ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အနှစ်ချုပ်။

  • ဤဆောင်းပါးတွင် ကမ္ဘာ့အအောင်မြင်ဆုံးသော ကုန်သည်အချို့၏ ဘဝဖြတ်သန်းမှု နှင့် ကုန်သွယ်ရေးနည်းဗျူဟာများကို လေးနက်စွာ ရှာဖွေတင်ပြပေးထားသည့်အပြင် George Soros ၏ ဘဝဇာတ်ကြောင်းကိုလည်း အလေးပေးဖော်ပြထားပါသည်။
  • ဒုတိယကမ္ဘာစစ်မှ အသက်ရှင်ရက် လွတ်မြောက်ခဲ့သော ဟန်ဂေရီဂျူး လူမျိုးတဦး ဖြစ်သူ Soros သည် လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ နောက်ဆုံးတွင် Soros သည် ဗြိတိန်ပေါင်၏စျေးနှုန်းကို လောင်းကြေးထပ်ကာ တရက်လျှင် တစ်ဘီလီယံဒေါ်လာရှာဖွေနိုင်ခဲ့ပြီး၊ ကမ္ဘာပေါ်တွင် ပထမဆုံး ငွေကြေး စျေးနှုန်း ခန့်မှန်းသူတဦးအဖြစ် ၎င်း၏ဂုဏ်ပုဒ်ကို ခိုင်မာစေခဲ့သည်။ Soros သည် ၎င်း၏ ကိုယ်ပိုင် ငွေကြေးကိရိယာများကို ဆန်းသစ်တီထွင်ခဲ့ပြီး၊ အဆိုပါ ကိရိယာများဖြင့် နိုင်ငံတကာကုန်သွယ်ရေးကို အဦးဆုံး ဆောင်ရွက်ခဲ့သည်။ ၎င်း၏ အမျိုးမျိုးသော ဥရောပငွေကြေးကုန်သွယ်မှုများနှင့်  ကျယ်ပြန့်စွာ ဖြန့်ကျက်ထား သော ရင်းနှီးမြှုပ်နှံမှုများ မှ မအောင်မြင်သော ရင်းနှီးမြှုပ်နှံမှုအချို့ကို ကြည့်ခြင်း အားဖြင့် Soros သည် စွန့်စားမှုများ ကို ကြိုက်နှစ်သက်သူတဦး ဖြစ်ကြောင်း သိမြင်နိုင်ပါသည်။ 
  • ဤဆောင်းပါးတွင် အောင်မြင်သော ကုန်သည်များ၏ တူညီသော စရိုက်သဘာဝများ အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးထားပါသည်။ ၎င်းတို့မှ အများစုသည် ကလေးအရွယ်ကပင် ပြင်းထန်သော စိန်ခေါ်မှုများကြားတွင် နေထိုင်ခဲ့ရပြီး၊ အသက်မွေးဝမ်းကျောင်းနှင့် စပ်လျဥ်းသော အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ကြရသည်။ သို့ရာတွင် ၎င်းတို့အားလုံးသည် ထူးကဲသော ဇွဲလုံ့လ၊ မိမိအရည်အချင်းအပေါ် လေးနက်စွာ ယုံကြည်မှုနှင့်အတူ အသိပညာကို မဆုစ်မနစ်လိုက်စားခြင်းများဖြင့် အောင်မြင်သော ဘဝသရုပ်ကို ထင်ရှားစေခဲ့ကြသည်။ 
  • ၎င်းတို့သည် ရှုံးနိမ့်မှုများကြောင့် နောက်မဆုတ်ခဲ့ကြပေ။ ထိုအစား ၎င်းတို့သည် ဆိုးဝါးသောအတွေ့အကြုံများမှ သင်ယူ၍ ပိုမိုတိုးတက်ရန်ကြိုးစားခဲ့ကြသည်။ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်သည် ၎င်းတို့အတွက် တွန်းအားဖြစ်ခဲ့ပြီး၊ ၎င်းတို့၏ ဘဝများကို ကုန်သွယ်ရေးတွင် မြှုပ်နှံခဲ့ကြသည်။

အောင်မြင်သောကုန်သည်များနှင့် ၎င်းတို့၏နောက်ကွယ်မှ ဇာတ်ကြောင်းများ။

ဤနယ်ပယ်မဟုတ်လျင် ထိုနယ်ပယ် အစရှိသဖြင့် နယ်ပယ်တခုမဟုတ်တခု၌ အောင်မြင်မှုရရှိရန် ကြိုးစားကြရာတွင်၊ သမိုင်းကို ပြန်လည်သုံးသပ်လေ့ရှိကြပါသည်။ ကမ္ဘာ့ထိပ်တန်း သူကြွယ်ကြီးများသည် ၎င်းတို့၏ ဘဏ္ဍာရေးရည်မှန်းချက်များအောင်မြင်ရန် မည်သို့ ဆောင်ရွက်ခဲ့ကြသည်၊ မည်သို့သော အမှားမျိုးကိုပြုလုပ်ခဲ့ကြသည်၊ အဆုံးတွင် မည်သည့်နေရာသို့ ရောက်ရှိခဲ့ကြသည် စသောအချက်များကို သမိုင်းမှတဆင့် ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။ 

ကုန်သွယ်ရေးသည် အခက်ခဲဆုံးဟုဆိုနိုင်သော အလုပ်များတွင် တခုအပါအဝင်ဖြစ်ပါသည်။ အရည်အချင်း ပြည့်ဝသော ပညာရှင်တဦး၏ ပြည့်စုံသော လမ်းပြသင်ကြားပေးမှုမပါဝင်ပဲ ကျွမ်းကျင်သော ကုန်သည်တယောက်ဖြစ်လာရန် ခဲယဥ်းပါသည်။ သို့ဖြစ်လျင် မည်သည့်နည်းလမ်း ကျန်ရှိပါသနည်း - ထူးချွန်ပြောင်မြောက်သော ရလာဒ်များကို ရရှိပြီးကြသူများ၏ အတွေ့အကြုံများကို လေ့လာ၍ ၎င်းတို့၏ အဆိုအမိန့်များ၊ ၎င်းတို့ရေးသားထားသော စာအုပ်စာပေများ၊ နှီးနှောဖလှယ်ပွဲဗီဒီယိုများမှ တဆင့် သင်ယူနိုင်ပါသည်။ 

ကမ္ဘာ့ထိပ်တန်း ကုန်သည်များ၏ အံ့သြဖွယ်ရာ ဇာတ်လမ်းကမ္ဘာသို့ ဝင်ရောက်လေ့လာကြပါမည်။ 

ကမ္ဘာ့အောင်မြင်မှုအရှိဆုံးကုန်သည်များ။

ဤစာရင်းကိုပြုစုသူမှာ စာရေးသူကိုယ်တိုင် ဖြစ်ပါသည်။ စာရေးသူသည် စတော့လောကနှင့် Forex စျေးကွက်တွင် အောင်မြင်စွာ ကုန်သွယ်ခဲ့ကြသူများ၏ လူသိများသော ဘဝမှတ်တမ်းများအပေါ် အခြေခံ၍ စာရင်းပြုစုထားခြင်းဖြစ်ပါသည် (ထို့ကြောင့် ယခင်အချိန်မှစ၍ ယနေ့ထက်တိုင် နာမည်ကျော်ကြားလှသော Forex ကုန်သည်အချို့ကို ဤစာရင်းတွင် မြင်တွေ့ရပါမည်)။ ဤစာရင်းကိုပြုစုရာတွင် ၎င်းတို့၏ စတော့အိတ်ချိန်းအတွင်း အကျိုးအမြတ်ရှာဖွေနိုင်ခဲ့သော ပမာဏကိုသာမက ခေတ်သစ်ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှုအတိုင်းအတာကိုလည်း ထည့်သွင်းသုံးသပ်ခဲ့ပါသည်။ ၎င်းတို့၏ လက်ဆုပ်လက်ကိုင်မပြနိုင်သော အမွေမှာ ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အောင်မြင်မှုများမှာမူ အောင်မြင်ခြင်းအတွက် သက်သေမျှသာ ဖြစ်သည်။

အဆင်သင့်ဖြစ်ပြီဆိုလျှင် အောင်မြင်သောကုန်သည်များနှင့် စတင်မိတ်ဆက်ကြပါစို့။

Larry R. Williams - တနှစ်အတွင်း ဒေါ်လာတသောင်းကို အရင်းပြု၍ ဒေါ်လာတစ်မီလီယံ ရရှိခဲ့သူ။

LiteFinance: Larry R. Williams - တနှစ်အတွင်း ဒေါ်လာတသောင်းကို အရင်းပြု၍ ဒေါ်လာတစ်မီလီယံ ရရှိခဲ့သူ။

ကုန်သွယ်ရေးလောက၏ ပါရမီရှင်ဟု အကြွင်းမဲ့ ညွှန်းဆိုနိုင်သူတဦး။ Lary ကို ၁၉၄၂ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်နိုင်ငံ၊ မွန်တားနားပြည်နယ်၊ မိုင်လ်စီးတီးမြို့တွင် မွေးဖွားခဲ့သည်။ သူသည် ဂျာနယ်လစ်တဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။

အော်ရီဂွန် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးသည့်နောက်၊ Williams သည် စာနယ်ဇင်းလောက၏ အထွဋ်အထိပ်ဖြစ်သော မြို့ကြီးများဆီသို့ ထွက်ခွာ၍ ထိုလမ်းကြောင်းပေါ်တွင် သင်ယူလေ့လာခဲ့သည်။ Williams သည် နယူးယောက်တွင် ကြာရှည်မနေခဲ့ပဲ၊ ဇာတိမြို့သို့ ပြန်လာကာ Oregon Report အမည်ဖြင့် ၎င်း၏ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။

ဂျာနယ်လစ်တဦးသည် မည်သည့်အကြောင်းကြောင့် ကုန်သည်တဦးဖြစ်လာပါသနည်း။ ထို့အပြင် အအောင်မြင်ဆုံး ကုန်သည်များအနက်မှ တယောက်အဖြစ်သို့ မည်သို့ရောက်ရှိလာခဲ့ပါသနည်း။

Williams သည် ကိုယ်ပိုင်သတင်းစာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာမှ စတော့အိတ်ချိန်းတွင် ကုန်သွယ်ရန် အကြံအစည်ကို ရရှိခဲ့သည်။  သူသည် အမေရိကန်ကုမ္ပဏီကြီးများ၏ စီးပွားရေးသတင်းများကို ပုံနှိပ်ထုတ်ဝေစဥ်တွင် စတော့စျေးအတက်၊ အကျများမှတဆင့် မိမိ၏ဝင်ငွေကို အတော်အသင့် တိုးပွားစေရန် လုပ်ဆောင်နိုင်ကြောင်း သတိပြုမိခဲ့သည်။ မူလအစတွင် အစုရှယ်ယာများမှတဆင့် အပိုဝင်ငွေတခု ရရှိရန် ရည်ရွယ်၍သာ သူ၏အစီအစဥ်အားလုံးကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Lary သည် အော်ရီဂွန်ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များဆီသို့ လှည့်လည်သွားလာ၍ သူ၏ ကုန်သွယ်ရေးလမ်းကြောင်းကို စတင်ခဲ့သည် - ထိုအချိန်တွင် အင်တာနက် မရှိခဲ့သေးပါ။ သို့ရာတွင် ပြည့်စုံသော သတင်းအချက်အလက်များကို မရရှိခဲ့ပေ။ ထိုသို့ဖြင့် သူ၏ရာထူးကိုအသုံးချကာ အကျိုးဆောင်ကုမ္ပဏီများမှ ဝန်ထမ်းများကို အင်တာဗျူးရန် ဆုံးဖြတ်ချက်ချခဲ့သည်။ 

၆၀ ပြည့်နှစ်များ၏ ဒုတိယသက်တမ်းအလယ်ခန့်တွင် ၎င်းသည် စတော့အိတ်ချိန်းသို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်ခဲ့သည်။ သူသည် တနှစ်အတွင်း အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ဘဏ္ဍာရေးအကြံပေးအဖြစ်လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။ ပထမပိုင်းတွင် လူသစ်များကိုသာ အကြံဥာဏ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကိုယ်တိုင်စတင်၍ ကုန်သွယ်ခဲ့သည်။ သို့ရာတွင် ထိုအချိန်က ရှိခဲ့သော နည်းပညာပိုင်းနှင့် အခြေခံပိုင်း ခွဲခြမ်းစိတ်ဖြာမှုများသည် Larry အတွက် အလုပ်မဖြစ်ခဲ့ပေ။ Larry သည် ကာလတိုကုန်သွယ်ရေးကို ဆောင်ရွက်လိုသူဖြစ်ပြီး၊ ထိုစဥ်က ရေပန်းစားသော ကုန်သွယ်ရေး နည်းဗျူဟာအားလုံးသည် ကာလရှည် သို့မဟုတ် အလယ်အလတ်ကာလကိုသာ အခြေခံထားသော နည်းလမ်းများ ဖြစ်ခဲ့ကြသည်။

ထိုကဲ့သို့သော အကြောင်းများကြောင့် သူသည် ထိုအချိန်မှစ၍ ကိုယ်ပိုင် နည်းလမ်းများကို တီထွင်ဖန်တီးရန် ကြံစည်ခဲ့သည်။ သို့သော်လည်း ကုန်သွယ်ရေးသည် စိတ်ကူးယဥ်ပုံပြင်တပုဒ် မဟုတ်လေရာ၊ Williams သည် ၇၀ ပြည့်နှစ်များသို့ ရောက်ရှိသည့်တိုင်အောင် ရလာဒ်ကောင်းများကို မရရှိခဲ့ပေ။ သူ၏ မိတ်ဆွေတဦးထံမှ derivatives များကို စမ်းသပ်ကုန်သွယ်ရန် အကြံပေးမှုကိုသာ မရရှိခဲ့လျင် ကုန်သွယ်ရေး နယ်ပယ်တွင် ဖြစ်ဖြစ်မြောက်​မြောက် အောင်မြင်ခဲ့လိမ့်မည်မဟုတ်ဟုပင်  ဆိုနိုင်ပေသည်။ 

Derivative များသည် နည်းပါးသော ကုန်သွယ်ရေး ကော်မရှင်ဖြင့် ကုန်သွယ်ခွင့်ကို ပံ့ပိုးပေးပြီး၊ leverage နှင့် စျေးအပြောင်းအလဲများသည် ကုန်သည်တဦး၏ အရင်းအနှီးကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ခွင့်ပြုပေးခဲ့သည်။ Larry သည် ရှိနှင့်ပြီးသော နည်းဗျူဟာများကို ပိုမိုကောင်းမွန်စေရန် စတင်၍ မွမ်းမံခဲ့ပြီး၊ ၎င်း၏ ကိုယ်ပိုင် ကြိုတင်ခန့်မှန်းခြင်း နည်းလမ်းများကို ထုတ်ဖော်ခဲ့သည်။   

Robbins World Cup တွင်ရရှိခဲ့သော အောင်မြင်မှုသည် ၎င်း၏ အထင်ရှားဆုံးသော စွမ်းဆောင်မှု အောင်ပွဲတခု ဖြစ်သည်။ Larry သည် တနှစ်အတွင်း ဒေါ်လာတသောင်းကို အရင်းပြု၍ အမေရိကန် ငွေကြေးယူနစ် ဆယ့်တသိန်း ကို ရယူနိုင်ခဲ့သည်။ ဤရလာဒ်အရ တနှစ်အတွင်း 11,000 % အမြတ်အစွန်းကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် အဆိုပါရလာဒ်သည် ၎င်းပြိုင်ပွဲအတွင်း စံချိန်တင်အမြင့်မားဆုံး ရလာဒ် ဖြစ်ခဲ့သည်။ ထို့နောက်တွင်မူ Larry သည် သူ၏ အရည်အချင်းကို ကြိမ်ဖန်များစွာ သက်သေထူခဲ့သည်။ သူ၏ အရင်းအနှီးငွေမှာလည်း တနှစ်ထက်တနှစ် တိုးပွားလာခဲ့သည်။

ယခုဆိုလျှင် ဤကုန်သည်မှာ အသက် ၇၇ နှစ်အရွယ်သို့ရောက်ရှိခဲ့ပြီဖြစ်ပြီး အနားယူခဲ့ပြီဖြစ်သည်။ Larry သည် သင်ကြားရေးနှင့် တိုင်ပင်ဆွေးနွေးခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့ပြီး၊ ကုန်သွယ်ရေးဆိုင်ရာ စာအုပ်များစွာကို ရေးသားခဲ့သည့်အပြင် နှီးနှောဖလှယ်ပွဲများစွာကို ဦးစီးဦးဆောင်ပြု၍ လူသစ်များအတွက် အဖိုးမဖြတ်နိုင်သော အကြံဥာဏ်များစွာကို ပေးအပ်ခဲ့သည်။

ပြောင်မြောက်သော စွမ်းဆောင်မှုများ။

  • ကုန်သွယ်ရေးနှင့်စပ်လျဥ်း၍ အသုံးဝင်သော စာအုပ်များစွာကို ရေးသားခဲ့သည်။ ရာသီအလိုက် စျေးကွက်၏ အခြေအနေများကို သုံးသပ်ကာ အသေးစိတ် ရှင်းလင်းမျှဝေပေးခဲ့သည်။

  • ကုန်သည်ကြီးများ၏ အစီရင်ခံစာများ (COT reports) များကို ခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာတခုအား ဖော်ထုတ်ခဲ့သည်။

  • သူ၏ကိုယ်ပိုင် indicators များဖြစ်သော Williams R%၊ Ultimate Oscillator နှင့် COT Indices များကို ဖန်တီးခဲ့သည်။


Steven A. Cohen - စုစုပေါင်း ကြွယ်ဝချမ်းသာမှု ၉.၂ ဘီလီယံဒေါ်လာ။

LiteFinance: Steven A. Cohen - စုစုပေါင်း ကြွယ်ဝချမ်းသာမှု ၉.၂ ဘီလီယံဒေါ်လာ။

Steven A. Cohen ကို ၁၉၅၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူသည် Pennsylvania တက္ကသိုလ်မှ စီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ အထက်တန်းကျောင်းသားဘဝတွင် ပိုကာကစားလေ့ရှိခဲ့ပြီး၊ အနိုင်ရသောငွေ ဖြင့် ရှယ်ယာများကို ဝယ်ယူလေ့ရှိခဲ့သည်။ ကုန်သွယ်ရေးနယ်ပယ်တွင် ၆ နှစ်တာဖြတ်သန်းခဲ့ပြီးနောက်၊ စီမံခန့်ခွဲခြင်းလုပ်ငန်းဖြင့် ၇၅မီလီယံဒေါ်လာကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ကုန်သွယ်ရေးကို တစထက်တစ တိုးကာ စတင်ဆောင်ရွက်ခဲ့ပါသည်။ 

ငွေကြေးအတွက်ပူပင်ရခြင်းမရှိတော့ပဲ အနာဂါတ်အတွက်ငွေအတော်အသင့် စုဆောင်းမိခဲ့ပြီးနောက် Steven သည် SAC Capital Partners အမည်ဖြင့် ၎င်း၏ ကိုယ်ပိုင် စုပေါင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို တည်ထောင်ခဲ့ပြီး စီမံခန့်ခွဲခြင်းဝန်ဆောင်ခ ၁၃ မီလီယံဒေါ်လာသာ ရရှိခဲ့သည်။ ထို့နောက် အဆိုပါ စုပေါင်းရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်ကြသော ရင်းနှီးမြှုပ်နှံသူများ၏ အမြတ်မှ ၂၀% ကို ဆုကြေးအဖြစ် ရယူခဲ့သည်။ ထိုစဥ်က Cohen ၏ စီမံခန့်ခွဲမှုအဖိုးအခသည် အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏  ပျမ်းမျှဝန်ဆောင်ခထက် မြင့်မားခဲ့သည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများသည် ပြန်လည် ရရှိမည့် အကျိုးအမြတ်ကို မသိရှိခဲ့ကြပါ။ 

၁၉၉၂ မှ ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း SAC သည် ၃% စီမံခန့်ခွဲမှုအခကြေးငွေနှင့် ၅၀% အမြတ်စွမ်းဆောင်ရည်ခွဲတမ်းများအောက်တွင် အကျိုးအမြတ် ၂၉% ရလာဒ်ကို ရရှိခဲ့သည်။ ထိုကာလ၏ နောက်ပိုင်းတွင် အတွင်းသတင်းနှိုက်၍ ကုန်သွယ်ရေးဆောင်ရွက်ခဲ့သည်ဟူသော စွပ်စွဲချက်တခု ပေါ်ပေါက်လာခဲ့သည်။ SAC သည် အပြစ်ရှိကြောင်း အသနားခံခဲ့ပြီး ၁.၂ ဘီလီယံဒေါ်လာဒဏ်ကြေးငွေကို ပေးဆောင်ခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် Cohen သည် ကုမ္ပဏီအသစ်တခုကို ထူထောင်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် SAC ကုမ္ပဏီကို ပယ်ဖျက်၍ Point72 Asset Management ဟူသောအမည်ဖြင့် ကုမ္ပဏီအသစ်တခုကို အစားထိုး တည်ထောင်ခဲ့သည်။ 

လက်ရှိတွင် Bloomberg ဘီလီယံနာများ ညွှန်းကိန်းအရ Steven ၏ ကိုယ်ပိုင်အရင်းအနှီးသည် ၉.၂ ဘီလီယံဒေါ်လာခန့် ဖြစ်ပါသည်။ လက်ရှိအသက်မှာ ၆၂ နှစ် ဖြစ်ပြီး ​သူ၏ ငွေကြေးများကို Point 72 Asset Management မှ စီမံခန့်ခွဲပါသည်။

ပြောင်မြောက်သော စွမ်းဆောင်မှုများ။

  • စုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အကျိုးအမြတ် စံနှုန်းအသစ်များကို ချမှတ်ခဲ့သည်။

  • ရင်းနှီးမြှုပ်နှံမှု ရံပုံငွေစီမံခန့်ခွဲသူများကို လေ့ကျင့်သင်ကြားပေးရန် Point72 Academy အမည်ဖြင့် တခုတည်းသော အထူးသင်တန်းကျောင်းကို တည်ထောင်ခဲ့သည်။

  • ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းကို ကြိုတင်ခန့်မှန်းခဲ့ပြီး ပမာဏအချိန်အဆသာလျင် လွဲချော်ခဲ့သည်။ ထိုသို့ ကြိုတင်မှန်းဆနိုင်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုရံပုံငွေ ၁၉ % ကို မလွှဲမရှောင်သာ ဆုံးရှုံးခဲ့ရပါသည်။


Paul Tudor Jones - စုစုပေါင်း ကြွယ်ဝချမ်းသာမှု ၅ ဘီလီယံဒေါ်လာ။

LiteFinance: Paul Tudor Jones - စုစုပေါင်း ကြွယ်ဝချမ်းသာမှု ၅ ဘီလီယံဒေါ်လာ။

Paul Tudor Jones II ကို ၂၈ရက်၊ စက်တင်ဘာ၊ ၁၉၅၄ ခုနှစ်တွင် Tennessee နိုင်ငံ၊ Memphis မြို့၌ မွေးဖွားခဲ့သည်။ Memphis တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် ဗာဂျီးနီးယားတက္ကသိုလ်တွင် စီးပွားရေးဘွဲ့ကို  ထပ်မံရရှိခဲ့သည်။

Paul သည် ငွေလဲလှယ်ရေးရုံးခန်းတွင် စာရေးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ နာမည်ကြီးကုမ္ပဏီတခုဖြစ်သော E.F Hutton မှ အကျိုးဆောင်ကိုယ်စားလှယ်တဦး ဖြစ်လာခဲ့သည်။ Jones သည် အလွတ်တန်း ကုန်သည်တဦးအဖြစ် နှစ်နှစ်ခွဲခန့် လုပ်ကိုင်ခဲ့သည်။ ထို့နောက် Harvard တက္ကသိုလ် စီးပွားရေးဌာနတွင် တက်ရောက်ရန် အမည်စာရင်းပေးသွင်းခဲ့သည်။ သို့သော် ထိုနေရာတွင် ပေးအပ်သော အသိပညာများသည် အသုံးမဝင်လှဟု ယူဆကာ သင်တန်းကာလအစောပိုင်းတွင်ပင် နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။

Jones သည် ပိုမို၍ တိုးတက်လိုသော ဆန္ဒရှိခဲ့သည်။ သူသည် စာတွေ့ထက် လက်တွေ့ အသိပညာများကို ပို၍ တန်ဖိုးထားခဲ့သောကြောင့် ဦးလေးဖြစ်သူ ချည်ကုန်သည်ထံသို့ သွားရောက်၍ အကူအညီ တောင်းခံခဲ့သည်။ ဦးလေးဖြစ်သူ၏ မိတ်ဆက်ပေးမှုဖြင့် ၎င်း၏ မိတ်ဆွေတဦးဖြစ်သော Eli Tallis နှင့် သိကျွမ်းခဲ့ရသည်။ Eli Tallis သည် Jones အား အိတ်ချိန်းဆိုင်ရာ သဘောတရားများကို သင်ကြားပေးရန် သဘောတူခဲ့သည်။ Jones သည် အချိန်တခုအထိ Tallis ၏ သီးသန့်အကျိုးဆောင်တဦးအဖြစ် နယူးယောက် ချည်ထည်စျေးကွက်တွင် ကုန်သွယ်ခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုသည် ကြာရှည်မခံခဲ့သော်လည်း အသီးအပွင့်များ ဖြစ်ထွန်းခဲ့ပါသည်။ Eli နှင့် လက်တွဲခဲ့သော အတွေ့အကြုံသည် အဖိုးမဖြတ်နိုင်ဟု Paul ကဆိုပါသည်။

၁၉၈၀ ခုနှစ်တွင် Paul Tudor Jones သည် ၎င်း၏ ကိုယ်ပိုင် စုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို တည်ထောင်ခဲ့ပြီး Tudor Futures Fund ဟု အမည်ပေးခဲ့သည်။ ထိုလုပ်ငန်းမှ စီမံခန့်ခွဲမှု အဖိုးအခအဖြစ် ၁.၅ မီလီယံဒေါ်လာကို ရရှိခဲ့သည်။

လုပ်ငန်းစတင်သော ပထမငါးနှစ်အတွင်း၊ နှစ်စဥ်ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် ၁၀၀% ကျော်ကို ပြသနိုင်ခဲ့သည်။

၁၉၈၇ ခုနှစ် Black Monday ဖြစ်ရပ်တွင် Dow Jones အညွှန်းကိန်းတန်ဖိုး ၂၀ % ထိ တန်ဖိုးကျဆင်းခဲ့စဥ် Jones ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အရှုံးမပေါ်ခဲ့ယုံသာမက၊ အောက်တိုဘာလတွင် ၆၂ % အမြတ်ရလာဒ်ကို ပြသနိုင်ခဲ့ပြီး နှစ်ကုန်ချိန်တွင် အမြတ်ငွေ ရရှိနှုန်း ၂၀၀ % ထက်ပင်ကျော်လွန်ခဲ့သည်။ ထိုအောင်မြင်မှုကြောင့် စု​ပေါင်းရင်းနှီးမြှုပ်နှံမှု ရံပုံငွေတည်ထောင်သူ Jones သည် Black Monday Prophet ဟူသော အမည်ပြောင်ကိုပင် ရရှိခဲ့သည်။

သူသည် ထိုသို့ဝင်ငွေရရှိရန် မည်သို့စီမံခန့်ခွဲခဲ့ပါသနည်း။ ၎င်းသည် ၁၉၂၉ ခုနှစ်တွင် ငွေကြေးစျေးကွက်များ ယိုယွင်းပျက်စီးရန် ဦးတည်လျက်ရှိသော အခြေအနေကို လက်ရှိအနေအထားနှင့် နှိုင်းယှဥ်၍ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ခဲ့ပြီး ကျဆင်းမှုဘက်မှ လောင်းကြေးထပ်ခဲ့သည်။ ဤသည်မှာ သူ၏ Forex အောင်မြင်မှုဇာတ်လမ်း ဖြစ်ပေါ်လာပုံ ဖြစ်ပါသည်။

ဤသို့ အလုပ်လုပ်သော ကုန်သည်၏ လိုက်နာကျင့်သုံးခဲ့သော နည်းလမ်းများမှာ အဘယ်နည်း။ Paul သည် ၎င်း၏ စျေးကွက်အား ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် လူကိုယ်တိုင် ကိုယ်သွယ်ရေးအပေါ် အထူးသဖြင့် မှီခိုအားထားခဲ့သည်။ မကြာသေးမှီ ကာလတွင် နည်းပါး၍ တခါတရံ အနှုတ်လက္ခဏာပြသော အကျိုးအမြတ်များအပေါ် ပြန်လည်သုံးသပ်၍ ဝန်ထမ်းဦးရေကို လျော့ချပြီး၊ IT ပညာရှင်နှင့် ပရိုဂရမ်မာများ ကို ငှားရမ်း၍ ကုန်သည်များအတွက် အထောက်အကူဖြစ်စေမည့် ဆော့ဖ်ဝဲလ်များကို ပထမဆုံး ရေးသားစေခဲ့သည်။ သို့ရာတွင် ကုန်သွယ်ရေးကို ၎င်းတို့ဖြင့် အစားထိုးခဲ့ခြင်း မရှိပါ။

အတော်ဆုံးကုန်သည်တဦးဖြစ်သူ Paul သည် လက်ရှိ Forbes 400 အဆင့်သတ်မှတ်ချက်တွင် အဆင့် 131 ၌ ရှိနေပြီး၊ အရင်းအနှီးတန်ဖိုး ၅ ဘီလီယံဒေါ်လာခန့်ကို ပိုင်ဆိုင်ပါသည်။ သူ၏အသက်မှာ ၆၅ နှစ်ရှိပြီဖြစ်ကာ အိမ်ထောင်ကျပြီး သားသမီးလေးဦး ထွန်းကားခဲ့ပါသည်။

ပြောင်မြောက်သော စွမ်းဆောင်မှုများ။

  • ၁၉၈၇ ခုနှစ်တွင် နယူးယောက်တိုင်းမ်၏ အဆိုအရ Tudor Tudor Investment Corporation သည် ၁၀၀ မီလီယံဒေါ်လာ အမြတ်အစွန်းကို ရရှိခဲ့သည်။ 

  • ၁၉၉၀ ခုနှစ်တွင် လုပ်ငန်း၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ၃၈၅ မီလီယံဒေါ်လာသို့ ရောက်ရှိခဲ့သည်။

    ၁၉၉၂ ခုနှစ်တွင် ဒေါ်လာ သန်း ၆၅၀ ကို စတင် စီမံခန့်ခွဲခဲ့သည်။ 

    ၁၉၉၃ ခုနှစ်တွင် ကုမ္ပဏီသည် စီမံခန့်ခွဲမှုတွင် ဒေါ်လာ ၁ ဘီလီယံရှိခဲ့သည်။

  • ငွေကြေးများကို အမှားအယွင်းကင်းစွာ စီမံခန့်ခွဲနိုင်သော ကုန်သည်ဟူသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။

  • ၁၉၈၇ ခုနှစ်တွင် Black Monday ဖြစ်ရပ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး ထိုဖြစ်ရပ်မှပင် ငွေရှာနိုင်ခဲ့သည်။


John D. Arnold - ၇၅၀ မီလီယံဒေါ်လာ တန်ဖိုးရှိသော ကုန်သွယ်ရေးကို ဆောင်ရွက်ခဲ့သူ။

LiteFinance: John D. Arnold - ၇၅၀ မီလီယံဒေါ်လာ တန်ဖိုးရှိသော ကုန်သွယ်ရေးကို ဆောင်ရွက်ခဲ့သူ။

John Douglas Arnold အား ၁၉၇၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဒယ်လာမြို့၌ မွေးဖွားခဲ့သည်။ Vanderbilt တက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရခဲ့ပြီး ၃ နှစ်အတွင်း သင်္ချာဘာသာနှင့် ဘောဂဗေဒဘာသာရပ် နှစ်မျိုးစလုံးဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၉၅ ခုနှစ်တွင် Enron လုပ်ငန်းစု၌ ရေနံစျေးနှုန်း ခွဲခြမ်းစိတ်ဖြာသူတဦးအဖြစ် သူ၏ ကုန်သွယ်ရေး အလုပ်အကိုင်ကို စတင်ခဲ့သည်။ ထို့နောက် လက်ထောက်ကုန်သည်တဦး အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်က John ၏ အသက်မှာ ၂၁ နှစ်သာရှိ၍ အင်တာနက်ကုန်သွယ်ရေးနှင့် အယ်လ်ဂိုရီသမ် ကုန်သွယ်ရေး အစရှိသော ခေတ်မှီနည်းပညာများကို အသုံးပြုခဲ့သည်။ ထို့အတွက်ကြောင့် သူသည် အလွန်ကောင်းမွန်သော အမြတ်အစွန်းကို ပြသနိုင်ခဲ့ပြီး စီမံခန့်ခွဲမှု မှ သတိပြုမိခဲ့သည်။ Enron သည် ရေနံအပြင် သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရေးတွင် တာဝန်ပေးအပ်ခံခဲ့ရပြီး မန်နေဂျာအဖြစ် ရာထူးတိုးခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ကုမ္ပဏီသည် ကမ်းလွန်ကုမ္ပဏီများ၏ ဆုံးရှုံးမှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဟူသော အတင်းအဖျင်းများ ထွက်ပေါ်လာခဲ့သည့်ကြားမှပင် Arnold သည် ကုမ္ပဏီအတွက် ၇၅၀ မီလီယံဒေါ်လာကို ရှာဖွေပေးနိုင်ခဲ့ပြီး ထိုအောင်မြင်မှုအတွက် ၈ မီလီယံဒေါ်လာဘောနပ်စ်ကို ရရှိခဲ့သည်။ ထိုလုပ်ငန်းစုတွင် အလုပ်လုပ်ခဲ့သော သက်တမ်းတလျှောက်၌ သူသည် ကုမ္ပဏီအတွက် တစ်ဘီလီယံဒေါ်လာထက်ပိုသော အကျိုးအမြတ်ကို ရယူပေးနိုင်ခဲ့သည်။

Enron ကုမ္ပဏီ ဒေဝါလီခံခဲ့ပြီးနောက် John သည် လုပ်ငန်းကြီးကို လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပြီး Centaurus Advisors အမည်ဖြင့် စုပေါင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို ဖွင့်လှစ်ခဲ့သည်။ ထိုကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ရာထူးကို သူကိုယ်တိုင်တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ 

သူ၏ ထူးချွန်လှသော အရဘ်အချင်းများကြောင့် ၁၅၀ % ထက်ကျော်လွန်သော နှစ်စဥ်အမြတ်အစွန်းကို ပြသနိုင်ခဲ့ပြီး စွမ်းအင်လုပ်ငန်းနယ်ပယ်အတွင်း မယုံနိုင်ဖွယ်ရာဖြစ်သော ၃၁၇ % အမြတ်နှုန်းကိုပင် ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်အား ကုမ္ပဏီ၏ မအောင်မြင်သော နှစ်တနှစ်ဟု ကောက်ချက်ချခဲ့ပြီး အမြတ် ၁၇၈ % ကိုသာ ရရှိခဲ့သည်။

ကံမကောင်းစွာဖြင့် ငွေကြေးစျေးကွက်အတွင်း အမြတ်အစွန်းကိုသာ အမြဲရရှိနေသူ မရှိပါ။ ထိုအထဲတွင် Centaurus Energy သည်လည်း ခြွင်းချက်တခုမဟုတ်ခဲ့ပါ။ ၂၀၁၀ ခုနှစ်တွင် ၎င်းလုပ်ငန်းသည် ပထမဆုံးအကြိမ်အဖြစ် ၄% အရှုံးပေါ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ ၉ % အမြတ်ရခဲ့သည်။ Arnold သည် အချိန်များပြောင်းလဲလာသည်နှင့်အမျှ ကုန်သွယ်ရေးစနစ် ပြောင်းလဲလာသည်ကို သတိထားမိပြီး စုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကို ပိတ်သိမ်းရန် ဆုံးဖြတ်ချက် ချခဲ့သည်။ ထိုဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သည်။

၎င်းအသုံးပြုသော နည်းလမ်း၏ လျှို့ဝှက်ချက်ကိုမူ လူအများစု သိရှိကြခြင်းမရှိပါ။ ဤအအောင်မြင်ဆုံး ကုန်သည် Arnold သည် အနေအထိုင်သိပ်သည်းပြီး လူလုံးပြခဲလှသည်။ အချို့သော လူမှုရေးရာ မီဒီယာများသည် ၎င်း၏အကြောင်းကို ရေးသားခြင်း မရှိကြပေ။ John သည် ကြီးကျယ်ထူးခြားသော အပြုအမူမျိုးကို လုပ်ဆောင်လေ့မရှိပဲ သူ၏ကုန်သွယ်မှုများကို လျှို့ဝှက်စွာသာ လုပ်ကိုင်လေ့ရှိသည်။

ပြောင်မြောက်သော စွမ်းဆောင်မှုများ။

  • Reuters ၏ အဆိုအရ Centaurus Energy သည် သမိုင်းတလျှောက် အအောင်မြင်ဆုံးသော ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ဖြစ်ခဲ့သည်။

  • စုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ပျမ်းမျှအမြတ်နှုန်းမှာ ၁၃၀ % ဖြစ်သည်။

  • သူ၏ဇနီးဖြစ်သူနှင့်အတူ Laura and John Arnold ပရဟိတဖောင်ဒေးရှင်းကို မတည်ငွေ ၂.၂ ဘီလီယံဒေါ်လာဖြင့် ထူထောင်ခဲ့သည်။ ထိုပမာဏသည် American Red Cross ၏ မတည်ငွေထက် နှစ်ဆများသော ပမာဏဖြစ်ပါသည်။

  • John D. Arnold သည် အသက် ၃၈ နှစ် တွင် အနားယူခဲ့သည်။  Forbes ၏ခန့်မှန်းချက်အရ ထိုအချိန်က သူ၏ပိုင်ဆိုင်မှုမှာ ၃.၃ ဘီလီယံဒေါ်လာ ဖြစ်သည်။

George Soros - တရက်အတွင်း တစ် ဘီလီယံဒေါ်လာ ရှာဖွေနိုင်ခဲ့သူ။

LiteFinance: George Soros - တရက်အတွင်း တစ် ဘီလီယံဒေါ်လာ ရှာဖွေနိုင်ခဲ့သူ။

George Soros သည် ထိပ်တန်း Forex ကုန်သည်များတွင် အပါအဝင်ဖြစ်ပြီး၊ ကမ္ဘာ့အထူးချွန်ဆုံး Forex ကုန်သည်လည်း ဖြစ်နိုင်ပါသည်။ သေချာသည်မှာ ၎င်းသည် ကမ္ဘာပေါ်ရှိ တနေ့အတွင်း ကုန်သွယ်သူများအနက် အကောင်းဆုံးကုန်သွယ်နိုင်သူတဦးပင် ဖြစ်သည်။ Soros အား ၁၉၃၀ ခုနှစ်တွင် ဟန်ဂေရီမြို့၌ မွေးဖွားခဲ့သည်။ ဂျူးလူမျိုးတဦးဖြစ်ပြီး မွေးစတွင် သူ့အား Gyorgy Schwartz ဟု အမည်ပေးခဲ့ကြသည်။ ထို့နောက်တွင် သူ၏မိသားစုသည် ဒုတိယကမ္ဘာစစ်မဖြစ်မှီတွင် Hungarian Soros ဟူသော မိသားစုအမည်ကို ပြောင်းလဲခဲ့ကြပြီး၊ မကြာမီစစ်ပွဲဖြစ်ပွားသောအခါ၌ အချည်းနှီးမဟုတ်ကြောင်း သိရှိခဲ့ကြရသည်။ ယေဘုယျအားဖြင့် သူ၏ဖခင်သည် လိမ္မာပါးနပ်သူတဦးဖြစ်ပြီး မည်သို့စွန့်စားရမည်ကို သိနားလည်သူဖြစ်သည်။ George ကိုယ်တိုင်ပင်လျင် ကြီးပြင်းလာသည့်နောက်ပိုင်း ဖခင်၏ သင်ခန်းစာများကို ကြိမ်ဖန်များစွာ ပြန်လည်တွေးတောဆင်ခြင်ခဲ့ရပါသည်။ 

၁၉၄၇ တွင် Soros သည် ဟန်ဂေရီမှ လန်ဒန်သို့ ထွက်ခွာခဲ့သည်။ ၁၉၄၉ တွင် သူသည် လန်ဒန်စီးပွားရေးတက္ကသိုလ်၏ ကျောင်းသားတဦးဖြစ်လာခဲ့ပြီး ၁၉၅၂ တွင် ဘွဲ့ရခဲ့သည်။ လန်ဒန်မြို့တခွင် အလုပ်မရှိတလှည့်၊ ရှိတလှည့် အသေးအဖွဲအလုပ်များကို လုပ်ကိုင်လိုက်ဖြင့်  လှည့်လည်သွားလာနေခဲ့ပြီး၊ နောက်ဆုံးတွင် ၁၉၅၄ ခုနှစ်သို့ ရောက်ရှိမှသာ Singer and Friedlander ကုန်သည်ကြီးများဘဏ်၌ အလုပ်ရရှိခဲ့သည်။

၃ နှစ် ကြာပြီးနောက်၊ အနာဂါတ် စျေးကွက်ကုန်သည်ဖြစ်လာမည့် Soros သည် လက်ထဲတွင် ငွေအနည်းငယ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ အမေရိကန်တွင် သူ၏ဖခင်အကူအညီဖြင့် Wall Street အကျိုးဆောင်ကုမ္ပဏီတွင် အလုပ်ရခဲ့သည်။ Soros သည် စတော့များ၊  ဘွန်းစာချုပ်များနှင့် အာမခံလက်မှတ်များကို ပေါင်းစပ်၍ သူ၏ကိုယ်ပိုင် ကုန်သွယ်ရေးကိရိယာကို ဖန်တီးကာ စတင်ကုန်သွယ်ခဲ့သည်။ သူ၏ လုပ်ငန်းလည်ပတ်မှုများသည် နိုင်ငံတကာသဘောတရားအပေါ် အခြေခံပါသည်။

၁၉၅၉ တွင် George အား Wertheim & Co ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ခွဲခြမ်းစိတ်ဖြာသူရာထူးသို့ လွှဲပြောင်းခန့်အပ်ခဲ့ပါသည်။ ထိုနေရာတွင် ၁၉၆၃ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီးနောက် သူ၏ ဒိဿနိက ဗေဒစာတမ်းကို ၃နှစ်ဆက်တိုက် အချိန်ပေး၍ ပြင်ဆင်ပြုစုခဲ့ပါသည်။

သူသည် Arnhold and S. Bleichroeder တွင် ဒုဥက္ကဌရာထူးဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ထိုကုမ္ပဏီသည် ဥရောပစတော့စျေးကွက်များတွင် ကုန်သွယ်သော ကုမ္ပဏီတခုဖြစ်သည်။ 

၁၉၆၇ တွင် Soros သည် Arnold နှင့် S. Bleichroeder မှ အရင်းအနှီး ဒေါ်လာ နှစ်သိန်းခွဲဖြင့်သာ စတင်တည်ထောင်ခဲ့သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သို့ရာတွင် သူ၏ စီမံခန့်ခွဲမှုကြောင့် ရင်းနှီးမြှုပ်နှံသူများကို ရရှိခဲ့ပြီး ရံပုံငွေ သိသာစွာ တိုးပွားလာခဲ့သည်။ 

၃နှစ်ခန့် အောင်မြင်စွာ အလုပ်လုပ်ပေးခဲ့ပြီးနောက်၊ George တွင် လုံလောက်သော ငွေပမာဏ စုဆောင်းမိခဲ့သည်။ ထို့နောက် သူ၏ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို တည်ထောင်ပြီး "Quantum"ဟု အမည်ပေးခဲ့သည်။ များမကြာမှီမှာပင် Quantum သည် သူ့အတွက် ဘီလီယံနှင့်ချီသော ဒေါ်လာများကို ဆောင်ကြဥ်းပေးခဲ့ပြီး ကမ္ဘာတဝှမ်းအတိုင်းအတာဖြင့် အောင်မြင်ကျော်ကြားခဲ့ကာ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တခွင်လုံးမှ ၎င်း၏ မယုံနိုင်ဖွယ်ရာ အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ကြသည်။

Soros နှင့် အင်္ဂလန်ဗဟိုဘဏ်။

LiteFinance: Soros နှင့် အင်္ဂလန်ဗဟိုဘဏ်။

Soros ၏ အထူးခြားဆုံးသော အောင်မြင်မှုမှာ သူ၏ "အင်္ဂလန်ဗဟိုဘဏ်ကိုဖြိုခွင်းနိုင်သူ" ဟူသော ဝိ​​သေသကို ရရှိခဲ့ပုံဖြစ်သည်။ ဤကုန်သွယ်မှုသည် ဗြိတိန်ပေါင်နှင့် ဆက်စပ်နေသည်။ ထို့ကြောင့် အမှန်စင်စစ် Soros သည် Forex ကုန်သည်တဦးဖြစ်သည်။ ၎င်းသည် ပုံမှန်ကုန်သည်များထက် ပိုမိုထူးခြားသော Forex ကုန်သည်တဦးသာဖြစ်သည်။ များစွာသော Forex သန်းကြွယ်သူဌေးများ၊ Forex ရင်းနှီးမြှုပ်နှံသူများသည် ထိုကုန်သွယ်မှုမျိုးကို ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ထပ်မံအောင်မြင်သူ လူနည်းစုသာ ရှိခဲ့သည်။

ဤလုပ်ငန်းအစအဆုံးကို ဖော်ပြခြင်းမပြုမှီ Stanley Druckenmiler ဟူသော အမည်ကို ဦးစွာရှင်းပြရပါလိမ့်မည်။ ၎င်းသည် George မှ ၁၉၉၂ ခုနှစ်တွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုရံပုံငွေကို စီမံခန့်ခွဲရန် ငှားရမ်းခဲ့သော အသက် ၃၀ အရွယ် မန်နေဂျာတဦးဖြစ်သည်။ Druckenmiller ၏ အကြံဥာဏ်မပါပဲ၊ ထိုဇာတ်လမ်းပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။

အောက်ပါ ထိုးစစ်ကို မစတင်မှီ နှစ်နှစ်ခန့်အလိုက Quantum ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် စတာလင်ပေါင်များနှင့် ဗြိတိန်ဘွန်းစာချုပ်များကို တိတ်တဆိတ် ဝယ်ယူစုဆောင်းခဲ့သည်။ ထို့သို့ ဝယ်ယူစုဆောင်းရာ ၃.၉ ဘီလီယံပေါင်အထိ ရရှိခဲ့သော်လည်း Soros သည် မလုံလောက်သေးဟုယူဆကာ ၃ ဘီလီယံဒေါ်လာချေးငွေကို ရယူ၍ ၁.၆ဘီလီယံပေါင်ဖြင့် ထပ်မံလဲလှယ်ခဲ့သည်။ ရလာဒ်အနေဖြင့် ၅.၅ ဘီလီယံပေါင်ဖြင့် ကုန်သွယ်ရေးထိုးစစ်ကို ဆင်နွှဲနိုင်ခဲ့သည်။ 

စက်တင်ဘာ ၉ ရက် မှစတင်၍ ပေါင်စျေးနှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ Druckenmiller မှ Soros အား ထိုအခိုက်အတန့်ကို ဖမ်းဆုပ်ကာ ပေါင်စျေးနှုန်း ပိုမိုကျဆင်းစေရေးအတွက် တွန်းအားပေးရန် အကြံပြုခဲ့သည်။ စက်တင်ဘာလ ၁၆ရက်တွင် Soros သည် ၅.၅ ဘီလီယံပေါင်ကို ဂျာမန်ငွေဖြင့်လဲလှယ် ရောင်းချခဲ့သည်။ ပေါင်စျေးနှုန်း တရှိန်ထိုး ကျဆင်းခဲ့သည်။ ကမ္ဘာတဝှမ်းရှိ အခြားကုန်သွယ်သူများ သည်လည်း ပေါင်စျေးနှုန်းကျဆင်းစေရန် ဝိုင်းဝန်းတွန်းအားပေးကြပြန်သည်။ အင်္ဂလန်ဗဟိုဘဏ်သည် များစွာတုန်လှုပ်ခဲ့ပြီး တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။ ရိုးရှင်းစွာဆိုရလျင် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း အလျင်းမရှိခဲ့ပေ။ GDP/DEM (စတာလင်ပေါင်/ ဂျာမာန်မတ်ခ်) အတွဲသည် တရက်လျှင် ၂.၅ % တန်ဖိုးကျဆင်းခဲ့သည်။ Forex ကုန်သွယ်ရေး- အထူးသဖြင့် တနေ့အတွင်း ကုန်သွယ်ရေးအလားအလာကို စဥ်းစားကြည့်ပါ။ GBP/USD သည် ၄.၃% ဆုံးရှုံးခဲ့ပြီး၊ Soros သည် တရက်အတွင်း တစ်ဘီလီယံဒေါ်လာရှာဖွေနိုင်ခဲ့သည်။

အရာအားလုံးသည်  ရိုးရှင်းလွန်းမည် မဟုတ်ကြောင်း သိသာထင်ရှားပါသည်။ Soros သည် ဗြိတိန်ပေါင် ကျဆင်းစေရေးအတွက် ၎င်း၏ ၅.၅ ဘီလီယံပေါင်ကို ရင်းနှီးခဲ့ရသည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေး သဘောသဘာဝအရ Quantum သည် ပေါင်တခုတည်းကိုသာ ကုန်သွယ်ခဲ့ခြင်း မဟုတ်ပဲ အခြားဥရောပ ငွေကြေးများဖြင့်လည်း ကုန်သွယ်ရေးဆောင်ရွက်ခဲ့သည်။ ထိုအကြောင်းရင်းအားလုံး ပေါင်းစု၍သာ ရင်းနှီးမြှုပ်နှံမှုရံပုံငွေအတွက် ဧရာမအမြတ်အစွန်းကို ဖြစ်ထွန်းစေခဲ့ခြင်း ဖြစ်ပါသည်။

Soros သည် အလားတူနည်းဗျူဟာမျိူးကို ၁၉၉၇ တွင် ထပ်မံအသုံးပြု၍ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူ ငွေများကို ကျဆင်းစေရန် ကစားပွဲကို ဖန်တီးခဲ့သည်။ ၎င်းသည် စီးပွားရေးအကြပ်အတည်းများကို ဖြစ်ပေါ်စေခဲ့ပြီး၊ အဆိုပါနိုင်ငံများ၏ စီးပွားရေးကို လွန်ခဲ့သော ၁၅ နှစ်တာကာလဆီသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

ဆုံးရှုံးမှုများအနက် ၁၉၉၇ ခုနှစ်၌ ရုရှားကုမ္ပဏီ Svyazinvest တွင် ၁.၈၇၅ ဘီလီယံဒေါ်လာ အရင်းအနှီးငွေများ ဆုံးရှုံးခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်ပါသည်။ တနှစ်ခန့်အကြာတွင် ကမ္ဘာ့ဘဏ္ဍာရေး အကြပ်အတည်း ပေါ်ပေါက်ခဲ့ပြီး၊ စတော့စျေးနှုန်းများ နှစ်ဆထက်မက ကျဆင်းခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အင်တာနက်ကုမ္ပဏီရှယ်ယာများတွင်လည်း ၃၀၀ မီလီယံဒေါ်လာခန့် ဆုံးရှုံးခဲ့သည်။ 

Quantum  Fund သည် ၂၀၁၁ အထိ တည်တံ့ခဲ့ပြီးနောက် မိသားစုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစု အဖြစ် အသွင်ပြောင်းလဲခဲ့သည်။

ပြောင်မြောက်သော စွမ်းဆောင်မှုများ။

  • တရက်အတွင်း တစ်ဘီလီယံဒေါ်လာကို ရှာဖွေနိုင်ခဲ့သည်။

  • အနာဂါတ်စျေးနှုန်း ခန့်မှန်းချက်များကို ပြုလုပ်ရန် စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲများသာမက စိတ်ပညာကိုပါ အခြေခံသော "reflexivity theory" ကို ဖော်ထုတ်ခဲ့သည်။ 

  • Open Society Institute ကို တည်ထောင်ခဲ့သည်။ BBC ၏ အဆိုအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ Soros ၏ ပရဟိတအလှူငွေပမာဏမှာ ၃၂ ဘီလီယံဒေါ်လာ ရှိခဲ့သည်။

  • နိုင်ငံတကာငွေလဲလှယ်ရေးစျေးကွက်တွင် စည်းမျဥ်းများကို ပြောင်းလဲခဲ့သော စျေးကစားသူ တဦးအဖြစ် သမိုင်းတွင်ခဲ့ပါသည်။

ကမ္ဘာ့အတော်ဆုံးကုန်သည်များသည် မည်ကဲ့သို့ စဥ်းစားလေ့ ရှိကြသနည်း။

ယခုဆိုလျှင် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး ကုန်သည်များအကြောင်းကို သိရှိကြပြီးဖြစ်သည်။ အထက်ပါ စာရင်းသည် အလုံးစုံမပြည့်စုံပါ။ သို့သော်လည်း ငွေကြေးစျေးကွက်နှင့် Forex စျေးကွက်အတွင်း ပုံမှန်အသုံးပြုလေ့ရှိကြသော မတူညီသည့် နည်းစနစ်များကို ပြသပေးပါသည်။  အခြားကုန်သည်များ၏ အောင်မြင်မှုများအကြောင်းကို ပြောရလျင် ကုန်နိုင်မည်မဟုတ်ပါ။ ဤအချက်ကို စဥ်းစားကြည့်ကြပါစို့ - အထက်ပါ ကုန်သည်ကြီးများတွင် တူညီကြသော အချက်များမှာ အဘယ်နည်း။ Forex ကုန်သည်များသည် မည်ကဲ့သို့ စဥ်းစားတွေးခေါ်လေ့ရှိကြပြီး အောင်မြင်သော Forex ကုန်သည်ဘဝသို့ မည်သို့ ရောက်ရှိလာကြသနည်း။ မည်သည်ကိုအကြောင်းပြု၍ အောင်မြင်မှုကို ရရှိခဲ့ကြသနည်း။ 

ဤဆောင်းပါးတွင် ပါဝင်သော ရင်းနှီးမြှုပ်နှံသူအများစုသည် ခက်ခဲသော ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ်များကို ဖြတ်သန်းခဲ့ကြရသည်။ Soros သည် ဒုတိယကမ္ဘာစစ်အတွင်း ဟန်ဂေရီမြို့သိမ်းပိုက်ခံရပြီး အသက်ရှင်လွတ်မြောက်ခဲ့သော ဂျူးတယောက်ဖြစ်သည်။ Larry Williams သည် ဒေသတွင်းစာကြည့်တိုက်များတွင် သေးငယ်သော စ​တော့စျေးကွက်ဆိုင်ရာ သတင်းအချက်အလက် အပိုင်းအစများကို ရှာဖွေစုဆောင်း၍ မိမိကိုယ်တိုင် လေ့လာသင်ယူခဲ့ရသည်။ အခြားသူများသည်လည်း အောင်မြင်မှုကို လွယ်ကူမြန်ဆန်စွာ မရရှိခဲ့ကြပါ။ ၎င်းတို့အနက်မှ အချို့သည် ပါရမီရှင်များဖြစ်ကြောင်း သံသယဖြစ်ဖွယ်ရာ မရှိပါ။ သို့ရာတွင် ပါရမီဆိုသည်မှာလည်း ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်မွေးမြူ နိုင်သော အရာသာဖြစ်ပါသည်။

အဆိုပါ ကျွမ်းကျင်သောကုန်သည်များ၏ စရိုက်လက္ခဏာများကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက ၎င်းတို့သည် ၎င်းတို့၏ အဓိက ရည်မှန်းချက်ကို သေချာသိရှိကြပြီး အစဥ်အမြဲ နည်းလမ်းရှာဖွေလျက်ရှိကြသည်ကို တွေ့မြင်နိုင်ပေသည်။ ငယ်ရွယ်စဥ်မှပင်စတင်ကာအ ရင်းအမြစ်များစွာ မှသတင်းအချက်အလက်များကို ရနိုင်သရွေ့ ရှာဖွေခဲ့ကြသည်။ စာကြည့်တိုက်များမှဖြစ်စေ၊ ဖခင်ထံမှဖြစ်စေ ရင်းနှီးသော ချည်ကုန်သည် ထံမှဖြစ်စေ မည်သည့်နေရာမှ ဆည်းပူးလေ့လာသည်ဆိုခြင်းထက် ရလာဒ်ကသာအဓိကဖြစ်ပါသည်။

မည်သူမဆို တနည်းမဟုတ်တနည်း အောင်မြင်မှုတွင် ယစ်မူးကာ အမြင့်မှပြုတ်ကျသော နာကျင်မှုကို ခံစားဖူးခဲ့ကြပါသည်။ အချို့သောသူများသည် ရင်းနှီးမြှုပ်နှံမှုလောကကို နှစ်ပေါင်းများစွာ စွန့်ခွာ၍ အားအင်စုစည်းကာ စျေးကွက်အတွင်း တကျော့ပြန်ဝင်ရောက်ကြသည်။ ထိုသူများအတွက် မည်သည့်ဘဝအခြေအနေတွင်မဆို ကုန်သွယ်ရေးသည်သာ ဘဝရည်မှန်းချက်ဖြစ်သည်။ 

အကျဥ်းချုပ်ဆိုရပါလျှင် သေချာသောအရာတခုမှာ စွဲမြဲသော ဇွဲလုံလဝီရိယ၊ မိမိကိုယ်ကို အကြွင်းမဲ့ယုံကြည်မှု၊ အထူးမြင့်မားသော ဗဟုသုတနှင့် အချိန်များစွာကို အရင်းအနှီးမပြုပဲ ကျွမ်းကျင်သူ တဦး ဖြစ်မလာနိုင်ပါ။ အကယ်၍ သင့်တွင် ပြတ်သားသောရည်မှန်းချက်ရှိပြီး ထိုရည်မှန်းချက် အတိုင်း တစိုက်မတ်မတ် လုပ်ဆောင်ပါက အရာအားလုံး ဖြစ်မြောက်နိုင်ပါသည်။ 

ယခုဤဆောင်းပါးကို ဖတ်နေသူတဦးသည်ပင် အနာဂါတ်မိုးကောင်းကင်တွင် ထွန်းတောက်လာမည့် ကြယ်တပွင့်ပေလော ဆိုသည်ကို မည်သူမှ မသိရှိနိုင်ပါ။ ထိုကြယ်ပွင့်သည် အောင်မြင်သော ပထမခြေလှမ်းများကို စတင်ပြီးနှင့်သူတဦးလည်း ဖြစ်နေနိုင်ပါသည်။ ထိုအကြောင်းကို ပိုမိုသိရှိလိုပါသလား။ သို့​ဖြစ်ပါက "ကူးယူကုန်သွယ်ခြင်း" ဝန်ဆောင်မှုကို စမ်းသပ်ကြည့်ရန် အကြံပြုလိုပါသည်။ ကုန်သည်များကို ၎င်းတိူ့၏ အကျိုးအမြတ်ရရှိမှုအပေါ် မူတည်၍ ရွေးချယ်ပါ။ ၎င်းတို့၏ ကုန်သွယ်မှုများကို သင်၏ ကုန်သွယ်ရေးအကောင့်သို့ ကူးယူပါ။ ကုန်သွယ်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဤစနစ်မှတဆင့်  ၎င်းတို့ထံမှ လေ့လာသင်ယူနိုင်ပါသည်။ 

https://my.litefinance.org/traders 

စာကြွင်း။ ။ အခုဘဲ စတင်လိုက်ပါ။ သို့မဟုတ်လျှင် အခြားကုန်သည်တဦးမှ Forbes ရှိ သင်၏ နေရာကို ဦးယူသွားနိုင်ပါသည်။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
ကမ္ဘာ့အအောင်မြင်ဆုံး Forex ကုန်သည်များ။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat