ဈေးနှုန်းလားရာဖြင့် ကုန်သွယ်သည့်နည်းဗျူဟာများ ကို အုပ်စုများစွာ ခွဲခြားနိုင်သည်။ ဥပမာ အားဖြင့် ဈေးတန်းကျိုးပျက်ခြင်းအပေါ်ကုန်သွယ်ခြင်း သို့မဟုတ် ရေရှည် ရင်းနှီးမြုပ်နှံမှုဗျူဟာ တစ်ခု အပေါ် ကုန်သွယ်ခြင်း။
Swing trading နည်းလမ်းများသည် ပင်မလမ်းကြောင်းပေါ်ရှိ ကာလတိုဈေးအတက်အကျများကို အမိအရ ဆုပ်ကိုင်၍ ဈေးကွက် အနိမ့်ပိုင်းရှိ အကောင်းဆုံးစျေးနှုန်းဖြင့် အရောင်းအ၀ယ် ပြုလုပ်နိုင်စေမည့် ရောင်းဝယ်မှုအပေါ် အခြေခံထားသည်။ လားရာလမ်းကြောင်းကို ကာလ အပိုင်းအခြားတစ်ခု၌ တိကျစွာ ခန့်မှန်းနိုင်ပြီး စတင်လေ့လာသူများအတွက် အကောင်းဆုံး ကုန်သွယ်ရေးနည်းစနစ်များထဲမှ တစ်ခုဟု ယူဆထားသောကြောင့် အန္တရာယ်နည်းပါးသည်။
ဤဆောင်းပါးသည် swing trading နှင့်ဆက်စပ်သော အမေးအများဆုံး မေးခွန်းများကို ဖြေဆိုပေးပါလိမ့်မည်။ Swing trader ဆိုတာ ဘာလဲ? Swing trade ဆိုတာ ဘာလဲ။ အကောင်းဆုံး ကုန်သွယ်ရေးဗျူဟာတွေက ဘာတွေလဲ?
ဆက်လက်ဖတ်ရှု၍ အကောင်းဆုံး swing trading ကုန်သွယ်ရေးနည်းဗျူဟာများ အကြောင်း သိလိုသမျှ ကို လေ့လာနိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Swing trading ဆိုတာ ဘာလဲ
- Swing trading patterns
- Swing trading ၏ စည်းမျဉ်းများ
- Swing trading ဖြင့် အရောင်းအ၀ယ်ပြုလုပ်ရန် အကောင်းဆုံး စတော့များ
- Swing trading အတွက် အကောင်းဆုံးညွှန်ပြချက်ကိရိယာများ
- Swing trading အတွက် အကောင်းဆုံးအချိန်
- Day Trading နှင့် Swing Trading
- အကောင်းဆုံး Swing Trading ဗျူဟာများ
- Swing trade charts
- ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှု
- Swing trading FAQ
- နိဂုံး
Swing trading ဆိုတာ ဘာလဲ
မည်သည့်ဈေးကွက်တွင်မဆို အဓိက အခြေအနေနှစ်ခုရှိသည်- အတက် သို့မဟုတ် အကျ ဟု ခေါ်သော သိသာသည့်ဦးတည်ရွေ့လျားမှု (လမ်းကြောင်းရွေ့လျားမှု) နှင့် ဦးတည်ချက်မဲ့သော ရွေ့လျားမှု - ဘေးတိုက်စျေးနှုန်းရွေ့လျားမှုတို့ဖြစ်သည်။ ဈေးနှုန်းလမ်းကြောင်းကိုဆန့်ကျင်ဘက် ကုန်သွယ်သော (Counter- trending) ဗျူဟာများတွင် ဖြစ်နိုင်ချေရှိသော ဈေးနှုန်းအလှည့်အပြောင်း မဖြစ်မီ အရောင်းအဝယ်ဖွင့်ထားခြင်းများ ပါဝင်သည်။ သို့သော် သီအိုရီအရ "လမ်းကြောင်းသည် ကုန်သည်၏မိတ်ဆွေ" ဟု ဆိုထားပြီး ဈေးနှုန်းလားရာဖြင့် ဆန့်ကျင်စွာ ကုန်သွယ်သော နည်းဗျူဟာများသည် ကုန်သည်၏ငွေကို လျင်မြန်စွာဆုံးရှုံးစေမည့် နည်းလမ်းတစ်ခု ဖြစ်သည်။
Swing trading ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် အရ နည်းစနစ်သည် ကာလတို အရ ယာယီဈေးကျမှု ၏ ဈေးကွက်အနိမ့်ပိုင်း၌ စျေးနှုန်းရွေ့လျားမှု၏ ဦးတည်ချက်တွင် အရောင်းအဝယ်ဖွင့်ခြင်းများ ပါဝင်သည့် ဈေးနှုန်းလမ်းကြောင်းဖြင့်ကုန်သွယ်သော နည်းဗျူဟာ အမျိုးအစားများထဲမှတစ်ခု ဖြစ်သည်။ ဤနည်းစနစ်သည် ဆွဲဆောင်မှုရှိပြီး ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ်လိုက်နာခြင်းဖြင့် အမြတ်အစွန်းရရှိမှုထက် ဆုံးရှုံးမှုဖြစ်စေသော ကုန်သွယ်မှု အရေအတွက်မှာ အတော်လေးနည်းပါးပြီး ဗျူဟာသည် အတွေ့အကြုံမရှိသေးသော ကုန်သည် တစ်ဦးအတွက်ပင် လွယ်ကူသောကြောင့်ဖြစ်သည်။
Swing trading သည် ဈေးနှုန်းလမ်းကြောင်းဖွဲ့စည်းချိန်၌ ဈေးပြုပြင်မှု (corrections) ကို အသုံးချသည့် ကုန်သွယ်မှုပုံစံတစ်ခုဖြစ်သည်။
သမိုင်းအကျဉ်း
ဤနည်းပညာကို ပြီးခဲ့သည့် ရာစုနှစ် အလယ်ပိုင်းမှ J. Douglas Taylor ၏ စာအုပ်ဖြစ်သော The Taylor Trading Technique ၌ အသေးစိတ် ဖော်ပြထားခဲ့သည်။ သူသည် စျေးကွက်၏ လှိုင်းအသွင် ရွေ့လျားမှုကို ဆန်းစစ်ကာ ၎င်းအပေါ်တွင် နေ့စဉ်လည်ပတ်မှုများကို ဖော်ထုတ်ပြပြီး ၎င်းတို့ကို သီးခြားကဏ္ဍများအဖြစ် ခွဲထုတ်ထားသည်။ နောက်ပိုင်းတွင် သူ၏အကြံဉာဏ်များကို အခြားကုန်သည်များ က ဆန်းသစ်တီထွင်ခဲ့ကြသည်။ စနစ်၏အမည်သည် swing ဟူသောစကားလုံး မှ ဆင်းသက်လာသည်။
Swing trading နည်းဗျူဟာ၏နိယာမ
Swing trade ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ swing trading ၏ နိယာမမှာ အောက်ပါအတိုင်းဖြစ်သည်။ စျေးကွက်တွင် သိသိသာသာ ဦးတည်သောစျေးနှုန်းရွေ့လျားမှုရှိပါက၊ ၎င်းကို အသုံးပြုသင့်သည်ဟု ယုတ္တိဗေဒအရ အကြံပြုထားသည်။ သို့သော် လမ်းကြောင်းပြန်လှည့်လာမည် ဟူသော အာမခံချက် ဘယ်မှာရှိမလဲ ?
Swing trading တွင် ဈေးနှုန်းလားရာလမ်းကြောင်း၏ဆန့်ကျင်ဘက် ယာယီဈေးပြန်လှည့်သည့်အချိန်တွင် ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်သင့်သည်။ ဥပမာအားဖြင့် စျေးနှုန်းအားကောင်းလာသော လမ်းကြောင်း တစ်ခုတွင် အနည်းငယ်ပြန်ဆုတ်ပြီးမှ ပင်မလမ်းကြောင်းရွေ့လျားမှုဆီသို့ တစ်ဖန် ပြန်လှည့်သွားခြင်း ဖြစ်သည်။ ဤအချိန်တွင် စျေးနှုန်းသည် အနည်းဆုံးတော့ ယခင်ရောက်ရှိခဲ့သည့် ဈေးတန်းသို့ ပြန်လှည့်မည် ဖြစ်ကြောင်းထင်ရှားသည် (ယာယီလမ်းကြောင်းပြန်လှည့်ခြင်း ကို လမ်းကြောင်းတစ်ကြောင်းလုံး အလှည့်အပြောင်းဖြစ်ခြင်းမှ ခွဲခြားတက်ရန် လိုအပ်သည်)။
သရုပ်ဖော်မှုအရ ဤသို့ဖြစ်သည်၊
ကျွန်ုပ်တို့သည် လမ်းကြောင်း၏အစကို ရှာဖွေပြီး နောက်ပြန်လှည့်ရန် စောင့်ပါ။ ပထမအကြိမ် ပြန်လှည့်ခြင်း ၏ အောက်ခြေတွင် လမ်းကြောင်းပြန်လည်၍ ဆက်လက်ရွေ့လျားသောအခါတွင် ဈေးနှုန်းသည် အနည်းဆုံး ယခင်အမြင့်သို့ ရောက်ရှိမည်ဟူသော မျှော်မှန်းချက်ဖြင့် အဝယ် ဖွင့်လိုက်သည် (အဝါရောင် အမှတ်)။ ယာယီအလှည့်အပြောင်းဖြစ်နိုင်ခြင်း၏ ပထမဆုံး သိသာထင်ရှားသော လက္ခဏာတွင် အရောင်းအဝယ်ကို ပိတ်လိုက်သည် (နောက်ပိုင်းတွင် အလှည့်အပြောင်းဖြစ်စဉ်များကို ဖော်ထုတ်ရန် အသုံးပြုသည့် ကိရိယာများအကြောင်း ပြောပြပါမည်)။ ထို့နောက် အားကောင်းလာသောလမ်းကြောင်းတစ်လျှောက် ၌ ထိုအတိုင်း ပြုလုပ်သည်။
အထွတ်အထိပ်ဈေးသို့ ရောက်ပြီးနောက် တိကျပြီး ရှည်လျားသော အောက်ဘက်ဦးတည်နိုင်သည့် အနေအထားကို ကျွန်ုပ်တို့ တွေ့ရှိရပါက၊ အရောင်းအဝယ် မဖွင့်တော့ပါ။ ကျွန်ုပ်တို့သည် အလှည့်အပြောင်း ဖြစ်နိုင်သည့် နောက်အနေအထားတစ်ခုကို စောင့်ဆိုင်းပြီး အားကောင်းနေသော လမ်းကြောင်းသည် အားလျော့လာကြောင်း တွေ့မြင်ရသောကြောင့် အကျဘက်လမ်းကြောင်း စတင်ပြီဖြစ်သည်။ အထက်သို့ ဈေးယာယီပြန်လှည့်သည့်အချိန်၌ ကုန်သွယ်မှုတစ်ခု ဝင်ရောက်လိုက်သည် (အစိမ်းရောင် အမှတ်) ။
အားသာချက်များ
Swing trading ၏ အကျိုးကျေးဇူးများ-
- Swing trading သည် ကုန်သည်အများစု အသုံးပြုကြပြီး အရောင်းအဝယ် ဝင်ရမည့် ဈေးတန်းများကို မကြာခဏပေးစွမ်းနိုင်သည်။ မည်သည့်ဦးတည်ချက်တွင်မဆို ယာယီအလှည့်အပြောင်း ဖြစ်သည့် အခါတွင် အရောင်းအ၀ယ်ဝင်ပါ။ ယာယီအလှည့်အပြောင်းဖြစ်ပေါ်မှု၏ ထိပ်ဘက်ဈေးတန်းတွင် အရောင်းအဝယ်ဖွင့်၍ ကာလတို ဈေးနှုန်းအတက်အကျ မှ အမြတ်ရယူပါ။ ထို့ကြောင့် ယာယီ အလှည့်အပြောင်း ဖြစ်ပေါ်ခြင်းနှင့် လမ်းကြောင်းတစ်ကြောင်းလုံး အလှည့်အပြောင်းဖြစ်ပေါ်ခြင်း ကြား ခွဲခြားရန် အရေးကြီးပါသည်။
- မြန်ဆန်သောကုန်သွယ်မှုရလဒ်။ Swing trading သည် နာရီအနည်းငယ်အတွင်း ထိရောက်မှု ရှိကြောင်း ထင်ရှားသော ကာလတိုကုန်သွယ်ရေးဗျူဟာတစ်ခုဖြစ်သည်။ ယုတ္တိကျသော ရှုထောင့်အရလည်း အားသာချက်တစ်ခုဖြစ်သည်။ ကုန်သည်အနေဖြင့် မိနစ်အနည်းငယ်အတွင်း အမှားတစ်ခုတွေ့ရှိပါက၊ ၎င်း၏ဆုံးရှုံးနေသည့် အရောင်းအဝယ်ကို အမြန်ပိတ်ပြီး အသစ်တစ်ခုကို ဖွင့်နိုင်သည်။
- Swap စရိတ်မရှိပါ။ Swap သည် တစ်ညတာကျော်လွန်၍ ဖွင့်ထားသော အရောင်းအဝယ်အတွက် စရိတ်စက ဖြစ်သည်။
အားနည်းချက်များ
Swing trading ၏အားနည်းချက်များ-
- ကုန်သွယ်မှုတစ်ခု၏ရလာဒ်အရ အမြတ်အစွန်းနည်းပါးသည်။ Swing trader တစ်ဦးသည် ယာယီဈေးနှုန်းပြန်လှည့်သည့်အခိုက် အကောင်းဆုံးစျေးနှုန်းဖြင့် စျေးကွက်ထဲသို့ ဝင်ရောက်ပြီးနောက် တစ်ဖန်ဈေးပြောင်းပြန်လှန်ချိန်တွင် ကုန်သွယ်မှုကို ပိတ်သည်။ ပျမ်းမျှအားဖြင့် ရွေ့လျားမှုတစ်ခုသည် အချိန်ပေါ် မူတည်၍ 5-15 pips ဖြစ်သည်၊ ပျမ်းမျှမတည်ငြိမ်မှု ဖြစ်ပေါ်စဉ်အတွင်း တနေ့တာကုန်သွယ်သည့်ဗျူဟာများတွင် 20 pips ထက်ပို၍ အမြတ်ယူနိုင်သည်။ Scalping သည်သာ အမြတ်အစွန်းနည်းပါးသည်။
- စျေးကွက် ၏ ပုံမှန်လှုပ်ရှားမှုများကိုနားလည်ရန် swing trade ကုန်သွယ်ရေးဗျူဟာကို အောင်မြင်စွာအသုံးချ၍ သတင်းများ ကို အဆက်မပြတ် စောင့်ကြည့်ရန်လိုအပ်သည်။
- စီးပွားရေးအရ သက်ရာက်မှုများ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံသူများ၊ စျေးကွက်ဖန်တီးသူများ၏ သြဇာလွှမ်းမိုးမှုကြောင့် ကာလတိုအရ ဈေးကွက်တွင် ယာယီအလှည့်အပြောင်းများ ဖြစ်ပေါ်နိုင်သည်။ ကုန်သည်တစ်ဦးသည် လက်ရှိစျေးနှုန်းလှုပ်ရှားမှု၏ အကြောင်းရင်းကို နားလည်ရပါမည်။ ထို့ကြောင့် သတင်းထုတ်ပြန်မှုကို အမြဲခြေရာခံပြီး ပင်ကိုယ်အရည်အချင်း ရှိရန် နှင့် ကုန်သွယ်မှုဆုံးဖြတ်ချက်များကို လိုက်လျောညီထွေစွာဖြင့် လျင်မြန်စွာ ချိန်ညှိမှုမျိုး ရှိရမည်။
- စိတ်ပိုင်းဆိုင်ရာဖိစီးမှု။ ကုန်သည်တစ်ဦးသည် လမ်းကြောင်းကို ခွဲခြားသတ်မှတ်ပြီး အကောင်းဆုံး ဝင်ရောက်မှုအမှတ်များကို အဆက်မပြတ်ရှာဖွေကာ အရောင်းအ၀ယ်များကို အချိန်မီထွက်ရမည် ဖြစ်သည်။ ကွန်ပြူတာရှေ့ တစ်ချိန်လုံးရှိနေလျှင် မောပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု ဆုံးရှုံးပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ခံစားရနိုင်ပါသည်။
Swing trading patterns
အောက်တွင် ကုန်သည်အများစု ဦးစားပေး ကုန်သွယ်သည့် swing trading ပုံစံများကို သတ်မှတ်ဖော်ပြပါမည်။
- Pin bar ပါဝင်သော Hammer နှင့် Inverted Hammer ။ ဤပုံစံသည် မကြာမီတွင် ယာယီပြန်လှည့်ခြင်း ပြီးဆုံးတော့မည်ကို ဆိုလိုသည်။ ကျဆင်းနေသာ ယာယီလမ်းကြောင်း ၏ အဆုံးရှိ pin bar - တိုတုတ်သော candle ကိုယ်ထည် နှင့် candlestick အောက်ပိုင်းတွင် ရှည်လျားသည့် shadow ရှိသော ပုံစံ။
Pin bar တစ်ခုဆိုသည်မှာ လက်ရှိအချိန်ကာလတွင် အရောင်းသမားများသည် စျေးနှုန်းကျဆင်းစေရန် ကြိုးပမ်းခဲ့သော်လည်း ကာလအဆုံးတွင် အပိတ်စျေးနှုန်းသည် ယခင်ဈေးသို့ ပြန်လည် ရောက်ရှိလုနီးပါး ဖြစ်သည် - အရောင်းအားလုံလောက်စွာ မခိုင်မာခဲ့ပေ။ Pin bar သည် အောက်ဘက်သို့ ယာယီကျဆင်းမှုတွင် အစိမ်းရောင်ကိုယ်ထည်ရှိပြီး၊ အတက်ဘက်သို့ ယာယီမြင့်တက်မှုတွင် အနီရောင် ကိုယ်ထည်ရှိသောအခါ ပိုမိုအားကောင်းသည့် အချက်ပြမှု ဖြစ်သည်။
ရှည်လျားသော candle-wick ရှိနေရန် အမြဲတမ်းမလိုအပ်ပါ။ နောက်ဆက်တွဲ candlestick တစ်ခုစီတွင် သေးငယ်သောကိုယ်ထည်ရှိပါက ယာယီပြန်လှည့်သည့်လမ်းကြောင်းမှာ အားလျော့နေသည်ဟု ဆိုလိုသည်။ နောက်တဖန် ပင်မလမ်းကြောင်းသို့ ပြန်လှည့်သည့်အခါ ကုန်သွယ်မှုတစ်ခု ဝင်ရောက်နိုင်သည်။
ဥပမာ-
ပုံတွင် မြင်ရသည့်အတိုင်း အဆင်းလမ်းကြောင်းရှိ ယာယီပြန်တက်မှုအားလုံးသည် အလွန်သေးငယ်သော ကိုယ်ထည် နှင့် ရှည်သော candle-wick ပါသည့် candlestick ဖြင့် အဆုံးသတ်သည်။ သို့သော် ပုံစံများကိုသာ အားကိုးမနေသင့်ပါ။ ညွှန်ပြချက်ကိရိယာများထည့်ပါ၊ ဇယားပေါ်တွင် ခိုင်မာသော ဝယ်လိုအား/ ရောင်းလိုအားမျဉ်းများကို ဆွဲပါ။
- Swing Failure Pattern ဤပုံစံသည် အမြဲတမ်းနီးပါး အလုပ်လုပ်သောကြောင့် အထင်ရှားဆုံး swing trading ပုံစံများထဲမှ တစ်ခုဟု ယူဆပါသည်။ သို့သော် ထိုသို့သောပုံစံကိုတွေ့ရှိရန် အလွန်ခက်ခဲပြီး ၎င်းသည် ၎င်း၏ စံပုံစံအရ ဖြစ်ပေါ်ရန်ခဲယဉ်းသည်။ ဤပုံစံကို Tom Dante ဆိုသူက တွေ့ရှိခဲ့ပြီး ယခင် ဈေးတန်း၏ အမြင့်ပိုင်း-High သို့မဟုတ် အနိမ့်ပိုင်း-Low အား အယောင်ပြကျိုးပျက်စေခဲ့သည့် candlestick ပုံစံ ဟု ခေါ်ဆိုခဲ့သည်။
သရုပ်ဖော်ပုံအရ swing failure pattern မှာ ဤကဲ့သို့ဖြစ်သည်-
ပုံတွင် ပင်မ အဆင်းလမ်းကြောင်း တစ်ကြောင်းရှိနေပြီး ယာယီပြန်လည်၍ မြင့်တက်မှုဖြစ်ပေါ်နေသည်။ အမှတ် "1" သည် ယင်းလမ်းကြောင်းအရ အမြင့်ဈေးတန်းဖြစ်ပြီး ယာယီမြင့်တက်မှု၏ အမြင့်ဆုံးအမှတ် ဖြစ်သည်၊ ထို့ကြောင့် ဆက်လက် ကျဆင်းနိုင်မည်ဟု တွက်ဆ၍ အရောင်းပြုလုပ်နိုင်သည်။ အဆိုပါ ဈေးတန်း၌ သတ်မှတ်ရမည်မှာ-
- အမှတ်မထင် စျေးနှုန်းပြောင်းပြန်ဖြစ်ပြီး ပြန်တက်နိုင်ခြင်းကို ကာကွယ်ရန် အရှုံးခံဈေးတန်း သတ်မှတ်ခြင်း။
- စျေးနှုန်းပြန်တက်လာမည် ဟု ယုံကြည်သောသူများ မှ ကြိုတင်ထားရှိသည့် Buy Stop အော်ဒါများ။.
ကုန်သည်ကြီးများသည် ငွေပုံငွေရင်းဖြင့် ငွေဖြစ်လွယ်မှုကို စိတ်ဝင်စားကြသည်။ စျေးကွက်ဖန်တီးသူများသည် ကြီးမားသောပမာဏဖြင့် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ရန် ကြိုးစားကြပြီး ၎င်းစျေးနှုန်းကို မထိခိုက်နိုင်ပေ။ ၎င်းတို့သည် အော်ဒါများ မည်သည့်ဘက်တွင် စုပုံနေခြင်း နှင့် စျေးကွက်၏အတိမ်အနက်ကိုမြင်ရပြီး ကုန်သည်ကြီးများသည် ယခင် ရောင်းလိုအားဈေးတန်းကို ကျော်ဖြတ်လာသည့် အသစ်ဖြစ်ပေါ်သော အမြင့်ဈေးတန်းများကို စောင့်ဆိုင်းကာ ကုန်သွယ်မှုပြုလုပ်ကြသည်။
အမှတ် "2" တွင် အရောင်း ကုန်သွယ်မှုများအတွက် အရှုံးခံဈေးတန်းများ ဖြစ်ပေါ်ခဲ့ကာ အဝယ်သမားများ အတွက် Buy Stop အော်ဒါများဖြစ်ပေါ်ခဲ့ပြီး စျေးကွက်ဖန်တီးသူများသည် စျေးနှုန်းကို အဆင်းလမ်းကြောင်း ဘက် ပိုမိုနိမ့်သထက်နိမ့်အောင် တွန်းပို့နိုင်သည်။ အမှတ် “3” တွင် ကုန်သည်အနေဖြင့် ဈေးကွက်ပုံစံအရ အရောင်း ပြုလုပ်သည်။
Swing Failure Pattern ကို ဖွဲ့စည်းရန် အခြေအနေများ-
- အချိန်သတ်မှတ်ချက်သည် H1 ဖြစ်သည်။ ဤသည်မှာ လိုက်နာရမည့်အခြေအနေမဟုတ်သော်လည်း သီအိုရီက နာရီပိုင်းဇယားကို အသုံးပြုရန် အကြံပြုထားသည်။
- ပုံသဏ္ဍာန်သည် ဈေးနှုန်းလားရာလမ်းကြောင်း ရှေ့တွင် ဖွဲ့စည်းသင့်သည်။
- အယောင်ပြဈေးတန်းကျိုးခြင်းသည် ရှင်းလင်းသော ယာယီဈေးပြန်လှည့်မှုဖြစ်စဉ်၏ ရှေ့တွင် ရှိသင့်သည်။ ဈေးကွက် ၏ အဆိုပါ အချိန် အမြင့် နှင့် အနိမ့် ကို ရှင်းလင်းလင်းမြင်ရသင့် သည်။
ဒုတိယအကြိမ် ယာယီပြန်လှည့်မှု ဆက်လက်မဖြစ်ပေါ်ဘဲ ပထမ ဈေးအနိမ့်ပိုင်းထက် အနည်းငယ်ကွာ၍ ဈေးပိတ်ပါက၊ ဆန့်ကျင်ဘက် candlestick ပေါ်လာသည်နှင့် ပင်မလမ်းကြောင်း ဦးတည်ချက်တွင် အရောင်းအဝယ်ကိုဖွင့်ပါ။
ဥပမာ-
ယာယီပြန်လှည့်မှုနောက်တွင် အတက်လမ်းကြောင်းတစ်ခုရှိနေပါသည်။ အမှတ် “1” တွင် ဈေးအနိမ့်မှတ် ကို ဖွဲ့စည်းသည်။ ယာယီဈေးပြန်လှည့်မှုမှာ ပြတ်သားစွာဖြစ်ပေါ်ပြီး အတက်လမ်းကြောင်းအတိုင်း တြိဂံပုံသဏ္ဍန်တစ်ခု ဖွဲ့စည်းလာသည်။
အမှတ် “2” တွင် Swing Failure candlestick ပုံစံ ပေါ်လာလေသည်၊ candle-wick သည် ယခင် အနိမ့်မှတ်အောက်တွင် ပိတ်သွားသည်။ နောက်ဖြစ်ပေါ်သော candlestick မှာ မြင့်တက်လာသောကြောင့် အမှတ် “3” တွင် အဝယ် ဖွင့်လှစ်လိုက်သည်။
ရှားပါးသော ဥပမာတစ်ခုဖြစ်သော်လည်း အရောင်းသမားများသည် အမှတ် “4” တွင် ဝယ်လိုအား ဈေးတန်းကို ချိုးဖျက်ရန် ကြိုးစားပြန်သည်။ အမှတ် “5” ၌ နောက်ထပ် အဝယ်တစ်ခုကို ဖွင့်လိုက်သည်။
Swing trading ၏ စည်းမျဉ်းများ
Swing trading ဗျူဟာ၏ စည်းမျဉ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- Swing trading နည်းဗျူဟာ၏ ရည်မှန်းချက်မှာ ကုန်သွယ်မှုအနည်းငယ်ကို ဖွင့်ပြီး ဖြစ်နိုင်သမျှ အချိန်အကြာဆုံး စျေးကွက်တွင် ထားရှိရန်ဖြစ်သည်။ ယခင်နမူနာမှ အနည်းဆုံးသော ဆုံးရှုံးနိုင်ချေ ၏ ရှုထောင့်မှကြည့်လျှင် ပထမဆုံးဖြစ်ပေါ်သော ဈေးအလှည့်အပြောင်းတွင် (အနီရောင်အမှတ်များ) ကုန်သွယ်မှုမှ ထွက်လိုက်ခြင်းသည် အဓိပ္ပါယ်ရှိသည်။ သို့သော် အရှုံးခံဈေးတန်းကို အသုံးပြု၍ လမ်းကြောင်းပြောင်းသွားသည်အထိ ကုန်သွယ်မှုအားလုံးကို ထိန်းထားနိုင်ပြီး နောက်လာမည့်ကုန်သွယ်မှုကို ယာယီဈေးပြန်လှည့်မှုအပေါ်တွင် ဖွင့်လှစ်ကာ အကျိုးအမြတ်ဖြစ်စေမည့် ဈေးတန်းအမှတ်သတ်မှတ်ခြင်းဖြင့် သေချာမှုရှိနိုင်စေသည်။
- ကုန်သွယ်မှုကို ရှည်လျားသော အချိန်အပိုင်းအခြားဖြင့် ဆောင်ရွက်ကြသည်။ သီအိုရီအရ candles ၂ခု မှ ၄ ခု ဖြင့် နေ့စဉ်အပိုင်းအခြားကာလ ကို အသုံးပြုရန် အဆိုပြုထားသည်။ ဤအခြေအနေတွင် swap ကို သတိပြုသင့်သည်။ အခြားရွေးချယ်စရာတစ်ခုမှာ H1 နှင့် H4 ကာလများဖြစ်ပြီး တနေ့ထဲတွင် အရောင်းအဝယ်ကို နာရီပေါင်းများစွာ ထိန်းထားခြင်းဖြစ်သည်။
စျေးနှုန်းအတက်အကျများမှုသည် စနစ်အတွင်းသို့ ကြိုတင်မမှန်းဆနိုင်ခြင်း နှင့် မညီမျှမှုကို ဖြစ်စေသောကြောင့် ပိုမိုတိုတောင်းသော အချိန်ကာလများကို အသုံးမပြုသင့်ပါ။
- အားကောင်းလာသောလမ်းကြောင်းတစ်ကြောင်းအတွက် ယာယီနောက်ပြန်လှည့်ခြင်း၏ အောက်ခြေ အမှတ်သည် နောက်ဆုံးဖြစ်ပေါ်ခဲ့သည့်အနိမ့်အမှတ် အထက်ဖြစ်သင့်သည် - ၎င်းသည် ဆက်လက်ရွေ့လျား မည့် လက္ခဏာတစ်ခုဖြစ်သည်။ အကယ်၍ အောက်ခြေအမှတ်သည် ယခင်အနိမ့်ဆုံးအမှတ်အောက်တွင် ရှိနေပါက၊ အလှည့်အပြောင်းဖြစ်ရန် ဖြစ်နိုင်ခြေ မြင့်မားသည်။
ဥပမာ-
အနီရောင်မျဉ်းများသည် အတက်ဘက် ရွေ့လျားမှုဖြစ်ပေါ်နေစဉ်အတွင်း ယာယီဈေးပြန်ကျမှုများကို ထိန်းသိမ်းထားသည့် ဝယ်လိုအားမျဉ်းများဖြစ်သည်။ အစိမ်းရောင်မျဉ်းသည် ယခင်အနီရောင်မျဉ်း အောက်တွင်ရှိနေသည်။ ဤသည်မှာ လမ်းကြောင်း အလှည့်အပြောင်းဖြစ်ရန်အတွက် အချက်ပြမှုတစ်ခု ဖြစ်သည်။
- စျေးနှုန်းသည် နောက်ဆုံး ရောက်ရှိခဲ့သည့် အမြင့်သို့ ပြန်လှည့်ခဲ့ပြီးနောက် (ယာယီဈေးအလှည့်အပြောင်း ၏အစမှတ်အထိ) မဆုံးရှုံးတော့သည့် ဈေးတန်းတွင် trailing stop တစ်ခုဖြင့် အရောင်းအဝယ်ကို သေချာအောင် ပြုလုပ်လိုက်သည် (အရောင်းအဝယ်ဝင်သည့်အမှတ်တွင် trailing အမှတ်ကို သတ်မှတ်ခြင်း )။ မှန်ကန်စွာ ဖွင့်လှစ်ထားခဲ့သော ကုန်သွယ်မှုအားလုံးကို အရှုံးခံဈေးတန်း သို့မဟုတ် အမြတ်ရယူခြင်းဖြင့် ပိတ်ခဲ့သည်။
အရေးကြီးသောမှတ်ချက်။ ပုဂ္ဂလကုန်သည်အများစု သတ်မှတ်သည့် ၎င်းတို့၏ အရှုံးခံဈေးတန်းအမှတ်များကို သိထားသော စျေးကွက်ဖန်တီးသူများ၏ စျေးနှုန်းအပေါ်လွှမ်းမိုးမှုရှိနိုင်သည်။ ယာယီဈေးနှုန်း ပြန်လှည့်မှုတစ်ခုတွင် စျေးနှုန်းကို ယခင်ဖြစ်ပေါ်ထားသည့် အမြင့်ဆုံး (သို့မဟုတ်) အနိမ့်ဆုံး ဈေးတန်းသို့ တွန်းပို့နိုင်သဖြင့် အရောင်းအဝယ်များမှာ အရှုံးခံဈေးတန်းဖြင့် ပိတ်သွားလိမ့်မည်ဖြစ်ပြီး စျေးနှုန်းသည် ပင်မဦးတည်ချက်သို့ ပြန်လည်ဝင်ရောက်သွားမည်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့တွင် ရွေးချယ်စရာသုံးခုရှိသည်။ အလှည့်အပြောင်းတစ်ခုပေါ်လာသောအခါ (ဇယားကို စောင့်ကြည့်ရန်အချိန်ရှိပါက) ကုန်သွယ်မှုကိုပိတ်ပါသည်။ ကျွန်ုပ်တို့သည် အရောင်းအဝယ်အား trailing stop ဖြင့် သေချာစေသည် (အကျိုးဆောင် ကုန်သွယ်ရေးဆာဗာနှင့် တည်ငြိမ်သော ချိတ်ဆက်မှုရှိပါက)။ သို့မဟုတ် အမြင့်ဆုံး (သို့မဟုတ်) အနိမ့်ဆုံးအမှတ် ၌ မဟုတ်ဘဲ ထိုအမှတ်များနှင့် အနည်းငယ်အလှမ်းဝေးသော အမှတ်၌ အရှုံးခံအမှတ်ကို သတ်မှတ်ခြင်းဖြစ်သည်။
- မတည်ငြိမ်မှုမြင့်မားခြင်း နှင့် ဦးတည်ချက်ပျောက်နေချိန်အတွင်း အရောင်းအ၀ယ်မလုပ်ပါနှင့်။ ထိုသို့ပြုလုပ်ရန် မတည်ငြိမ်မှုမြင့်မားခြင်း ဖြစ်နိုင်သည့်အချိန် ကို သိရန် လိုအပ်သည်။ အင်တာနက်ပေါ်ရှိ ရင်းနှီးမြုပ်နှံမှုဝဘ်ဆိုဒ်များတွင် မတည်ငြိမ်မှု ပမာဏတွက်ချက်သည့် ဂဏန်းတွက်စက်ကိုဖွင့်ပြီး နေ့စဉ် လှုပ်ရှားမှု၏ ပမာဏကို ပျမ်းမျှတန်ဖိုးနှင့် နှိုင်းယှဉ်ပါ။
- အရောင်းအဝယ်များ ဆုံးရှုံးခြင်းအတွက် ပျမ်းမျှခြင်းချသည့် နည်းလမ်းနှင့် အခြားသော အလားတူ နည်းလမ်းများကို အသုံးမပြုပါ။
- ဆုံးရှုံးနေသော အရောင်းအဝယ်များအား နောက်တစ်နေ့မကူးခင် ပိတ်ပါ။ ကုန်သည်၏ ပန်းတိုင်သည် အနည်းဆုံး ကုန်ကျစရိတ်ဖြင့် အမြတ်အများဆုံးရရှိရန်ဖြစ်သည်။
Swing trading ၏ အခက်အခဲများထဲမှတစ်ခုမှာ ဈေးနှုန်းဖော်ပြချက်ဇယားကို အဆက်မပြတ်စောင့်ကြည့်ရန် လိုအပ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှု ဖြစ်သည်။ ကုန်သည်သည် အရောင်းအဝယ်ဝင်ရမည့် ဈေးတန်းကို ဈေးကွက်၏ ကနဦးလှုပ်ရှားမှုဆက်လက် ရွေ့လျားနေကြောင်း သေချာနေချိန်တွင် ရှာဖွေရမည်ဖြစ်ပြီး ဆန့်ကျင်ဘက် ရွေ့လျားမှုအသစ်၏ အလှည့်အပြောင်း ၌ ရှာဖွေခြင်းမဟုတ်ပါ။
ဥပမာ-
ယာယီကျဆင်းမှုများဖြင့် ဖွဲ့စည်းလာသော အတက်လမ်းကြောင်းတစ်ကြောင်းသည် ဝယ်လိုအားဈေးတန်း တည်ဆောက်ခြင်းကို ဖြစ်ပေါ်စေသည်။ ထိပ်ဆုံး၌ (ကုန်သည်သည် “ထိပ်” မှန်းမသိသေးပါ) အောက်ဘက်သို့ပြန်လှည့်လာသော အောက်ခြေအမှတ်ကို အနီရောင်အစက်ဖြင့် ညွှန်ပြထားသည်။ Swing trading သီအိုရီနှင့်အညီ ဤနေရာတွင် ကုန်သွယ်မှုတစ်ခုဖွင့်နိုင်သည်။
သို့သော် သတိပေးပါရစေ- ပြန်ကျလာသည့်အောက်ခြေအမှတ်သည် ယခင်အနိမ့်ဆုံးအမှတ်ထက် နိမ့်နေပါက၊ အဆိုပါ ယာယီပြန်လှည့်မှု သည် ဆန့်ကျင်ဘက်လမ်းကြောင်းသစ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။ ဇယားတွင် မြင်ရသည့်အတိုင်း ဖြစ်သည်။
Swing trading တွင် အရေးအကြီးဆုံးကျွမ်းကျင်မှုမှာ လမ်းကြောင်းအားကောင်းမှု၊ အလှည့်အပြောင်း ဖြစ်ပေါ်သည့်အခိုက်အတန့် ကို ဆုံးဖြတ်ခြင်းနှင့် ယာယီဈေးနှုန်းအလှည့်အပြောင်းမှတဆင့် စျေးနှုန်းရွေ့လျားမှု၏ ဦးတည်ချက်ပြောင်းလဲခြင်း အဖြစ်သို့ ခွဲခြားရန် သင်ယူခြင်း ဖြစ်သည်။ သို့မှသာ အနာဂတ်ရလဒ်များကို ကြိုတင်ခန့်မှန်းနိုင်မည်ဖြစ်သည်။
အချို့သော နည်းစနစ်များက အရောင်းအဝယ် ဖွင့်ခြင်းကို wave theory နှင့် ချိတ်ဆက်ရန် အကြံပြုထားသည်။ စနစ်အရ အားကောင်းလာသောလမ်းကြောင်းတွင် 3, 5, 9 ဟု သတ်မှတ်သော ပင်မလမ်းကြောင်း ရွေ့လျားမှုများနှင့် ယာယီပြန်လှည့်မှုများဖြင့် လည်ပတ်နိုင်သည်။ အဆိုပါပုံစံများအား လေ့လာလိုလျှင် လေ့လာနိုင်ပါသည်။
သို့ရာတွင် အဆိုပါ wave များဖြင့် တွဲရန် အကြံမပြုပါ။ အတည်ပြုခြင်းနှင့် ကြိုတင်ခန့်မှန်းသည့် ကိရိယာများ ကို အသုံးပြုခြင်းမှာ ပိုမိုလွယ်ကူသည်။
င်မလမ်းကြောင်းနှင့် နောက်ပြန်လှည့်မှုများကို ဖော်ထုတ်ရန် ကိရိယာများ
- ဈေးနှုန်းဖွဲ့စည်းပုံများ။ Candlestick ပုံစံများသည် အလှည့်အပြောင်းဖြစ်ခြင်းနှင့် ပင်မ လမ်းကြောင်း ၏ ယာယီအလှည့်အပြောင်းများဖြစ်ပေါ်ခြင်း၏ အခိုက်အတန့်ကို ပြသသည်။
- Oscillators နှင့် လမ်းကြောင်းပြကိရိယာများ ။၎င်းတို့သည် လမ်းကြောင်းအားကောင်းမှုကို ပြသသည့်အပြင် အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်းဇုန်များကို ပြသသည်။ အနာဂတ် အလှည့်အပြောင်းဖြစ်ခြင်းအတွက် နောက်ထပ်အချက်ပြချက်တစ်ခုမှာ divergence ဖြစ်သည်။ ( အညွှန်းကိန်းများနှင့် ဈေးနှုန်းများကြား အချက်အလက် ကွာခြားခြင်း)
- ဈေးတန်းများ။ မကြာခဏဆိုသလို စျေးနှုန်းသည် အရှုံးခံဈေးတန်း သို့မဟုတ် အမြတ်ယူ ဈေးတန်းများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါဈေးတန်းများ စုစည်းနေသော သိသာထင်ရှားသည့် ဈေးတန်းမှ ပြန်လည်ခုန်တက်သွားတတ်သည်။
- ဈေးကွက် အလို နှင့် မတူညီသော အချိန်ကာလဖြင့် လေ့လာသုံးသပ်ခြင်း ။ ဤသည်မှာ market depth ရှိ အရောင်းအဝယ်အမှာစာအရေအတွက်နှင့် အရောင်းအဝယ်ပမာဏ၏ အချိုးကို ပြသသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။ အကယ်၍ H1 တွင် အလှည့်အပြောင်း ဖြစ်ပေါ်နေစဉ် အတွင်း H4 အချိန်ကာလရှိ ပင်မရွေ့လျားမှု၏ ဦးတည်ရာ၌ ဖြစ်သော အမှာစာများ၏ သိသိသာသာ လွှမ်းမိုးမှုကို ကျွန်ုပ်တို့တွေ့မြင်ရပါက ပြောင်းပြန်ရွေ့လျားမှုသည် ယာယီ အလှည့်အပြောင်း တစ်ခုသာဖြစ်နိုင်ချေရှိသည်။
- ဆက်စပ်မှု။ အချို့သော ကုန်သွယ်ရေးအမျိုးအစားများတွင် တိုက်ရိုက် သို့မဟုတ် ပြောင်းပြန်ဆက်စပ်မှုရှိနေသည်။ ဥပမာ ရွှေနှင့် ထိပ်တန်းငွေကြေးအတွဲများ။ ၎င်းတို့၏ ပြောင်းပြန်အနေအထားများသည် တစ်ခုနှင့်တစ်ခု နှိုင်းစာလျှင် ကြန့်ကြာမှုများ ရှိလာနိုင်သည်။
ဒုတိယဦးစားပေး ကုန်သွယ်ရေးအမျိုးအစား၏စျေးနှုန်း ကို ပြောင်းပြန်အနေအထားအရ ကြည့်ခြင်းဖြင့် ပင်မအမျိုးအစား၏ ပြောင်းပြန်ဖြစ်နိုင်ချေကို ခန့်မှန်းနိုင်သည်။
ဤသည်မှာ စာရင်းအပြည့်အစုံမဟုတ်ပါ။ Swing trader အတွက် ကောင်းမွန်သောကိရိယာများကို အကြံပြုနိုင်လျှင် ကျေးဇူးပြု၍ မှတ်ချက်ပြုပေးခဲ့ပါ။
နည်းစနစ်များထဲမှ တစ်ခုမှာ ဦးတည်ချက်မဲ့သည့် ဈေးကွက်ရှိ ယာယီပြန်လှည့်မှုများပေါ်တွင်လည်း အမြတ် ပြုလုပ်နိုင်သည်ဟု အကြံပြုထားသည်။ ဆိုလိုသည်မှာ ဦးတည်ချက်မဲ့ ဈေးနှုန်းအကွာအဝေးဘောင် ၏ အောက်ဘက် ဈေးတန်းကျိုးပျက်မှုကို စောင့်ဆိုင်းရန်နှင့် ဘောင်အတွင်း သို့ ပြန်လည်၍ ရွေ့လျားမှု ဖြစ်လာလျှင် အရောင်းအဝယ်များကို ဖွင့်ရန်ဖြစ်သည်။
Swing trading ဖြင့် အရောင်းအ၀ယ်ပြုလုပ်ရန် အကောင်းဆုံး စတော့များ
စတော့အညွှန်းကိန်းများတွင်ပါရှိသော မည်သည့်စတော့မဆို swing trading အတွက် သင့်လျော်သည်။ အခြေအနေအများစုတွင် စတော့များသည် စတော့အညွှန်းကိန်းများနှင့် အပေါင်းလက္ခဏသဘော ဆက်စပ်နေသောကြောင့် စတော့အညွှန်းများကို အချက်ပြကိရိယာအဖြစ် ကိုးကားနိုင်သည်။ Swing trading stocks ၏ နောက်ထပ်အကျိုးကျေးဇူးမှာ စီးပွားရေးဆိုင်ရာ အခြေခံကျသောခွဲခြမ်းစိတ်ဖြာမှုဖြင့် စတော့များ ရောင်းဝယ်ဖြင်းမှာ အလွန်ရိုးရှင်းပါသည်။ စတော့ရှယ်ယာများသည် ဘဏ္ဍာရေး အချက်အလက်ထုတ်ပြန်မှုများ၊ သက်ဆိုင်ရာ လုပ်ငန်းအစီရင်ခံစာများ၊ စီးပွားရေး ဆိုင်ရာ တိုးတက်မှု အချက်အလက်များကို အလွန် တုံ့ပြန်မှုရှိသည်။
ပိရမစ်စနစ်ကို အသုံးပြု၍ swing trading ဖြင့် ကုန်သွယ်သော စတော့ရှယ်ယာ၏ ဥပမာ
ပိရမစ်စနစ် အား ကုန်သည်၏ ရင်းနှီးငွေကို ပွားစေသည့် နည်းလမ်းဟုလည်း ခေါ်သည်။ ၎င်းသည် လမ်းကြောင်းတွင် အရောင်းအ၀ယ်များစွာကို ဝင်ရောက်ခြင်း၊ swing trading ဖြင့် ရောင်းဝယ်သည့်စတော့များ၏ စုစုပေါင်း အရောင်းအဝယ်ကို တိုးစေပြီး ဦးစားပေးလမ်းကြောင်းတွင် အမြတ်ငွေကို တိုးမြင့်စေပါသည်။ အထက်ပါပုံသည် စတော့ရှယ်ယာများကို swing trading ဖြင့် အရောင်းအ၀ယ်လုပ်နည်းနမူနာ ဖြစ်သည်။
ဤတွင် swing trading ဗျူဟာသည် အောက်ပါနည်းလမ်းအတိုင်း အလုပ်လုပ်သည်-
- ၁ နာရီ အလိုက် အချိန် သတ်မှတ်ချက်ဖြင့် လမ်းကြောင်းတစ်ခု၏အစကို ဖော်ထုတ်ပါ။ ပုံတွင် မြင်ရသည့်အတိုင်း ဆက်တိုက် မြင့်တက်လာသော candlesticks များနောက် pin bar တစ်ခု ရှိနေသည်။ ဤ pin bar သည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို အချက်ပြသည်၊ ဥပမာအားဖြင့် MACD ကဲ့သို့ oscillator များဖြင့် အတည်ပြုနိုင်သည်။
- လမ်းကြောင်းကျဆင်းသွားပြီး ပထမအကြိမ် ယာယီဈေးပြန်တက်မှု စတင်သည်။ အဆိုပါ ဖြစ်စဉ်အစ တွင် မဆုံးရှုံးသည့် ဈေးတန်း (အရောင်းအဝယ် ဖွင့်သည့် ဈေးတန်း + spread ပမာဏ ) ၌ trailing stop ဖြင့် ကုန်သွယ်မှုကို ကာကွယ်ပါသည်။ အကယ်၍ အဆိုပါ ယာယီအလှည့်အပြောင်းသည် အတက်လမ်းကြောင်းသို့ပြောင်းမည်ဆိုပါက ကုန်သွယ်မှုသည် အရှုံးမရှိဘဲ ထွက်သွားမည်ဖြစ်သည်။
- အမှတ် "1" တွင် စျေးနှုန်းကျဆင်းသွားပြီး စျေးနှုန်းမြင့်တက်မှုသည် ယာယီအလှည့်အပြောင်း တစ်ခုသာဖြစ်ကြောင်း အတည်ပြုသည်။ ကျွန်ုပ်တို့သည် နောက်တစ်ကြိမ် ထပ်ရောင်းလိုက်သည်။ ဒုတိယအကြိမ် ယာယီဈေးအတက် အစတွင် မဆုံးရှုံးသည့်ဈေးတန်း(အရောင်းအဝယ် ဖွင့်သည့် ဈေးတန်း + spread ပမာဏ ) ၌ trailing stop ဖြင့် ကုန်သွယ်မှုကို ထပ်မံကာကွယ်ပါသည်။
- အမှတ် "2", "3", "4" တွင် ကျွန်ုပ်တို့သည် တူညီသောလုပ်ဆောင်ချက်များကို ထပ်မံ လုပ်ဆောင်သည်။ အဆင်းလမ်းကြောင်း သည် အထက် သို့ ပြန်တက်သွားပြီးနောက် အရောင်းအဝယ်အားလုံးမှာ trailing stop ဖြင့် ပိတ်သိမ်းခဲ့သည်။ နောက်ဆုံးတစ်ခုမှလွဲ၍ အရောင်းအ၀ယ်အားလုံး အောင်မြင်သည်။
ပိရမစ်စနစ် swing trading ကုန်သွယ်ရေးဗျူဟာတွင် အားသာချက်များစွာရှိသည်။
- မည်သည့်ဈေးကွက်တွင်မဆို ရောင်းဝယ်နိုင်ပါသည်။
- ၎င်းသည် ဆုံးရှုံးနိုင်ချေများကို အနည်းဆုံးဖြစ်အောင် ပြုလုပ်ပေးသည်။ လမ်းကြောင်းတစ်ကြောင်း ၏ အစနှင့် ပထမအကြိမ် ယာယီအလှည့်အပြောင်းအစကို ဖော်ထုတ်ခဲ့ပါက၊ အရောင်းအဝယ် မဆုံးရှုံးတော့သည့် ဈေးတန်း တွင် trailing stop တစ်ခုကို သတ်မှတ်နိုင်ပြီး ဆုံးရှုံးနိုင်သည့်တစ်ခုတည်းသောအရာမှာ အချိန် ဖြစ်သည်။ ဒုတိယအကြိမ် ပြုလုပ်သော ကုန်သွယ်မှုသည် trailing stop မသတ်မှတ်မှီ အကျိုးအမြတ်မရရှိဘဲ ပိတ်သိမ်းခဲ့ပါက ဆုံးရှုံးမှုသည် ပထမကုန်သွယ်မှုမှ အမြတ်ငွေဖြင့် ကာမိမည်ဖြစ်သည်။
- Candlestick တစ်ခုစီကို အသေးစိတ် သုံးသပ်ရန် မလိုပါ။ အရောင်းအဝယ်များကို trailing stop သတ်မှတ်ခြင်း နှင့် အတူ ပထမအရောင်းအဝယ် မှ အမြတ်ငွေများဖြင့် အကာအကွယ် ပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် သင် ၏ စိတ်စေစားရာကို ယုံကြည်နိုင်ပြီး အများစု၏ လုပ်ဆောင်ချက်အတိုင်း လိုက်ပါ ဆောင်ရွက်နိုင်သည်။
- ဈေးနှုန်းလမ်းကြောင်းမှ အများဆုံးအမြတ်ကို ရရှိသည်။
အရေးကြီးသောမှတ်ချက်။ သင်၏ ရင်းနှီးငွေကို မပျက်စီးစေမည့် စုစုပေါင်းပမာဏဖြင့် အရောင်းအ၀ယ်ပြုလုပ်သင့်သည်။ ဤသို့ မဟုတ်လျှင် နောက်ဆုံးအရှုံးပေါ်ခဲ့သည့် ကုန်သွယ်မှုမှာ အမြတ်အစွန်း ရရှိထားသည့်ရလဒ်များကို ချေဖျက်သွားလိမ့်မည်ဖြစ်သည်။
Swing trading အတွက် အကောင်းဆုံးညွှန်ပြချက်ကိရိယာများ
Swing trading အတွက် အကောင်းဆုံး ညွှန်ပြချက်များနှင့် နည်းပညာဆိုင်ရာကိရိယာများ။
Fibonacci retracements ။ ရှင်းလင်းသောလမ်းကြောင်းတစ်ကြောင်း ရှိ retracement မျဉ်းများ။ ဤကိရိယာတွင် စိတ်ဝင်စားစရာကောင်းသော ဝိရောဓိတစ်ခုရှိသည်။ သီအိုရီအရ ဤမျဉ်းများသည် ယာယီဈေးအလှည့်အပြောင်းတစ်ခုတွင် စျေးနှုန်းအတွက် ဖြစ်နိုင်ခြေရှိသော ပြန်လှည့်တက်သည့် အမှတ်များကို ညွှန်ပြသည်။
ထို့ကြောင့် ဤမျဉ်းများတွင် ကုန်သည်အများစုသည် အကြိုအမှာစာများနှင့် တိုက်ရိုက်ဈေးကွက် အမှာစာများ သို့မဟုတ် အပိတ်အမှာစာများ ပြုလုပ်ကြသည်။ သို့သော် အဆိုပါမျဉ်းများတွင် အမှာစာများ စုစည်းနေသောကြောင့် စျေးနှုန်း လမ်းကြောင်း ပြောင်းလဲသွားသည်။ ထိုသို့ဆိုလျှင် အကြောင်းတရားမှာ မည်သည်နည်း၊ အကျိုးတရားမှာ မည်သို့နည်း?
Fibonacci retracement ဆိုတာ ဘာလဲ? ဤ ကိရိယာကို အသုံးပြု၍ မည်သို့ ကုန်သွယ်မည်နည်း? ဟူသော ဆောင်းပါးတွင် Fibonacci retracement အကြောင်း ပိုမိုလေ့လာနိုင်ပါတယ်။
ADX ။ ညွှန်ပြချက်သည် စျေးနှုန်းလှုပ်ရှားမှု၏ ကြံ့ခိုင်မှုနှင့် ဦးတည်ချက်ကို အပြည့်အဝပြသသည်။ နောက်ဆက်တွဲ candlestick တစ်ခုစီဖြင့် ယာယီဈေးအလှည့်အပြောင်း အစတွင် ADX သည် လမ်းကြောင်း၏အားကောင်းမှုကိုပြသသည်၊ ပင်မရွေ့လျားမှုသို့ ပြန်လှည့်နိုင်သည့် အရိပ်အမြွက် အနေအထားမှာ ပင် အမှားဖြစ်သွားနိုင်သည် - ဤသို့ ယာယီဈေးအလှည့်အပြောင်း သည် လမ်းကြောင်းသစ်တစ်ခု၏ အစဖြစ်နိုင်သောကြောင့် အရောင်းအဝယ်မဖွင့်သင့်ပါ။ ADX မည်ကဲ့သို့ အလုပ်လုပ်ပုံနှင့် ကုန်သွယ်မှုဗျူဟာများ ဖွံ့ဖြိုးတိုးတက်ရန် ၎င်းကိုအသုံးပြုပုံအကြောင်း နောက်ထပ် အချက်အလက်များအတွက်၊ ဤသုံးသပ်ချက်ဖြစ်သော ADX Indicator: Average Directional Index. ကို ဖတ်ရှုပါ။
Oscillators - Stochastic, RSI, CCI ။ ၎င်းတို့သည် အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်းဇုန်များကို ပြသသည်။ အောက်ဖော်ပြပါနည်းလမ်းဖြင့် oscillators ၏ အချက်ပြမှုများကို အသုံးပြုနိုင်ပါသည်။ အတက်လမ်းကြောင်းတစ်ခုရှိနေပြီး ယာယီကျဆင်းမှုတစ်ခု စတင်နေသည်။ အဆိုပါ ကျဆင်းမှုအောက်ခြေတွင် အထက်သို့ ဦးတည်သည့် candle ပေါ်ပေါက်လာခြင်းဖြစ်သည်။
Price Action အရ ဤသည်မှာ အတက်ထက် ဆက်လက်ရွေ့လျားခြင်း၏ အချက်ပြမှုဖြစ်သည်၊ ထို့ကြောင့် အဝယ် ဆောင်ရွက်ရန် သွယ်ဝိုက်ဖော်ပြနေသည်။
သို့သော်ယခုအချိန်တွင် oscillators များသည် အဝယ်လွန်ဇုန်တွင်ရှိနေပါက၊ အရောင်းအ၀ယ် ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ခြင်းသည်ပိုမိုကောင်းမွန်သည်။
Relative Strength Index - RSI Indicator, Stochastic Oscillator: Forex ကုန်သွယ်မှုတွင် ဤညွှန်ပြချက်များ အသုံးပြုခြင်းအတွက် လမ်းညွှန် ဆောင်းပါးတွင် ပိုမိုလေ့လာနိုင်ပါသည်။
Elliott wave သီအိုရီအရ စျေးကွက်သည် ထိပ်ဘက်၊ အောက်ဘက်၊ အားကောင်းမှုနှင့် ကျဆင်းမှု အခြေအနေများရှိသည့် လှိုင်း သဘောဖြစ်သည်။ Elliott Wave ခွဲခြမ်းစိတ်ဖြာခြင်း ကိရိယာများကို နေ့စဉ်အချိန်များပေါ်တွင် ပဏာမဦးစွာ ခွဲခြမ်းစိတ်ဖြာရန်အတွက် အသုံးပြုသည် - ၎င်းတို့သည် လက်ရှိအခိုက်အတန့်တွင် စျေးကွက်မည်သည့်အဆင့်တွင်ရှိကာ မည်သည့်ဦးတည်ချက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ကို နားလည်ရန် ကူညီပေးသည်။
Elliott wave ခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို MT4 တွင် ပံ့ပိုးပေးမထားပါ။ MT5 တွင် Elliott wave ညွှန်ပြချက်နှစ်ခုဖြစ်သော impulse နှင့် corrective ၂ မျိုးပါရှိသည်။ LiteFinance ကုန်သွယ်မှုတာမင်နယ်တွင် wave အား ခွဲခြမ်းစိတ်ဖြာသည့်ကိရိယာလေးခုရှိသည်။
ပမာဏပြ ညွှန်ပြချက်များ။ ဤကိရိယာများသည် ကုန်သည်များမှ အမှာစာများတင်နိုင်ဖွယ်ရှိသည့် ဈေးတန်းကိုးကားချက်များကို သတ်မှတ်သည်။ ပမာဏပြ ညွှန်ပြချက်များသည် swing highs နှင့် swing lows များကို ခွဲခြားသိရှိနိုင်ပြီး လမ်းကြောင်းကြံ့ခိုင်မှု အား ခန့်မှန်းရန် ကူညီပေးပါသည်။
Swing trading အတွက် အခြားကုန်သွယ်ရေးသုံးကိရိယာများအကြံပြုပေးမည်ဆိုလျှင် ကျွန်ုပ်အနေဖြင့် ဝမ်းမြောက်မိမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူအားလုံးအတွက် သင့်လျော်သော အကောင်းဆုံး Forex ညွှန်ပြချက်ကိရိယာများ မရှိပါ။ အကောင်းဆုံး ကန့်သတ်ချက်များ၊ ကိရိယာများနှင့် အမြင့်ဆုံး အမြတ်ရနှုန်းများပါရှိသော အမြတ်အစွန်းများ သည့် ကုန်သွယ်ရေးဗျူဟာများ ရှိနိုင်ပါသည်။ ထို့ကြောင့် swing trading အတွက် အခြားကိရိယာများကို အကြံပြုနိုင်လျှင် သင်၏အကြံဉာဏ်များကို မှတ်ချက်နေရာတွင် မျှဝေပါ။
Swing trading အတွက် moving averages
Moving averages ကို ကုန်သွယ်မှုစနစ်တွင် အဓိကကိရိယာအဖြစ် အသုံးပြုနိုင်ပြီး ၎င်းသည် လူကြိုက် အများဆုံး swing trading ကုန်သွယ်မှုဗျူဟာများထဲမှတစ်ခုဖြစ်သည်။ MA ကုန်သွယ်မှုနိယာမသည် အောက်ပါအတိုင်းဖြစ်သည်။ ရှည်လျားသောအချိန်ကာလများတွင် ပြီးဆုံးသည့် ယာယီ ဈေးအလှည့်အပြောင်း ကို ဖော်ထုတ်ပါ၊ ပိုတိုသော အချိန်ကာလသို့ တဖန် ပြောင်း၍ လမ်းကြောင်း ဦးတည်ချက်တွင် ကုန်သွယ်မှု တစ်ခု ဝင်ရောက်ပါ။
Swing trading အတွက် သတ်မှတ်ရမည့် ကန့်သတ်ချက်များ-
- နေ့စဉ်အချိန်ဇယားတစ်ခုတွင် EURUSD ငွေကြေးအတွဲနှင့် MA နှစ်ခု၊ အမြန် moving average - SMA (10) နှင့် အနှေးတစ်ခု - SMA (30) တို့ကို သတ်မှတ်ပါ။ ပထမဦးစွာ MA လိုင်းများ ဖြတ်ကျော်သင့်သည်။ မြန်သော MA သည် အနှေးအထက်တွင်ရှိနေပါက၊ အဝယ် ကို စဉ်းစားပါ။ အမြန်MA သည် အနှေး အောက်တွင်ရှိနေပါက အရောင်း ပြုလုပ်ပါ။
- အရောင်းအဝယ် ဝင်ရမည့် ဈေးတန်းကို ရှာပါ။ စျေးနှုန်း၏ယာယီအလှည့်အပြောင်း ဖြစ်ပေါ်ခြင်း အဆုံးတွင် အရောင်းအဝယ် တစ်ခုဖွင့်လိုက်သည်။ စျေးနှုန်းသည် ဇုန်အတွင်းရှိ MAs နှင့် candlestick ပိတ်သည့်ကြား ဝင်ရောက်သည့်အခါ အရောင်းအဝယ် ဝင်ရောက်ရန် အချက်ပြခြင်းဖြစ်သည်။ နောက်ဖြစ်ပေါ်သော candlestick သည် စျေးနှုန်း ပြောင်းပြန်လှန်မှုကို ညွှန်ပြသင့်သည်။
- MA ဘောင်အတွင်း နောက် candlestick ဖြစ်ပေါ်ခြင်းသည် ယာယီဈေးအလှည့်အပြောင်းရွေ့လျားမှု အား ဆက်လက်ဖြစ်ပေါ်စေပါက၊ ပထမအကြိမ် အဖြစ် အလှည့်အပြောင်း ဖြစ်စေမည့် candlestick ၏ အသွင်အပြင်ကို စောင့်ပါ။ ယာယီဈေးအလှည့်အပြောင်းရွေ့လျားမှုသည် MA ဘောင်အပြင် ကျော်လွန်သွားပါက၊ လမ်းကြောင်းသစ်တစ်ခု၏အစကို စတင်စဉ်းစားနိုင်သည်။
- နေ့စဉ်အချိန်ဇယားတွင် ယခင်အခြေအနေများ ပြည့်စုံပြီးသည်နှင့် H1 သို့မဟုတ် H4 အချိန်ဘောင်သို့ ပြောင်း၍ စျေးနှုန်းပြောင်းပြန်လှန်ခြင်းကို အတည်ပြုသည့် မည်သည့်အချက်ပြကိုမဆို မျှော်လင့်ပါ။
ဥပမာ ၁-
နေ့စဉ်သတ်မှတ်ချက်အချိန်ဇယားတစ်ခုတွင် အတက်လမ်းကြောင်း တစ်ခုရှိသည်။ လိမ္မော်ရောင် SMA သည် အမြန် MA ဖြစ်ပြီး အပြာသည် အနှေးဖြစ်သည်။ အမှတ် '1' တွင်၊ ပထမဆုံး ယာယီအကျ ရှိသည် - candlestick သည် MAs များကြား ဘောင်အတွင်းသို့ ဝင်သော်လည်း ၎င်းသည် MAs ဘောင်အဆုံးတွင် ပိတ်သည်။ အချက်ပြမှု အားနည်းသောကြောင့် ကျွန်ုပ်တို့ လျစ်လျူရှုထားသည်။
အောက်လက် ယာယီစျေးနှုန်းကျဆင်းမှုသည် ဆက်လက်ရှိနေပြီး အနီရောင် candlestick လေးခုသည် ဘောင်အတွင်း ပိတ်သွားပါသည်။ အစိမ်းရောင် candlestick တစ်ခု ပေါ်လာသည်။ ကျွန်ုပ်တို့သည် အမှတ် '2' တွင် H1 အချိန်သို့ ပြောင်းပြီး အ၀ယ် ဝင်ရောက်ရန် ရှာဖွေသည်။ အလားတူအခြေအနေမျိုးသည် အမှတ် '3' တွင် ဖြစ်ပေါ်သည် - အောက်ဘက်ရွေ့လျားမှုနောက်တွင် ပင်မလမ်းကြောင်းပေါ်၌ အစိမ်းရောင် candlestick တစ်ခု ပေါ်လာသည်။
အမှတ် “2”
အစိမ်းရောင် candlestick သည် 06/22/2020 ရက်စွဲနှင့် ကိုက်ညီသည်။ ကျွန်ုပ်တို့သည် H1 အချိန်သို့ ပြောင်းသည်။ 03:00 တွင် ပြောင်းပြန်အချက်ပြသည့် pin bar ပုံစံနှင့်ဆင်တူသော candlestick တစ်ခုပေါ်လာပါသည်။ ၎င်းသည် ယခင်ဘားများနှင့် နှိုင်းယှဉ်ပါက သေးငယ်ပြီး အောက်ပိုင်းရှည်လျားသော wick တစ်ခုရှိသည်။
ဆက်တိုက်မြင့်တက်လာသော candlestick များစွာ ပေါ်လာပြီးနောက် အဝယ် ကို ဖွင့်နိုင်သည်။ သေချာစေရန် ကျွန်ုပ်တို့သည် ရောင်းလိုအားမျဉ်းကို ဆွဲနိုင်ပြီး ၎င်း၏ ကျိုးပျက်မှုကို စောင့်နိုင်သည်။
အကြံဉာဏ်။ အချက်ပေးမှုပြုလုပ်သည့် candlestick ကို စောင့်ဆိုင်းရန် ကွန်ပျူတာရှေ့တွင် မထိုင်လိုပါက သတိပေးချက်များကို အသုံးပြုနိုင်သည်။ MT4 တွင် အသံသတိပေးချက်တစ်ခု သတ်မှတ်ပြီး စျေးနှုန်းသည် ရောင်းလိုအားမျဉ်းသို့ ရောက်ရှိသည့်အခါ အသိပေးမည်ဖြစ်သည်။
အမှတ် “3”
အစိမ်းရောင် candlestick သည် 08/11/2020 နေ့စွဲနှင့် ကိုက်ညီပါသည်။ ကျွန်ုပ်တို့သည် H1 အချိန်သို့ ပြောင်းသည်။ 05.00 တွင် အောက်ဘက်လမ်းကြောင်း၌ Engulfing ပုံစံတစ်ခု ပေါ်လာသည် - အစိမ်းရောင် candlestick ၏ကိုယ်ထည်သည် အနီရောင်၏ကိုယ်ထည်အား လုံးဝ အုပ်မိုးထားသည်။ ကျွန်ုပ်တို့သည် လာမည့် candlestick တွင် အရောင်းအ၀ယ်ပြုလုပ်နိုင်ခြင်း သို့မဟုတ် ရောင်းလိုအားမျဉ်းကိုဖြတ်သည် အထိ စျေးနှုန်းကို စောင့်နိုင်သည်။
ကုန်သွယ်မှုမှထွက်ရန် အခြေအနေများသည် တစ်ဦးချင်းစီအလိုက် ကုန်သည် ၏ ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုဗျူဟာအပေါ် မူတည်ပါသည်။ အလှည့်အပြောင်းပုံစံများဖြစ်ပေါ်ခြင်း သို့မဟုတ် စျေးနှုန်းသည် အမြတ်အစွန်းဈေးတန်းသို့ ရောက်ရှိသည့်အခါတွင် ဈေးကွက်မှထွက်နိုင်သည်။ နေ့စဉ်အချိန်ဇယားတွင် candlestick များကို ခြေရာခံနိုင်ပြီး H1 ဇယားရှိ ယာယီဈေးအလှည့်အပြောင်းများကို စောင့်နိုင်သည်။
ဥပမာ ၂-
နေ့စဉ်အချိန်ဇယားတွင် အားကောင်းသော လမ်းကြောင်းတစ်ခုရှိသည်။ အနီရောင်အကွက်ဖြင့် အမှတ်အသား ပြုထားသည့် စျေးနှုန်းအကွာအဝေးတွင် candlestick သည် Moving Averages နှစ်ခုကြားတွင် ပိတ်သည်။ သို့သော် နောက် candlestick သည် အောက်ဘက်သို့ ဆက်လက်ရွေ့လျားနေသည်။
ကြီးမားသော ယာယီဈေးအလှည့်အပြောင်းဖြစ်ခြင်းဆိုသည်ထက် လမ်းကြောင်းသစ်၏ အစဖြစ်ဖွယ်ရှိသည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့သည် အဝယ် မ၀င်ရောက်နိုင်ပါ။ ကျွန်ုပ်တို့သည် အရောင်းအ၀ယ်ပြုလုပ်ခြင်းကို ရှောင်ရှားနိုင်ခြင်း သို့မဟုတ် H1 အချိန်တွင် အရောင်းအတွက် အချက်ပေးမှုများကို ရှာဖွေနိုင်သည်။
Forex swing ကုန်သွယ်မှု ဗျူဟာ၏ ဤမူကွဲသည် အမြတ်အစွန်းများသည်။ သို့သော် အားနည်းချက် တစ်ခုရှိသည်၊ ဝယ်ရန်သို့မဟုတ် ရောင်းရန်ကောင်းသော အချက်ပေးမှုကို ရက်သတ္တပတ်များစွာ စောင့်ဆိုင်းနိုင်သည်။ ထို့ကြောင့် ငွေကြေးအတွဲများစွာကို တစ်ပြိုင်နက် ကုန်သွယ်ရန် swing trading ဗျူဟာ ကို အသုံးချနိုင်သည်။
Swing trading အတွက် အကောင်းဆုံးအချိန်
Swing trading အတွက် အကောင်းဆုံး အချိန်မှာ H1 နှင့် အထက်ဖြစ်သည်။ M1-M15 ၏ အတိုဆုံး အချိန် များ၏ပြဿနာမှာ စျေးကွက်မတည်ငြိမ်ခြင်းဖြစ်သည်။ ကုန်သည်သည် ဈေးကွက်ယာယီအလှည့်အပြောင်း ၏ အခိုက်အတန့်ကိုသတိပြုသင့်ပြီး ပင်မလမ်းကြောင်း ပြန်စလာသောအခါတွင် ကုန်သွယ်မှုတစ်ခု ထည့်သွင်းသင့်သည်။
သို့သော်စျေးကွက်မတည်ငြိမ်မှုသည် ဈေးနှုန်းလှုပ်ရှားမှု မညီမျှချက်ကို ဖြစ်စေသည်။ တိုတောင်းသော အကွာအဝေးတွင် စျေးနှုန်းသည်လမ်းကြောင်းနှင့်အတူ အလှည့်အပြောင်း ဖြစ်နိုင်သောကြောင့် တိကျသော ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရန်မဖြစ်နိုင်ပါ။
အချိန်တို ဇယားများ၏နောက်ထပ်ပြဿနာတစ်ခု။ အကောင့်အစစ်တွင်မစတင်မှီ ယခင်ဈေးနှုန်း အချက်အလက်ပေါ်တွင် မည်သည့်ကုန်သွယ်ရေးဗျူဟာကိုမဆို စမ်းသပ်သင့်သည်။ အကယ်၍ ဈေးနှုန်း ကိုးကားချက်များ၏ ယခင်ဈေးနှုန်းများကို ဖော်ပြသည့်အခါ အချို့နေရာများတွင် အချက်အလက် အချို့လွဲချော်ပါက မကြာခဏဆိုသလို မိနစ်ပိုင်း လောက် ခြားနားမှုများရှိလျှင်ပင် စမ်းသပ်မှု ရလဒ်များသည် လက်တွေ့နှင့်ကိုက်ညီမည်မဟုတ်ပါ။
H1 နှင့် အထက်-အချိန်ကာလများသည် အောက်ပါအကြောင်းများကြောင့် swing trading အတွက် ကောင်းမွန်သည် -
- စျေးနှုန်းအတက်အကျ မများပါ။ စီးပွားရေးသတင်း ထုတ်ပြန်ချက် လွှမ်းမိုးမှုအားနည်းခြင်း။
- ဈေးနှုန်းလမ်းကြောင်းမှ အများဆုံးအမြတ်ကို ရယူနိုင်သည်။ စျေးကွက်တွင်နာရီအနည်းငယ် (သို့မဟုတ်) ရက်အနည်းငယ်ကြာ အရောင်းအဝယ်ကို ထိန်းထားနိုင်သည်။ လမ်းကြောင်း ရှင်းလင်းပြတ်သားပြီး တည်ငြိမ်သော ကာလရှည် ကုန်သွယ်မှုအတွက် ကြာမြင့်သော အချိန်သတ်မှတ်ချက်များလိုအပ်သည်။
- စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနည်းပါးခြင်း။ နာရီပိုင်းအလိုက် ဈေးနှုန်းဖော်ပြချက်ဇယားတွင် ဖွင့်လှစ်ထားသော အရောင်းအဝယ်များကို တစ်နာရီလျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် စစ်ဆေးရုံဖြင့် လုံလောက်ပါသည်။ အချိန်ကာလတိုတောင်းလေ ဈေးနှုန်းဖော်ပြချက်ဇယားကို မကြာခဏ စစ်ဆေးသင့်လေဖြစ်သည်။
- တူညီသောကုန်သွယ်ရေးဗျူဟာ၏ အမြတ်ရနှုန်းသည် ပိုမိုရှည်ကြာသော အချိန်ကာလတစ်ခုတွင် ပိုမိုကောင်းမွန်သည်။ ဥပမာ - Forex တွင် အရောင်းအဝယ်တစ်ခုကို ယာယီဈေးအလှည့်အပြောင်း ဖြစ်စဉ်အဆုံးတွင်ဖွင့်ပြီး ၎င်း၏အစ နေရာတွင် အမြတ်အစွန်းကိုသတ်မှတ်ခြင်းဖြစ်သည်။ အကယ်၍ ပင်မလမ်းကြောင်းအတိုင်း ဆက်သွားပါက ယာယီဈေးအလှည့်အပြောင်း ၏ အတိမ်အနက်ပေါ် မူတည်၍ စျေးနှုန်းသည် candlesticks ၃ ခု မှ ၆ ခု အတွင်း ပြန်သွားနိုင်သည်။
- M15 တွင် ပျမ်းမျှ candlestick ကိုယ်ထည်အရှည်သည် ဂဏန်း ၅ လုံး ကိုးကားချက်များတွင် 30-40 pips ဖြစ်သည်။ H1 တွင် ၎င်းသည် 70-100 pips ဖြစ်သည်။
နာရီပိုင်းအလိုက် နှင့် နေ့အလိုက် အချိန်သတ်မှတ်ချက်ဇယားများတွင် အားနည်းချက်တစ်ခုရှိပါသည်။ အဝင်အချက်ပြမှုများသည် M15-M30 များနှင့် နှိုင်းယှဉ်ပါက အလွန်ရှားသည်။ ထို့ကြောင့် သင့်အတွက် အဆင်ပြေမည့် အချိန်သတ်မှတ်ချက်ကိုရွေးချယ်ပါ။
Day Trading နှင့် Swing Trading
Swing trading နှင့် day trading စနစ်များကြား အဓိကကွာခြားချက်မှာ ဖွင့်ထားသောအရောင်းအဝယ်များကို ကိုင်ဆောင်ထားသည့်အချိန်ဖြစ်သည်။ တစ်နေ့တာကုန်သွယ်သည့် ဗျူဟာများမှာ တူညီသော ကုန်သွယ်ရေးနေ့အတွင်း အရောင်းအဝယ်များကို ပိတ်ရန်အကြံပြုသည်။ ကုန်သည်သည် M1 မှ H4 အထိ မည်သည့် အချိန်သတ်မှတ်ချက်ကိုမဆိုသုံးနိုင်သော်လည်း တစ်ရက်တာ မကုန်မှီ ကုန်သွယ်မှုမှထွက်သင့်သည်။ ၎င်းသည်အရောင်းအဝယ်ကို နောက်နေ့သို့လွှဲပြောင်းခြင်းအတွက် အခကြေးငွေဖြစ်သည့် swap အတွက် ပေးချေခြင်းမပြုစေရန် လုပ်ဆောင်ပြီးဖြစ်သည်။
Swing trading သည် ဖွင့်ထားသော အရောင်းအဝယ်ကို ကိုင်ဆောင်ရန် အချိန်ကန့်သတ်ချက် တစ်စုံတစ်ရာ ရှိသည်ဟု မဆိုလိုပါ။ ၎င်းသည် ယာယီဈေးအတက်အကျ ဖြစ်ပေါ်ချိန်နှင့် လမ်းကြောင်းကြာချိန်အပေါ် အခြေခံထားသည်။ ထိုကြောင့် သင်၏အရောင်းအဝယ်ကို နာရီပေါင်းများစွာ (သို့မဟုတ်) ရက်အနည်းငယ်ကြာအောင် ထိန်းထားနိုင်ပါသည်။
Swing trading နှင့် day trading နည်းစနစ်များအကြား အခြားခြားနားချက်များမှာ -
- ကုန်သွယ်မှုနိယာမ။ Swing trading သည် စျေးနှုန်းအနိမ့်အမြင့် (ကာလတို ယာယီအလှည့်အပြောင်းများ) တွင် အကျိုးအမြတ်ရရှိရန် ရည်ရွယ်သည်။ လမ်းကြောင်းအတိုင်း ကုန်သွယ်ခြင်း နှင့် လမ်းကြောင်းနှင့်ဆန့်ကျင်၍ ကုန်သွယ်ခြင်း နှစ်မျိုးလုံးတွင် ရောင်းဝယ်နိုင်သည်။ ကြုံတောင့်ကြုံခဲ အခြေအနေများတွင် swing trading ဗျူဟာများသည် ဈေးနှုန်းစုစည်းနေသည့် အကွာအဝေးအတွင်းတွင် အလုပ်လုပ်သည်
- အမျိုးမျိုးသော day trading နည်းဗျူဟာများသည် ပိုမိုကျယ်ပြန့်သည်။
- ကိရိယာများ။ Swing traders များသည်ခန့်မှန်းနိုင်သော စျေးကွက်များကို ပိုမိုနှစ်သက်သည်၊ ထို့ကြောင့် သတင်းသက်ရောက်မှု ရှိသည့် ဈေးကွက်မတည်ငြိမ်မှုများ၏ အခိုက်အတန့် တွင် အရောင်းအ၀ယ်ဝင်ရောက်ခြင်းကို ရှောင်ရှားရန်ကြိုးစားကြသည်။ Day traders များသည် သတင်းနှင့်ဆိုင်သည့်ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုလေ့ရှိကြသည်။
- ဖွင့်ထားသော အရောင်းအဝယ်အရေအတွက်။ Day traders များသည် ထိန်းချုပ်မှုမပြုလုပ်ဘဲ တစ်နေကုန်နီးပါးအရောင်းအဝယ်ကို ထိန်းထားနိုင်ပြီး အချိန်ကုန်သက်သာစေသည်။ Swing traders များသည် ဈေးကွက်၏ လက်တလော ယာယီ အလှည့်အပြောင်းမှ အမြတ်ငွေများ ရရှိရန်ပြုလုပ်ကာ ကွန်ပြူတာရှေ့တွင် အချိန်ပိုပေးရသည်။ Swing traders များသည် ကုန်သွယ်ရေးအမျိုးအစားများစွာတွင် အရောင်းအ၀ယ်များစွာကို ဝင်ရောက်လေ့ရှိသည်။
- ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု။ Swing traders များသည် စျေးနှုန်းရွေ့လျားမှု၏ လမ်းကြောင်းအတိုင်း တဖြောင့်တည်းလုပ်ဆောင်လိုပြီး ပထမဆုံး အလှည့်အပြောင်းဖြစ်စေသောအချက်ပြမှုတွင် ကုန်သွယ်မှုမှထွက်ရန်နှစ်သက်ကြသည်။ Day traders များသည် အရောင်းအဝယ်ကို အချိန်ကြာမြင့်စွာထိန်းထားနိုင်ပြီး အလွန်ဆုံးရှုံးသည့်အနေအထားမှ အဆုံးသတ်ရန်မျှော်လင့်သည်။
ကုန်သွယ်မှုနည်းလမ်းနှစ်မျိုးစလုံးတွင် ၎င်းတို့၏အားသာချက်များနှင့် အားနည်းချက်များရှိသည်။ တူညီမှုများလည်းရှိသည်။ သင့်အတွက် သင့်လျော်သောစနစ်ကိုရှာဖွေရန် ဒီမိုအကောင့် တစ်ခုတွင် မတူညီသောကုန်သွယ်မှုပုံစံများကို စမ်းသပ်ပါ။ ဒီမိုအကောင့်များဖြင့် LiteFinance ကုန်သွယ်မှု တာမင်နယ်များတွင် မှတ်ပုံတင်ရန်မလိုဘဲ ဆောင်ရွက်နိုင်ပါသည်။
အကောင်းဆုံး Swing Trading ဗျူဟာများ
Swing trading ဗျူဟာများကို လမ်းကြောင်းပြောင်းရွေ့လျားမှုအလိုက် အုပ်စုဖွဲ့နိုင်ပါသည်။
- လမ်းကြောင်းဖြင့် ကုန်သွယ်ခြင်း။ မူကွဲနှစ်မျိုးရှိပါသည် -
ယာယီဈေးနှုန်းအလှည့်အပြောင်းဖြစ်စဉ်၏အဆုံးတွင် ကုန်သွယ်မှုတစ်ခုဝင်ပါ (aggressive strategy)။ ကုန်သည်အနေဖြင့် ယာယီဈေးနှုန်းအလှည့်အပြောင်း ပြီးဆုံးသည်အထိ မျှော်လင့်၍ စျေးနှုန်းသည်ပင်မလမ်းကြောင်း၏ ဦးတည်ရာသို့ ပြန်လည်ဝင်ရောက်သွားသည့်အခါ ကုန်သွယ်မှု တစ်ခုသို့ဝင်ရောက်ခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် ဈေးနှုန်း ယာယီအလှည့်အပြောင်းအသစ် စတင်သည့်အခါ အရောင်းအဝယ်ကိုပိတ်သည်။
ဤဥပမာတွင် ကုန်သည်သည် ပင်မအဆင်းလမ်းကြောင်းမှ အမြတ်ရရှိပြီး အထက်သို့ ယာယီဈေးပြန်တက်သည့် အခိုက်အတံ့ပြီးဆုံးချိန်တွင် အမြင့်ဆုံးစျေးနှုန်းဖြင့် ရောင်းချသည်။ ကုန်သွယ်မှုများကို အနိမ့်စျေးဖြင့်ထွက်ခဲ့ပြီး ကုန်သည်သည် ကာလတိုစျေးနှုန်းမြင့်တက်နေချိန်တွင် စျေးကွက်ပြင်ပ၌ရှိနေသည်။
ကြိုတင်သတ်မှတ်သည့်အော်ဒါ - pending limit order (conservative strategy) ဖြင့် ကုန်သွယ်မှုကို ထည့်သွင်းထားသည်။ ယာယီဈေးအလှည့်အပြောင်းဖြစ်စဉ်အဆုံးတွင် စျေးကွက်တွင်း တိုက်ရိုက် အမှာစာတစ်ခု သတ်မှတ်ခြင်း၏ပြဿနာမှာ ပြောင်းပြန်လမ်းကြောင်းပြောင်းလဲမှုဖြစ်နိုင်သည်။
လမ်းကြောင်းသည်တက်နေသည်။ ကုန်သည်သည် အမှတ် “1” တွင် အဝယ် ပြုလုပ်ပြီး အမှတ် “2” တွင် ထွက်သည်။အမှတ် "3" တွင် လမ်းကြောင်းဆက်လက်တက်သွားမည်ဟု မျှော်လင့်၍ အဝယ် ကို ထပ်မံပြုလုပ်သည်။ သို့သော်စျေးနှုန်းသည် လက်ရှိ ရောက်ထားသည့် ထိပ်သို့ရောက်ရှိရန် ပျက်ကွက်ပြီး အမှတ် “4” တွင်ကျဆင်းသွားပါသည်။ အပိုင်း“3-4” သည် ယာယီပြောင်းလဲသည့် လမ်းကြောင်းအလှည့်အပြောင်းမှ အဆင်းလမ်းကြောင်းအသစ် အဖြစ်သို့ကူးပြောင်းသွားသည်။
ထိုကဲ့သို့သောအခြေအနေမျိုးကိုရှောင်ရှားရန် ယာယီဈေးအလှည့်အပြောင်းဖြစ်စဉ် ဖြစ်ပေါ်သည့်ဧရိယာရှိ ယခင် ဈေးနှုန်းထိပ်ပိုင်း၏ ဈေးတန်းတွင် Buy Stop pending order ကိုထားရှိနိုင်ပါသည်။ အကယ်၍စျေးနှုန်းသည် ၎င်းသို့မရောက်ရှိဘဲ ကျဆင်းသွားပါက အရောင်းအဝယ်မဖွင့်ရသေးသောကြောင့် မည်သည့်အရာကိုမျှ ဆုံးရှုံးမည်မဟုတ်ပါ။
အကယ်၍စျေးနှုန်းသည် ဒုတိယထိပ်နား ကြာနေလျှင် အတက်လမ်းကြောင်းမှာ ဆက်လက် ရွေ့လျားနိုင်ချေ ရှိပါသည်။ ထိုသို့သောနည်းဗျူဟာဖြင့် သင်သည်ကုန်သွယ်မှုကို ယာယီဈေးအလှည့်အပြောင်း ဖြစ်စဉ်၏ အောက်ခြေတွင် မဖွင့်ခဲ့သောကြောင့် အမြတ်၏တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးရသော်လည်း နောက်ဆုံးဈေးနှုန်း ရောက်ရှိခဲ့သည့် ထိပ်ပိုင်း (swing high) တွင် ဆုံးရှုံးနိုင်ချေကို လျှော့ချနိုင်သောကြောင့်ဖြစ်သည်။
- လမ်းကြောင်းနှင့်ဆန့်ကျင်ဘက်ကုန်သွယ်မှု။ ၎င်းသည် ဆန့်ကျင်ဘက်ချဉ်းကပ်မှုဖြစ်သည်။ လမ်းကြောင်းအားတန်ပြန်သည့် ကုန်သွယ်မှုဗျူဟာ သည် ယာယီဈေးအလှည့်အပြောင်းဖြစ်စဉ်မှ အမြတ်ရရန် အကြံပြုသည်။
ယာယီဈေးအလှည့်အပြောင်းစတင်သောအခါ အရောင်းအဝယ်တစ်ခု ပြုလုပ်ပြီး စျေးနှုန်းရွေ့လျားမှု သည် အဓိကလမ်းကြောင်း၏ဦးတည်ရာသို့ ပြန်ဝင်သွားသည့်အခါ ဈေးကွက်မှထွက်ပါ။ အကယ်၍ ယာယီဈေးအလှည့်အပြောင်းသည် ပင်မလမ်းကြောင်းအဖြစ် ပြောင်းလဲသွားပါက အမြတ်နှစ်ဆ ရရှိမည် ဖြစ်သည်။
အဝယ်ပိုင်း ဗျူဟာများ
မည်သည့်အဝယ်ပိုင်းဗျူဟာမဆို အတက်လမ်းကြောင်းတွင် ကုန်သွယ်မှုလုပ်ဆောင်ရန်အကြံပြုသည်။ Swing trading အဓိပ္ပာယ်အရ swing trading သည် စျေးကွက်လမ်းကြောင်းတွင် မည်သည့်ဦးတည်ချက်မဆို အညီအမျှထိရောက်မှုရှိသည်။ သို့သော် အဝယ်ကုန်သည် များမှ ဈေးတက်နေသည့် အမျိုးအစားကို ဝယ်ရန် ဆန္ဒရှိသောကြောင့် အဝယ်ဈေးကွက်သည်ပိုတည်ငြိမ်သည်ဟု ထင်မြင်ချက်ရှိပါသည်။ အဝယ်သမားများသည် စျေးနှုန်းတက်ချိန်တွင် ကုန်သွယ်ရန် ပိုမိုလိုလားကြပြီး စျေးနှုန်းကျနေချိန်တွင် ကုန်သွယ်မှုကို ရှောင်ရှားလိုကြသည်။
အဝယ်ပိုင်း ကုန်သွယ်မှုဗျူဟာများသည် ကာလတိုနှင့် ကာလရှည်ဖြစ်နိုင်သည်။ ကာလတိုဆိုသည်မှာ လက်ရှိကျဆင်းမှုတစ်ခုစီနှင့် နောက်ဆက်တွဲတိုးတက်မှုအပေါ် ပြုလုပ်သည့်ဝင်ငွေများကိုဆိုလိုသည်။ ဈေးနှုန်းပြန်လှည့်မှုအတိမ်အနက်သည် 3-6 candles ဖြစ်သည်။
ဤနည်းဗျူဟာ၏အားသာချက်မှာ အတက်ပိုင်းဖြစ်ပေါ်ပြီးနောက် ယာယီအကျစတင်သော အခိုက်အတံ့ ၌ အရောင်းအဝယ်ကိုပိတ်နိုင်သောကြောင့် အလွန်မြင့်မားသောဝင်ငွေရရှိခြင်းဖြစ်သည်။ အားနည်းချက်မှာ ဈေးနှုန်းဖော်ပြချက်ဇယားကို မကြာခဏစစ်ဆေးရန်လိုအပ်သည်။ ကာလရှည်မဟာဗျူဟာဆိုသည်မှာ လမ်းကြောင်းဖြင့်ကုန်သွယ်မှုကိုလည်း ရည်ညွှန်းသည်၊ သို့သော် အချိန်ပိုကြာသည့် နေ့စဉ်ဈေးနှုန်း ဖော်ပြချက်ဇယားများရှိ ယာယီဈေးအလှည့်အပြောင်းဖြစ်စဉ်များတွင် အချိန်ပိုတိုသည့် ဈေးနှုန်းဖော်ပြချက် ဇယားများ၏ ယာယီဈေးအလှည့်အပြောင်းဖြစ်စဉ်များကို လျစ်လျူရှုထားသည်။
Swing trade စနစ်၏ဥပမာ -
ကာလတို swing-trader တစ်ဦးသည် အတက်လမ်းကြောင်းရှိ ယာယီကျဆင်းမှုအသီးသီးမှ အများဆုံးအမြတ်ကို ရယူသည်။ H1 ကာလ တွင် အရောင်းအဝယ်များကို နာရီအနည်းငယ်ကြာ ထိန်းသိမ်းထားသည်။
ကာလရှည် swing trader သည် အချိန်ကုန်သက်သာစေရန် ပိုမိုလိုလားကြ၍ ကာလရှည် အချိန်သတ်မှတ်ချက်ဖြင့်ဖော်ပြသော ဈေးနှုန်းလမ်းကြောင်းမှ အမြတ်အစွန်းများရယူလိုသည်။ ကုန်သွယ်မှုများကို ဆယ့်နှစ်နာရီမှ ရက်အတန်ကြာအထိ ထားရှိသည်။
အရောင်းပိုင်း ဗျူဟာများ
အရောင်းပိုင်းဗျူဟာသည် အဆင်းလမ်းကြောင်းတွင် အရောင်းအဝယ်ပြုလုပ်ခြင်းကိုဆိုလိုသည်။ အရောင်းပြုလုပ်ခြင်းကို ဈေးနှုန်းထိပ်ပိုင်းတွင်ဖွင့်သည်။ ၎င်းတို့တစ်ခုစီသည် ယခင်ထိပ်အသီးသီး ထက်နိမ့်သည်။ အကြောင်းအရာအားလုံးသည် အဝယ်ဗျူဟာများနှင့်ဆင်တူပြီး လမ်းကြောင်း သည်သာ အကျဘက်တွင် ရှိသင့်သည် ။
အဝယ် နှင့် အရောင်းပိုင်း ကုန်သွယ်မှုဗျူဟာများ ၏ ဥပမာများသည် swing trading ၏ ကွဲပြားမှုများသာ ဖြစ်ကြောင်း ထပ်မံအလေးပေးပြောကြားလိုပါသည်။ Swing trading သည် ဦးတည်ချက်နှစ်ဖက်စလုံးရှိ ဈေးနှုန်းအတက်အကျအပေါ် အခြေခံသည်။ လမ်းကြောင်းဦးတည်ချက်ရှိသော (သို့မဟုတ်) ဘေးတိုက် သွားနေချိန်တွင် စျေးနှုန်းအတက်အကျရှိမရှိ အရေးမကြီးပါ။ ခြားနားချက်မှာလမ်းကြောင်းတွင် စျေးနှုန်းရွေ့လျားမှုသည် ပိုရှည်လျားခြင်း၊ ဦးတည်ချက်မရှိသောဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ပေါ်နေခြင်း၊ စျေးနှုန်းရောက်ရာနေရာများသည် တိုပြီး တိမ်ဝင်နေခြင်းတို့ဖြစ်သည်။
Swing high နှင့် swing low ကို ခွဲခြားနည်း
Swing high နှင့် swing low ဆိုသည်မှာ ယာယီဈေးနှုန်းအတက်အကျလမ်းကြောင်း နှင့် ပင်မ ဈေးနှုန်းလမ်းကြောင်း ၏ ဇယားပေါ်မြင်ရသည့် အမြင့်ဆုံး/အနိမ့်ဆုံးအမှတ်များဖြစ်သည် -
အနီရောင်မျဉ်းများသည် swing highs အမှတ်အသားဖြစ်ပြီး အပြာလိုင်းများသည် swing lows ကိုပြသပါသည်။ လက်တွေ့ဈေးနှုန်းဖော်ပြချက်ဇယားတွင် လွန်ကဲနေသောအမှတ်များသည် အမြဲတမ်း ရှင်းလင်းမှုမရှိသောကြောင့် ၎င်းတို့ကို သတ်မှတ်ရန်ပို၍ ခက်ခဲပါသည်။ ဥပမာအားဖြင့် အတက်လမ်းကြောင်း အတွင်း စျေးနှုန်းအနည်းငယ်ကျဆင်းခြင်းသည် ဘေးတိုက်ရွေ့ခြင်းဖြစ်နိုင်သည်။
Swing highs နှင့် swing lows ၏အင်္ဂါရပ်များ -
- ၎င်းတို့သည် လမ်းကြောင်းဦးတည်ချက်ရှိသောဈေးကွက် တစ်ခုတွင်ပေါ်လာသည်။ Swings များသည် လမ်းကြောင်းအလျားနှင့်နှိုင်းယှဉ်ပါက အလွန်တိုသည်။
- ၎င်းတို့တွင် နှစ်ခု (သို့မဟုတ်) သုံးခု ထက်မပိုသော candlestick ဖြင့်ဖွဲ့စည်းထားသည့် ပြတ်သားသော လမ်းကြောင်းနယ်နိမိတ်များရှိသည်။
- ဖော်ပြပါ swing လွန်ကဲမှတ် တစ်ခုစီသည် ယခင်တစ်ခုထက်ကျော်လွန်နေသည်။
Linear chart တွင် ယာယီဈေးအလှည့်အပြောင်း ၏ အစနှင့်အဆုံးကို ဖော်ထုတ်ရန်ပိုမိုလွယ်ကူသည်။ Candlestick chart များတွင် လွန်ကဲအမှတ်များကို candlestick shadows များ၏ အမြင့်ဆုံး/အနိမ့်ဆုံးဖြင့် သတ်မှတ်သည်။
ခရစ်ပတိုအား swing trade ဖြင့် ကုန်သွယ်ပုံ
ခရစ်ပတိုငွေကြေးစျေးကွက်သည် မတည်ငြိမ်မှု မြင့်မားသောကြောင့် အခြားစျေးကွက်များနှင့်ကွဲပြားသည်။ တစ်ရက်အတွင်း ဈေးနှုန်းအနိမ့်အမြင့် များ၏ ပျမ်းမျှအကွာအဝေးသည် 3% မှ 5% ၊ အချို့ရက်များတွင် - 10% မှ15% အထိရှိနိုင်ပါသည်။
ခရစ်ပတိုငွေကြေးအား swing trading ဖြင့် ကုန်သွယ်ခြင်း၏ထူးခြားချက်များ -
- မကြာခဏ ဖြစ်ပေါ်လေ့ရှိသော ကြီးမားသည့် ယာယီဈေးအတက်အကျများ၊
- လမ်းကြောင်းရှိသောစျေးကွက်နှင့် ဦးတည်ချက်မရှိသော စျေးကွက်နှစ်မျိုးလုံးတွင် ကုန်သွယ်နိုင်ခြင်း၊
- လမ်းကြောင်းဦးတည်ချက်သည် မကြာခဏပြောင်းလဲတတ်သဖြင့် ATR ကိုအသုံးပြု၍ မငြိမ်မသက်ဖြစ်မှုကို ခန့်မှန်းနိုင်ခြင်း၊
- စီးပွားရေးသတင်း သက်ရောက်မှုများနှင့် ကြီးမားသောအရင်းအနှီးများ၏ သိသာထင်ရှားသော လွှမ်းမိုးမှုရှိခြင်း။ ထို့ကြောင့် နည်းပညာဆိုင်ရာ ညွှန်ပြချက်ကိရိယာများ (technical indicators) အများစု သုံးမရခြင်းဖြစ်သည်။ ခရစ်ပတိုငွေကြေးအား swing trade ဖြင့် ကုန်သွယ်ခြင်း၏ နည်းပညာဆိုင်ရာ အဓိက ကိရိယာများမှာ ဈေးနှုန်းဖွဲ့စည်းပုံ ဂရပ်ဖစ်ပိုင်းအသေးစိတ်လေ့လာမှု၊ စျေးနှုန်းတုံ့ပြန်မှုပုံစံများ (Price Action pattens) ၊ အရောင်းအဝယ်ပမာဏပြ အညွှန်းကိန်းများ၊
- Wide spread။ ထို့ကြောင့် အချိန်တိုသည့်ဈေးနှုန်းဖော်ပြချက်ဇယားတွင် ဖြစ်ပေါ်သည့် ယာယီဈေးအလှည့်အပြောင်းများကို လျစ်လျူရှု၍ အချိန်ပိုကြာသည့် ဖော်ပြချက်ဇယားရှိ ကြီးမားသော ယာယီဈေးနှုန်းအလှည့်အပြောင်း များကိုသာ အသုံးချပြီး အရောင်းအဝယ်များကို ရက်အနည်းငယ်ကြာကိုင်ထားခြင်းသည် ပိုမိုအဓိပ္ပာယ်ရှိခြင်း၊
- အပ်ငွေအရင်းအနှီးနှင့် ဖွင့်ထားသောအရောင်းအဝယ်များ၏အချိုးအလိုက် ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုစည်းမျဉ်းများကို တင်းကျပ်စွာလိုက်နာခြင်း။ ဖွင့်ထားသောအရောင်းအဝယ်များသည် အတိုင်းအတာတစ်ရပ်အထိ ဆုံးရှုံးနိုင်ချေ အနေအထားကို ခံနိုင်ရည်ရှိသင့်ခြင်း။
အထက်ဖော်ပြပါအင်္ဂါရပ်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် အခြားအမျိုးအစားများ ကုန်သွယ်သည့်အတိုင်း တူညီသော ကုန်သွယ်မှုဗျူဟာများကိုအသုံးပြု၍ ခရစ်ပတိုငွေကြေး များကို ရောင်းဝယ်နိုင်ပါသည်။
Forex Swing Trading
Swing trading သည် အမြတ်အစွန်းပြုလုပ်နိုင်သည့် မူဝါဒရှိ သီးခြားကုန်သွယ်မှုစနစ်တစ်ခု မဟုတ်သောကြောင့် ထပ်မံ၍သတိပေးပါရစေ။ ဤနည်းပညာအတွက် သင် ၏ ကိုယ်ပိုင်ဗျူဟာများကို အသုံးပြုနိုင်ပြီး မတူညီသောအခြေအနေများကို စံနမူနာယူနိုင်ပါသည်။ Forex ငွေကြေးအတွဲများအတွက် ဤကဲ့သို့သောနည်းဗျူဟာတစ်ခု၏ ဥပမာအား အောက်တွင်ဖော်ပြထားသည်။
ထည့်သွင်းမှု ကန့်သတ်ချက်များ -
- ငွေကြေးအတွဲ - EURUSD.
- အချိန်ကာလ - H1.
- ဖြည့်စွက်ကိရိယာ - stochastic (14, 3, 3).
Moving averages များကိုအသုံးချနိုင်သော်လည်း ဈေးနှုန်းဖော်ပြချက်ဇယားကို ဝန်ပို မဖြစ်စေလိုပါ။ ထို့အပြင် moving averages များသည် လမ်းကြောင်းခွဲခြားသတ်မှတ်ခြင်းဖြင့် နောက်ကျမှုရှိသည်။
ကျွန်ုပ်တို့သည် လစဉ်အလိုက် တိုင်းတာဖော်ပြချက် (၎င်းသည် candles များ ပြသပုံ အပေါ်သက်ရောက်သည်) နှင့် နာရီပိုင်းအလိုက် ကာလတွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သည့်လမ်းကြောင်းကို ရှာဖွေ၍ ၎င်း၏ လမ်းကြောင်းအလှည့်အပြောင်းကို ဖော်ထုတ်ကာ အရောင်းအဝယ်များ ဖွင့်မည်ဖြစ်သည်။ Swing trading ဖြစ်ပေါ်သည့် ဈေးနှုန်းဇုန်များနှင့် အရောင်းအဝယ် ဝင်မည့်အမှတ်များကို ပိုမိုရှင်းလင်းစွာပြသနိုင်ရန် ယခင်ဈေးနှုန်းအချက်အလက်များကို အသုံးပြုပါမည်။ ကျွန်ုပ်သည် လောလောဆယ် အစိမ်းရောင် အမှတ်နေရာ၌ ရောက်နေပြီဆိုပါစို့။
- အမြင့်ဆုံးသုံးမှတ်ဖြင့် အဝါရောင်လမ်းကြောင်းမျဉ်းကို ဆွဲနိုင်သည်။ အစိမ်းရောင်အမှတ်တွင် ရှိနေခြင်းဖြင့် ဤမျဉ်းကိုဖောက်သွားပါက လမ်းကြောင်းပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာမည်ဟု ကျွန်ုပ်တို့ယူဆထားပြီး stochastic မှ အတည်ပြုအချက်ပြမှုကိုလည်း မျှော်လင့်ထားသည်။
- ပထမအကြိမ် ဖောက်ထွက်မှုသည် အပြာရောင်မြှားဖြင့်ညွှန်ပြထားသည့် နေရာတွင်ဖြစ်ပေါ်သည်။ ဤအမှတ်တွင် stochastic သည် 50 မျဉ်း ဝန်းကျင်တွင်ရှိနေသည့် အတက်လမ်းကြောင်းကို ပြသသည်။ သို့သော်ယခုအချိန်အထိ ၎င်းသည် အယောင်ပြဖောက်ထွက်ခြင်း (သို့မဟုတ်) အတက်လမ်းကြောင်း၏ အစဟုတ်မဟုတ် အတိအကျမပြောနိုင်ပါ။
- စျေးနှုန်းသည် အောက်သို့မဖောက်တော့ဘဲ အောက်ဘက်ရွေ့လျားမှုအတွင်း အဆိုပါဈေးတန်း မှ ခုန်တက်ကာ မြင့်တက်သွားသည်။ Stochastic မှ အထက်သို့ရွေ့လျားမှုကိုလည်း အတည်ပြုသည်။ ကျွန်ုပ်သည် ယခင်အနိမ့်မှတ် (စျေးနှုန်း နှင့် အဆိုပါအမှတ်ပြန်လည်ထိတွေ့ခြင်း) ထက် ပိုမြင့်သော အောက်ခြေတွင် အနီးစပ်ဆုံးဖြစ်ပေါ်မည့် ယာယီအကျကို စောင့်မျှော်နေပါသည်။ ၎င်းသည် လမ်းကြောင်းတစ်ခု၏အစ- ယာယီပြန်အကျတွင် အရောင်းအဝယ်တစ်ခုဖွင့်ရန် အကောင်းဆုံးအမှတ် ဖြစ်သည် - ၎င်းကိုဈေးနှုန်းဖော်ပြချက်ဇယားတွင် အပြာရောင်ဘဲဥပုံဖြင့် အမှတ်အသားပြုထားသည်။
ဤဈေးနှုန်းဖော်ပြချက်ဇယားတွင် အဝါရောင်အကွက်များသည် အဝင်နှင့်အထွက် အမှတ်များကို အချက်ပြသော ပြောင်းပြန်ပုံစံများကို ရှာဖွေရန်လိုအပ်သည့် swing zones များကိုညွှန်ပြသည်၊ ၎င်းတို့၏တည်ဆောက်ပုံအတွက် စည်းမျဉ်းစည်းကမ်းများ မရှိသောကြောင့် အနီးစပ်ဆုံး တူညီသည်ဟု ယူဆကြသည်။ အဝင်အမှတ်ကိုမြှားများဖြင့် အမှတ်အသားပြုထားပါသည်- ပထမဆုံးသော အပြာရောင်အစက် သည် လမ်းကြောင်း၏အစဖြစ်သည် (ယခင်ဈေးနှုန်းဖော်ပြချက်ဇယားတွင်ကဲ့သို့) အစိမ်းရောင်မြှားများသည် အဝယ်ကိုညွှန်ပြပြီး အနီရောင်မြှားများသည် အရောင်းကိုညွှန်ပြသည်။
ဈေးနှုန်းဖော်ပြချက်ဇယားပေါ်ရှိ မှတ်ချက်အချို့ -
- အထွက်မှတ်များကို ဈေးနှုန်းဖော်ပြချက်ဇယားတွင် အမှတ်အသားမပြုထားပါ။ ကုန်သည်တစ်ဦးစီသည် လမ်းကြောင်းမှတတ်နိုင်သမျှ အကျိုးအမြတ်ရအောင်ကြိုးစားခြင်း (သို့မဟုတ်) ပထမဆုံး အလှည့်အပြောင်းဖြစ်ချိန်တွင် အရောင်းအဝယ်ကိုပိတ်ခြင်းဖြင့် မည်သည့်နည်းဗျူဟာ တည်ဆောက်ရမည်ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ကြသည်။ အကယ်၍ ဒုတိယရွေးချယ်မှုကို ရွေးချယ်ပါက ပထမအကြိမ် နှစ်ခုဆက်တိုက် ဖြစ်ပေါ်သော လမ်းကြောင်းနှင့်ဆန့်ကျင်ဘက် candles ဖြစ်ပေါ်ခြင်း (သို့မဟုတ်) ယခင် candle body ထက် ပိုကြီးသော body ရှိသည့် လမ်းကြောင်း နှင့် ဆန့်ကျင်ဘက် candle ဖြစ်ပေါ်ပြီးနောက် အရောင်းအဝယ်ကိုပိတ်ပါ။
- ပထမအကွက်တွင် (ပထမ အနိမ့်အမြင့် ဖြစ်ပေါ်သော ဇုန်) အဝါရောင်မြှားဖြင့် အမှတ်အသားပြုထားသော ယာယီ ဈေးအလှည့်အပြောင်းတစ်ခုရှိသည်။ ထို အလှည့်အပြောင်း၏အောက်ခြေသည် ယခင်နေ့ (ပုံသဏ္ဍာန်မပါရှိသော အစိမ်းရောင်မြှား) ထက်ပို၍နိမ့်သောကြောင့် ဤနေရာတွင် အရောင်းအဝယ် မဝင်ပါ။
- ပုံစံများကိုစောင့်ကြည့်ခြင်း။ ဥပမာအားဖြင့် အထင်ရှားဆုံးပုံစံမှာ တတိယဇုန်ရှိ pin bar တစ်ခု (ပုံသဏ္ဍာန်မပါရှိသော တတိယအစိမ်းရောင်မြှား) ဖြစ်သည်။ ပဉ္စမဇုန်တွင် ရှင်းလင်းသော ဦးတည်ချက်မရှိသည့် ဈေးကွက်တစ်ခုကိုတွေ့ရသည်။ ၎င်း၏ ပြိုကွဲမှုသည် ယာယီဈေးနှုန်းအလှည့်အပြောင်း ဖြစ်ပေါ်ပြီးနောက် လမ်းကြောင်းဆက်သွားခြင်း ကို ဆိုလိုသည်။
- နည်းပညာပိုင်းခြားစိတ်ဖြာမှု ရှုထောင့်မှကြည့်လျှင် အငြင်းပွားစရာအကောင်းဆုံးဇုန်မှာ စတုတ္ထဇုန်ဖြစ်သည်။ ယာယီဈေးအတက်အကျ မရှိသလောက်ဖြစ်ပြီး လမ်းကြောင်း ရွေ့လျားမှုမှာ ဖရိုဖရဲဖြစ်နေသည်။
- Stochastic ကို စောင့်ကြည့်ခြင်း။ အဓိက အချက်ပြချက်မှာ ၎င်း ၏ လိုင်းနှစ်လိုင်းလုံးသည် ဈေးနှုန်းရွေ့လျားမှု ဦးတည်ချက်နှင့် တိုက်ဆိုင်နေချိန်ဖြစ်သည်။ အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်းနေရာများတွင် ၎င်းရောက်ရှိနေခြင်းသည် သုံးသပ်သင့်သည့်အချက် ဖြစ်သော်လည်း အဓိကအချက်ပြမှုမဟုတ်ပါ။
- ပထမအကြိမ်ဖြစ်ပေါ်သည့် လွန်ကဲအမှတ်များ အပေါ်အခြေခံ၍ မျဉ်းများကို တည်ဆောက်နိုင်သည်။ သို့သော် ကာလပိုကြာသည့် ဈေးနှုန်းဖော်ပြချက်ဇယားကို ကြည့်ရှုရန်အတွက် အတိုင်းအတာ ပြောင်းလဲရန် လိုအပ်သည်ကိုမမေ့ပါနှင့်။
Swing trade charts
Swing trade ဖြင့် ကုန်သွယ်ရန် သင်၏ကုန်သွယ်မှုစနစ်နှင့် သင့်လျော်သော မည်သည့်စျေးနှုန်းဖော်ပြချက် ဇယားကိုမဆို အသုံးပြုနိုင်သည်။ စျေးနှုန်းဖော်ပြချက်ဇယားတစ်ခုစီတွင် ၎င်း၏အားသာချက်များရှိသည် -
- Line charts။ အမြင်ပိုင်းဆိုင်ရာအရ အဆင်ပြေသည်။ ၎င်းသည် လမ်းကြောင်းနှင့်ဈေးနှုန်း အလှည့်အပြောင်း အမှတ်များကို ရှင်းလင်းစွာပြသပြီး ဝယ်လိုအားနှင့်ရောင်းလိုအားမျဉ်းများကို အလွယ်တကူဆွဲနိုင်သည်။ Line chart တစ်ခုတွင် Fibonacci retracement ကို တည်ဆောက်လျှင် လည်း ပိုကောင်သည်။
- Japanese Candlesticks။ Line chart နှင့်နှိုင်းယှဉ်ပါက ၎င်းသည် အသေးစိတ် လေ့လာမှုအတွက် ပိုမို၍ အချက်အလက်များ ပံ့ပိုးပေးသည်၊ candlestick charts များကိုအသုံးပြု၍ သတ်မှတ် အချိန်ကာလတစ်ခုခု အတွင်း စျေးနှုန်းရွေ့လျားမှုများကို အသေးစိတ်သုံးသပ်ရန် အဆင်ပြေသည်။
- Heiken Ashi။ ၎င်းသည် candlestick စျေးနှုန်းများကိုတွက်ချက်ရန် အခြားနည်းလမ်းကို အသုံးပြုသည့် candlestick chart ၏ မျိုးကွဲတစ်ခုဖြစ်သည်။ Forex charts: စတင်လေ့လာသူများအတွက် အထိရောက်ဆုံး လမ်းညွှန်ချက် ဟူသော ဆောင်းပါးသုံးသပ်ချက်တွင် မတူညီသော Forex စျေးနှုန်းဖော်ပြချက်ဇယားများ အကြောင်းကို ပိုမိုလေ့လာနိုင်ပါသည်
ပိုမိုလေးနက်သော ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရန်အတွက် မတူညီသောဈေးနှုန်းဖော်ပြချက်ဇယားများကို ပေါင်းစပ်နိုင်ပါသည်။
ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှု
Swing traders များအတွက် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ -
- ပမာဏသတ်မှတ်ခြင်းနည်းလမ်း (scaling method) ကိုအသုံးပြုပါ။ အကယ်၍စျေးနှုန်းသည် လမ်းကြောင်းမှန် သို့ သွားပါက အရောင်းအဝယ်များ၏ ပမာဏကိုတိုးလာစေပြီး အကယ်၍ စျေးနှုန်းသည် ခန့်မှန်းချက်နှင့် ဆန့်ကျင်ဘက်သို့သွားပါက ပမာဏလျော့ကျသွားမည်ဖြစ်သည်။
- အရှုံး/အမြတ် အချိုးအတွက် စည်းမျဉ်းကိုလိုက်နာပါ။ သီအိုရီအရ အရှုံးခံအမှတ် အကွာအဝေးသုံးဆနှင့် ညီမျှသော အမြတ်ကို သတ်မှတ်ပါ။ သင်၏ဗျူဟာနှင့် ရည်မှန်းချက်များနှင့်အညီ ဤအချိုးကိုပြောင်းလဲနိုင်သည်။ သို့သော်စီမံချက်ကို တင်းတင်းကျပ်ကျပ် လိုက်နာရန်ကြိုးစားပါ။
- အရောင်းအဝယ်အလိုက် ဆုံးရှုံးနိုင်နှုန်းနှင့် စုစုပေါင်း ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု စည်းမျဉ်းများကို လိုက်နာပါ။ ဥပမာအားဖြင့် ကုန်သွယ်မှုတစ်ခုအတွက် ဆုံးရှုံးနိုင်ချေသည်အပ်ငွေ၏ 5% ဖြစ်သည်။ ဆုံးရှုံးနိုင်ချေသည် ကုန်သွယ်မှုပမာဏနှင့် အဆုံးရှုံးခံမှု အကွာအဝေးတို့ကြား ဆက်နွယ်မှုအပေါ် မူတည်သည်။Forex ၌ lot size ဆိုတာ ဘာလဲ၊ ၎င်းကို တွက်ချက်ပုံ ဟူသောဆောင်းပါးတွင် မတူညီသောစျေးကွက်များရှိ ကုန်သွယ်မှုပမာဏအကြောင်း ပိုမိုဖတ်ရှုနိုင်ပါသည်။
- လိုက်လျောညီထွေမှုရှိပါစေ။ အကယ်၍စျေးနှုန်းသည် မလိုလားအပ်သော ဦးတည်ရာသို့ ရောက်သွားပြီး သင်၏ခန့်မှန်းချက်အပေါ် သံသယဖြစ်လာပါက အရှုံးခံအမှတ်ရောက်သည်အထိ မစောင့်ဘဲ အရှုံးဖြင့် ကုန်သွယ်မှုမှထွက်ရန် တုံ့ဆိုင်းမနေပါနှင့်။
- MT4 strategy tester တွင် သင်၏ဗျူဟာစွမ်းဆောင်ရည်ကို စစ်ဆေးပါ။ သင်၏ဗျူဟာသည် လက်တွေ့ကုန်သွယ်သည့်အခါတွင် စစ်ဆေးမှုရလာဒ်များထက် ပိုမိုဆိုးရွားပါက အရောင်းအ၀ယ်ကို ရပ်တန့်ပြီး အကြောင်းပြချက်များ ရှာဖွေပါ။
Swing trading FAQ
Swing trading သည် ဈေးနှုန်းလမ်းကြောင်းတစ်ခုဖွဲ့စည်းစဉ်အတွင်း ယာယီပြန်လည်ဖြစ်ပေါ်သည့် ဈေးအတက်အကျ (corrections) ကိုအသုံးပြုသည့် ကုန်သွယ်ရေးပုံစံတစ်ခုဖြစ်သည်။ Swing trading ကို Forex မှ စတော့ရှယ်ယာအထိ မည်သည့်ဘဏ္ဍာရေးကုန်သွယ်မှုအမျိုးအစားအတွက်မဆို ကာလတိုနှင့် ကာလလတ်ကုန်သွယ်မှုဗျူဟာအဖြစ် အသုံးပြုပါသည်။ ရွေးချယ်ထားသော ကုန်သွယ်ရေးအမျိုးအစာ၏ မတည်ငြိမ်မှုပေါ် မူတည်၍ အရောင်းအဝယ်များကို ရက်ပေါင်းများစွာမှ လပေါင်းများစွာအထိ ဖွင့်လှစ်ထားသည်။
Swing trading သည် စျေးနှုန်းဖော်ပြချက်ဇယားပုံစံများ၏ နည်းပညာပိုင်း ခွဲခြမ်းစိတ်ဖြာချက်နှင့် လမ်းကြောင်းတစ်ခု၏အစတွင် စျေးကွက်ထဲသို့ ဝင်ရောက်ခြင်းဆိုင်ရာ နည်းလမ်းများအပေါ် အခြေခံထားသည်။ ပထမအကြိမ် လမ်းကြောင်းအလှည့်အပြောင်းဖြစ်ပေါ်သည်အထိ ဖွင့်ထားသော အရောင်းအဝယ်ကို ထိန်းထားသည်။
ရှိပါသည်။ Swing trading သည်ခိုင်မာသောလမ်းကြောင်းကို ရယူရန်ဖြစ်သောကြောင့် အမြတ်အစွန်းရှိသော ကုန်သွယ်မှုပုံစံတစ်ခုဖြစ်ကြောင်း သေချာပါသည်။ Swing trading နည်းပညာ များသည် အခြားအရာများနှင့်နှိုင်းယှဉ်လျှင် အန္တရာယ်နည်းပါးကြောင်း အကြံပြုပါသည်။ သို့သော် ကုန်သည်၏ အာရုံစိုက်မှုနှင့် အလေးပေးမှုတိုးမြင့်ရန်လိုအပ်ပါသည်။
အမြတ်ပမာဏသည် စျေးကွက်ထဲသို့ သတ်မှတ်ချက်များနှင့်ကိုက်ညီစွာဝင်ရောက်မှု၊ အရောင်းအဝယ်ပမာဏနှင့် leverage အပေါ်အမြဲမူတည်သည်။ သို့သော် နောက်ဆုံးတန်ဖိုးနှစ်ခုသည် ဆုံးရှုံးနိုင်ချေနှင့် တိုက်ရိုက်အချိုးကျကြောင်းသတိပြုပါ။ အပ်ငွေတစ်ခုလုံးကို အရဲမစွန့်ပါနှင့်။
ကျွန်ုပ်တို့သည် လစဉ်အလိုက် တိုင်းတာချက်( ၎င်း သည် candles များ၏ပြသမှုအပေါ် အကျိုးသက်ရောက်သည်) နှင့် နာရီအလိုက်ကာလတွင် ၎င်း၏ အလှည့်အပြောင်းဖြစ်ခြင်းကို စောင့်ဆိုင်းပြီး အရောင်းအဝယ်များဖွင့်ရန်အတွက် နောက်ဆုံး ဖြစ်ပေါ်သည့်လမ်းကြောင်းကို ရှာဖွေပါသည်။ ကျွန်ုပ်တို့၏တာဝန်မှာ အဝင်နှင့်အထွက် အချက်ပြသည့် ဈေးနှုန်းအလှည့်အပြောင်း ပုံစံများကို ရှာဖွေရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဈေးနှုန်းဖော်ပြချက်ဇယားတွင် ဈေးနှုန်းပုံစံများ ဖွဲ့စည်းခြင်းကို ခြေရာခံရပါမည်။
ဥပမာအားဖြင့် လမ်းကြောင်းပြောင်းခြင်း၏ အထင်ရှားဆုံးပုံစံများမှာ pin bar၊ double top နှင့် head and shoulders ဖွဲ့စည်းပုံများဖြစ်သည်။ ဤနေရာတွင် အထိရောက်ဆုံးပုံစံများ ရွေးချယ်မှုများစွာကို တွေ့နိုင်သည်။
ရိုးရှင်းသော swing trading နည်းဗျူဟာအတွက် အကောင်းဆုံးအချိန်ကာလသည် နေ့စဉ် (သို့မဟုတ်) အပတ်စဉ်ကာလဖြစ်သည်။ ရွေ့လျားမှုကိုပိုင်းခြားစိတ်ဖြာပြီး စတော့ရှယ်ယာများနှင့် စတော့အညွှန်းကိန်းများ၏ လမ်းကြောင်းများကိုရှာဖွေရန် အပတ်စဉ် အချိန်ကာလမှပေးထားသည့် ပို၍ကြီးသော မြင်ကွင်းကိုအသုံးပြုပါ။ နေ့စဉ်အချိန်ကာလ ဖြင့် ကြည့်ရှုခြင်းသည် ဈေးကွက်လမ်းကြောင်း မကြာခနပြောင်းလဲစေသည့် မတည်ငြိမ်မှု မြင့်မားသော ကုန်သွယ်ရေး အမျိုးအစားများအတွက် သင့်လျော်သည်။
ဥပမာ - ငွေကြေးအတွဲများ။ သို့သော်ကျွန်ုပ်တို့သည် အပတ်စဉ်ဇယားပေါ်တွင် ယေဘုယျစျေးကွက် လမ်းကြောင်းကိုကြည့်ရှုပြီး နေ့စဉ်ဇယားပေါ်ရှိ လမ်းကြောင်းငယ်များကိုရှာသောအခါတွင် အကြီးမားဆုံးအကျိုးအမြတ်မှာ ဤအချိန်ကာလများ၏ ပေါင်းစပ်မှုဖြစ်ပါလိမ့်မည်။
Swing trading သည် အမြတ်ရယူသည့် နည်းလမ်းဖြစ်သောကြောင့် သီးခြားကုန်သွယ်မှုနည်းဗျူဟာ တစ်ခုမဟုတ်ပါ။ ဤနည်းလမ်းတွင် ကိုယ်ပိုင်ဗျူဟာများကိုချမှတ်နိုင်ပြီး မတူညီသော အခြေအနေများကို စံနမူနာယူနိုင်ပါသည်။ Swing trading ဗျူဟာ၏ ရည်ရွယ်ချက်မှာ ယေဘုယျလမ်းကြောင်းကို ဖော်ထုတ်ရန်ဖြစ်ပြီး လမ်းကြောင်းပြန်တက်လာသည့်အခိုက်တွင် အရောင်းအ၀ယ်အနည်းငယ်ကိုဖွင့်ကာ လမ်းကြောင်းပြောင်းသွားသည်အထိ စျေးကွက်ထဲတွင် ထားရှိရန်ဖြစ်သည်။
ဤနည်းလမ်းကိုလိုက်နာသော ကုန်သည်သည် အလှည့်အပြောင်းအမှတ်များအကြား ဈေးနှုန်းရွေ့လျားမှုမှ အမြတ်အစွန်းများ တတ်နိုင်သမျှရရန် အရောင်းအဝယ်များကို အဖွင့်အပိတ်လုပ်ရမည်ဖြစ်သည်။ အချို့သောကုန်သွယ်မှုသည် အမြတ်ရဇုန်တွင်ဆက်ရှိနေပါက ရက်သတ္တပတ်များစွာအထိ ကြာမြင့်သော်လည်း ပုံမှန်အားဖြင့် အရောင်းအ၀ယ်များကိုတစ်ရက်မှ ခြောက်ရက်အထိ ဖွင့်ထားလေ့ရှိသည်။ ကုန်သည်များသည်လမ်းကြောင်း၏ ဦးတည်ချက်နှင့် ဖြစ်နိုင်သော ကာလတိုပြောင်းလဲမှုများကိုဆုံးဖြတ်ရန် အမျိုးမျိုးသောနည်းပညာဆိုင်ရာ ညွှန်ပြချက် ကိရိယာများကို အသုံးပြုကြသည်။
ကုန်သွယ်ရေးအမျိုးအစားတစ်ခုတွင် အနိမ့်ဆုံးအရောင်းအဝယ်တစ်ခုဖွင့်ရန် လိုအပ်သော ငွေပမာဏ၊ အနိမ့်ဆုံးအပ်ငွေပမာဏသည် အောက်ပါအချက်များအပေါ်မူတည်သည် -
- အမျိုးအစားတစ်ခုအတွက် အနည်းဆုံး lot။ ဥပမာ ငွေကြေးအတွဲများအတွက် အနိမ့်ဆုံးပမာဏမှာ 0.01 ဖြစ်သည်။ သတ်မှတ်ချက်တွင် အနည်းဆုံးစာချုပ်အရွယ်အစားကို ရှာဖွေနိုင်ပါသည်။
- Financial leverage။ LiteFinance Client Profile တွင် ငွေကြေးအတွဲများအတွက် leverage ကိုသတ်မှတ်နိုင်ပါသည်။ အခြားအမျိုးအစားများအတွက် leverage အစား 'margin' ဟူသော အသုံးအနှုန်းကိုသုံးနိုင်သည်။
- Margin ကိုလည်း စာချုပ်သတ်မှတ်ချက်တွင် သတ်မှတ်ထားသည်။ အရောင်းအဝယ် ပြုလုပ်ရာတွင် Leverage ဆိုသည်မှာ အဘယ်နည်း၊ စတင်လေ့လာသူများအတွက် အထိရောက်ဆုံးလမ်းညွှန်ချက်
- Forex ကုန်သွယ်ရေးအမျိုးအစား၏စျေးနှုန်း။
- ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုစည်းမျဉ်းများ။
- ဥပမာ။ EURUSD ငွေလဲနှုန်းသည် 1.2120 ဖြစ်သည်။ အနိမ့်ဆုံးကုန်သွယ်မှုအရွယ်အစားမှာ 0.01 standard lot ဖြစ်သည်။ 1 lot = အခြေခံယူနစ် 100,000။
- အနိမ့်ဆုံးကုန်သွယ်မှုပမာဏ = 1.2120 * 100,000 * 0.01 = $1212။ အမြင့်ဆုံး leverage 1: 500 ကို အသုံးပြုသည့်အခါ ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုတစ်ခုဖွင့်ရန် $2.5 လိုအပ်မည်ဖြစ်ပါသည်။
- ကုန်သွယ်မှုတစ်ခုလျှင် အပ်ငွေ၏ 5% ထက်ပိုမစွန့်စားသင့်သော ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုမှုစည်းမျဉ်းကို ထည့်သွင်းစဉ်းစားခြင်းဖြင့် LiteFinance ကုန်သွယ်မှုအခြေအနေများမှ သတ်မှတ်သောအနိမ့်ဆုံးအပ်ငွေ 50 USD သည် အဆိုပါစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့်အညီ EURUSD တွင် swing trade တစ်ခုဖွင့်ရန် လုံလောက်ပါသည်။ .
ဖြစ်ပါသည်။ Swing trading ကုန်သွယ်မှုဗျူဟာအလုပ်ဖြစ်သည်မှာ ဟုတ်ပါသည်။ မည်သည့်နည်းဗျူဟာကိုမဆို မှန်ကန်စွာ အသုံးချပါက အလုပ်ဖြစ်ပါမည်။ Swing trading သည် ယုတ္တိ ရှိသော ဗျူဟာ ဖြစ်ပါသည်။ မည်သည့်ဈေးနှုန်းလမ်းကြောင်းတွင်မဆို ယာယီအတက်အကျများရှိပြီး ၎င်းသည် ကုန်သွယ်မှုများ မှ ထွက်ခြင်းနှင့် ဝယ်သူများနှင့်ရောင်းချသူများ၏ ဆန့်ကျင်မှုများအား ဖြစ်ပေါ်စေသည်။
လက်ရှိ ယာယီဈေးအလှည့်အပြောင်းဖြစ်ပေါ်မှုများတွင် ကုန်သွယ်မှုပြုလုပ်ခြင်းသည် လမ်းကြောင်း ဆက်လက်ရွေ့လျားသည့်ခါ ထိရောက်သောချဉ်းကပ်မှုတစ်ခုဖြစ်သည်။
မည်သည့်နည်းဗျူဟာနှင့် ကုန်သွယ်ရေးအမျိုးအစားဖြင့်မဆို ကြွယ်ဝသောကုန်သွယ်မှုကိုရနိုင်သည်၊ ထို့ကြောင့် swing ကုန်သွယ်ခြင်းမှလည်း အမြတ်အစွန်းများရနိုင်သည်။ ကုန်သွယ်မှုစနစ်တစ်ခု၏ အမြတ်အစွန်းသည် ကုန်သည်များ၏အသိပညာ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံ၊ စျေးကွက်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့် အမြန်ဆုံးဖြတ်ချက်ချနိုင်မှုများ အပေါ်မူတည်သည်။ အောင်မြင်မှု၏ အစိတ်အပိုင်းများမှာ -
- စီးပွားရေးသက်ရောက်မှုအပါအဝင် ကဏ္ဍအလိုက် အသေးစိတ်လေ့လာခြင်း။
- အမြတ်အစွန်းများသည့် ကုန်သွယ်ရေးစနစ်။ စမ်းသပ်သည့်စနစ် များအသုံးပြု၍ ကုန်သွယ်မှု ဗျူဟာ၏ထိရောက်မှုကို စစ်ဆေးနိုင်ပြီး မှတ်တမ်းမှတ်ရာများကို မှတ်တမ်း တင်နိုင်ပါသည်။ MetaTrader 4 Strategy Tester အတွက်ရည်ရွယ်ထားသော ဆောင်းပါးတွင် ဗျူဟာစမ်းသပ်ခြင်း အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။
- ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုစည်းမျဉ်းများကို လိုက်နာခြင်း၊
- စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုတည်ငြိမ်ခြင်း။
- သက်တောင့်သက်သာအရှိဆုံးကုန်သွယ်မှုပုံစံ၊ အတွေ့အကြုံရရှိရန် လေ့ကျင့်၍ အချိန်တိုင်းလေ့လာရန် ဆုံးဖြတ်သင့်သည်။ လုံးဝအရှုံးမပေးပါနှင့်။ အောင်မြင်လာပါလိမ့်မည်!
တိကျသောအဖြေမရှိပါ။ Forex ကုန်သွယ်မှုဗျူဟာတစ်ခုစီတွင် ၎င်းတို့၏ အားသာချက်၊ အားနည်းချက်များ၊ ဆုံးရှုံးနိုင်ချေများရှိပါသည်။ အပ်ငွေဆုံးရှုံးမှု၏အန္တရာယ်သည် မျှော်မှန်းထားသည့် လမ်းကြောင်းအတိုင်း သွားခြင်းရှိ /မရှိ အပေါ်တွင်မူတည်သည်။
Swing trading နှင့် day trading တွင်လည်း ခန့်မှန်းချက်မှားယွင်းနိုင်ပါသည်။ ထို့အပြင် swing trading သည် အားကောင်းသောလမ်းကြောင်းတစ်ခုရှိပါက day trading အဖြစ်သို့ပြောင်းလဲနိုင်သည်။
စိတ်ပိုင်းဆိုင်ရာဖိစီးမှုအရ swing trading သည် ပို၍အန္တရာယ်များသည်။ ကုန်သည်သည် ကာလတို ယာယီဈေးအလှည့်အပြောင်း ကို အသုံးချသင့်ပြီး လမ်းကြောင်းပြောင်းပြန်လှန်မှုကို စောင့်ကြည့်သင့်သည်။ ထို့ကြောင့် swing trader သည် စျေးနှုန်းဖော်ပြချက်ဇယားကို အဆက်မပြတ်စောင့်ကြည့်သင့်သည်။ Day trading ကုန်သွယ်ရေးဗျူဟာများသည် ဖွင့်ထားသော အရောင်းအဝယ်များကို အခါအားလျော်စွာ စစ်ဆေးခြင်း ကို ဆိုလိုသည်။
နိဂုံး
Swing trading သည် စတင်လေ့လာသူအတွက် သင့်လျော်ပြီး လမ်းကြောင်းနှင့် ကုန်သွယ်မှုပြုလုပ်ရန် ကိုက်ညီသော စည်းမျဉ်းဖြစ်သည်။ အကယ်၍ အားကောင်းသော လမ်းကြောင်းတစ်ကြောင်း ကိုတွေ့ရှိပါက ကုန်သွယ်မှုတစ်ခုမှ ရနိုင်သမျှ အမြတ်များများရရန် ပြုလုပ်နိုင်သည်။ ဤအခြေအနေတွင် swing trading သည် လမ်းကြောင်းဖြင့်ကုန်သွယ်သည့် သမာရိုးကျ တစ်နေ့တာကုန်သွယ်ရေးဗျူဟာ အဖြစ်သို့ ပြောင်းလဲသွားသည်ကို သတိပြုသင့်သည်။ ထို့ကြောင့် သတ်မှတ်ခေါ်ဝေါ်သည့် အမည်များပေါ်တွင် အစွဲအလမ်း မထားပါနှင့်။
ဈေးနှုန်းဖွဲ့စည်းသည့်ပုံစံများ၊ ဈေးတန်းများနှင့် နည်းပညာညွှန်ပြချက်များ ကို ဖြည့်စွက် ကိရိယာများအဖြစ် ထည့်သွင်းခြင်းဖြင့် ယာယီဈေးအတက်အကျ ဖြစ်ပေါ်ခြင်းဆိုင်ရာ နည်းဗျူဟာများအတိုင်း သင်၏ ဈေးကွက်လမ်းကြောင်းကိုတည်ဆောက်ပါ။ ဒါ့အပြင် မှတ်ချက် ပေးသည့်နေရာများတွင် မေးခွန်းများမေး၍ သင်၏အတွေ့အကြုံကိုမျှဝေပေးခဲ့ပါ။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။





























