သင်သည် Forex ဈေးကွက်တွင် အတွေ့အကြုံမရှိသေးသော ကုန်သည်အသစ်တစ်ဦး ဖြစ်စေ၊ သို့မဟုတ်၊ အတွေ့အကြုံများသော ကုန်သည်တစ်ဦးဖြစ်နေသည်ဖြစ်စေ၊ ကုန်သွယ်မှုတွင် Leverage ၏ သဘောတရားကို အသေအချာ တွေ့ကြုံသိရှိပြီးပြီဖြစ်ပါသည်။ အကယ်၍ သင်သည် Forex ကုန်သွယ်မှုကို ရှာဖွေ လေ့လာနေပါက၊ ယင်းအသုံးအနှုန်း၏ ဆိုလိုချက်ကို သိရှိလိုပါလိမ့်မည်။ ထို့ကြောင့် ၎င်းနှင့်ပတ်သက်ပြီး “Leverage ဆိုတာဘာလဲ” ဆောင်းပါးကို ဖတ်ရှုလေ့လာရန် အကြံပြုလိုပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Leverage အချိုးဆိုတာ ဘာလဲ?
- ယခုမှစတင်ကုန်သွယ်မည့်သူအတွက် ဘယ် Leverage အချိုးကသင့် တော်ပါသလဲ?
- High Leverage နှင့် သင့်တော်အကောင်းမွန်ဆုံး Forex ကုန်သွယ်မှု အကျိုးဆောင်ကို မည်သို့ရွေးချယ်ရမည်နည်း
- ဥပမာများနှင့်အတူ Forex အတွက် ယေဘုယျအားဖြင့် အကောင်းဆုံး leverage
- Leverage နှင့်ပတ်သက်သည့် အမေးများသည့်မေးခွန်းများ
- နိဂုံးချုပ်
ကမ္ဘာတစ်ဝှမ်းရှိ ဦးဆောင်လျှက်ရှိသော ထိပ်တန်းကုန်သွယ်မှုအကျိုးဆောင်များသည် Forex ဈေးကွက်တွင် မတူညီသော Leverage အချိုးများကို ကမ်းလှမ်းပေးလျှက်ရှိသောကြောင့် ၊ ဤနေရာတွင် ၎င်းငွေကြေးဆိုင်ရာ အထောက်အကူများဖြင့် ကုန်သွယ်မှု၏ အဓိကအချက်များကို သုံးသပ်ပြီး ၊ “ကောင်းမွန်သင့်တော်သော Leverage အချိုး” ကို အဖြေရှာမည်ဖြစ်ပါသည်။ ပထမဦးစွာ ကုန်သွယ်မှု၏အဓိကသဘောတရားကို လေ့လာ ကြည့်ကြပါစို့။
Leverage အချိုးဆိုတာ ဘာလဲ?
Forex ကုန်သွယ်မှုတွင် Leverage ဆိုသည်မှာ ကုန်သည်၏အရင်းအနှီး နှင့် ခရက်ဒစ်ရန်ပုံငွေပမာဏ အချိုးအစားပေါ်အခြေခံပြီး ကုန်သည်၏ ရင်းနှီးမြုပ်နှံမှုအတွက် ကုန်သွယ်မှုအကျိုးဆောင်မှု ချေးငွေအဖြစ် ထောက်ပံ့ပေးလိုသည့် ကုန်သွယ်မှုအတွက်ရန်ပုံငွေပမာဏဖြစ်သည်။ ကုန်သွယ်မှုအကျိုးဆောင်မှ ရရှိနိုင်သည့် Leverage စုစုပေါင်းပမာဏသည် အမြဲပုံသေပမာဏတစ်ခုမဟုတ်ပါ၊ ကုန်သွယ်မှုအကျိုးဆောင်များမှ သက်ဆိုင်ရာနှုန်းထားများကို ၎င်းတို့ကိုယ်တိုင်သတ်မှတ်ကြပြီး အချို့သော ကုန်သွယ်မှုများတွင် Leverage ကို 1:100 သို့မဟုတ် ၎င်းထက်ပို၍ပေးသည်များလည်းရှိသည်။ Forex leverage ကို အများအားဖြင့် အချိုးတစ်ခု အဖြစ်ဖော်ပြလေ့ရှိသည်။ ဥပမာ- အကောင့်ထဲရှိ $1 လျှင်၊ ကုန်သွယ်မှု position များကို $100 အထိဖွင့်နိုင်မည် ဖြစ်သည်။
ယခုမှစတင်ကုန်သွယ်မည့်သူအတွက် ဘယ် Leverage အချိုးကသင့် တော်ပါသလဲ?
ယခုမှစတင်ကုန်သွယ်မည့် ကုန်သည်တစ်ဦးအတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်တဲ့ Leverage အဆင့်က ဘာဖြစ်မလဲဆိုတာလေ့လာကြည့်ရအောင်။ အတွေ့အကြုံမရှိသေးတဲ့ ကုန်သည်အသစ် အများစုမှာ
အချိန်တိုအတွင်း ငွေများများရှာလိုကြသဖြင့် leverage ကိုအခြေခံသည့် အမြတ်ငွေရရှိရေးနည်းဗျူဟာကို အသုံးပြုကြသည်။
သို့သော် leverage ကြောင့်ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်သည့်အချို့သော အန္တရာယ်များ ရှိနေသည်ကိုလည်း သတိပြုရပါမည်။ Leverage ဖြင့်ကုန်သွယ်မှုတွင် အနည်းဆုံး ငွေကြေးစီမံခန့်ခွဲမှုနှင့် တိုက်ရိုက် သက်ဆိုင်နေသော သဘောတရားများကို သိရှိနားလည်ထားရန်လိုအပ်ပါသည်။
- အကောင့်လက်ကျန်ငွေ
- Margin
- Free margin
- အကောင့်အဆင့်
- Margin Call နှင့် Stop Out ၊ အစရှိသည်တို့ဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်၊ သဘောတရားများထဲမှ သင့်အတွက် ရင်းနှီးမှုမရှိသော အကြောင်းရာများရှိပါက အသေးစိတ် အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် နားလည်ရန်လွယ်ကူသော ဥပမာများဖြင့် ရှင်းလင်းတင်ပြထားသော ဤဆောင်းပါး ကိုလေ့လာကြည့်ပါ။
Leverage အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
ပထမဦးစွာ၊ အတွေ့အကြုံမရှိသေးသော ကုန်သည်များအတွက် Leverage အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို လေ့လာကြည့်ကြပါစို့။
1. အမြတ်ငွေ အများဆုံးရရှိနိုင်မည့်အခွင့်အလမ်း
Forex ကုန်သွယ်မှုတွင် leverage ကို အသုံးပြုခြင်းသည် ကုန်သည်များကို ဈေးကွက်တွင် ကြီးမားသောပမာဏဖြင့် ကစားနိုင်ရန် ၎င်းတို့၏ ကနဦးရင်းနှီးမြုပ်နှံငွေပမာဏကို တိုးမြှင့်နိုင်မည့် အခွင့်အရေးကိုပေးစွမ်းနိုင်သည်။
အကောင်းဆုံးသော Leverage အချိုးနမူနာ
ဥပမာ - အကောင့်တွင် ဒေါ်လာ တစ်ထောင်သာရှိသော ကုန်သည်တစ်ဦးသည် 1:50 leverage ကို အသုံးပြုပြီး ဒေါ်လာ ငါးသောင်း ၊ သို့မဟုတ် ၊ 1:100 leverage ကို အသုံးပြုပြီး ဒေါ်လာ ငါးသောင်း အစရှိသဖြင့် Forext ဈေးကွက်တွင် အမှန်တကယ်အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။ ဤတွင် ကုန်သွယ်သည် ၎င်း၏ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံငွေဖြစ်သော ဒေါ်လာ တစ်ထောင်ကို ဆုံးရှုံးနိုင်သော်လည်း အကယ်၍ ကုန်သွယ်မှုသည် အောင်မြင်သွားခဲ့ပြီး ၎င်းကုန်သွယ်မှု၏ position ကို 100% margin ၊ 1:100 leverage တို့ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါက ကုန်သည်အနေဖြင့် အမြတ်ငွေ ဒေါ်လာ တစ်သိန်း ရရှိမည်ဖြစ်ပါသည်။
2. ရင်းနှီးမြုပ်နှံမှုကို ထိရောက်တိုးတက်စေခြင်း
ဥပမာ- ကုန်သည်၏ အကောင့်လက်ကျန်ငွေသည် ဒေါ်လာ တစ်ထောင်ဖြစ်ပြီး ကုန်သည်သည် 1:100 leverage ကိုအသုံးပြုလိုက်ပါက၊ ၎င်းကုန်သည်သည် ဒေါ်လာ တစ်သိန်းကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ကုန်သည်အနေဖြင့် အမျိုးမျိုးသော ကုန်သွယ်မှုပစ္စည်းများတွင် အရောင်း၊အဝယ်ပိုမိုပြုလုပ်နိုင်ရန်နှင့် ဆုံးရှုံးနိုင်သော စွန့်စားမှုအန္တရာယ်များကို ထပ်လောင်းကာကွယ်ထားနိုင်ရန်အတွက် ဆုံးရှုံးနိုင်ချေကာကွယ်မှု နည်းပညာများကို အသုံးပြုနိုင်မည့် အခွင့်အရေးတို့ကို ရရှိမည်ဖြစ်သည် ၎င်းသည် ကုန်သည်၏ ရင်းနှီးမြုပ်နှံမှုအစုကို ကွဲပြားစေပြီး၊ ဆုံးရှုံးနိုင်ချေစွန့်စားမှုအန္တရာယ်များကို လျှော့ချနိုင်ရန် နှင့် အမြတ်အစွန်းရရှိနိုင်မည့် အစရှိသည့် အခွင့်အလမ်းများကို တိုးမြှင့်စေနိုင်ပါသည်။
3. Low entry level
ရှေ့တွင်ပေးခဲ့သော ဥပမာကိုပဲ ပြန်အသုံးပြုပြီး ယခုအကြောင်းအရာတွက် ဆွေးနွေးကြည့်ရလျှင်- ကုန်သည်၏အကောင့်တွင် ဒေါ်လာ တစ်ထောင်ရှိသည်။ ယခုတွင် ကုန်သည်သည် leverage ကိုအသုံးမပြုဘဲ ကုန်သွယ်သည်ဆိုကြပါစို့ (leverage အသုံးမပြုသည့် ကုန်သွယ်မှုကို 1:1 ကုန်သွယ်မှုဟုခေါ်သည်)။
ဤအခြေအနေတွင် အကောင်းဆုံးအနေဖြင့် ကုန်သည် အနည်းဆုံး 0.01 lot ပမာဏဖြင့် position တစ်ခုကို ဖွင့်နိုင်မည်ဖြစ်ပြီး ၎င်းသည် EURUSD ငွေကြေးအတွဲကိုတောင်ကုန်သွယ်နိုင်မည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် Forex ကုန်သွယ်မှုတွင် lot တစ်ခုသည် များသောအားဖြင့် ငွေကြေးယူနစ် 100,000 နှင့်ညီမျှသောကြောင့်ဖြစ်သည်။ နောက်တစ်နည်းဆိုရလျှင် Forex ဈေးကွက်ရှိ အရောင်းအဝယ် အများဆုံးငွေကြေးအတွဲတစ်ခုဖြစ်သည့် EURUSD တွင် အနည်းဆုံးသော position တစ်ခုကိုဖွင့်ရန် ကုန်သည်တွင် 100,000 * 0.01 * 1.17470 = 1,174.70 USD လိုအပ်မည်ဖြစ်သည်။
အကောင့်ထဲတွင် ဒေါ်လာ တစ်ထောင်ရှိပြီး မည်သည့် leverage မှမရှိသဖြင့် ကုန်သွယ်မှုအတွက် position ပမာဏ အနည်းငယ်ကိုပင် ဖွင့်နိုင်မည့် အခွင့်အရေးရှိမည်မဟုတ်ပါ။ သို့သော် ကြီးမားသော leverage ကြောင့် ဒေါ်လာ ငါးဆယ် မှ တစ်ရာအတွင်း ရင်းနှီးမြုပ်နှံငွေအနည်းငယ်သာရှိသော ကုန်သည်များပင် ကျွမ်းကျင်ပညာရှင်များနှင့် တန်းတူ ကုန်သွယ်မှုပြုလုပ်နိုင်သကဲ့သို့ ကုန်သွယ်မှု၏ အနှစ်သာရများကို လေ့လာသင်ယူနိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်သည်။
4. ကောင်းမွန်သောဘဏ္ဍာရေးအခြေအနေများ
ယခင် ကုန်သွယ်မှုအကျိုးဆောင်များမှ ကုန်သည်များကို leverage ထောက်ပံ့ခြင်းမရှိသေးသောအချိန်က၊ ကုန်သည်အများအတွက် ကုန်သွယ်နိုင်မည့်ပမာဏတိုးမြှင့်နိုင်မည့် တစ်ခုထဲသော အခွင့်အလမ်းသည် ဘဏ်မှ လိုအပ်သော ချေးငွေကို မြင့်မားသောအတိုးနှုန်း၊ အာမခံပစ္စည်းကြီးကြီးမားမား နှင့် ချေးငွေအာမခံချက်များဖြင့် အကန့်အသတ်ရှိသည့် ချေးငွေပမာဏကို ရယူခဲ့ရသည်။
ပြိုင်ဆိုင်မှုပြင်းထန်လာသော အခြေအနေတွင် Forex ကုန်သွယ်မှုအကျိုးဆောင်များသည် မြင့်မားသော leverage များကို အပ်ငွေ အလွန်နည်းသောပမာဏ၊ ကော်မရှင်ခအနည်းငယ်ဖြင့်သာ ကုန်သည်များကို ရင်းနှီးမြုပ်နှံမှုအတွက် ထောက်ပံ့ပေးသည်။ အကယ်၍ နေ့စဉ်ရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေပါက leverage အသုံးပြုခြင်းသည် ၎င်းကုန်သည်အတွက် အခမဲ့နီးပါးဖြစ်ပါလိမ့်မည်။ ကုန်သည်အနေဖြင့် ကုန်သွယ်မှုကို ညတွင်းချင်း လုပ်ဆောင်ရန်ဆုံးဖြတ်ထားပါက SWAP ကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး အကြောင်းမှာ ၎င်းသည် ကုန်သွယ်မှုအကျိုးဆောင်၏ တစ်ညစာကော်မရှင်ဖြစ်သောကြောင့်ဖြစ်သည်။
စွန့်စားမှုအဆင့်မြင့်မားသော ကုန်သည်များ၏ အပ်ငွေတိုးတက်မှုသည် တစ်လလျှင်အမြတ်အစွန်း 300-500% အထိ လွယ်ကူစွာရောက်ရှိနိုင်ပြီး ၎င်းသည် မည်သည့်ဘဏ်တွင်မဆို ရရှိနိုင်မည့်ပမာဏထက် ပိုမိုမြင့်မားသောပမာဏဖြစ်သည်။
5. သက်သာလွယ်ကူစေမှု
သိရှိနားလည်ထားရမည့် အရေးကြီးသည့်အချက်မှာ သင့်တင့်လျောက်ပတ်သော ကုန်သွယ်မှု အကျိုးဆောင် တစ်ဦး၏ အဓိကဝင်ငွေသည် အရောင်းအဝယ် များဖွင့်ခြင်း၊ SWAPs နှင့် spreads များမှ ရရှိသော ကော်မရှင်များ ဖြစ်ကြောင်း ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်မှုအကျိုးဆောင်အတွက် ဖောက်သည် တစ်ဦးစီသည် ၎င်းတို့၏ ဝန်ဆောင်မှုများကို အသုံးပြုပြီး ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှုများတွင် အောင်မြင်ပြီး ကြီးပွားချမ်းသာလာရေးသည် အလွန်အရေးပါလှသည်။ သိက္ခာသမာဓိရှိပြီး သင့်တင့် လျောက်ပတ်သော ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် ကုန်သည်တစ်ဦး၏ ရင်းနှီးမြုပ်နှံမှုအပ်ငွေကို အလဟသဆုံးရှုံးစေပြီး နောက်နောင် Forex တွင်ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ချင်တော့အောင် လုပ်ဆောင်မည်မဟုတ်ပါ။
သို့ဖြစ်ပါ၍ ပြိုင်ဆိုင်မှုပြင်းထန်သော အခြေအနေပတ်ဝန်းကျင်တွင်၊ Forex ကုန်သွယ်မှုအကျိုးဆောင်များသည် အတိုးနှုန်းနည်းပါးပြီး၊ လိုက်လျောညီထွေရှိသော နှုန်းထားများ နှင့် ကော်မရှင်နှုန်းထားအနည်းဆုံးတို့ဖြင့် ဆီလျော် သင့်တော်သော leverage များကို ရွေးချယ်အသုံးပြုနိုင်မည့်အခွင့်အရေးကိုပေးထားပါသည်။ နာမည်ရ ကုန်သွယ်မှုအကျိုးဆောင်များသည် မကြာခဏဆိုသလို ပုဂ္ဂိုလ်ရေးအကြံပေးဝန်ဆောင်မှုကိုပင် ပေးဆောင်ကြသည်။ ပုဂ္ဂိုလ်ရေးအကြံပေးသည် ကုန်သည်အား ကွဲပြားမှုအားလုံးကို သိရှိနားလည်နိုင်ရန်၊ ကောင်းမွန်သင့်တော်သော leverage ကိုရွေးချယ်ကာ ကုန်သွယ်မှုဗျူဟာကို ညီတူညီမျှဖြစ်အောင် ကူညီပေးပါလိမ်မည်။
6. Security
Margin call အကြောင်းကို ကြားဖူးပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ အများစုသောကုန်သည်များသည် ဤစကားလုံးနှစ်ခုကို အသက်ရှုရပ်မတတ်ကြောက်လန့်ကြသည်။ တကယ်တမ်းတွင် ၎င်းစကားလုံးနှစ်လုံး၏ လုပ်ဆောင်ချက်သည် ကုန်သည်များ၏ အပ်ငွေများကို ကာကွယ်ထိန်းသိမ်းထားရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အကြောင်းမသင့်၍ အတွေ့အကြုံမရှိသေးသည့် ကုန်သည်အချို့သည် ၎င်းတို့၏ ဆုံးရှုံးနိုင်ချေ အန္တရာယ်များကို အထင်လွဲမှားဆုံးဖြတ်မှုများ မကြာခဏဆိုသလို ဖြစ်ပေါ်တတ်သည်။ ကုန်သည်၏ အပ်ငွေ ဆုံးရှုံးနိုင်ချေမြင့်မားလာကြောင်းကို ကုန်သွယ်မှုအကျိုးဆောင်မှ သတိပြုမိ လာသောအခါ ကုန်သွယ်မှု အကျိုးဆောင်သည် ကုန်သည်၏ ဆုံးရှုံးနိုင်ချေများနေသော အန္တရာယ်များကို ကာမိစေရန်အတွက် ကုန်သည်၏အကောင့်တွင်း လက်ကျန်ငွေကို ပြန်လည်ဖြည့်တင်းထားရန် လိုအပ်ကြောင်းကို ဖုန်းခေါ်ဆိုအသိပေးခြင်းသော်လည်းကောင်း၊ အလိုအလျောက်အသိပေးစာတိုပေးပို့ခြင်းကိုသော်လည်းကောင်း ပြုလုပ်ပေးသည်။
တစ်ခါတစ်ရံတွင် ပေါ့ဆသောကုန်သည်များသည် leverage နှင့် ၎င်းနှင့်ဆက်စပ်နေသော တာဝန်ဝတ္တရား များကို မေ့လျော့ပေါ့ဆတတ်ကြသည်။ ထို့ကြောင့် အရောင်းအဝယ်များတွင် ဆီလျော်မှုမရှိလွဲချော်ပြီး ကုန်သွယ်မှုရလာဒ်များ မကောင်းသောကြောင့် နောက်ဆုံးတွင် ပေးဆပ်ရမည့် ကြွေးမြီများအဖြစ်သို့ ပြောင်းလဲသွားရသည်။ ဤသို့သော အဖြစ်အပျက်များမှ ရှောင်ရှားနိုင်ရန်အတွက်၊ အရောင်းအဝယ် ဖျက်သိမ်းမှုများတွင် ကုန်သွယ်မှုအကျိုးဆောင်များမှ ဝန်ဆောင်မှုပေးထားသော လက်ကျန်ငွေအပေါ် အာမခံဝန်ဆောင်မှုကို အသုံးပြုသင့်သည်။ ၎င်းဝန်ဆောင်မှုကြောင့် ကုန်သည်၏လက်ကျန်ငွေတွင် မိမိပိုင်ဆိုင်ထားသည်ထက် မည်သည့်အခါမျှ ပိုမိုဆုံးရှုံးနိုင်မည်မဟုတ်ပါ။
Forex leverage ၏အားနည်းချက်များ
Leverage အားသာချက်များ၏ တစ်ဘက်တွင် အားနည်းချက်များ လည်းရှိသေးသည်။ ယခုမှ စတင်ကုန်သွယ်မည့်သူများအနေဖြင့် Forex leverage ၏ အားနည်းချက်များကို အထူးဂရုပြုသင့်ပါသည်။
၎င်းတို့ကို တစ်ခုချင်းစီလေ့လာကြည့်ကြပါစို့ -
1. အပ်ငွေဆုံးရှုံးနိုင်ချေမြင့်မားခြင်း
ဤအန္တရာယ်သည် high leverage ကို အသုံးပြုချိန်တွင် ကုန်သည်၏ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် ထောင်ချောက်တစ်ခုဖြစ်သွားနိုင်သည်။ ကုန်သည်အနေဖြင့် မိမိလက်ထဲတွင် အတိုးမဲ့ရရှိထားသော ငွေကြေး အမြောက်အများရှိနေသည်ဟု ခံစားမိပြီး ၎င်းငွေများကို တစ်နေရာ၊ရာတွင် ရင်းနှီးမြုပ်နှံရန် လိုအပ်သည်ဟု တွေးမိလိမ့်မည်။ ဤနေရာတွင် ယခုမှစတင်ကုန်သွယ်မည့်သူများအတွက် leverage သည် ကုန်သွယ်မှုအတွက် အခွင့်အရေးကောင်းများကို ထပ်လောင်းဖန်တီးပေးသည်သာမက ၎င်းနှင့်ပတ်သက်သည့် တာဝန်ဝတ္တရားများ ပါ ရှိလာကြောင်း သိရှိမှတ်သားထားရန် အရေးကြီးလှပါသည်။ အရေးအကြီးဆုံးမှာ Stop out ဖြစ်ခြင်းမှ တားဆီးရန်အတွက် ကုန်သည်၏ကိုယ်ပိုင်ဘဏ္ဍာငွေများမှ ဆုံးရှုံးမှုများကို ကာမိစေရန်ဖြစ်ပါသည် (၎င်းအတွက် အသေးစိတ်ရှင်းလင်းဖော်ပြချက်များကို ဥပမာများဖြင့် ဤနေရာ တွင်လေ့လာနိုင်ပါသည်)။ ကြီးမားသော leverage ဖြင့် ကုန်သည်၊သည် ၎င်း၏ကိုယ်ပိုင် ဘဏ္ဍာငွေများထက် အဆပေါင်းရာနှင့်ချီ၍ position များကို ဖွင့်နိုင်သောကြောင့် ကုန်သည်၏ လက်ကျန်ငွေအပေါ်တွင် ကြီးမားသော ဆုံးရှုံးမှု အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ချေရှိသည်။ ပမာဏကြီးမားသော position များကို တစ်ကြိမ်တည်းအတူ ဖွင့်လိုက်သည့်အခြေအနေသည် အထူးသဖြင့် ဆုံးရှုံးနိုင်သည့် အန္တရာယ်များလှသည်။ အကယ်၍ ကုန်သွယ်မှုတစ်ခုတွင် ဆုံးရှုံးမှုများရှိလာပါက၊ ကုန်သည်၏အကောင့်အဆင့်သည် အခြားဖွင့်ထားသော position အားလုံးအတွက် လျော့ကျသွားမည်ဖြစ်ပြီး၊ ၎င်းကုန်သွယ်မှုများတွင် Stop Out ဖြစ်နိုင်မည့် အခြေအနေလည်း တိုးလာနိုင်သည်။ တစ်နည်းဆိုရသော် free margin ကို လွဲမှားအသုံးချလိုက်မိပါက၊ ကုန်သည်၏ ပမာဏကြီးမားသည့် ကုန်သွယ်မှု position များသည် တစ်ခဏလေးအတွင်း ပြိုပျက်သွားနိုင်ပြီး ကုန်သည်၏ အပ်ငွေများကိုလည်း ဆုံးရှုံးသွားစေနိုင်မည်ဖြစ်ပါသည်။
2. အပ်ငွေကို ပြန်ကာမိရန်အလွန်ခက်ခဲခြင်း
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကြီးမားသော leverage ကိုအသုံးပြုခြင်းအားဖြင့် ကုန်သည်၏လက်ကျန်ငွေ အပေါ်တွင် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ပေါ်လာစေရန် အလွန်လွယ်ကူပါသည်။ အတွေ့အကြုံမရှိသေးသော ကုန်သည်များသည် အသုံးပြုလိုက်သော leverage ကြီးမားသောကြောင့် ကုန်သွယ်အကောင့်ကို ယခင်ပမာဏ အရွယ်အစားသို့ ပြန်ရရန် အတော်လေးလွယ်ကူသည်ဟု ရိုးရိုးစင်းစင်းသာ တွေးထားတတ်ကြသည်။ သို့သော် ဆုံးရှုံးမှုများအတွက် ကာမိရန်အတွက် အမြတ်အစွန်းသည် အဆများစွာ ပိုများရမည်ကို အမြဲသတိ ပြုသင့်ပါသည်။ ဥပမာအားဖြင့် လက်ကျန်ငွေတွင် USD 100 ဖြင့် 50% ခန့်ဆုံးရှုံးသွားခဲ့ပါက အရင်းကျေသည့် အနေအထားသို့ရောက်ရန်အတွက် ကုန်သည်၊သည် လက်ကျန် USD 50 မှ 100% အမြတ်ရရှိရမည်ဖြစ်ပါသည်။
အောက်တွင်ဖော်ပြထားသောဇယားမှာ ဆုံးရှုံးမှုများအတွက် အရင်းကျေသည့်အနေအထားသို့ရောက်ရန် လိုအပ်သည့် အမြတ်ရာခိုင်နှုန်းတွက်ချက်မှုများဖြစ်ပါသည်။ စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှု စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရန် သတိပေးချက်အဖြစ် ၎င်းကို စာရွက်ထုတ်ပြီး မိမိ၏အလုပ်စားပွဲတွင် ထားရှိသင့်ကြောင်း အကြံပြုလိုပါသည်။
| စတင်ရင်းနှီးမြုပ်နှံငွေ မှ ဆုံးရှုံးမှု ရာခိုင်နှုန်း | အရှုံးပေါ်မှုကို ကာမိရန် လိုအပ်သော အမြတ် ရာခိုင်နှုန်း |
10% | 11.11% |
20% | 25.00% |
30% | 42.85% |
40% | 66.66% |
50% | 100.00% |
60% | 150.00% |
70% | 233.00% |
80% | 400.00% |
90% | 900.00% |
100% | အပ်ငွေကို ဆုံးရှုံးသွားပါပြီ။ |
Leverage ပမာဏများများကို အသုံးပြုလိုက်သော အခြေအနေတွင် ကုန်သည်၏ လက်ကျန်ငွေ အရှုံးပေါ်မှုနှင့်အတူ ဝယ်ယူနိုင်စွမ်းအားလည်း လျော့နည်းသွားမည်ဖြစ်ပြီး၊ အာမခံပစ္စည်းဖြင့်ရနိုင်သော ရန်ပုံငွေများလည်း လျော့နည်းသွားမည် ဖြစ်သည့်အတွက်ကြောင့် ကုန်သွယ်မှု Stop out ဖြစ်ခြင်း၏ အန္တရာယ်ကို တိုးလာစေသည်။ ၎င်းဖြစ်စဉ်ကို position ပမာဏကို လျော့ချခြင်းဖြင့် အစားပေးလေ့ရှိပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် အလားအလာရှိသော ရနိုင်သည့် အမြတ်အစွန်းကို လျော့နည်းသွားစေသည်၊ ဆိုလိုသည်မှာ- ကုန်သွယ်မှု၏အဆုံးတွင် အရင်းကို ပြန်ရရန် ပို၍ပင်ခက်ခဲလိမ့်မည်ဖြစ်သည်။
Forex တွင် အနိမ့်၊ အလယ်အလတ် သို့မဟုတ် အမြင့်ဆုံး leverage ကို အသုံးပြုခြင်းသည် ကုန်သည်နှင့် ကုန်သွယ်မှုအကျိုးဆောင်တို့အကြား ကတိကဝတ်တစ်ခုဖြစ်ကြောင်းကို အမြဲသတိရရန် အရေးကြီးပါသည်။ ကုန်သည်သည် အရောင်းအဝယ်ပြီးဆုံးသည့်နေ့တွင် ရရှိသည့်ရလာဒ်သည် အောင်မြင်သည် ဖြစ်စေ၊ အရှုံးပေါ်သည်ဖြစ်စေ swap ပုံစံဖြင့် leverage အသုံးပြုမှု၏ အဓိကတန်ဖိုးကို ပြန်ပေးရမည်ဖြစ်သည်။ Leverage အတွက် ကုန်ကျစရိတ်ကို ကုန်သည်၏အကောင့်မှ ကျခံရမည်ဖြစ်ပြီး ကုန်သည်အကောင့်၏ လက်ကျန်ငွေမှ အလိုအလျောက်နုတ်ယူမည်ဖြစ်သည်။
Swap သည် ကုန်သည်၏ လက်ကျန်ငွေမှ အလိုအလျောက်နုတ်ယူမည့် leverage အသုံးပြုခြင်းအတွက် ကော်မရှင်တစ်ခုဖြစ်သည်။ Leverage အတွက် ကုန်ကျစရိတ်သည် အသုံးပြုလိုက်သည့် leverage ပမာဏအပေါ်တွင် တိုက်ရိုက်မူတည်ပါသည်။ ကုန်သွယ်မှုအကျိုးဆောင်သည် အများအားဖြင့် အသုံးပြုသည့် ပမာဏအတွက်သာ ကော်မရှင်ကို ကောက်ခံပါသည်။
ယခုမှစတင်ကုန်သွယ်မည့်သူများအတွက် အကောင်းဆုံး leverage က မည်သည်နည်း။
အကယ်၍ Forex ကုန်သွယ်မှုတွင် အတွေ့အကြုံမရှိသေးသည့် ယခုမှစတင်သည့်သူဖြစ်ပါက အကောင်းဆုံး စတင်မှုသည် 1:100 leverage နှင့် USD 1,000 ပမာဏကို အသုံးပြုခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုမှစတင်မည့်သူများအတွက် အကောင်းဆုံး leverage သည် 1 မှ 100 အချိုးထက် ပိုလိမ့်မည်မဟုတ်သည်မှာ သေချာပါသည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
သင့်တော် အကောင်းမွန်ဆုံးသော leverage ကိုမည်သို့ ရှာဖွေမည်နည်း။ ဤမေးခွန်းအတွက် အဖြေသည် ကုန်သည်တစ်ဦးချင်းစီအတွက် ကွဲပြားလိမ့်မည်မှာ သိသာထင်ရှားပါသည်။
သို့ဖြစ်ပါ၍ အကောင်းဆုံး leverage အချိုးက ဘယ်အရာဖြစ်မလဲဆိုသည်ကို အဖြေရှာကြည့်ကြပါစို့။
အသုံးပြုဖို့ စိတ်အချရဆုံးဖြစ်မဲ့ leverage က ဘာလဲ?
အောက်ဖော်ပြပါဇယားတွင် 100,000 USD lot ကိုစံထားပြီး လိုအပ်သော အာမခံ နှင့် အပ်ငွေများကို leverage တစ်ခုချင်းစီအလိုက် တွက်ချက်ပြသထားသည်။
Leverage | ငွေကြေးအတွဲများ ပြောင်းလဲမှု % | Position size in lots | Margin, USD | လက်ကျန်ငွေအပြောင်းအလဲ |
1:100 | 1% | 1 | 1000 | 100% |
1:50 | 1% | 1 | 2000 | 50% |
1:33 | 1% | 1 | 3000 | 33% |
1:20 | 1% | 1 | 5000 | 20% |
1:10 | 1% | 1 | 10000 | 10% |
1:5 | 1% | 1 | 20000 | 5% |
1:3 | 1% | 1 | 33000 | 3% |
1:1 | 1% | 1 | 100000 | 1% |
လက်ကျန်ငွေပေါ်တွင် ကုန်သွယ်မှုတစ်ခုလျှင် စွန့်စားမှု 1% နှင့် အများဆုံးရင်းနှီးမြုပ်နှံမှုအစုအမျိုးမျိုးတွင် position လျော့ချခြင်းကို 1% ဖြင့် အပ်ငွေ USD 1,000 ဖြင့် စတင်ရောင်းဝယ်ရန် အဆင်သင့်ဖြစ်နေပြီ ဆိုကြပါစို့။
Leverage | Position လျော့ချခြင်း % | အများဆုံး position အရေအတွက် | လက်ကျန်ငွေ, USD | Position တစ်ခုလျှင် စွန့်စားမှု % |
1:100 | 1% | 100 | 1000 | 0.01% |
1:50 | 1% | 50 | 1000 | 0.02% |
1:33 | 1% | 33 | 1000 | 0.03% |
1:20 | 1% | 20 | 1000 | 0.05% |
1:10 | 1% | 10 | 1000 | 0.10% |
1:5 | 1% | 5 | 1000 | 0.20% |
1:3 | 1% | 3 | 1000 | 0.33% |
1:1 | 1% | 1 | 1000 | 1.00% |
ယခု အရောင်းအဝယ်ဖွင့်နိုင်သော အများဆုံး position အရွယ်အစားနှင့် အထက်ဖော်ပြပါ စည်းမျဉ်းများနှင့် အညီ ကုန်သွယ်မှုတစ်ခုလျှင် ရှိလာနိုင်မည့်စွန့်စားမှုအန္တရာယ်ကို တွက်ချက်ပါမည်။
အထက်ဖော်ပြပါ ဇယားတွင် စွန့်စားမှု၊ဆုံးရှုံးနိုင်ချေများစီမံခန့်ခွဲမှုလိုအပ်ချက်များဖြင့် Forex တွင် အသင့်တော်ဆုံးသော leverage မှာ 100:1 ဖြစ်ကြောင်း တွေ့ရှိရသည်၊ ဤနေရာတွင် ကုန်သည်သည် စွန့်စားမှု၊ဆုံးရှုံးနိုင်ချေများစီမံခန့်ခွဲမှု စည်းမျဉ်းများနှင့် ကိုက်ညီသည့် position 100 ကို တစ်ချိန်တည်းတွင် ဖွင့်နိုင်မည်၊ သို့မဟုတ် စွန့်စားမှုအနည်းဆုံးနှင့် position များစွာကို ဖွင့်နိုင်မည်ဖြစ်သည်။
ဤဥပမာတွင် ကုန်သွယ်မှု၌ နည်းသော leverage အသုံးပြုခြင်းဖြင့် လိုအပ်သော မတူကွဲပြားသည့် ရင်းနှီးမြုပ်နှံမှုများတွင် တက်တက်ကြွကြွ အရောင်း၊အဝယ်ပြုလုပ်နိုင်ရန် ကုန်သည်အနေဖြင့် ရင်းနှီးမြုပ်နှံမည့်ငွေကို တိုးမြှင့်ရန် လိုအပ်သည်မှာ ထင်ရှားပါသည်။
ဒါက ဝိရောဓိဖြစ်စရာတစ်ခုလို့ ပြောနိုင်ပါသည်။ ပမာဏများသော leverage ဖြင့် ကုန်သွယ်မှုသည် ဆုံးရှုံးနိုင်ချေများကို မည်ကဲ့သို့ လျှော့ချနိုင်သနည်း။ အမှန်တကယ်မှာတော့ ဝိရောဓိဖြစ်စရာမရှိပါဘူး။ အဘယ်ကြောင့်ဆိုသော် ကုန်သွယ်မှုပမာဏတူညီနေပါက အရောင်းအဝယ်ဖျက်သိမ်းမှုဆိုင်ရာ စွန့်စားရမှုသည် ပိုမိုမြင့်မားသော leverage နှင့် အတူ ကျဆင်းသွားသောကြောင့်ဖြစ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သော မြင့်မားသည့် leverage ၏ အားနည်းချက်များအားလုံးသည် ကုန်သည်၏ စိတ်ပိုင်းဆိုင်ရာ နှင့် ငွေကြေးစီမံခန့်ခွဲမှုစည်းမျဉ်းများ ကို ချိုးဖောက်ခြင်းနှင့် သက်ဆိုင်သောကြောင့် မည်သည့် ကုန်သွယ်မှုဗျူဟာ နှင့် ကုန်သွယ်မှုများတွင်မဆို စည်းကမ်းများကို လိုက်နာရန်မှာ အလွန်အရေးကြီးလှ ပါသည်။ ထိုအခါမှသာ မြင့်မားသည့် leverage အသုံးပြုခြင်းသည် ပြဿနာတစ်စုံတစ်ရာရှိမည်မဟုတ်သကဲ့သို့ အပ်ငွေဆုံးရှုံးသွားစေမည့် အခြေအနေများကိုလည်း ဖြစ်ပေါ်လာစေနိုင်မည်မဟုတ်ပေ၊
မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။
1:100 leverage ကို အသုံးပြုဖို့ သင့်တော်ကြောင်းကိုသိရှိပြီးပေမဲ့ ရင်းနှီးငွေ $1,000 မရှိသော ယခုမှစတင်ကုန်သွယ်မည့်သူများအတွက် သိရှိထားဖို့ ဘာတွေကျန်နေပါသေးလဲ။
- ကုန်သွယ်မှုပြုလုပ်လိုသည့်ပုံစံကို ရွေးချယ်ဆုံးဖြတ်ပါ။ မိမိအနေဖြင့် ကုန်သွယ်မှုများကို နေ့ချင်းပြီး အရောင်းအဝယ်ပြုလုပ်လိုပါသလား၊ သို့မဟုတ် အလယ်အလတ်ကာလ ကုန်သွယ်မှုများကို ရောင်းဝယ်ဖောက်ကားလိုပါသလား။ ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုအစုရှယ်ယာ တစ်ခုကို ကာလတစ်ခုအထိ စုဆောင်းထားပြီးမှ အရောင်းအဝယ်ပြုလုပ်မည်လား။ ဤအကြောင်းအရာနှင့် ပတ်သက်၍ အထက်တွင်ဖော်ပြပေးခဲ့သလို - အရောင်းအဝယ်ကာလရှည်လေ၊ ရင်းနှီးမြုပ်နှံရသည့် အပ်ငွေပမာဏပိုများများ လိုအပ်လေဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိနိုင်မည်ဟု မျှော်လင့်ပါသည်။
- ကုန်သည်အနေဖြင့် မိမိကုန်သွယ်မှုပြုလုပ်မည့် ဈေးကွက် နှင့် သီအိုရီများကိုလေ့လာထားရန် အလွန်အရေးကြီးပါသည်။ အခြေခံကုန်သွယ်မှုနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာဆန်းစစ်မှုများကို ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်ပါသည်။ ဈေးကွက်၏ အသေးစိတ် အချက်အလက်များ ဖြစ်သော သတင်းများ၊ အစီရင်ခံစာများ၊ မြှောက်ဖော်ကိန်းများ၊ ညွှန်ကိန်းများ နှင့် မိမိနှစ်သက်သော ကုန်သွယ်မှုပစ္စည်း၏ ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်နိုင်သည့် အခြားအချက်အလက်များကိုပါ နားလည်ထားသင့်သည်။
- အဆုံးရှုံးခံနိုင်သည်ဟု စိတ်ပိုင်းဖြတ်ထားသော ငွေပမာဏဖြင့်သာ အရောင်းအဝယ် ပြုလုပ်ခြင်းကို စတင်ပါ။ ဤသည်မှာ ရှေးရိုးဆန်သည်ဟုဆိုသော်လည်း တကယ့်လက်တွေ့တွင် ဤစည်းမျဉ်းကို လိုက်နာြခင်းဖြင့် ကုန်သည်တွင် မလိုအပ်သော စိတ်ဖိစီးမှုများမှ သက်သာရာရစေပြီး စိတ်တည်တည် ငြိမ်ငြိမ်ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
- အတွေ့အကြုံပိုရှိတဲ့ လုပ်ဖော်ကိုင်ဖက်များဆီမှ အကြံဥာဏ်ရယူဖို့ အားမနာပါနှင့်။ မေးခွန်းများများမေးပြီး မှန်အောင်လုပ်နိုင်ဖို့က အရေးကြီးသည်ကိုလည်း သတိပြုပါ။ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး မိမိသည်လိုသည်များကို အပိတ်မေးခွန်းများဖြင့် မှန်၏/မမှန်၏ ပုံစံဖြင့် မေးမြန်းကြည့်ပါ။ ထိုကဲ့သို့သော မေးခွန်းများသည် ကြိုတင်ပြင်ဆင်မှုနှင့် မိမိကိုယ်ပိုင် ကြိုးစားအားထုတ်မှုတို့ လိုအပ်ပြီး ကိစ္စများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကုန်သွယ်မှုအတွက် မှန်ကန်သော အဖြေကို ပေးစွမ်းနိုင်ကြောင်း တွေ့ရသည်။
- အကယ်၍ ကုန်သွယ်မှုအတွက် အချိန်အလုံအလောက်မပေးနိုင်သော်လည်း ကုန်သွယ်မှုတွင် ရင်းနှီးမြုပ်နှံလိုသူဖြစ်ပါက ၎င်းအတွက်နည်းလမ်းသည် လူမှုကုန်သွယ်ရေးစနစ်ဖြစ်ပြီး ထိုမှတဆင့် အခြားအတွေ့အကြုံရှိကုန်သည်များ၏ ကုန်သွယ်မှုများကို ကူးယူပြီး ရင်းနှီးမြုပ်နှံမှုပြုလုပ် နိုင်မည်ဖြစ်သည် (ကူးယူကုန်သွယ်ခြင်းနှင့်ပတ်သက်ပြီး ဤနေရာ တွင်လေ့လာနိုင်ပါသည်)။ တကယ့်ကျွမ်းကျင်ပညာရှင်ကို ရွေးချယ်ခြင်းသည် လုံးဝ သိပ္ပံနည်းကျဖြစ်ပြီး ၎င်းအတွက် သီးခြားဆောင်းပါးတစ်ခုကို လေ့လာရန်လိုအပ်မည်ဖြစ်ပါသည်။ သို့သော် မိမိ၏ ရင်းနှီးမြုပ်နှံမှုအားလုံးကို တစ်ဦးတစ်ယောက်၊ တစ်နေရာထဲတွင် မထားရှိပါနှင့်။ ရင်းနှီးမြုပ်နှံမှုများကို မတူညီသော နေရာများတွင် ခွဲဝေမြုပ်နှံခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုအခြေအနေများကို မျှထားပါ။
- ကုန်သွယ်မှုတစ်ခုထဲတွင် margin အားလုံးကို အသုံးမပြုလိုက်ပါနှင့်။ 1 lot အရွယ်အစားရှိသည့် ကုန်သွယ်မှုတစ်ခုထက် lot တစ်ခုလျှင် အနည်းဆုံး 0.01 ရှိသည့် မတူညီသည့် position အခု 100 ဖွင့်ထားခြင်းမှာ ပိုကောင်းပါသည်။
- stop loss ကိုအသုံးပြုရန် မမေ့ပါနှင့်။ position တစ်ခုတွင် ဆုံးရှုံးမှုသည် အပ်ငွေ၏ 2% ထက်ကျော်လွန် ခွင့်မပြုသင့်ပါ။
- စွန့်စားမှုဆုံးရှုံးနိုင်ချေအန္တရာယ်များ စီမံခန့်ခွဲမှုကို အမြဲတစေလုပ်ဆောင်ပါ၊ မရပ်တန့်ပစ်လိုက်ပါနှင့်။ ဖွင့်လိုသည့် position များ၏ပမာဏအတွက် အများဆုံး ခွင့်ပြုနိုင်သည့် စွန့်စားမှုကို ရွေးချယ်ဆုံးဖြတ်ပါ။ position တစ်ခုစီအတွက် ဆုံးရှုံးနိုင်ချေစွန့်စားမှုအန္တရာယ်များအတွက် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းကိုဆောင်ရွက်ပါ။ အကောင့်၏အခြေအနေကို အမြဲစောင့်ကြည့်ပြီး stop out ဖြစ်ခြင်းမှ ကာကွယ်ပါ။
- ကြိုတင်သတ်မှတ်ထားသော ကုန်သွယ်မှုအစီအစဉ်မရှိဘဲ position ဖွင့်ခြင်းကို မလုပ်ဆောင်ပါနှင့်။ entry-level ကိုခွဲခြားခြင်း၊ အမြတ်ယူခြင်း နှင့် stop loss ၊ position တိုးမြှင့်မှု အချက်ပြခြင်း နှင့် ဈေးကွက်မှ ထွက်ခွာရန် အချက်ပြခြင်း အစရှိသည်တို့ကို ခွဲခြားသတ်မှတ်ပါ။
- ကုန်သွယ်မှု မှတ်တမ်း ဂျာနယ်ကို သိမ်းဆည်းထားပါ။ အရောင်းအဝယ်ကန့်သတ်ချက်များ၊ အဝင်အထွက် ဆစ်ဂနယ်များ၊ ထို့အပြင် ဈေးကွက် ဝင်ရောက်ချိန် နှင့် ထွက်သည့်အချိန်တို့တွင် ဖြစ်ပေါ်နေသော မိမိ၏ စိတ်ခံစားမှုအခြေအနေတို့ကိုပါ စာရွက်တွင် ချရေးထားပါ။ ဂျာနယ်တစ်ခုထားရှိခြင်းသည် ကုန်သွယ်မှုနှင့်ပတ်သက်ပြီး သတိပိုမိုရှိစေပြီး ဖြစ်ဖူးခဲ့သော အမှားများမှ အတွေ့အကြုံသင်ခန်းစာကို သင်ယူခြင်းအတွက် အခြေခံတစ်ခုအဖြစ် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။
High Leverage နှင့် သင့်တော်အကောင်းမွန်ဆုံး Forex ကုန်သွယ်မှု အကျိုးဆောင်ကို မည်သို့ရွေးချယ်ရမည်နည်း
အထက်ဖော်ပြပါ ဥပမာများအရ မြင့်မားသော leverage အသုံးပြုခြင်းသည် အဆင်ပြေသည်ဟု ကောက်ချက်ချနိုင်ပါသည်။ အကယ်၍ စွန့်စားမှုစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ကုန်သွယ်မှုစည်းမျဉ်း၊ စည်းကမ်းများကို အသေအချာလိုက်နာပါက မြင့်မားသော leverage အသုံးပြု လိုက်ခြင်းဖြင့် အားသာချက်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
သို့သော် ကုန်သည်အနေဖြင့် 1:1000 သို့မဟုတ် ၎င်းထက်ပိုသော leverage ရှိသည့် ကုန်သွယ်မှု အကျိုးဆောင်ကို ရှာရန် လိုအပ်ပါသလား။
အဖြေက - မလိုအပ်ပါ။
1:1000 ထက်ပိုသော leverage ကို ကာမိစေမည့် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် liquidity provider မရှိပါ။ ထို့ကြောင့်၊ 1:2000 ကဲ့သို့ leverage အမျိုးအစားရှိသော မည်သည့် Forex ကုန်သွယ်မှုအကျိုးဆောင်ကို မဆို suspicion ကို ချက်ချင်းမြှင့်တင်သင့်သည်။ ဖြစ်နိုင်ချေ အများစုမှာ၊ ၎င်းကုန်သွယ်မှုအကျိုးဆောင်၏ leverage ကို ဆန့်ကျင်ဘက်ဦးတည်ချက်ရှိသည့် အခြားကုန်သည်များ၏ တစ်ချိန်ထဲတွင် လုပ်ဆောင် ထားသော ကုန်သွယ်မှုများဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး ဆိုလိုသည်မှာ - ၎င်းသည် bucket shop တစ်ခုဖြစ်နေပြီး ကုန်သည်အား အယုံသွင်းလှည့်စားထားခြင်းဖြစ်သည်ဟု ဆိုလိုသည်။
ယုံကြည်စိတ်၍မရသော ကုန်သွယ်မှုအကျိုးဆောင်၏ နောက်ထပ်လက္ခဏာတစ်ခုမှာ raw market spread ကို အသုံးပြု၍ liquidity provider နှင့် တိုက်ရိုက်ကုန်သွယ်မှု မပြုလုပ်နိုင်ခြင်းဖြစ်သည်။ Bucket shop များသည် များသောအားဖြင့် ထိုကဲ့သို့သော ဝန်ဆောင်မှုများကို ပေးခြင်းမရှိပါ။
သုံးစွဲသူဝန်ဆောင်မှု ကိုလည်းဂရုပြုပါ။ မိမိ၏ သုံးစွဲသူဖောက်သည်များကို အလေးထားသော ကုန်သွယ်မှုအကျိုးဆောင်သည် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးပြီး သုံးစွဲသူများ၏ တောင်းဆိုချက်များ၊ စုံစမ်းမေးမြန်းမှု မှန်သမျှကို အလျင်မြန်ဆုံးပြန်လည်ဖြေကြား ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ထိုကဲ့သို့သော ကုန်သွယ်မှုအကျိုးဆောင်များသည် ၎င်းတို့၏သုံးစွဲသူဖောက်သည်ကြီးများအတွက် ကိုယ်ရေးအကြံပေးပုဂ္ဂိုလ် ဝန်ဆောင်မှုကိုပေးပြီး ဖောက်သည်တစ်ဦးချင်းစီအတွက် ကျယ်ပြန့်သောနှုန်းထားများထားရှိပေးသည်။
ကုန်သွယ်မှုအကျိုးဆောင်များ၏ ဈေးကွက်ကို လေ့လာဆန်းစစ်ကြည့်မည်ဆိုပါက၊ Litefinance ကို သေချာပေါက် သတိပြုမိပါလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် အခြားသော ကုန်သွယ်မှုအကျိုးဆောင်များထက် ကုန်သည်များကို ဝန်ဆောင်မှုပေးရာတွင် အားသာချက်များစွာရှိသောကြောင့်ဖြစ်သည်။
- Forex ဈေးကွက်တွင် ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၁၅ နှစ်ကျော်ပြီဖြစ်ပါသည်။
- ရောင်းဝယ်ဖောက်ကားနိုင်သည့် ကုန်သွယ်မှုပစ္စည်းအမျိုးအစားစုံလင်ခြင်း (ငွေကြေးများ၊ CFD များ၊ စတော့များ၊ အညွှန်းကိန်းများ၊ သတ္တုတွင်းထွက်များ၊ ဟိုက်ဒရိုကာဗွန်များ၊ နှင့် ခရစ်ပတိုငွေကြေးများ)
- အနိမ့်ဆုံး spread ဖြင့် ဈေးကွက်သို့တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း
- classic Forex တွင် swaps နည်းပါးခြင်း သို့မဟုတ် အစ္စလာမ်အကောင့်များတွင် swap မပြုလုပ်နိုင်ခြင်း
- အကောင့်လက်ကျန်ထက် ပိုသုံးငွေကို ကာကွယ်မှု
- စိတ်ကြိုက်ရွေးချယ်နိုင်မည့် 1:1 မှ 1:1000 အထိ leverage များ
- ၂၄ နာရီ သုံးစွဲသူဝန်ဆောင်မှု
- အခမဲ့ ကိုယ်ပိုင်အသိပညာပေးအစီအစဉ်များ နှင့် လေ့ကျင့်ရေးကိရိယာများ
- အားကောင်းသော လေ့လာဆန်းစစ်မှုများ ပံ့ပိုးပေးထားခြင်း
- တစ်နေရာထဲတွင် တစ်စုတစ်စည်းထဲ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်နိုင်ပြီး၊ အတွေ့အကြုံ နှင့် အကြံဥာဏ်များ ဝေမျှဖလှယ်ခြင်းပြုလုပ်နိုင်သည့် ပလပ်ဖောင်းတစ်ခု
- Social trading ကိုလုပ်ဆောင်နိုင်ခြင်း
ထို့အပြင် LiteFinance သည် ကုန်သည်များအတွက် လိုအပ်သော ကောင်းမွန်အသင့်တော်ဆုံးသော leverage အချိုးကို ထောက်ပံ့ပေးနိုင်မည်ကိုလည်း သတိပြုမိလိမ့်မည်ဟု ယုံကြည်ပါသည်။
မြင့်မားသော leverage အချိုးသည် မည်သို့ လုပ်ဆောင်သနည်း။
အသုံးများသည့် ငွေကြေးအတွဲဖြစ်သည့် GBPUSD ဖြင့် လေ့လာြကည့်ကြပါစို့
Leverage မပါဝင်ဘဲ၊ lot တစ်ခုလျှင် ဒေါ်လာ 100,000 စာချုပ်အရွယ်အစားဖြင့် ကုန်သွယ်မှုတစ်ခု ဖွင့်ရန်အတွက် ကုန်သည်သည် $130,000 ခန့် ရင်းနှီးမြုပ်နှံရန် လိုအပ်မည်ဖြစ်ပါသည်။
1:1000 leverage ကိုအသုံးပြု၍ ကုန်သည်အနေဖြင့် လိုအပ်သော အရင်းအနှီးပမာဏကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။ $130,000 / 1000 (leverage အသုံးပြုပြီး) = $130.
အကောင့်ရှိငွေ ဒေါ်လာ 130 သည် ကုန်သွယ်မှုသို့ ဝင်ရောက်ရန် အပြည့်အဝလုံလောက်သွားပြီဖြစ်သည်။
သို့သော် သတိပြုရန်မှာ LiteFinance တွင် stop out အဆင့်သည် 20% ဖြစ်ပြီး ၎င်းသည်ကုန်သည်၏ အကောင့်ရှိငွေ ဒေါ်လာ 130 မှ 26 ဒေါ်လာကို ညွှန်းဆိုခြင်းဖြစ်သည်။
ထို့ကြောင့် ကုန်သွယ်မှုကို stop out အဖြစ်ပိတ်ပြီး ပြန်လည်ထုတ်ယူမှုအတွက်ရရှိမည့်ငွေပမာဏသည် 104 USD ဖြစ်မည်၊ ဖြစ်ပါသည်။
ကုန်သည်သည် lot အပြည့်ဖြင့် ကုန်သွယ်မှုကိုဝင်ရောက်ထားသည်ဟု ယူဆကြည့်ပါက၊ ဈေးနှုန်းသည် ကုန်သွယ်မှုကို stop out ဖြင့်ပိတ်ရန်အတွက် မှားယွင်းသောဦးတည်ချက်တွင်ဝင်ရောက်မှုပွိုင့်မှ 104 ပွိုင့် (ကိန်းဂဏန်း ၅ ကိုယ်စားပြုမှု) ဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ နားလည် သဘောပေါက်ထားသည့်အတိုင်း ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်။
ဥပမာများနှင့်အတူ Forex အတွက် ယေဘုယျအားဖြင့် အကောင်းဆုံး leverage
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း Forex တွင် အကောင်းဆုံး leverage အချိုးသည် ယေဘုယျအသုံးအနှုန်းဖြစ်ပြီး ၎င်းကို အသုံးပြုရာတွင် အသေအချာဂရုပြုရမည်ဖြစ်သည်။ အလွန်မြင့်မားသော leverage ကိုအသုံးပြုခြင်းသည် မျှော်လင့်မထားသော အမြတ်အစွန်းပမာဏကို ယူဆောင်လာနိုင်သကဲ့သို့ ၎င်းကြောင့် ကုန်သည်ကို ပျက်စီးဆုံးရှုံးစေနိုင်သည်။
Forex ကုန်သွယ်မှုအတွက် သင့်တော်အကောင်းမွန်ဆုံးသော leverage မှာ ကုန်သည်၏ ရင်းနှီးမြုပ်နှံမှု အရင်းအနှီးပေါ် ကိုင်တွယ်ဖြေရှင်းမှုပေါ်တွင် မူတည်သည်။ 1:100 မှ 1:200 အချိုးသည့် Forex အတွက် သင့်တော်ကောင်းမွန်ဆုံးသော leverage ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤနေရာတွင် ကုန်သည်အနေဖြင့် မှန်ကန်သော စွန့်စားမှုစီမံခန့်ခွဲမှုဖြင့် ပံ့ပိုးပေးထားသည့် margin trading မှ မြင်သာထင်သာသော အကျိုးခံစားခွင့်များကို ရရှိနိုင်မည်ဖြစ်သည်။ Leverage 1:100 ဆိုသည်မှာ အကောင့်တွင် $500 ဖြင့်၊ ကုန်သည်သည် စုစုပေါင်းပမာဏ $50,000 ရှိ ကုန်သွယ်မှုကိုဖွင့်နိုင်သည်ဖြစ်ပြီး ၎င်းသည် နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင် စတင်အရောင်းအဝယ်ပြုလုပ်ရန် အကောင်းဆုံးပမာဏဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကုန်သည်သည် မိမိ၏ကိုယ်ပိုင် စွန့်စားမှုစီမံခန့်ခွဲမှုစည်းမျဉ်းများကို လိုက်နာရန်၊ အခမဲ့ရရှိထားသော margin များကို အလွဲသုံးစားမပြုမိစေရန်နှင့် ဖွင့်ထားသော ကုန်သွယ်မှုများ စောစီးစွာ ဖျက်သိမ်းခြင်းမှ ရှောင်ရှားရန်အတွက် အရှုံးပေါ်ခြင်းကို ရပ်တန့်ခြင်းဖြင့် ဖွင့်ထားသော ကုန်သွယ်မှုအားလုံးကို ပိတ်ရန် ရန်ပုံငွေအမြဲထားရှိရန် အလွန်အရေးကြီးပါသည်။
Forex ကုန်သွယ်မှုတွင် အကောင်းဆုံး leverage သည် ကုန်သည်ပိုင်ဆိုင်သည့် အရင်းအနှီးပေါ်တွင် မူတည်သည်ဖြစ်ပြီး 1:100 မှ 1:200 သည် အကောင်းဆုံး forex leverage အချိုးဖြစ်ကြောင်း သဘောတူကြသည်။
1:100 leverage ဆိုသည်မှာ အကောင့်တွင် $500 ဖြင့် အရောင်းအဝယ်ဖွင့်ရန်အတွက် ကုန်သွယ်မှုအကျိုးဆောင်မှ ပံ့ပိုးပေးသော ခရက်ဒစ် ရန်ပုံငွေ $50,000 ရှိသည်။ ထို့အတွက်ကြောင့် 1:100 သည် forex trading တွင် အသုံးပြုရန်အကောင်းဆုံးသော leverage ဖြစ်သည်။
Leverage နှင့်ပတ်သက်သည့် အမေးများသည့်မေးခွန်းများ
Leverage သည် ကုန်သည်တစ်ဦးတည်း၏ ရွေးချယ်မှုဖြစ်ပါသည်။ ကျွမ်းကျင်အတွေ့အကြုံများသည့် ကုန်သည်အများစုသည် 1:100 အချိုးကို ကုန်သွယ်မှုဆိုင်ရာ စွန့်စားမှုအန္တရာယ်နှင့် ဝယ်ယူမှုစွမ်းအားအကြား ချိန်ဆပြီး အသုံးပြုကြသည်။
အကယ်၍ သင်သည် အတွေ့အကြုံမရှိသေးသည့် ကုန်သည်တစ်ဦးဖြစ်ပြီး လဲလှယ်မှုတွင် အရောင်းအဝယ်စတင်နေသူဖြစ်ပါက၊ leverage အနိမ့်ဖြစ်သော (1:10 သို့မဟုတ် 1:20) ကိုအသုံးပြုပါ။ Forex ကုန်သွယ်မှုတွင် အတွေ့အကြုံအချို့ရရှိပြီးနောက် leverage ကို တဖြည်းဖြည်း တိုးမြှင့်အသုံးပြုနိုင်သည်။ ထိုသို့လုပ်ဆောင်နေစဉ်တွင် စွန့်စားမှု၊ဆုံးရှုံးနိုင်ချေအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအကြောင်းကို အမြဲဂရုတစိုက် သတိရပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ပါ။
Forex ကုန်သည်တစ်ဦးအတွက် ပျမ်းမျှစတင်သည့် ပမာဏသည် ပိုများသည်။ အကယ်၍ သင်သည် $100 ဖြင့် စတင်ရန် ဆုံးဖြတ်ပါက အနိမ့်ဆုံး lot နှင့် ကန့်သတ်ပမာဏဖြင့် အရောင်းအဝယ်ပြုလုပ်နေချိန်တွင် အမြင့်ဆုံး leverage 1:500 ကို အသုံးပြုရန် အကြံပြုလိုပါသည်။ သတိဖြင့် position ကို တစ်ခုထက်ပိုရ ဖွင့်ခြင်းဆောင်ရွက်ပါ။
သင့်အကောင့်တွင် $500 ရှိပါက 1:100 သည် သင့်တော်ကောင်းမွန်သော leverage အချိုးဖြစ်ပြီး၊ ဤနည်းဖြင့် သင့်တွင် $50,000 ရင်းနှီးမြုပ်နှံရန်ရရှိမည်ဖြစ်သည်။ အနိမ့်ဆုံး lot ဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး သင့်ကိုယ်သင် အော်ဒါ ၅ ခုအထိ ဖွင့်ရန် ကန့်သတ်ထားလျှင် ဤပမာဏသည် စတင်ရန်လုံလောက်ပါသည်။
ပရော်ဖက်ရှင်နယ်ကုန်သည်အများစုသည် 1:100 leverage ကို အသုံးပြုကြသည်။
သီအိုရီအရ ဖြစ်နိုင်ပါတယ်။ သို့သော် ထိုကဲ့သို့ နည်းဗျူဟာဖြင့် သင့်တွင် အမြတ်အစွန်းများများရရှိရန် မဖြစ်နိုင်ပါ (အကယ်၍ သင့်တွင် ဒေါ်လာ ၁၀၀,၀၀၀ ရှိခဲ့ပါက ၎င်းသည် ဖြစ်နိုင်ပါသည်။) ဤကိစ္စတွင် ကုန်သွယ်မှုပယ်ဖျက်ခြင်း အန္တရာယ်မှာ အနည်းမျှသာဖြစ်သော်လည်း ကုန်သည်အများစုအတွက် ၎င်းကုန်သွယ်နည်းလမ်းသည် လက်လှမ်းမမီနိုင်စဲပင်ဖြစ်သည်။ ဤဆောင်းပါး တွင် Froex တွင် leverage မပါဝင်ဘဲ ကုန်သွယ်မှုပြုလုပ်ခြင်းအကြောင်းကို ပိုမိုဖတ်ရှုလေ့လာပါ။
Leverage ကိုအသုံးပြုတဲ့အခါ အလွန်သတိထားဖို့ ကျွမ်းကျင်သူများက အကြံပြုထားပါသည်။ သင့်တွင်ရှိသော အရင်းအမြစ်များနှင့် အတွေ့အကြုံများကို အသုံးပြုပြီး လုံလောက်စွာ အကဲဖြတ်ပြီးမှ ဆက်လက်လုပ်ဆောင်ပါ၊ မြင့်မားလွန်းသော leverage ကို အသုံးပြုခြင်း သို့မဟုတ် ကုန်သွယ်မှုတစ်ခု ဖွင့်ရာတွင် အပ်ငွေ၏ ပမာဏအားလုံးနီးပါးကို ရင်းနှီးမြုပ်နှံလိုက်ပါက ဆုံးရှုံးမှု ကြီးကြီးမားမားတွေ့နိုင်သည်။
ဤအချိုးသည် ပိုင်ဆိုင်သည့် ဒေါ်လာတိုင်းအတွက် ကုန်သည်သည် ဒေါ်လာ ၅၀၀ အထိ position ကိုဖွင့်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကုန်သွယ်မှုအကျိုးဆောင်ဈေးကွက်တွင် ပြိုင်ဆိုင်မှုမြင့်မားခြင်းသည် အကျိုးဆောင်များအား မြင့်မားသော leverage များ ဝန်ဆောင်မှုပေးဆောင်ရန် တွန်းအားတစ်ခုဖြစ်သည်။ နောက်တစ်နည်းဆိုရလျှင် leverage သည် ဖောက်သည်ရရှိရေးအတွက် အထောက်အကူပေးသည့် ကိရိယာတစ်ခုဖြစ်သည်။ အခြားတစ်ဖက်တွင် leverage မရှိခဲ့ပါက Forex သည် အရောင်းအဝယ်ပြုလုပ်ရန် ဒေါ်လာရာဂဏန်းများစွာဖြင့် ဝင်ရောက်မှု အဆင့်သတ်မှတ်ထားသောကြောင့် အများစုအတွက် တတ်နိုင်သော ဈေးကွက်တစ်ခုဖြစ်မည်မဟုတ်ပေ။ Leverage ရှိနေခြင်းကြောင့်သာ ကုန်သည်များ Forex တွင် ဝင်ငွေ အမြတ်အစွန်းများရရှိနိုင်ကြခြင်းဖြစ်သည်။
နိဂုံးချုပ်
Leverage သည် ကုန်သည်များအတွက် ကောင်းမွန်သောရလာဒ်များရရှိမှု တိုးတက်လာစေသော ပံ့ပိုးကိရိယာတစ်ခုဖြစ်သည်။ Leverage အသုံးပြုခြင်း၏ သိသာထင်ရှားသော အားသာချက်မှာ အရင်းအနှီး အကန့်သတ်ဖြင့် ဝင်ငွေများများ ရှာနိုင်ခြင်းဖြစ်သည်။ သို့သော် ယခုမှစတင်မည့် အတွေ့အကြုံမရှိသေးသည့် ကုန်သည် နှင့် ပရော်ဖက်ရှင်နယ် ကုန်သည်နှစ်ဦးလုံးအတွက် Forex တွင် အသုံးပြုရန် အကောင်းဆုံး leverage ကို ရွေးချယ်ရန် မဖြစ်နိုင်ပါ။ ဤရွေးချယ်မှုသည် အကောင့်ရှိစတင် ရင်းနှီးငွေ၊ ကုန်သွယ်မှုဗျူဟာ နှင့် ရွေးချယ်ထားသည့် စွန့်စားမှုစီမံခန့်ခွဲမှုပုံစံများအပေါ်တွင် များစွာမူတည်ပါသည်။ တစ်ချိန်ထဲမှာပင် သင့်တော်အကောင်းမွန်ဆုံး Forex leverage ကို 1:100 ဟုသတ်မှတ်ကြသည်။ ဤသည်မှာ လုံလောက်သော ဝယ်ယူမှုစွမ်းအား နှင့် stop out ဖြင့် position များ အလိုအလျောက်ဖျက်သိမ်းသွားခြင်း အန္တရာယ်များအကြား ညှိုနှိုင်းပေးသည်။ ဤ leverage အချိုးကို ယခုမှစတင်ကုန်သွယ်သည့်သူများနှင့် အတွေ့အကြုံရှိပြီးသော ကုန်သည် နှစ်မျိုးလုံးက နှစ်သက်ကြသည်။ သို့သော် မြင့်မားသော leverage အသုံးပြုခြင်းသည် ဆုံးရှုံးနိုင်သည့် အန္တရာယ်များလည်း ရှိကြောင်း အမြဲသတိပြုသင့်ပါသည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။






















