နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု(TA)သည် စတော့ဈေးကွက်အပြင် ငွေကြေးအတွဲများ၊ cfds ကုန်သွယ်‌ရေး အစရှိသည့် အခြားပိုင်ဆိုင်မှုများ၏ လက်ရှိအနေအထားနှင့် တိုးတက်မှုအလားအလာတို့ကိုပါ လေ့လာအကဲဖြတ်ရာတွင် ရေပန်းစားသော နည်းလမ်းတခု ဖြစ်ပါသည်။ စတော့နှင့်စပ်လျဉ်းသည့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာရေး ကိရိယာအလုံးစုံသည် ကြီးမားကျယ်ပြန့်ပါသည်။ ၎င်းကိရိယာများ ကို အသုံးပြုရန်အတွက် အပိုဆော့ဝဲလ်တစုံတရာတပ်ဆင်ရန် မလိုအပ်သည့်အပြင်၊ LiteFinance နှင့် Plus500 အစရှိသော အကျိုးဆောင်ကုမ္ပဏီကြီးများမှ မှတ်ပုံတင်စာရင်းသွင်းရန် ပင်မလိုအပ်ပဲ အခမဲ့ ပံ့ပိုးပေးလေ့ရှိပါသည်။ ကလေးကလား မှားယွင်းမှုမျိုးကို ရှောင်ရှားနိုင်ရန် အလို့ငှာ အနည်းဆုံးအနေဖြင့် စတော့များ၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အခြေခံများကို နားလည်သဘောပေါက်ထားရန် အထူးအရေးကြီးပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ဤဆောင်းပါးသည် သင့်အား ကျွမ်းကျ‌င်သော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ ပထမဆုံး ခြေလှမ်းများဆီသို့ ဆောင်ကြဉ်းပေးနိုင်မည့်အပြင်၊ TA သည် မည်သည့် စည်းမျဉ်းများအပေါ်တွင် အခြေခံ၍ ၎င်း၏ အဓိက ကိရိယာများ၊ indicator များ၊ ဇယားပုံစံများမှာ မည်သို့ဖြစ်သည် စသည့်အချက်များကိုပါ စဉ်းစားသုံးသပ်နိုင်စေရန် ကူညီပေးပါလိမ့်မည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ဆိုသည်မှာ အဘယ်နည်း။

ရိုးရှင်းစွာ ဆိုရလျှင်၊ ၎င်းသည် မည်သည့် ကုန်သွယ်ရေးပိုင်ဆိုင်မှု၏ ဈေးနှုန်းကိုမဆို ခန့်မှန်းရန်အတွက် အကောင်းဆုံး နည်းလမ်းများမှ တခု ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးနီးပါးသော ငွေကြေးဈေးကွက်များသည် တူညီသော ဒသနိကဗေဒ စည်းမျဉ်းများအပေါ် အခြေခံထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နည်းပညာပိုင်းဆိုင်ရာ စတော့ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရာတွင် ငွေကြေးဈေးကွက် များ၏ အတွင်းပိုင်း လည်ပတ်မှု၊ ၎င်းတို့၏ စိတ်ခံစားချက်အခြေအနေ (ဈေးကွက်အတွင်း ပါဝင်လှုပ်ရှားသူများ၏ အဆိုးမြင်စိတ်/အကောင်းမြင်စိတ် ဒီဂရီ) စသည့်အချက်များကို လေ့လာနိုင်သော နည်းလမ်းများကို အသုံးပြုကြပါသည်။

အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ကွဲလွဲသော အချက်မှာ၊ နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာရာတွင် ကုမ္ပဏီတခုမှ ထုတ်ကုန်များ၏ ဝယ်လိုအား သို့မဟုတ် ယှဉ်ပြိုင်မှုများ အစရှိသော စတော့တခု၏ တန်ဖိုးအပေါ် အကျိုးသက်ရောက်စေနိုင်သည့် ပြင်ပမှ အခြေခံအကြောင်းတရားများကို ထည့်သွင်း စဉ်းစားလေ့ မရှိပါ။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူများသည် ဈေးနှုန်းခန့်မှန်းမှုများ ပြုလုပ်ကြရာ တွင် ဇယားပုံစံများကို ရှာဖွေရန်နှင့် သင်္ချာဆိုင်ရာ တွက်ချက်မှုများကို ဆောင်ရွက်ရန်အတွက် အထောက်အကူ ကိရိယာများကို အသုံးပြုကြသည်။ ရှယ်ယာတခု၏ ဈေးနှုန်းတွင် ၎င်းရှယ်ယာကို ထုတ်ဝေသော ကုမ္ပဏီ၏ အနေအထားအပေါ် သက်ရောက်မှုရှိသော အကြောင်းအရာအားလုံး ပါဝင်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုအယူအဆသည် အခြားသော ကုန်သွယ်ရေးပစ္စည်းများ အတွက်လည်း မှန်ကန်မှုရှိပါသည်။

အံ့သားသင့်ဖွယ်ရာအချက်မှာ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် လွန်ခဲ့သော ရာစုနှစ်များစွာကပင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်း၏ ပထမဆုံး ပြဌာန်းချက်များအား Joseph de la Vega မှ ၁၇ ရာစုတွင် စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး ဂျာမန်ကုန်သည်များမှ ကျယ်ပြန့်စွာ အသုံးချခဲ့ကြသည်။ မိရိုးဖလာ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အခြေခံအုတ်မြစ်များမှ တခုမှာ candlestick (ဖယောင်းတိုင်ငယ်သဏ္ဌန်ရှိသော ဇယားပေါ်မှ ရုပ်ပုံများ) ဈေးနှုန်းဇယား ဖြစ်ပါသည်။ ၎င်းအား ဂျပန်လူမျိုး ဆန်ကုန်သည်တဦးဖြစ်သူ Homma Munehisa မှ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်ခန့်ကပင် တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

စတော့အိတ်ချိန်းများပေါ်ရှိ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အခြေအနေများကို ခန့်မှန်းသည့် နည်းလမ်းများ ပါဝင်သော ပထမဦးဆုံး ရှေးမှတ်တမ်းများသည် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နာမည်ကြီး နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူများဖြစ်ကြသော Charles Dow နှင့် Peter Hamilton တို့မှ ရေးသားခဲ့သော "Technical Analysis of Markets" နှင့် "Stock Market Theory” အမည်ရသော စာအုပ်များသည် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ကြသည်။ Dow သီအိုရီသည် စတော့ဈေးကွက်၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အခြေခံအုတ်မြစ်ဟု ဆိုနိုင်ပါသည်။

၂၀ ရာစု အစတွင် William Gunn၊ Richard Wyckoff၊ Ralph Elliott တို့သည် ၎င်းတို့၏ နည်းလမ်းများကို ရေးသားထုတ်ဝေခဲ့ကြသည်။ ၎င်းတို့ဖော်ထုတ်ခဲ့သော နည်းလမ်းများကို ထောင်ပေါင်းများစွာသော ခွဲခြမ်းစိတ်ဖြာသူများ၊ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများမှ အသုံးပြုခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် Robert Edwards နှင့် John Magee တို့မှ "Technical Analysis of Stock Trends" အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်အား ယနေ့အချိန်ထိ ကြိမ်ဖန်များစွာ ပုံနှိပ်ထုတ်ဝေရဆဲဖြစ်ပြီး၊ ထိုစာအုပ်ပါ နည်းလမ်းများကို ကုန်သည်တိုင်းမှ ယခုထက်တိုင် အသုံးပြုကြဆဲ ဖြစ်ပါသည်။

စတော့များအား နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းတွင် ပြိုင်ဘက်များလည်း ရှိနေပါသည်။ စည်းမျဉ်းတခုအရ၊ ကုန်သွယ်ရေးအား ကာစီနိုကစားပွဲတခုအဖြစ် သဘောထားကြသော ပုဂ္ဂိုလ်များ ရှိနေပါသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် ထိရောက်မှုရှိသော ဈေးကွက် အယူအဆနှင့် ကျပန်းလုပ်ဆောင်ခြင်း အယူအဆများကို ကိုးကားလေ့ရှိကြသည်။ ကျွန်ုပ်သည် ထိုအယူအဆများ၏ သဘောသဘာဝကို အတွင်းကျကျ စူးစမ်းလေ့လာသွားမည် မဟုတ်ပါ။ သို့ရာတွင် ၎င်းတို့သည် အလုပ်မဖြစ်လှပဲ သိသိသာသာ ဝေဖန်ခံရနိုင်ဖွယ်ရာသာဖြစ်ကြောင်းကိုမူ ကျွန်ုပ်အနေဖြင့် ပြောနိုင်ပါသည်။ ဤအချက်နှင့် စပ်လျဉ်း၍ Random Walk Index ကို ဖန်တီးခဲ့သူ Michael Pulos ၏အမည်ကိုလည်း မှတ်သားထားသင့်ပါသည်။

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအတွက် အဓိကကျသော နိယာမ သုံးရပ်။

စတော့များအား နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရာတွင် သင်၏ ဘဏ္ဍာရေး ရည်မှန်းချက်များကို ပြည့်ဝစေရန် အကူအညီပေးနိုင်သော အဓိက နိယာမ သုံးခုရှိပါသည်။

  1. ဈေးကွက်သည် သတင်းများ၊ ဖြစ်ရပ်များ၊ နည်းပညာပိုင်းဆိုင်ရာစီးပွားရေးညွှန်ပြချက်များ၊ စိတ်ခံစားချက်များနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ မျှော်မှန်းချက်များ စသည့် အကြောင်းအရာအားလုံး အပေါ် တုံ့ပြန်လေ့ရှိပါသည်။
  2. ဈေးကွက်သည် အင်နားရှား (ဖြစ်မြဲအတိုင်းဖြစ်သော) သဘောသဘာဝ ရှိပါသည်။ အကယ်၍ ဈေးကွက်အတွင်း အဝယ်အားကောင်းသော အတက်လမ်းကြောင်းတခု ပေါ်ထွန်းနေပါက၊ ဈေးနှုန်းသည် အထက်သို့သာ ဆက်လက်မြင့်တက်နိုင်သော အလားအလာ မြင့်မားပါသည်။ အကယ်၍ ဈေးကွက်အတွင်း ရောင်းလိုအားများပြား၍ အကျလမ်းကြောင်းဖြစ်ထွန်းနေပါက၊ ဈေးနှုန်းဆက်လက် ကျဆင်းလိမ့်မည် ဖြစ်သည်။ ဈေးကွက်အတွင်း လမ်းကြောင်း ပျောက်ဆုံး နေသော အချိန်အခါများလည်း ရှိနိုင်ပါသည်။ အတက် သို့်မဟုတ် အကျလမ်းကြောင်း တခု ပေါ်ထွက်လာရန် ခိုင်မာလုံလောက်သော အကြောင်းရင်းတခု ရှိမလာမှီအထိ ဈေးနှုန်းငြိမ်သက်ကာ ရေပြင်ညီဦးတည်ရာအတိုင်းသာ ဆက်လက် ရွေ့လျားနေနိုင်ပါသည်။
  3. ဈေးကွက်သည်ရွေ့လျားနေပြီး အနာဂါတ်ဈေးနှုန်း ရွေ့လျားမှုများကို လှိုင်းသဏ္ဍန် ပုံဖော်သည်။ နည်းပညာပိုင်းဆိုင်ရာ ကုန်သွယ်ရေးသည် ထပ်တလဲလဲဖြစ်တတ်သော ရာဇဝင်အပေါ်တွင်လည်း အခြေခံလေ့ရှိသည်။ ထိုအခြေအနေများတွင် ရင်းနှီးမြှုပ်နှံသူများစွာတို့သည် ၎င်းတို့ထက် ရက်၊လ၊နှစ်စော၍ ရှေ့မှသွားနှင့်ကြသူများ၏ ခြေရာအတိုင်း လိုက်ပါလေ့ ရှ်ိကြသည်။ ဤသည်မှာ ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်းကို အခြေခံ၍ ကုန်သွယ်ခြင်းဖြစ်သော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ အခြေခံပင်ဖြစ်သည်။

အခြေခံပိုင်းဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အကြား ကွာခြားချက်မှာ အဘယ်နည်း။

ဈေးကွက်ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အခြေခံအမျိုးအစား နှစ်ခုရှိပါသည်။ နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းများ ဖြစ်ကြသည်။ ၎င်းတို့၏ ခြားနားချက်များမှာ အဘယ်နည်း။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းတွင် ဇယားနှင့် ဈေးနှုန်းရွေ့လျားမှုတို့ကိုသာ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် ဈေးနှုန်းအဆင့်နှင့် ဦးတည်ရာ၊ ယခင်ဈေးနှုန်း၊ အမြင့်ဆုံး/ အနိမ့်ဆုံး ဈေးနှုန်းအသစ်များ၊ candles များ၊ ရွေ့လျားမှုသံသရာ၊ ၎င်း၏ထောင့်များ၊ အမြန်နှုန်း စသည်တို့အပေါ် အထူးအလေးထားကြသည်။

အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူများသည် စီးပွားရေးအချက်အလက် အကြောင်းရင်းများအပေါ် အခြေခံ၍ ကုန်သွယ်ကြသည်။ စတော့များကို ခွဲခြမ်းစိတ်ဖြာရာတွင် အရှုံး/အမြတ် သတ်မှတ်နှုန်းထား ကြေငြာချက်များ၊ လည်ပတ်နေသောအရင်းအနှီးလက်ကျန်၊ ပေးရန်ရှိသောကြွေးမြီများ စသည်တို့အား ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ကုန်စည်ကုန်သွယ်ရေးတွင်မူ အဆိုပါခွဲခြမ်းစိတ်ဖြာသူများသည် ဝယ်လိုအား/ရောင်းလိုအား အဆင့်အတန်း၊ ကုန်ကြမ်းထုတ်လုပ်မှု တိုးတက်/ကျဆင်းခြင်း အလားအလာ၊ သယ်ယူပို့ဆောင်ရေးအင်္ဂါရပ်များ၊ ဝယ်လိုအား တိုးတက်/ကျဆင်းစေနိုင်သော အခြေခံအကြောင်းရင်းများ စသည်တို့အား အလေးထား၍ သုံးသပ်ကြပါသည်။

