Carry Trade နည်းဗျူဟာအား ၈၀ ပြည့်နှစ်များအတွင်း Jamaican စနစ်မှ ငွေလဲနှုန်းရွေ့လျားမှုများကို မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင် တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ဤကုန်သွယ်မှုဗျူဟာ၏ အနှစ်သာရမှာ အတိုးနှုန်းနည်းသော နိုင်ငံတစ်ခု၏ ငွေကြေးကို ဝယ်ယူရန် နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် မြင့်မားသော ပြန်အမ်းငွေဖြင့် ရင်းနှီးမြှုပ်နှံရန်ဖြစ်သည် - သယ်ဆောင်သွားနိုင်သော အတိုးနှုန်းမြင့် ငွေကြေးများ၊ ငွေချေး သက်သေခံလက်မှတ်များ စသည်တို့ဖြစ်သည်။
ဤဆောင်းပါးကို ဖတ်ရှုပြီးသည့်နောက်တွင် Carry Trade နည်းဗျူဟာဆိုသည်မှာ အဘယ်နည်း၊ ၎င်း၏ အားသာချက်များမှာ အဘယ်နည်း စသည့်အချက်များကို သိနားလည်လိမ့်မည် ဖြစ်ပါသည်။ ဤကုန်သွယ်ရေးနည်းဗျူဟာအတွက် ဖြစ်လေ့ဖြစ်ထရှိသော ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံးထိလျှော့ချ၍ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် ၎င်းနည်းဗျူဟာဖြင့် မည်သို့ငွေရှာရမည်ကို လေ့လာပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Carry Trade ဆိုသည်မှာ အဘယ်နည်း။ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်။
- Currency Carry Trade သည် မည်သို့ အလုပ်လုပ်ပါ သနည်း။ လက်တွေ့ ဥပမာများဖြင့် ရှင်းပြထားပါသည်။
- Positive Carry Trade
- Negative Carry Trade
- Carry Trading သည် အဘယ်ကြောင့် ထိုမျှ ရေပန်းစား ပါသနည်း။
- မည်သည့် ဆုံးရှုံးနိုင်ခြေများ ပါဝင်သနည်း။
- ယနေ့ခေတ် Carry Trading ၏ အားသာချက်/ အားနည်းချက်များ။
- Carry Trading ၏ အားသာချက်များနှင့် အားနည်းချက်များ။
- Forex အတွက် Carry Trade နည်းဗျူဟာ။
- အနှစ်ချုပ်
- Currency Carry Trade ဆိုင်ရာအမေး၊အဖြေများ။
ဤနည်းဗျူဟာမှာ ကုန်သွယ်ရေးအတွက် စိတ်ဝင်စားဖွယ်ဖြစ်ပြီး အကျိုးရှိစွာ အသုံးချနိုင်သည်။
Carry Trade ဆိုသည်မှာ အဘယ်နည်း။ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်။
Carry Trade အား ရိုးရှင်းသော အသုံးအနှုန်းဖြင့် ရှင်းပြရလျှင် လူတဦးသည် အကျိုးအမြတ်များသော အရင်းအမြစ်တခုကို ဝယ်ယူရန်အလို့ငှာ သက်သာသော အရင်းအမြစ်တခုမှ ငွေချေးယူခြင်းဖြစ်သည်။ ဈေးကြီးသော အရင်းအမြစ်မှ ပေါ်ထွက်လာသော အမြတ်အစွန်းနှင့် ချေးငွေပြန်လည်ပေးဆပ်မှုအကြားမှ ခြားနားချက်သည် ၎င်းတို့၏ ကုန်သွယ်ရေး အကျိုးအမြတ်ပင်ဖြစ်သည်။
Carry Trade ၏ ဥပမာတခု- S&P500 ၏ အမြတ်နှုန်းမှာ တနှစ်လျှင် 30% ဖြစ်သည်။ သင်သည် ဘဏ်တခုမှ တနှစ်လျှင် 10% အတိုးဖြင့် ချေးငွေရယူကာ futures များတွင် ရင်းနှီးမြှုပ်နှံလိုက်သောအခါ ကုန်သွယ်ရေးအကျိုးအမြတ် 20% ကို အသားတင် ရရှိပါမည်။ သို့သော် ယခင်သုံးနှစ်ဆက်တိုက် တည်ငြိမ်ခဲ့သော အညွှန်းကိန်း၏ 30% အမြတ်သည် လာမည့်နှစ်များတွင်လည်း ထိုအတိုင်း ဆက်လက်တည်မြဲနေလိမ့်မည်ဟု အာမခံနိုင်ခြင်း မရှိသည်မှာ အမှန်တရားပင်ဖြစ်သည်။ အကယ်၍ နှစ်ကုန်ချိန်တွင် အမြတ်နှုန်းသည် 10% အောက်ဖြစ်ခဲ့ပါက သင့်အတွက် အရှုံးကိုသာ ရရှိမည် ဖြစ်ပါသည်။
S&P500 နေရာတွင် ဆုံးရှုံးနိုင်ခြေပိုမိုနည်းပါး၍ အမြတ်အစွန်းကို အာမခံနိုင်သည့် အခြားသော ပိုင်ဆိုင်မှုတခုကိုလည်း ရွေးချယ်နိုင်ပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ထိုရည်ရွယ်ချက်မျိုးဖြင့် အစိုးရဘွန်းစာချုပ်များကို ရွေးချယ်လေ့ရှိကြသည်။ သို့ရာတွင် နိုင်ငံအသီးသီးမှ ဘွန်းစာချုပ်များ၏ အမြတ်နှုန်းမှာ 2% မှ 3 % ကြားသာဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူအနေဖြင့် ချေးငွေရယူရာတွင် အသက်သာဆုံး နည်းလမ်းကို တတ်နိုင်သမျှ ရှာဖွေရမည်ဖြစ်သည်။
Carry Trade နည်းဗျူဟာ၏ ထိရောက်မှုသည် အကြောင်းရင်းများစွာအပေါ်တွင် မူတည်ပါသည်။
- ချေးငွေအတိုးနှုန်း။ ချေးငွေ၏ အတိုးနှုန်းမြင့်မားလေလေ၊ အဆိုပါချေးငွေအား ရင်းနှီးမြှုပ်နှံမည့် ကုန်သွယ်ရေးပိုင်ဆိုင်မှုမှ အမြတ်များများ ရရှိရန် လိုအပ်လေလေ ဖြစ်ပါသည်။
- Carry Trade အမြတ်နှုန်း။ ၎င်းသည် ချေးငွေကုန်ကျစားရိတ်နှင့် ငွေပေးငွေယူ အဖိုးအခများကို ကာမိသော ပမာဏတခု ဖြစ်သင့်ပါသည်။ အမြတ်နှုန်းသည် ဘွန်းစာချုပ်များကဲ့သို့ ပုံသေ ဖြစ်နိုင်သလို၊ စတော့နှုန်းထားတခု၏ တိုးတက်မှုအပေါ်မူတည်၍ ရွေ့လျားမှုရှိသော နှုန်းထား လည်း ဖြစ်နိုင်ပါသည်။
- ရင်းနှီးမြှုပ်နှံသော ပိုင်ဆိုင်မှု၏ မတည်ငြိမ်မှု။ မြင့်မားသော အကျိုးအမြတ်သည် မြင့်မားသော ဆုံးရှုံးနိုင်ခြေနှင့် ဒွန်တွဲ၍ နေပါသည်။ ထို့ကြောင့် မတည်ငြိမ်မှု မြင့်မားသော ပိုင်ဆိုင်မှုသည် ရင်းနှီးမြှုပ်နှံသူအတွက် အမြတ်၊ အရှုံး နှစ်မျိုးစလုံး မြင့်မားနိုင်ပါသည်။ မတည်ငြိမ်သော ပိုင်ဆိုင်မှု များကို ရွေးချယ်ပါက၊ စျေးနှုန်းအလှည့်အပြောင်းတစ်ခုတွင် ပိုင်ဆိုင်မှုများကို အမြန် ရောင်းထုတ် ရန် စျေးကွက်အလေးသာမှုအား အဆက်မပြတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။
သတိပြုရန်! Carry Trading နည်းဗျူဟာတွင် နိုင်ငံ သို့မဟုတ် ပိုင်ဆိုင်မှု ရွေးချယ်ရာ၌ ကန့်သတ်ချက် တစုံတရာ မရှိပါ။ သီအိုရီအားဖြင့် နိုင်ငံတခု၏ဘဏ်မှ ချေးငွေရယူကာ အခြားနိုင်ငံတခု၏ ပိုင်ဆိုင်မှုတခုတွင် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။ သို့ရာတွင် ချေးငွေရယူသော ရည်ရွယ်ချက်၊ ငွေလဲလှယ်ရာတွင်ဆုံးရှူံးခြင်း၊ ငွေအပေးအယူဝန်ဆောင်ခများနှင့် ကော်မရှင်များအရ ထိုသို့လုပ်ဆောင်ရန် မထိုက်တန်ပါ။ ထို့ကြောင့် Carry Trade အများစုအား သီးသန့်ကုန်သွယ်သူများမှ အိတ်ချိန်းနှင့် ပြင်ပဈေးကွက်များ၊ အီလက်ထရောနစ် ပလက်ဖောင်းများပေါ်တွင် ပြုလုပ်ကြပါသည်။
Carry Trade ၏ အဓိက အစိတ်အပိုင်းများ။
Carry Trade နည်းဗျူဟာဖြင့် အတိုးပေါ်မှ ဝင်ငွေရရှာဖွေရာတွင် ထည့်သွင်းတွက်ချက်ရမည့် အဓိက အစိတ်အပိုင်းများ။
- ဗဟိုဘဏ်၏ အဓိက အထောက်အပံ့ အတိုးနှုန်း။ ၎င်းသည် ဗဟိုဘဏ်မှ စီးပွားရေးဘဏ်များသို့ ချေးငှားသော အတိုးနှုန်းဖြစ်သည်။ ထိုဘဏ်များမှ အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများကို တဖန် ပြန်လည်ကာ သတ်မှတ်ပါသည်။ ဘဏ်အတိုးနှုန်းသည် ငွေကြေးတန်ဖိုးကို ရောင်ပြန်ဟပ် ပါသည်။ နှုန်းထားမပြောင်းလဲပါက၊ ကုန်သည်၏ အရှုံးနှင့် အမြတ်သည် ၎င်းတို့ကြားရှိ အတိုးနှုန်း ခြားနားချက်ကို ရောင်ပြန်ဟပ်ပါသည်။
- ငွေလဲနှုန်းအပြောင်းအလဲ။ အကယ်၍ အဆိုပါနှုန်းထား တိုးတက်ပါက၊ ရင်းနှီးမြှုပ်နှံသူသည် လျှော့ပေါ့သော နှုန်းထားများကြားမှ ခြားနားမှုအပြင် အပိုအကျိုးအမြတ်တခုကိုပါ ရရှိမည် ဖြစ်ပါသည်။
Forex ငွေကြေးကုန်သွယ်ရေးဈေးကွက်ပေါ်တွင် Carry Trade ၏ ပန်းတိုင်မှာ အတိုးနှုန်းအသက်သာဆုံး ငွေကြေးယူနစ်တခုဖြင့် အရောင်းကုန်သွယ်မှုဖွင့်ကာ၊ အတိုးနှုန်းပိုမိုမြင့်မားသော ငွေကြေးယူနစ်တခုဖြင့် အဝယ်ကုန်သွယ်မှုဖွင့်ရန်ဖြစ်ပါသည်။ ဂျပန်ယန်း Carry Trade တခုအား ဥပမာအဖြစ် စဉ်းစားကြည့်ကြပါစို့ (ဂျပန်ယန်းသည် ၎င်း၏ သက်သာသော အတိုးနှုန်းကြောင့် Carry Trade တွင် ထောက်ပံ့ငွေအဖြစ် အစဉ်အဆက် ရေပန်းစားခဲ့သော ဥပမာတခု ဖြစ်ပါသည်)။ ဥပမာအရ - AUDJPY အတွဲတွင် အဝယ် အနေအထားဖြင့် ကုန်သွယ်မှုဖွင့်သောအခါ ကုန်သည်တဦးသည် ချေးယူထားသော ဂျပန်ယန်းဖြင့် ဩစတေးလျဒေါ်လာကို ဝယ်ယူပါသည်။ ယန်း Carry Trade မှ အမြတ်အစွန်းရရှိစေရန်အလို့ငှာ JPY ၏ ကြားခံအတိုးနှုန်းထားသည် AUD နှုန်းထားထက် ပို၍နိမ့်သော နှုန်းထားဖြစ်ရန် လိုအပ်ပါသည်။
Fx ဈေးကွက်တွင် ငွေကြေးအတွဲများဖြင့် Carry Trade ကုန်သွယ်ခြင်းရေး ဆောင်ရွက်ပုံကို တိကျသော ဥပမာအချို့ကို အသုံးပြု၍ စဉ်းစားသုံးသပ်ကြည့်ကြပါစို့။
Currency Carry Trade သည် မည်သို့ အလုပ်လုပ်ပါ သနည်း။ လက်တွေ့ ဥပမာများဖြင့် ရှင်းပြထားပါသည်။
Forex ငွေကြေးကုန်သွယ်ရေး တွင် Carry Trade ၏ အဓိကကျသော စည်းမျဉ်းမှာ ပို၍ဈေးသက်သာသော ငွေကြေးတခုကို ချေးယူ၍ အဆိုပါချေးငွေအား ပို၍ဈေးကြီးသော ငွေကြေးတခုကို ဝယ်ယူရာ၌ သုံးစွဲခြင်းဖြင့် အတိုးနှုန်းကွာခြားချက်မှ ဝင်ငွေရှာဖွေခြင်း ဖြစ်ပါသည်။ ဥပမာ -
- AUDJPY အတွဲတွင် JPY သည် ဘဏ်တိုး ၁%ဖြင့် အတိုးနှုန်းသက်သာသော ငွေကြေးဖြစ်သည်။ AUD ၏ ဗဟိုဘဏ်အတိုးနှုန်းမှာ ၄% ဖြစ်သည်။ ဩစတေးလျဒေါ်လာအား ဂျပန်ယန်းဖြင့် ဝယ်ယူရန်၊ Carry ကုန်သည်တဦးသည် ယန်းငွေကို ချေးယူရပါမည် — ဤထောက်ပံ့ငွေကြေး ဖြစ်သော ဂျပန်ယန်းဖြင့် အရောင်းကုန်သွယ်မှုကို ဖွင့်ရပါမည်။
- ကုန်သည်မှ AUDJPY Carry Trade အတွဲတွင် အဝယ်ကုန်သွယ်မှုကို ဖွင့်ပါသည်။
- တနှစ်အကြာတွင် ကုန်သည်ဖြစ်သူသည် AUD ရင်းနှီးမြှုပ်နှံမှုမှ ၄% အမြတ်ရရှိပြီး၊ JPY ကို အသုံးပြုခြင်းအတွက် ၁% ကိုပေးဆောင်ရပါသည်။ အကယ်၍ တနှစ်ကြာသည့်အချိန်တွင် AUDJPY ၏ နှုန်းထားတွင် အပြောင်းအလဲမရှိခဲ့လျှင်၊ ဤငွေကြေး Carry Trade မှရရှိသော ကုန်သည်၏ အသားတင်အမြတ်မှာ ၃% ဖြစ်ပါသည်။
အကယ်၍များ AUDJPY နှုန်းထား တိုးတက်ခဲ့မည်ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။ ဥပမာပေးရာတွင် အဆင်ပြေစေရန်အတွက် အတိုးနှုန်းအား 1:2 ဟု ယူဆကြည့်ကြရအောင်။
- ရင်းနှီးမြှုပ်နှံသူသည် 50 AUD ပမာဏရှိသော ငွေကြေးကို ဝယ်ယူရန်အတွက် 100 JPY ကို 1% အတိုးနှုန်းဖြင့် ချေးယူခဲ့ပါသည်။
- အခြားရင်းနှီးမြှုပ်နှံသူများသည်လည်း ဤ Carry Trade နည်းဗျူဟာအတိုင်း လိုက်ပါ ဆောင်ရွက်ကြသည်။ AUD ၏ ဝယ်လိုအား လျင်မြန်စွာ တိုးတက်လာသောကြောင့် ၎င်း၏ ဈေးနှုန်းသည် 1:3 သို့ တိုးတက်သွားခဲ့သည်။
- တနှစ်ခန့်ကြာသောအခါ ရင်းနှီးမြှုပ်နှံသူသည် အတိုးနှုန်းကွာခြားမှုကြောင့် ဤငွေကြေး Carry Trade မှ ၃ % အကျိုးအမြတ်ကို ရရှိပါသည်။ ထို့နောက်တွင် ၎င်းတို့သည် 50 AUD အား 150 JPY ဖြင့် ရောင်းချကာ 100 JPY ကို ချေးငွေပြန်လည်ပေးဆပ်ရန် အသုံးပြုလိုက်သည်။ 50 AUD သည် Carry Trade မှရရှိသော ရင်းနှီးမြှုပ်နှံသူ၏ အပိုဆောင်း အမြတ်ငွေ ဖြစ်ပါသည်။
လက်တွေ့တွင်၊ ဤယန္တရားကို အကောင်အထည်ဖော်ရာတွင် ကုန်သွယ်မှုများ နောက်တနေ့သို့ ကူးပြောင်းသောအခါ Swap အဖိုးအခများ ကျသင့်မည်ဖြစ်ပါသည်။ AUDJPY Carry Trade ကို ဖွင့်လှစ်ရာတွင် အကျိုးဆောင်သည် JPY အား ကုန်သည်ထံသို့ အမှန်တကယ်ရောင်းချပြီး၊ AUD အား ၎င်းတို့ ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူကြသည်။ တချိန်တည်းမှာပင် ယန်း Carry Trade ဆောင်ရွက်သော ကုန်သည်များသည် ရောင်းချသော ငွေကြေးအတွက် အတိုးပေးဆောင်၍၊ ဝယ်ယူသောငွေကြေးအတွက် အတိုးငွေကို ရယူကြသည်။ ဤရာခိုင်နှုန်းသည် အတိုးနှုန်းနှစ်ခုကို ချည်နှောင်ထားသည်။ တနေ့တာ၏ အဆုံးတွင် Carry Trade အကျိုးဆောင်သည် ကုန်သွယ်မှုအားလုံးကို ကော်မရှင်နှင့်တကွ ပြန်လည် တွက်ချက်ပါသည်။
Forex ကုန်သွယ်ရေးတွင် သိရှိထားသင့်သော Swap အကြောင်း။
- Swap ဆိုသည်မှာ ဖွင့်ထားသော ကုန်သွယ်မှုတခုအား နောက်ထပ်ကုန်သွယ်ချိန်တခုသို့ သယ်ဆောင်သွားရာတွင် စာချုပ်သတ်မှတ်ချက်များနှင့်အညီ ကျသင့်သော အဖိုးအခ ဖြစ်ပါသည်။ အကယ်၍ Swap သည် အပေါင်းဖြစ်လျှင် အကျိုးဆောင်၏ ကုန်သွယ်ရေးသတ်မှတ်ချက် များနှင့် အညီ အတိုးနှုန်းခြားနားချက်တန်ဖိုးအား ကုန်သည်၏အကောင့်သို့ ထည့်သွင်းပေးပါသည်။ အနှုတ် Swap ကို ဖြတ်တောက်ပါသည်။
- Swap တန်ဖိုးသည် ငွေကြေးအတွဲ(ပိုင်ဆိုင်မှု)တခုချင်းအလိုက် ကွဲပြားပါသည်။ ၎င်းတန်ဖိုးအား အတိုးနှုန်းခြားနားချက်များအပေါ်မူတည်၍ အကျိုးဆောင်မှ သတ်မှတ်ပါသည်။
- အဝယ်နှင့် အရောင်း ကုန်သွယ်မှုများအတွက် Swap များမတူညီပါ။
- Swap တန်ဖိုးအား အကျိုးဆောင်၏ ကုန်သွယ်ရေးသတ်မှတ်ချက်များတွင်ဖြစ်စေ၊ ကုန်သွယ်ရေး ပလက်ဖောင်းပေါ်တွင်ဖြစ်စေ ဖော်ပြထားပါသည်။
Carry Trade သို့မဟုတ် နှုန်းထားခြားနားချက်များအပေါ် ငွေရှာခြင်းများတွင် မည်သည့်နည်းဗျူဟာကို အသုံးပြုသည်ဖြစ်စေ ရနိုင်ခြေရှိသော အမြတ်ပမာဏအား တွက်ချက်ရာတွင် Swap တန်ဖိုးကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
Carry Trade ဥပမာများ။
အပေါင်းလက္ခဏာပြ Swap များသည် အတိုးနှုန်းခြားနားချက်အပေါ်ခြေခံ၍သတ်မှတ်ခြင်း ဖြစ်သည်။ အပေါင်းလက္ခဏာပြ Swap ရရှိသော ငွေကြေးအတွဲများမှာ အရေအတွက် သေးငယ်ပါသည်။ အတိုးနှုန်းများ၏ အကြီးဆုံးခြားနားချက်များ မတည်ငြိမ်ခြင်းသည် ရွေးချယ်မှုအား ရှုပ်ထွေးစေပါသည် — အတိုးနှုန်းမြင့်မားသော နိုင်ငံများတွင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက်မဖြစ်စေရန် နှုန်းထားကို လျှော့ချနိုင်သကဲ့သို့၊ တဖက်တွင်လည်း အတိုးနှုန်း နိမ့်ပါးသော နိုင်ငံများသည် နှုန်းထားကို မြှင့်တင်နိုင်ပါသည်။ ထို့ကြောင့် မြင့်မားသော အတိုးနှုန်းခြားနားချက်နောက်သို့ လိုက်ပါခြင်းထက်၊ တည်ငြိမ်သောအတိုးနှုန်းနှင့် လမ်းကြောင်း၏လားရာနောက်သို့ လိုက်ပါခြင်းက ပို၍ အဓိပ္ပါယ်ရှိပါသည်။
သတိပြုရန်! အဝယ်/အရောင်း ကုန်သွယ်မှု နှစ်မျိုးစလုံးအတွက် Swap ကို အသုံးပြုနိုင်ပါသည်။ အရေးကြီးသော အချက်နှစ်ချက် ရှိပါသည်။
- အပေါင်းလက္ခဏာပြ Swap ၏ ဦးတည်ရာတွင်သာ ကုန်သွယ်မှုကို ဖွင့်ပါ။
- နိုင်ငံခြားငွေလဲလှယ်ခြင်းတွင် ကျသင့်သော အရှုံးကြောင့် အပေါင်း Swap အား အချည်းနှီးမဖြစ်စေရန်၊ နှုန်းထားသည် ရေပြင်ညီ သို့မဟုတ် အဝယ်/အရောင်း ကုန်သွယ်မှုအတွက် ပိုမြင့်/ပိုနိမ့် သင့်ပါသည်။ ၎င်းသည် ဤအခြေအနေတွင် ကြာရှည်လေလေ၊ ကုန်သည်၏ နေ့စဉ်ဝင်ငွေ တိုးပွားလေလေဖြစ်သည်။ မျှခြေအဆင့်တွင် အရှုံးသတ်မှတ်ချက်ကို သတ်မှတ်ခြင်းအားဖြင့် ဤပြဿနာကို တစိတ်တပိုင်း ဖြေရှင်းနိုင်ပါသည်။
နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင် Carry Trade နည်းဗျူဟာအား အသုံးချခြင်း ဥပမာအချို့အား ကြည့်ရှုကြရအောင်။
- EURMXN
ဤအတွဲအတွက် အရောင်းကုန်သွယ်မှုတွင် အပေါင်း Swap ဖြစ်ပါသည်။ နိုင်ငံ၏ နှုန်းထား ဖော်ပြသောငွေကြေး (မက္ကဆီကို ပီဆို၊ MXN)သည် အခြေခံငွေကြေးဖြစ်သော (EUR)ထက် ပို၍ ဈေးမြင့်ပါသည်။ ထို့ကြောင့် ယူရိုကို ရောင်းချ၍ ပီဆိုကို ဝယ်ယူခြင်းက ပို၍ အကျိုးရှိနိုင်ပါသည်။
ကာလရှည်ကြာသော Carry Trade သည် ပိုမိုကြီးမားသော ကုန်သွယ်ရေးအခွင့်အရေးများကို ပေးစွမ်းနိုင်ပါသည် — ၎င်းတွင် ရှည်လျားသော အကျလမ်းကြောင်းအပိုင်းအခြားများ ပါဝင်သည်။ အကယ်၍ Carry Trade ကုန်သွယ်မှုအား ကန့်သတ်အော်ဒါတခုဖြင့် ကာကွယ်ထားလျှင်၊ နှုန်းထားများ ရုတ်တရက်မြင့်တက်ခြင်းသည် ပြဿနာတခုမဟုတ်ပါ။
- USDZAR
အရောင်းကုန်သွယ်မှုပြုလုပ်သင့်သော အခြားအတွဲတခု။ မတည်ငြိမ်မှုမြင့်မားသည့်ကြားမှပင် ကာလရှည် အချိန်ဘောင်များတွင် ရှင်းလင်းသော အကျလမ်းကြောင်းများ ရှိနေပါသည်။
RUB ပါဝင်သော ငွေကြေးအတွဲများ (EURRUB၊ USDRUB) တို့သည် ၂၀၂၁ တွင် အာဂျင်တီးနားနှင့် မက္ကဆီကိုပီဆိုတို့၏ အလားအလာကို ကျော်လွန်ကာ ဆွဲဆောင်အားအကောင်းဆုံး ပိုင်ဆိုင်မှုများ ဖြစ်ခဲ့ကြသည်။ သို့သော် ၂၀၂၂ ၏ မြင့်မားသောမတည်ငြိမ်မှု၊ အချိန်အခါအလိုက် အားကောင်း/ အားနည်းတတ်သော ရူဘယ်တို့ကြောင့် ထိုအခိုက်အတန့်တွင် ဤငွေကြေးအတွဲဖြင့် Carry Trade နည်းဗျူဟာကို အသုံးပြု၍ ကုန်သွယ်ခြင်း မပြုသင့်ပါ။
အခြားမသင့်တော်သော အတွဲတခုမှာ USDTRY ဖြစ်သည်။ ၎င်းသည် အရောင်းကုန်သွယ်မှုများအတွက် အပေါင်း Swap ကို ရရှိသည်။ သို့သော် ၎င်း၏နှုန်းထားသည် အတက်လမ်းကြောင်းပေါ်တွင် ရှိ၍နေသည်။ တိုတောင်းသော အချိန်ပိုင်းများတွင် အကျလမ်းကြောင်းကို ရှာတွေ့နိုင်သော်လည်း၊ အကျိုးအမြတ် အလားအလာအရ Spread အဖိုးအခနှင့် အချိန်များကို ရင်းနှီးရန် မထိုက်တန်ပါ။
သတိပြုရန်! အထက်ပါ ဥပမာများသည် ငွေကြေးအတွဲရွေးချယ်ခြင်းနှင့် နည်းဗျူဟာအတွက် သင့်တော်သောဇယားကို ရှာဖွေခြင်းများအတွက် နည်းလမ်းပြသခြင်းသာ ဖြစ်ပါသည်။ အကယ်၍ အတိုးနှုန်းခြားနားချက် ပြောင်းလဲခဲ့လျှင်၊ Swap များလည်း ပြောင်းလဲပါမည်။ ထို့ကြောင့် အချို့ ငွေကြေးအတွဲများ၏ ဆွဲဆောင်မှုအလားအလာလည်း ပြောင်းလဲနိုင်ပါသည်။
Leverage ပါဝင်သော Carry Trade ဥပမာများ။
Leverage ပါဝင်သော Carry Trade နည်းဗျူဟာတွင် ထင်ရှားသော အားနည်းချက်တရပ် ရှိပါသည် - Carry trade ဖြင့်အကျိုးအမြတ်ရနိုင်စွမ်း နည်းပါးခြင်းပင်ဖြစ်သည်။ အကျိုးအမြတ်အလားအလာကို တွက်ချက်ရန်အတွက် အောက်ပါဖော်မြူလာကို အသုံးပြုပါသည်။
အမြတ် = ပွိုင့်တန်ဖိုး × Swap × ရက်အရေအတွက်
- ပွိုင့်တန်ဖိုးဆိုသည်မှာ ၎င်း၏ဈေးနှုန်းကို ငွေကြေးဆိုင်ရာ ဝေါဟာရဖြင့် ဖော်ပြခြင်းဖြစ်သည်။ ၎င်းသည် ငွေကြေးအတွဲနှင့် ကုန်သွယ်မှုပမာဏအပေါ်တွင် မူတည်သည်။ ပွိုင့်တခု၏တန်ဖိုးကို တွက်ချက်ခြင်းအား “Forex ငွေကြေးကုန်သွယ်ရေးတွင် lot ဆိုသည်မှာအဘယ်နည်း၊ ၎င်းကို မည်သို့တွက်ချက်ရမည်နည်း” ဟူသော ဆောင်းပါးတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
- Swap သည် အသေးစိတ်ဖော်ပြချက်များတွင် သတ်မှတ်ဖော်ပြထားသော Swap ပမာဏ ဖြစ်သည်။
- ရက်အရေအတွက်သည် ဈေးကွက်အတွင်း ကုန်သွယ်မှုအား ထိန်းသိမ်းထားသော ကြာချိန်ဖြစ်သည်။ တနေ့တာပြီးဆုံးချိန်တိုင်းတွင် ဖွင့်ထားသောကုန်သွယ်မှုတခုအတွက် Swap ကိုကောက်ခံပါသည်။ ပိတ်ရက်များအတွက် ၃ဆ ကောက်ခံပါသည်။
ဥပမာ။ ။ငွေကြေးအတွဲအတွက် အချက်အလက်များကို ထည့်သွင်းပါ။ ကုန်သွယ်မှုပမာဏ 0.01 lots နှင့် ဒဿမငါးနေရာနှုန်းထားအတွက် ပွိုင့်တန်ဖိုး — 0.01 USD၊ Swap — 1.156။ ကုန်သွယ်မှု ပမာဏအနည်းဆုံးဖြင့် တရက်တာ ကုန်သွယ်မှုဖွင့်သော ကုန်သည်၏ စုစုပေါင်းအမြတ်သည် 1.156 × 0.01 = 0.01156 USD ဖြစ်ပါမည်။
ကုန်သည်တဦးသည် ကုန်သွယ်မှုအား တနှစ်တာ ထိန်းသိမ်းထားနိုင်ပါသည်။ အကယ်၍ အတိုးနှုန်းထား အပြောင်းအလဲမရှိလျှင်၊ ၎င်းတို့သည် ဤကုန်သွယ်မှုမှ 0.01156 × 365 = 4.2194 USD အမြတ်ကို ရရှိပါမည်။ သို့သော် ကုန်သည်တဦးသည် leverage ကို အသုံးပြု၍ ကုန်သွယ်မှုပမာဏကို တိုးမြှင့်နိုင်ပါသည်။ ဥပမာ - 1:100 leverage သည် သင့်အား ကုန်သွယ်မှုပမာဏ 0.01 × 100 = 1 lot ကို ဖွင့်လှစ်ရန် ခွင့်ပြုပေးပါသည်။ သို့ဖြစ်သောကြောင့် ပွိုင့်တခု၏တန်ဖိုးသည်လည်း 1USD အထိ ပမာဏတူညီစွာ တိုးတက်လာပါမည်။ Leverage Carry Trade အကောင်အထည်ဖော်ခြင်းမှ ရရှိသော တနှစ်တာ အမြတ်ငွေမှာ 422 USD နီးပါးခန့် ဖြစ်ပါလိမ့်မည်။
သတိပြုရန်! ရင်းနှီးမြှုပ်နှံသော ငွေကြေး၏ ဗဟိုဘဏ်အတိုးနှုန်း လျော့ကျခြင်းသည်၊ အကျိုးအမြတ်အလားအလာကို ကျဆင်းစေပါသည်။ ထို့ကြောင့် leverage ကို စတင်အသုံးမပြုမှီ၊ ဘဏ္ဍာရေးအစီအစဉ်တခုကို စေ့စပ်သေချာစွာ ချမှတ်ရန် အကြုံပြုအပ်ပါသည်။
Positive Carry Trade
Positive Carry Trading နည်းဗျူဟာသည် အတိုးနှုန်းခြားနားချက်များအပေါ်တွင် ငွေရှာခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူတဦးသည် အတိုးနှုန်းနိမ့်ပါးသော နိုင်ငံတခု၏ ငွေကြေးကို ချေးယူကာ အတိုးနှုန်း ပိုမိုမြင့်မားသော ငွေကြေးတခုကို ဝယ်ယူခြင်းဖြစ်သည်။ အတိအကျသတ်မှတ်ထားသော ကာလ၏ အဆုံးတွင် ၎င်းနှုန်းထားနှစ်ခုအကြားမှ ခြားနားချက်သည် ရင်းနှီးမြှုပ်နှံသူ၏ အမြတ်ဖြစ်ပါသည်။ Carry Trade သည် အဝယ် သို့မဟုတ် အရောင်းဖြစ်စေ အပေါင်း Swap ရရှိသော ငွေကြေးအတွဲများတွင် အလုပ်ဖြစ်ပါသည်။ Fx တွင် အပေါင်း Swap ၏တန်ဖိုး ဆိုသည်မှာ ကုန်သွယ်ချိန်အဆုံးတွင် အမြတ်ငွေအား ကုန်သည်၏ အကောင့်ထဲသို့ ပေါင်းထည့်ပေးခြင်း ဖြစ်သည်။
စာချုပ်သတ်မှတ်ချက်များအား Client cabinet ရှိ “ကုန်သွယ်ရေးပစ္စည်း သတင်းအချက်အလက်” ခေါင်းစဉ်အောက်တွင်လည်း ကြည့်ရှုနိုင်ပါသည်။
Negative Carry Trade
Negative Carry Trade ဆိုသည်မှာ ပိုင်ဆိုင်မှုတခုအား လက်ဝယ်ထားခြင်းအတွက် ကုန်ကျသော စရိတ်သည် ပြန်လည်ရရှိသော ငွေပမာဏထက် ပိုမိုမြင့်မားသော အခြေအနေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အခြေခံတန်ဖိုးများ မပြောင်းလဲသရွေ့၊ သို့မဟုတ် ကျဆင်းနေသရွေ့ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ် ထွက်ပေါ်လိမ့်မည် မဟုတ်ပေ။ Forex ကုန်သွယ်ရေးတွင် အနှုတ် Swap တခုအား အပိုကုန်ကျစားရိတ်များအဖြစ် သတ်မှတ်ကြသည်။ ကုန်သွယ်မှုကို တနေ့အတွင်း ပိတ်သိမ်းပါက ၎င်း Swap ကိုကောက်ခံခြင်းမရှိပါ။ အကယ်၍ ဖွင့်ထားသောကုန်သွယ်မှုတခုသည် နောက်ထပ်ကုန်သွယ်ချိန်တခုသို့ ဆက်လက်ကူးပြောင်းပါက ထိုအဖိုးအခအား အလိုအလျောက် ဖြတ်တောက်သွားမည် ဖြစ်ပါသည်။
Carry Trading သည် အဘယ်ကြောင့် ထိုမျှ ရေပန်းစား ပါသနည်း။
Carry Trade ၏ ရေပန်းစားမှုသည် အနည်းငယ်ပုံကြီးချဲ့ထားသော အထင်အမြင်သာ ဖြစ်ပါသည်။ ထိုသို့ဆိုရခြင်းမှာ အကြောင်းရင်းအချို့ကြောင့်ဖြစ်သည်။
- သေးငယ်သောဝင်ငွေပမာဏ။ စွန့်စားမှုများကို ရှောင်ရှားလိုကြသော သီးသန့်ကုန်သည်များသည် 1,000 USD အထိ အသုံးပြုကာ လုပ်ငန်းဆောင်ရွက်ကြသည်။ စွန့်စားမှုအပေါ်အခြေခံ၍ ကုန်သွယ်မှု တခုအတွက် ခွင့်ပြုသော ပမာဏနှင့် ပွိုင့်တန်ဖိုးကို တွက်ချက်နိုင်ပါသည်။ ပွိုင့်တန်ဖိုးကို သိရှိပြီးလျှင် Swap အမြတ်ငွေကို တွက်ချက်နိုင်ပါသည်။ ဆုံးရှုံးနိုင်ခြေနှင့် ကုန်ဆုံးသော အချိန်တို့အား ထည့်သွင်းစဉ်းစားကြည့်လျှင် ဤအမြတ်ပမာဏသည် ထိုက်တန်ခြင်း မရှိလှဟု ကောက်ချက်ချနိုင်ပါသည်။
- Leverage ပါဝင်သော Carry Trade များ၏ ဆုံးရှုံးနိုင်ခြေများ။ ရှည်လျားသော အချိန်ဘောင်တခုအတွင်း Leverage ပါဝင်သော Carry Trade တခုတွင် ရင်းနှီးမြှုပ်နှံသူသည် အကျိုးအမြတ်ရရှိသယောင် ထင်ရသော်လည်း ၎င်းသည် အထင်မှားတခုသာ ဖြစ်ပါသည်။ အကျိုးအမြတ်ကို ရရှိရန်အတွက် နှုန်းထားသည် leverage Carry Trade ၏ အဖွင့်ဈေးနှုန်းထက် ခြွင်းချက်မရှိ နိမ့်ပါးရပါမည်။ ရှည်လျားသော အချိန်ဘောင်များတွင် ထိုကဲ့သို့ ဖြစ်စဉ်မျိုးမှာ အလွန်ရှားပါးပါသည်။ အကယ်၍များ နှုန်းထားကျဆင်းခဲ့လျှင်၊ မည်သည့် ပွိုင့်တန်ဖိုးတွင် အများဆုံး leverage အချိုးရှိသည်ကို သင့်အနေဖြင့် နားလည်ထားပြီး ဖြစ်ရပါမည်။ ထို့အပြင် stop-out ဖြင့် ကုန်သွယ်မှု ပိတ်သိမ်းရခြင်းမျိုး မဖြစ်စေရန် စပေါ်ငွေပမာဏ မည်မျှလိုအပ်သည်ကိုလည်း သိရှိရပါမည်။ ထို့ကြောင့်ပင် အဆိုပါ Carry trade တခုအတွက် ထိုမျှစပေါ်ငွေပမာဏအား မြှုပ်နှံထားရမည်မှာ အမှန်ပင် ထိုက်တန်ပါသလော ဟူသည့် မေးခွန်းတခု ပေါ်ပေါက်လာပါသည်။ မှတ်သားရန် — leverage ပါဝင်သော ကုန်သွယ်မှုအားလုံးတွင် ခိုင်မာသော ဘဏ္ဍာရေး အစီအစဉ်တခု ရှိထားရန် မဖြစ်မနေ လိုအပ်ပါသည်။
- ရွေးချယ်စရာ ပိုင်ဆိုင်မှု နည်းပါးခြင်း။ အပေါင်း Swap ရရှိသော ငွေကြေးအတွဲများမှာ အရေအတွက် အနည်းငယ်သာ ရှ်ိပါသည်။ အလုံးစုံသော ကောင်းကျိုးဆိုးပစ်များကို ချိန်ထိုးကြည့်မည်ဆိုပါက အခြေခံပိုင်းဆိုင်ရာ မတည်ငြိမ်မှုမြင့်မားသော အမျိုးအစားများဖြင့် ငွေရှာခြင်းက ပို၍မြန်ဆန်ထိရောက်သည်ဟု အဖြေထွက်ပါသည်။ ဥပမာ - ကြားဖြတ်နှုန်းထားကို အာရုံစိုက်ကာ နေ့စဉ်အချိန်ဘောင်များတွင် ၎င်းအတွက် သီးခြားကုန်သွယ်ရေးစနစ်တခုကို တည်ဆောက်ခြင်းထက် မတည်ငြိမ်မှုမြင့်မားသော EURUSD အတွဲဖြင့် ငွေရှာခြင်းက ပို၍ မြန်ဆန်စွာ ဝင်ငွေရနိုင်ပါသည်။
Carry Trade ဆိုသည်မှာ ချိန်ဆ၍ ကုန်သွယ်ရသော အဓိကလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိစေရန် ဖြည့်စွက်ဆောင်ရွက်သော နည်းဗျူဟာတခု ဖြစ်ပါသည်။ အကယ်၍ Swap သည် အနှုတ်ဖြစ်ပြီး၊ နှုန်းထားခြားနားချက်များမှ ဝင်ငွေရရှိနိုင်သော အခွင့်အလမ်းရှိပါက အနှုတ် Swap ကြောင့် ဤနည်းဗျူဟာကို မစွန့်လွှတ်သင့်ပါ။ အကယ်၍ Swap သည် အပေါင်းဖြစ်လျှင်၊ အပိုဆောင်း အကျိုးအမြတ်ကို ထပ်မံရရှိမည် ဖြစ်သည်။
မည်သည့် ဆုံးရှုံးနိုင်ခြေများ ပါဝင်သနည်း။
Carry Trade နည်းဗျူဟာကို အသုံးပြုရာတွင် ဖြစ်နိုင်ခြေရှိသော Forex ကုန်သွယ်ရေး ဆုံးရှုံးမှု အလားအလာများ။
ဈေးနှုန်းသည် ကုန်သွယ်မှုဖွင့်ထားသော ဦးတည်ရာနှင့် ဆန့်ကျင်ဘက်သို့ ရွေ့လျားခြင်း။ သင်သည် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ခဲ့သည်။ သို့သော် ငွေကြေးအတွဲ၏ ဈေးနှုန်းသည် ရုတ်တရက်ကျဆင်းကာ ကုန်သွယ်မှုအား stop-out ဖြင့် ပိတ်သိမ်းလိုက်သည်။ သင်သည် Swap အမြတ်ငွေကို ရရှိသော်လည်း၊ spread နှင့် နှုန်းထားခြားနားချက်များတွင် ဆုံးရှုံးရမည် ဖြစ်ပါသည်။
ဈေးနှုန်းသည် ကုန်သွယ်မှု၏ ဦးတည်ရာအတိုင်း ရွေ့လျားပြီး၊ အရှုံးကန့်သတ်ချက်သည် မျှခြေသို့ ရောက်ရှိခဲ့ပါက ငွေကြေးဆုံးရှုံးနိုင်ခြေအား ဖယ်ရှားပြီး ဖြစ်ပါသည်။
အတိုးနှုန်းအပြောင်းအလဲ။ ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွနှုန်းကို ညှိနှိုင်းရန် အတိုးနှုန်းများကို အပြောင်းအလဲ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် စီးပွားရေးမတည်ငြိမ်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အတိုးနှုန်း မကြာခဏ အပြောင်းအလဲဖြစ်နိုင်ပြီး၊ အပြောင်းအလဲတိုင်းသည် ကုန်သည်အတွက် အစဉ်အမြဲ အခွင့်သာစေမည် မဟုတ်ပါ။ နှုန်းထားများနှင့် စျေးကွက်သဘောထားကို ထိခိုက်စေသည့် အကြောင်းရင်းများ ဥပမာများ- ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ကမ္ဘာ့ စီးပွားရေးအခြေအနေ၊ နိုင်ငံတော်ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် ပြည်တွင်းငွေကြေးမူဝါဒ၊ အင်အားကြီး ဘဏ္ဍာရေးဈေး ကစားသူများ၏ စီးပွားရေးလုပ်ဆောင်မှု၊ စသည်တို့ဖြစသည်။
အတိုးနှုန်းထားများအပေါ် အကျိုးသက်ရောက်စေသော အခြေခံပိုင်းဆိုင်ရာ အကြောင်းတရားများ ကို ပုံမှန်စောင့်ကြည့် လေ့လာခြင်းဖြင့် ဆုံးရှုံးနိုင်ခြေများကို ဖယ်ရှားနိုင်ပါသည်။
ဆုံးရှုံးမှုအလားအလာကို အနည်းဆုံးဖြစ်စေရန် ခွဲခြမ်း၍ရင်းနှီးမြှုပ်နှံခြင်းကို ပြုလုပ်သင့်ကြောင်း တိုက်တွန်းလိုပါသည်။ ဥပမာ - အကျိုးအမြတ် ရနိုင်ခြေ အများဆုံးနှင့် အနည်းဆုံး အတွဲများတွင် ဖြန့်ကျက်၍ ရင်းနှီးမြှုပ်နှံခြင်း။ အကျိုးအမြတ်အရနိုင်ဆုံး အတွဲများသည် ပို၍ကြီးမားသော အတိုးနှုန်း ခြားနားချက်ကို ပိုင်ဆိုင်ပါသည်။ သို့ရာတွင် ထိုအတွဲများတွင် ရင်းနှီးမြှုပ်နှံသည့်ငွေကြေးကို ပိုင်ဆိုင်သော နိုင်ငံမှ ၎င်း၏ စီးပွားရေးကို လှုံ့ဆော်ရန်အတွက် ငွေကြေးတန်ဖိုးကို လျှော့ချခဲ့လျှင် ရင်းနှီးမြှုပ်နှံသူအတွက် ဆုံးရှုံးမှုကြီးမားနိုင်ပါသည်။
ယနေ့ခေတ် Carry Trading ၏ အားသာချက်/ အားနည်းချက်များ။
MT4 တွင် အပေါင်း Swap ရရှိသော ငွေကြေးအတွဲများကို ရှာဖွေရန်အတွက် အယ်လ်ဂိုရီသမ်။
1. ဘဏ်များ၏ အတိုးနှုန်းပြ ဇယားကွက် ကို ဖွင့်ပါ။ Investing အစရှိသော ခွဲခြမ်းစိတ်ဖြာရေး လမ်းညွှန်ဝက်ဘ်ဆိုဒ်များတွင် ထိုဇယားကို ရှာဖွေနိုင်ပါသည်။ အတိုးနှုန်းခြားနားချက် ကြီးမားသော အတွဲများကို ဂရုပြုကြည့်ရှုပါ။
အရေးကြီးသောပွိုင့်အချို့-
- ဇယားပေါ်တွင် နိုင်ငံပေါင်းစုံလင်စွာ ပါဝင်ပါက အကောင်းဆုံးဖြစ်ပါသည်။ Investing မှ ဖော်ပြထားသော ဗဟိုဘဏ်နှုန်းထားများ စာရင်းမှာ အလုံးစုံ မပြည့်စုံပါ။ သို့သော် ၎င်းသည် အဆင်အပြေဆုံး ဥပမာတခု ဖြစ်ပါသည်။
- အဝယ်ကုန်သွယ်မှုတခုအတွက်၊ အခြေခံငွေကြေး၏ အတိုးနှုန်းသည် ကိုးထားထားသော ငွေကြေး၏ အတိုးနှုန်းထက် မြင့်မားခြင်းရှိရပါမည်။ အခြေခံငွေကြေးသည် ပထမနေရာမှ ငွေကြေးဖြစ်ပြီး၊ ကိုးကားထားသောငွေကြေးသည် ဒုတိယနေရာမှ ဖြစ်သည်။ ဤသို့ဖြစ်တိုင်း အပေါင်း Swap ဖြစ်လိမ့်မည်ဟု အာမမခံနိုင်ပါ။ သို့သော် ဤသတ်မှတ်ချက်အတွင်းရှာဖွေပါက မှန်ကန်သောအတွဲကို ပို၍မြန်ဆန်စွာ တွေ့ရှိနိုင်ပါသည်။ အရောင်းကုန်သွယ်မှုအတွက် အထက်ပါအခြေအနေနှင့် ပြောင်းပြန်ဖြစ်ပါသည် – ကိုးကားသော ငွေကြေး၏ အတိုးနှုန်းသည် ပို၍မြင့်မားရပါမည်။
- ဤနိယာမနှင့် ညီညွတ်သော အတွဲသည် အကျိုးဆောင်၏ ကုန်သွယ်ရေးပစ္စည်းများအနက်မှ တခုဖြစ်ရပါမည်။ ကြားဖြတ်အတွဲများသည်လည်း ဤနိယာမနှင့် ကိုက်ညီခြင်းရှိတတ်သည်။ သို့သော် အကျိုးဆောင်အားလုံးထံတွင် မရရှိနိုင်ပါ။
USDCHF အတွဲသည် ပေးထားသော အခြေအနေနှင့် ကိုက်ညီပါသည်။ USD ၏ နှုန်းထားသည် 0.5% ဖြစ်ပြီး၊ CHF ၏နှုန်းထားဖြစ်သော -0.75% ထက် ပိုမြင့်ပါသည်။
MT4 တွင် အောက်ပါအတိုင်း ဆောင်ရွက်ပါ။
- Market Watch window ကိုဖွင့်ပါ။ ၎င်းကို toolbar သို့မဟုတ် View မီနူးတွင် ရှာဖွေနိုင်ပါသည်။
- မိမိနှစ်သက်သော ငွေကြေးအတွဲပေါ်တွင် Right-click နှိပ်ပါ။ ထို့နောက် "Specification" ကို ရွေးချယ်ပါ။
Specification တွင် "Swap for long positions(အဝယ်အတွက် Swap)" နှင့် "Swap for short positions(အရောင်းအတွက် Swap)” များကို အလေးထားကြည့်ရှုပါ။ အပေါင်းတန်ဖိုးတခုသည် ဤအတွဲဖြင့် အမြတ်ရနိုင်ကြောင်း ညွှန်ပြချက်ပင်ဖြစ်သည်။
ဤဖြစ်စဉ်တွင် အဝယ်ကုန်သွယ်မှုများအတွက် Swap သည် သုညထက်ပိုကြီးသော တန်ဖိုးဖြစ်သည်။ ထိုအတွဲအား ဝယ်ယူနိုင်ပါသည်။
သတိပြုရန်! အခြေခံငွေကြေးနှင့် နှုန်းထားကိုးကားသော ငွေကြေးတို့အကြားမှ အတိုးနှုန်းခြားနားချက်တွင် အခြေခံငွေကြေးဘက်မှ အလေးသာနေယုံဖြင့် အပေါင်း Swap ကို ရရှိမည်ဟု အာမမခံနိုင်ပါ။ GBPCHF ငွေကြေးအတွဲကို ကြည့်ပါ။ ဗြိတိန်ပေါင်၏ အတိုးနှုန်းထားသည် ယခင်ဥပမာအရ USD ထက်မြင့်မားနေသည်ကို တွေ့ရပါမည်။ သို့သော် Swap သည် အနှုတ်သာဖြစ်ပါသည်။
Carry Trading ၏ အားသာချက်များနှင့် အားနည်းချက်များ။
အောက်ပါဇယားကွက်တွင် Carry Trade ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ပြထားပါသည်။
| Carry Trading ၏ အားသာ ချက်များ | Carry Trading ၏အားနည်းချက်များ |
|---|---|
သင့်တင့်သောဆုံးရှုံးနိုင်ခြေ
| သေးငယ်သော Swap အရွယ်အစား
|
အလုပ်လုပ်စရာမလိုသော ဝင်ငွေ
| ရွေးချယ်စရာပိုင်ဆိုင်မှုအကန့်အသတ်ရှိခြင်း
|
Forex အတွက် Carry Trade နည်းဗျူဟာ။
အပေါင်း Swap ပါဝင်သော ငွေကြေးအတွဲတခုကို ရှာဖွေရန် မိနစ်အနည်းငယ်သာ ကြာမြင့်ပါသည်။ ကုန်သွယ်ရေးပလက်ဖောင်းမှ အသေးစိတ်ဖော်ပြချက်များကို ဖတ်ရှုယုံသာဖြစ်သည်။ သို့ရာတွင် အကျိုးအမြတ်ကိုမူ အာမမခံနိုင်ပါ။ အပေါင်း Swap ပါဝင်သော ပိုင်ဆိုင်မှုတခုအား အဝယ်အနေအထားဖြင့် ကုန်သွယ်ရာတွင်၊ အကယ်၍ နှုန်းထားများကျဆင်းခဲ့ပါက ထိုကုန်သွယ်မှုမှ အမြတ်ရနိုင်မည်မဟုတ်ကြောင်း ကြိုတင်သတိပေးလိုပါသည်။ ထို့ကြောင့်၊ အောက်ပါ အဆင့်များကို လိုက်နာဆောင်ရွက်သင့်သည်ဟု အကြံပြုအပ်ပါသည်။
အဆင့် ၁၊ ငွေကြေးတခုကို ရွေးချယ်ပါ။
ဗဟိုဘဏ် အတိုးနှုန်းများကို နှိုင်းယှဉ်သုံးသပ်ပါ၊ ကုန်သွယ်ရေးပစ္စည်း၏ အသေးစိတ်ဖော်ပြချက်များကို ကြည့်ရှု၍ အပေါင်း Swap ကိုရှာဖွေပါ။ အဝယ်ကုန်သွယ်မှုတွင် အပေါင်း Swap ရရှိသော ငွေကြေးအတွဲတခုကို ရှာတွေ့ခဲ့သည်ဟု ဆိုကြပါစို့။
အဆင့် ၂၊ သတင်းများကို ခွဲခြမ်းစိတ်ဖြာပါ။ (အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု)
သင့်အနေဖြင့် နှုန်းထားများအပေါ် အကျိုးသက်ရောက်မှုရှိသော အခြေအနေများနှင့် အကြောင်းတရားများ (ဘဏ္ဍာရေးအကျပ်အတည်းများ၊ ငွေကြေးမူဝါဒများ အစရှိသဖြင့်)ကို ခွဲခြမ်းစိတ်ဖြာ၍ သင် ဖွင့်လှစ်ထားသော ကုန်သွယ်မှုနှုန်းထားများသည် ဆန့်ကျင်ရာဘက်သို့ ရွေ့လျားခြင်း မရှိနိုင်ကြောင်း သေချာစေရန် အတည်ပြုရပါမည်။ အခြားတနည်းဖြင့် ဆိုရပါမူ၊ နှုန်းထားရွေ့လျားများမှ နှုန်းထား ခြားနားချက် အကျိုးအမြတ်ကိုသာမက၊ အပေါင်း Swap ၏ အမြတ်ကိုပါ ရရှိသင့်ပါသည်။ ဤနေရာတွင် အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းစဉ်းစားရန် လွန်စွာအရေးကြီးပါသည်။
အဆင့် ၃၊ ဇယားဖြင့်ခွဲခြမ်းစိတ်ဖြာခြင်း (နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု)
ကာလတိုအပိုင်းအခြားမျိုး၌ အတိုးနှုန်းထားခြားနားချက်များမှာ ပြောပလောက်သော ပမာဏမဟုတ်ပေ။ ထို့ကြောင့် သင့်တွင် ရွေးချယ်စရာ နှစ်ခုရှိပါသည်။
- တိုတောင်းသော အချိန်ဘောင်များတွင် leverage ကို အသုံးပြု၍ ကုန်သွယ်မှုပမာဏကို တိုးမြှင့်ပါ။
- ကာလရှည် လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာပါ။
Carry Trade ဖြင့် ငွေရှာနိုင်ရန်အလို့ငှာ၊ လမ်းကြောင်းသည် မှန်ကန်သောဦးတည်ရာအတိုင်း ရွေ့လျားနေရန် လိုအပ်ပါသည်။ သို့မဟုတ်လျှင် အနည်းဆုံးအနေဖြင့် ဘေးတိုက်ရွေ့လျားခြင်းမျိုးသာ ဖြစ်သင့်ပါသည်။ အပေါင်း Swap ရရှိသော အဝယ်ကုန်သွယ်မှုတခုတွင် D1-MN အချိန်ဘောင်အတွင်း အတက်လမ်းကြောင်း ၏ အစတွင် ကုန်သွယ်မှုဖွင့်နိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။
ကာလရှည်လမ်းကြောင်း၏ အစကို ရှာဖွေရန် အကူအညီပေးနိုင်မည့် လမ်းကြောင်းပြ indicator များ။
- Moving Averages ။ Moving Averages ဗားရှင်းအားလုံးသည် ကာလရှည်လမ်းကြောင်း၏ ဦးတည်ရာကို ကောင်းစွာပြသပေးပါသည်။ ၎င်းတို့၏အကြောင်းကို ပိုမိုသိရှိရန် “Moving Average: EMA indicator ကို မည်သို့ အသုံးပြုရမည်နည်း” ဆောင်းပါးတွင် လေ့လာနိုင်ပါသည်။
- Alligator။ ၎င်းသည် Bill Williams မှ MT4 နှင့် MT5 အတွက် တီထွင်ခဲ့သော အခြေခံ indicator တခုဖြစ်ပါသည်။ ၎င်းတွင် ကာလနှင့် အပိုင်းအခြားသတ်မှတ်ချက်များ မတူညီသော ပျမ်းမျှ ရွေ့လျားမှုမျဉ်းသုံးကြောင်း ပါဝင်ပါသည်။ ပျမ်းမျှရွေ့လျားမှုမျဉ်းများ၏ တပြိုင်နက်တည်း ခွဲထွက်မှုသည် လမ်းကြောင်းတခု၏ အစပင်ဖြစ်သည်။ ပိုမိုသိရှိလိုပါက “Bill Williams ၏ Alligator များ” ဆောင်းပါးတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
- Momentum။ တိကျသော ကာလတခုအတွင်း ငွေကြေးကိရိယာ(ကုန်သွယ်ရေးပစ္စည်း)တခု၏ ဈေးနှုန်းပြောင်းလဲမှုပမာဏကို တိုင်းတာပေးသော ရှေ့ပြေး indicator တခု ဖြစ်ပါသည်။
ထို့အပြင် လမ်းကြောင်းနောက်ပြန်လှည့်သော ဆန့်ကျင်ဘက် အခိုက်အတန့်များကို ခွဲခြားသိရှိနိုင်ရန်အတွက် အတည်ပြု Oscillator များကိုလည်း အသုံးပြုနိုင်ပါသည်။
အဆင့် ၄၊ ဈေးကွက်အထွက်ပွိုင့်များကို ရှာဖွေခြင်း။
အပေါင်း Swap တခု၏ အမြတ်ပမာဏသည် လမ်းကြောင်း၏ အပြောင်းအလဲများအပေါ်တွင် မှီခိုခြင်းမရှိပါ။ အရေးကြီးသည်မှာ ၎င်း၏ ဦးတည်ရာသာ ဖြစ်ပါသည်။ သို့သော် အကယ်၍ သင်သည် အတက်လမ်းကြောင်းတခုတွင် အမိအရ ကုန်သွယ်မှုဖွင့်ထားပြီးဖြစ်လျှင်၊ ထိုကုန်သွယ်မှုမှ ရနိုင်သမျှ အများဆုံးအမြတ်ကို ရရှိရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ လမ်းကြောင်းနောက်ပြန်လှည့်သော အချိန်တွင် ကုန်သွယ်မှုအားပိတ်သိမ်းခြင်းပင် ဖြစ်ပါသည်။ သို့သော်လည်း “ကုန်သွယ်မှုဖွင့်သောပွိုင့် + Spread” အဆင့်တွင် အရှုံးကန့်သတ်ချက်တခုကို ချမှတ်ထားပါက မည်သည့် အခြေအအနေတွင်မဆို ကုန်သွယ်မှုအား အမြတ်ဖြင့်သာ ပိတ်သိမ်းမည် ဖြစ်ပါသည်။
အနှစ်ချုပ်
Forex Carry Trade နည်းဗျူဟာမှ အဓိကမှတ်သားဖွယ်ရာများ။
- နည်းဗျူဟာ၏ အနှစ်သာရသည် အဝယ် သို့မဟုတ် အရောင်းအနေအထားတွင် အပေါင်း Swap ရရှိသော ကုန်သွယ်မှုတခုကို ဖွင့်ရန် ဖြစ်သည်။ အသေးစိတ်ဖော်ပြချက်များတွင် Swap တန်ဖိုးကို ရှာဖွေကြည့်ရှုနိုင်ပါသည်။
- နည်းဗျူဟာအရ နှုန်းထားများသည် ကုန်သွယ်မှု၏ ဦးတည်ရာအတိုင်း ရွေ့လျားပါက သို့မဟုတ် မပြောင်းလဲမှသာ သင့်အနေဖြင့် အမြတ်ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ နှုန်းထားများသည် ဆန့်ကျင်ဘက်သို့ ရွေ့လျားခဲ့ပါက၊ ရရှိမည့်အရှုံးသည် Swap အမြတ်ငွေထက် ကျော်လွန်နိုင်ပါသည်။ ထို့ကြောင့် ကာလရှည်နည်းဗျူဟာကို အသုံးပြုရာတွင် အရှုံးကန့်သတ်ချက် နှင့်တကွ အရှုံးမပေါ်ပေါက်စေရန် အာမခံချက်ပေးသောအဆင့်တို့ကို ညှိနှိုင်းရန်အတွက် အချိန်လုံလောက်စွာရှိရန် အရေးကြီးပါသည်။
- အပေါင်း Swap အား နေ့စဉ် ထည့်သွင်းပေးပါသည်။ အနှုတ် Swap အား ဖြတ်တောက်ပါသည်။
- မတည်ငြိမ်မှုမြင့်မားသော ငွေကြေးအတွဲများသည် နှုန်းထားများခြားနားချက်တွင် ဆုံးရှုံးနိုင်ခြေ မြင့်မားသောကြောင့် ဤနည်းဗျူဟာအတွက် မသင့်တော်ပါ။
- ဗဟိုဘဏ်သည် စီးပွားရေးပြန်လည်မြှင့်တင်ရေးအတွက် အတိုးနှုန်းကိုလျှော့ချနိုင်သော ဖြစ်နိုင်ခြေ တခု ရှိနေလေရာ၊ ရင်းနှီးမြှုပ်နှံသည့်ငွေကြေး၏ မြင့်မားသောနှုန်းထားသည် အမြဲတစေ ကောင်းမွန်ခြင်း မရှိနိုင်ပါ။
- အနည်းဆုံးကုန်သွယ်မှုပမာဏဖြင့် ရက်ပေါင်းများစွာကုန်သွယ်ရာတွင် Swap ဝင်ငွေသည် cents(ဆင့်) များခန့်သာဖြစ်သည်။ ကုန်သည်တဦးသည် မာဂျင်ကုန်သွယ်ရေးကို အသုံးပြုနိုင်သည်။ ထိုသို့ဖြင့် ဆုံးရှုံးနိုင်ခြေလည်း တိုးတက်လာနိုင်သည်။ သို့မဟုတ် စပေါ်ငွေထပ်မံပေးသွင်း၍ ကုန်သွယ်မှုပမာဏကိုလည်း တိုးမြှင့်နိုင်သည်။ သို့ရာတွင် ၎င်းငွေပမာဏအား အချိန်ကြာမြင့်စွာ ငွေသေအဖြစ် ထိန်းသိမ်းထားရမည်ဖြစ်သည်။ Carry Trade သည် တနေ့အတွင်း ကုန်သွယ်ရေး အတွက် သင့်လျော်ခြင်း မရှိပါ။ ခွဲခြမ်းစိတ်ဖြာမှုအား အပတ်စဉ်၊ လစဉ် အချိန်ဘောင်များတွင် ဆောင်ရွက်သင့်ပါသည်။
ဤနည်းဗျူဟာသည် ငွေလဲနှုန်းထား ရွေ့လျားမှုများအပေါ် ကုန်သွယ်ကြသော ကုန်သည်များအတွက် အပိုဝင်ငွေရရှိစေသော နည်းလမ်းတခုဖြစ်သကဲ့သို့၊ မတည်ငွေပမာဏကြီးမားသော ရင်းနှီးမြှုပ်နှံသူများ အတွက် ငြိမ်သက်သော ဝင်ငွေလမ်းကြောင်းတခုလည်း ဖြစ်ပါသည်။ သင်လိုလားသော အမြတ် ရည်မှန်းချက် အပေါ် မူတည်၍၊ အရင်းအနှီးပမာဏအား သင်ကိုယ်တိုင်သာ ဆုံးဖြတ်ရပါမည်။
Carry Trade သည် ဆုံးရှုံးနိုင်ခြေ အလွန်နည်းပါးသော နည်းဗျူဟာတခုဟု ထင်မြင်ဖွယ်ရာရှိပါသည်။ သို့သော် အဝင်ပွိုင့်တွင် မှားယွင်းခဲ့ပါက သင်၏ စပေါ်ငွေအများစုကို ဆုံးရှုံးရနိုင်ပါသည်။
Currency Carry Trade ဆိုင်ရာအမေး၊အဖြေများ။
Arbitrage နှင့် Carry Trade တို့သည် ခပ်ဆင်ဆင် တူညီပါသည်။ သို့သော် ၎င်းတို့တွင် ခြားနားချက်များ ရှိပါသည်။
- Arbitrage ဆိုသည်မှာ အမျိုးအစားတူညီသော ကုန်သွယ်ရေးပစ္စည်းများ၏ နှုန်းထား ကွာခြားချက်များအပေါ် အခြေခံကာ၊ ကုန်သွယ်သော ပစ္စည်းအမျိုးအစားချင်း တူညီသော်လည်း ဦးတည်ချက်မတူညီကြသော Carry Trade ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ များသောအားဖြင့် Arbitrage ဆိုသည်မှာ ငွေကြေးအတွဲတခုကို အသုံးပြု၍ မတူညီသောအိတ်ချိန်းများတွင် ကုန်သွယ်မှုများ ဖွင့်လှစ်ထားခြင်းကို ဆိုလိုပါသည်။ ဥပမာ - ပိုင်ဆိုင်မှုတခုသည် အိတ်ချိန်းတခုတွင် 10 USD ပေါက်ဈေးဖြစ်ပြီး၊ အခြားတခုတွင် 10.2 USD ဖြစ်သည်။ ကုန်သည်တဦးသည် အဆိုပါ ပိုင်ဆိုင်မှုအား ဈေးသက်သာသော အိတ်ချိန်းတွင် ဝယ်ယူ၍ ဈေးကြီးသော အိတ်ချိန်းတွင် ရောင်းချခြင်းမျိုး ဖြစ်ပါသည်။ Arbitrage အား ခရစ်ပတိုငွေကြေးများနှင့် အခြားသော ပိုင်ဆိုင်မှုများတွင်လည်း ဆောင်ရွက်နိုင်ပါသည်။
- Carry Trade ဆိုသည်မှာ နိုင်ငံအသီးသီး၏ မတူညီသော အတိုးနှုန်းများအပေါ် မူတည်၍ ကုန်သည်အနေဖြင့် ဝင်ငွေ ရရှိနိုင်မည့် ငွေကြေးများကို ရွေးချယ်ကာ နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်အတွင်း အကျိုးအမြတ် ရှာဖွေခြင်း ဖြစ်ပါသည်။ ဤနည်းဗျူဟာ သည် ငွေကြေးအတွဲများတွင် အလုပ်လုပ်ပြီး၊ ဗဟိုဘဏ်များ၏ အတိုးနှုန်းများနှင့် တွဲဆက်နေပါသည်။ တခါတရံတွင် Carry Trade ဟူသော အသုံးအနှုန်းကို ကုန်စည်များနှင့် derivative များကဲ့သို့သော အခြားပိုင်ဆိုင်မှုများ အတွက်လည်း အသုံးပြုပါသည်။
Arbitrage တွင် ရိုးရှင်းသောကုန်သွယ်ရေးနှင့် ရှုပ်ထွေးသော(တြိဂံပုံ)ကုန်သွယ်ရေး၊ ကျယ်ဝန်းသော ကုန်သွယ်ရေး၊ တိုက်ရိုက်ကုန်သွယ်ရေး စသဖြင့် ကုန်သွယ်ရေးအမျိုးအစားများစွာ ရှိပါသည်။ Carry Trade အား တစိတ်တပိုင်း Arbitrage အဖြစ် ရည်ညွှန်းကြလေ့ရှိသည်။
အမြတ်အလားအလာကို တွက်ချက်ရန်အတွက် အယ်လ်ဂိုရီသမ်-
- MT4 တွင် ငွေကြေးအတွဲ၏ အသေးစိတ်ဖော်ပြချက်များကို ဖွင့်ပါ။ အဝယ် သို့မဟုတ် အရောင်းကုန်သွယ်မှုအတွက် အပေါင်း Swap ရရှိသော အတွဲကို ရှာဖွေပါ။
- အောက်ပါဖော်မြူလာကို အသုံးပြုပါ။
အမြတ် = ပွိုင့်တန်ဖိုး × အသေးစိတ်ဖော်ပြချက်မှSwap အရွယ်အစား × ရက်အရေအတွက်
ပိုများသော Leverage အချိုးဖြင့် ကုန်သွယ်မှုတခုအား ဈေးကွက်အတွင်း ပို၍ ကြာရှည်စွာ ထိန်းသိမ်းထားလေလေ၊ Swap အမြတ်ငွေကို ပိုမိုရရှိလေလေ ဖြစ်ပါသည်။ သို့ရာတွင် အကယ်၍ လမ်းကြောင်းသည် ဆန့်ကျင်ဘက်သို့ အနောက်ပြန်လှည့်ခဲ့ပါလျှင်၊ ဆုံးရှူံးမှုပမာဏသည် ဝင်ငွေထက် ကျော်လွန်သွားနိုင်ပါသည်။
- အခြေခံများကို လေ့လာပါ။ Forex Swap များသည် မည်သည့်အပေါ် (စီးပွားရေးအခြေအနေ၊ ဘဏ္ဍာရေးအကြပ်အတည်း အစရှိသော ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာများ)တွင် မှီခိုနေသည်ကို သဘောပေါက်နားလည်ရန်နှင့် အပေါင်း Swap ဆိုသည်မှာ အဘယ်နည်း စသည်တို့အား သိရှိရန် လိုအပ်ပါသည်။
- ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ပါ။ ဆုံးရှုံးနိုင်ခြေများဆိုသည်မှာ အဘယ်နည်း၊ ၎င်းတို့အား အသက်သာဆုံးဖြစ်စေရန် မည်သို့လုပ်ဆောင်ရမည်နည်း စသည်များကို သဘောပေါက် နားလည် ရပါမည်။
- အပေါင်း Swap ပါဝင်သော ငွေကြေးတခုကို ရွေးပါ။ လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာပါ - ကာလရှည်တွင် သင်၏ကုန်သွယ်မှုနှင့် ဦးတည်ချက်ချင်း တူညီသော လမ်းကြောင်းတခု ရှိသင့်ပါသည်။ မတည်ငြိမ်မှုမြင့်မားသော ပိုင်ဆိုင်မှုများကို ရှောင်ကြဉ်ပါ။
- ကုန်သွယ်မှုအား ပုံမှန်စစ်ဆေးပါ။ အရှုံးကန့်သတ်ချက်အား မျှခြေတွင် သေချာစွာ နေရာချပါ။ အတိုးနှုန်းခြားနားချက်အပေါ် အကျိုးသက်ရောက်စေနိုင်သော အခြေခံပိုင်း ဆိုင်ရာ အကြောင်းအရာများကို စောင့်ကြည့်သုံးသပ်ပါ။
- သင်သည် မည်သည့်နိုင်ငံတွင်မဆို ပိုင်ဆိုင်မှုများအား ဝယ်ယူ၊ ရောင်းချခွင့်ရှိသော ရင်းနှီးမြှုပ်နှံသူ တဦးဖြစ်သည်။ ငှားရမ်းခအတိုးနှုန်း အနိမ့်ပါးဆုံးသော နိုင်ငံတခုမှ ငွေ ချေးယူကာ၊ စတော့ဈေးကွက်အတွင်းရှိ အမြတ်အစွန်း ပိုမိုရရှိသော စတော့ရှယ်ယာများ၊ အစိုးရဘွန်းစာချုပ်များ၊ အိမ်ခြံမြေ သို့မဟုတ် ပိုမိုမြင့်မားသည့် ပုံသေဝင်ငွေ ရရှိနိုင်မည့် အခြားမည်သည့် ပိုင်ဆိုင်မှုမဆိုတွင် ရင်းနှီးမြှုပ်နှံပါ။ ကော်မရှင်ကြေးများ၊ လုပ်ငန်း လည်ပတ်မှုကုန်ကျစားရိတ်များ၊ ငွေလဲနှုန်းအရှုံးများ၊ ပိုင်ဆိုင်မှု တန်ဖိုးအပြောင်းအလဲ ကြောင့် ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်းစဉ်းစားပါ။
- သင်သည် Forex ကုန်သည်တဦးဖြစ်သည်။ အပေါင်း Swap ပါဝင်သော ကုန်သွယ်ရေးပစ္စည်းကို ရှာဖွေပါ။ ကုန်သွယ်မှုဖွင့်ရန်အတွက် လမ်းကြောင်း၏ ဦးတည်ရာ ကို အကဲဖြတ်ပါ။ အကယ်၍ လမ်းကြောင်းသည် ကာလရှည် အချိန်ဘောင်အတွင်း အားကောင်းသော ဖောက်ထွက်မှုများ မရှိပဲ အတော်အတန် တည်ငြိမ်မှုရှိပါက အမြင့်ဆုံး leverage ဖြင့် ကုန်သွယ်မှုဖွင့်ပါ။ ထို့နောက် အရှုံးကန့်သတ်ချက်အား မျှခြေအဆင့်သို့ ရွှေ့ပါ။
ဈေးကွက်ခွဲခြမ်းစိတ်ဖြာခြင်း၊ ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ခြင်းနှင့် မတူညီသော ကုန်သွယ်ရေး နည်းဗျူဟာ အမျိုးမျိုးကို အသုံးချခြင်း စသည်တို့အား ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သော ကုန်သည်တဦး ဖြစ်လာစေရန် ဈေးကွက်ယန္တရား၊ နှုန်းထားများအပေါ် အကျိုးသက်ရောက်မှုရှိသော အကြောင်းအရာများ၊ ကုန်သွယ်ရေးကိရိယာများ စသည်တို့ကို သဘောပေါက်နားလည်သည်အထိ လေ့လာပါ။ ထိုသို့ဖြင့် အခြားနည်းဗျူဟာများအပါအဝင် Carry Trading တွင်လည်း ကျွမ်းကျင်သူတဦး ဖြစ်လာနိုင်ပါသည်။
မှန်ပါသည်။ ကြီးမားသောရင်းနှီးမြှုပ်နှံမှုနှင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုများတွင် Carry Trade သည် အကျိုးအမြတ် ဖြစ်ထွန်းပါသည်။ နိုင်ငံအသီးသီးကြားရှိ အတိုးနှုန်းထား ခြားနားချက်များမှာ အတော်ပင် သေးငယ်ပါသည်။ ထို့ကြောင့် Carry Trade အား စုပေါင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်များမှ အသုံးပြုကြသော နည်းဗျူဟာတခုအဖြစ် ယူဆထားကြပါသည်။ သီးသန့်ကုန်သည်များအနေဖြင့် ဈေးနှုန်းခန့်မှန်းရသော ပင်မကုန်သွယ်ရေး လုပ်ငန်းများအပြင် အပိုဝင်ငွေ ရရှိစေသော နည်းလမ်းတခုအဖြစ် Carry Trade ၏ စည်းမျဉ်းများကို အသုံးပြုကြပါသည်။
Carry Trade ဆိုသည်မှာ နှုန်းထား ပိုမိုမြင့်မားသော ငွေကြေးတခုကို ဝယ်ယူရန် အတိုးနှုန်းသက်သာသော ငွေကြေးတခုကို ချေးငှားခြင်းဖြစ်သည်။ ဂျပန်ယန်းသည် အတိုးနှုန်း နိမ့်ပါးသောကြောင့် အထောက်အပံ့ငွေကြေးအဖြစ် ရေပန်းစားပါသည်။
အောက်ပါ လိုအပ်ချက်များနှင့် ကိုက်ညီသော အတွဲများသည် Carry Trade အတွက် သင့်လျော်ပါသည်။
- အပေါင်း Swap (၎င်း၏ ဦးတည်ရာအတိုင်းသာ ကုန်သွယ်မှုဖွင့်ရမည် ဖြစ်သောကြာင့်)။
- နိမ့်ပါးသော မတည်ငြိမ်မှု။
- ကာလရှည် အချိန်ဘောင်တခုတွင် ကုန်သွယ်မှုနှင့် ဦးတည်ရာချင်း တူညီသော တည်ငြိမ်သည့် လမ်းကြောင်းတခု။
ရေပန်းစားသော ရှားပါးအတွဲများ၊ ဥပမာ - မက္ကဆီကန် နှင့် အာဂျင်တီးနား ပီဆို၊ တောင်အာဖရိက rand။ Cross rates များအကြားတွင်လည်း သင့်တော်သော အတွဲများကို ရှာဖွေနိုင်ပါသည် - CADCHF၊ EURNZD။
၎င်းသည် အရင်းခံပိုင်ဆိုင်မှုနှင့် သက်ဆိုင်ရာ derivative ကိရိယာတို့၏ ဈေးနှုန်းခြားနားချက်အပေါ် အခြေခံ၍တည်ဆောက်ထားသော arbitrage နည်းဗျူဟာတခု ဖြစ်ပါသည်။ ဥပမာ - ရေနံ၏ မြေပြင်ပေါက်ဈေးနှင့် ရေနံ futures များ၏ အဝယ်ဈေး။
- ရေနံ၏ လက်ငင်းပေါက်ဈေးမှာ 100 USD ဖြစ်သည်။ တလအတွင်း အရောက်ပို့ရန် future စာချုပ်တခု၏ တန်ဖိုးမှာ 105 USD ဖြစ်သည်။ စာချုပ်ဝန်ဆောင်မှု(ထိန်းသိမ်းခ၊ အာမခံ)ကျသင့်ငွေမှာ 2 USD ဖြစ်သည်။
- ရင်းနှီးမြှုပ်နှံသူတဦးသည် ရေနံကို လက်ငင်းပေါက်ဈေးဖြင့် ဝယ်ယူကာ တချိန်တည်းတွင် futures များတွင် အရောင်းကုန်သွယ်မှု ဖွင့်ပါသည်။
- Futures စာချုပ်ပြီးဆုံးချိန်သို့ ရောက်သောအခါ၊ ရင်းနှီးမြှုပ်နှံသူသည် ထိုလအတွင်း ထိန်းသိမ်းထားသော ပိုင်ဆိုင်မှုအား ပေးပို့ပါသည်။
ရင်းနှီးမြှုပ်နှံသူ၏ တလအတွင်း ရရှိသည့် အမြတ်မှာ 5 - 2 = 3 ဖြစ်ပါသည်။ နည်းဗျူဟာ၏ အားသာချက်မှာ ၎င်းတွင် ဆုံးရှုံးနိုင်ခြေ မပါဝင်ခြင်း ဖြစ်သည်။ အရောင်း၊ အဝယ် နှစ်ခုစလုံးကို လအစတွင် တပြိုင်တည်းပြုလုပ်ခြင်းဖြစ်ပြီး၊ ဈေးနှုန်းများသည် မပြောင်းလဲပါ။
မှန်ပါသည်။ Carry Trade များသည် ETFs များအတွင် အလုပ်ဖြစ်ပါသည်။ ETFs များကို အသုံးပြု၍ Carry Trade ဆောင်ရွက်ခြင်းသည် အောက်ပါ ဖြစ်စဉ်များတွင် ဖြစ်နိုင်ပါသည်။
- စတော့ကုန်သွယ်ရေး ETPs (exchange-traded-products) သည် ငွေကြေးတခုဖြင့် အထူးပြုထားသော ETFs များ ဖြစ်ပါသည်။ ငွေကြေးတခုအား တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် ငွေကြေးအတွဲတခုအတွက် CFD တခုအား ဝယ်ယူခြင်းအစား၊ ရင်းနှီးမြှုပ်နှံသူ တဦးသည် ETFs အရောင်း/အဝယ် ရှယ်ယာများစွာကို ဝယ်ယူနိုင်ပါသည်။ နည်းဗျူဟာသည် ဆင်တူသည်- အတိုးနှုန်းနည်းသော ငွေကြေးဖြင့် ETF သည် ငွေအရင်းအမြစ်ဖြစ်သည်၊ မြင့်မားသောနှုန်းဖြင့် ငွေကြေးတစ်ခုပါသော ETF သည် ရင်းနှီးမြှုပ်နှံမှု အရာဝတ္ထုတစ်ခုဖြစ်သည်။
- ETFs များတွင် မှန်ကန်သော နည်းဗျူဟာဖြင့် ရင်းနှီးမြှုပ်နှံခြင်း။ ဥပမာ - ယခုပိတ်ထားသော ICI fund၊ DVB fund။ ၎င်းတို့၏ နည်းစနစ်မှာ အတိုးနှုန်းနိမ့်ပါးသော နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်များမှ ချေးငွေရယူကာ၊ အတိုးရရှိမှုမြင့်မားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။
ETFs ၏ အားသာချက်မှာ ငွေကြေးပေါင်းစုံ ပါဝင်သော ငွေပင်ငွေရင်းသည် ငွေအပေးအယူ ဆောင်ရွက်ခြင်းများကို ဂရုတစိုက်ရှိခြင်းပင် ဖြစ်သည်။ အားနည်းချက်မှာမူ စီမံခန့်ခွဲမှု အဖိုးအခ ပေးဆောင်ရခြင်း ဖြစ်ပါသည်။
Carry Trade ဆိုသည်မှာ အတိုးနှုန်းမတူညီသော ဗဟိုဘဏ်များ၏ ငွေကြေးများအပေါ်တွင် ဝင်ငွေရှာဖွေခြင်း ဖြစ်ပါသည်။ ဥပမာပေးရလျှင် - အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းသည် 0.5% ဖြစ်သည်။ လျှော့ပေါ့အတိုးနှုန်းဆိုသည်မှာ ဗဟိုဘဏ်မှ စီးပွားရေးဘဏ်များသို့ ထုတ်ချေးသော အတိုးနှုန်းဖြစ်သည့်အတွက် US စီးပွားရေးဘဏ်များ၏ အတိုးနှုန်းမှာ အနည်းငယ်ပို၍မြင့်မားသော 2% ဖြစ်ပါသည်။ ရုရှားတွင် ဗဟိုဘဏ်အတိုးနှုန်းမှာ 20% ဖြစ်လေရာ ထိုနိုင်ငံ၏ အပ်ငွေအတိုး၊ ချေးငွေအတိုးများသည်လည်း ပိုမို၍ မြင့်မားလိမ့်မည်ဖြစ်သည်။ ကုန်သည်တဦးသည် US မှ 2% အတိုးနှုန်းဖြင့်ချေးငွေ ရယူကာ၊ ရုရှားတွင် 22% အတိုးဖြင့် ငွေအပ်နှံနိုင်ပါသည်။ အတိုးနှုန်းနှစ်ခု ကြားမှ ခြားနားချက်သည် ၎င်း၏အမြတ်ငွေဖြစ်သည်။ ငွေသားဖြင့် ဆောင်ရွက်ရသော ထိုကဲ့သို့ လုပ်ငန်းစဉ်မျိုးမှာ ရှူပ်ထွေးသည့်အတွက်၊ ထိုနည်းလမ်းဖြင့် Forex တွင် အလုပ်လုပ်ကြခြင်း ဖြစ်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။





















