မည်သည့် Forex အရောင်းအ၀ယ်မဆို အချိန်ကာလတစ်ခုကို ရည်ညွှန်းသည်။ အချိန်ကာလသည် အရောင်းအဝယ်တစ်ခုဖွင့်ခြင်းမှစတင်သည် - ငွေလဲနှုန်းတက်မည်ဟု ယူဆ၍ ငွေကြေးအတွဲတစ်တွဲ ဝယ်ယူခြင်း သို့မဟုတ် ကျဆင်းမည်ဟု မျှော်လင့်၍ ရောင်းချခြင်း ဖြစ်နိုင်သည်။ အရောင်းအဝယ်အား ပိတ်ခြင်းသည် ပြောင်းပြန်လုပ်ဆောင်ချက်ဖြစ်သည် - သင် ယခင်က ဝယ်ထားသည်ကို ရောင်းရမည် ဖြစ်ပြီး ယခင်က ရောင်းထားသည်ကို စျေးကွက်ပေါက်ဈေးအသစ်ဖြင့် ဝယ်ခြင်းဖြစ်သည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Forex အရောင်းအဝယ်ကို မည်သို့ဖွင့်မလဲ၊ အဓိပ္ပါယ်နှင့် ဥပမာများ

ပထမဆုံးအနေဖြင့် အရောင်းအဝယ်ဖွင့်ခြင်း ၏ အဓိပ္ပါယ် ကို ရှင်းပြပါမည်။ Forex ကုန်သွယ်ရေး တွင် ငွေရှာခြင်း ဆိုသည်မှာ သင်ဝယ်ထားသည်ထက် မြင့်မားသောစျေးနှုန်းဖြင့် အရောင်းပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် အမြတ်ဖော်ဆောင်ခြင်းသည် အရောင်းအဝယ်နှစ်ခုနှင့် အမြဲအဓိပ္ပာယ်တွဲဖက်လျက်ရှိသည်။ ၎င်းမှာ ဝယ်ခြင်းနှင့်ရောင်းခြင်း ဖြစ်သည်။

အရောင်းအ၀ယ်လုပ်ရန် အရေးပါသည့် ကိစ္စရပ်မှာ ကနဦး ဆုံးဖြတ်ချက်ဖြစ်သည် - အချို့သောစျေးကွက်အခြေအနေများသည် ဦးတည်ချက်အမှန်သို့ ဈေးနှုန်းပြောင်းလဲသည့် အနေအထားကို ရည်ညွှန်းနေသည်။

တန်ဖိုးတစ်ရပ်သည် ၎င်း၏ အမြင့်မားဆုံး အချိန်ကာလအောက်သို့ ရောက်ရှိသွားသောအခါ၊ အနာဂတ်တွင် ၎င်းတန်ဖိုးမှာ မြင့်တက်လာနိုင်ခြေရှိသည်။

ဒုတိယအရေးပါသည့် အချက်မှာ သင်၏ကုန်သွယ်မှုရလဒ်ကို သတ်မှတ်မည်ဖြစ်သည်။ အကယ်၍ သင်၏ခန့်မှန်းချက်အတိုင်း စျေးနှုန်းပြောင်းလဲခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ဦးတည်ရာသို့ စတင်ရွေ့လျားခြင်းဖြစ်သည် ။

သင့်ခန့်မှန်းချက်မှန်ကန်ပါက သင်သည် အပေါင်းလက္ခာဏာဆောင်သောရလဒ်ဖြင့် မှတ်တမ်းတင်ခံရမည်ဖြစ်ပြီး ဆိုလိုသည်မှာ သင်သည် အမြတ်အစွန်းရရှိမည်ဖြစ်သည်။

သင့်ခန့်မှန်းချက်မှားပါက၊ ဆုံးရှုံးမှုတစ်ခုဖြစ်သည့် အနုတ်လက္ခဏာရလဒ်ကို မှတ်တမ်းတင် ခံရပါမည်။

ဖွင့်ထားသော အရောင်းအဝယ် (open position) ဆိုသည်မှာ အဆိုပါအရောင်းအဝယ်ကို သင်က အဝယ် သို့မဟုတ် အရောင်း ပြုလုပ်ထားသည် ဆိုသော်လည်း ၎င်းမှာ ပြီးမြောက်သည့် ဘဏ္ဍာရေးရလဒ်တစ်ခု လက်ခံလိုက်ခြင်း မဟုတ်သေးပါ။ တန်ဖိုးတက်လာရန်မျှော်လင့်ထားသော ပစ္စည်းတစ်ခုကို သင်ဝယ်လျှင်၊ သင့်၌ ပွင့်နေသော အဝယ် ကုန်သွယ်မှုတစ်ခု(buy position) ရှိနေမည်ဖြစ်ပြီး အကယ်၍ သင်သည် တန်ဖိုးကျရန် မျှော်လင့်ချက်ဖြင့် ငွေကြေးအတွဲတစ်တွဲကို ရောင်းချပါက ၊ သင်သည် အရောင်း ကုန်သွယ်မှုတစ်ခု (sell position) ကို ကိုင်ထားခြင်းဖြစ်သည်။

'Buy', 'long' သို့မဟုတ် 'long position' ဟူသော အရောင်းအဝယ်တစ်ခုဖွင့်ခြင်း နှင့် သက်ဆိုင်သည့် အသုံးအနှုန်းများဖြင့် သင် အဓိပ္ပာယ်ဖွင့်ဆိုဖူးပါသလား? ဤသဘောတရားများ အားလုံးသည် ၀ယ်ယူခြင်းကို ဆိုလိုသည်။

‘Sell’ , ‘short,’ သို့မဟုတ် ‘short position’ ဆိုသည်မှာ အရောင်းကို ဆိုလိုသည်။

အဆိုပါ ဘန်းစကားများအားလုံးသည် စျေးကွက်အခြေအနေအရ အနာဂတ်တွင် ပိုင်ဆိုင်မှုတစ်ခုကို ဝယ်ရန် သို့မဟုတ် ရောင်းချရန် ရည်ရွယ်ချက်မဟုတ်ဘဲ ကုန်သွယ်မှုလုပ်ငန်းကို ဆိုလိုကြောင်း သင်နားလည်ထားသင့်သည်။

Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

Forex အရောင်းအ၀ယ်လုပ်ဖို့ မဆုံးဖြတ်ခင်မှာ စျေးကွက်၏ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကုန်သွယ်မှုဗျူဟာအချို့ကို အကြမ်းဖျင်းလေ့လာရန် အကြံပြုလိုပါသည်။ ထို့ကြောင့် သင်သည် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ရန် အခွင့်သာသော အခြေခံအခြေအနေများကို နားလည်နိုင်မည် ဖြစ်သည်။

နောက်တစ်ဆင့်မှာ အရောင်းအဝယ် ဝင်ရောက်ခြင်းစည်းမျဉ်းများကို ဆုံးဖြတ်ရန်ဖြစ်သည်။

အဆိုပါအချက်များထဲမှ ၂ ချက်မှာ -

ရွေးချယ်မှု ၁ - စျေးကွက်အော်ဒါဖြင့် ဝင်ရောက်ခြင်း။ သင့်အနေနဲ့ အကောင်းဆုံး ဈေးကွက် ပေါက်ဈေးဖြင့် အရောင်းအဝယ်တစ်ခုကို ဖွင့်လိုက်သည်ဆိုပါစို့။ စိတ်ပညာသဘောအရ၊ ကြိုတင်သတ်မှတ်သည့်အော်ဒါများ (pending orders) နှင့် နှိုင်းယှဉ်ပါက ပိုမိုအဆင်ပြေပါသည်။ စျေးကွက်တွင် အော်ဒါတင်ပြီးနောက်၊ သင်သည် 100% စျေးကွက်တွင်ရှိနေပါသည်။

သို့သော် အားနည်းချက်တစ်ခု ရှိသည်။ သင်၏ ခန့်မှန်းချက်မှားခဲ့လျှင် ဆုံးရှုံးမှုရှိမည်ဖြစ်သည်။ ကြိုတင်သတ်မှတ်သည့်အော်ဒါများ (pending orders) ကို အသုံးပြုခြင်းဖြင့် အရောင်းအဝယ်များ ဆုံးရှုံးခြင်းကို ရှောင်ရှားနိုင်ပါသည်။

စျေးကွက်အတွင်းဝင်ရောက်ရန်၊ သင်သည် 'Now' ကိုရွေးချယ်သင့်သည်-

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

ထို့နောက် သင်သည် အရောင်းအဝယ်ဦးတည်ချက်(အဝယ် သို့မဟုတ် အရောင်း) နှင့် ပမာဏကို ရွေးချယ်ပါ။

စျေးကွက်၌ အဝယ်ကုန်သွယ်မှုကိုဖွင့်ခြင်း၏ဥပမာတစ်ခု။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

စျေးကွက်၌ အရောင်းကုန်သွယ်မှုကိုဖွင့်ခြင်း၏ဥပမာတစ်ခု။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

ဈေးကွက်အဝင်ရွေးချယ်မှု ၂ - ကြိုတင်သတ်မှတ်သည့်အော်ဒါ (pending order)။ အရောင်းအ၀ယ်အတွက် အော်ဒါမှာ နှောင့်နှေးမှုရှိပါသည်။ ၎င်းအတွက် ယူဆချက်မှာ ကောင်းမွန်သော ဈေးကွက်အခြေအနေများ ပေါ်လာချိန်အထိ ဖြစ်သည်။

ကြိုတင်သတ်မှတ်သည့်အော်ဒါတစ်ခုအတွက် Forex ကုန်သွယ်မှုတစ်ခုထည့်သွင်းရန်မှာ၊ သင်သည် ‘At the price’ ကို ရွေးချယ်ပေးရမည်ဖြစ်သည်-

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

Pending orders များကို အမျိုးအစားနှစ်မျိုး ခွဲခြားထားပါသည်။

Stop orders ။ ၎င်းတို့ကို မျှော်မှန်းထားသောစျေးနှုန်းဦးတည်ချက်အတိုင်း သတ်မှတ်ထားသည်။ ဥပမာအားဖြင့်၊ လက်ရှိ EURUSD စျေးနှုန်းသည် 1.1850 ခန့်ဖြစ်သည်။ သို့သော် စျေးနှုန်းသည် 1.1900 ထက် မြင့်မားနေမှသာ ဆက်တက်ရန်ရှိသည်ဟု အချို့က စဉ်းစားမည်ဖြစ်သည်။ ထို့ကြောင့်၊ အဆိုပါကုန်သည်သည် 1.1900 ၌ ဝယ်ရန် stop order သတ်မှတ်မည်ဖြစ်သည်။ ၎င်းသည် အမြတ်အစွန်းနည်းသော ကုန်သွယ်မှုတစ်ခုဖြစ်ကောင်းဖြစ်မည်၊ သို့သော် ကုန်သည်သည် ကုန်သွယ်မှုဗျူဟာအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

Buy stop order ကို သတ်မှတ်ရန်၊ လက်ရှိ စျေးနှုန်းထက် မြင့်မားရန် လိုအပ်သည်။ ထို့နောက် သင်သည် အရောင်းအဝယ်ပမာဏကို သတ်မှတ်ပြီး 'buy’' ခလုတ်ကို နှိပ်ပါ။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

အကယ်၍ သင်သည် sell stop order ကို ရယူလိုပါက၊ သင်သည် 'sell’ သတ်မှတ်ချက်ကို ရွေးချယ်သင့်သည်။ ထို့နောက် လက်ရှိပေါက်ဈေးထက် နိမ့်သင့်သော ဈေးနှုန်း၌ သင်ရောင်းလိုသော ဈေးနှုန်းအဖြစ် သတ်မှတ်ပါ။ ထို့နောက် သင်သည် ပမာဏကို သတ်မှတ်ပြီး 'sell' ခလုတ်ကို နှိပ်ပါ။ စျေးနှုန်းသည် 1.1850 ဝန်းကျင်တွင် ရှိနေပါက၊ sell stop order ကို 1.1800 တွင် သတ်မှတ်ရမည်ဖြစ်သည်။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

အကယ်၍ စျေးနှုန်းသည် သတ်မှတ်ထားသည့် အဆိုပါအော်ဒါအဆင့်သို့ မရောက်ရှိဘဲ ခန့်မှန်းချက်အတိုင်း မသွားပါက၊ ကုန်သည်သည် အရောင်းအဝယ်တစ်ခုဖွင့်မည်မဟုတ်သည့်အပြင် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ သို့သော် အဆိုပါအော်ဒါပွင့်အပြီးတွင် စျေးနှုန်းသည် ခန့်မှန်းချက်နှင့် ဆန့်ကျင်ဘက်သို့ ဦးတည်သွားနိုင်သည်။

Limit orders ။ ၎င်းတို့သည် မျှော်လင့်ထားသည့်စျေးနှုန်းလှုပ်ရှားမှုနှင့် ဆန့်ကျင်ဘက်အဖြစ် သတ်မှတ်ထားသည်။

လက်ရှိစျေးနှုန်း 1.1850 နှင့် EURUSD ဥပမာဖြင့် ဆက်လက်လေ့လာကြပါစို့။ ကုန်သည် သည် ဈေးတက်လာမည် ဟု ခန့်မှန်းသော်လည်း ဈေးပေါသည့်အချိန်မှသာ ဝယ်လိုနေသည်။ ဤအခြေအနေတွင်၊ ကုန်သည်အနေဖြင့် buy limit order ကို 1.1800 ၍ သတ်မှတ်နိုင်သည် ။ စျေးနှုန်းသည် ဤတန်ဖိုးသို့ ကျဆင်းသွားပါက ကုန်သည်သည် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူမည် ဖြစ်သည်။ အကယ်၍ စျေးနှုန်းသည် 1.1800 သို့ပြန်မကျဘဲ ဆက်လက်မြင့်တက်နေပါက ကုန်သည်သည် အရောင်းအဝယ် ဖွင့်မည်မဟုတ်ပါ။

Buy limit order တစ်ခုသတ်မှတ်ရန်၊ သင်သည် ‘at the price’ တွင် ဝင်ရောက်ရန် လိုအပ်ပြီး လိုအပ်သောစျေးနှုန်းကို သတ်မှတ်ပါ။ သို့သော် စျေးနှုန်းသည် buy stop order ကဲ့သို့ မဟုတ်ဘဲ စျေးကွက်ပေါက်ဈေးအောက်တွင်သာ ရှိသင့်သည်။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

Sell limit order တွင်၊ အဝင်စျေးနှုန်းသည် လက်ရှိပေါက်ဈေးထက် မြင့်မားနေရမည်။ ဆိုလိုသည်မှာ ကုန်သည်အနေဖြင့် ပထမဦးစွာ အထက်သို့ ခေတ္တတက်ပြီးမှ စျေးနှုန်းကျဆင်းရန် မျှော်လင့်ခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့်၊ စျေးနှုန်းသည် 1.1850 ဝန်းကျင်ဖြစ်ပါက၊ sell limit order ကို 1.1900 ၌ သတ်မှတ်နိုင်သည်။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

ခန့်မှန်းချက်မမှန်ကန်ပါက အော်ဒါပွင့်မည်မဟုတ်ပါ ၊ ထို့နောက် အောက်ပါဘဏ္ဍာရေးရလဒ်သည် အနုတ်လက္ခဏာဖြစ်မည် ဖြစ်သည်။ အကယ်၍ အဆိုပါအော်ဒါမှာ အလုပ်ဖြစ်ခဲ့ပါက စျေးကွက်မှ ရရှိသော အမြတ်ငွေ သို့မဟုတ် stop order ထက် အမြတ်ငွေ ပိုများမည်ဖြစ်သည်။

အော်ဒါအမျိုးအစားအလိုက် အရောင်းအဝယ်တစ်ခုကို သင်ဖွင့်လိုက်သောအခါ ပထမဦးစွာ၊ ဘဏ္ဍာရေးရလဒ်မှာ အနုတ်လက္ခဏာဖြစ်မည်ဖြစ်သည်-

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

၎င်းမှာ စျေးကွက်ရှိ အခြားသောကုန်သည်များမှ အဆိုပါကုန်သွယ်ရေးအတွဲများကို ဝယ်လို သို့မဟုတ် ရောင်းချလိုကြသည့်အတွက် စျေးနှုန်းကွာခြားချက်များ ဖြစ်ပေါ်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ဥပမာတွင်၊ အဝယ် ကုန်သွယ်မှုကို $15249.75 ဖြင့် ဖွင့်သည်။ ကျွန်ုပ်အနေဖြင့် ကုန်သွယ်မှုကို ချက်ချင်းပိတ်လိုလျှင်၊ ချက်ချင်းဝယ်ယူလိုသော အခြားကုန်သည်တစ်ဦးကိုသာလျှင် အဆိုပါကုန်သွယ်ရေးအပစ္စည်းအား ရောင်းချနိုင်မည်ဖြစ်သည်။ အခြား Forex ကုန်သည်များ မှ လက်ရှိဝယ်ယူလိုသော အကောင်းဆုံးစျေးနှုန်းမှာ 15203.2 ဖြစ်သည်။ အဆိုပါဈေးနှုန်းသည် ကျွန်ုပ်ဝင်ရောက်ခဲ့သည့် အဝယ်စျေးနှုန်းထက် နိမ့်ကျနေပါသည်။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

ထို့ကြောင့်၊ အရောင်းအဝယ်ကို ကျွန်ုပ် ယခုပိတ်ပါက 'Profit' ကဏ္ဍတွင် ပြထားသည့် ရလာဒ်မှာ အနုတ်လက္ခဏာဖြစ်မည် ဖြစ်သည်။

ကုန်သွယ်မှုတစ်ခုဝင်ရောက်ရန်၊ တစ်နေ့တာရောင်းဝယ်မှုတွင်ပင် အရောင်းအဝယ်ကို ထိန်းသိမ်းထားရန် (မာဂျင်) အလုံအလောက်ရှိရမည် ဖြစ်သည်။ မာဂျင်ကို 'Assets used’ ကဏ္ဍတွင် ပြသထားပြီး leverage အပေါ် မူတည်ပါသည်။ Leverage ပိုမြင့်လေ၊ မာဂျင် နည်းလေဖြစ်သည်။

ကုန်သွယ်မှုပမာဏ (စာချုပ်အရွယ်အစား) ပိုကြီးလေ၊ အရောင်းအဝယ်တစ်ခုဖွင့်ရန် ငွေပိုလိုအပ်လေ ဖြစ်သည်၊ ၎င်းမှာ စျေးကွက် သဘောတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့၏ဥပမာတွင်၊ ကျွန်ုပ်တို့၌ အနည်းဆုံး 15.25 USD ရှိသင့်သည် - ၎င်းသည် BTCUSD အတွက် အရောင်းအဝယ် ပမာဏ (0.01 lot) နှင့် ရွေးချယ်ထားသော အရောင်းအဝယ်တစ်ခုဖွင့်ရန် လိုအပ်သော အနည်းဆုံးပမာဏဖြစ်သည်။

LiteFinance: Forex ကုန်သွယ်မှုကို ဘယ်လိုဝင်ရောက်မလဲ?

အပ်ငွေ၏ငွေကြေးအမျိုးအစားနှင့် ဝယ်ယူထားသည့် ကုန်သွယ်ရေးပိုင်ဆိုင်မှု၏ငွေ ကြေးအမျိုးအစား မတူညီသည့် ဥပမာကို လေ့လာကြည့်ကြစို့။

ဥပမာအားဖြင့်၊ ကျွန်ုပ်၏အကောင့်ငွေကြေးသည် USD ဖြစ်ပြီး၊ ကျွန်ုပ်သည် LTCBTC ကိုဝယ်လိုပါသည်။ ဆိုလိုသည်မှာ Bitcoins အတွက် Litecoins ကိုဝယ်လိုပါသည်။

ဤအခြေအနေတွင်၊ BTCUSD ကို အကောင့်တွင် ဒေါ်လာဖြင့် ပထမဆုံးဝယ်ယူသည်။ ထို့နောက်တွင်၊ LTCBTC အတွဲ၏ဝယ်ယူမှုဖြစ်မည့် Bitcoin ကို ရောင်းချကာ Litecoin ကို ဝယ်ယူခြင်း ဖြစ်သည်။

၎င်းကို နှစ်ဆင့်ပြောင်းလဲခြင်းဟုခေါ်ပြီး ၎င်းကို အလိုအလျောက်ပြုလုပ်သည်။

အကောင့်ငွေကြေးသည် ရောင်းဝယ်ဖောက်ကားသည့် ပစ္စည်းနှင့် တူညီပါက၊ နှစ်ဆင့်ပြောင်းလဲခြင်း ဖြစ်ပေါ်မည်မဟုတ်ပါ။ ဥပမာအားဖြင့်၊ ကျွန်ုပ်၏အပ်ငွေသည် ယူရိုငွေဖြစ်ပါက၊ ကျွန်ုပ်သည် EURUSD အတွဲကို ရောင်းဝယ်ခြင်းဖြစ်သည်။

ကုန်သည် ဖိုရမ်များတွင် Forex ကုန်သွယ်မှုအား မည်ကဲ့သို့ မှန်ကန်စွာ ဝင်ရောက်ရမည်ကို အချက်အလက်များ ပြည့်စုံစွာဖြင့် ဖော်ပြထားသော်လည်း မည်သည့်နည်းလမ်းအတွက်မဆို "မှန်ကန်မှု" ဆိုသည်မှာ ကျွန်ုပ်အမြင်အရ ဓမ္မဒိဌာန်ကျကျ စဉ်းစားရမည်ဖြစ်သည်။ အချက်အလက်အားလုံးမှာ ကုန်သွယ်မှုဗျူဟာ၏ စည်းမျဉ်းများနှင့် ပုဂ္ဂိုလ်ရေးအရ ကုန်သွယ်မှုစတိုင်အပေါ် မူတည်နေသည်။ အရောင်းအဝယ် အဝင် နှင့် အထွက်အမှတ်များနှင့် စည်းမျဉ်းများသည် ကာလရှည် ရောင်းဝယ်ခြင်းနှင့် အချိန်တိုအတွင်းရောင်းဝယ်ခြင်းအတွက် ကွဲပြားပါမည်။ အရောင်းအဝယ်တစ်ခုဖွင့်ရန် ဗျူဟာသည် ကုန်သွယ်ရေးပစ္စည်းပေါ်လည်း မူတည်သည်။ အရောင်းအဝယ်အတွက် အဝင် စည်းမျဉ်းများသည် ငွေကြေးများ၊ အဖိုးတန်သတ္တုများ၊ စတော့ရှယ်ယာများနှင့် CFD အတွက် ကွဲပြားကြသည်။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

ဖွင့်ထားသော အရောင်းအဝယ်များနှင့် ဆုံးရှုံးနိုင်မှုအန္တရာယ်

Forex ကုန်သွယ်မှုကို စတင်သောအခါတွင် အစပိုင်း၌ အရောင်းအဝယ်ဖွင့်ရခြင်းသည် ၎င်းတို့ကိုပိတ်ခြင်းထက် ပို၍အဆင်ပြေပါသည်။။ အစပြုသူကုန်သည်တစ်ဦး၏ ပထမဆုံးဆန္ဒမှာ အများအားဖြင့် ယခုကဲ့သို့ဖြစ်သည်-

  • အရောင်းအဝယ်များစွာကို တတ်နိုင်သမျှဖွင့်ရန်
  • ဖြစ်နိုင်ချေအများဆုံးပမာဏဖြင့် အရောင်းအဝယ်ကိုဖွင့်ရန်

မိတ်ဆွေအနေဖြင့် ပထမအချက် (သို့မဟုတ်) ဒုတိယအချက် ၂ ချက်စလုံးကို အလျင်စလိုမလုပ်သင့်ပါ။ အရောင်းအဝယ် အပိတ်နှင့်အဖွင့်သည် ဘဏ္ဍာရေးမျှတမှုရှိရမည်။

အကယ်၍ သင့်အကောင့်တွင် ကုန်သွယ်မှုများများ ဝင်ရောက်ထားပါက မကြာမီအချိန် (သို့မဟုတ်) နောက်ပိုင်းတွင် နောက်ထပ်အရောင်းအဝယ်များကို ပြုလုပ်ရန် လိုအပ်သည့် အပိုရင်းနှီးငွေများ ကျန်ရှိတော့မည်မဟုတ်ပါ။ အကယ်၍ အရောင်းအဝယ်လေးခုကို တစ်ပြိုင်နက်တည်းဖွင့်ပါက ဘာဖြစ်နိုင်မလဲဆိုတာ လေ့လာရန် BTCUSD ၏ ဥပမာသို့ ပြန်သွားကြပါစို့။

LiteFinance: ဖွင့်ထားသော အရောင်းအဝယ်များနှင့် ဆုံးရှုံးနိုင်မှုအန္တရာယ်

သင်သည်အရောင်းအဝယ်များ ဖွင့်ရန်အတွက် 61.39 USD ကိုအသုံးပြုရန် လိုအပ်သည်။ အရောင်းအဝယ်များများဖွင့်လေ လုပ်ဆောင်ချက်လည်ပတ်ရန်အတွက် အပိုရင်းနှီးငွေ နည်းပါးလေဖြစ်သည်။ ဆိုလိုသည်မှာ သင်ဖွင့်နိုင်သော အရောင်းအဝယ်အရေအတွက်ကို အပ်ငွေပမာဏဖြင့် ကန့်သတ်ထားသည်။ သင်သည်ဤနည်းအားဖြင့် နောက်ထပ် မည်သည့်အရောင်းအဝယ်ကိုမျှ ဖွင့်နိုင်မည်မဟုတ်ပေ။ သင်မဖွင့်နိုင်သော ထိုအရောင်းအဝယ်သည် ကြီးမားသောအမြတ်အစွန်းကို ထုတ်ပေးနိုင်သည်။ ၎င်းသည် ရိုးရှင်းသော သင်္ချာအရ ပျမ်းမျှနည်းလမ်းဖြစ်သည်။

အရောင်းအဝယ်တွင် စိတ်ရှည်သင့်ပြီး အောင်မြင်မှု၏သော့ချက်မှာ ရွေးချယ်တတ်ရန်ဖြစ်သည်။

ဒုတိယအမှားကို လေ့လာကြည့်ကြပါစို့ - ကြီးမားလွန်းသောပမာဏဖြင့် စျေးကွက်ထဲသို့ ဝင်ရောက်ခြင်း။

ကျွန်ုပ်သည် 0.1 BTCUSD ကိုဝယ်လိုသည်ဟုယူဆကြပါစို့။ အကောင့်တွင် ငွေမည်မျှအသုံးပြုသည် ကို ကြည့်ပါ-

LiteFinance: ဖွင့်ထားသော အရောင်းအဝယ်များနှင့် ဆုံးရှုံးနိုင်မှုအန္တရာယ်

ထို့ကြောင့် အကယ်၍အပ်ငွေပမာဏသည် $170 ခန့်ဖြစ်ပါက အကျိုးအမြတ်မရှိသော ဦးတည်ချက်တွင် ဖြစ်ပေါ်သောစျေးနှုန်းလှုပ်ရှားမှုမှာ သင်္ချာနည်းလမ်းအရ ကျွန်ုပ်အတွက် အရောင်းအ၀ယ်ပြုလုပ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပါ ။

ဖွင့်ထားသော အရောင်းအဝယ်တွင် ဖြစ်ပေါ်သောဆုံးရှုံးမှုသည် အပ်ငွေပမာဏနှင့် မာဂျင်ပမာဏအကြား ကွာခြားချက်နှင့် နီးစပ်သည် ဟု ဆိုပါစို့။ ထိုအခြေအနေမျိုးတွင် အရောင်းအဝယ်ကို စနစ်က အလိုအလျောက် ပိတ်သွားမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်တွင် ၎င်းတို့အား ထိန်းသိမ်းရန် ရင်းနှီးငွေအလုံအလောက်မရှိသောကြောင့် အရောင်းအဝယ် ကွဲပြားခြင်းဗျူဟာအရ အဆိုပါကုန်သွယ်ရေးအတွဲ (သို့မဟုတ်) အခြားအရောင်းအဝယ်များတွင် အရောင်းအဝယ်အသစ်များဖွင့်နိုင်တော့မည်မဟုတ်ပါ။

ထို့ကြောင့် Forex ကုန်သွယ်မှုတွင် အဖွင့် နှင့် အပိတ်၏ ဒုတိယစည်းမျဉ်းမှာ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု ဖြစ်သည်။ အထက်ပါအတိုင်းလိုက်နာလျှင် သင်သည်ပိုမိုကောင်းမွန်သော အမြတ်အစွန်းကို တဖြည်းဖြည်းရရှိလာမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဆန့်ကျင်ဘက်မဟုတ်သော အန္တရာယ်နည်းပါး၍ ပမာဏသေးငယ်သော ကုန်သွယ်မှုများစွာကို ဝင်သင့်သည်ဟုဆိုလိုသည်။ ဖွင့်ထားသောအရောင်းအဝယ် ကွဲပြားခြင်းသည်လည်း စျေးကွက်ထိတွေ့မှုကို လျော့နည်းစေသည်။ ပုံမှန်အရောင်းအဝယ်ဖြစ်သောနေ့ရက် (သို့မဟုတ်) စျေးကွက်အကြီးအကျယ်လှုပ်ခတ်မှုဖြစ်လျှင်ပင် အရေးမကြီးပါ။ Forex အရောင်းအဝယ်ပမာဏသည် ဆန့်ကျင်ဘက်ဦးတည်ချက်အတွင်း စျေးနှုန်းအပြောင်းအလဲ တစ်ခုတည်းကြောင့် အပ်ငွေတစ်ခုလုံးကို ဆုံးရှုံးစေနိုင်သောကြောင့် scalpers နှင့် intraday traders များအတွက် အရေးကြီးပါသည်။

ကုန်သွယ်မှုကို အခုပဲ စတင်မည်

အရောင်းအဝယ်ကို မည်ကဲ့သို့ပိတ်ရမည်နည်း- အဓိပ္ပါယ်နှင့် ဥပမာများ

အရောင်းအဝယ်ပိတ်ခြင်း ဆိုတာဘာလဲ - လေ့လာကြည့်ကြပါစို့

အရောင်းအဝယ်တစ်ခုပိတ်ခြင်းသည် ဖွင့်ခြင်း၏ ဘဏ္ဍာရေးရလဒ်ကို ပုံသေသတ်မှတ်ထားသည့် အခြေအနေတစ်ခုဖြစ်သည်။

အကယ်၍ အ၀ယ်ဖွင့်ပြီးနောက် ပိုင်ဆိုင်မှုသည် တန်ဖိုးတက်လာပါက အရောင်းအဝယ်ပိတ်ခြင်းသည် အပေါင်းလက္ခဏာဆောင်သော ငွေကြေးရလဒ်ဖြစ်သည့် အမြတ်အစွန်းကို မှတ်တမ်းတင်မည်ဖြစ်သည်။ အကယ်၍ သင်သည် အဝယ်အနေအထားသို့ ဝင်ပြီးနောက် ပိုင်ဆိုင်မှုတန်ဖိုး ကျဆင်းလာပါက အရောင်းအဝယ်ပိတ်ခြင်းသည် အနုတ်လက္ခဏာရလဒ်ဖြစ်သည့် ဆုံးရှုံးမှုကိုဖြစ်ပေါ်စေပါသည်။

အရောင်းသည်လည်း သဘောတရား အတူတူပင်ဖြစ်သည်။ ကုန်သွယ်မှုတစ်ခုအတွက် အနိမ့်ဆုံးစျေးနှုန်း၌ ပိတ်ခြင်းသည် အကျိုးအမြတ်ကို သတ်မှတ်မည်ဖြစ်သည်။ အရောင်းလုပ်ဆောင်မှုတွင် မြင့်မားသောစျေးနှုန်းဖြင့်ပိတ်ခြင်းသည် အနုတ်လက္ခဏာ ကုန်သွယ်မှုရလဒ် ကို မှတ်တမ်းတင်ပါမည်။

သင်၏ အရောင်းအဝယ်ကို ပိတ်ပြီးနောက် ကုန်သွယ်မှုရလဒ်များကို ‘Trading history’ ဂရပ်တွင် ပြသထားပါမည်။

LiteFinance: အရောင်းအဝယ်ကို မည်ကဲ့သို့ပိတ်ရမည်နည်း- အဓိပ္ပါယ်နှင့် ဥပမာများ

Forex တွင် အရောင်းအဝယ်အားလုံးကို ဘယ်လိုပိတ်မလဲ?

အရောင်းအဝယ်ပိတ်ခြင်းဆိုသည်ကို သင်သိရှိပြီးဖြစ်သည်။ အ၀ယ်ကိုပိတ်ရန် တူညီသော အရောင်းပမာဏကို ထည့်သွင်းရန်လိုအပ်သည်။ ဥပမာအားဖြင့် အကယ်၍သင်သည် အ၀ယ်ကို 0.1 lots ဖြင့်ဖွင့်ထားပါက ၎င်းကိုပိတ်ရန် 0.1 lots ဖြင့် ရောင်းချရန်လည်းလိုအပ်မည်ဖြစ်ပါသည်။

အရောင်းအဝယ်တစ်ခုပိတ်ခြင်း အဓိပ္ပာယ်အရ အရောင်းအော်ဒါမှထွက်ရန် တူညီသောပမာဏအတိုင်း ဝယ်ယူရပါမည်။

အကယ်၍သင်သည် မူရင်းကုန်သွယ်မှုထက် သေးငယ်သောပမာဏကိုပိတ်ပါက အရောင်းအဝယ်၏ တစ်စိတ်တစ်ပိုင်းကို ပိတ်သွားမည်ဖြစ်သည်။

ဥပမာအားဖြင့် သင်သည် EURUSD ကို 0.1 lot ဖြင့်ဝယ်ယူပြီးနောက် 0.03 lot ဖြင့် ပြန်လည် ရောင်းချပါက ကျန်ရှိသော 0.07 lot အဝယ်မှာ ဆက်လက်ပွင့်နေဦးမည်ဖြစ်သည်။

အကယ်၍ သင်သည်အဝယ်ဝင်ရောက်၍ 0.1 lot ဖြင့် ဝယ်ပြီးနောက် 0.13 lot ကိုရောင်းချပါက သင်၏ အဝယ်လုပ်ဆောင်မှုသည် ပိတ်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် 0.03 lot သည် အရောင်း ပုံစံဖြင့် ပွင့်မည်ဖြစ်သည်။ ဤအခြေအနေတွင် အရောင်းကိုပိတ်သည့် အရောင်းအဝယ် ပမာဏသည် အဝယ်ကိုဖွင့်ခဲ့သောအော်ဒါ၏ ပမာဏထက်ပိုများသည်။

ကုန်သွယ်မှု၏ဘဏ္ဍာရေးရလဒ်ကို အရောင်းအဝယ်ပိတ်ပြီးမှသာ အမြဲတွက်ချက်ပါသည်။

Forex တွင် အရောင်းအဝယ်ကို မည်သို့ပိတ်မည်နည်း?

Forex ဖွင့်ထားသော အရောင်းအဝယ်များကိုပိတ်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ စျေးကွက်မှထွက်ခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သင်ကိုယ်တိုင်အော်ဒါကို လက်ရှိစျေးကွက်ပေါက်ဈေး ဖြင့် ထွက်လိုက်ခြင်းဖြစ်ပါသည်။

ထို့အပြင် ကြိုတင်သတ်မှတ်ထားသော စျေးနှုန်းဖြင့်အရောင်းအဝယ်ကို အလိုအလျောက်ပိတ်ခြင်း ဖြစ်သော ရွေးချယ်ချက်များဖြင့်လည်း သတ်မှတ်နိုင်သည်။

အရှုံးခံဈေး (stop loss) ဖြင့်အရောင်းအဝယ် ပိတ်သွားသောအခါ ကုန်သွယ်မှုသည် အလိုအလျောက် ထွက်သွားသည်ဟုဆိုလိုသည်။ စျေးနှုန်းသည်ခန့်မှန်းချက်နှင့် ဆန့်ကျင်ဘက်သို့သွားပါက stop-loss သည် အလုပ်လုပ်သည်။

အဝယ်လုပ်ဆောင်ခြင်းအတွက် အရှုံးခံဈေး ကို အဝင်ဈေးထက်နိမ့်သောစျေးဖြင့် သတ်မှတ်သည်။

အရောင်းကုန်သွယ်မှုအတွက် အရှုံးခံဈေး ကို အဝင်ဈေးထက် ပိုမိုမြင့်မားသော စျေးနှုန်းဖြင့် သတ်မှတ်သည်။

ထိုသို့သောစျေးနှုန်းအဆင့်တွင် အရှုံးခံဈေး ကိုသတ်မှတ်ထားပြီး ၎င်းသည် မျှော်လင့်ထားသည့် ကုန်သွယ်မှုအခြေအနေမှာ အလုပ်မဖြစ်ကြောင်း သက်သေပြချက်ဖြစ်သည်။

အကယ်၍အခြေအနေသည် လမ်းကြောင်းမှန်သို့လှည့်သွားပါက အချို့သောကုန်သည်များ သည် စျေးနှုန်းလှုပ်ရှားမှုလမ်းကြောင်းတွင် ကုန်သွယ်မှု၏စျေးကွက် ထိတွေ့မှု ကိုလျှော့ချရန် အရှုံးခံဈေး ကို သတ်မှတ်လိုကြသည်။

ထိုသို့သော stop order ကို trailing stop ဟုခေါ်သည်။ Trailing stop ကိုသတ်မှတ်ရန် အသုံးအများဆုံးနည်းလမ်းမှာ လက်ရှိစျေးနှုန်းမှ 'n' အကွာအဝေး pips ဖြစ်သည်။

ဥပမာအားဖြင့် သင်သည်အမေရိကန်ငွေကြေးမူဝါဒ ထုတ်ပြန်ချက်ပြီးနောက် EURUSD ကို အဝယ်ကုန်သွယ်မှုလုပ်ဆောင်ပြီး trailing stop '30' pips ကိုသတ်မှတ်ပါ။ ထို့ကြောင့်၊ EURUSD သည် အဝင်ဈေး မှ 30 pip တက်လာပါက အရှုံးခံဈေးသည် အဝင်ဈေးသို့ ရွေ့သွားမည် ဖြစ်ပါသည်။ အကယ်၍စျေးနှုန်းသည် 40 pips သို့တက်သွားပါက အရှုံးခံဈေး သည် အဝင်စျေးထက် 10 pips ပိုများမည်ဖြစ်သည်။ ကွဲပြားစွာဖော်ပြရလျှင် စျေးနှုန်းမြင့်တက်နေသမျှ ကာလပတ်လုံး အရှုံးခံဈေး သည်အမြင့်ဆုံးစျေးနှုန်း တန်ဖိုးအောက် 30 pips အကွာအဝေးတွင် ရှိနေမည်ဖြစ်သည်။

အကယ်၍စျေးနှုန်းမြင့်တက်မှုရပ်တန့်သွားပါက (သို့မဟုတ်) စတင်ကျဆင်းလာပါက trailing stop သည် စျေးနှုန်းနှင့်အတူ အောက်သို့ရွေ့မည်မဟုတ်ပါ။

Trailing stop သည် အလားအလာရှိသောအမြတ်၏ တစ်စိတ်တစ်ပိုင်းကို ကာကွယ်ပေးသည်။ ကုန်သည်၏ရေရှည်စျေးနှုန်းလမ်းကြောင်း မျှော်လင့်ချက်အတိုင်း ပြောင်းပြန်ဖြစ်ပါက trailing stop ကိုအသုံးပြုခြင်းဖြင့် စျေးနှုန်းလမ်းကြောင်းသည် မူလမျှော်မှန်းထားသည့် လမ်းကြောင်းအတိုင်း သွားနေသော်လည်း မျှော်မှန်းထားသည့် အမြတ်သို့မရောက်ရှိမှီ ဆန့်ကျင်ဘက် ဦးတည်ချက်သို့ လှည့်သွားပါက အမြတ်အစွန်းကိုရယူနိုင်ပါသည်။

အမြတ်ယူသည့်ဈေးတန်း (take profit) ဖြင့် အရောင်းအဝယ်များကို ပိတ်ခြင်းဆိုသည်မှာ သင်၏အရောင်းအဝယ်ကို အမြတ်ပစ်မှတ်အဆင့်တွင် ပိတ်လိုက်ခြင်းဖြစ်သည်။

အဝယ်လုပ်ဆောင်ခြင်းအတွက် အမြတ်ယူသည့်ဈေးတန်းကို ပိုမိုမြင့်မားသော စျေးနှုန်းဖြင့်သတ်မှတ်သည်။ အရောင်းလုပ်ဆောင်ခြင်းအတွက် အနိမ့်ဆုံးစျေးနှုန်းဖြင့် အမြတ်ယူသည့်ဈေးတန်းကို သတ်မှတ်သည်။ အရောင်းအဝယ်တစ်ခုဖွင့်ပြီးနောက် အမြတ်ယူသည့် ဈေးတန်းအော်ဒါတစ်ခုကို စျေးနှုန်းသွားသင့်သော လမ်းကြောင်းတွင် ထည့်သွင်းထားသည်။

စျေးကွက်အခြေအနေ သုံးသပ်ခွဲခြမ်းစိတ်ဖြာချက်အရ ပရော်ဖက်ရှင်နယ်ကုန်သည်များသည် အရောင်းအ၀ယ်မလုပ်မှီတွင်ပင် အရှုံးခံဈေးတန်ဖိုးနှင့် အမြတ်ယူမည့်ဈေးတန်ဖိုးအော်ဒါများကို သတ်မှတ်သည်။ အတွေ့အကြုံရှိ ကုန်သည်များသည် မလွဲမသွေဖြစ်လာနိုင်သော စျေးနှုန်းလှုပ်ရှားမှုအပေါ် အခြေခံသည့် သံသယဖြစ်ဖွယ် ဈေးကွက်အနေအထားအပေါ် အထိအခိုက်မခံလိုကြပါ။

အရှုံးခံဈေး (stop loss) တန်ဖိုးသည် ကုန်သည်မှ အရောင်းအဝယ်ကို အမြတ်တစ်ခုဖြင့်ပိတ်ရန် စွန့်စားလိုသည့် ပမာဏကိုညွှန်ပြသည်။ အမြတ်ယူမည့်ဈေး (take profit) ၏တန်ဖိုးသည် အရောင်းအဝယ်တွင် မျှော်မှန်းထားသော အမြတ်ပမာဏကိုညွှန်ပြသည်။

Forex တွင် အရောင်းအဝယ်ပိတ်ခြင်းအတွက် အရေးကြီးသောအချက်မှာ အမြဲကြိုတင်စီစဉ်ထားမှု ရှိခြင်းဖြစ်သည်။

Forex ကုန်သွယ်မှုမှ ထွက်ခြင်း - အမေးများသော မေးခွန်းများ

ပထမဦးစွာ အရောင်းအဝယ် ဖွင့်ခြင်းကို နားလည်သင့်သည်။ အရောင်းအဝယ်ဖွင့်ခြင်း ဆိုသည်မှာ ပိုင်ဆိုင်မှုစျေးနှုန်းသည် သတ်မှတ်ထားသော ပျမ်းမျှရာခိုင်နှုန်းတန်ဖိုးသို့ ရောက်ရှိသောအခါ အနာဂတ်တွင် ပြောင်းပြန်ဖြစ်မည့် မျှော်လင့်ချက်ဖြင့် ကုန်သည်တစ်ဦးမှ ပိုင်ဆိုင်မှုတစ်ခုကို ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချသည့် အခြေအနေတစ်ခုဖြစ်သည်။

အရောင်းအဝယ်ပိတ်ခြင်းသည် ဆန့်ကျင်ဘက်ကုန်သွယ်မှုကို ပြီးမြောက်ပြီးဖြစ်သည့် အခြေအနေတစ်ခုဖြစ်ပြီး ငွေကြေးရလဒ်ကို ကုန်သည်၏ငွေကြေးလက်ကျန်တွင် မှတ်တမ်း တင်ထားသည်။

ပထမဦးစွာ ပျမ်းမျှစျေးနှုန်းခန့်မှန်းချက်အပေါ် မူတည်၍ ဖွင့်မည့် အရောင်းအဝယ်ဖြစ်သည့် အဝယ်(သို့မဟုတ်) အရောင်း ကိုရွေးချယ်ရပါမည်။ နောက်တစ်ခုမှာ အဝင်စျေးနှုန်းကို စျေးကွက် ပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖွင့်မလား (သို့မဟုတ်) အနာဂတ်တွင် သီးခြားစျေးနှုန်းတစ်ခုဖြင့် ဖွင့်မလား ဆိုသည်ကိုဆုံးဖြတ်သင့်သည်။

ဖွင့်ထားသော အရောင်းအဝယ်(open position) ဆိုသည်မှာ ကုန်သည်တစ်ဦးတွင် ငွေကြေးရလဒ်များကို မှတ်တမ်းတင်ထားခြင်းမရှိသေးသော ကုန်သွယ်မှုတစ်ခုဖြစ်သည်။

အရောင်းအဝယ်ပိတ်ခြင်းဆိုသည်မှာ သင်သည် ဖွင့်ထားသော အရောင်းအဝယ်တစ်ခုကို ဆန့်ကျင်ဘက် ပြုလုပ်သည်ဟုဆိုလိုသည်။ အကယ်၍ သင်သည်အ၀ယ်လုပ်ဆောင်ထားပါက ကုန်သွယ်မှုကို အရောင်းဖြင့်သာ ပိတ်နိုင်သည်။ အရောင်းဖွင့်ထားပါက ဝယ်ယူမှုဖြင့်သာ ပိတ်ပါသည်။ Swing trading (သို့မဟုတ်) intraday trading ၏ တူညီသော ကုန်သွယ်မှုနေ့ရက်တွင် အရောင်းအဝယ်များ ကိုပိတ်နိုင်သည် (သို့မဟုတ်) ရေရှည်ကုန်သွယ်မှုဖြစ်သော ရက်အနည်းငယ်ကြာ (သို့မဟုတ်) ရက်သတ္တပတ် ကြာသည်အထိပင် ဖွင့်ထားသော အရောင်းအဝယ်များကို ထိန်းထားနိုင်သည်။

ဖွင့်ထားသည့် အရောင်းအဝယ်ကို အခြေအနေနှစ်ခုတွင် ပိတ်သင့်သည်-

  • အကယ်၍ ပိုင်ဆိုင်မှုစျေးနှုန်း သည် ကုန်သည်မှသတ်မှတ်ထားသော အမြတ်ငွေသို့ ရောက်ရှိသွားပါက
  • အကယ်၍စျေးနှုန်းသည် ခန့်မှန်းချက် အရ မှားယွင်းနေပြီး ကုန်သွယ်ရေးပစ္စည်းသည် စွမ်းဆောင်ရည်ကျဆင်းသွားကြောင်း ကုန်သည်မှသိရှိသည့် အဆင့်သို့ရောက်ရှိပါက ဖြစ်သည်။

အကယ်၍ သင်သည် ကုန်သွယ်ရေးအကျိုးဆောင်ကုမ္ပဏီတစ်ခု၏ အွန်လိုင်းတာမင်နယ်တွင် ကုန်သွယ်မှုလုပ်ဆောင်နေပါက လိုအပ်သောအနေအထားကို ရွေးချယ်ပြီး ‘Close’ ခလုတ်ကိုနှိပ်ပါ။ သင်သည် MetaTrader နှင့် ကုန်သွယ်သောအခါ ဖွင့်ထားသော အရောင်းအဝယ်ပေါ်တွင် right-click နှိပ်ပြီး ‘Close order’ လုပ်ဆောင်ချက်ကို ရွေးချယ်နိုင်သည်။

သင်ဖွင့်ထားသည့် အရောင်းအဝယ်ကို ပိတ်သောအခါ ဆန့်ကျင်ဘက် အရောင်းအဝယ်တစ်ခု ပြုလုပ်ခြင်းဖြစ်သည်။

သင်သည်အဝယ်လုပ်ဆောင်မှုကို ပိတ်လိုက်သောအခါ ပိုင်ဆိုင်မှုကို လက်ရှိပေါက်ဈေးဖြင့် ရောင်းချခြင်းဖြစ်ပြီး အရောင်းလုပ်ဆောင်မှုကို ပိတ်လိုက်သောအခါတွင် ပိုင်ဆိုင်မှုကို လက်ရှိပေါက်ဈေးဖြင့် ဝယ်ယူခြင်း ဖြစ်သည်။

အရောင်းအဝယ် ဖွင့်ခြင်းနှင့်ပိတ်ခြင်း ဈေးနှုန်းအကြားကွာခြားချက်မှာ အရောင်းအဝယ်မှရရှိသော အမြတ်/အရှုံးဖြစ်သည်။

ဘဏ္ဍာရေးဈေးကွက်တွင် အရောင်းအဝယ် (position) ဆိုသည်မှာ လက်ရှိဈေးကွက်အခြေအနေနှင့် အနာဂတ်လမ်းကြောင်းအတွက် စျေးနှုန်းခန့်မှန်းချက်များအရ ကုန်သည်မှဝယ်ရန် (သို့မဟုတ်) ရောင်းရန် ဆုံးဖြတ်ထားခြင်း ကိုဆိုလိုသည်။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
Forex ကုန်သွယ်မှုတွင် အရောင်းအဝယ်များ ဖွင့်ခြင်း နှင့် ပိတ်ခြင်း ဆိုသည်မှာ အဘယ်နည်း?

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat