက် fast stochastic သည် သင့်တော်ပါသည်။ Position trading (ကာလရှည်ကုန်သွယ်ရေး) အတွက် ပို၍နှေးသော slow stochastic (ပိုမိုရှည်လျားသော %K မျဉ်းကွေး)သည် သင့်တော်ပါသည်။

Stochastic သည် ဈေးနှုန်းရွေ့လျားမှုဦးတည်ရာတခု စတင်ချိန်ကို ညွှန်ပြသည့် ကောင်းမွန်သော indicator တခု ဖြစ်ပါသည်။ ၎င်းသည် အချက်ပြမှုများ ထုတ်ပေးရာတွင် အခြားသော oscillator များထက် ပိုမိုမြန်ဆန်သောကြောင့် ကုန်သည်များအား ဈေးကွက်အတွင်း စောလျင်စွာ ဝင်ရောက်နိုင်ရန် ကူညီပေးပါသည်။ Indicator ၏ ထိရောက်မှုသည် ၎င်း၏ဆက်တင်အပေါ် မူတည်ပါသည်။ အကယ်၍ကုန်သည်တဦးသည် မှားယွင်းသော အချက်ပြမှုအရေအတွက်ကို လျော့ချနိုင်ပါက၊ stochastic oscillator သည် ၎င်း၏ ကုန်သွယ်ရေးနည်းစနစ်အတွက် ယုံကြည်စိတ်ချရသော ကိရိယာတခု ဖြစ်လာပါလိမ့်နည်။

Stochastic Oscillator ကောက်နှုတ်ချက်များ

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အကူကိရိယာများတွင် 100% တိကျသော ကိရိယာဟူ၍ မရှိပါ။ Stochastic indicator သည် ထိုအချက်ကို အတည်ပြုပါသည်။ ‌၎င်းသည် အချက်ပြမှုများစွာကို ထုတ်ပေးပါသည်။ သို့သော် ၎င်းတို့မှအချို့သည် အမှားများ ဖြစ်ကြပါသည်။

ဤအားနည်းချက်အား နည်းလမ်းနှစ်ခုဖြင့် ဖြေလျော့နိုင်ပါသည်။

  • ကုန်သွယ်ရေးပစ္စည်းနှင့် အသုံးပြုသောအချိန်ပိုင်းအတွက် လက်တွေ့အသုံးဝင်သော ဆက်တင်များကို ရှာဖွေခြင်း

  • Stochastic အချက်ပြမှုများအား အခြားနည်းပညာပိုင်းဆိုင်ရာ ကိရိယာများဖြင့် စစ်ထုတ်ခြင်း

Triangle နှင့် “Head and Shoulders” အစရှိသော ဆန့်ကျင်ဘက်အချက်ပြပုံစံများနှင့် ဇယားပုံစံများသည် အချက်ပြမှုအား အကောင်းဆုံး အတည်ပြုပေးပါသည်။ Stochastic oscillator အား အခြားသော trend indicator (ဦးတည်ရာပြကိရိယာ) များနှင့် တွဲဖက်အသုံးပြုရန် အလွန်သင့်တော်ပါသည်။ ၎င်းသည် အချက်ပြမှုအတုအယောင်များစွာကို ရှောင်ရှားနိုင်စေရန် ကူညီပေးပါသည်။ Stochastic နှင့် Bollinger Bands တွဲဖက်အသုံးပြုခြင်းအကြောင်းကို ပိုမိုသိရှိနားလည်ရန် အချိန်ယူ၍ လေ့လာပါ။

Stochastic oscillator သည် ချိန်ညှိနိုင်သော အတိုင်းအထွာအရေအတွက်နှင့် ထောက်ပံ့ပေးသောအချက်ပြမှုများ၏ ရိုးရှင်းမှုတို့ကြောင့် အထူးကောင်းမွန်သော အထောက်အကူကိရိယာတခု ဖြစ်ပါသည်။ ထို့ကြောင့် အရည်အသွေးမြင့်မားသော အချက်ပြမှုများကို ရရှိရန်နှင့် နှိုင်းယှဥ်ရန်အလို့ငှာ အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးနှုန်းများကို နေရာချထားရန် လက်တွေ့ လေ့ကျင့်သင့်ပါသည်။

တာမီနယ်သို့ ဝင်ရောက်၍ သင်ကိုယ်တိုင် လေ့လာပါ။

ပြီးပါပြီ။ LiteFinance ဘလော့ကဏ္ဍသို့ စာရင်းပေးသွင်းပါ။ ပိုမိုအသုံးဝင်သော ဆောင်းပါးများသည် သင့်အား စောင့်ကြိုနေပါသည်။


ကံကောင်း၍ အကျိုးအမြတ်ရှိသော ကုန်သွယ်ရေးကို ဆောင်ရွက်နိုင်စေရန် ဆုမွန်ကောင်းများဖြင့် 

လေးစာစွာဖြင့်

Michael @Hypov


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
Stochastic oscillator - ပြီးပြည့်စုံသော လမ်းညွှန်ချက်၊ အကောင်းဆုံး ဆက်တင်များနှင့် ကုန်သွယ်ရေးဗျူဟာများ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat