Forex စျေးကွက် အသိုင်းအဝိုင်းမှ သုံးနှုန်းကြသော အခေါ်အဝေါ်များသည် ကုန်သည်အသစ်များအတွက် နားရှုပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် အိတ်ချိန်းပေါ်တွင် ငွေရှာလိုသောမည်သူမဆိုသည် ဤသဘောတရားများကို နားလည်ထားသင့်ပါသည်။ Leverage နှင့် Lot Size တို့၏ အဓိက သဘောတရားများနှင့် pips ၏အဓိပ္ပါယ်တို့အား အောက်တွင် ရှင်းပြထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
အနှစ်ချုပ်။
- ဤဆောင်းပါးတွင် Forex ကုန်သွယ်ရေး၏ သဘောတရားများ၊ အထူးသဖြင့် leverage နှင့် lot size ၏ ဆက်နွယ်မှုနှင့် ကွဲလွဲမှုများအကြောင်းကို အဓိက ဆွေးနွေးဖော်ပြထားပါသည်။
- Forex တွင် leverage နှင့် lot size တို့မှာ သဘောတရားချင်း မတူညီကြပါ သို့ရာတွင် ၎င်းတို့ကြားတွင် ဆက်နွယ်မှုရှိနေပါသည်။
- Leverage ဆိုသည်မှာ ကုန်သည်များအတွက် မိမိကိုယ်ပိုင်ငွေအရင်းအနှီးမှ သေးငယ်သော ပမာဏဖြင့် ပို၍ကြီးမားသော ကုန်သွယ်မှုကို ပြုလုပ်နိုင်သော အခွင့်အရေးဖြစ်ပြီး အရှုံး၊ အမြတ် အလားအလာများကို သိသာစွာ မြင့်မားစေ ပါသည်။
- ဤဆောင်းပါးတွင် lot ၏ သဘောတရားကိုလည်း ဖော်ပြထားပါသည်၊ lot ဆိုသည်မှာ Forex ကုန်သွယ်ရေး၏ စံသတ်မှတ်ထားသော ယူနစ်ဖြစ်သည်။
Forex ၏ Leverage နှင့် Lots။
Leverage နှင့် Lot Size တို့သည် Forex တွင် သဘောတရားချင်း မတူညီကြပါ။ သို့သော်လည်း ၎င်းတို့ကြားတွင် သေချာသော ဆက်သွယ်မှုတခု ရှိပါသည်။ Leverage နှင့် Lot တို့၏ အဓိပ္ပါယ်များကို ဦးစွာလေ့လာကြည့်ကြရအောင်။
Leverage ၏အဓိပ္ပါယ်မှာ ကုန်သွယ်သူသည် ၎င်း၏ Forex အကျိုးဆောင်ကုမ္ပဏီထံမှ သို့မဟုတ် ဆက်နွယ်သော တတိယအဖွဲ့အစည်းထံမှ ချေးငွေရယူခြင်းပင်ဖြစ်သည်။ ဤချေးငွေ၏ အထောက်အပံ့ဖြင့် leverage မပါဝင်သောအခြေအနေထက် ပို၍ထိရောက်မှုရှိသော ကုန်သွယ်မှုများကို ပြုလုပ်နိုင်ပါသည်။
ဆက်လက်၍ Forex ကုန်သွယ်ရေးရှိ lot ၏သဘောတရားကို အဓိပ္ပါယ်ဖွင့်ကြည့်ကြပါစို့။
Lot ဆိုသည်မှာ အခြေခံငွေကြေးယူနစ်များဖြင့် တိုင်းထွာသော စာချုပ်တခုဖြစ်သည်။ ထို့ကြောင့် lot ၏ အရေအတွက် သို့မဟုတ် lot ၏ ပမာဏသည် ကုန်သွယ်မှုအရွယ်အစားကို ဆုံးဖြတ်ပေးပါသည်။
ကုန်သွယ်သူသည် ကုန်သွယ်မှုတခုကို ဖွင့်လှစ်သောအခါ စာချုပ်များတွင် ပမာဏကို သတ်မှတ်ရပါသည်။ ထိုတန်ဖိုးသည် 0.01 မှ 100 အထိဖြစ်နိုင်ပါသည်။
ကုန်သည်အသစ်များအနေဖြင့် forex lot size နှင့် leverage တို့၏ သဘောတရားချင်း ဆက်နွယ်မှု အား သတိပြုရန် အထူးအရေးကြီးပါသည်။
အမှန်စင်စစ် leverage သည် စာချုပ်၏ အရွယ်အစားနှင့် စျေးနှုန်းအပေါ် သက်ရောက်မှုမရှိပါ။ သို့ရာတွင် ကုန်သည်တဦး၏ ကုန်သွယ်မှုပမာဏကို ဆုံးဖြတ်ရာတွင် leverage သည် ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ Leverage ကြီးလေလေ၊ ကုန်သည်တစ်ဦးသည် ၎င်းတို့တက်နိုင်သည့် ငွေထက် အဆများစွာ ပိုကြီးသော lot ပမာဏများကို ဝယ်နိုင် သို့မဟုတ် ရောင်းနိုင်လေလေဖြစ်သည်။
Pips ဆိုသည်မှာ အဘယ်နည်း။
အထက်တွင် leverage နှင့် lot များ၏ အဓိပ္ပါယ်အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ၎င်းတို့အကြားရှိ ဆက်သွယ်မှုမှာ pip (ပွိုင့်အတွက်ရာခိုင်နှုန်းအား အတိုကောက်ခေါ်ဆိုခြင်း) ဖြစ်သည်။ ၎င်းသည် ကုန်သွယ်ရေးပစ္စည်းတခု၏ အနည်းဆုံး တန်ဖိုးပြောင်းလဲမှု ကိန်းဂဏန်းကို ကိုယ်စားပြုသည်။
အခြားစကားလုံးဖြင့် ဖော်ပြရလျှင် pip ဆိုသည်မှာ ငွေကြေးနှုန်းထားတခု၏ ပြောင်းလဲမှုအတွက် စံ သတ်မှတ်ထားသည့် အသေးငယ်ဆုံး အတိုင်းအတာယူနစ်ဖြစ်သည်။ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက် တွင် များသောအားဖြင့် အမေရိကန်ဒေါ်လာပါဝင်သည့်ငွေကြေးအတွဲ၌ 1 pip သည် $0.00001 နှင့် ညီမျှသည်။
ဥပမာအားဖြင့် ရေနံ နှင့် စတော့ရှယ်ယာများ တွင် ဒဿမ၏ အနောက်၌ ဂဏန်းနှစ်လုံးရှိသည်။ ထို့ကြောင့် နောက်ဆုံးဂဏန်း(ဒဿမအနောက်မှဒုတိယမြောက်ဂဏန်း) သည် အဆိုပါ ကုန်သွယ်ရေးအမျိုးအစား၏ pip ပင်ဖြစ်သည်။
Pip ၏ သဘောတရားကို ဥပမာတခုဖြင့် လေ့လာကြည့်ကြရအောင်။ ဤနည်းအားဖြင့် lot size နှင့် leverage ကြားရှိ ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရနိုင်ပါသည်။ EURUSD ၏ နှုန်းထားအား 1.18699 ဟုယူဆကြည့်လိုက်ပါ။ 1 Euro သည် 1.18699 USD နှင့်ညီမျှသည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။
အကယ်၍ ဤနှုန်းထားမှ 1 ပွိုင့် တိုးတက်ခဲ့ပါက (1.18700 အထိ တက်သွားပါက)၊ အမေရိကန်ငွေ တဒေါ်လာ၏ တန်ဖိုးသည် ယူရိုနှင့် နှိုင်းယှဥ်ပါက ကျဆင်းသွားခြင်းပင်ဖြစ်သည်။ 1 Eur ကို ရရှိရန် 0.00001 USD ပိုမိုပေးချေရမည်ဖြစ်သည်။
စျေးနှုန်းအပြောင်းအလဲ 1 pip သည်ပင်လျှင် ကုန်သွယ်မှု၏ နောက်ဆုံးတန်ဖိုးအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။
အကျိုးဆောင်ကုမ္ပဏီအများစုတွင် စာချုပ်တခု၏ ပုံမှန်အရွယ်အစားမှာ 100,000 ယူနစ်ဖြစ်သည်။ EURUSD တယူနစ်သည် 1.18699 USD နှင့်ညီမျှသည်။
ဥပမာ။ ။
ရင်းနှီးမြှုပ်နှံသူတဦးသည် 0.1 lots အား ဝယ်ယူခဲ့သည် ဆိုပါစို့။ ထို့ကြောင့် စာချုပ်အရွယ်အစားသည် 11,869.9 USD (100,000 * 0.1 * 1.18699) တန်ဖိုးရှိပါသည်။ ဤအတွဲ၏ ငွေလဲနှုန်း 1 pip တိုးတက်သည်ဟု ယူဆကြည့်ပါ။ ထိုအခါ အရွယ်အစားတူညီသော စာချုပ်၏ တန်ဖိုးသည် 11,870.0 USD နှင့် ညီမျှပါလိမ့်မည်။
ထို့ကြောင့် 0.1 lot size ရှိသော စာချုပ်တစောင်တွင် 1 pip၏ တန်ဖိုးမှာ 0.1USD ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူသည် leverage ခံစားခွင့်ကို အသုံးချ၍ ပိုများသော ပမာဏကို ဝယ်ယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ ကုန်သည်မှ 1:100 leverage ကိုအသုံးပြု၍ ကုန်သွယ်မှုပမာဏအား အဆတရာ တိုးမြှင့်လိုက်သည် ဆိုပါစို့ - 0.1 lot နေရာတွင် 10 lot ကိုဝယ်ယူလိုက်သည်။ ဤကုန်သွယ်မှုအကြီးစားတွင် 1 pip ၏ တန်ဖိုးမှာ 10 USD ဖြစ်သည်။
Leverage သည် pip တန်ဖိုးအပေါ် မည်သို့ အကျိုးသက်ရောက်စေကြောင်းကို ဤဥပမာက ရှင်းလင်းစွာ ပြသနေပါသည်။ Leverage များလေ၊ ပိုကြီးသောကုန်သွယ်မှုကို ဖွင့်နိုင်လေဖြစ်သည်။ ကုန်သွယ်မှု အရွယ်အစားကြီးမားလေ ပွိုင့်တခု၏တန်ဖိုးမြင့်မားလေဖြစ်သည်။
Lot Size ဆိုတာဘာလဲ။
Lot size နှင့် ပတ်သတ်သော ဗဟုသုတကို လေ့လာကြရအောင်။ အများဆုံးတွေ့နိုင်သော အမျိုးအစား လေးခုရှိပါသည်။
Lot အမျိုးအစား | ယူနစ်အရေအတွက် |
|---|---|
Standard | 100,000 |
Mini (standard lot ၏ ဆယ်ပုံတပုံ) | 10,000 |
Micro (standard lot ၏ တရာပုံ တပုံ) | 1,000 |
Nano (standard lot ၏ တထောင်ပုံ တပုံ) | 100 |
- Standard lot သည် Forex စျေးကွက်နှင့် အကျိုးဆောင်ကုမ္ပဏီများတွင် အသုံးအများဆုံး စာချုပ်အမျိုးအစားဖြစ်သည်။
- Mini lot အား fractional lot ဟုလည်း ခေါ်ကြလေ့ရှိသည်။ ၎င်းသည် standard lot ၏ ဆယ်ပုံတပုံနှင့် ညီမျှသည်။ Standard lot နှင့် နှိုင်းစာလျှင် mini lot ကို အသုံးပြုခြင်း ပိုနည်းပါသည်။ ဤစာချုပ်အမျိုးအစားအား များသောအားဖြင့် ခရစ်ပတိုငွေကြေးစာချုပ်များကို ကုန်သွယ်ရာတွင် အသုံးပြုကြလေ့ရှိသည်။ တခါတရံတွင် သတ္တုစျေးကွက်၌လည်း တွေ့ရတတ် သည်။
- Micro lot ကို Forex ဈေးကွက်အတွင်း အတော်ပင် တွေ့ရခဲပါသည်။ ဤသေးငယ်သော စာချုပ်အား ခရစ်ပတိုငွေကြေးနှင့် သတ္တုများအတွက် CFD ကုန်သွယ်ရေးကို ဝန်ဆောင်မှုပေးသော Forex အကျိုးဆောင်ကုမ္ပဏီများတွင် ပို၍အသုံးများသည်။
- Nano lot အား ကုန်ကြမ်းများ၊ သတ္တုများ နှင့် ခရစ်ပတိုငွေကြေးစသော စျေးကွက်များတွင် အများဆုံး တွေ့ရှိရသည်။ နိုင်ငံခြားငွေကြေးစျေးကွက်တွင်မူ အသုံးပြုခြင်း မရှိသလောက် ရှားပါးပါသည်။
သတိပြုရန်! အခြေခံငွေကြေးယူနစ်ဖြင့်ဖော်ပြသော lot တခု၏ အရွယ်အစားကို ကုန်သွယ်သူမှ ဆုံးဖြတ်ရခြင်း မဟုတ်ပါ။ အရောင်းအဝယ်လက်ခံဆောင်ရွက်ပေးသော ဝန်ဆောင်မှုကုမ္ပဏီ၏ လိုအပ်ချက် အပေါ်မူတည်၍ သတ်မှတ်ခြင်းဖြစ်ပါသည်။
မတူညီသော ကုန်သွယ်ရေး အမျိုးအစားများနှင့် ပိုင်ဆိုင်မှုအုပ်စုများအတွက် အလုံးစုံကွဲပြားသော lot size များ ရှိကြကြောင်းကို LiteFinance ၏ ဥပမာတွင် မြင်နိုင်ပါသည်။ LiteFinance သည် ငွေကြေးအတွဲများအတွက် standard lot size 100000 ယူနစ်ကို အသုံးပြုပြီး ရွှေအတွက် nano lot size ကို အသုံးပြုသည်။ ခရစ်ပတိုငွေကြေးများကို ကုန်သွယ်လိုပါက၊ Bitcoin နှင့် Ethereum တို့အတွက် 1 lot ကို 1 ယူနစ်သာ သတ်မှတ်ထားပါသည်။ ကုန်သွယ်ရေးအမျိုးအစား အသီးသီး၏ lot size များကို ဤနေရာ တွင် ကြည့်နိုင်ပါသည်။
သတိပြုရမည့်အချက်မှာ ကုန်သွယ်မှုတခု၏ ကုန်ကျစရိတ်သည် စာချုပ်တွင်ပါဝင်သော ယူနစ်အရေအတွက် သာမက အခြေခံပိုင်ဆိုင်မှု သို့မဟုတ် ၎င်းယူနစ်များကိုဖော်ပြသော ငွေကြေးဖြင့်လည်း သက်ဆိုင်ပါသည်။
အထက်ပါဥပမာတွင် EURUSD အတွဲ၏ 0.1 lot အား ဒေါ်လာဖြင့်တန်ဖိုးသတ်မှတ်သော 10000 ယူရိုယူနစ် ဟု ရေတွက်ခဲ့ကြသည်။ အခြား ကုန်သွယ်ရေးစာချုပ်များကိုလည်း တူညီသော နိယာမဖြင့်သာ တွက်ချက်ပါသည်။
ဥပမာ - 1 lot လျှင် 100 ယူနစ်ရှိသော XAUUSD ကုန်သွယ်မှုတခုသည် USD ဖြင့်သတ်မှတ်ထားသော 100 ထရွိုင်အောင်စ၏တန်ဖိုးနှင့် ညီမျှသည်။
အလားတူပင် 100000 ယူနစ်နှင့် ညီမျှသော GBPJPY စာချုပ်တခုတွင် ကုန်သွယ်မှုတန်ဖိုးသည် 100000 စတာလင်ပေါင်နှင့်ညီမျှသော ဂျပန်ယန်းပမာဏဖြစ်သည်။
Forex တွင်ကုန်သွယ်ကြသူများအတွက် အထက်ပါ အကြောင်းအရာများသည် မည်သည့်အဓိပ္ပါယ် ဖြစ်ပါသနည်း။ Cross rates ဟု ခေါ်သည့် ကြားဖြတ်ငွေကြေးအတွဲများ (USD ဖြင့်တန်ဖိုးဖြတ်ခြင်း မဟုတ်သော၊ USD မပါဝင်သော ငွေကြေးအတွဲများ) အား ဝယ်ယူခြင်းသည် ကုန်သွယ်မှု၏ တန်ဖိုး တိုးတက်လာမည်ဟု ထင်ကြေးပေးခြင်းဖြစ်သလို၊ တန်ဖိုးဖြတ်သောငွေကြေး၏ စျေးနှုန်း ကျဆင်းမည်ဟု တစ်ထစ်ချယုံကြည်ခြင်း လည်းဖြစ်သည်။
ကုန်သည်နှင့် ရင်းနှီးမြှုပ်နှံသူတိုင်းသည် မိမိကုန်သွယ်မည့် ကုန်သွယ်ရေးပစ္စည်း၏ အသေးစိတ် အချက်အလက်အားလုံးကို သိရှိထားရန် လိုအပ်ပါသည်။
ကုန်သွယ်ရေးအမျိုးအစားအားလုံး၏ အသေးစိတ်အချက်အလက်အားလုံးကို ကုန်သည်၏ ကိုယ်ပိုင်အကောင့်တွင် ရရှိနိုင်ပါသည်။ ထိုအချက်အလက်များအား မှတ်ပုံတင်စာရင်း မသွင်းရသေးသူများသည်လည်း ရရှိနိုင်ပါသည်။ ထိုအချက်အလက်များကို ရယူရန် "Trade" ဟူသော အခန်းသို့ ဝင်ရောက်ပါ။ မိမိနှစ်သက်ရာ ကုန်သွယ်ရေး အမျိုးအစားကို ရွေးချယ်ပါ။ "Instrument Information" ကို ရွေးချယ်ပါ။ အောက်ဘက်တွင်ရှိသော "Additional Information" သို့သွားရောက်ဖတ်ရှုပါ။
ထိုခေါင်းစဥ်အောက်တွင် lot နှင့်စပ်လျဥ်းသော အချက်အလက်များအပြင်၊ အခြားအသုံးဝင်သော အချက်များစွာကို ဖတ်ရှုနိုင်ပါသည်။
- 1 pip ၏တန်ဖိုး - ဤကုန်သွယ်ရေးပစ္စည်းအတွက် စာချုပ်တစောင်ကို ဝယ်ယူသော အခါတွင် ကျသင့်သော 1 pip ၏တန်ဖိုး။
- Quoted Currency - စျေးနှုန်းတန်ဖိုးကို ဖော်ပြသော ငွေကြေးယူနစ်ကို ဆိုလိုသည်။ ငွေကြေးအတွဲတခုတွင် ဒုတိယနေရာ၌ အမြဲတမ်းဖော်ပြလေ့ရှိသော ငွေကြေးဖြစ်သည်။ ထို့ကြောင့် အလွယ်တကူပင် ခွဲခြားသိရှိနိုင်ပါသည်။ စတော့များ၊ ရေနံနှင့် အညွှန်းကိန်းများ၌ ကုန်သွယ်ရေး ပစ္စည်း၏နာမည်တွင် တန်ဖိုးဖြတ်သောငွေကြေးမပါဝင်ပါ။ မည်သည့်ကုန်သွယ်ရေး အမျိုးအစား အား မည်သည့်ငွေကြေးဖြင့်တန်ဖိုးဖြတ်ကြောင်း အချက်အလက်များကို "Information about Instrument" တွင် ကြည့်ရှုနိုင်ပါသည်။
- Base currency - စာချုပ်စျေးနှုန်းအား ဖော်ပြထားသော ငွေကြေးယူနစ်ဖြစ်ပြီး တန်ဖိုးဖြတ်သော ငွေကြေးနှင့် တွဲဖက်၍ ကုန်သွယ်ရသည်။
- 1 lot size - ကုန်သွယ်ရေးပစ္စည်းတခုအတွက် 1 lot size နှင့် ၎င်းကိုဖော်ပြထားသော ငွေကြေးယူနစ်။ ထိုငွေကြေးအား အခြေခံငွေကြေးဟု ခေါ်ဝေါ်ကြသည်။
- သင်၏အကောင့်တွင် သတ်မှတ်ထားသော Leverage - အကယ်၍ အကျိုးဆောင်ကုမ္ပဏီသည် ဤကုန်သွယ်ရေးအမျိုးအစားအတွက် leverage အား မာဂျင်ရာခိုင်နှုန်း ဖြင့် သတ်မှတ်ထားပါက၊ သက်ဆိုင်ရာ leverage ရာခိုင်နှုန်းကိုလည်း တွေ့မြင်ရပါမည်။
- အဝယ် swap ပမာဏ၊ အရောင်း၏ swap ပမာဏ နှင့် swap သုံးဆဖြတ်တောက်သောနေ့။ Swap ဆိုသည်မှာ တညတာထိန်းသိမ်းခဖြစ်သည်။
Leverage ဆိုသည်မှာ အဘယ်နည်း။
Leverage ၏သဘောတရားမှာ မာဂျင်နှင့် အလွန်နီးစပ်ပါသည်။ Leverage ဆိုသည်မှာ ကုန်သည်များအား ၎င်းတို့၏အကောင့်မှ သုံးစွဲခွင့်ရှိသော ငွေကြေးပမာဏထက် ပို၍ကြီးမားသော ကုန်သွယ်မှုကို ပြုလုပ်နိုင်ရန် ကူညီပေးသော ကုန်သွယ်ရေးခံစားခွင့်ဖြစ်သည်။
ဥပမာ။ ။
သင်သည် သင့်အကောင့်သို့ 5000 USD ကို ဖြည့်သွင်းလိုက်သည်။ သင်ရွေးချယ်ထားသော leverage အချိုးမှာ 1:20 ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် အကောင့်လက်ကျန်ငွေ၏ အဆနှစ်ဆယ်ဖြစ်သော 100,000 USD အထိ တန်ဖိုးရှိသော ကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။
Leverage နှင့် ၎င်း၏ အလုပ်လုပ်ပုံကို ပို၍ သိရှိလိုပါက "လေ့လာသူများအတွက် လမ်းညွှန်ချက် အပြည့်အစုံ"ကို ဖတ်ပါ။
Forex ကုန်သွယ်ရေး၏ Leverage နှင့် Lot Size အကြားရှိ ကွဲလွဲမှုများနှင့် ဆက်နွယ်မှု။
အများသိကြသည့်အတိုင်း Forex တွင် leverage နှင့် lot size တို့သည် သဘောတရားချင်း မတူညီကြပါ။
ပို၍လေးနက်စွာလေ့လာကြည့်ရအောင်။ Leverage သည် စာချုပ်တခု၏ တန်ဖိုးအပေါ် အကျိုး သက်ရောက်မှု မရှိပါ။ နိုင်ငံတကာငွေကြေးကုန်သွယ်ရေးတွင် ပုံမှန်စာချုပ်တခုသည် မည်သည့် leverage အချိုးဖြင့်ဖြစ်စေ တသိန်းယူနစ်ဖြစ်သည်။
သို့သော်လည်း leverage သည် ကုန်သည်၏ အပ်ငွေအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ ကုန်သွယ်မှု၏ ပကတိတန်ဖိုးအပေါ် Forex lots နှင့် leverage တို့၏ အကျိုးသက်ရောက်မှုကို သိရှိရန် leverage ပါဝင်သော တွက်ချက်နည်း ဖော်မြူလာနှင့် မပါဝင်သော ဖော်မြူလာအား တချက်ကြည့်ရှုလိုက်ပါ။
Leverage ပါဝင်ပါက ကုန်သွယ်မှုတန်ဖိုးသည် မာဂျင်ပမာဏနှင့် တူညီပါသည်။
ထို့ကြောင့် စာချုပ်၏ အရွယ်အစားသည် ကုန်သွယ်မှုတန်ဖိုးနှင့် တိုက်ရိုက်အချိုးကျသည်ကို တွေ့မြင်ရပေ သည်။ Lot ပမာဏ နှင့် အရေအတွက် တိုးတက်သည်နှင့်အမျှ ကုန်သွယ်မှု၏ တန်ဖိုးလည်း တိုးတက်လာပါသည်။
Leverage အချိုးသည် ကုန်သွယ်မှုတန်ဖိုးနှင့် ပြောင်းပြန်အချိုးကျပါသည်။ Leverage မြင့်မားလေ ကုန်သွယ်မှု တန်ဖိုး လျော့နည်းလေဖြစ်သည်။
သတိပြုရန်။ ။အကျိုးဆောင်ကုမ္ပဏီနှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းအပေါ် မူတည်၍ ကုန်သွယ်ရေး အမျိူးအစား အမျိုးမျိုးအတွက် မတူညီသော leverage အကြံပြုချက်များရှိပါသည်။
LiteFinance အကျိုးဆောင်ကုမ္ပဏီသည် သတ္တုများ၊ ရေနံ၊ အညွှန်းကိန်းများ၊ ခရစ်ပတိုငွေကြေးများနှင့် စတော့များအတွက် leverage ကို အသုံးပြုပါသည်။ မာဂျင်၏ရာခိုင်နှုန်းကို သတ်မှတ်ပေးခြင်းအားဖြင့် ကုန်သွယ်မှုတန်ဖိုးအား လျော့နည်းစေပါသည်။ ဤအတိုင်းအတာသတ်မှတ်ချက်အား ကုန်သွယ်ရေးပစ္စည်း အကြောင်း အသေးစိတ်ဖော်ပြချက်တွင် ကြည့်ရှုနိုင်ပါသည်။
ငွေကြေးအတွဲများအတွက် leverage ကို ကုန်သည်မှ သတ်မှတ်ပါသည်။
သို့ဖြစ်၍ ကုန်သွယ်မှုတခု စတင်ဖွင့်လှစ်ရန် ကုန်သွယ်ရေးအမျိုးအစားအပေါ်မူတည်၍ မူလကုန်သွယ်မှု တန်ဖိုး၏ ရာခိုင်နှုန်းတခုကိုသော်လည်းကောင်း၊ ကုန်သည်၏ အကောင့် setting တွင် သတ်မှတ်ထားသော leverage ဖြင့် ပိုင်းခြားထားသည့် ပမာဏကိုသော်လည်းကောင်း လိုအပ်ပါသည်။
ကုန်သွယ်ရေးအမျိုးအစား | မာဂျင်ရာခိုင်နှုန်း | Leverage |
|---|---|---|
Metals | 1% | 1:100 |
Palladium | n/a | အကောင့် setting တွင် ရွေးချယ်ထားသည့်အတိုင်း။ |
Oil | 10% | 1:10 |
Indices | 1% | 1:100 |
Stocks | 2% | 1:50 |
Currencies | n/a | အကောင့် setting တွင် ရွေးချယ်ထားသည့်အတိုင်း။ |
Cryptocurrencies | 10% | 1:10 |
Forex အတွဲများအတွက် leverage နှင့် lot အကြားဆက်နွယ်မှု ဥပမာ။
ငွေကြေးအတွဲများအတွက် leverage အား ကုန်သည်မှ ၎င်း၏ ကုန်သွယ်ရေးအကောင့်တွင် သတ်မှတ်ရခြင်း ဖြစ်သည်။
We open a position in the EURUSD for 1 lot.
1 lot ပမာဏ ရှိသော EURUSD ကုန်သွယ်မှု တခုကို ဖွင့်လှစ်သည်ဟု ယူဆကြည့်ကြရအောင်။
Leverage မပါဝင်ပဲ EURUSD 1lot အားကုန်သွယ်ရန် (100000 EUR ကိုဝယ်ယူရန်)၊ ကုန်သည်သည် 118748 USD ကိုလိုအပ်ပါသည်။
Forex ကုန်သွယ်ရေးသည် မာဂျင်ကုန်သွယ်ရေးဖြစ်ပြီး ကုန်သွယ်သူသည် 1:1000 leverage အချိုးကို သတ်မှတ်ထားသည်။
ထို့ကြောင့် မာဂျင်ပမာဏသည် ကုန်သွယ်မှု၏ မူရင်းတန်ဖိုးထက် အဆတထောင် လျော့နည်းပါသည်။
100000 EUR ကိုဝယ်ယူရန် ကုန်သည်အနေနှင့် 118.75 USD သာလိုအပ်ပါလိမ့်မည်။
သတ္တုများအတွက် leverage နှင့် lot အကြား ဆက်နွယ်မှု ဥပမာ။
ပလေဒီယမ်မှလွဲ၍ အဖိုးတန်သတ္တုအားလုံးအတွက် leverage ကိုအသုံးပြုပါသည်။
အကျိုးဆောင်ကုမ္ပဏီဖြင့် ကုန်သွယ်ခြင်းသည် မာဂျင်ကုန်သွယ်ရေးပင်ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်မှု တခုဖွင့်လှစ်တိုင်း leverage ကိုအသုံးချသည်။ ကုန်သွယ်မှုတခုစတင်ရန် လိုအပ်သော မာဂျင်ပမာဏအား အောက်ပါ ဖော်မြူလာဖြင့် တွက်ချက်ပါသည်။
သတ္တုများကို ကုန်သွယ်ရာတွင် မာဂျင်ရာခိုင်နှုန်း (ပုံသေအတိုင်းအတာ) သည် အကျိုးဆောင်ကုမ္ပဏီမှ သတ်မှတ်ထားသော leverage ပင်ဖြစ်သည်။ LiteFinance တွင် 1% နှင့်ညီမျှသော မာဂျင်ရာခိုင်နှုန်းကို သတ်မှတ်ထားသည်။
မည်ကဲ့သို့ အလုပ်လုပ်သနည်း။
ကျွန်ုတို့သည် XAUUSD တွင် ကုန်သွယ်မှု 1 lot ကိုပြုလုပ်ကြသည်။
ရွှေ 1 lot သည် 100 ထရွိုင်အောင်စနှင့် ညီမျှသည်။
US ဒေါ်လာဖြင့်ဖော်ပြသော ဤကုန်သွယ်မှု၏ တန်ဖိုးမှာ 206 548 USD ဖြစ်ပါသည်။
ထို့ကြောင့် မာဂျင်ပမာဏမှာ မူရင်းကုန်သွယ်မှုတန်ဖိုး၏ 1% သာဖြစ်သည်။
ဆိုလိုသည်မှာ ကုန်သည်တယောက်သည် ရွှေအချိန် 100 ထရွိုင်အောင်စ (1 lot) ကို ဝယ်ယူရန် 2065.48USD လိုအပ်ပါသည်။
စတော့များအတွက် leverage နှင့် lot ကြား ဆက်နွယ်မှု ဥပမာ။
စတော့များအတွက် leverageကို အထက်ပါ ရွှေ ဥပမာအတိုင်းပင် အသုံးပြုပါသည်။
LiteFinance ဖြင့် စတော့များကို ကုန်သွယ်ပါက မာဂျင်ရာခိုင်နှုန်းမှာ 2% ဖြစ်သည်။
အကျိုးဆောင်ကုမ္ပဏီမှတဆင့် Apple ရှယ်ယာ တစောင်ကို ဝယ်ယူ၍ ကုန်သွယ်မှုစတင်သည်ဟု ယူဆကြည့်ပါ။
#AAPL ရှယ်ယာ တစောင်၏ တန်ဖိုးအမှန်မှာ 449.20USD ဖြစ်သည်။
ဤကုန်သွယ်မှုကို ဖွင့်လှစ်ရာတွင် မာဂျင်ပမာဏမှာ မူလတန်ဖိုး၏ 2% ဖြစ်သော 8.98USD သာ ဖြစ်ပါသည်။
Leverage နှင့် lot size တွက်စက်။
အထက်ဖော်ပြပါ ဖော်မြူလာများသည် ရှုပ်ထွေးသည်ဟု ထင်ရပါသည်။ Leverage နှင့် lot size အား အလွယ်ကူဆုံး နည်းလမ်းဖြင့်တွက်ချက်၍ အကျိုးအမြတ် အလားအလာကို ခန့်မှန်းလိုပါက leverage နှင့် lot size တွက်စက် ကို အသုံးပြုနိုင်ပါသည်။
Leverage တွက်စက်။
အောက်တွင်ပါရှိသော lot size နှင့် leverage တွက်စက်အား အသုံးပြု၍ ကုန်သွယ်ရေးအမျိုးအစား အမျိုးမျိုး အတွက် leverage နှင့် မာဂျင်တို့ကို တွက်ချက်နိုင်ပါသည်။ သင့်အနေဖြင့် ကုန်သွယ်မှုအတွက် လိုအပ်သော တန်ဖိုးများကို ရိုက်ထည့်၍ “Calculate’’ ကို နှိပ်လိုက်ယုံသာဖြစ်သည်။ အောက်၌ မာဂျင်အပါအဝင် တွက်ချက်မှုအပြည့်အစုံ ပေါ်လာပါလိမ့်မည်။
သင်၏ leverage သည် 1:100 ဖြစ်လျှင် EURUSD 1 lot (100,000 ယူနစ်) အတွက် လိုအပ်သော မာဂျင်ပမာဏမှာ မည်မျှဖြစ်သနည်း။
အကျဥ်းချုပ်
Lot size နှင့် leverage အကြားရှိ ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် တခုနှင့်တခု မည်သို့ ဆက်နွယ်နေကြပါသနည်း။ ဤဆောင်းပါးကို ဖတ်ရှုပြီးသောအချိန်တွင် ဤမေးခွန်းများအတွက် အဖြေမှန်ကို ရရှိပါလိမ့်မည်။
Leverage သည် စာချုပ်အရွယ်အစား အပေါ် သက်ရောက်မှုမရှိသော်လည်း၊ အကောင့်၏ ဝယ်ယူနိုင်ခွင့် အင်အားကို တိုးတက်စေပါသည်။ စာချုပ်၏ အရွယ်အစားသည် သင်၏ကုန်သွယ်မှု ပမာဏအပေါ် တိုက်ရိုက် အကျိုးသက်ရောက်သည်။ ထို့အတူ ၎င်း၏ နောက်ဆုံးတန်ဖိုးအပေါ်တွင်လည်း အကျိုး သက်ရောက်ပါသည်။
သတိပြုရန်။
- Lot အားဖြင့် ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလေ၊ သင်၏ကုန်သွယ်မှု အတွက် ငွေကြေးတန်ဖိုး ပိုမိုမြင့်မားလေဖြစ်သည်။
- ကုန်သွယ်မှု ပမာဏတူညီသော်လည်း Leverage မြင့်မားလေ၊ ကုန်သွယ်မှု စတင်ဖွင့်လှစ်သော မာဂျင်ပမာဏ ပိုနည်းလေဖြစ်သည်။ Leverage သည် အကောင့်လက်ကျန်ငွေတန်ဖိုးအား အမှန်တကယ်ပြောင်းလဲရန် မလိုပဲ သင်၏ ကုန်သွယ်မှုအတွက် ဖြစ်နိုင်ချေရှိသော အလားအလာများကို ချဲ့ထွင်ပေးသည်။
ဤဆောင်းပါးတွင် ပါရှိသော သတင်းအချက်အလက်များသည် သင်ကိုယ်တိုင် လက်တွေ့လေ့ကျင့်၍ အသုံးချနိုင်ရန် ကြိုးစားပါက သင့်အား ကောင်းစွာ အကျိုးပြုနိုင်ပါသည်။ ကုန်သွယ်မှုတန်ဖိုးအား လူကိုယ်တိုင် တွက်ချက်ပါ။ ထို့နောက် ဂဏန်းတွက်စက်ဖြင့် တွက်ချက်ပါ။ ဤနည်းလမ်းသည် ကုန်သည်တိုင်းအတွက် အခြေခံဖြစ်သော စာချုပ်တခု၏ leverage နှင့် lot size ကို နားလည်စေရန် အထောက်အကူပြုပါလိမ့်မည်။
ပို၍ နားလည်သဘောပေါက်လိုပါက အရိုးရှင်းဆုံးနှင့် အဆင်ပြေမှုအရှိဆုံး ပလက်ဖောင်း တွင် ဒီမိုအကောင့်တခုဖြင့် မတူညီသော ကုန်သွယ်မှုပမာဏများကို ပြုလုပ်ကြည့်ရန် တိုက်တွန်းလိုပါသည်။ ထိုအခါ စာချုပ်တန်ဖိုးအပေါ် မူတည်၍ မာဂျင်နှင့် လက်ရှိ အရှုံး၊ အမြတ်များ မည်သို့ ကွဲပြားနိုင်ကြောင်းကို လက်တွေ့သိမြင်ရပါလိမ့်မည်။
အလားတူပင် မတူညီသော leverage ဖြင့် ဒီမိုအကောင့်များစွာကို ဖန်တီးနိုင်ပါသည်။ ထိုအခါ lot size နှင့် leverage တို့၏ အပြန်အလှန် ဆက်စပ်မှုအား လက်တွေ့သိရပါလိမ့်မည်။
လေးစားစွာဖြင့်
Mikhail@Hypov
Leverage & Lot Size အမေး၊အဖြေ။
Leverage နှင့် lot size ကို မှန်ကန်စွာ တွက်ချက်နိုင်ရန်၊ အဆင်ပြေသော ဂဏန်းတွက်စက် တခုအား သုံးစွဲရန် လိုအပ်ပါသည်။ Leverage အရွယ်အစားနှင့် စာချုပ်ပမာဏကို ဖြည့်သွင်းပါ။ အွန်လိုင်း ဂဏန်းတွက်စက်သည် သင့်အတွက် အစအဆုံး တွက်ချက်ပေးပါလိမ့်မည်။
ဤမေးခွန်းကိုဖြေရန်အတွက် ရိုးရှင်းသော မာဂျင် ကို တွက်ချက်သည့် ဖော်မြူလာတခုကို အသုံးပြုရန် လိုအပ်ပါသည်။ မာဂျင် = 1 lot * 100,000 EUR * EURUSD စျေးနှုန်း/ 100။ ထို့ကြောင့် လိုအပ်သောမာဂျင်ပမာဏမှာ 1000 ယူရို ဖြစ်ပါသည်။ မာဂျင်ပမာဏကို အခြေခံငွေကြေးယူနစ်ဖြင့် တွက်ချက်ရန် "1000 Euro * EURUSD ငွေလဲနှုန်း" ဖြစ်ပါသည်။
ဤအဖြေကို တွက်ချက်ရန် တန်ဖိုးဖြတ်သောစျေးနှုန်းနှင့် စာချုပ်အရွယ်အစားကို သိရှိရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် EURUSD အတွက်၊ 0.01 အရွယ်အစားရှိသော စာချုပ်တခု ၏ တန်ဖိုး = 1.1757 (EURUSD နှုန်းထား) * 0.01(lot size) ဖြစ်သည်။ ထို့ကြောင့် EURUSD အတွက် 0.01 lots သည် 1175.7 USD ကျသင့်ပါသည်။
Forex တွင် အကြီးဆုံးနှင့် အသုံးအများဆုံး lot size မှာ အခြေခံ ငွေကြေး၏ 100,000 ယူနစ် ဖြစ်သည်။ ပုံမှန်အားဖြင့် ကုန်သွယ်မှုတခုဖွင့်ရာတွင် အကြီးဆုံး lot အရေအတွက်မှာ 100 lot ထက် ကျော်လွန်လေ့မရှိပါ။ Lot ယူနစ်တခု၏ တန်ဖိုးသည် ကုန်သွယ်ရေးပစ္စည်း၏ တန်ဖိုးဖြတ်သော နှုန်းထား နှင့် ညီမျှသည်ကို မမေ့သင့်ပါ။ အခြားနည်းဖြင့် ရှင်းပြရလျှင်၊ AUDCAD အတွဲအတွက် စာချုပ်ယူနစ်တခုစီသည် သြစတေးလျ ဒေါ်လာယူနစ်နှင့် ညီမျှပါသည်။ အလားတူပင် CHFJPY အတွဲအတွက် ဆွစ်ဇလန်ငွေကြေးယူနစ်ဖြစ်သည်။ ထိုသဘောတရားအရ standard lot size တခု အတွက် ဗြိတိန်စတာလင်ပေါင်ကို အခြေခံငွေကြေးအဖြစ် အသုံးပြုထားသော ငွေကြေးအတွဲ သည် စျေးအကြီးဆုံးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စတာလင်ပေါင်သည် ကမ္ဘာပေါ်တွင် စျေးအကြီးဆုံး ငွေကြေးဖြစ်သောကြောင့်ဖြစ်သည်။
Pip နှင့် lot သည် မတူညီသော အရာများဖြစ်ကြသည်။ Pip တခုသည် ကုန်သွယ်ရေးပစ္စည်း၏ နှုန်းထား အပြောင်းအလဲအတွက် အသေးငယ်ဆုံး ယူနစ်ဖြစ်သည်။ Pip သည် စျေးနှုန်း အပြောင်းအလဲအတွက် အသုံးပြုသော ဝေါဟာရဖြစ်သည်။ စံသတ်မှတ်ထားသော lot တခုသည် အခြေခံငွေကြေးယူနစ် 100,000 ဖြစ်သည်။ Lot သည် ကုန်သွယ်မှုပမာဏအတွက် အသုံးပြုသော ဝေါဟာရဖြစ်သည်။
Forex တွင် ရေပန်းအစားဆုံး leverage အချိုးမှာ 1:100 ဖြစ်ပါသည်။ အကြီးဆုံး အချိုးမှာ 1:1000 ဖြစ်ပါသည်။ အချို့တရားမဝင်သော အကျိုးဆောင်ကုမ္ပဏီများသည်သာ ထို့ထက် ကြီးမားသော ပမာဏ ကို ကမ်းလှမ်းနိုင်ပါသည်။ အကောင်းဆုံး leverage အချိုးမှာ ကုန်သည် တဦးစီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်ပြီး၊ လက်ကျန်ငွေ၊ ကုန်သွယ်ရေး နည်းဗျူဟာနှင့် လက်ခံနိုင်သော စွန့်စားမှုပမာဏအပေါ်မူတည်ပါသည်။ ပို၍အသေးစိတ် လေ့လာ လိုပါက Forex ရှိ အကောင်းဆုံး leverage အချိုး ကိုဖတ်ပါ။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။





