အချိန်ဘောင်သည်လည်း ထင်ရှားသော ကွဲပြားမှုတခုပင်ဖြစ်သည်။ ပုံမှန်အားဖြင့် ကြီးမားသော အချိန်ဘောင်များတွင် ကုန်သွယ်ရာ၌ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဈေးနှုန်းအပေါ် အကျိုးသက်ရောက်စေနိုင်သော အကြောင်းအရာများသည် တိုတောင်းသောကာလအတွင်း၌ အပြောင်းအလဲဖြစ်ပေါ်ရန် အချိန်မရှိသောကြောင့်ဖြစ်သည်။ နည်းပညာ ပိုင်းဆိုင်ရာ ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုအား လစဉ်ဈေးနှုန်းဇယားများတွင်ဖြစ်စေ၊ ၁၅ မိနစ်၊ ၅ မိနစ် အစရှိသည့် တိုတောင်းသော အချိန်အပိုင်းအခြားများအတွက်ဖြစ်စေ အသုံးချနိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု - အထက်မှအောက် နှင့် အောက်မှအထက်။

ကုန်သည်များသည် အလားအလာအကောင်းမွန်ဆုံး ကုန်သွယ်ရေးပစ္စည်းများကို ရွေးချယ်ရန်အတွက် အထက်-အောက် နှင့် အောက်-အထက် နည်းလမ်းများကို အသုံးပြုကြသည်။ ပထမအမျိုးအစားသည် အထွေထွေမှ တခုချင်းသို့ ချဉ်းကပ်သော နိယာမအပေါ် အခြေခံသည်။ ဒုတိယအမျိုးအစားသည် တခုချင်းမှ စကာ အထွေထွေကုန်သွယ်ရေးသို့ ချဉ်းကပ်ဆောင်ရွက်သော နည်းလမ်းဖြစ်ပါသည်။

အထက်-အောက် နည်းပညာပိုင်း‌ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း။

ဤနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်းတွင် ရှုပ်ထွေးသောအကြောင်းအရာများအပေါ် အကဲဖြတ်ရခြင်းလုပ်ငန်း ပါဝင်နေပါသည်။ ရင်းနှီးမြှုပ်နှံသူသည် ပထမဦးဆုံးအနေဖြင့် ဈေးကွက်၏ အထွေထွေသဘောတရားကို အလုံးစုံ သိရှိပြီးမှသာ ဈေးကွက်ဖွဲ့စည်းပုံကို ဆက်လက်လေ့လာသင့်ပါသည်။

ဥပ‌မာပေးရလျှင် အဆိုပါခွဲခြမ်းစိတ်ဖြာမှုတွင် အဆင့်သုံးဆင့် ပါဝင်နိုင်ပါသည်။

  1. S&P 500၊ Dow Industrials၊ NASDAQ နှင့် NYSE ကဲ့သို့သော အဓိကအညွှန်းကိန်းများ၏ အခြေအနေကို အကဲဖြတ်ခြင်းအားဖြင့် ဈေးကွက်အား ယေဘုယျ ခွဲခြမ်းစိတ်ဖြာခြင်း။
  2. လုပ်ငန်းနယ်ပယ် သို့မဟုတ် အခြားခွဲခြားနိုင်သော အချက်များအပေါ် အခြေခံ၍ အားကောင်းသော ပိုင်ဆိုင်မှုနှင့် အားနည်းသောပိုင်ဆိုင်မှုများကို ‌ဖော်ထုတ်ကာ အခန်းကဏ္ဍတခုချင်းစီအလိုက် ခွဲခြမ်းစိတ်ဖြာခြင်း။
  3. အလားအလာအကောင်းမွန်ဆုံးသော ကုန်သွယ်ရေးပစ္စည်းများကို ဖော်ထုတ်ရန် ပိုင်ဆိုင်မှုတခုချင်းစီအား သီးခြားခွဲခြမ်းစိတ်ဖြာခြင်း။

အောက်မှအထက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု။

ဤနည်းလမ်းသည် ပထမအမျိုးအစားထက် ပို၍ ရိုးရှင်းသကဲ့သို့ အားနည်းချက်လည်း ပို၍ များပြားပါသည်။ အောက်-အထက် ချဉ်းကပ်ကုန်သွယ်ရေးနည်းလမ်းတွင် သီးခြားစီဖြစ်သော ကုမ္ပဏီများ သို့မဟုတ် နယ်ပယ်များ၏ လုပ်ဆောင်ချက်အပေါ် အာရုံစိုက်၍ လေ့လာရခြင်းများ ပါဝင်သည်။ အဓိပ္ပာယ်မှာ ရင်းနှီးမြှုပ်နှံသူသည် ပိုင်ဆိုင်မှု တခုချင်း၏ ဝိသေဿလက္ခဏာများကို ဈေးကွက်တခုလုံးနှင့် နှိုင်းယှဉ်သုံးသပ်ခြင်းဖြင့် အဆိုပါ ပိုင်ဆိုင်မှုများ၏ အကျိုးအမြတ်အလားအလာကို ရှာဖွေရခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းတွင် ကုန်သည်အနေဖြင့် ယေဘုယျ ဈေးကွက်အလေးသာမှုအလားအလာကို အာရုံစိုက်ခြင်း နည်းပါးပါသည်။ အနာဂါတ်တွင် အထွေထွေ ပြောင်းလဲမှုများ ပေါ်ပေါက်လာပါက၊ ကုန်သွယ်မှုများတွင် ဆုံးရှုံးနိုင်ခြေ ပိုမိုမြင့်မားမည် ဖြစ်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အမျိုးအစားများ။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းကို သဘောပေါက်နားလည်ရန် ကြိုးပမ်းရာတွင် ဈေးနှုန်းအပြောင်းအလဲများကို လေ့လာရသော နည်းလမ်းများစွာ ပါဝင်ပါသည်။ အချို့မှာ ပုံသဏ္ဍန်နှင့် အရှည်အပေါ်တွင် အခြေခံသည်။ အချို့မှာ candles တခုစီ၏ သီးခြားလက္ခဏာများနှင့် ဘားများကို အုပ်စုခွဲ၍ ခွဲခြမ်းစိတ်ဖြာခြင်းအပေါ် အခြေခံပါသည်။ အခြားအနေဖြင့် oscillators၊ moving averages သို့မဟုတ် Elliott waves များကဲ့သို့သော အပိုအထောက်အကူ ကိရိယာများကို အသုံးပြုခြင်းများ ပါဝင်ပါသည်။ ကုန်သည်များသည် နည်းလမ်းများစွာကို တပြိုင်နက်ထဲ အသုံးပြုကြသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နည်းပညာအသုံးပြုသော ကုန်သည်များသည် ဈေးနှုန်း၏ ဦးတည်ရာကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ပိုမိုလေးနက်စွာ အကဲဖြတ်နိုင်ကြပြီး၊ ခန့်မှန်းမှုစွမ်းရည်ကို မြှင့်တင်နိုင်သည့်အပြင် ခန့်မှန်းမှုအတွက် အချိန်အပိုင်းအခြားကိုလည်း ချဲ့ထွင်နိုင်ကြပါသည်။

ဂရပ်ဖစ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း။

လူသစ်အများစုသည် ဤခွဲခြမ်းစိတ်ဖြာမှု အမျိုးအစားဖြင့် စတင်ကြလေ့ရှိသည်။ ဂရပ်ဖစ် ခွဲခြမ်းစိတ်ဖြာမှု တွင် လမ်းကြောင်း အတည့်(ရှေ့ဆက်ခြင်း)နှင့် ပြောင်းပြန်(နောက်လှည့်ခြင်း) စသည့်ရွေ့လျားမှု ပုံစံများကို ရှာဖွေခြင်းအား အဓိကဆောင်ရွက်ရပါသည်။ ၎င်းတွင် triangle"၊ "head and shoulders”၊ "flag" နှင့် အခြားရေပန်းစားသော ပုံစံများ ပါဝင်ပါသည်။ ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုပုံစံများအကြောင်းကို ပိုမို သိရှိလိုပါက “အထိရောက်ဆုံး Forex ပုံစံများ၊ ပြည့်စုံသောလမ်းညွှန်ချက်” ဆောင်းပါးတွင် ဖတ်ရှု နိုင်ပါသည်။ လက်ရှိဈေးနှုန်း နှင့်တကွ အနာဂါတ်ဈေးနှုန်းရွေ့လျားမှုများကို လေ့လာသိရှိပြီးသည့်အပြင် ဇယားပုံစံများကို ခွဲခြားဖော်ထုတ် နိုင်ပါက ကာလတို၊ ကာလရှည် ခန့်မှန်းချက်များကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

LiteFinance: ဂရပ်ဖစ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း။

ဥပမာအားဖြင့်၊ EURUSD ဇယားတွင် လမ်းကြောင်း ရှေ့ဆက်သွားမည့် ညွှန်ပြချက်တခုဖြစ်သော "Flag” ပုံစံကို ပြသထားပါသည်။ ဈေးကွက်အတွင်း ကျဉ်းမြောင်းသောဘောင်အတွင်း၌ ဤကာလတို ဈေးနှုန်းစုဖွဲ့မှုသည် ပင်မလမ်းကြောင်းကို ယာယီ အစားထိုးပါသည်။ ယာယီအပြောင်းအလဲ အဆုံးသတ်သောအခါ ရုပ်ပုံ၏ ညွှန်ပြချက်အတိုင်း လမ်းကြောင်းသည် မူလဦးတည်ရာသို့ ရှေ့ဆက် ရွေ့လျားသည်ကို မြင်တွေ့နိုင်ပါသည်။

Indicator (ညွှန်ပြမှုအထောက်အကူ)ဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း။

၎င်းသည် အမျိုးမျိုးသော တွက်ချက်မှု နည်းလမ်းများနှင့် ဖော်မြူလာများအပေါ်တွင် အခြေခံပါသည်။ ၎င်းတို့တွင် အောက်ပါ သတ်မှတ်ချက်များ ပါဝင်နိုင်ပါသည်။

  • ဈေးနှုန်းအဆင့်များ။ ။အဖွင့်၊ အပိတ်၊ အမြင့်နှင့် အနိမ့်။
  • ကုန်သွယ်‌မှုပမာဏများ။

ရေပန်းအစားဆုံး နည်းပညာပိုင်းဆိုင်ရာ indicator များမှာ Moving Average indicator၊ MACD၊ RSI နှင့် Bollinger Bands တို့ဖြစ်ကြသည်။ စုစုပေါင်းအားဖြင့် မူလလက်ဟောင်း TA ဟု မှတ်ယူနိုင်သော ခွဲခြမ်းစိတ်ဖြာမှုကိရိယာ အရေအတွက် ငါးဆယ်ခန့်ရှိပြီး၊ ၎င်းတို့အား အဓိကအုပ်စု လေးခုအဖြစ် ခွဲခြားနိုင်ပါသည်။

  1. Bill Williams indicators
  2. Volumes
  3. Oscillators
  4. Trend

ပွင့်လင်းသောအရင်းအမြစ်ကုဒ်၏ ကျေးဇူးဖြင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် စိတ်အားထက်သန်ကြသူများသည် အမျိုးမျိုးသော indicator များ၏ လုပ်ဆောင်ချက်များကို ပေါင်းစပ်ကာ ပိုမို တိကျ၊ ထိရောက်သော ၎င်းတို့၏ ကိုယ်ပိုင် indicator ကို ဖန်တီးနိုင်ကြသည်။ အကောင်းဆုံးဖြစ်သော တခုကို ရှာဖွေရာ၌ ကုန်သည်များသည် ထောင်ပေါင်းများစွာသော indicator များကို ကိုယ်တိုင်ရေးဆွဲ ဖန်တီးခဲ့ကြရသည်။ ၎င်းတို့ကို mql5.com ကဲ့သို့သော အများသုံး ဒိုမိန်းများပေါ်တွင် အများအပြား တွေ့ရှိနိုင်ပါသည်။

Indicator ဖြင့် ခွဲခြမ်းစိတ်ဖြာခြင်းတွင် အထောက်အကူကိရိယာများစွာကို တပြိုင်နက် အသုံးပြုခြင်း ပါဝင်ပါသည်။ ထိုအချက်သည် ခွဲခြမ်းစိတ်ဖြာသူများအတွက် အချက်ပြမှု အတုအယောင်များကို စစ်ထုတ်ရန်နှင့် ပိုမိုတိကျသော ခန့်မှန်းချက်များကို လုပ်ဆောင်ရန်အတွက် အထောက်အပံ့ ဖြစ်စေပါသည်။

LiteFinance: Indicator (ညွှန်ပြမှုအထောက်အကူ)ဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း။

အထက်ပါဇယားသည် ဈေးနှုန်းဇယား၏ ဦးတည်ရာနှင့် ခရမ်းရောင်မျဉ်းဖြင့် အမှတ်အသားပြုထားသော MACD ဇယားတို့အကြားရှိ ကွဲလွဲမှုကို သရုပ်ဖော် ကိုယ်စားပြုပါသည်။ ၎င်းသည် အတက်လမ်းကြောင်း ပြောင်းပြန်ဖြစ်လုဆဲဆဲ အခြေအနေအတွက် အချက်ပြမှုတခု ဖြစ်ပါသည်။ ထိုအခြေအနေကို Bollinger Bands မှ တစစကျဉ်းမြောင်း၍လာ‌သော ချန်နယ်လ်ဖြင့် အတည်ပြုပါသည်။ အကျပုံစံ စတင်ပေါ်ပေါက်လာခြင်းကို candlestick ဇယားနှစ်ခုတွင် တပြိုင်နက် ပြသထားပါသည်။

  1. ဈေးနှုန်းသည် Bollinger Bands ၏ အောက်နယ်နိမိတ်မျဉ်းကို ကျော်လွန်သွားသည်။
  2. ပျမ်းမျှရွေ့လျားမှု indicator သည် MACD အချက်ပြမျဉ်း၏ အထက်မှ အောက်သို့ ဖြတ်သန်းသွားသည်။

ရလာဒ်အနေဖြင့် ဈေးနှုန်းသည် အမှန်တကယ်ပင် ကျဆင်းသွားခဲ့ပါသည်။ MACD နှင့် Bollinger Bands တို့သည် အပြန်အလှန် ထိရောက်မှုရှိစွာ ပြည့်စုံစေပြီး၊ ရှုပ်ထွေးသော indicator ခွဲခြမ်းစိတ်ဖြာမှုအတွက် နမူနာကောင်းများ ဖြစ်ကြပါသည်။ ကုန်သွယ်ရေးနည်းဗျူဟာများနှင့် ဈေးကွက်အစစ်အမှန်များတွင် ၎င်းတို့နှင့်တကွ အခြားသော indicator များအား မည်သို့အသုံးချရမည်ကို LiteFinance ရှိ ကျွန်ုပ်၏ ဘလော့တွင် လေ့လာနိုင်ပါသည်။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

Price Action

Price action သို့မဟုတ် candlestick ခွဲခြမ်းစိတ်ဖြာမှုသည် ရိုးရှင်းသောကြောင့် လူသစ်များအတွက် သင့်တော်ပါသည်။ ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုကဲ့သို့ပင်၊ ၎င်းတွင် ဈေးကွက် ပြောင်းပြန်ဖြစ်ခြင်းနှင့် ရှေ့ဆက်သွားခြင်း အခြေအနေများကို ညွှန်ပြသော ပုံစံများ အစုံအလင် ပါဝင်ပါသည်။ တခုတည်းသော ကွဲပြားချက်မှာ Price Action ပုံစံအား ဘား သို့မဟုတ် candle တခု သို့မဟုတ် နှစ်ခု ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။

LiteFinance: Price Action

ဥပမာ - အထက်ပါဇယားတွင် အပြာရောင် အမှတ်အသားသည် “တူ” ပုံစံရှိသော candlestick ကို ညွှန်ပြနေသည်။ Price Action နည်းစနစ်ကို အခြေခံသော နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှု သဘောတရားအရ ဤပုံစံသည် ပြောင်းပြန်အခြေအနေကို အချက်ပြခြင်း ဖြစ်ပါသည်။ ယခုဖြစ်စဉ်တွင် ၎င်းသည် ယာယီအပြောင်းအလဲ မကြာမှီ အဆုံးသတ်မည်ကို ညွှန်ပြပါသည်။ ရလာဒ်အနေဖြင့် ဈေးနှုန်းသည် အမှန်တကယ်ပင် ဆက်လက် တိုးတက်သွားပါသည်။

Price Action နှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်သော အချက်များစွာ ရှိပါသည်။

သော့ချက်ဖြစ်သော အဆင့်များကို ခွဲခြမ်းစိတ်ဖြာခြင်း။

မည်သည့်ဇယားကိုဖြစ်စေ စေ့စပ်စွာ ကြည့်ရှုလျှင်၊ ဈေးနှုန်းသည် (စိတ်ပိုင်းဆိုင်ရာ ဈေးတန်းများ အစရှိသည့်) အချို့သောအဆင့်များတွင် ရပ်တန့်သွားသည်ကို မြင်တွေ့ရပါမည်။ များသောအားဖြင့် ကိန်းပြည့်များသို့ ရောက်ရှိချိန် သို့မဟုတ် ခုခံထောက်ပံ့ပေးသော အမြင့်ဆုံး/ အနိမ့်ဆုံးဈေးတန်းများတွင် ထိုသို့ ဖြစ်ပေါ်လေ့ရှိသည်။ နောက်ပိုင်းတွင် အချိန်တခုအတွင်းရှိ အနိမ့်‌‌၊ အမြင့် ဈေးနှုန်းများနှင့် ကုန်သွယ်မှုပမာဏမြင့်မားသော အခြေအနေများတွင်လည်း ၎င်းအဆင့်များ ပေါ်ပေါက်သည်ကို တွေ့ရှိရပါသည်။

ထိုအဆင့်များအား လမ်းကြောင်း၏ နှိုင်းရအင်အားကို ဆုံးဖြတ်ရာတွင် အသုံးပြုကြသည်။ အကယ်၍ ၎င်းသည် ယခင်လွန်ကဲသောအရေအတွက်များအပေါ် ကြီးမားစွာမှီခိုနေသော အဆင့်တခု၏အင်အားထက် လျော့နည်းပါက၊ ဈေးနှုန်းသည် ထိုအဆင့်သို့ နီးကပ်လာသည့်အခါ ဇယားသည် နောက်တကြိမ် ပြောင်းပြန်ရွေ့လျားမည် ဖြစ်ပါသည်။ ဖောက်ထွက်မှုတခုသည် အားကောင်းသောလမ်းကြောင်းတခု၏ လက္ခဏာဖြစ်ပြီး၊ ရှေ့ဆက်ရွေ့လျားရန်အတွက် မြင့်မားသော အလားအလာတခု ဖြစ်ပါသည်။

LiteFinance: သော့ချက်ဖြစ်သော အဆင့်များကို ခွဲခြမ်းစိတ်ဖြာခြင်း။

Brent ရေနံ ဈေးကွက်ကို ဆန်းစစ်ကြည့်ကြပါစို့။ အစိမ်းရောင်မျဉ်းသည် သတ်မှတ်အချိန်ဘောင်အတွင်းရှိ အမြင့်ဆုံး ဈေးနှုန်းများ(ဘယ်ဘက်ရှိအပြာရောင်အမှတ်အသား)မှ တခုတွင် ပေါ်ပေါက်နေသော အတားအဆီးဈေးတန်းကို အမှတ်အသားပြုပါသည်။ အနီရောင်စက်ဝိုင်းဧရိယာတွင် တွန်းအားဖြစ် ပေါ်နေသည့်အခိုက်အတန့်တွင်၊ ဈေးတန်းသည် ကျိုးပြတ်သွားခဲ့ပြီး၊ ၎င်းသည် အထက်သို့ရွေ့လျားမှုအတွက် ကြီးမားသောအလားအလာရှိပြီး လာမည့်လများတွင် ၎င်း၏ဆက်လက်ဖြစ်ပေါ်နိုင်ခြေမြင့်မားမှုကို ညွှန်ပြနေသည်။ ကျိုးပြတ်ပြီးနောက် ရောင်းလိုအားဈေးတန်းသည် ဝယ်လိုအားဈေးတန်းဖြစ်လာခဲ့သည်။ ၎င်း၏ အလားအလာနည်းပါးခြင်း (ညာဘက်ရှိ အပြာရောင်အမှတ်အသား) ကြောင့် ဤအဆင့်တွင် ပြီးဆုံးခဲ့သော နောက်ဆက်တွဲပြင်ဆင်မှုတွင် ၎င်းသည် သိသာထင်ရှားပါသည်။ အဓိက ဈေးတန်းများကိုသာ အသိပညာကို အသုံးပြု၍ အရောင်းအဝယ်စတင်နိုင်ပါသည်။

ကုန်သွယ်မှုပမာဏများ

ပြီးမြောက်သော အဝယ်၊ အရောင်းကုန်သွယ်မှုများ၏ ပမာဏသည် ပင်မကုန်သည်များ၏ စိတ်ဝင်စားမှုကို အဆုံးဖြတ်ပေးနိုင်ပါသည်။ အတက် သို့မဟုတ် အကျလမ်းကြောင်း တခုတွင် ဝယ်သူနှင့် ရောင်းသူများ၏ လှုပ်ရှားမှုများ တိုးမြင့်လာခြင်းသည် ၎င်း၏အင်အားကိုဖော်ပြသော လက္ခဏာတခုပင် ဖြစ်သည်။ လှုပ်ရှားမှုကျဆင်းခြင်းသည် လမ်းကြောင်းအားအင်ကုန်ခမ်း၍ ရှေ့ဆက်ရန် အလားအလာနည်းပါးကြောင်း လက္ခဏာပင်ဖြစ်သည်။

ထို့အတူ ပမာဏညွှန်ပြမှုကို အသုံးပြုခြင်းအားဖြင့် ကုန်သည်များသည် တည်ငြိမ်သော ဈေးနှုန်းအဆင့်များကို ခန့်မှန်းနိုင်ပါသည်။ လွန်ကဲသော ဈေးနှုန်းတခုသည် မြင့်မားသောကုန်သွယ်ရေး လှုပ်ရှားမှုများနှင့် ယှဉ်တွဲနေပါက၊ အနာဂါတ်တွင် ကျော်လွန်ရန်ခဲယဉ်းသော အမြင့်ဆုံး/အနိမ့်ဆုံး ဝယ်လိုအားနှင့် ရောင်းလိုအားဈေးတန်းများ ပေါ်ပေါက်လာရန် သေချာသလောက်ပင် ဖြစ်ပါသည်။

LiteFinance: ကုန်သွယ်မှုပမာဏများ

အထက်ပါ Apple ဈေးကွက်တွင် အတက်လမ်းကြောင်းစတင်ဖွဲ့စည်းသော ပထမအဆင့်(အပြာရောင်မျဉ်း)၌ ကုန်သွယ်ရေးလှုပ်ရှားမှုများ ကြီးမားနေသည်ကို တွေ့ရှိရပေမည်။ လမ်းကြောင်းသည် အရှိန်ကုန်ခမ်းစပြုပြီး၊ ပင်မကုန်သည်များသည် ဈေးနှုန်းထပ်မံတိုးတက်မှုအတွက် စိတ်ဝင်စားမှုလျော့နည်းလာကြသောအခါ ပမာဏ အညွှန်းကိန်း စတင်ကျဆင်းလာပါသည်။ ထိုအခြေအနေသည် တိုးတက်မှုမကြာခင် ရပ်တန့်တော့ မည့် အဓိပ္ပါယ်ပင် ဖြစ်ပါသည်။ တချိန်တည်းမှာပင် အတက်လမ်းကြောင်း၏ ဆန့်ကျင်ဘက် (ဈေးနှုန်း ကျဆင်းရာဘက်)တွင် ကုန်သွယ်မှုပမာဏများတိုးတက်လာခြင်းသည် အရောင်းအချက်ပြမှုကို အတည်ပြုပါသည်။

Elliott Wave သီအိုရီ

Elliot Wave သီအိုရီသည် ရေပန်းစားသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု နည်းလမ်းတခုဖြစ်ပြီး၊ ကုန်သည်အများစုမှ အသုံးပြုကြသော နည်းလမ်းတခုလည်း ဖြစ်ပါသည်။ ၎င်းကို ဖော်ထုတ်ခဲ့သူမှာ Ralph Nelson Elliott ဖြစ်ပါသည်။ Elliott သီအိုရီသည် ငွေကြေးဈေးကွက်များ၏ သံသရာလည်သောသဘာဝ၊ တကျော့ပြန်ဖြစ်ပျက်ခြင်းနှင့် ပုံစံတူလှိုင်းသဏ္ဍန်များအပေါ် အခြေခံထားသော အထောက်အကူ ကိရိယာတခု ဖြစ်ပါသည်။ Elliott သီအိုရီအရ လှိုင်းငါးခုသဏ္ဍန်သည် လမ်းကြောင်းရှေ့ဆက်မည့် တွန်းအားဖြစ်ပြီး၊ လှိုင်းသုံးခုသဏ္ဍန် A-B-C ဖွဲ့စည်းမှုသည် လမ်းကြောင်း၏ ဦးတည်ရာ ပြောင်းလဲခြင်းကို ဖော်ပြပါသည်။

LiteFinance: Elliott Wave သီအိုရီ

အထက်ပါဇယားတွင် five-wave bullish အတက်လမ်းကြောင်းပုံစံနှင့် double zigzag ပုံစံကို ပြသထားသည်။ အကယ်၍ ဤနည်းလမ်းအတိုင်း ဈေးနှုန်းဇယားကို ပြုလုပ်မည်ဆိုပါက အနာဂါတ် ဈေးနှုန်းရွေ့လျားမှုများကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ Fibonacci ခြေရာခံအဆင့်များသည် လှိုင်းများ စတင်ရန်နှင့် ပြီးဆုံးရန် အလားအလာရှိသော ပွိုင့်များကို သတ်မှတ်ရာတွင် အထောက်အပံ့ ပေးနိုင်ပါသည်။ Elliott Wave သီအိုရီ၊ လှိုင်းပုံစံများနှင့် လှိုင်းတခုခြင်း သရုပ်ခွဲခြင်း စည်းမျဉ်းများ အကြောင်းကို ပိုမို လေ့လာလိုပါက ဤအကြောင်းအရာ အား အလေးပေးဖော်ပြထားသည့် လေ့ကျင့် သင်ကြားရေး ဆောင်းပါးအတွဲများကို ဖတ်ရှုနိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး အထောက်အကူပြု ကိရိယာများ။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် မတူညီသောလုပ်ဆောင်ချက်များ၊ စည်းမျဉ်းများနှင့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသော အထောက်အကူကိရိယာအမျိုးမျိုး ပါဝင်ပါသည်။ ၎င်းတို့အား အုပ်စု သုံးခု ခွဲခြားနိုင်ပါသည်။

  • Charts: candlestick chart, bar chart, line chart, volume chart, Heikin-Ashi, etc.
  • Chart objects: Fibonacci grid and levels, trading channels, time zones, support and resistance levels, wave formations, chart patterns.
  • Indicators: trend indicators, volume indicators, oscillators, Bill Williams indicators, moving averages နှင့် ထောင်ပေါင်းများစွာသော အခြား နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ကိရိယာများ။.

Charts

နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာခြင်းတွင် အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲများကို ကိုယ်စားပြုရန် လက်တွေ့အကျဆုံး နည်းလမ်းမှာ အချိန်ကာလတလျှောက်ရှိ အမျိုးမျိုးသော ဈေးနှုန်းဇယားများပင် ဖြစ်သည်။ ရေပန်းအစားဆုံး ဇယားအမျိုးအစားအချို့ကို အောက်တွင် ဖော်ပြပေးသွားပါမည်။

Candlestick

ကျွန်ုပ်သည် Price Action နှင့်စပ်လျဉ်းသော အကြောင်းအရာများကို အထက်တွင် ရေးသားခဲ့ပြီးဖြစ်သည်။ သို့သော် candlestick chart ၏ ဖွဲ့စည်းပုံကို ရှင်းပြရန် ကျန်ရှိနေပါသေးသည်။ ၎င်းအား ဂျပန်ရိုးရာ candlestick များဖြင့် ဖွဲ့စည်းထားပါသည်။ ၎င်း candlestick များသည် သီးခြားအချိန်ဘောင်တခု သို့မဟုတ် ကာလတခုအတွင်းရှိ ကုန်သွယ်ရေးပစ္စည်းဈေးနှုန်းတခု၏ ရွေ့လျားမှုဘောင်အတွင်း ကုန်သွယ်ခြင်းကို ကိုယ်စားပြုပါသည်။ ဈေးနှုန်းဇယား၏ candlestick တခုသည် ဈေးနှုန်းအပြောင်းအလဲကို ကိုယ်စားပြုပါသည်။

  • M1 timeframe အတွက် တမိနစ်အထက်
  • H1 timeframe အတွက် တနာရီအထက်၊
  • D1 timeframe အတွက် ၂၄နာရီအထက်
  • စသဖြင့် အသီးသီးဖြစ်ကြပြီး အရှည်လျားဆုံး အချိန်မှာ 1M ဖြစ်ပါသည်။

LiteFinance: Candlestick

အထက်ပါဇယားသည် ဂျပန်ရိုးရာ candlestick ပေါ်ပေါက်ပုံ နိယာမအား ပြသသော သရုပ်ဖော်ရုပ်ပုံတခု ဖြစ်ပါသည်။ နံပါတ် 1 သည် လက်ရှိကာလ၏ အမြင့်ဈေးတန်းကို အမှတ်အသားပြုသည်။ 2 သည်အပိတ်ဈေးဖြစ်ကာ၊ 3 သည် candlestick အဖွင့်ဖြစ်ပြီး၊ 4 သည် အနိမ့်ဆုံး ဈေးနှုန်း ဖြစ်ပါသည်။ အပိတ်နှင့် အဖွင့်ဈေးနှုန်းများသည် candlestick ၏ ကိုယ်ထည်ကို ဘောင်ခတ်ပေးသည်။ အစိမ်းရောင် candlestick သည် အဝယ်ကို ကိုယ်စားပြုပြီး၊ ၎င်းတို့သည် ဈေးနှုန်းတိုးတက်မှု၏ အမှတ်အသား ဖြစ်ပါသည်။ အနီရောင် candlestick များမှာမူ အရောင်းကို ကိုယ်စားပြုပါသည်။ အကျလမ်းကြောင်း ဆိုင်ရာ candlestick များအတွက် အဖွင့်ဈေးသည် အပိတ်ဈေးထက် မြင့်မားပါသည်။ အပြန်အလှန်အားဖြင့် အတက်လမ်းကြောင်းကိုဖော်ပြသော candlestick များအတွက် အပိတ်ဈေးသည် အဖွင့်ဈေးထက် ပို၍မြင့်မားပါသည်။ ထို့ကြောင့် အဖွင့်ဈေးနှင့် အပိတ်ဈေးသည် candlestick ကိုယ်ထည်ကို ဖြစ်ပေါ်စေပါသည်။ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဈေးနှုန်းများသည် candlestick ၏ အရိပ်များ သို့မဟုတ် မီးစာများကို ပုံဖော်‌ပေးပါသည်။ candlestick ၏ ကိုယ်ထည်မှာ ပို၍ရှည်လျားလေလေ၊ ၎င်း၏ အရိပ် ပိုမိုတိုတောင်း၍ အတက်/အကျများ ပိုမိုအားကောင်းလေလေ ဖြစ်ပါသည်။

Bar

Bar chart တခုသည် ဂျပန်ရိုးရာ candlestickများနှင့် ခပ်ဆင်ဆင် တူညီပါသည်။ Bar တခုချင်းစီသည် တိကျသောအချိန်တခုအတွင်းရှိ ဈေးနှုန်းရွေ့လျားမှုအကွာအဝေးကို ကိုယ်စားပြုသော ဒေါင်လိုက်မျဉ်းများ ဖြစ်ပါသည်။ ဒေါင်လိုက်မျဉ်းများ၏ ဘယ်ညာနှစ်ဖက်တွင် သေးငယ်သော ရေပြင်ညီမျဉ်းများ ရှိကြပါသည်။

LiteFinance: Bar

Japanese candlestick ကိုယ်ထည်၏ အထက်/အောက် ပွိုင့်များကဲ့သို့ပင်၊ ဘယ်ဘက်မျဉ်းသည် အဖွင့်ဈေးကို ညွှန်ပြပြီး၊ ညာဘက်ရေပြင်ညီမျဉ်းသည် Bar ၏ အပိတ်ဈေးကို ဖော်ပြပါသည်။ အလယ်ဒေါင်လိုက်မျဉ်း၏ ထိပ်ဖျားသည် bar ၏ အမြင့်ဆုံးဈေးနှုန်းဖြစ်သည်။ မျဉ်း၏အောက်ခြေသည် အနိမ့်ဈေးတန်းဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း ရှုဒေါင့်အရ Bar ဇယားတခုအတွင်းရှိ ကျန်သောအပိုင်းအားလုံးအတွက် Price Action ပုံစံများကို အဓိပ္ပါယ် ကောက်ယူရာတွင် ဂျပန်ရိုးရာ candlestick များတွင် အသုံးပြုသော နည်းလမ်းအတိုင်း လုပ်ဆောင်ရပါမည်။

Line

Line chart သည် မျဉ်းကွေးသဏ္ဍန် ဈေးနှုန်းဇယားဖြစ်သည်။ ၎င်းအား ‌ပွိုင့်များဖြင့် ရေးဆွဲပြီး၊ ပွိုင့်တခုချင်းစီသည် တိကျသော အချိန်ကာလတခု၏ နှုန်းထားကို ပြသပါသည်။ ဥပမာ-တမိနစ်ဇယားအတွင်း တမိနစ်တိုင်းတွင် ပွိုင့်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ တနာရီဇယားအတွင်း၌ တနာရီတိုင်းတွင် ပွိုင့်များ ပေါ်ပေါက်နေမည် ဖြစ်ပါသည်။

အဆိုပါဇယားအမျိုးအစား၏ အဓိက အားနည်းချက်မှာ ရွေးချယ်ထားသော ကာလတလျှောက် ဈေးနှုန်းမတည်ငြိမ်မှုနှုန်းကို မပြသခြင်းပင် ဖြစ်သည်။ နောက်ဆုံးစက္ကန့်တွင် ရောက်ရှိ‌နေသော‌ဈေးနှုန်းနှင့် နောက်ဆုံး ရေပြင်ညီမျဉ်းစသည့် သတင်းအချက်အလက်များကိုသာ ပြသပေးပါသည်။ ဤအင်္ဂါရပ်ကိုပင် အားသာချက်ဟု ယူဆနိုင်သော အချက်တခုလည်း ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဇယား အမျိုးအစားတွင် သတင်းအချက်အလက်အမှားပေးခြင်းများ အနည်းဆုံးဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။

LiteFinance: Line

ဥပမာ - အထက်တွင် မြင်တွေ့ရသည်မှာ Apple စတော့ဈေးနှုန်းကို ဖော်ပြသော မျဉ်းကြောင်းဇယားတခု ဖြစ်ပါသည်။ ဇယားသည် အပိတ်ဈေးအဆင့်ကိုသာ ပြသသောကြောင့် လမ်းကြောင်းမျဉ်း တခု တည်ဆောက်ခြင်းနှင့် နည်းပညာပိုင်း ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခြင်းတို့တွင် များစွာပိုမိုလွယ်‌ကူစေသည်ကို တွေ့ကြရပေမည်။ ဤဖြစ်ရပ်မျိုးတွင် လမ်းကြောင်းပြောင်းလဲသော အခိုက်အတန့်ကို ပိုမို လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။

Area

Area chart တခုသည် မျဉ်းကြောင်းဇယားတခုနှင့် နှိုင်းစာလျှင် အနိမ့်ဈေး နှင့် အမြင့်ဈေးများကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်သောကြောင့် အမြင်အားဖြင့် ကြည့်ရှုလေ့လာရန် ပိုမိုလွယ်ကူပါသည်။ ဈေးနှုန်း အမှတ်အသား တခုချင်းအထိ အသေးစိတ်ပါဝင်သော ဇယားများကို အသုံးပြုရလေ့ရှိသော အချိန်တိုအတွင်း ရောင်းဝယ် ကြသူများသည် ထုထည်ပမာဏဇယားများကို စိတ်ဝင်စားကြပါသည်။

LiteFinance: Area

တချိန်တည်းမှာပင် ထိုဇယားပေါ်တွင် လမ်းကြောင်းမျဉ်းများ၊ အနိမ့်ဆုံး အမြင့်ဆုံး ဈေးတန်းများနှင့် အခြား ဂရပ်ဖစ်ကိရိယာများကို တည်ဆောက်ရန် ပို၍ ခက်ခဲပါသည်။ အထက်ပါဇယားတွင် ၎င်းတို့သည် ဇယားပေါ်ရှိ အရောင်အမှတ်အသားများနှင့် ရိုးရှင်းစွာပေါင်းစပ်၍သွားပြီး ဖတ်ရှုရန်ပို၍ခက်ခဲသည်ကို တွေ့ရှိရပါသည်။ တည်ဆောက်ပုံစည်းမျဉ်းများအရ ဧရိယာဇယားများသည် မျဉ်းကြောင်းဇယားများနှင့် တူညီပါသည်။

Heiken-Ashi

Heikin-Ashi သည် အမြင်အားဖြင့် ပုံမှန် Japanese candlestick များနှင့် လွန်စွာ တူညီပါသည်။ သို့သော် Heikin-Ashi သည် ပုံမှန် candlestick ဇယား၏ အချောသပ်ထားသော ဗားရှင်းတခုဖြစ်သောကြောင့် ၎င်းအယူအဆသည် လွဲမှားသော ထင်မြင်ချက်တခုသာ ဖြစ်ပါသည်။ ထိုဇယားတွင် ပျမ်းမျှ indicator အကွာအဝေးအစစ်ကို ပြသပါသည်။ အောက်ပါအတိုင်းအတာများကို ပျမ်းမျှခြင်းချကာ Heikin-Ashi ကို တည်ဆောက်ရပါသည်။

  • Open - ယခင် Japanese candlestick ၏ အဖွင့်/အပိတ် အတိုင်းအတာများကို ပေါင်း၍ ရရှိလာသော ရလာဒ်အား ၂ ဖြင့် စားပါသည်။
  • Close - လက်ရှိဘား ပိတ်သိမ်းပြီးသည်နှင့်တပြိုင်နက် ထိုဘား၏ တူညီသောတန်ဖိုးအပေါ် အခြေခံ၍ ဤအတိုင်းအတာကို တွက်ချက်ပါသည်။ မူလ candle ၏ အဖွင့်နှင့် အပိတ်ဈေးများကို ပေါင်း၍ ၄ ဖြင့် စားပါသည်။
  • Max - မူလ candlestick ပုံစံ၏ အဖွင့်၊ အပိတ် နှင့် အမြင့်ဆုံးဈေးများကို နှိုင်းယှဉ်ခြင်းဖြင့် ဤတန်ဖိုးကို တွက်ချက်ပါသည်။ ထို့နောက် အမြင့်ဆုံး တန်ဖိုးကို ရွေးချယ်ပါသည်။
  • Min - အထက်ပါအတိုင်း အလားတူတွက်ချက်၍ အနည်းဆုံး ပွိုင့်ကို ရွေးချယ်ပါသည်။

LiteFinance: Heiken-Ashi

အထက်ပါဇယားသည် Heikin-Ashi chart ကို ပြသထားခြင်း ဖြစ်ပါသည်။ ၎င်းသည် ဂျပန်ရိုးရာ candlestick များနှင့် အဓိပ္ပါယ်ချင်း ကိုက်ညီမှု ရှိပါသည်။ ချောမွေ့သော candle တခု၏ နောက်မြီးသည် ထိုနေရာတွင် ဈေးနှုန်းရှိခဲ့ဖူးသည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်းကိုမူ ကုန်သည်တဦးအနေဖြင့် နားလည်ထားသင့်ပါသည်။ Heikin-Ashi အား အမှတ်အသားများစွာ ပါဝင်သော lchimoku ကုန်သွယ်ရေး နည်းဗျူဟာအတွက် အသုံးပြုလေ့ရှိကြသည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

Indicators

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု indicator များသည် ယခင် ဈေးနှုန်းအချက်အလက်များအပေါ် အခြေခံ၍ ကုန်သည်များအတွက် ကုန်သွယ်ရေးအချက်ပြမှုများကို ထုတ်ပေးသော အယ်လ်ဂိုရီသမ်များ ဖြစ်ကြပါသည်။ ရင်းနှီးမြှုပ်နှံသူများစွာတို့သည် ဤကိရိယာများကို မကြာခဏဆိုသလိုပင် အသုံးပြုကြ လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အချက်ပြမှုများရယူရာတွင် ရိုးရှင်းခြင်း၊ ဇယားခွဲခြမ်းစိတ်ဖြာမှုနှင့် တပြိုင်တည်းတွဲ၍ အသုံးပြုနိုင်ခြင်းတို့အပြင် ခန့်မှန်းချက်များ၏ တိကျမှုအဆင့်သည်လည်း အတော်အတန် မြင့်မားသောကြောင့် ဖြစ်သည်။

ဈေးနှုန်း-အခြေပြု

ဤအမျိုးအစားသည် အကျယ်ပြန့်ဆုံး အညွှန်းကိန်းအုပ်စုဖြစ်သည်။ ၎င်းတို့အား အနာဂါတ် ဈေးနှုန်းရွေ့လျားမှုများ၊ ကုန်သွယ်ရေးပစ္စည်းတန်ဖိုး ပြောင်းလဲနှုန်း၊ လမ်းကြောင်းအလာအလာနှင့် အဝင်/အထွက်ပွိုင့်များအတွက် သင့်တော်သောအချိန် စသည်တို့ကို ဆုံးဖြတ်ရာတွင် အသုံးပြုပါသည်။ ဈေးနှုန်း indicator များ၏ တွက်ချက်မှုအားလုံးသည် ဈေးနှုန်းအတိုင်းအတာများနှင့် ဈေးအပြောင်းအလဲများ အပေါ်တွင် အခြေခံပါသည်။

ရေပန်းအစားဆုံးအမျိုးအမည်အချို့ကို အောက်ပါအတိုင်း စာရင်းပြုစုထားပါသည်။

  • ADX (Average Directional Index) အား ဦးတည်ရာလမ်းကြောင်းတခု၏ အရှိန် သို့မဟုတ် အင်အားကို ဆုံးဖြတ်ရန်အတွက် အသုံးပြုကြပါသည်။ မြင့်မားသောတန်ဖိုးများသည် ဦးတည်ရာ မရွေး အားကောင်းသော လမ်းကြောင်းကို ညွှန်ပြပါသည်။
  • ADXR (Average Directional Movement Index Rating) သည် ADX ၏ ချောမွေ့သော ဗားရှင်းတခု ဖြစ်သည်။ မူလ Indicator အချက်ပြမှုများ၏ အကြုံးဝင်မှုကို အကဲဖြတ်ရန်အတွက် အသုံးပြုပါသည်။.
  • CCI (Commodity Channel Index) သည် ၎င်း၏ ပျမ်းမျှ indicator အပြောင်းအလဲနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် ကုန်သွယ်ရေးပစ္စည်းတခု၏ လက်ရှိ နှုန်းထားအပြောင်းအလဲ ကို ပြသပါ သည်။ ဤ indicator အား ခွဲထွက်မှု၊ ပေါင်းဆုံမှုများ၊ အဝင်ပွိုင့်များကို ခွဲခြားသိရှိရန် သို့မဟုတ် အခြားကိရိယာများ၏ အချက်ပြမှုများကို စစ်ထုတ်ရန်အတွက် အသုံးပြုကြပါသည်။
  • Coppock Curve သည် ရှယ်ယာအကျိုးအမြတ်များ၏ အချောသပ်ပေါင်းလဒ်ကို ခွဲခြမ်းစိတ်ဖြာသော အယ်လ်ရီသမ်တခုအပေါ်တွင် အခြေခံပါသည်။ ၎င်းသည် ဈေးကွက် အတက်အကျများကို ခွဲထုတ်ရန် အသုံးပြုရသော ကိရိယာတခုဖြစ်ပါသည်။ ၎င်း၏ လိုအပ်သလို ချိန်ညှိနိုင်သော setting များကြောင့် ၎င်းအား လမ်းကြောင်းပေါ်ပေါက်နေသော ဈေးကွက်၌ဖြစ်စေ၊ ဈေးနှုန်းစုဖွဲ့နေချိန်အတွင်း၌ ဖြစ်စေ အသုံးပြုနိုင်ပါသည်။
  • MA (Moving Average) ရွေးချယ်ထားသော ကာလအတွက် ပျမ်းမျှဈေးနှုန်းတန်ဖိုးကို ပြသပါသည်။
  • MACD (Moving Average Convergence/Divergence) ဤ Moving Average အမျိုးအစား သည် အနီးစပ်ဆုံး ပျမ်းမျှရွေ့လျားမှုမျဉ်းများ၏ ပေါင်းဆုံခြင်း/ခွဲထွက်ခြင်းများအပေါ် မူတည်၍ ဖြစ်နိုင်ခြေရှိသော ဈေးနှုန်းလမ်းကြောင်း၏ ဦးတည်ရာကို ဆုံးဖြတ်ပေးသော oscillator အမျိုးအစားဖြစ်ပါသည်။
  • Momentum - ဤ oscillator သည် လက်ရှိ အချိန်အပိုင်းအခြားအတွင်းမှ အပိတ်ဈေးနှင့် အခြားရွေးချယ်ထားသော အချိန်အပိုင်းအခြား၏ အပိတ်ဈေးတို့အား နှိုင်းယှဉ်ပါသည်။ ၎င်းသည် ဈေးကွက်အတွင်း ဈေးနှုန်းရွေ့လျားမှု ဦးတည်ရာကိုသာမက ၎င်း၏ ရွေ့အားကိုပါ ပြသပါသည်။ အချက်ပြမှုများ ပေးပို့ရာတွင် CCI၊ RSI တို့နှင့် ဆင်တူပါသည်။
  • RSI (Relative Strength Index) သည် ကုန်သွယ်ရေးအမျိုးအစားတခုချင်း၏ ပျမ်းမျှ မြင့်တက်မှုနှင့် ကျဆင်းမှု အချိုးကို ပြသသော အညွှန်းကိန်း ဖြစ်ပါသည်။ ၎င်း၏အကူအညီဖြင့် ဈေးကွက်အဝင်ပွိုင့်များ၊ ဝယ်လိုအား/ ရောင်းလိုအား လွန်ကဲခြင်းအတွက် အချက်ပြမှုများကို ‌ခွဲခြားသိရှိနိုင်ပါသည်။
  • Stochastic Oscillator သည် လက်ရှိဈေးနှုန်းအနေအထားကို ယခင်ဈေးနှုန်း၏ ရွေ့လျားမှု ဘောင်ဖြင့် နှိုင်းယှဉ်၍ ရာခိုင်နှုန်းဖြင့် ပြသပါသည်။ ၎င်းသည် လမ်းကြောင်း နောက်ပြန်လှည့်သော အချိန်အခါကို ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။
  • Trix သည် ထင်ရှားချောမွေ့သော ပျမ်းမျှရွေ့လျားမှုမျဉ်းသုံးကြောင်း ပါဝင်သော ဘက်စုံသုံး နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာရေး က်ရိယာတခုဖြစ်သည်။ ၎င်းသည် အရှိန်အဟုန်နှင့် အနာဂါတ် လမ်းကြောင်းတို့အား တစုတစည်းထဲ ပေါင်းစည်းပေးပါသည်။ ကုန်သည်များစွာတို့သည် Trix အချက်ပြမှုများအနက် ကြက်ခြေခတ်မျဉ်းများနှင့် ခွဲထွက်သောမျဉ်းများကို အများဆုံး အသုံးပြုလေ့ရှိကြပါသည်။
  • W_A/D (Williams Accumulation/Distribution) သည် ဇယားတခု၏ အထက်လမ်းကြောင်း ပေါ်မှ ရွေ့လျားမှုများ (ဝယ်သူများအကြား ပိုင်ဆိုင်မှုများကို အစီအလိုက်စုဆောင်းခြင်း)နှင့် အကျလမ်းကြေင်းပေါ်မှ ရွေ့လျားမှုများ (ရှယ်ယာအရောင်းရလာဒ်များ)ကို ထုတ်နှုတ် စုစည်း ပေးပါသည်။ ဝယ်သူများ၏ စိတ်ဝင်စားမှု အတိုး/အလျော့ကို မှတ်တမ်းတင်ရန်အတွက် ဤ indicator ကို အသုံးပြုနိုင်ပါသည်။ ဤ indicator ဇယားအား လမ်းကြောင်းများကို အတည်ပြုရန်နှင့် ခွဲခြားရန်အတွက် အသုံးပြုကြသည်။ ခွဲထွက်မှုနှင့်တကွ အချို့သော ဇယားခွဲခြမ်းစိတ်ဖြာမှုပုံစံများကို တွေ့ရှိနိုင်ရန်လည်း ကူညီပေးပါသည်။

ပမာဏ-အခြေပြု

ကုန်သွယ်ရေးပမာဏပြ အညွှန်းကိရိယာများသည် ဈေးနှုန်းနှင့် ကုန်သွယ်ရေးလှုပ်ရှားမှု အပြောင်းအလဲ များဖြင့် အလုပ်လုပ်ပါသည်။ ၎င်းသည် အထက်ဖော်ပြပါ အဓိက ဈေးကွက် indicator နှစ်ခုအကြား အပြန်အလှန်မှီခိုမှုများကို လွယ်ကူစွာ ရှာဖွေတွေ့ရှ်ိနိုင်ရန် ကူညီပေးပါသည်။ အဆိုပါ indicator များ၏ အဓိက အားသာချက်များအနက်မှ တခုမှာ ၎င်းတို့၏ ကြိုတင်ညွှန်ပြသော သဘာဝပင် ဖြစ်ပါသည်။ ရေပန်းအစားဆုံး indicator များကို အောက်တွင် ဖော်ပြထားပါသည်။

  • MFI (Money Flow Index) သည် အကြီးစားကုန်သည်များ၏ ဈေးကွက်လှုပ်ရှားမှုများကို အကဲဖြတ်ရာတွင် အသုံးပြုရသော oscillator တခုဖြစ်ပါသည်။ ၎င်း၏ အယ်လ်ဂိုရီသမ်သည် အဝယ်/အရောင်း ပြင်းထန်မှုများကို တွက်ချက်ပေးပါသည်။ အဓိက အချက်ပြမှုများမှာ အခြေအနေအရ ပေါ်ပေါက်သော အဝယ်အရောင်းလွန်ကဲခြင်းအဆင့်များနှင့် ကွဲလွဲမှုများ ဖြစ်ပါသည်။
  • NVI (Negative Volume Index) သည် ကျဆင်းသောပမာ‌ဏပေါ်မှ ဈေးနှုန်းအပြောင်းအလဲများကို စုဆောင်းပါသည်။ ၎င်း၏ ဒုတိယအမည်မှာ အနှုတ်ပမာဏ အညွှန်းကိန်း ဖြစ်သည်။ ဤ indicator သည် အားကောင်းသော အဝယ်အချက်ပြမှုများနှင့် အားနည်းသော အရောင်းအချက်ပြမှုများကို ထုတ်ပေးပါသည်။.
  • PVI (Positive Volume Index) သည် NVI ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဤ indicator သည် အားနည်းသော အဝယ်အချက်ပြမှုများနှင့် အားကောင်းသော အရောင်းအချက်ပြမှုများကို ထုတ်ပေးပါသည်။
  • OBV (On-Balance Volume) သည် ဈေးနှုန်းနှင့် ထပ်တူကျပြီး တခါတရံတွင် ၎င်းကပင် ရှေ့သို့ရောက်နှင့်နေတတ်ပါသည်။ ၎င်းသည် တိကျသော အချိန်အပိုင်းအခြားတခုအတွင်း ဈေးကွက်လှုပ်ရှားမှု အပြောင်းအလဲများအပေါ် အခြေခံသော ဈေးနှုန်းအတက်အကျများကို ဖော်ပြပါသည်။

အကျယ်

ဤ indicator အုပ်စုသည် အထက်-အောက် ခွဲခြမ်းစိတ်ဖြာမှုအတွက် အများဆုံး အသုံးဝင်ပါသည်။ ၎င်းတို့၏ အယ်လ်ဂိုရီသမ်သည် တိကျသောကုန်သွယ်ရေးပစ္စည်းများ ရှယ်ယာအုပ်စုများကို အမှတ်အသား တခုအဖြစ် ခြေရာခံပါသည်။ ထို့ကြောင့် ဈေးကွက်တခုလုံး၏ ရွေ့လျားမှုများကို သဘောပေါက် နားလည်နိုင်သည့်အပြင် မိမိခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သော ကုန်သွယ်ကိရိယာ၏ ကျိုးကြောင်း ဆက်စပ်သော အပြောင်းအလဲများကိုလည်း သဘောပေါက်နားလည်နိုင်မည် ဖြစ်ပါသည်။

ဤ indicator အုပ်စုသည် များစွာ ကျယ်ပြန့်ခြင်း မရှိပါ။

  • ADL (Advance-Decline line) သည် ကုန်သွယ်ရေးပစ္စည်း၏ ဈေးနှုန်းရွေ့လျားမှုများမှ တိုးတက်သော အခိုက်အတန့်များနှင့် ကျဆင်းသော အခိုက်အတန့်များကြားမှ ခြားနားချက်ဖြစ်ပါသည်။ ၎င်းအား လမ်းကြောင်းတခု၏ အင်အားကို အကဲဖြတ်ရန်နှင့် ဈေးကွက်နောက်ပြန်လှည့်ခြင်း အခြေအနေများကို ဖော်ထုတ်ရန်အတွက် အသုံးပြုကြသည်။
  • Arms Index သို့မဟုတ် TRIN သည် မြင့်မား၊ ကျဆင်းသော စတော့အရေအတွက်နှင့် မြင့်မား၊ ကျဆင်း‌သော ပမာဏများကို ခြေရာခံခြင်းအားဖြင့် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော ဧရိယာများကို ထင်ရှားစွာ မြင်တွေ့နိုင်စေရန် ကူညီပေးပါသည်။
  • McClellan Oscillator သည် ပေးထားသော ကာလတခုအတွင်း မြင့်တက်၊ ကျဆင်းသော ကုန်သွယ်ရေးပစ္စည်းများ၏ အရေအတွက်ကို ခွဲခြမ်းစိတ်ဖြာပါသည်။ ဤကိရိယာသည် ဝယ်လိုအားလွန်ကဲခြင်း၊ ရောင်းလိုအားလွန်ကဲခြင်း စသဖြင့် အချက်ပြမှုများ ထုတ်ပေးသည့်အပြင် သုညမျဉ်းကို ဖြတ်သန်းခြင်းဖြင့်လည်း အချက်ပြပါသည်။

Overlays

ဤ indicator များသည် ဈေးကွက် ကုန်သွယ်‌ရေးကိရိယာနှစ်ခုကြား မှီခိုမှု ဒီဂရီနှင့် ပတ်သတ်မှုတို့အား ပြသခြင်းအားဖြင့် ၎င်းတို့ကြားရှိ ဆက်နွယ်မှုကို ဖော်ထုတ်ပေးပါသည်။ ဈေးကွက် အကျယ်ကိုညွှန်ပြသော indicator များကဲ့သို့ပင် overlays သည်လည်း ကုန်သွယ်မှုအခွင့်အရေးအတွက် အလားအလာ အကောင်းမွန်ဆုံးနှင့် စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးသော ပိုင်ဆိုင်မှုများကို ခွဲထုတ်ပေးနိုင်ပါသည်။ ထို့အတူ ဆက်နွယ်မှု indicator များအား ကုန်သွယ်မှုများ၏ အရှုံးကိုကန့်သတ်ရန်နှင့် အတက် သို့မဟုတ် အကျလမ်းကြောင်း နောက်ပြန်ဆုတ်ခြင်းများကို အတည်ပြုရန်အတွက် အသုံးပြုလေ့ရှိကြသည်။

  • တူညီသောအချိန်တခုအတွင်း ခွဲခြမ်းစိတ်ဖြာမှုပြုသော ကုန်သွယ်ရေးပစ္စည်းများအကြားရှိ ကွဲပြားမှု များကို ဖော်ထုတ်ရာတွင် OverLay Chart များကို အသုံးပြုပါသည်။ ဤ indicator ၏ အဓိကအနှစ်သာရသည် ဈေးနှုန်းဇယားနှစ်ခုအား တခုအပေါ်တခုထပ်၍နေရာချခြင်း ဖြစ်ပါသည်။
  • iCorrelation Table သည် များစွာသော ငွေကြေးအတွဲများကြားရှိ ဆက်နွယ်မှု ဆပွားကိန်းကို တပြိုင်နက် ပြသပါသည်။ ဤအချက်အလက်ကို အသုံးပြုခြင်းအားဖြင့်၊ အကျိုးအမြတ် ရှာနိုင်စွမ်းသော ကုန်သည်တဦးသည် ငွေကြေးအတွဲများစွာတို့၏ ဈေးနှုန်းအပြောင်းအလဲ ပုံစံများကို ခွဲခြားသိရှိကာ သူ၏ ကုန်သွယ်ရေးနည်းဗျူဟာနှင့် သင့်တော်ရာကို ရွေးချယ်နိုင်ပါသည်။
  • Correlation coefficient သည် ရွေးချယ်ထားသော ပိုင်ဆိုင်မှုနှစ်ခုကြားရှိ ဆက်နွယ်မှုအား -1 မှ +1 ကြားတွင် ပြသပါသည်။ ဤ indicator သည် ဆက်နွယ်မှုကို မျက်မြင်ဆုံးဖြတ်နိုင်ရန်သာမက ၎င်းတို့၏ ဆက်သွယ်မှုတွင် တည်ငြိမ်ခြင်းရှိမရှိ၊ ရာသီအပေါ်လိုက်၍ ပြောင်းလဲခြင်း ရှိမရှိ၊ သံသရာလည်ခြင်း ရှိမရှိတို့အား ခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက်လည်း ကူညီပေးပါသည်။

Channel indicators

ဤခွဲခြမ်းစိတ်ဖြာမှုကိရိယာ အမျိုးအစားသည် အဓိကအဆင့်များနှင့် လမ်းကြောင်းဦးတည်ရာတို့အား ဖော်ထုတ်ရန်အတွက် အသုံးဝင်ပြီး၊ ကုန်သွယ်ရေးနည်းဗျူဟာများတွင် အရှုံး/အမြတ်ကန့်သတ်ချက်များကို တွက်ချက်ရန်အတွက်လည်း ၎င်းအမျိုးအစားကိုပင် မကြာခဏ အသုံးပြုလေ့ရှိကြသည်။ ဤ အကြောင်းနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြထားသော စာအုပ်များ၊ ဆောင်းပါးများ မရေတွက်နိုင်အောင်ပင် ရှိကြပါသည်။ အကျိုးရှိသော ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ပြုလုပ်ရာတွင် အထောက်အကူ ဖြစ်စေရန်အလို့ငှာ ၎င်းတို့အနက်မှ အချို့အား အကျဉ်းချုံ့၍ အောက်ပါအတိုင်း ရှင်းပြပေးထားပါသည်။

  • Bollinger Bands indicator သည် ဈေးနှုန်း၏ လက်ရှိအဆင့်အတန်းအား ၎င်း၏ ပျမ်းမျှကုန်သွယ်ရေးဘောင်နှင့် နှိုင်းယှဉ်၍ ဆုံးဖြတ်ပေးပါသည်။ ၎င်းအား ဈေးကွက်အတွင်း လက်ရှိလမ်းကြောင်း နောက်ပြန်လှည့်ခြင်းနှင့် ရှေ့ဆက်သွားခြင်းများအတွက် အချက်ပြမှုများကို ခွဲခြားရာတွင် အသုံးပြုပါသည်။
  • Fibonacci မျဉ်းများသည် Fibonacci အဆင့်များကို မြင်သာစေရန်အတွက် လမ်းကြောင်းမျဉ်းများ တည်ဆောက်ရာတွင် အသုံးဝင်ပါသည်။ ဤ indicator အား ကုန်သွယ်ရေးပစ်မှတ်များနှင့် ဆုံမှတ်ပွိုင့်များကို ခွဲခြားရန်အတွက်လည်း အသုံးပြုလေ့ ရှိကြပါသည်။
  • Ichimoku Cloud သည် Ichimoku ကုန်သွယ်ရေးနည်းဗျူဟာကို အသုံးပြု၍ ကုန်သွယ်ရာတွင် ရေပန်းစားသော indicator တခု ဖြစ်ပါသည်။ ဤစွယ်စုံရ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ကိရိယာသည် လမ်းကြောင်းဦးတည်ရာ၊ ဈေးကွက် အဝင်/အထွက်ပွိုင့်များနှင့် ဈေးနှုန်းအဆင့်များ ကို ဆုံးဖြတ်ရာတွင် အကူအညီပေးနိုင်ပါသည်။
  • Parabolic SAR အား ဗဟိုဆုံချက်ပွိုင့်များကို ခွဲခြားရန်နှင့် အရှုံးကန့်သတ်ချက် သတ်မှတ်အတွက် အသုံးပြုပါသည်။ ဤ indicator သည် ဈေးနှုန်းအပြောင်းအလဲများနှင့် အချိန်ကူးသန်းမှု စသဖြင့် အကြောင်းအရာနှစ်မျိုးအပေါ် မူတည်၍ ညွှန်ပြလေ့ရှိပါသည်။
  • Pivot Points indicator သည် သေးငယ်သော အချိန်ဘောင်များအတွက် ပိုမိုသင့်တော်ပါသည်။ ၎င်းသည် ဈေးကွက်အဝင်ပွိုင့်များ၊ ပစ်မှတ်များနှင့် ဆုံးရှုံးနိုင်ခြေများအပြင် ဈေးနှုန်းပုံစံများ၏ ဦးတည်ရာပြောင်းလဲတတ်သော အဓိကအဆင့်များကို ခွဲခြားရာတွင် အသုံးဝင်ပါလိမ့်မည်။
  • Price Channel သည် အလွန်ရိုးရှင်းသော်လည်း ထိရောက်မှုရှိသော indicator တခုဖြစ်ပြီး ကာလတခုအတွင်းရှိ အမြင့်ဈေး၊ အနိမ့်ဈေးများကို ပြသပါသည်။ အထက်ပါ အတိုင်းအတာ နှစ်ခုကြား အလယ်ကျသော တန်ဖိုးသည် ရွေ့လျားမှုဦးတည်ရာကို ညွှန်ပြပါသည်။

အသုံးများသောအခေါ်အဝေါ်များ။

TA(နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း)ကို လေ့လာရာဝယ် ရှုပ်ထွေးသော စကားလုံးများကို ကြားသိရနိုင်ပါသည်။ လူသစ်တဦးဖြစ်စေ၊ ဝါရင့်ကုန်သည်တဦးဖြစ်စေ နားလည်ထားသင့်သော အရေးအပါဆုံး သဘောတရား အချို့ကို အောက်ပါအတိုင်း စာရင်းပြုစုပေးထားပါသည်။

  • Average True Range သို့မဟုတ် ATR သည် ရွေးချယ်ထားသော အချိန်ကာလတလျှောက်ရှိ ကုန်သွယ်သော ဈေးနှုန်း၏ ရွေ့လျားမှုအကွာအဝေးအတွင်းရှိ ပျမ်းမျှတန်ဖိုးဖြစ်သည်။၎င်းကို line indicator တစ်ခုအဖြစ် ဖော်ပြလေ့ရှိသည်။
  • Breakout - ဇယားသည် အမြင့်ဆုံး သို့မဟုတ် အနိမ့်ဆုံး အတားအဆီးအဆင့်များ၊ လမ်းကြောင်းမျဉ်း၊ ချန်နယ်လ်နယ်နိမိတ်များနှင့် Bollinger Bands များအား ဖြတ်ကျော်သွားသော အခါတွင် ဖောက်ထွက်မှု ဖြစ်ပေါ်ပါသည်။ ၎င်းသည် မြင့်မားသော လမ်းကြောင်းအလာအလာ ကိုလည်း ညွှန်ပြပါသည်။
  • Cycle ဆိုသည်မှာ ဈေးနှုန်းရွေ့လျားမှုဆိုင်ရာ လှုပ်ရှားမှုများသည် တိကျသော ပုံစံတခုအတွင်း လိုက်ပါလည်ပတ်သော ကာလတခု ဖြစ်ပါသည်။
  • Dead cat bounce ခေါ် ကြောင်သေ ထခုန်ခြင်း ဟူသော အသုံးအနှုန်းသည် ရုတ်တရက် ဈေးနှုန်းမြင့်တက်ခြင်းနှင့် တ်ုးတက်မှု၏အောက်ခြေသို့ ပြန်လည်ရောက်ရှိသော အခြေအနေကို ခေါ်ဆိုပါသည်။ အခြေခံပိုင်းဆိုင်ရာ ကုန်သည်များသည် “လူကြိုက်နည်းသော” ပိုင်ဆိုင်မှုများ၏ ဈေးနှုန်းမြင့်တက်ခြင်းကို အားမပေးသောအခါမျိုးတွင် အများ‌‌ဆုံး ပေါ်ပေါက်လေ့ရှိသော အခြေအနေမျိုး ဖြစ်ပါသည်။
  • Dow Theory သည် အချိန်ကာလတလျှောက် စတော့ဈေးနှုန်း ပြောင်းလဲမှုများကို ဖော်ပြပါသည်။ ၎င်းအား တီထွင်ဖန်တီးခဲ့သူမှာ Dow Jones ၏ ပူးတွဲတည်ထောင်သူ Charles Dow ဖြစ်ပါသည်။ ၎င်းသည် အချိန်ဘောင်နှင့် ထင်ရှားမှုတို့‌အပေါ်မူတည်၍ အနာဂါတ်လမ်းကြောင်းများကို ပိုင်းခြားခြင်း၊ လမ်းကြောင်းအရှိန်များကွဲပြားခြင်း၊၊ စတော့အညွှန်းကိန်းများ၏ ညီညွတ်မှု၊ ပြတ်သားသော အဆုံးသတ်ရန် အချက်ပြမှု မပေါ်ပေါက်မှီအထိ လမ်းကြောင်းများ၏ သက်ရောက်မှု အစရှိသော ခေတ်မှီနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ အဓိကအယူအဆများကို မိတ်ဆက် ပေးခဲ့ပါသည်။
  • Doji ဆိုသည်မှာ အသေးဆုံးကိုယ်ထည်နှင့် ရှည်လျားသော အရိပ်ရှိသည့် candlestick များ ဖြစ်ကြသည်။ ၎င်းတို့သည် ဈေးကွက်စိတ်ပညာအရ ဆုံးဖြတ်ချက် မပြတ်သားသော အချိန်အခါမျိုးတွင် ပေါ်ပေါက်လာလေ့ရှိပါသည်။
  • Elliott Wave သီအိုရီသည် ဈေးကွက်လုပ်ငန်းစဉ်အား လှိုင်းပုံသဏ္ဍန် ဂရပ်ဖစ်စနစ်ရုပ်ပုံများဖြင့် ပြဆိုခြင်း ဖြစ်ပါသည်။
  • Fibonacci အချိုးများသည် “golden ratio” စည်းမျဉ်းပေါ်တွင် အခြေခံပါသည်။ နောက်လာမည့် Fibonacci နံပါတ်တခုစီ၏ အချိုးသည် 1.68 တန်ဖိုးသို့ တိမ်းညွှတ်ပါသည်။
  • Harmonic patterns ဆိုသည်မှာ H.M Gartley မှ တီထွင်ဖန်တီးခဲ့သော ကုန်သွယ်ရေးစနစ်တခု ဖြစ်ပြီး၊ ကြိမ်ဖန်တလဲလဲဖြစ်သော ဈေးနှုန်းပုံစံများနှင့် Fibonacci အချိုးများကို အသုံးပြု၍ ဆုံမှတ်ပွိုင့်များ ဆုံးဖြတ်ခြင်းအပေါ် အခြေခံပါသည်။
  • Momentum ဆိုသည်မှာ ဈေးနှုန်းအပြောင်းအလဲများ၏ ပြင်းအားကို တိုင်းတာသော indicator ဖြစ်ပါသည်။
  • Price Action သည် indicator များ ပါဝင်ခြင်းမရှိသော ရှင်းလင်းသည့် ဇယားတခုပေါ်တွင် ကုန်သွယ်ရေး အခွင့်အရေးများကို ဆောင်ရွက်နိုင်‌စေသော ကုန်သွယ်ရေးစနစ်တခု ဖြစ်ပါသည်။ ၎င်းသည် candlestick ပုံစံအပေါ် အခြေခံပါသည်။
  • Support သည် အဝယ်သမားများ၏ အတက်လမ်းကြောင်းကို ထိန်းသိမ်းရန် အင်အား စိုက်ထုတ်မှုနှင့် အရောင်းသမားများ၏ အကျလမ်းကြောင်းကို ထိန်းသိမ်းရန် အင်အားစိုက်ထုတ်မှု ဖြစ်ပါသည်။
  • Resistance သည် အဝယ်သမားများ၏ အကျလမ်းကြောင်းကို တားဆီးသော လုပ်ဆောင်မှုနှင့် အရောင်းသမားများ၏ အတက်လမ်းကြောင်းကို တားဆီးသော လုပ်ဆောင်မှု ဖြစ်ပါသည်။ Support နှင့် Resistance သည် တိကျသော ဈေးနှုန်းအဆင့်များတွင် အခြေချလေ့ရှိပါသည်။
  • Trend သည် အချိန်ကာလတလျှောက်တွင် ဦးတည်ရာတခုသို့ ဆက်လက်ရွေ့လျားနေသော ရွေ့လျားမှု ဖြစ်ပါသည်။
  • Pullback သို့မဟုတ် correction ဆိုသည်မှာ ဈေးနှုန်းသည် ပင်မလမ်းကြောင်း၏ ဆန့်ကျင်ဘက်သို့ ခေတ္တခန ရွေ့လျားခြင်း ကိုဆိုလိုပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အကျိုးကျေးဇူးများ။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု(TA)၏ အကျိုးကျေးဇူးများကို လေ့လာကြည့်ကြရအောင်။

ရေပန်းစားခြင်း

ကုန်သည်အားလုံးနီးပါးသည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို လက်ခံအသုံးပြု၍ ပိုကောင်းသော နည်းလမ်းများကို ဖန်တီးကြပါသည်။ Indicator များနှင့် ကုန်သွယ်ရေးနည်းဗျူဟာများသည် စဉ်ဆက်မပြတ် တိုးတက်လျက် ရှိကြသည်။ စာပေများနှင့် TA အထူးကျွမ်းကျင်သူများ၏ ဆောင်းပါးများ အများအပြား ရှိကြသည့်အတွက်၊ သင့်အနေဖြင့် လမ်းညွှန်ချက်များနှင့် မေးခွန်းအားလုံးအတွက် အဖြေများကို ရှာဖွေနိုင်ပါသည်။

အလွယ်တကူရရှိနိုင်မှု

နည်းပညာပိုင်း‌ဆိုင်ရာ ကိရိယာများနှင့် စာရွက်စာတမ်းများကို များသောအားဖြင့် လူအများအသုံးပြုနိုင်ရန် ပွင့်လင်းစွာ ထုတ်ဝေပေးထားပါသည်။ TA ကိရိယာများနှင့် နည်းလမ်းများသည် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့်နှိုင်းစာပါက လေ့လာတတ်မြောက်ရန် ပိုမို လွယ်ကူပါသည်။

စွယ်စုံရခြင်း

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအား နေရာမရွေး အသုံးချနိုင်ပါသည်။ ၎င်းသည် နိုင်ငံခြား ငွေလဲလှယ်ရေးဈေးကွက်၊ CFDs များ၊ သတ္တုများနှင့် ကုန်စည်ဈေးကွက် စသည့် နေရာစုံတွင် တန်းတူထိရောက်မှုရှိစွာ အလုပ်လုပ်သည်သာမက ခရစ်ပတိုငွေကြေးအတွဲများ၊ ရှယ်ယာများနှင့် အညွှန်းကိန်းများ၏တန်ဖိုးကို ခန့်မှန်းနိုင်ရန်လည်း ကူညီပေးပါသည်။

အချိန်ဘောင်ရွေးချယ်မှု ကျယ်ပြန့်‌ခြင်း

TA ကို မည်သည့် အချိန်ဘောင်တွင်မဆို အသုံးပြုနိုင်ပါသည်။ အကယ်၍ အခြေခံပိုင်း ခွဲခြမ်းစိတ်ဖြာမှုသည် လစဉ်ဇယားများအတွက်သာ ထိရောက်မှုရှိလျှင်၊ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် တနေ့အတွင်း ကုန်သွယ်မှုတခုချင်းဇယားအတွက်ပင် ခန့်မှန်းချက်များကို ထုတ်ပေးနိုင်ပါသည်။

အလိုအလျောက်စံနစ်

အခြေခံပိုင်းခွဲခြမ်းစိတ်ဖြာခြင်းနှင့် မတူညီသော အချက်မှာ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း အပေါ်မူတည်၍၊ ကုန်သည်များသည် အလိုအလျောက် ကုန်သွယ်ရေးနည်းဗျူဟာများ၊ စနစ်များနှင့် ရိုဘော့များကို တည်ဆောက်နိုင်ပြီး၊ ကုန်သွယ်ရေးရာဇဝင်အပေါ်တွင်လည်းကောင်း၊ အချိန်နှင့် တပြေးညီ သော်လည်းကောင်း ပြန်လည်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း၏ အားနည်းချက် များ။

TA တွင် အားသာချက်များသာမက အားနည်းချက်များလည်း အရေအတွက်တခုထိ ရှိနေပါသည်။

အဓိကအားနည်းချက်များမှာ -

ရည်ရွယ်ချက်

TA သည် ဈေးနှုန်းရွေ့လျားမှု ရာဇဝင်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အနာဂါတ်အတွက် ကောက်ချက်ချခြင်းများအပေါ်တွင် အခြေခံပါသည်။ ကုန်သည်များသည် အတိတ်မှ ဈေးနှုန်းပြောင်းလဲသော ပုံစံများအပေါ် အခြေခံ၍ အနာဂါတ်တွင် ထိုပုံစံအတိုင်း နောက်တဖန် ဖြစ်ပေါ်မည်ဟု ယူဆကြပါသည်။ ဤချဉ်းကပ်မှုပုံစံကြောင့် လူသစ်တဦးအနေဖြင့် အနာဂါတ်အား ကြိုတင်ခန့်မှန်းရာတွင် အဓိပ္ပါယ် ကောက်လွဲမှားကာ ကြီးမားစွာ မှားယွင်းနိုင်ပါသည်။ နည်းပညာပိုင်း ခွဲခြမ်းစိတ်ဖြာမှုအပေါ်တွင် အခြေခံသော ကုန်သွယ်ရေး ဆုံးဖြတ်ချက်ဟူသမျှသည် ဖြစ်နိုင်ခြေရှိသော အလားအလာနှင့် ခန့်မှန်းချက်များသာ ဖြစ်ပါသည်။

တိကျမှုနည်းခြင်း

TA ကိရိယာများဖြင့် အလုပ်လုပ်ကြသော အတွေ့အကြုံရှိ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူများသည် တိကျမှုကို မြှင့်တင်ရန်အတွက် ကိရိယာများစွာနှင့် ရှုပ်ထွေးသောခွဲခြမ်းစိတ်ဖြာမှုများကို လိုအပ်သည်ဟု ဆိုကြပါလိမ့်မည်။ နည်းစနစ်တခုနှင့် နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းတခုမျှ အသုံးပြုယုံဖြင့် ထိရောက်သော ကုန်သွယ်ရေးဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် တိကျသော ခန့်မှန်းချက်ကို မရရှိနိုင်ပါ။

နှောင့်နှေးမှုနှင့်အမှားအယွင်းများ

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာရေး indicator အားလုံးကို ရှေ့ရောက်သော Indicator များနှင့် နောက်ကျသော indicator များဟူ၍ ခွဲခြားထားပါသည်။ နောက်ကျသော Indicator များသည် ပို၍ တိကျသော်လည်း အဖြစ်အပျက်ပြီးမှသာ အချက်ပြသောကြောင့် ထိရောက်မှုနည်းပါသည်။ အခြားတဖက်မှ ကြည့်လျှင် ရှေ့ပြေး indicator များသည် အချိန်အစွန်းထွက်စော၍ အချက်ပြပါသည်။ သို့သော် အချက်ပြမှုအမှားများ အတိုင်းအတာတခုထိ ပါဝင်လေ့ရှိသည်။ ကုန်သွယ်ရေးနည်းဗျူဟာတခုကို တည်ဆောက်ရာတွင် ကုန်သည်တယောက်စီတိုင်းသည် လက်ခံနိုင်သောလစ်မစ်အတွင်း နှောင့်နှေးမှုများကို မည်ကဲ့သို့ လျှော့ချပြီး အချက်ပြမှုများ၏ အရည်အသွေးကို မည်သို့ထိန်းသိမ်းရမည်ဟူသော ပြဿနာအတွက် အဖြေရှာရလေ့ရှိကြသည်။

ထွေပြားခြင်း

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး အထောက်အကူကိရိယာများမှာ အရေအတွက် များပြားလှသည့် အတွက် ကုန်သည်များအနေဖြင့် ရွေးချယ်မှုပြုလုပ်ရန် ခဲယဉ်းပါသည်။ ရှိရှ်ိသမျှ နည်းလမ်းအားလုံးကို အချိန်တိုအတွင်း လေ့လာရန် မလွယ်ကူနိုင်ပါ။ TA ကိရိယာများသည် နေ့စဉ်တိုင်းတွင် ထည့်သွင်း အသုံးပြုရသော က်ရိယာများ ဖြစ်ကြသည်။ ၎င်းတို့၏ စာရင်းမှာလည်း တနေ့တခြား ပို၍ များပြားလျှက်သာ ရှိပါသည်။ လူသစ်အများစုသည် ၎င်းတို့အားလုံးကို အနည်းငယ်စီ စမ်းသပ်ပြီး နည်းစနစ်တခုကို အပြည့်အဝ ကျွမ်းကျင်ခြင်းမရှ်ိမှီ အခြားတခုသို့ ကူးပြောင်းလေ့ရှိကြပါသည်။ ရလာဒ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုတွင် အမှားအယွင်းများစွာ ပေါ်ပေါက်နိုင်ပါသည်။

အနှစ်ချုပ်

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် အနာဂါတ်လမ်းကြောင်းများနှင့် ဈေးကွက်အပြောင်းအလဲများကို ထိရောက်စွာ ခန့်မှန်းနိုင်သော အထောက်အကူကိရိယာများ အလုံအလောက်ပင် ရှိပါသည်။ သေးငယ်သော အချိန်ဘောင်များအတွက် ၎င်းတို့သည် ပြိုင်ဘက်မရှိ တခုတည်းသော ရွေးချယ်စရာများ ဖြစ်ကြပါသည်။ တချိန်တည်းမှာပင် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း အစအဆုံးသည် အလွန် ကြီးမားကျယ်ပြန့် သည်ကို သဘောပေါက်နားလည်ထားသင့်ပါသည်။ TA ကို အမှန်တကယ် ကျွမ်းကျင် တတ်မြောက်လိုပြီး၊ အသေအချာ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်လိုသူများအနေဖြင့် အချိန်များစွာပေး၍ ပြင်းထန်စွာကြိုးစားသင်ယူကာ၊ နှစ်ပေါင်းများစွာ လက်တွေ့လေ့ကျင့်ရန် လိုအပ်ပါသည်။ ဤနေရာတွင် ဖြတ်လမ်းနည်း မရှိပါ။ ကုန်သည်တဦးနှင့် ခွဲခြမ်းစိတ်ဖြာသူတဦးအဖြစ် ဆယ့်ငါးနှစ်တိုင် အတွေ့အကြုံရှိ ပြီးသူဖြစ်သော ကျွန်ုပ်ပင်လျှင် ထိုကဲ့သို့ ဖြတ်လမ်းမျိုးကို ရှာမတွေ့ခဲ့ပါ။ အကယ်၍ စာဖတ်သူတွင် အောင်မြင်ခဲ့သော အတွေ့အကြုံရှိပါက မှတ်ချက်ပေးခဲ့နိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု အမေး၊အဖြေကဏ္ဍ။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းတွင် ဈေးကွက်ရွေ့လျားမှုရာဇဝင်များအပေါ်အခြေခံ၍ လာမည့်ဈေးကွက်ရွေ့လျားမှုများကို ကြိုတင်ခန့်မှန်းခြင်းလည်း ပါဝင်ပါသည်။ ၎င်းသည် ဈေးနှုန်းရာဇဝင်၊ ဇယားရွေ့လျားမှုဦးတည်ချက်နှင့် ပြင်းအား၊ ပြီးမြောက်သော ကုန်သွယ်မှုများ၏ ပမာဏ စသည့် နည်းပညာပိုင်း ညွှန်ပြမှုများအပေါ်တွင် အခြေခံပါသည်။ TA ၏ အကျိုးကျေးဇူးဖြင့် ကုန်သည်များသည် လမ်းကြောင်းများကို ခွဲခြားနိုင်ပြီး၊ ဈေးကွက်အခြေအနေ၊ ဈေးနှုန်းရွေ့လျားမှု ပုံစံများ၊ အလေးသာမှု၊ အဓိကအဆင့်များ၊ အဝင်ပွိုင့်များနှင့် အရောင်း အနေအထားများကို ခွဲခြားသိရှိနိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအား လေ့လာရန်အတွက် အမှီအခိုကင်းသော အကြံဉာဏ် တခုကို လိုလားပါက TA ၏ အခြေခံများကို လေ့လာခြင်းဖြင့် စတင်နိုင်ပြီး၊ သင်၏ကိုယ်ပိုင် အခြေအနေ/ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ရန် လိုအပ်ပါသည်။ John J. Murphy ၏ Technical Analysis of the Financial Markets” စာအုပ်ကို ဖတ်ပါ။ အကြံပြုချက်များကို လက်တွေ့ အသုံးချပါ။ candlestick များ၏ အချက်ပြမှုများနှင့် ပုံစံများ၊ ငွေကြေးဇယားဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို လေ့လာပါ။ လမ်းကြောင်းအား မည်သို့ ဖော်ထုတ်ရမည်ကို လေ့လာ သင်ယူပါ။

အခြေခံနည်းပညာသည် ဈေးနှုန်းရွေ့လျားမှု၏ လက်ရှိဦးတည်ရာကို ဆုံးဖြတ်ပါသည်။ ထိုအရာ သည် လမ်းကြောင်းတခု ဖြစ်ပါသည်။ TAအား ပို၍မြင့်မားသော အချိန်ဘောင်များတွင် စတင်အသုံးပြုပါ။ ထို့နောက် ပို၍နိမ့်သော အချိန်ဘောင်များသို့ ရွေ့လျားပါ။ အဓိကအဆင့်များကို ဆုံးဖြတ်ခြင်းနှင့် ကုန်သွယ်ရေးပမာဏများကို ခွဲခြမ်းစိတ်ဖြာခြင်းများသည် သင့်အား ဈေးကွက် အတွင်း ကူညီလမ်းပြပေးနိုင်ပါသည်။ ထို့နောက် နည်းပညာပိုင်းဆိုင်ရာ ဇယားနှင့် candlestick ခွဲခြမ်းစိတ်ဖြာမှုများကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ၎င်းသည် ဖြစ်နိုင်ခြေရှိသော ပုံစံများကို ရှာဖွေ၍ ကုန်သွယ်ရေးဇယားကို လေ့လာသင်ယူခြင်းပင် ဖြစ်ပါသည်။ TF (အချိန်ဘောင်)တခုချင်းစီအား သင်ယူလေ့လာ၍ သင်၏ ကိုယ်ပိုင်အခြေအနေများနှင့် ချိန်ညှိပါ။ ရလာဒ်အနေဖြင့် ကုန်သွယ်ရေး အစီအစဉ်တခုကို သင်ကိုယ်တိုင် တည်ဆောက်နိုင်ပါလိမ့်မည်။

အားလုံးသော ကုန်သည်အများစုသည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု တခုမဟုတ် တခုကို အသုံးပြုကြသည်သာ ဖြစ်သည်။ တည်ငြိမ်သောကာလရှည် စီမံကိန်းရှိသော ရင်းနှီးမြှုပ်နှံသူများ သာလျှင် TA ကို အသုံးမပြုပဲ ပစ်ပယ်နိုင်ကြသည်။ အချိန်ဘောင် တိုတောင်းသည်နှင့်အမျှ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ ထိရောက်မှုလည်း ကျဆင်းလေ့ရှိသည်။ တနေ့အတွင်း ကုန်သွယ်ရေး၊ မိနစ်ပိုင်းအတွင်း ကုန်သွယ်ရေးများတွင် TA မှတပါး အခြားရွေးချယ်စရာ မရှိပါ။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် ဈေးကွက်စိတ်ပညာနှင့် ဈေးကွက်အတွင်း ပါဝင်သူများ၏ အပြုအမူ ပုံစံများအပေါ် အခြေခံပါသည်။ ဈေးနှုန်းတခုတွင် ကုန်သည်များ၏ အကြောက်တရားနှင့် မျှော်လင့်ချက်များ ပါဝင်မြဲဖြစ်သည်။ TA ကိုအသုံးပြုခြင်းဖြင့် ပါဝင်သူ အများစု၏ စိတ်ခံစားချက်များကို နားလည်သဘောပေါက် နိုင်မည်ဖြစ်သည်။ TA ၏ အသုံးတွင်ကျယ်ခြင်းနှင့် လက်ဟောင်း indicator များ၏ ရေပန်းစားမှုတို့ကြောင့် ကုန်သည်များစွာတို့သည် တူညီသော အချက်ပြမှုများကို ချက်ချင်းဆိုသလို လက်ခံရရှိနိုင် ကြပါသည်။ ထိုအချက်ပြမှုများသည် ဈေးကွက်အလေးသာမှုအပေါ် အကျိုးသက်ရောက်နိုင် သကဲ့သို့ ခန့်မှန်းချက်များကိုလည်း မှန်ကန်စေပါသည်။

အဆိုပါ ချဉ်းကပ်မှု နှစ်ခုတွင် မတူညီသော ဈေးကွက်သုသေသန နည်းလမ်းများကို အသုံးပြုထားလေရာ ထိုနည်းလမ်းနှစ်ခုအား နှိုင်းယှဉ်ရန် ခက်ခဲပါသည်။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် ရှည်လျားသော အချိန်ဘောင်များတွင် ကောင်းစွာ အလုပ်လုပ်ပါသည်။ ရှည်လျားသော TFs (အချိန်ဘောင်များ) သည် အရေးကြီးသော အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများ၏ လှုပ်ရှားမှုရလာဒ်ကို ပို၍ကောင်းမွန်စွာပြသပြီး၊ အစီရင်ခံစာများကိုလည်း ပိုမိုကောင်းမွန်စွာ ထုတ်ပေးသောကြောင့်ဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် မည်သည့်အချိန်ဘောင်တွင်မဆို တူညီစွာ ကောင်းမွန်ပြီး၊ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ရင်ဘောင်တန်းနိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် ဈေးကွက်အားလုံးတွင် တူညီသော နိယာမဖြင့်သာ အလုပ်လုပ်ပါသည်။ ၎င်းသည် ဈေးနှုန်းရာဇဝင်နှင့် ကုန်သွယ်ရေးပမာဏများကို ခွဲခြမ်းစိတ်ဖြာခြင်း အပေါ် အဓိက အလေးထားပါသည်။

TA ၏ မြင့်မားသော ရေပန်းစားမှုနှင့် ပျံ့နှံ့မှုတို့အရ ၎င်းသည် ခန့်မှန်းချက်ထုတ်ပြန်ခြင်းအတွက် ယုံကြည်အားထားနိုင်သော အထောက်အကူပြု ကိရိယာတခုဖြစ်ကြောင်း သိရှိနိုင်ပါသည်။ သို့ရာတွင် အကောင်းဆုံးသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ကုန်သွယ်ရေး နည်းဗျူဟာများ ပင်လျှင် ၁၀၀% တိကျမှုကို အာမခံနိုင်ခြင်း မရှိပါ။ အမှန်စင်စစ် ကုန်သည်၏ အောင်မြင်မှုသည် TA ၏ တိကျမှုမြင့်မားခြင်းအပေါ်တွင် များစွာ မူတည်ခြင်း မရှိပဲ၊ ငွေကြေးနှင့် ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲသော အရည်အချင်းအပေါ်တွင်သာ အဓိက မူတည်ပါသည်။

အတက်ဈေးကွက်ဖြစ်ထွန်းနေချိန်တွင် လမ်းကြောင်းမျဉ်းအား လက်ရှိကာလ၏ အနိမ့်ဆုံး အဆင့်များတွင် ရေးဆွဲကာ ဇယား၏ တိုးတက်လျက်ရှိသော အပိုင်းများကို ၎င်း၏ထိပ်ဆုံးတွင် ထားပါသည်။ အောက်သို့ကျဆင်းနေသော ဈေးနှုန်းရွေ့လျားမှုများအတွက် လမ်းကြောင်းမျဉ်းအား လက်ရှိကာလ၏ အမြင့်ဈေးတန်းနှစ်ခုတွင် ရေးဆွဲပါသည်။ ဤဖြစ်စဉ်တွင် ဇယား၏ ကျဆင်းသောအပိုင်းများသည် ၎င်း၏အောက်ဘက်တွင် တည်ရှိရပါမည်။ လမ်းကြောင်းဖြင့် အလုပ်လုပ်ရာတွင် ယုံကြည်မှုအပြည့်အဝ ရရှိစေရန် အမှတ်အသား ပြုထားသည့်မျဉ်းမှ ဈေးနှုန်းခုန်ထွက်မှု အနည်းဆုံး တကြိမ်ဖြစ်ပေါ်သည်အထိ စောင့်၍ အတည်ပြုချက် ရယူပါ။

အသုံးအများဆုံး TA ကိရိယာများမှာ chart patterns၊ Price Action candlestick ပုံစံများ၊ Elliot Wave သီအိုရီနှင့် အမျိုးမျိုးသော indicator များ ဖြစ်ကြပါသည်။ ၎င်းတို့သည် ကုန်သည်များအား အဝင်/အထွက်ပွိုင့်များကို ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။ လမ်းကြောင်းခွဲခြမ်းစိတ်ဖြာမှုနှင့် အနိမ့်ဆုံး/အမြင့်ဆုံးဈေးတန်းအဆင့်များကိုလည်း မေ့မထားသင့်ပါ။ အဆိုပါ ကိရိယာများသည် အမှီအခိုကင်းသော အကြံဉာဏ်ကို ရှာဖွေကြသော ကုန်သည်များအတွက် အခြေခံပင် ဖြစ်ပါသည်။

TA အမျိုးအစားများစွာ ရှိပါသည်။

  • Chart analysis သည် ပြောင်းပြန်ပုံစံများကို ကူညီရှာဖွေပေးပါသည်။
  • Indicator analysis သည် အသင့်ရေးဆွဲထားသော အစီအစဉ်အတိုင်း ‌ဈေးနှုန်းဇယား ပေါ်တွင် ဇယားကိုထပ်၍ဖြစ်စေ၊ သီးသန့်ဘောင်ကွက်ဖြင့်ဖြစ်စေ ဈေးကွက်ကို လေ့လာနိုင်ရန် ကူညီပေးပါသည်။
  • Price Action သည် candlestick ပုံစံအပေါ်တွင် အခြေခံပါသည်။
  • ပမာဏများကို ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် ကုန်သွယ်ရေးလှုပ်ရှားမှု။
  • Elliott Wave Theory
  • Trend analysis နှင့် support/resistance levels များအား ဆုံးဖြတ်ခြင်း။

၂၀၂၁ ခုနှစ် တွင် EURUSD ဇယား၌ အလျားလိုက် သို့မဟုတ် အခြားတနည်းဖြင့် ဘေးတိုက်ဟု ခေါ်ဆိုနိုင်သော လမ်းကြောင်းတခု ပေါ်ပေါက်လာသည်ဟု ယူဆကြည့်ပါ။ ဈေးကွက်ဥပဒေအရ အနှေးနှင့်အမြန် ဟန်ချက် ပျက်ပြားမည်သာ ဖြစ်သည်။ ဘေးတိုက်ကုန်သွယ်ရေးချန်နယ်လ်အား အမြင့်ဈေး 1.23 နှင့် အနိမ့်ဈေး 1.17 USD ဝန်းကျင်ဖြင့် ဆုံးဖြတ်လေ့ရှိသည်။ သတ်မှတ် လစ်မစ်ကိုကျော်လွန်၍ ထင်ရှားသည့် အထွက်ပွိုင့်များ ဖြစ်ပေါ်သောအခါနှင့် နယ်စပ်မျဉ်းအား အပြင်ဘက်မှ ပြန်လည်ထိတွေ့သည့်အခါမျိုးတွင် ကုန်သွယ်မှုဖွင့်ရန် အချက်ပြမှုတခုအား ရရှိပါလိမ့်မည်။ ဤဖြစ်စဉ်တွင် အနာဂါတ်လမ်းကြောင်းများနှင့် ဈေးကွက်ဦးတည်ရာကို ခန့်မှန်း၍ ကုန်သွယ်မှုဖွင့်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတခုချင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင် အင်္ဂါရပ်များ ရှိကြပါသည်။ ဥပမာ - Price Action သည် လမ်းကြောင်းနောက်ပြန်လှည့်ခြင်းကို စတင်ပြီးသည်နှင့် ချက်ချင်းခန့်မှန်းနိုင်ရန် ခွင့်ပြုပေးပါသည်။ မည်သို့ပင်ဖြစ်စေ နည်းပညာပိုင်း ဆိုင်ရာ indicator အများစုသည် ရလာဒ်အား နောက်ကျ‌၍သာ ထုတ်ပေးလေ့ရှိပါသည်။ သို့ရာတွင် ၎င်းတို့သည် ပိုမို၍ တိကျမှုရှိပါသည်။ ထို့ကြောင့် အရင်းအမြစ်များစွာမှ အချက်ပြမှုများကို လက်ခံရရှိရန် နည်းပညာပိုင်းဆိုင်ရာ indicator များစွာကို တပြိုင်တည်း အသုံးပြုသင့်ပါသည်။ ထိုနည်းအားဖြင့် ခန့်မှန်းချက်များ၏ တိကျမှုကို တိုးတက်စေနိုင်ပါသည်။

အောက်ပါ ဖြစ်ရပ်သုံးခုတွင် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အလုပ်မလုပ်ပါ။

  • မှားယွင်းသော ကုန်သွယ်ကိရိယာအား ရွေးချယ်ထားခြင်း သို့မဟုတ် မှားယွင်းအသုံးပြုခြင်း။ ဥပမာ-ပျမ်းမျှရွေ့လျားမှု (MA) သည် ဈေးကွက်ဦးတည်ရာ၏ အနာဂါတ် ဈေးနှုန်းရွေ့လျားမှု များ အတွက် အရည်အသွေးပြည့်ဝသော အချက်ပြမှုများကို ထုတ်ပေးပါသည်။ သို့ရာတွင် ၎င်းတို့သည် ဘေးတိုက်လမ်းကြောင်း ဖြစ်ပေါ်ချိန်မျိုးတွင် မှားယွင်းအချက်ပြမှုများစွာ ကိုလည်း ထုတ်ပေးမည် ဖြစ်ပါသည်။
  • ခွဲခြမ်းစိတ်ဖြာသော ကုန်သွယ်ရေးပစ္စည်းသည် ငွေဖြစ်လွယ်မှုနိမ့်ပါး၍ မတည်ငြိမ်မှု မြင့်မားခြင်း။ အကယ်၍ ပိုင်ဆိုင်မှုတခုအတွက် ကုန်သွယ်ရေးပမာဏများသည် အလွန်နိမ့်ပါး၍ နေပါက ဈေးနှုန်းသည် ကျယ်ပြန့်သောဘောင်အတွင်း ဗြောက်သောက် ရွေ့လျား၍ နေနိုင်ပါသည်။ စည်းမျဉ်းတခုအရ အဆိုပါ ကုန်သွယ်ရေးပစ္စည်းမျိုး၏ ဇယားများကို ခွဲခြမ်းစိတ်ဖြာရာတွင် တိကျမှုအဆင့် နိမ့်ပါးပါသည်။ ဈေးနှုန်းသည် ပရိယာယ်များပြီး နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း စည်းမျဉ်းများအားလုံးကို ဆန့်ကျင်၍ ရွေ့လျားနိုင်စွမ်း ရှိပါသည်။
  • ခွဲခြမ်းစိတ်ဖြာသော ကုန်သွယ်ရေးအမျိုးအစားတွင် လုံလောက်သော ကုန်သွယ်ရေး ရာဇဝင် မရှိခြင်း။ TA သည် အတိတ်ဖြစ်ရပ်များကိုသုံးသပ်၍ အနာဂါတ်ကို ခန့်မှန်းခြင်းအပေါ် အခြေခံခြင်း ဖြစ်ပေရာ၊ အကယ်၍ လုံလောက်သော ကုန်သွယ်ရေးရာဇဝင်မရှိလျှင် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ နည်းလမ်းအများစုနှင့် ချဉ်းကပ်မှုပုံစံများသည် အလုပ်ဖြစ်မည်မဟုတ်ပါ။ နှစ်ပေါင်းများစွာ သို့မဟုတ် ဖြစ်နိုင်ပါက ရာစုနှစ်ပေါင်းများစွာ ကုန်သွယ်ရေးရာဇဝင်ရှိသော ကုန်သွယ်ရေးပစ္စည်းတခုသည် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အကောင်းဆုံး ဖြစ်ပါသည်။

ယေဘုယျဈေးကွက်အလေးသာမှု၊ လမ်းကြောင်းနှင့် အဓိကသော့ချက်အဆင့်များကို ဆုံးဖြတ်ခြင်း အားဖြင့် ငွေကြေးအတွဲဇယားများကို သုတေသနပြုလုပ်ရပါမည်။ ဒုတိယအဆင့်အနေဖြင့် တွေ့ရှိသောလမ်းကြောင်းသည် မည်သည့်အဆင့်၌ ရောက်ရှိနေသည်ကို သဘောပေါက် နားလည်ရ ပါမည်။ ၎င်းသည် ယခုမှပင် ဖွံ့ဖြိုးတိုးတက်ရန် အစပြုနေခြင်းလော သို့မဟုတ် အဆုံးသတ်ရန် နီးကပ်နေပြီလော ဟူသည့်အချက်များကို သိရှ်ိရန် လိုအပ်ပါသည်။ ထို့အပြင် မည်သည့်အခြေအနေ များတွင် လမ်းကြောင်း ရှေ့ဆက်သွား၍ မည်သည့်အခြေအနေများတွင် နောက်ပြန်လှည့်တတ်ပြီး၊ ထိုအခြေအနေများတွင် မည်သည့် candlestick ပုံစံမျိုး ပေါ်ပေါက်တတ် သည်ကို နားလည်ထားရန်လည်း လိုအပ်ပါသည်။ ဤသည်မှာ မည်သည့် ငွေကြေးအတွဲဖြင့်မဆို အလုပ်လုပ်ရန်အတွက် အခြေခံမူကြမ်းဖြစ်ပါသည်။ နောက်ဆုံး အဆင့်အနေဖြင့် အရှုံး၊ အမြတ် အလားအလာများကို ဆုံးဖြတ်ပါ။ အကျိုးအမြတ်ရရှိရန် အကောင်း‌ဆုံး အဝင်ပွိုင့်များမှာ အဘယ်နည်း။ မိမိ၏ အစီအစဉ်တွင် တစုံတရာလွဲချော်ခဲ့ပါက ဈေးကွက်မှ မည်သည့်နေရာတွင် ထွက်ခွာသင့်သနည်း။ အဆုံးတွင် ကုန်သွယ်ရေးအစီအစဉ်တခု၌ ရရှိသော အဖြေများအားလုံးကို ချရေးကာ၊ ထိုအစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ပါ။

လေ့လာသူများအတွက် နည်းပညာပိုင်း ဈေးကွက် ခွဲခြမ်း စိတ်ဖြာရေးဆိုင်ရာ အခြေခံများ၊ နည်းလမ်းများနှင့် စည်းမျဉ်းများ။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat